အခန်း ၇၃
Vol. 8 Ch. 73
အခန်း ၇၃ လီကျန့်ချန်၏ ခြိမ်းခြောက်မှု
ရှောင်ဖန်းသည် ကမ္ဘာပျက်ကပ် ကာကွယ်ရေးခံတပ်သို့ ပြန်ရောက်လာ၏။
သူသည် အခြားအလှပဂေးတစ်ယောက်ကို ထပ်မံကျွန်ပြုနိုင်ခဲ့ သော်လည်းပျော်ရွှင်မနေခဲ့ပေ။
ထိုအစား သူသည် စိုးရိမ်ပူပန်မှုများဝင်လာမိသည်။
အကြောင်းမှာ ဟယ်ချူယောင်က ဖူနျူးတောင်စခန်း၏ အခြေအနေနှင့် ကြီးကြပ်ရေးမှူး လီကျန့်ချန်အပေါ် သူမ၏ သံသယများကို ရှောင်ဖန်းအား ပြောပြခဲ့သောကြောင့် ဖြစ်၏။
လီကျန့်ချန်၏ ဖူနျူးတောင်စခန်းရှိ လက်ရှိလုပ်ဆောင်ချက်များသည် သူ၏ရည်မှန်းချက်များကို သိသာစွာ ဖော်ပြနေသည်။
ယခုတစ်ကြိမ် ဝေမိသားစုမှ အမျိုးသမီးနှစ်ယောက်ကို ရှာဖွေရန် လူလွှတ်ခြင်းသည် သူတို့ကို ကူညီရန်သက်သက် မဟုတ်ဘဲ ဓားစာခံအဖြစ် ဖမ်းဆီးရန် ဖြစ်နိုင်ခြေအလွန်များ၏။
ထို့ကြောင့် ရှောင်ဖန်းသည် လီကျန့်ချန်၏ ရည်မှန်းချက်အောင်မြင်ရေးလမ်းကြောင်းတွင် ခလုတ်ကန်သင်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
လီကျန့်ချန်သည် သူ့ကို ဖယ်ရှားရန် နည်းလမ်းသေချာပေါက် ရှာလိမ့်မည်။
ကံကောင်းသည်မှာ ယခုအခြေအနေတွင် ရှောင်ဖန်းက အမှောင်ထဲ၌ ရှိနေပြီး လီကျန့်ချန်က အလင်းထဲတွင် ရှိနေခြင်းပင် ဖြစ်၏။
ထိုအကြောင်းကို တွေးရင်း ရှောင်ဖန်းသည် အနားတွင် ရှိနေသော ဝေကျိချင်းကို ကြည့်လိုက်သည်။
"နင့်အဖေက အသက်ကြီးပြီး နင့်ဒေါ်လေးလောက်တောင် အခြေအနေကို ရှင်းရှင်းလင်းလင်း မတွေးတတ်ဘူး"
ဝေကျိချင်းသည် ယခုအချိန်တွင် ရှောင်ဖန်းပြောနေသည်ကိုပင် မကြားမိပေ။
သူမ၏ စိတ်ထဲတွင် လုံးဝ ရှုပ်ထွေးနေ၏။
သူမနှင့် သူမ၏တူမသာမက ယခုအခါ သူမ၏ဒေါ်လေးပါ ရှောင်ဖန်း၏ ကျွန်ပြုခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
မိသားစုတစ်ခုတည်းမှ မျိုးဆက်သုံးဆက်လုံး... ဒါက ဘယ်လိုအခြေအနေကြီးလဲ။
သူမ၏ဒေါ်လေးသည် အသက်သုံးဆယ်သာ ရှိသေး၏။
"ဟေး နင့်ကို စကားပြောနေတာ မကြားဘူးလား"
ရှောင်ဖန်း၏ အသံထပ်မံထွက်ပေါ်လာရာ ဝေကျိချင်း ရုတ်တရက် လန့်ဖျတ်သွား၏။
"သခင်ကြီး ဘာပြောလိုက်တာလဲဟင်"
ဝေကျိချင်းက ရိုသေစွာ မေးလိုက်သည်။
ရှောင်ဖန်းက ဝေကျိချင်းကို တစ်ချက်ကြည့်လိုက်၏။
"နင်စိတ်လွင့်နေတာ အပြစ်ပေးဖို့ လိုအပ်တယ်၊ ရေချိုးခန်းသွားဆေးချေ၊ ငါခဏနေရင် လာစစ်မယ်"
ရှောင်ဖန်း၏ မကြင်နာသော မျက်လုံးများကို မြင်ရသဖြင့် ဝေကျိချင်းသည် သူမထပ်မံ အပြစ်ပေးခံရတော့မည်ကို သိလိုက်သည်။
ဝေကျိချင်း ထွက်သွားပြီးနောက် ရှောင်ဖန်းသည် ကျူချမ်းချမ်းကို ခေါ်လိုက်၏။
"ချမ်းချမ်း၊ ဝမ်ပေါင်ကို သွားပြော၊ အဲဒီမှာ ငါတို့ဆီကနေ သူခေါ်သွားတဲ့ မိန်းမတွေကို ပါးစပ်ပိတ်ထားခိုင်းလိုက်"
ရှောင်ဖန်း၏ မျက်လုံးများတွင် ရက်စက်မှုများ ဖြတ်ပြေးသွားသည်။
သူသည် ကမ္ဘာပျက်ကပ် ကာကွယ်ရေးခံတပ်တွင် သူရှိနေကြောင်း ပေါ်ပေါက်သွားနိုင်သည့် သတင်းအရင်းအမြစ်အားလုံးကို ဖျက်ဆီးပစ်ချင်နေ၏။
ရှောင်ဖန်းခဏမျှ စဉ်းစားပြီး ဆက်ပြောလိုက်သည်။
"ပြီးတော့ အဲဒီစစ်သားအုပ်စုက သူတို့ကို ဖူနျူးတောင်စခန်းကို ခေါ်သွားချင်ရင် မရုန်းကန်ဘဲ သူတို့နောက်ကိုပဲ လိုက်သွားဖို့ ပြောလိုက်၊ ဒါပေမဲ့ မသွားခင် ဝေါကီတော်ကီ သုံးတာကို ရပ်ပြီး လွှင့်ပစ်လိုက်ခိုင်း"
"ဟုတ်ကဲ့ပါ သခင်"
ကျူချမ်းချမ်း ထွက်သွားပြီးနောက် ရှောင်ဖန်း၏ မျက်လုံးများတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာသည်။
သူသည် ဖူနျူးတောင်စခန်းကို ဖျက်ဆီးပစ်ချင်သည်၊။
ထို့အပြင်လီကျန့်ချန်ကိုလည်း သတ်ပစ်ချင်နေ၏။
ရည်မှန်းချက်ကြီးသော လူတစ်ယောက်သည် အလွန်အန္တရာယ်များလှသည်။
ထိုလယစစ်သားများ၊ သေနတ်များနှင့် ဒုံးကျည်ပစ်လွှတ်သည့်ယာဉ်များကဲ့သို့ ကြီးမားသော လက်နက်များ ရှိနေသည့်လူမျိုး ဖြစ် နေသည့်အတွက်အန္တရာယ်ပိုများသည်။
ထိုရည်ရွယ်ချက်ကြောင့်သာ မဟုတ်လျှင် ရှောင်ဖန်းသည် သူကျွန်ပြုထားပြီးသော အလှပဂေး ဟယ်ချူယောင်ကို ပြန်လွှတ်ပေးခဲ့မည် မဟုတ်ပေ။
ဟယ်ချူယောင်သာ တစ်ခုခုဖြစ်သွားပါက သူသည် အနာဂတ်တွင် ရမှတ်များ ရရှိနိုင်မည့် အရင်းအမြစ်တစ်ခု ဆုံးရှုံးရလိမ့်မည်။
သို့သော် အခြားနည်းလမ်းမရှိပေ။သူနှင့်အမျိုးသမီးများသာ ရှိသော အခြေအနေဖြင့် စစ်သားတစ်ထောင်ကျော်ရှိသော စခန်းတစ်ခုကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။
၎င်းကို အတွင်းပိုင်းတွင်သူလျှိုလွှတ်ထားမှသာ ဖြေရှင်းနိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် ကမ္ဘာပျက်ကပ် ကာကွယ်ရေးခံတပ်၏ အဝင်ဝ၌ လင်ရှောင်သည် ခိုင်ခံ့လှသော အဝင်တံခါးကြီးကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေမိ၏။
သူခုနက စမ်းသပ်ကြည့်ခဲ့ရာ သူ၏ထက်မြက်ခြင်းစွမ်းရည် မြှင့်တင်ထားသော ဓားမြှောင်သည် တံခါးပေါ်တွင် အစအနတစ်ခုပင် မချန်နိုင်ခဲ့ပေ။
"အဲဒီလူတွေ ဒီထဲကို တကယ်ပဲ ရှိနေပုံပုံရတယ်"
လင်ရှောင်က တံခါးကိုကြည့်ရင်း ပြောလိုက်သည်။
"ကျွန်မ အထဲကို ခိုးဝင်ပြီး တစ်ချက်လောက် သွားကြည့်ရမလား"
ဟယ်ချူယောင်က ဘေးမှ မေးလိုက်၏။
လင်ရှောင်သည် ဟယ်ချူယောင်ကို လှည့်ကြည့်ပြီး ခေါင်းခါပြလိုက်သည်။
"မလိုပါဘူး၊ ပြီးခဲ့တဲ့တစ်ခေါက် မင်းဟိုထဲဝင်တုန်းက မသိရတဲ့ စွမ်းရည်ကန့်သတ်ချက်တစ်ခုရဲ့ ထိန်းချုပ်တာ ခံလိုက်ရသေးတယ်၊ မင်းအခြေအနေ ပေါ်မသွားတာ ကံကောင်းလို့ပဲ၊ ဒါပေမဲ့ ကံကောင်းခြင်းဆိုတာ အမြဲတမ်း မရှိနိုင်ဘူး"
"ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ၊ အားလုံးက အထဲမှာ ရှိနေပြီး ကျွန်မတို့က အပြင်ကနေ ဖွင့်လို့မရဘူး"
ဟယ်ချူယောင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။
လင်ရှောင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
"အရင် ပြန်ကြစို့၊ အင်ဂျင်နီယာအချို့ခေါ်ပြီး ပေါက်ကွဲစေတတ်တဲ့အရာတွေ သုံးမယ်၊ ဒီတောင်ကို ဖြတ်ပြီး လမ်းတစ်ခု မဖောက်နိုင်ဘူးဆိုတာ ငါမယုံဘူး"
ဟယ်ချူယောင်သည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"အဲဒါ အဆင်ပြေမယ်လို့ ကျွန်မ ထင်တယ်၊ ပြန်တဲ့လမ်းမှာ ယွန်းကျဲရွာကလူတွေကို အရင် ခေါ်သွားသင့်တယ်လို့ ထင်တယ်"
"အထူးသဖြင့် စွမ်းရည်အသုံးပြုသူလို့ သံသယရှိရတဲ့ အဲဒီလူနှစ်ယောက်ပေါ့၊ သူတို့သာ ကျွန်မတို့ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့ထဲ ဝင်လာရင် ကျွန်မတို့ ဖူနျူးတောင်စခန်းရဲ့ အင်အားက သိသိသာသာ တိုးပွားလာမှာပဲ"
"ကောင်းပြီ၊ ဒါပေမဲ့ အဲဒီလူနှစ်ယောက်က ဘယ်လိုစွမ်းရည်မျိုး နိုးထလာတာလဲဆိုတာ သိဖို့နဲ့ သူတို့ကို ဘယ်သူက ရိက္ခာတွေ ထောက်ပံ့ပေးနေလဲဆိုတာ သိရအောင် အရင် စမ်းသပ်ရမယ်"
နာရီအနည်းငယ်ကြာ ခရီးနှင်ပြီးနောက်
လင်ရှောင်တိုဘသည် မမှောင်ခင်ယွန်းကျဲရွာသို့ ရောက်ရှိသွားကြသည်။
အချို့သော စမ်းသပ်မှုများ လုပ်ဆောင်ပြီးနောက် လင်ရှောင်သည် ဝမ်ပေါင်နှင့် ဟူဖေးတို့၏ စွမ်းရည်ကို သိရှိသွားခဲ့၏။
သူသည် ဝမ်ပေါင်နှင့် ဟူဖေးတို့ကို သူ၏ရည်ရွယ်ချက် ပြောပြရာ
သူတို့သည် သိသာစွာ ငြင်းဆန်လိုသော အရိပ်အယောင်များ ပြသကြသည်။
"အရာရှိကြီး၊ ကျွန်တော်တို့ ယွန်းကျဲရွာက ဘဝက အများကြီးမကောင်းပေမဲ့ တော်တော်လေးတော့ သက်တောင့်သက်သာ ရှိပါတယ်၊ အရေးအကြီးဆုံးက ကျွန်တော်တို့ လွတ်လပ်တယ်၊ စစ်တပ်ထဲဝင်ရမယ့် စည်းကမ်းတွေကို ကျွန်တော်တို့ မခံနိုင်မှာ စိုးလို့ပါ"
ဝမ်ပေါင်က ခက်ခဲသော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။
"ဟွန့် ငါက မင်းတို့ကို အသိပေးနေတာ၊ ဆွေးနွေးနေတာ မဟုတ်ဘူး"
လင်ရှောင်က အေးစက်သော မျက်နှာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ဝမ်ပေါင်က စကားထပ်ပြောချင်သော်လည်း ဟူဖေးက တားလိုက်၏။
"ဟဲဟဲ အရာရှိကြီး၊ ကျွန်တော်တို့ ဝင်ရင် ခံစားခွင့်က ဘယ်လိုရှိမလဲခင်ဗျာ"
ဟူဖေးက မြောက်ဖားသော လေသံဖြင့် မေးလိုက်သည်။
"စွမ်းရည်အသုံးပြုသူတွေအနေနဲ့ မင်းတို့ရဲ့ ခံစားခွင့်က သေချာပေါက် ကောင်းမှာပေါ့၊ ဒါ့အပြင် ဖူနျူးတောင်စခန်းက တောင်ထဲမှာ ရှိတာ၊ နေထိုင်မှု ပတ်ဝန်းကျင်က ဒီထက်အများကြီး ပိုကောင်းတယ်၊ ရေ၊ မီးနဲ့ စားစရာတွေလည်း အများကြီး ပိုစုံတယ်"
"ဒါဆို မိန်းမတွေကော"
ဟူဖေးက နှာဘူးကျသော မျက်လုံးများဖြင့် မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်ရှောငမျက်နှာတွင်အထင်သေးသောအမူအရာ ပေါ်လာ၏။
"မိန်းမတွေကိုလည်း မင်းတို့အတွက်စီစဉ်ပေးနိုင်ပါတယ်"
"ကောင်းပါပြီ ဒါဆို ကျွန်တော်တို့ ဖူနျူးတောင်စခန်းကို ဝင်ပါ့မယ်"
ဟူဖေးက ဘေးရှိ ဝမ်ပေါင်ကို ဆွဲရင်း ပြောလိုက်သည်။
ဝမ်ပေါင်ကလည်းသဘောတူလိုက်၏။
သူတို့ သဘောတူသည်ကို မြင်ရသဖြင့် လင်ရှောင်၏ မျက်နှာအမူအရာ ပြေလျော့သွားပြီး မေးလိုက်သည်။
"မင်းတို့ ဖူနျူးတောင်စခန်းကို ဝင်ပြီးပြီဆိုတော့ ငါတို့က တစ်ဖွဲ့တည်းသားတွေ ဖြစ်သွားပြီ"
"ငါ့မှာ မင်းတို့ကို မေးစရာအချို့ ရှိတယ်၊ မင်းတို့ အမှန်အတိုင်း ဖြေလိမ့်မယ်လို့ မျှော်လင့်တယ်"
"အရာရှိကြီး မေးပါ၊ ကျွန်တော်တို့ သိတာအကုန် ပြောပြပါ့မယ်"
ဟူဖေးက မြောက်ပင့်လိုက်၏။
လင်ရှောင်သည် ဟူဖေး၏ အမူအရာကို ကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်သည်။
"မင်းတို့ ဘာလို့ ချင်းယွင်တောင် အိမ်ရာကို မပြောင်းကြတာလဲ၊ ဒီမှာ ငါးဖမ်းရတာ အဆင်ပြေတယ်ဆိုတဲ့ ဆင်ခြေနဲ့ ငါ့ကို လာမလိမ်နဲ့"
လင်ရှောင်၏ မေးခွန်းကို ကြားသောအခါ ဝမ်ပေါင်နှင့် ဟူဖေးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
သူတို့၏ မျက်နှာတွင် ခက်ခဲသော အမူအရာများ ပေါ်လာသည်။
"ဘာလဲ မင်းတို့ မပြောချင်ဘူးလား"
လင်ရှောင်၏ မျက်နှာ တင်းမာသွား၏။
"မပြောချင်တာ မဟုတ်ပါဘူး၊ လူတစ်ယောက်ကို အပြစ်ပြုမိမှာ စိုးလို့ပါ"
"အပြစ်ပြုမိမှာ စိုးလို့ ဟုတ်လား၊ မင်းတို့က အခု နိုင်ငံတော်ပိုင် ဖြစ်သွားပြီ၊ ဘယ်သူ့ကို အပြစ်ပြုမိမှာ ကြောက်နေတာလဲ"
လင်ရှောင်က မကျေမနပ် ပြောလိုက်၏။
ဝမ်ပေါင်သည် ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။
"ကျွန်တော်တို့ မသွားချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီ ချင်းယွင်တောင်အိမ်ရာမှာ မဟာရှားနိုင်ငံရဲ့ အချမ်းသာဆုံးလူ ကျူးယွန်းချန် ရှိနေတယ်၊ သူက အဲဒီမှာ ကမ္ဘာပျက်ကပ် ကာကွယ်ရေးစခန်း ဆောက်ထားတာ"
"သူက ကျွန်တော်တို့ကို ပေးမသွားဘူး၊ သူခေါ်ထားတဲ့ စွမ်းရည်အသုံးပြုသူ နှစ်ယောက်နဲ့ သက်တော်စောင့် တစ်ဒါဇင်ကျော် ရှိတယ်၊ အားလုံးမှာ သေနတ်တွေရှိတော့ ကျွန်တော်တို့ သူတို့ကို မနိုင်ဘူး"
"ဒါ့အပြင် သူက ကျွန်တော်တို့ကို ရိက္ခာအချို့ အခါအားလျော်စွာ ပေးမယ်လို့ ကတိပေးထားလို့ ကျွန်တော်တို့ အဲဒီဘက်ကို မသွားချင်တာ"
ဝမ်ပေါင်၏ ရှင်းပြချက်ကို နားထောင်ရင်း လင်ရှောင်သည် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသော်လည်း ခဏမျှ ဘာလဲဆိုတာ မတွေးတတ်သေးပေ။
သို့သော် လင်ရှောင်သည် မကြာမီမှာပင် ဘာမှားနေသည်ကို ရှာဖွေတွေ့ရှိသွားတော့၏။
*********