← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁ ကိုယ်တိုင် တံခါးလာခေါက်ခြင်း

နှစ်နာရီခန့် အနားယူပြီးနောက်လင်ရှောင်သည် စံအိမ်၏ ဒုတိယထပ်သို့ ဦးတည်လိုက်၏။

စံအိမ်ဧရိယာအတွင်းရှိအခြေအနေကို အပြင်ထွက်၍ ကင်းထောက်ရန်ဖြစ်သည်။

သူဒုတိယထပ်သို့ ရောက်ရုံရှိသေး၏။ဟယ်ချူယောင် သူ့နောက်သို့ လိုက်လာသည်ကို တွေ့လိုက်ရ၏။

"ကျွန်မလည်း လိုက်ခဲ့မယ်၊ တစ်ခုခုဖြစ်ရင် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ရတာပေါ့"

ဟယ်ချူယောင်က ပြုံးလျက် ပြောလိုက်သည်။

လင်ရှောင်သည် ဟယ်ချူယောင်ကို စကားတစ်ခွန်းမှ မပြောဘဲ တစ်ချက်ကြည့်လိုက်ပြီးသူတို့ဝင်လာခဲ့သော ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ခုန်ထွက်ခဲ့သည်။

ဟယ်ချူယောင်လည်း နောက်မှ ကပ်လျက် လိုက်လာ၏။

ထိုအချိန်တွင်စံအိမ်အပြင်ဘက်၌လုံးဝ မှောင်မိုက်နေပြီဖြစ်ပြီး သည်းထန်သော နှင်းများသာအဆက်မပြတ်ကျဆင်းနေသည်။

လင်ရှောင်က ကောင်းကင်ကို မော့ကြည့်ကာ ခပ်ဖွဖွ သက်ပြင်းချလိုက်၏။

"ကျွန်မတို့ ကြယ်တွေကို ပြန်မြင်ရပါဦးမလားမသိဘူး"

ဟယ်ချူယောင်က နောက်မှနေ၍ ညည်းတွားလိုက်သည်။

လင်ရှောင်ကဟယ်ချူယောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်စံအိမ်၏ အောက်ဘက်ပိုင်းသို့ အမြန် ဦးတည်သွား၏။

မကြာမီ လင်ရှောင်နှင့် ဟယ်ချူယောင်တို့သည် ပတ်ဝန်းကျင်ကို စစ်ဆေးပြီးစီးသွားခဲ့သည်။

လုံးဝခဲနေပြီဖြစ်သော အမျိုးသားအလောင်းအချို့ကို စံအိမ်အတွင်း၌ တွေ့ရသည်မှအပဘာမှ ရှာမတွေ့ခဲ့ပေ။

ဟယ်ချူယောင်ကလင်ရှောင်သည် အိမ်တစ်အိမ်ချင်းစီ၏ ဆိုင်းဘုတ်များကို ရည်ရွယ်ချက်ရှိရှိလိုက်ကြည့်နေသည်ကို သတိပြုမိသွား၏။

သူသည် တစ်ခုခုကို ရှာဖွေနေသည့်အတိုင်း ဖြစ်သည်။

မကြာမီ လင်ရှောင်နှင့် ဟယ်ချူယောင်တို့သည် နံပါတ် ၆ စံအိမ်ဘက်သို့ ရောက်လာကြ၏။

နံပါတ် ၆ စံအိမ်၏ ဆိုင်းဘုတ်ကို မြင်သောအခါ လင်ရှောင်၏ခန္ဓာကိုယ်သည် သိသိသာသာ တုန့်ခနဲ ဖြစ်သွားသည်။

ဟယ်ချူယောင်သည်တစ်ခုခုကို သတိရသွားသည့်အလား စိုးရိမ်ပူပန်သော အမူအရာက သူမ၏မျက်နှာတွင် ဖြတ်ပြေးသွားသည်။

နံပါတ် ၆ ဗီလာ၏ အတွင်းပိုင်းသို့ ဝင်ပြီးနောက် လင်ရှောင်သည် သေချာစွာ ပိုက်စိပ်တိုက်ရှာဖွေခဲ့၏။

နောက်ဆုံးတွင် သူနှင့် ဟယ်ချူယောင်တို့သည် ဒုတိယမြေအောက်ထပ်တွင် ပွင့်နေသော လုံခြုံရေးတံခါးတစ်ခုကို တွေ့လိုက်ရသည်။

၎င်းကို မြင်သောအခါ လင်ရှောင်၏ အမူအရာသည် ခက်ထန်သွားပြီး ဟယ်ချူယောင်၏ အမူအရာသည်လည်း ထိုနည်းတူပင်ဖြစ်သည်။

ဝေကျိချင်နှင့် ဝေလင်ယွန်းတို့ တစ်ချိန်က ပုန်းအောင်းခဲ့သော အခန်းထဲသို့ ဝင်လိုက်ရာ သူတို့နေထိုင်ခဲ့သည့် အမှတ်အသားများကိုတွေ့လိုက်ရသည်။

လင်ရှောင်သည် သဲလွန်စများအတွက် ကြမ်းပြင်ကို ဂရုတစိုက် ရှာဖွေခဲ့၏။

"ရှင်ရှာနေတဲ့လူတွေက အဖမ်းခံလိုက်ရတာ ထင်တယ်"

ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ဟယ်ချူယောင်က ပြောလိုက်သည်။

ပြောပြီးနောက် ဟယ်ချူယောင်ကထိုင်ချကာ ရိက္ခာအချို့ပေါ်ရှိ ဖုန်မှုန့်များကို ကိုင်ကြည့်၏။

"သူတို့ အဖမ်းခံရတာ တစ်လလောက် ရှိပြီဖြစ်ရမယ်"

"နင် ဘာတွေ ထပ်တွေ့သေးလဲ"

"ဘာမှမရှိတော့ဘူး၊ ဒါအပြင် ဘာရှိဦးမှာလဲ"

ဟယ်ချူယောင်က ခေါင်းခါပြပြီး ထပ်ပြောလိာက်၏။

"သူတို့ ဒီဧရိယာထဲမှာရှိနေတုန်းပဲဖြစ်ရမယ်၊ သေလားရှင်လားတော့ မသိဘူး၊ ဒါပေမဲ့ ရှင့်မှာရှိတဲ့ အချက်အလက်တွေကို ကျွန်မကို ပြောပြတာ ပိုကောင်းမယ်၊ မဟုတ်ရင် ကျွန်မအတွက်အ‌ရေးကြီးတဲ့ ဆုံးဖြတ်ချက်ချဖို့ ခက်တယ်"

လင်ရှောင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြောသည်။

"ဒီတစ်ခေါက် အကြီးအကဲ ကျွန်တော်တို့ကိုပေးတဲ့တာဝန်က ဒီမှာရှိတဲ့ ဝေမိသားစုက အမျိုးသမီးနှစ်ယောက်ကို ရှာဖို့ပဲ"

သူက ပြောရင်းနှင့် အိတ်ကပ်ထဲမှ ဓာတ်ပုံနှစ်ပုံကို ထုတ်လိုက်၏။

ဟယ်ချူယောင်သည် ဓာတ်ပုံများကို ယူကြည့်လိုက်ပြီးမျက်‌မှောင်အနည်းငယ် ကျုံ့သွား၏။

ထို့နောက် ၎င်းတို့ကို လင်းရှောင်ထံ ပြန်ပေးလိုက်၏။

"တခြား အချက်အလက် ရှိသေးလား"

"မဟာရှားရဲ့ အချမ်းသာဆုံးလူ ကျူးယန်ကျန်လည်း ဒီဧရိယာထဲမှာ ရှိနေတယ်လို့ ပြောကြတယ်၊ ပြီးတော့ သူ့မှာ ကမ္ဘာပျက်ကပ်ကာကွယ်ရေးခံတပ်လည်း ရှိတယ်တဲ့"

ဟယ်ချူယောင်သည် ၎င်းကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်၏။

"ကျူးယွန်းချန်မှာ ဒီ‌နေရာမှာ ကမ္ဘာပျက်ကပ်ကာကွယ်ရေးခံတပ်ရှိတာကို ကျွန်မ သိပါတယ်၊ ဝေမိသားစုက အမျိုးသမီးနှစ်ယောက်ရဲ့ စံအိမ်ကိုလည်း ပြုပြင်ထားတာပဲ"

"ဒါပေမဲ့ အဲဒီအမျိုးသမီးနှစ်ယောက်ကို ဖမ်းသွားတာကျူးယွန်းချန်မဖြစ်နိုင်ဘူးလို့ ကျွန်မ ထင်တယ်"

"သူက ဝေမိသားစုကလူတွေကို ထိရဲတဲ့ သတ္တိမျိုး ရှိမှာမဟုတ်ဘူး၊ တခြားလူပဲ ဖြစ်ရမယ်"

လင်ရှောင်သည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်၏။

အဘယ်ကြောင့်ဆိုသော် မဟာရှားနိုင်ငံတွင် ဝေမိသားစု၏ ဂုဏ်သတင်းက ကြီးမားလွန်းသောကြောင့် ဖြစ်သည်။

သာမန်လူများသည် ၎င်းတို့ အာဏာရှိသည်ဟုသာ ရိုးရှင်းစွာ ထင်မြင်ကြပေလိမ့်မည်။

သို့သော် အဆင့်အတန်းတစ်ခုသို့ တက်လှမ်းနိုင်ခဲ့သူ မည်သူမဆို 'ဝေမိသားစု' ဆိုသည့် အမည်က ဘာကို ကိုယ်စားပြုသည်ကို နားလည်ကြသည်။

"ဒါဆို အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

"အရင် ပြန်ကြစို့၊ မနက်ဖြန် ကျမှ တခြား‌ နေရာတွေကို စစ်ဆေးပြီး အခြေအနေ ဘယ်လိုရှိလဲ ကြည့်ရအောင်"

"ကောင်းပြီလေ၊ ဒါဆို ပြန်ကြစို့"

လင်ရှောင်က ပြောကာ အပြင်သို့ ဦးဆောင်ထွက်ခွာခဲ့၏။

ဟယ်ချူယောင်သည် အခန်းထဲရှိ ပစ္စည်းများကို နောက်တစ်ကြိမ် ကြည့်လိုက်ရာ သူမ၏မျက်လုံးထဲတွင် ရှုပ်ထွေးသော စိတ်ခံစားမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

နောက်တစ်နေ့ နံနက်စောစောတွင်ရှောင်ဖန်းသည် စနစ်ထံမှ သတိပေးချက်ကို စောစောစီးစီး ရရှိခဲ့၏။

၎င်းက စံအိမ်အပြင်ဘက်တွင် လူများ ရှိနေကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။

ရှောင်ဖန်းသည် အိပ်ပျော်နေဆဲဖြစ်သော ယွမ်ချင်းမေနှင့် တခြားလူများကို နှိုးလိုက်ရာ ၎င်းတို့သည် ပထမထပ်ရှိ ဧည့်ခန်းသို့ ကပိုကရိုအမြန် ပြေးဆင်းလာကြ၏။

သို့သော် ရှောင်ဖန်းသည် ယခုအချိန်တွင် ၎င်းတို့ကို ငေးမောကြည့်ရှုရန်အချိန်မရှိပေ။

"ဘာဖြစ်လို့လဲ၊ သူတို့ ရောက်လာကြပြီလား"

ယွမ်ချင်းမေက စိုးရိမ်တကြီး မေးလိုက်ရာရှောင်ဖန်းက ခေါင်းညိတ်ပြလိုက်၏။

"လူခြောက်ယောက်၊ အမျိုးသားငါးယောက်နဲ့ အမျိုးသမီးတစ်ယောက်"

"ကျွန်မ တစ်ခုခု ပြင်ဆင်ထားရမလား၊ သူတို့ကို အလစ်ငိုက် တိုက်ခိုက်ကြမလား"

ယွမ်ချင်းမေက သူမ၏အနည်းငယ် စောင်းနေသော အိပ်ရာဝင်ဝတ်စုံကို ပြင်ရင်း မေးလာသည်။

"မလောနဲ့ဦး၊ နင်တို့ အရင်သွားပြီး မနက်စာစားနှင့်ကြ၊ သူတို့ အတွင်းထဲကို ဝင်နိုင်မှာမဟုတ်ဘူး"

ရှောင်ဖန်းက ယုံကြည်မှုရှိစွာ ပြောလိုက်၏။

စံအိမ်သည် လက်ရှိတွင် အခြေခံခိုလှုံရာနေရာ ပြုပြင်မွမ်းမံမှုစနစ်ဖြင့် မွမ်းမံထားခြင်းဖြစ်၍အပြင်ဘက်ရှိ လူအနည်းငယ်သည် ဖောက်ထွင်းမဝင်ရောက်နိုင်ဟု ရှောင်ဖန်းက ယုံကြည်ထားသည်။

ထင်သည့်အတိုင်းပင် လင်ရှောင်နှင့် တခြားလူများသည်လည်း၎င်းကို တွေ့ရှိသွားကြ၏။

"ခေါင်းဆောင်၊ ဒီ အိမ်က တစ်ခုခု ထူးဆန်းနေတယ်၊ ဒီတံခါးက တအားခိုင်ခံ့နေတယ်၊ ကျွန်တော့်ရဲ့ မီးစွမ်းအားကို အကြာကြီး သုံးလိုက်တာတောင် တစ်ချက်လေးမှ ပြောင်းလဲမသွားဘူး"

ကျူး‌ရှောင်က သူ၏စွမ်းရည်ကို ပြန်ရုပ်သိမ်းရင်း အမောတကော ပြောလာသည်။

လင်ရှောင်သည် ရှေ့သို့ တက်ကာ သူ၏ခါးမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး စံအိမ်၏ ပင်မတံခါးကို ပြင်းထန်စွာ ခုတ်လိုက်ရာမီးပွားများလွင့်စင်သွား၏။

တံခါးပေါ်တွင် ကျန်ရစ်ခဲ့သော မပြောပလောက်သည့် အဖြူရောင်အမှတ်အသား သေးသေးလေးကို ကြည့်ပြီး လင်ရှောင်၏ အမူအရာသည် ခက်ထန်သွားသည်။

သူ၏ထက်မြက်ခြင်း စွမ်းရည်ကို မည်သည့်လက်နက်တွင်မဆို အသုံးပြုပါက တင့်ကားသံချပ်ကာကိုပင် တစ်ချက်တည်းဖြင့် ပိုင်းဖြတ်နိုင်သည်။

ယခုမူသာမန်ဟု ထင်ရသော တံခါးကိုမူ မမြင်ရသလောက်ဖြစ်သော အဖြူရောင်အမှတ်အသားကိုသာ ကျန်ရစ်စေခဲ့၏။

"ခေါင်းဆောင်လင်၊ ဒီစံအိမ်က နည်းနည်း ထူးဆန်းတယ်၊ ကျွန်မ တစ်ချက်လောက် စမ်းကြည့်ပါရစေလား"

ဟယ်ချူယောင်က ရှေ့သို့ တက်လာကာ ပြောသည်

"ဒါပေမဲ့ နင်တစ်ယောက်တည်း ဝင်ရင် အန္တရာယ်များမှာ မဟုတ်ဘူးလား"

လင်းရှောင်က မျက်မှောင်ကြုတ်ရင်း‌ မေးလိုက်သည်။

"ရပါတယ်၊ ကျွန်မရဲ့ စွမ်းရည်အပေါ် ကျွန်မယုံကြည်တယ်"

ဟယ်ချူယောင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာ ပြော၏။

"ဒါဆိုရင်တော့ နင့်ကိုပဲ လွှဲအပ်လိုက်မယ်၊ ဒုတိယခေါင်းဆောင်ဟယ်"

ထိုသို့ပြောပြီးလင်ရှောင်က ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားရာ တခြားအထူးစစ်ဆင်ရေးအဖွဲ့ဝင်များသည်လည်း လိုက်ပါသွားကြ၏။

ဟယ်ချူယောင်ကသူမ၏ခါးမှ ငွေ ဓားမြှောင်တစ်ချောင်းကို ထုတ်ကာ သူမ၏ရှေ့ရှိ နှင်းပြင်ပေါ်တွင် တင်လိုက်သည်။

ထို့နောက် သူမသည် အဝတ်အစားများကို စတင် ချွတ်လိုက်၏။

မကြာမီသူမ၏ပြီးပြည့်စုံသော ခန္ဓာကိုယ်အလှသည်ပေါ်လွင်လာ‌တော့သည်။

နောက်တွင် ဟယ်ချူယောင်သည် ငုံ့ကာ ဓားမြှောင်ကို ကောက်ကိုင်လိုက်၏။

ထိုအချိန်တွင်ဟယ်ချူယောင်၏ ခန္ဓာကိုယ်သည်ဖြည်းဖြည်းချင်း မှေးမှိန်သွားပြီး နောက်ဆုံးတွင် လေထုထဲ၌ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

စံအိမ်အတွင်းမှ‌ စောင့်ကြည့်နေသောရှောင်ဖန်းသည် ထိုမြင်ကွင်းကိုမြင်သောအခါ အံ့ဩတကြီးဖြစ်သွား၏။

ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ၊ ကိုယ်ပျောက်စွမ်းရည်လား။

ဒါမှမဟုတ် တခြားတစ်ခုခုလား။

ရှောင်ဖန်းအမျိုးမျိုးတွေးတောနေရသည်။

ထိုအချိန်တွင်စနစ်၏ သတိပေးသံက ရုတ်တရက် မြည်လာခဲ့၏။

[ရန်သူသည် ခိုလှုံရာနေရာသို့ ကျူးကျော်ဝင်ရောက်နေသည်]

ရှောင်ဖန်း၏ မျက်စိသည်ရုတ်တရက်မှေးကျဉ်းသွား၏။

[ရမှတ်မြင့်မားသော အမျိုးသမီးကို တွေ့ရှိသည်၊ ဘက်စုံရမှတ် ၉.၃ ဖြစ်သည်၊ သိမ်းဆည်းရန် သင့်တော်သည်]

ရုတ်တရက် ရှောင်ဖန်း၏ နှုတ်ခမ်းထောင့်များသည် အထက်သို့ တွန့်ကွေးသွားသည်။

ကဲ ဘုရားသခင်က ပေးတဲ့ဆုပဲ၊ တစ်ယောက်ယောက်ငါ့တံခါးကို ကိုယ်တိုင်လာခေါက်နေပြီ။

*********

All Chapters