← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀ - အစ်မယွီ... ဘာလုပ်နေတာလဲ။

ကဲ ရှောင်ယွီ ဆေးအရှိန်က ပျက်တော့မှာ။ ဒေါ်လေး သမီးကို တုတ်ဖို့ ကြိုးသွားရှာလိုက်ဦးမယ်။ လျှောက်မလှုပ်နဲ့နော် ဟုတ်ပြီလား။

ဒေါ်လေးလျူသည် အလောင်းဆီ ဖယောင်းတိုင် လုပ်ရတော့မည်ဖြစ်၍ ပျော်ရွှင်၍ပင် မဆုံးနိုင်တော့ပေ။ သီချင်းတိုးတိုးလေး ညည်းရင်း ဖယောင်းတိုင်ကို ကိုင်ကာ ဂုန်လျှော်ကြိုး သွားရှာလေသည်။

စန်းယွီသည် ဆက်လက် ရုန်းကန်နေခဲ့သော်လည်း အလကားပင် ဖြစ်ခဲ့သည်။ သူမ၏ စိတ်နှလုံးသည် လုံးဝ ကျိုးပဲ့ကြေမွသွားခဲ့ရပြီ။

တစ်ခါမှ မကြုံဖူးသော ကြောက်ရွံ့မှုတစ်ခုသည် သူမ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းမွေးညင်းပေါက်တိုင်းသို့ စိမ့်ဝင်သွားခဲ့သည်။

သူမသည် ရေခဲဂူတစ်ခုထဲသို့ ပစ်ပေါက်ခံလိုက်ရသကဲ့သို့ ထိပ်ဆုံးမှ ခြေဖျားအထိ အေးစိမ့်သွားခဲ့သည်။

စန်းယွီသည် တကယ်ကို မသေချင်သေးပါ။

ယခင်က သူမသည် လူ့အဖွဲ့အစည်းတွင်အလုပ်ခွင်တွင် တစ်ယောက်တည်း ရုန်းကန်ရင်း ပြုံးပြနေခဲ့ရသော်လည်း အိမ်ပြန်ရောက်လျှင်မူ အထီးကျန်ခြင်းနှင့် ဆိတ်ငြိမ်ခြင်း နက်ရှိုင်းသော ချောက်ကမ်းပါးဆီသို့ ပြန်ရောက်ခဲ့ရသည်။

ထို့ပြင် သူမ၏ လောင်းကစားစွဲနေသော အဖေသည် သူမ၏ ဘဝထဲသို့ ကြီးမားသော ဒုက္ခများနှင့် ဖိအားများကို ယူဆောင်လာခဲ့ပြီး ကြီးမားသော ကြွေးမြီများက သူမအား လမ်းဆုံးသို့ပင် တွန်းပို့ခဲ့၏။

ထိုအဆင့်တုန်းကဆိုလျှင် သေဆုံးခြင်းသည် လွတ်မြောက်မှုတစ်ခုကဲ့သို့ ခံစားရပေလိမ့်မည်။

သို့သော် ယခုမူကား။

သူမ တကယ်ကို မသေချင်သေးပါ။

အဘယ်ကြောင့်ဆိုသော် သူမ၏ ဘဝသည် ကမ္ဘာမြေကြီး တုန်လှုပ်သွားသည်အထိ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သောကြောင့်တည်း။

သူမ မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရပြီ။

သူမအား မျှော်လင့်ချက် ပေးခဲ့သော ကောင်လေးတစ်ယောက်ကို သူမ ချစ်မြတ်နိုးမိသွားခဲ့ပြီ ဖြစ်သည်။

‘ရှောင်ချန် ရှောင်ချန် နင်ဘယ်မှာလဲ။ ငါတော့ သေတော့မယ် နင့်ကို နောက်ထပ် တစ်ကြိမ်လောက် မြင်ချင်လိုက်တာ နင့်ကို ကိုယ်တိုင် စကားအချို့ ပြောပြချင်လိုက်တာ ရှောင်ချန်’

သေခါနီး အချိန်၌ စန်းယွီသည် ယဲ့ချန်ကို ထိန်းချုပ်မရဘဲ တမ်းတမိသွားခဲ့၏။

ထိုအချိန်တွင် ဒေါ်လေးလျူသည် ဂုန်လျှော်ကြိုးတစ်ချောင်းကို ကျွမ်းကျင်စွာ ရှာဖွေတွေ့ရှိသွားခဲ့ပြီး စန်းယွီထံသို့ စိတ်လှုပ်ရှားစွာဖြင့် ရူးသွပ်စွာ လျှောက်လာခဲ့သည်။

ထိုအချိန်မှာပင်။

ကိုယ်ပျောက်နေဆဲ ဖြစ်သော ယဲ့ချန်သည် ဒေါ်လေးလျူ၏ အိမ်ရှေ့တံခါးဆီသို့ ပြေးသွားကာ တံခါးကို သာသာလေး ဂျက်ဖြုတ်ပြီး အပြင်သို့ ထွက်လိုက်သည်။

အိမ်အပြင်ဘက်တွင်။

ယဲ့ချန်သည် အခြား မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။ လေထုသည် လှိုင်းထသွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပေါ်ထွက်လာပြီး လျှင်မြန်စွာ ထင်ရှားလာခဲ့သည်။

အစ်မယွီ မကြောက်နဲ့ ငါ ရောက်လာပြီ။

ယဲ့ချန်သည် အခြား စကားများ မဆိုတော့ဘဲ သူ၏ အားစိုက်ထုတ်မှု အပြည့်ဖြင့် အိမ်ရှေ့တံခါးကို ကန်ထည့်လိုက်ရာ တံခါးမှာ ကျိုးပဲ့သွားခဲ့သည်။

ထို့နောက် ဆာလောင်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ အထဲသို့ ပြေးဝင်သွားခဲ့သည်။

ရပ်လိုက်စမ်းးးး

ဒေါ်လေးလျူသည် ယုတ်မာသော အမူအရာဖြင့် စန်းယွီအား တည်နှောင်ရန် ပြင်နေချိန် ဖြစ်၏။

ရုတ်တရက် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ယဲ့ချန်သည် ကောင်းကင်မှ ကျဆင်းလာသကဲ့သို့ ပေါ်ထွက်လာသဖြင့် ဒေါ်လေးလျူမှာ ထိတ်လန့်သွားပြီး ခြေခေါက်ကာ ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားခဲ့သည်။

ဖယောင်းတိုင် အလင်းရောင်အောက်တွင် သူမသည် အခန်းအတွင်းသို့ ပြေးဝင်လာသော ယဲ့ချန်ကို မြင်လိုက်ရသဖြင့် သူမ၏ နှုတ်ခမ်းများ ဆတ်ဆတ်တုန်ကာ ထိန်ထိန်လန့်လန့် ဖြစ်သွားခဲ့သည်။

ရှောင်ချန် ဘာလုပ်တာလဲ

ရှောင်ချန်...

စန်းယွီသည် ယဲ့ချန်ကို မြင်လိုက်သည်နှင့် သူမ၏ မျက်ရည်များသည် တမံကျိုးသကဲ့သို့ စီးကျလာခဲ့တော့သည်။

ထိုအချိန်တွင် သူမ၏ ရင်ထဲရှိ ထိတ်လန့်မှု၊ အံ့ဩမှု ဝမ်းမြောက်မှုနှင့် လွန်စွာ ပျော်ရွှင်မှုတို့သည် စကားလုံးများဖြင့် ဖော်ပြ၍ပင် မရနိုင်တော့ပေ။

ငါ အိပ်မက် မက်နေတာလား။ ရှောင်ချန် ဒါ တကယ်ပဲ နင်လား။

စန်းယွီသည် ထိန်းချုပ်မရဘဲ တုန်ယင်ရင်း ငိုကြွေးလိုက်၏။

အစ်မယွီ မကြောက်ပါနဲ့။ ကျွန်တော် ရှိနေသရွေ့ ဘာမှမဖြစ်စေရဘူး။

ယဲ့ချန်က ဒေါ်လေးလျူဆီသို့ ပြေးဝင်ကာ သူမ၏ မျက်နှာကို ဘယ်ပြန်ညာပြန် ပါးရိုက်လိုက်တော့သည်။

ဒေါ်လေးလျူသည် စိတ်ဝေဒနာရှင် တစ်ယောက် ဖြစ်သော်လည်း အသက် ၇၀ ကျော် အဘွားအိုတစ်ယောက် သာလျှင် ဖြစ်၏။ ယဲ့ချန်၏ ပါးရိုက်ချက် အနည်းငယ်အပြီးတွင် သူမသည် မေ့မေ့မျော့မျော့ ဖြစ်သွားခဲ့သည်။

ယဲ့ချန်သည် ကြမ်းပြင်ပေါ်မှ ဂုန်လျှော်ကြိုးကို ကောက်ယူကာ သူမအား တင်းကျပ်စွာ တည်နှောင်လိုက်သည်။

ယဲ့ချန်သည် သနားညှာတာမှု မရှိဘဲ လွန်စွာ တင်းကျပ်စွာ တည်လိုက်ရာ ကြိုးသည် ဒေါ်လေးလျူ၏ အသားထဲသို့ပင် စိမ့်ဝင်သွားခဲ့သည်။

ထိုစဉ်မှာပင်။

အိမ်အတွင်းရှိ မီးများ လင်းလက်လာခဲ့၏။

မီး ပြန်လာပြီ ဖြစ်သည်။ အပြင်ဘက်မှ မိုးသည်လည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

ရှောင်ချန်...

စန်းယွီသည် နောက်ဆုံးတွင် ဒါဟာ အိပ်မက် မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

သူမ ဘယ်လောက်တောင် စိတ်လှုပ်ရှားသွားရသလဲဆိုတာ ဘုရားပဲ သိပါလိမ့်မည်။

ဒါဟာ ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ခြင်းပင်။

တစ်ချိန်တည်းမှာပင် ဒါဟာ သူမ၏ အကူအညီမဲ့ပြီး စိတ်ဓာတ်ကျနေသော အချိန်များတွင် ယဲ့ချန် သူမ၏ ကမ္ဘာထဲသို့ ဒုတိယအကြိမ်မြောက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

မိန်းကလေး တိုင်း၏ ရင်ထဲတွင် တုနှိုင်းမဲ့ သူရဲကောင်းတစ်ယောက် ရှိတတ်ကြသည်။ သူသည် သူမ၏ အန္တရာယ်အရှိဆုံး အချိန်တွင် ရောင်စုံ မင်္ဂလာတိမ်တိုက်ပေါ်မှ လာရောက် ကယ်တင်ပေလိမ့်မည်။

မသိနိုင်သော အားအင်များဖြင့် စန်းယွီသည် ထရပ်လိုက်ပြီး ယဲ့ချန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူမ၏ လက်များဖြင့် သူ၏ ခါးကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။

သူမသည် ယဲ့ချန်အား သူမ၏ ခန္ဓာကိုယ်ထဲသို့ အရည်ပျော် ဝင်သွားစေချင်သကဲ့သို့ အစွမ်းကုန် တင်းကျပ်စွာ ဖက်ထားခဲ့သည်။

ရှိုက်ကြီးတငင် ငိုကြွေးရင်း

အစ်မယွီ ကျွန်တော် ရှိနေသရွေ့ ဘယ်သူမှ အစ်မကို မနာကျင်စေရဘူး။

ယဲ့ချန်က စန်းယွီ၏ ဆံနွယ်ရှည် အနက်ရောင်များကို သာသာလေး သပ်ပေးလိုက်သည်။

ရှောင်ချန် နင် ဘယ်လိုလုပ် ရုတ်တရက် ရောက်လာတာလဲ။

စန်းယွီက ငိုရင်း မေးလိုက်၏။

ဩော် အဲဒါက

ယဲ့ချန်သည် သူ ဒီမှာ စတင်ကတည်းက ရှိနေခဲ့ပြီး ကိုယ်ပျောက်နေတာပါဟု လုံးဝ ပြော၍ မရပေ။ လူအများစုသည် ဒါကို လက်ခံနိုင်မည် မဟုတ်ပေ။

သူက မျက်လုံး ကလင်းကလင်း လုပ်လိုက်ပြီး ပြောလိုက်သည်။

ဒီလိုပါ အစ်မယွီရယ်။ ခုနက မီးပျက်သွားတော့ ကျွန်တော် အိမ်ပြန်လာတာနဲ့ တိုက်ဆိုင်သွားပြီး အစ်မ အပေါ်ထပ် တက်သွားတာကို မြင်လိုက်ရတာ။ ဒါနဲ့ ကျွန်တော် အစ်မအနောက်က လိုက်လာတော့ မမ ဒေါ်လေးလျူ အိမ်ထဲ ဝင်သွားတာ။ ကျွန်တော်တံခါးအပြင်ကနေ ချောင်းနားထောင်နေတာ။ သူမ အစ်မကို နာကျင်အောင် လုပ်တော့မယ့်အချိန်ကျမှ တံခါးဖျက်ပြီး ဝင်လာတာပါ။ အဲဒါပါပဲ။

အင်း ရှောင်ချန် နင် နင် ဘာလို့ ငါ့အနောက် လိုက်လာတာလဲ။

ဟားဟားဟားဟား စိတ်ကူးပေါက်လို့ပါ။

ယဲ့ချန်က အကူအညီမဲ့စွာ ရယ်မောလိုက်ပြီး စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်သည်။

အစ်မယွီ အခု ရဲတိုင်တော့မယ်။ ဒီလို ဒေါ်လေးလျူလို စိတ်ဝေဒနာရှင်မျိုး အပေါ်ထပ်မှာ နေနေတာ သေချာ စဉ်းစားကြည့်ရင် ကြောက်စရာကြီး။ ရဲကို ချက်ချင်း အကြောင်းကြားပြီး သူမကို ဖမ်းဆီးခိုင်းရမယ် ထောင်ထဲ ပို့ပြီး သေဒဏ်ပေးရမယ်။

ဟုတ်တယ် ရှောင်ချန် ရဲတိုင်ပါ။ ဦးလေးလီ ကို သူမက သတ်ပြီး ဖယောင်းတိုင် လုပ်ခဲ့တာ။ တကယ်ကို ရွံစရာကောင်းပြီး စိတ်ဝေဒနာဆန်ကာ ကြောက်စရာကောင်းလိုက်တာ

စန်းယွီက ထိတ်လန့်နေတုန်းပင် ပြောလိုက်သည်။

ရဲတိုင်လိုက်၏။

လူသတ်မှု ဖြစ်ကြောင်း ကြားသိရသောအခါ ရဲတပ်ဖွဲ့သည် လျှင်မြန်စွာ အကြောင်းပြန်ခဲ့သည်။

မကြာမီ ရဲအရာရှိများသည် အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။

ဒေါ်လေးလျူကို ခေါ်ဆောင်သွားခဲ့ကြပြီး ကျန်ရှိနေသော အလောင်းဆီ ဖယောင်းတိုင်များကိုလည်း စဆေးစစ်ရန်အတွက် ပြန်လည် ယူဆောင်သွားခဲ့ကြသည်။

ရဲအရာရှိ နှစ်ယောက်သည် အိမ်အတွင်း သေချာစွာ ရှာဖွေရန် ကျန်ရစ်ခဲ့ကြသည်။

ယဲ့ချန်နှင့် စန်းယွီ တို့နှစ်ယောက်လုံးကို ထွက်ဆိုချက်ပေးရန် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြသည်။

အရာအားလုံး ပြီးစီးသွားသောအခါ မနက် ၁ နာရီပင် ကျော်လွန်သွားခဲ့ပြီ။

ယဲ့ချန်နှင့် စန်းယွီတို့သည် ရဲစခန်းမှ ထွက်ခွာလာခဲ့ကြပြီး အိမ်သို့ တက္ကစီစီး၍ ပြန်လာခဲ့ကြ၏။

ကားပေါ်တွင်။

တီ...အိမ်ရှင်အား တာဝန် ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်- စန်းယွီအား စိတ်ဝေဒနာရှင် လူသတ်သမား ဒေါ်လေးလျူ လက်မှ ကယ်တင်ခြင်း

ဝိညာဉ်ပြန်လည်ကုစားသောဆေးပြားဆေးပြား ၀.၇ ဂရမ် ၁၀၀၀ ပြား ရရှိသည်။ သိုလှောင်ခန်းအတွင်း အလိုအလျောက် သိုလှောင်လိုက်ပါပြီ။

အလောင်းပျော် ဆေးမှုန့် (၁၀၀၀ ဂရမ်) တစ်အိတ် ရရှိသည်။ သိုလှောင်ခန်းအတွင်း အလိုအလျောက် သိုလှောင်လိုက်ပါပြီ

ပြုပြင်ရေး စွမ်းအင် ၀.၁ ရရှိသည်

စနစ် ပြုပြင်မှု ၄.၁၃% ပြီးစီးပါပြီ။

ယဲ့ချန်၏ ရင်ထဲတွင် အနည်းငယ် တင်းကျပ်သွားခဲ့သည်။

‘စနစ်က ဝိညာဉ်ပြန်လည်ကုစားသော ဆေးပြားတွေ အများကြီး ဘာလို့ ပေးရတာလဲ။ ငါ့ကို တစ်ခုခု အရိပ်အမြွက် ပေးနေတာလား’

ရှောင်ချန် ဒီည ငါ တကယ် ကြောက်နေတာ နင်ငါနဲ့အဖော်လုပ်ပေးလို့ရမလား

ထိုအချိန်တွင် စန်းယွီက ခေါင်းငုံ့ကာ ရှက်ရွံ့စွာ ပြောလိုက်သည်။

ငါနဲ့အတူ နည်းနည်းလောက် ထပ်နေပေးလို့ ရမလား။

ယဲ့ချန်က စိတ်ထဲမှ စဉ်းစားလိုက်သည်။ဒါထက် ပိုပြီး ဘာတောင်းဆိုစရာ ရှိတော့မှာလဲ။

ကျွန်တော်အစ်မနဲ့အတူ နေပေးပါြမယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းတက်ဖို့ အစီအစဉ် မရှိဘူးဆိုတော့ အချိန်တွေ အများကြီး ရှိပါတယ်။ အစ်မ မကြောက်တော့တဲ့အထိ နေပေးမယ်။

ယဲ့ချန်က ပြုံး၍ ပြောလိုက်၏။

စန်းယွီသည် လွန်စွာ ပျော်ရွှင်သွားခဲ့သည်။

စန်းယွီ၏ အိမ်တွင်။

ရှောင်ချန် မင်း ဗိုက်ဆာနေပြီလား။ ငါ နင်အတွက် ခေါက်ဆွဲ နည်းနည်း ချက်ပေးရမလား။

စန်းယွီက ချိုမြိန်သော အပြုံးဖြင့် မေးလိုက်၏။

ကျွန်တော် နည်းနည်း ဗိုက်ဆာနေတာ။ အစ်မယွီ ခေါက်ဆွဲ နည်းနည်း ချက်ပေးပါ။

ယဲ့ချန်က မပြုံးမရယ် အမူအရာဖြင့် ပြောလိုက်သည်။

ရှောင်ချန် နင့်ရဲ့ အမူအရာက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ။

စန်းယွီသည် ဇဝေဇဝါ ဖြစ်သွားခဲ့ပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ သူမ၏ မျက်နှာမှာ ရဲနီသွားခဲ့ကာ မျက်လုံးများမှာ ရေကဲ့သို့ စိုစွတ်သွားပြီး ဆူလိုက်သည်ယ

မကောင်းတဲ့ ကောင်လေး။

စကားပြောပြီးနောက် သူမသည် ခေါက်ဆွဲချက်ရန် မီးဖိုချောင်သို့ ပျော်ရွှင်စွာ ပြေးဝင်သွားခဲ့သည်။

ခုနက ယဲ့ချန်သည် သူ၏ ယင်-ယန် မျက်လုံးများကို ဖွင့်ကာ စန်းယွီ၏ မျက်နှာကို ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

ဒါဟာ မမျှော်လင့်ထားသော ရရှိမှုတစ်ခုဟု ယူဆ၍ ရနိုင်သည်။

စန်းယွီ၏ မျက်နှာသွင်ပြင်အရ သူမ၏ ငါးရိုးပုံစံ အရေးအကြောင်းများသည် ရဲနီနေပြီး သူမ၏ နဖူးမှာ ပြည့်ဖြိုးနေသဖြင့် သူမသည် လွန်စွာ ရာဂထက်သန်သော လူတစ်ယောက် ဖြစ်ကြောင်း ပြသနေသည်။

သူမ၏ မျက်လုံးများတွင် မက်မွန်ပန်း အရိပ်အမြွက် ပါရှိပြီး သူမ၏ စိတ်နှလုံးမှာ ဆွဲဆောင်မှု ရှိပေသည်။

သို့သော် သူမ၏ သူငယ်အိမ်များသည် ဗဟိုကျနေသဖြင့် ဒါဟာ နူးညံ့သော စရိုက်ကို ပြသနေကာ အရာရာကို ငြိမ်ခံတတ်သူ ခင်ပွန်း၏ စကားကို နားထောင်သူနှင့် အချစ်တွင် လုံးဝ သစ္စာရှိသူ ဖြစ်သည်။

အခြား စကားဖြင့် ပြောရလျှင် စန်းယွီသည် တကယ်ကို ဆွဲဆောင်မှုရှိသူတစ်ယောက် ဖြစ်သော်လည်း သူမ၏ ခင်ပွန်းပေါ်တွင်မူ လုံးဝ သစ္စာရှိသူ ဖြစ်သည်။

ရှင်းရှင်းပြောရလျှင် ဒီလို အမျိုးသမီးမျိုးသည် ဧည့်ခန်းတွင်လည်း တတ်မြောက်သည်။မီးဖိုချောင်တွင်လည်း တတ်မြောက်သည်။အိပ်ခန်းထဲတွင်မူ ပို၍ပင် တတ်မြောက်ပေသေးသည်။

တကယ့် စိတ္တဇ ဆွဲဆောင်သူ။

ထို့ပြင် သူမ၏ အိမ်ထောင်ရေး နန်းတော်မှာ ရှင်းလင်းပြီး ချောမွေ့နေသဖြင့် သူမတွင် ချစ်ရေးချစ်ရာ အတွေ့အကြုံ လုံးဝ မရှိဖူးကြောင်း ပြသနေသည်။

အပြစ်ကင်းစင်သော မိန်းကလေးစစ်စစ်။

‘ အစ်မယွီက တကယ်ကို ထူးခြားတာပဲ ငါ အရင်က သူမကို ရှုပ်ပွေတဲ့သူလို့ ထင်ခဲ့တာ ဒါပေမဲ့ သူမမှာ ချစ်သူတောင် မရှိဖူးဘူးလို့ လုံးဝ မထင်ထားခဲ့ဘူး အင်း ဒါဟာ သူမရဲ့ ရုပ်ရည်ကြောင့်ပါပဲ လူတွေကို အထင်လွဲစေတာ သူမရဲ့ ရုပ်ရည်က လှည့်စားလွန်းတယ်။’

မကြာမီ စန်းယွီသည် ခေါက်ဆွဲဇလုံကြီး တစ်ဇလုံ ချက်ပြုတ်ခဲ့ပြီး ကြက်ဥ နှစ်လုံး ထည့်ကာ ယဲ့ချန်အား ဇနီးတစ်ယောက်ကဲ့သို့ တာဝန်သိစွာ လာရောက် ပြုစုခဲ့သည်။

ယဲ့ချန်သည် အားနာမနေဘဲ ခေါက်ဆွဲများကို အားရပါးရ စားလိုက်တော့သည်။

အစ်မယွီ ဘာလို့ မစားတာလဲ။

ငါ အစားလျှော့နေတာပါ။

စန်းယွီက ချိုမြိန်စွာ ပြုံးလိုက်ပြီး ယဲ့ချန် က သူမကိုယ်တိုင် ချက်ပြုတ်ထားသော ခေါက်ဆွဲများကို စားနေသည်ကို ကြည့်ရသည်မှာ လွန်စွာ ပျော်ရွှင်နေခဲ့သည်။

ဒီလို တိတ်ဆိတ်ပြီး မြူဆိုင်းနေသော ညဉ့်နက်ပိုင်းတွင် သူမ ချစ်ရသော အမျိုးသားအတွက် ခေါက်ဆွဲတစ်ဇလုံ ချက်ပေးရခြင်းသည် လွန်စွာ ပျော်စရာကောင်းပြီး ကျေနပ်စရာပြည့်စုံစရာ ဖြစ်နေခဲ့သည်။

အစ်မယွီ ဘာလို့ အစားလျှော့နေသေးတာလဲ။ မမ ခန္ဓာကိုယ် ပုံစံက ဒီလောက် စွဲမက်စရာ ကောင်းနေတာကို

ယဲ့ချန်က ရိုးသားစွာ ပြောလိုက်၏။

မဟုတ်ပါဘူး။

စန်းယွီက ရှက်ရွံ့စွာ ပြောလိုက်သည်။

တကယ်ပါ။ လိုအပ်တဲ့ နေရာတွေမှာ ကောက်ကြောင်းထွက်ပြီး စိတ္တဇ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်မျိုးလေ။

ယဲ့ချန်က ပြောလိုက်၏။

ဒါနဲ့ အစ်မယွီ ဒါ ညဉ့်နက်သန်းခေါင်ကြီးငါတို့ နှစ်ယောက်တည်း အခန်းထဲမှာ ရှိနေတာ။ အခြားသူတွေ မြင်ပြီး အတင်းအဖျင်း ပြောမှာကို မကြောက်ဘူးလား။

မကြောက်ပါဘူး။

စန်းယွီက ခေါင်းခါလိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်၏။

သူတို့ ငါနဲ့ တခြားသူတွေအကြောင်း အတင်းအဖျင်း ပြောရင်တော့ ငါ ကြောက်မှာပေါ့။ ဒါပေမဲ့ တစ်ယောက်ယောက်က ငါနဲ့နင်အကြောင်း အတင်းအဖျင်း ပြောရင်တော့ ငါ ပျော်မှာပါ မကြောက်ပါဘူး

သူမ၏ စကားများသည် နူးညံ့သော အချစ်များဖြင့် ပြည့်နှက်နေခဲ့သည်။

သတိမမူမိဘဲ သူတို့၏ မျက်လုံးများ ဆုံတွေ့သွားခဲ့ကြသည်။ နီးကပ်သော မျက်လုံးချင်း ဆုံတွေ့မှုသည် အမြဲတမ်း အန္တရာယ်များလှပေသည်။

ယဲ့ချန်သည် မသိစိတ်မှ တုတ်များကို ချလိုက်ပြီး စန်းယွီထံသို့ သူ၏ ခေါင်းကို တိုးကပ်လိုက်သည်။

စန်းယွီသည် သူ၏ ရည်ရွယ်ချက်ကို သိရှိသွားသကဲ့သို့ သူမ၏ မျက်လုံးများကို အနည်းငယ် ပိတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းများကို သာသာလေး စူလိုက်သည်။

သူတို့၏ နှုတ်ခမ်းများ ဆုံတွေ့သွားကြသည်။

တစ်ချိန်တည်းမှာပင်။

ပိုင်အုပ်စု ဌာနချုပ်။

ပိုင်ရှောင်ရန်၏ ရုံးခန်း။

ထို၁၃ ယောက်မြောက် သခင်လေးသည် စားပွဲအနောက်တွင် ခြေထောက်ချိတ်ထိုင်ကာ နောက်ပြောင်သော အမူအရာဖြင့် ထိုင်နေခဲ့သည်။

ပိုရှောင်ရန်သည် ဘေးတွင် လက်များ ကပ်လျက် ရိုသေစွာ ရပ်နေခဲ့သည်။

၁၃ ယောက်မြောက် သခင်လေး ကိစ္စတွေက သိပ်ပြီး အဆင်မပြေပါဘူး။ ကွမ်တာ လမ်းမပေါ်က အိမ်ရာဝင်းက မြေပိုင်ရှင်တွေက ပြောင်းရွှေ့ဖို့ ငြင်းဆန်နေကြပါတယ်

ငါ သိပါတယ်။ သူတို့ကို လမ်းညွှန်ပေးနေတဲ့ ဆရာတစ်ယောက် ရှိတယ်။

၁၃ ယောက်မြောက် သခင်လေး၏ မျက်လုံးများတွင် မှောင်မိုက်မှုများ ရှိနေသော်လည်း ပိုမို၍ စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်မှုများ ပြည့်နှက်နေခဲ့သည်။

ကောင်းပြီ ငါရဲ့သွေးမှန်ပြောင်းကို တစ်ယောက်ယောက်က ဖုန်းရွှေသုံးပြီး ခွဲဖျက်လိုက်တာပဲ။ ပြီးတော့ သူတို့ အနက်ရောင်ခွေးသွေးတွေကိုပင် ဖျန်းခဲ့ကြသေးတယ် ဟားဟားဟားဟား မန္တန်ပညာနဲ့ ငါ့ကို တိုက်ခိုက်ချင်တာလား။ ဒါဟာ မီးအိမ်ဆီ တိုးတဲ့ ခြင်ကောင်လိုပဲ ကိုယ်တိုင် သေပွဲဝင်တာပဲ ဒါပေမဲ့ ငါ မင်းနဲ့ ကစားရတာကို မငြင်းပါဘူး မင်းကို စိတ်ဓာတ်ကျပြီး သေသွားစေရမယ် ဟားဟားဟားဟား။

၁၃ ယောက်မြောက် သခင်

ပိုင်ရှောင်ရန်က ထိတ်လန့်စွာ ပြောလိုက်သည်။

မင်း အကွက်ဆင်ခံလိုက်ရတာကိုတောင် မသိဘူး ဟားဟားဟားဟား

၁၃ ယောက်မြောက် သခင်သည် သူ၏ ရင်ဘတ်ထဲမှ အဆောင်တစ်ခုကို တိုက်ရိုက် ထုတ်ယူလိုက်သည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အဆောင်သည် ပြာအဖြစ်သို့ လောင်ကျွမ်းသွားခဲ့သည်။

ရွှေရောင် အလင်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ရုံးခန်းတစ်ခုလုံးကို အလင်းပြပေးလိုက်၏။

ရုတ်တရက်။

ရုံးခန်းအတွင်း၌ မှိန်ဖျော့သော အနက်ရောင် အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သနားစရာကောင်းသော သရဲငယ်လေးများသည် ရုံးခန်းအတွင်းသို့ ဆက်တိုက် တိုးဝှေ့ဝင်ရောက်လာကြ၏။ ပိုမို တိကျစွာ ပြောရလျှင် ပိုင်ရှောင်ရန် အား ဝိုင်းရံကာ စိတ္တဇဆန်စွာ ရယ်မောနေကြသည်။

ရုံးခန်း ပြတင်းပေါက်များပေါ်တွင် ပုပ်စပ်ပြီး သွေးထွက်နေသော သရဲမျက်နှာများ ကပ်နေခဲ့ကြသည်။

အားးး အားးး

ပိုရှေင်ာင်ရန်သည် ကြောက်လွန်း၍ ဘောင်းဘီထဲ ဆီးထွက်သွားခဲ့ရသည်။

ကဲပါ မကြောက်ပါနဲ့။ မင်း သရဲပူးခြင်းအဆောင်နဲ့ ပြုစားခံထားရတာပါ ဒါက ကလေးတွေကို ခြောက်လှန့်တဲ့ ကလေးကစားစရာ နည်းလမ်းပါပဲ

၁၃ ယောက်မြောက် သခင်လေးက လှောင်ပြုံးပြုံးကာ သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်သည်။

ဝှူး ဝှူး ဝှူး ဝှူး

ဟာရီကိန်း မုန်တိုင်းကဲ့သို့ အေးစိမ့်သော လေသည် လွင့်ပျံထွက်ပေါ်လာခဲ့သည်။

အေးစိမ့်သော လေအတွင်း၌ စူးရှသော အော်ဟစ်သံများနှင့် ဟိန်းဟောက်သံများကို ကြားရနိုင်ပြီး လေအတွင်း၌ မရေမတွက်နိုင်သော မိစ္ဆာများ ပုန်းကွယ်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

အေးစိမ့်သော လေ ဝှေ့ယမ်းလိုက်သည်နှင့် ရုံးခန်းအတွင်း ပိုင်ရှောင်ရန်အား ဝိုင်းရံထားသော သရဲငယ်များ အားလုံးသည် သွားကြိတ်၍ ဝါးမြိုနေသော အသံများနှင့်အတူ ကျိုးပဲ့ ပျက်စီးသွားခဲ့ကြသည်။

မကြာမီ ရုံးခန်း၏ မျက်နှာကြက် ကြမ်းပြင်နှင့် နံရံများပေါ်တွင် မည်းနက်သော သွေးများ ဖုံးလွှမ်းသွားခဲ့သည်။

ပိုင်ရှောင်ရန်သည် ကြောက်လွန်း၍ ဒူးများ ခွေကျသွားခဲ့ပြီး ကြမ်းပြင်ပေါ်သို့ လဲကျကာ တုန်ယင်နေခဲ့သည်။

မည်းနက်သော သွေးစက်အချို့သည် ၁၃ ယောက်မြောက် သခင်လေး၏ မျက်နှာပေါ်သို့ စက်ကနဲ ကျရောက်သွားခဲ့သည်။ သူသည် ဂရုမစိုက်ဘဲ လက်ဖြင့် သုတ်လိုက်ကာ သွေးစွန်းနေသော လက်ညှိုးကို ပါးစပ်ထဲ ထည့်၍ အကြိမ်အနည်းငယ် စုတ်ယူလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အမူအရာ ပေါ်ထွက်လာခဲ့၏။

တိုက်ခိုက်ကြတော့မယ်ဆိုမှတော့ ကြီးကြီးမားမား လုပ်ကြတာပေါ့ ပိုင်ရှောင်ရန် ငါ ပစ္စည်းအချို့ လိုချင်တယ် ငါ့အတွက် ချက်ချင်း သွားပြင်ဆင်ပေးစမ်း။

ဟုတ် ဟုတ် ဟုတ်ကဲ့ ၁၃ ယောက်မြောက် သခင်လေး

စန်းယွီ၏ အိမ်တွင်။

ရမ္မက်ဆန်သော နမ်းရှိုက်မှုအပြီးတွင် စန်းယွီသည် ယဲ့ချန်၏ ရင်ခွင်ထဲသို့ နူးညံ့စွာ လဲကျသွားခဲ့သည်။

ရှောင်ချန် နင် သိလား အခုကစပြီး ငါ နင်အတွက် ဘာမဆို လုပ်ပေးဖို့ လိုလိုလားလား ရှိပါတယ် ဘာမဆိုပါပဲ တကယ်ပါ

စန်းယွီ၏ နူးညံ့မှုများသည် တိုက်ရိုက် လျှံကျလာခဲ့သည်။

ငါ ကျိန်ဆိုပါတယ်။

အဲဒီလိုလား မမယွီ။

ယဲ့ချန်သည် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် ဝရန်တာရှိ ပြတင်းပေါက် လိုက်ကာများသည် လေထဲတွင် တရွတ်ဆွဲ လှုပ်ရှားသွားခဲ့သည်။

ယဲ့ချန်သည် ထရပ်လိုက်ပြီး လျှောက်သွားကာ မှန်တံခါးကို ပိတ်လိုက်သည်။ ထိုစဉ်မှာပင် သဲအချို့သည် ယဲ့ချန်၏ မျက်လုံးများထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

ဒုက္ခပါပဲ အစ်မယွီ မြန်မြန် ဒီကို လာဦး။

ယဲ့ချန်က အော်ဟစ်လိုက်သည်။

ရှောင်ချန် ဘာဖြစ်လို့လဲ။

စန်းယွီသည် ထိတ်လန့်တကြား ပြေးဝင်လာခဲ့သည်။

မြန်မြန် မြန်မြန် ငါ့ကို မှုတ်ထုတ်ပေးပါဦးမြန်မြန်။

ယဲ့ချန်သည် သူ၏ မျက်လုံးများကိုပင် မဖွင့်နိုင်တော့သကဲ့သို့ ခံစားလိုက်ရသည်။

ဒါကို ကြားလိုက်ရသောအခါ စန်းယွီသည် သူမ၏ ခေါင်းကို ငုံ့လိုက်ရာ သူမ၏ နားရွက်များမှာ လုံးဝ ရဲနီသွားခဲ့သည်။

အစ်မယွီ ဘာလို့ ရပ်နေတာလဲ။ မြန်မြန် လုပ်ပါဦး။

ယဲ့ချန်က တိုက်တွန်းလိုက်၏။

စန်းယွီသည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ထိုင်ချလိုက်သည်။

အစ်မယွီ ဘာလုပ်နေတာလဲ အစ်မယွီ။

ယဲ့ချန်သည် လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့ရတော့သည်

All Chapters