← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉ - ဖယောင်းတိုင်။

မုန်တိုင်းသည် ပိုမို ပြင်းထန်လာခဲ့၏။

ဖယောင်းတိုင် အလင်းရောင်အောက်တွင် ဒေါ်လေးလျူ၏ ပါးလျနွမ်းနယ်သော မျက်နှာမှာ ပိုမို ရက်စက်ယုတ်မာနေပြီး သင်္ချိုင်းတွင်းမှ ထွက်ပေါ်လာသော အလောင်းတစ်ကောင်ကဲ့သို့ ဖြူဖျော့နေခဲ့သည်။ ထိုအချိန်တွင် စန်းယွီ၏ ဘေးတွင် ရပ်နေသော ယဲ့ချန်သည်လည်း သူ၏ သူငယ်အိမ်များ စိမ့်ခနဲ ကျုံ့သွားခဲ့သည်။

ဘာတွေလဲ ဘယ်လိုတောင် ရုတ်တရက် အလှည့်အပြောင်းကြီးလဲ။

အိမ်နီးနားချင်း အဘွားအို ဒေါ်လေးလျူသည် ပုံမှန်အားဖြင့် သဘောကောင်းပြီး ကူညီတတ်သူတစ်ယောက် ဖြစ်ပါလျက် ဘာကြောင့် စန်းယွီကို အကြောင်းမဲ့ ဆေးခတ်လိုက်တာလဲ။

ယဲ့ချန်လည်း ဇဝေဇဝါ ဖြစ်သွားခဲ့၏။

သို့သော် စန်းယွီ၏ မျက်နှာသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် သူမသည် ဘာမျှ မဖြစ်သေးကြောင်း တွေ့ရ၏။ ဒေါ်လေးလျူသည် အိပ်ဆေး သို့မဟုတ် အာရုံကြော လျော့နည်းစေသော ဆေးကို ပမာဏ အနည်းငယ်သာ အသုံးပြုထားဟန် တူသဖြင့် စန်းယွီမှာ အားနည်းပြီး ငိုက်မျဉ်းနေရုံသာ ရှိကာ သူမ၏ အသိစိတ်မှာမူ ရှင်းလင်းနေဆဲ ဖြစ်သည်။

"ရှောင်ယွီရယ် သမီး ရောက်လာမှတော့ ခဏလောက် စကားပြောရအောင်"

ဒေါ်လေးလျူက တည်ငြိမ်စွာ ပြောလိုက်သည်။

"အင်း ဒေါ်လေး မှားခဲ့ပါတယ် ဒေါ်လေး စိတ်ထဲမှာ အရမ်းမွမ်းကျပ်နေလို့ တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်နေတာရင်ဆိုင်ပြီး ဝန်ခံချင်နေတာကြာပြီ ရှောင်ယွီ သေချာ နားထောင်နော် မအော်နဲ့သောင်းကျန်းမနေနဲ့။ ဒီလို ညဉ့်နက်သန်းခေါင်မှာ အပြင်မှာလည်း လေနဲ့ မိုးတွေ ပြင်းထန်နေတော့ သမီး အော်လည်း ဘယ်သူမှ ကြားမှာ မဟုတ်ဘူး။ အားမကုန်အောင် ထိန်းထားတာ ပိုမကောင်းဘူးလား ဟုတ်တယ်မလား။"

စန်းယွီသည် အကြိမ်အနည်းငယ် လှုပ်ရှားရန် ကြိုးစားခဲ့သော်လည်း အိပ်မက်ဆိုးတစ်ခုထဲတွင် ပိတ်မိနေသကဲ့သို့ မလှုပ်ရှားနိုင်ခဲ့ပေ။

သူမက တောင်းပန်လိုက်၏ ။

"ဒေါ်လေးလျူရယ် ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့နော်။ သမီး ဒေါ်လေးကို အမြဲတမ်း လေးစားခဲ့တာပါ။"

"ရှူးးး"

ဒေါ်လေးလျူက နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ အသံကို မြှင့်လိုက်၏

"ရှောင်ယွီ ဒေါ်လေး ပြောတာကို နားထောင်ပါ။ ဒေါ်လေး သမီးကို ဝန်ခံချင်လို့ပါ ဒေါ်လေး လူတစ်ယောက်ကို သတ်ခဲ့တယ်။"

လူသတ်မှု။

စန်းယွီသည် ထိတ်လန့်လွန်း၍ သေမတတ် ဖြစ်သွားခဲ့ရ၏။

အခြားတစ်ဖက်တွင်မူ ယဲ့ချန်သည် စိတ်ပါဝင်စားသွားခဲ့သည်။

'ဒီနေ့တော့ တကယ်ကို မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာ ပါပဲလား ကောင်းပြီ အစ်မယွီ လောလောဆယ် ဘေးကင်းနေသေးတာဆိုတော့ ဒေါ်လေးလျူရဲ့ ဇာတ်လမ်းကို ငါ နားထောင်ကြည့်တာပေါ့'

"ရှောင်ယွီ သမီးနဲ့ တခြား အိမ်နီးနားချင်းတွေက ဒေါ်လေးကို စိတ်သဘောထားကောင်းပြီး ကူညီတတ်တဲ့ အဘွားအိုတစ်ယောက်လို့ ထင်နေကြတာ မလား။ ဒါပေမဲ့ ဒီနေ့တော့ ဒေါ်လေး သမီးကို ပြောပြချင်တယ် ဒေါ်လေးက အဲဒီလို လူမျိုး မဟုတ်ဘူးဒေါ်လေး မကောင်းမှု ပြုခဲ့ဖူးတယ် အမှန်တော့ သမီးရဲ့ ဦးလေးလီက ပျောက်ဆုံးသွားတာ မဟုတ်ဘူး ဒေါ်လေးကိုယ်တိုင် အဆိပ်ခတ် သတ်လိုက်တာ"

စကားပြောရင်း ဒေါ်လေးလျူသည် မျက်ရည်တစ်စက်ကို သုတ်လိုက်၏။

"ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး"

စန်းယွီက အားနည်းစွာ ခေါင်းခါလိုက်သည်။

ယဲ့ချန်သည် ဦးလေးလီမှာ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသော ဒေါ်လေးလျူ၏ ခင်ပွန်းဖြစ်ကြောင်း သိထားသည်။

"သမီးရဲ့ ဦးလေးလီနဲ့ ဒေါ်လေးတို့ မင်္ဂလာဆောင်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီ အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် လေးစားခဲ့ကြတာ။ ဦးလေးလီ သူငယ်ပြန် ရောဂါရသွားချိန်မှာတောင် ဒေါ်လေးက သူ့ကို စွန့်ပစ်မသွားဘဲ ငြီးငြူခြင်းမရှိ ဘေးနားကနေ ပြုစုပေးခဲ့တာပါ။ ဘာလို့ ဒေါ်လေး သူ့ကို သတ်ရမှာလဲ။ အကြောင်းရှိပါတယ် ဒေါ်လေးမှာလည်း ခက်ခဲတဲ့ အခြေအနေတွေ ရှိခဲ့တယ် ဒေါ်လေးမှာ တခြားရွေးချယ်စရာ မရှိခဲ့ဘူး။"

ဒေါ်လေးလျူက သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။

"ဟိုးအရင်က ဒေါ်လေးမှာ ဂုဏ်သိက္ခာမရှိတဲ့ မကောင်းတဲ့ အလုပ်တစ်ခု ရှိခဲ့ဖူးတယ်။ ရှူဖင်း သုသာန်မှာ အလောင်းမီးရှို့တဲ့သူအဖြစ် အလောင်းတွေကို မီးရှို့ပေးခဲ့ရတာ။"

"အခုခေတ်မှာတော့ အလောင်းမီးရှို့တာက လွယ်ပါတယ်။ အားလုံး မီးသင်္ဂြိုဟ်စက်တွေကို အသုံးပြုကြတာလေ။ ခေါင်းရော အလောင်းပါ မီးသင်္ဂြိုဟ်စက်ထဲ ထည့် မီးရှို့တဲ့ ခလုတ်ကို နှိပ်လိုက်ရုံနဲ့ ခဏကြာရင် ခေါင်းရော အလောင်းပါ ပြာဖြစ်သွားတာပဲ။ ပေမဲ့ ဒေါ်လေး အလုပ်လုပ်ခဲ့တုန်းက စက်ပစ္စည်းတွေက မရှိသေးတော့အလောင်းတွေကို မီးရှို့တဲ့အခါ ထွက်လာတဲ့ အနံ့က တကယ်ကို စူးရှလွန်းတယ်။"

"စစချင်းတုန်းကတော့ ဒေါ်လေးက အလောင်းမီးရှို့တဲ့ အနံ့ကို အလွန် ရွံရှာပြီး နံစော်တယ်လို့ ခံစားခဲ့ရတယ် ဒါပေမဲ့ နည်းလမ်းမရှိဘူးလေဒါက ဒေါ်လေးရဲ့ အလုပ်ဖြစ်နေတော့ သည်းခံခဲ့ရတာပေါ့။ နောက်ပိုင်းကျတော့ ဘာဖြစ်သွားလဲ မသိဘူး ဒေါ်လေးက အဲဒီအနံ့ကို လုံးဝ စွဲလမ်းသွားခဲ့တယ်။"

စကားပြောရင်း ဒေါ်လေးလျူ၏ မျက်နှာတွင် စိမ့်ခနဲ သာယာကြည်နူးသည့် အမူအရာ ပေါ်ထွက်လာခဲ့ပြီး သူမ၏ မျက်လုံးများ ကျုံ့သွားကာ မူးယစ်ဆေးဝါး ရှူရှိုက်နေသကဲ့သို့ အနံ့ကို ပြင်းထန်စွာ ရှူရှိုက်လိုက်သည်။

စန်းယွီ၏ မျက်လုံးများထဲရှိ ထိတ်လန့်မှုသည် တဖြည်းဖြည်း မောက်မာသော ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"အချိန်ကြာလာတော့ အလောင်းရဲ့ အဆီတွေ လောင်ကျွမ်းတဲ့ အနံ့ကို တစ်ရက်မျှ မရှူရရင် ဒေါ်လေး ခန္ဓာကိုယ်တစ်ခုလုံး မအီမသာ ဖြစ်လာတော့တာပဲ အို အဲဒီခံစားချက်က တကယ်ကို မခံမရပ်နိုင်စရာပဲ စိုးရိမ်တကြီး ဖြစ်တာ စိတ်တိုတာ နွမ်းနယ်တာနဲ့ ရင်တုန်တာတွေ ဖြစ်လာခဲ့တယ်။ နေ့ဘက်ဆိုရင် သမ်းဝေတာ ချွေးထွက်တာ နှာရည်ယိုတာနဲ့ မျက်ရည်ကျတာတွေ ဖြစ်ပြီး အစားအသောက် ပျက်ခဲ့ရတယ် ညဘက်ကျရင်လည်း အိပ်ယာပေါ်မှာ လူးလွန်းလို့ အိပ်လို့ပင် မရခဲ့ဘူး"

"အင်း ဒါကိုပဲ အတွေ့အကြုံ ရပြီးနောက် အကြိုက်တွေ့သွားတာလို့ ခေါ်တာပေါ့"

ဒေါ်လေးလျူက တိုးတိုးလေး ရယ်မောလိုက်၏။

"နောက်တော့ ဒေါ်လေး အသက်ကြီးလို့ အငြိမ်းစားယူလိုက်ရပြီး အလောင်းတွေကို မီးမရှို့နိုင်တော့ဘူး အဲဒီအနံ့ကို မရှူရတော့ဘူး။ ဒေါ်လေး အိမ်မှာ အောင်းနေတာ တစ်နှစ်လောက်ရှိတော့ အသက်ရှူရတာ တကယ်ကို မွမ်းကျပ်လာတာနဲ့ ချိတ်ဆက်မှုတွေ ရှာပြီး အလုပ်ပြန်ဝင်ဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့ရတယ်"

ဒေါ်လေးလျူက ရယ်လိုက်၏။

"ပေမဲ့ အသက်ကြီးတာကိုတော့ လက်ခံရတာပေါ့။ ဒေါ်လေး ပိုအသက်ကြီးလာတော့ နောက်ဆုံးတော့ အိမ်ပြန်လာခဲ့ရတယ်။"

"အိမ်မှာ နေရတဲ့ ဘဝက ထောင်ထဲမှာ နေရတာထက် ပိုဆိုးတယ်။ အလောင်းအဆီ လောင်ကျွမ်းတဲ့ အနံ့ကို မရှူရတာ တကယ်ကို ဝေဒနာ ခံစားရတယ် သမီးရဲ့ ဦးလေးလီက အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတာ အဲဒီရောဂါက ကုလို့မရဘူးလေ။ ဒါကြောင့် ဒေါ်လေး ဆေးသုံးပြီး ဦးလေးလီကို သတ်လိုက်တယ်။ ပြီးတော့ ဦးလေးလီရဲ့ အဆီတွေကို သုံးပြီး ဖယောင်းတိုင်တွေ လုပ်လိုက်တယ်"

ဒေါ်လေးလျူ၏ မျက်နှာတွင် ဝမ်းမြောက်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သ၏။

"ကံကောင်းချင်တော့ ဦးလေးလီက တော်တော်လေး ဝတယ် အဆီတွေ အများကြီးပါတော့ ဖယောင်းတိုင်တွေ အများကြီး လုပ်လို့ရခဲ့တယ်။ အချောင်းပေါင်း ရာနဲ့ချီ လုပ်ခဲ့တာ။"

"ညနေတိုင်း ဒေါ်လေး ညစာစားရင်း ဖယောင်းတိုင်တစ်ချောင်း ထွန်းထားတယ်ထမင်းစားရင်း လူ့အဆီ လောင်ကျွမ်းတဲ့ အနံ့ကို ရှူရတာ ဇိမ်ပဲ တကယ်ကို ဇိမ်ပဲ။"

ဒေါ်လေးလျူ စကားပြောရင်း စာပွဲပေါ်ရှိ ဖယောင်းတိုင်ဆီသို့ သူမ၏ နှာခေါင်းကို တိုးကပ်လိုက်ကာ ပြင်းထန်စွာ အကြိမ်အနည်းငယ် ရှူရှိုက်လိုက်ရာ သူမ၏ အသားအရေမှာလည်း ပိုမို ရဲနက်စိုပြည်လာခဲ့သည်။

ထိုအချိန်တွင် ယဲ့ချန်သည် နောက်ဆုံး၌ နားလည်သွားခဲ့၏။

ဒီဖယောင်းတိုင်များမှ ထွက်ပေါ်နေသော အနံ့သည် ဖော်ပြ၍ မရနိုင်အောင် ထူးဆန်းနေသည်ဟု သူ အမြဲတမ်း ခံစားခဲ့ရသည်မှာ မဆန်းတော့ပေ။ ၎င်းတို့သည် အလောင်းဆီမှ ပြုလုပ်ထားသော ဖယောင်းတိုင်များ ဖြစ်နေ၍ပင်။

ထိုအချိန်တွင် စန်းယွီသည် တကယ်ကို စိတ်ဓာတ်ကျဆင်းသွားခဲ့၏။

သူမ၏ မျက်လုံးများထဲတွင် အကန့်အသတ်မရှိသော ကြောက်ရွံ့မှုများသာမက အလွန်အမင်း ရွံရှာမှုနှင့် ပျို့အန်ချင်စိတ်များ ပြည့်နှက်နေခဲ့ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာခဲ့သည်။

"ဒါပေမဲ့ ရှောင်ယွီရယ် ဒေါ်လေး ချွေတာပြီး တစ်ရက်ကို အလောင်းဆီ ဖယောင်းတိုင် တစ်ချောင်းပဲ ထွန်းရင်တောင် အဲဒီ အချောင်းရာနဲ့ချီတဲ့ ဖယောင်းတိုင်တွေက နောက်ဆုံးတော့ ကုန်သွားမှာပဲ။"

ဒေါ်လေးလျူသည် အနည်းငယ် ပျာယာခတ်လာခဲ့၏။

"ဖယောင်းတိုင်တွေက တစ်နေ့ထက်တစ်နေ့ လျော့နည်းလာတာ အခု ဆယ်ချောင်းကျော်ပဲ ကျန်တော့တယ် ဒီရက်ပိုင်းတွေမှာ ဒေါ်လေး ရင်ထဲမှာ ဖော်ပြလို့မရတဲ့ စိတ်တိုမှုတွေကို ခံစားနေရတယ်။ ဖယောင်းတိုင်တွေ ကုန်သွားရင် အဲဒီအနံ့ကို မရှူရတော့မှာကိုပဲ ကြောက်နေမိတာ ဒီစိုးရိမ်မှုက ဒေါ်လေးကို နှိပ်စက်နေတာ မောင်းထုတ်လို့ မရဘူး ရူးမတတ် ဖြစ်စေတယ် ဒေါ်လေး ထမင်းမစားရတာ နှစ်ရက်ရှိပြီ။"

ဒေါ်လေးလျူ၏ စိတ်ခံစားချက်များသည် အနည်းငယ် စိတ်ဂရောင်ခြောက်ခြား ဖြစ်လာခဲ့၏။

"ဟင့်အင်း ဟင့်အင်း ဒေါ်လေး အလောင်းဆီ ဖယောင်းတိုင် အသစ်တွေ ထပ်လုပ်ရမယ်။"

စကားပြောရင်း ဒေါ်လေးလျူသည် စန်းယွီကို ကြည့်လိုက်ရာ သူမသည် လွန်စွာ ပျော်ရွှင်သော အပြုံးတစ်ခုဖြင့် ပြုံးလိုက်သည်အပြစ်မဲ့သော ကလေးတစ်ယောက်ကဲ့သို့ပင်။

"ဒီည ရှောင်ယွီ သမီး ရောက်လာတာပဲ။ သမီးက တကယ်ကို လိမ္မာတဲ့ ကလေးမလေးပဲ အင်း ဒီလောက် လှတာ ပြီးတော့ ဒီလောက် ငယ်ရွယ်တယ် ပြည့်ဖြိုးတယ် နုနယ်တယ် လှပတယ်။ သမီးဆီက လုပ်တဲ့ ဖယောင်းတိုင်တွေက တကယ်ကို မွှေးမှာပဲ အရမ်းမွှေးမှာ။"

ဒေါ်လေးလျူက တံတွေးမြိုချလိုက်၏။

"ရှောင်ယွီ သမီးက တောကနေ လာတာ၊ မြို့မှာ ဆွေမျိုး မိတ်ဆွေလည်း မရှိဘူး အနှောင်အဖွဲ့ မရှိဘူး။ သမီး အဖေကလည်း သမီးကို ဂရုမစိုက်ဘူး။ သမီးမှာ ချစ်သူတောင် မရှိဘူး အမှန်တော့ သမီးမှာ အလုပ်တောင် မရှိဘူး မလား ပြောစမ်းပါဦး သမီး ရုတ်တရက် သေသွားရင် ဘယ်သူများ ရဲတိုင်မှာလဲ။ တိုင်မှာ မဟုတ်ပါဘူး ဟုတ်တယ်မလားဟင်းဟင်းဟင်း"

စန်းယွီ ဝင်လာသည်နှင့်တစ်ပြိုင်နက် ဒေါ်လေးလျူသည် သူမ၏ အလုပ်နှင့် ဘဝအကြောင်းချစ်သူ ရှိမရှိနှင့် မိသားစုအကြောင်းကိုပါ မေးမြန်းနေခဲ့ခြင်းဖြစ်ကြောင်း ယဲ့ချန် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

အမှန်တော့ စန်းယွီ ပျောက်ဆုံးသွားပါက မည်သူမျှ လျင်မြန်စွာ ရဲတိုင်မည် မဟုတ်ကြောင်း အတည်ပြုရန် ကြိုးစားနေခြင်း ဖြစ်သည်။

ပိုမို စဉ်းစားလေလေ ပိုမို ကြောက်စရာ ကောင်းလေလေပင်။

"ရှောင်ယွီ သမီးက အမြစ်မရှိတဲ့ ဗေဒါပင်လိုပဲ ဘယ်သူက သမီးရဲ့ အသက်ရှင်မှုနဲ့ သေဆုံးမှုကို ဂရုစိုက်မှာလဲ ဒီနေ့ သမီး ဒီလို ဖြစ်ရတာနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ အပြင်မှာ ပြင်းထန်တဲ့ လေနဲ့ မိုးတွေကို ကြည့်လိုက်ပါဦး သမီး အော်ရင်တောင် ဘယ်သူမှ ကြားမှာ မဟုတ်ဘူး။"

ဒေါ်လေးလျူသည် စန်းယွီကို သေချာစွာနှင့် အထပ်ထပ်အခါခါ စိုက်ကြည့်နေခဲ့ပြီး ဈေးတွင် ဝက်သားရွေးချယ်နေသော သူတစ်ယောက်ကဲ့သို့ ပိုမို ကျေနပ်လာခဲ့၏။

"ရှောင်ယွီ သမီးက ငယ်ရွယ်ပြီး အဆီတွေ အများကြီး ရှိတယ် ပြီးတော့ သမီး ရင်ဘတ်ကို ကြည့်ပါဦး ဒီလောက် ပြည့်ဖြိုးပြီး တောင့်တင်းတာ အဲဒါတစ်ခုတည်းနဲ့တင် အနည်းဆုံး ဖယောင်းတိုင် ၁၂ ချောင်း ဒါမှမဟုတ် အဲ့ထက်မက လုပ်လို့ရတယ်။"

"ဒေါ်လေးလျူ ကျေးဇူးပြုပြီး သမီးကို လွှတ်ပေးပါ၊ သမီး မသေချင်သေးဘူး သမီး မသေချင်သေးဘူး"

ကြီးမားသော ကြောက်ရွံ့မှုနှင့် ရွံရှာမှုတို့သည် စန်းယွီအား လွှမ်းမိုးသွားခဲ့၏။ သူမ ငိုပင် မငိုနိုင်တော့ပေ။ သို့သော် သေခါနီး အချိန်၌ပင် သူမ၏ ရင်ထဲမှ အသက်ရှင်ချင်သော ဆန္ဒကို မစွန့်လွှတ်ခဲ့ပေ။ သူမက ဆက်တိုက် တောင်းပန်နေခဲ့သည်။

"ဒေါ်လေးလျူ ကျေးဇူးပြုပြီး သမီးကို ချမ်းသာပေးပါ သမီး တကယ် မသေချင်သေးဘူး သမီး ငယ်ပါသေးတယ် သမီး မလုပ်ရသေးတာတွေ အများကြီး ကျန်ပါသေးတယ် ကျေးဇူးပြုပြီး သမီးကို လွှတ်ပေးပါ"

ဒေါ်လေးလျူက သနားစရာကောင်းစွာ ခေါင်းခါလိုက်သော်လည်း သူမ၏ အမူအရာမှာ သံမဏိကဲ့သို့ ခိုင်မာနေခဲ့၏။

"ရှောင်ယွီရယ် ဒေါ်လေး ရက်စက်တယ်လို့ မပြစ်တင်ပါနဲ့နော် အင်း ဒေါ်လေးမှာ ဒီလို စွဲလမ်းမှု ဖြစ်နေတာ ဒါကို ဒေါ်လေး ဘာမှ မလုပ်နိုင်ဘူးလေ။ ဒါ့အပြင် ဒီနေ့ ဒေါ်လေး အပြစ်တွေကို သမီးကို ဝန်ခံခဲ့တာဆိုတော့ သမီး ဒေါ်လေးရဲ့ လျှို့ဝှက်ချက် အားလုံးကို သိသွားပြီ။ သမီး အသက်ရှင်ရင် ဒေါ်လေး သေရမှာပေါ့ ဟုတ်တယ်မလား။ ဒေါ်လေးလည်း မသေချင်ဘူးလေ ဘယ်သူက ကိုယ့်အသက်ကို မမြတ်နိုးဘဲ နေမှာလဲ။"

"ရှောင်ယွီ သမီးက ဒေါ်လေးကို အမြဲတမ်း ယဉ်ကျေးပြီး လေးစားခဲ့တာပါ။ တစ်ခါတစ်လေ စားစရာ ကောင်းတာတွေ လုပ်ရင် ဒေါ်လေးအတွက် ယူလာပေးဖူးတယ်ပွဲတော်တွေမှာဆိုရင် ဒေါ်လေးအတွက် အဝတ်အစား အသစ်တွေတောင် ဝယ်ပေးဖူးတယ် ဒေါ်လေးလည်း သမီးနဲ့ မခွဲချင်ပါဘူး။ အင်း ရှောင်ယွီ ဒေါ်လေး သမီး နှစ်သက်တဲ့ သေနည်းကို ရွေးချယ်ခွင့် ပေးမယ် ရေနှစ်သတ်ရမလား။ အသက်ရှူကျပ်အောင် လုပ်ရမလား။ လည်ပင်းညှစ်သတ်ရမလား။ ဒါမှမဟုတ် အိပ်ဆေး သုံးမလား။ ရှောင်ယွီ သမီး ရွေးပါ။"

"ကယ်ကြပါ ကယ်ကြပါဦး"

စန်းယွီက အားနည်းသော အသံဖြင့် အော်ဟစ်လိုက်သည်။

'ကံကောင်းလို့ ဒီနေ့ ငါ အစ်မစန်းယွီကို ချောင်းကြည့်ဖို့ ကိုယ်ပျောက်ခဲ့တာ မဟုတ်ရင် စန်းယွီ သေချာပေါက် သေပြီ သေတာတင်မကဘူး သူမရဲ့ အလောင်းကိုတောင် ဖယောင်းတိုင် လုပ်ခံရမှာ။'

စိတ်၏ အလိုအတိုင်း တာဝန်တစ်ခု ထွက်ပေါ်လာခဲ့သည်။

တီ..တာဝန် ထွက်ပေါ်လာသည်

တာဝန် အကြောင်းအရာ အိမ်ရှင်သည် စန်းယွီအား စိတ်ဝေဒနာရှင် လူသတ်သမား ဒေါ်လေးလျူ လက်မှ ကယ်တင်ရမည်

ဆုကြေး စနစ်သည် တာဝန် ခက်ခဲမှုကို ဆန်းစစ်နေဆဲ ဖြစ်ပြီး ဆုကြေးကို မကြာမီ ရှင်းလင်းပေးမည် ဖြစ်သည်။

All Chapters