အခန်း ၇၂
Vol. 8 Ch. 72
အခန်း ၇၂ ဘာလို့ မင်းဖြစ်နေတာလဲ
"အား ပျင်းစရာကောင်းလိုက်တာ အပေါ်ထပ်တက်ပြီး အိပ်ကြစို့"
ရှောင်ဖန်းကသမ်းဝေရင်း ပြောလိုက်၏။
ယွမ်ချင်းမေနှင့် ကျူချမ်းချမ်းတို့သည် ချက်ချင်းပင်ရှောင်ဖန်းကို အံ့သြသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရှောင်ဖန်းက မျက်စိမှိတ်ပြသည်ကို သတိထားမိသွားကြ၏။
ထို့ကြောင့် သူတို့နှစ်ယောက်သည် ရှောင်ဖန်းအနားသို့လျှောက်သွားပြီး သူ၏လက်မောင်းများကို ဖက်တွဲလိုက်ကြသည်။
"ကျွန်နံပါတ်တစ် နင်လည်း ဒီဘက်လာခဲ့"
ရှောင်ဖန်းသည် ဝေကျိချင်းဘက်သို့ လှည့်၍ပြောလိုက်၏။
ဝေကျိချင်းရှောင်ဖန်းအနားသို့ လျှောက်လာခိုက်တွင် ရှောင်ဖန်းကဟင်းလင်းပြင်လက်ဝါးစွမ်းရည်ကို မပြတ်တမ်း လှုပ်ရှားလိုက်သည်။
မမြင်နိုင်သော ဟင်းလင်းပြင်လက်ဝါးများသည် လေစင်္ကြာကြီးတစ်ခုကဲ့သို့ ရှောင်ဖန်း၏ ပတ်ပတ်လည်တွင် လျင်မြန်စွာ လည်ပတ်သွားတော့၏။
"အား"
ရှောင်ဖန်း၏ အနောက် နှစ်မီတာအကွာ လောက်မှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ရှောင်ဖန်းသည် ဟင်းလင်းပြင်လက်ဝါးမှတစ်ဆင့် လူတစ်ယောက်ကို ရိုက်ထုတ်လိုက်မိကြောင်း ခံစားလိုက်ရ၏။
ထိုအခြေအနေကို အခွင့်ကောင်းယူကာ ဟင်းလင်းပြင်လက်ဝါးကို ဆက်တိုက်လှုပ်ရှားပြီး အသံလာရာဘက်သို့ လှမ်းဖမ်းလိုက်သည်။
မကြာမီ ရှောင်ဖန်း၏လက်သည် ပျော့ပျောင်းသောအရာတစ်ခုကို ဆုပ်ကိုင်မိသွား၏။
ထိုအရာသည် မမြင်ရသော အမျိုးသမီး ဖြစ်ရမည်။
"ဟားဟားဟား မိပြီဟေ့"
"ဒီဘက်လာခဲ့"
ဟင်းလင်းပြင်လက်ဝါးဖြင့် အတင်းဆွဲလိုက်ရာ သူ၏ရှေ့ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် လှုပ်ခတ်သွားသည်။
တဖြည်းဖြည်းနှင့် ဗလာကျင်းနေသော အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်လာ၏။ သူမသည် ဟယ်ချူယောင်ပင် ဖြစ်သည်။
သို့သော် ဟယ်ချူယောင်သည် အလွန်သနားစရာကောင်းသော အခြေအနေသို့ ရောက်နေ၏။
သူမသည် လေထဲတွင် တွဲလောင်းဖြစ်နေပြီး မျက်နှာတစ်ခုလုံး နီမြန်းကာ လက်များဖြင့် သူမ၏လည်ပင်းကို အတင်းကုတ်ဖဲ့နေသည်။
သူမသည် တစ်ခုခုဖြင့် လည်ပင်းညှစ်ခံထားရသကဲ့သို့ ရှိ၏။
ရှောင်ဖန်းက ဟင်းလင်းပြင်လက်ဝါးကို သုံး၍ ဟယ်ချူယောင်၏လည်ပင်းကို တင်းကျပ်စွာ ညှစ်ထားခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင် ဝေကျိချင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်းပင် လွှတ်ခနဲ ပြောလိုက်မိ၏။
"ဒေါ်လေးလား ဘာလို့ မင်းဖြစ်နေတာလဲ"
ထိုစကားကို ကြားသောအခါ ရှောင်ဖန်း၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဒေါ်လေး ဟုတ်လား"
"ချမ်းချမ်း အပေါ်တက်ပြီး သူ့ကို ငါ့အတွက် ကျွန်ပြုလိုက်စမ်း"
"ဟုတ်ကဲ့ပါ သခင်"
ကျူချမ်းချမ်းက ညှို့ဓာတ်ပြင်းသော အပြုံးဖြင့် ပြောလိုက်၏။
ဟယ်ချူယောင်၏ ကြောက်လန့်နေသော မျက်လုံးများအောက်တွင် ကျူချမ်းချမ်းသည် သူမ၏ အသွင်ပြောင်းလဲခြင်းကို အဆုံးသတ်လိုက်သည်။
မကြာမီ ဟယ်ချူယောင်သည် ရုန်းကန်ခြင်းကို ရပ်တန့်သွားရာရှောင်ဖန်းသည် သူမကို လွှတ်ပေးလိုက်၏။
"ကျွန်နံပါတ်တစ် နင်ခုနက သူ့ကို ဒေါ်လေးလို့ ခေါ်လိုက်တာလား"
ရှောင်ဖန်းကဝေကျိချင်းကို လှည့် မေးလိုက်သည်။
"သခင်ကြီးရဲ့မေးခွန်းကို ဖြေရရင် ဟုတ်ပါတယ် သူမက ကျွန်မရဲ့ဒေါ်လေး ဟယ်ချူယောင်ပါ"
ဝေကျိချင်းက ရိုသေစွာ ပြောလိုက်၏။
"ကောင်းတယ် ကောင်းတယ် ကောင်းတယ် ဟားဟားဟား"
ရှောင်ဖန်းသည် အကျယ်ကြီး ရယ်မောရင်း ဟယ်ချူယောင်ထံသို့ လျှောက်သွားတော့သည်။
တစ်နာရီ ကုန်ဆုံးသွားပြီဖြစ်သည်။
အပြင်တွင် စောင့်ဆိုင်းနေသော လူအုပ်ကြီးမှာပျာယာခတ်လာကြသည်။
ပုံမှန်အချိန်တွင် တည်ငြိမ်လှသော လင်ရှောင်ပင်လျှင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတော့၏။
"ခေါင်းဆောင် ဒုခေါင်းဆောင်ဟယ် တစ်ခုခုဖြစ်သွားတာလား"
လီရှောင်ဖုန်းသည် စံအိမ်၏တံခါးကို ကြည့်ရင်း မျက်မှောင်ကုတ်လိုက်သည်။
"ဟုတ်တယ် တံခါးကို ဖျက်ဆီးပြီး ဝင်ဖို့ နည်းလမ်းရှာသင့်လား"
ဝမ်ရှောင်လီသည်လည်း ဟယ်ချူယောင်အတွက် အလွန်စိုးရိမ်နေ၏။
အမှန်တော့ ထိုအစ်မကြီးသည် ကမ္ဘာပျက်ကပ် စတင်ကတည်းက သူ့ကို ကောင်းစွာစောင့်ရှောက်ခဲ့သူ ဖြစ်သည်။
လင်ရှောင်သည် တင်းကျပ်စွာ ပိတ်ထားသော တံခါးကို ကြည့်ကာ ဘာလုပ်ရမလဲဟု အသည်းအသန်တွေးနေ၏။
သူ၏ထက်မြက်ခြင်း စွမ်းရည်ဖြင့်ပင် တံခါးကို မဖြတ်နိုင်သောကြောင့် ဗုံးသုံးရန်မှာလည်း မဖြစ်နိုင်ပေ။
နှင်းများကို တူးပြီး ပြတင်းပေါက်များကို ခွဲဝင်ရမလား။ စမ်းသပ်သင့်သော်လည်း လူနည်းစုဖြင့် နှင်းများကို မည်မျှကြာအောင် တူးရမည်ကိုမသိနိုင်ပေ။
အဆင်မပြေပါက နှင်းများကိုသာ ရိုးရိုးသားသား တူးရတော့မည်ဟုတွေးလိုက်စဉ်မှာပင်စံအိမ်တံခါးသည် ရုတ်တရက် ပွင့်လာ၏။
လင်ရှောင်နှင့် အခြားလူများသည်သတိကြီးစွာဖြင့်သူတို့၏ လက်နက်များအားလုံး တံခါးထံသို့ ချက်ချင်းချိန်ရွယ်လိုက်ကြသည်။
သို့သော် တံခါးနောက်မှ အိပ်ရာခင်းဖြင့် ပတ်ထားသော ဟယ်ချူယောင် ထွက်လာသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ အားလုံး စိတ်သက်သာရာ ရသွားကြ၏။
"အထဲမှာ လူမရှိဘူး။ ဒါပေမဲ့ အိမ်က တကယ်ပဲ နည်းနည်း ထူးဆန်းတယ် ။အဲဒါကို ဖွင့်ဖို့ ငါ တော်တော် ကြိုးစားလိုက်ရတယ်" ဟုဟယ်ချူယောင်က ပြောလိုက်သည်။
ဟယ်ချူယောင်ကို တစ်ချက်ကြည့်ပြီးနောက် လင်ရှောင်သည် သူ၏လူများကို ဦးဆောင်ကာ စံအိမ်ထဲသို့ အရင်ဆုံး ပြေးဝင်သွားတော့၏။
ခဏအကြာတွင် အဝတ်အစားလဲပြီးသော ဟယ်ချူယောင်သည်လည်း သူတို့နောက်သို့ လိုက်ဝင်လာသည်။
"ဒုခေါင်းဆောင်ဟယ် ဘာတွေဖြစ်ခဲ့တာလဲ မင်း ဘာလို့ အထဲမှာ ဒီလောက်ကြာနေရတာလဲ"
လင်ရှောင်သည် စံအိမ်အတွင်းရှိ အရာအားလုံးကို စစ်ဆေးရင်း မေးလိုက်၏။
ဟယ်ချူယောင်က မယုတ်မလွန်ပြောလိုက်သည်။
"ရှင်တို့ သိတဲ့အတိုင်းပဲ ....ကျွန်မရဲ့ စွမ်းရည်က မမြင်ရအောင်လုပ်တာနဲ့ အစိုင်အခဲတွေကို ခဏတာပဲ ဖြတ်သန်းနိုင်တာလေ။ ကျွန်မ ခုနက ဝင်လာတုန်းက တစ်ခါမှမမြင်ဖူးတဲ့ စွမ်းရည်ကန့်သတ်ချက်တစ်ခုကို ထိမိသွားပြီး လှုပ်ရှားလို့မရအောင် ဖြစ်သွားတယ်"
"ကျွန်မ ကန့်သတ်ချက်ကို ထိမိပြီးနောက် ဒီထဲကလူတွေ ချက်ချင်း သိသွားကြတယ်။ ဒါပေမဲ့ ကျွန်မက မမြင်ရတဲ့အခြေအနေမှာ ရှိနေလို့ သူတို့ ကျွန်မကို ရှာမတွေ့ခဲ့ကြဘူး"
"အဲဒီလူစု မြေအောက်ခန်းကို သွားတဲ့အချိန်ကျမှပဲ ကျွန်မအပေါ်က ကန့်သတ်ချက် ပြယ်ပြယ်သွားပြီး လှုပ်ရှားလို့ရခဲ့တာ"
ထိုစကားကို ကြားသောအခါ လင်ရှောင်သည် လီရှောင်ဖုန်းကို ချက်ချင်း လှမ်းကြည့်လိုက်၏။
လီရှောင်ဖုန်းသည် အထူးစစ်ဆင်ရေးအဖွဲ့ဝင် လေးယောက်ကို ချက်ချင်း ဦးဆောင်ကာ မြေအောက်ခန်းထံသို့ သတိကြီးစွာဖြင့် လျှောက်သွားတော့သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် လီရှောင်ဖုန်းသည် မြေအောက်ခန်းမှ ပြန်ထွက်လာ၏။
"ခေါင်းဆောင် မြေအောက်ခန်းထဲမှာ စံအိမ်အနောက်ဘက်ကို ဦးတည်နေတဲ့ လျှို့ဝှက်လမ်းတစ်ခု တွေ့တယ်။ လမ်းအပြင်ဘက်မှာလည်း ခြေရာတွေတွေ့တယ် အဲဒီလူစု ထွက်ပြေးသွားပြီ ဖြစ်ရမယ်"
လင်ရှောင်ကလီရှောင်ဖုန်းကို အရင်သွားနားရန် အချက်ပြလိုက်သည်။
လင်ရှောင်သည် ဟယ်ချူယောင်၏ စကားကို တစ်ဝက်သာ ယုံကြည်၏။
အမှန်တော့ စွမ်းရည်ရှင်အသစ်များသည် အမြဲတမ်း ပေါ်ထွက်နေသောကြောင့် ဟယ်ချူယောင် ပြောသည်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
အခြားတစ်ဝက်ကို မယုံကြည်ခြင်းမှာမူ ဟယ်ချူယောင်သည် မူလက ဖူနျူးတောင်စခန်းမှ လူမဟုတ်ဘဲ အပြင်လူဖြစ်သောကြောင့် ဖြစ်သည် ။
"ဒုခေါင်းဆောင်ဟယ် အဲဒီအုပ်စုထဲမှာ လူဘယ်နှယောက် ရှိလဲ ။ပြီးတော့ သူတို့က ဘယ်သူတွေလဲ"
လင်ရှောင်ကဟယ်ချူယောင်ကို စိုက်ကြည့်ရင်း မေးလိုက်၏။
"လေးယောက်ရှိတယ် ယောက်ျားတစ်ယောက်နဲ့ မိန်းမသုံးယောက်"
ဟယ်ချူယောင်က ပြန်ဖြေလိုက်သည်။
ယောက်ျားတစ်ယောက်နှင့် မိန်းမသုံးယောက် ဟူသော စကားကို ကြားသောအခါ လင်ရှောင်၏ မျက်နှာအမူအရာသည် သိသာစွာ လှုပ်ရှားသွားပြီး တိုးညှင်းသော အသံဖြင့် အလောတကြီး မေးလိုက်၏။
"အဲဒီထဲမှာ ဝေမိသားစုကလူ ပါလား"
ဟယ်ချူယောင်က ခေါင်းခါပြလိုက်သည်။
"ဝေမိသားစုက ဘယ်သူ့ကိုမှ ကျွန်မ မတွေ့မိဘူး"
လင်ရှောင်၏ မျက်နှာတွင် စိတ်ပျက်ရိပ်များ ပေါ်လာ၏။ထို့နောက် သူက ဆက်မေးလိုက်သည်။
"ဒုခေါင်းဆောင်ဟယ် ဒီစံအိမ်က ဘာလို့ ဒီလောက် ခိုင်ခံ့နေရတာလဲ"
ဟယ်ချူယောင်သည် ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်၏။
"သူတို့ ထွက်သွားတဲ့အချိန်တုန်းက တစ်ယောက်ယောက်က စွမ်းရည်တစ်ခုခုကို သုံးလိုက်ပုံရတာကို ကျွန်မ ခုနက သတိထားမိတယ်"
"အဲဒီစွမ်းရည်ကို သုံးပြီးနောက် စံအိမ်က အသွင်ပြောင်းလဲမှု အနည်းငယ် ဖြစ်သွားပုံရတယ်။ အိမ်က ခိုင်ခံ့နေတာဟာ စွမ်းရည်တစ်ခုခုကို ပြန်ရုပ်သိမ်းလိုက်လို့ ဖြစ်မလားလို့ ကျွန်မ တွေးမိတယ်"
ဟယ်ချူယောင်၏ ခန့်မှန်းချက်ကို ကြားပြီးနောက် လင်ရှောင်သည် စံအိမ်အဝင်ဝသို့ အမြန်လျှောက်သွား၏။
သူသည် ခါးရှိ ဓားမြှောင်ကို ဆွဲထုတ်ကာ တံခါးကို ပြင်းထန်စွာ ခုတ်လိုက်သည်။
ဓားသွား ကျရောက်သွားချိန်တွင် စံအိမ်တံခါး၏ အတုံးကြီးတစ်ခုပြတ်ထွက်သွား၏။
"ဒီလိုကိုး တကယ်ပဲ ထူးဆန်းတဲ့ စွမ်းရည်မျိုးစုံ ရှိနေတာပဲ"
လင်ရှောင်က ထိုအခြေအနေကို မြင်သောအခါ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
ဟယ်ချူယောင်ဘက်သို့ လှည့်ကာ လင်ရှောင်သည် ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။
"အခု ကျူးယွန်းချန်ရဲ့ ကမ္ဘာပျက်ကပ် ကာကွယ်ရေးခံတပ်တစ်ခုပဲ မစစ်ဆေးရသေးတာ။ အဲဒီလူတွေက ကျူးယွန်းချန်နဲ့ သေချာပေါက် ဆက်စပ်မှုရှိရမယ်။ ဝေမိသားစုကလူတွေ သူတို့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာ ဖြစ်မယ်"
"ကျူးယွန်းချန်လား... သူကလုပ်ရဲမှာလား"
ဟယ်ချူယောင်၏ မျက်နှာတွင် အံ့သြရိပ်များ ပေါ်လာ၏။လင်ရှောင်က တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။
"အစတုန်းက ကျူးယွန်းချန် မလုပ်ရဲဘူးလို့ မင်းပြောတာကို ငါသဘောတူခဲ့တယ်။ ဒါပေမဲ့ သူအရင်က မလုပ်ရဲတာဟာ အခုလည်း မလုပ်ရဲဘူးလို့ မဆိုလိုဘူး"
"တခြားလူတစ်ယောက်က လုပ်ပြီး သူက လက်ခံရုံပဲ ဆိုရင်တောင်မှပေါ့။ မင်းသိထားရမှာက အခုက ကမ္ဘာပျက်ကပ်ဖြစ်နေပြီ။ လူအများစုဟာ အရင်ကထက် အများကြီး သတ္တိကောင်းလာကြပြီ"
"ဖြစ်နိုင်တာပဲ"
ဟယ်ချူယောင်ကထောက်ခံလိုက်၏။
*********