အခန်း ၇၄
Vol. 8 Ch. 74
အခန်း ၇၄ အမွှေးဖြူများ ဖုံးလွှမ်းနေသော သတ္တဝါ
"မဟုတ်ဘူး မင်းတို့ လိမ်နေတာ"
လင်ရှောင်၏ မျက်လုံးများက မှေးကျဥ်းသွား၏။
အထူးစစ်ဆင်ရေးအဖွဲ့၏အဖွဲ့ဝင်များသည်လည်း သူတို့၏ လက်နက်များကို ဝမ်ပေါင်နှင့် ဟူဖေးတို့ထံသို့ လျင်မြန်စွာ ချိန်ရွယ်လိုက်ကြသည်။
ဝမ်ပေါင်၏ မျက်နှာတွင် သတိပြုမိရန် ခက်ခဲသော ပျာယာခတ်မှုတစ်ခု ဖြတ်ပြေးသွားသော်လည်း သူ၏ဘေးမှ ဟူဖေးမှာမူ တည်ငြိမ်လျက် ရှိနေဆဲပင် ဖြစ်၏။
"အရာရှိလင် ဘာကို ဆိုလိုတာလဲ၊ ကျွန်တော်တို့ ညီအစ်ကိုတွေကို သတ်ချင်ရင်လည်း ဒီလို စကားတွေ လှည့်ပတ်ပြောနေဖို့ မလိုပါဘူး"
ဟူဖေးက ဒေါသအရိပ်အယောင်ဖြင့် ပြောလိုက်သည်။
"ဟွန့် ဒီလိုအခြေအနေကြီးမှာ ကျူးယွန်းချန်က မင်းတို့ကို စားစရာတွေ ဘယ်လိုလုပ် ပေးမှာလဲ၊ ပြီးတော့ ငါတို့ခုနက မြင်ခဲ့တဲ့ အလှပဂေးတွေကော၊ ဘာလို့ အကုန်ပျောက်ကုန်တာလဲ"
လင်ရှောင်က ပြတ်သားစွာ မေးခွန်းထုတ်လိုက်၏။
ဟူဖေးခနတိတ်ဆိတ်သွားပြီးနောက် အကျယ်ကြီး ရယ်မောလိုက်တော့သည်။
"ဟားဟားဟား ခေါင်းဆောင်လင်၊ ခင်ဗျားက တမင်သက်သက် လုပ်နေတာလား ဒါမှမဟုတ် တကယ်ပဲ မသိတာလားတော့ ကျွန်တော် မသိဘူး"
လင်ရှောင်၏ မျက်နှာအမူအရာ တင်းမာသွားပြီး တင်းမာသော အသံဖြင့် မေးလိုက်၏။
"ဘာကို ဆိုလိုတာလဲ"
ဟူဖေးက လင်ရှောင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ခင်ဗျား ကျူးယွန်းချန်က ဘယ်သူလဲဆိုတာ သိရဲ့လား၊ သူက မဟာရှားနိုင်ငံရဲ့ အချမ်းသာဆုံးလူလေ၊ သူ့ရဲ့ ကမ္ဘာပျက်ကပ် ကာကွယ်ရေးစခန်းက ခင်ဗျားတို့ စိတ်ကူးထားတာထက် အများကြီး ပိုကြီးတယ်"
"အထဲမှာ သိုလှောင်ထားတဲ့ ရိက္ခာတွေက ဆယ်စုနှစ်ချီ ခံနိုင်ရုံတင်မကဘူး၊ အစားအစာတွေ ဆက်တိုက်ထုတ်လုပ်ဖို့ စိုက်ပျိုးရေးအခန်းတွေတောင် ရှိသေးတယ်"
"သူဌေးတွေ မစားချင်တော့တဲ့ အမှိုက်လို အစားအစာတွေကို ကျွန်တော်တို့ကို နည်းနည်းပါးပါး ပေးတယ်ဆိုတာက မဖြစ်နိုင်တာလား"
ဟူဖေး၏ စကားကြောင့် လင်ရှောင် တိတ်ဆိတ်သွား၏။
အမှန်အတိုင်းပြောရလျှင် သူသည် စစ်သားတစ်ယောက်သာ ဖြစ်ပြီး မဟာရှားနိုင်ငံ၏ ထိပ်တန်းသူဌေးကြီးများအကြောင်းကို အများကြီးမသိပေ။
ထို့အပြင် ကမ္ဘာပျက်ကပ် ကာကွယ်ရေးစခန်း၏ အတွင်းပိုင်းကိုလည်း တစ်ခါမှ မမြင်ဖူးချေ။
သူသည် ဟူဖေးပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟုပင် ခံစားလိုက်ရသည်။
"ဒါဆို အဲဒီအလှပဂေးတွေကော"
လင်ရှောင်က ဟူဖေးကို မော့ကြည့်လိုက်၏။
"ဟဲဟဲ ခေါင်းဆောင်လင်ကလည်း အဲဒီမိန်းမတွေကို မြည်းစမ်းကြည့်ချင်လို့လား၊ ဒါပေမဲ့ နောက်ကျသွားပြီဗျာ"
ဟူဖေးက ရယ်မောလိုက်သည်။
"စကားမရှည်နဲ့၊ အဲဒီမိန်းမတွေ ဘယ်ရောက်သွားလဲလို့ ငါမေးနေတာ"
ဟူဖေးက ကောက်ကျစ်စွာ ပြုံးပြီး ပြောလိုက်သည်။
"ကျူးယွန်းချန်က အဲဒီမိန်းမတွေကို ဂရုမစိုက်ပေမဲ့ ကျွန်တော်တို့ ယွန်းကျဲရွာမှာက ယောက်ျားများပြီး မိန်းမနည်းတယ်လေ၊ ကျွန်တော်တို့အတွက်တော့ သူတို့က နတ်သမီးလေးတွေလိုပဲ"
"နတ်သမီးလေးတွေလို ဖြစ်နေတော့ ညီအစ်ကိုတွေက သူတို့ကို နည်းနည်း ကြမ်းကြမ်းတမ်းတမ်း စောင့်ရှောက်ပေးလိုက်မိတာပေါ့"
"ခင်ဗျားသိတဲ့အတိုင်းပဲ ။မနေ့က စိတ်မချမ်းသာစရာ တစ်ခုဖြစ်ခဲ့သေးတယ်၊ အဲဒီအထဲက မိန်းမတစ်ယောက်က ကျွန်တော့်ကို သတ်ဖို့ လုပ်တယ်လေ"
"ဒါကြောင့် ညီအစ်ကိုတွေ မနေ့က နည်းနည်း လက်လွန်သွားကြတယ်၊ အကုန် သေကုန်ကြလို့ ကျွန်တော်တို့ ယွန်းကျဲရေကန်ရဲ့ ကမ်းပါးနားမှာ လွှင့်ပစ်လိုက်ပြီ"
လင်ရှောင်သည် လီရှောင်ဖုန်းကို လှမ်းကြည့်လိုက်ရာ သူက ချက်ချင်း တံခါးအပြင်သို့ ထွက်သွားတော့၏။
ငါးမိနစ်ပင် မပြည့်မီ လီရှောင်ဖုန်း ပြန်လာပြီး လင်ရှောင်၏ နားနားသို့ကပ်၍ပြောလိုက်သည်။
"ခေါင်းဆောင်၊ အဲဒီအလှပဂေးတွေ အကုန်လုံး အဝတ်ဗလာနဲ့ ရေကန်နားက နှင်းတွေထဲမှာ အလောင်းတွေ အပစ်ခံထားရတယ်၊ သူတို့အားလုံး နှိပ်စက်ခံထားရပုံပဲ"
ထိုစကားကို ကြားသောအခါ လင်ရှောင်၏ မျက်လုံးများတွင် ရွံရှာသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဝမ်ပေါင်နှင့် ဟူဖေးအပေါ် သူရှိခဲ့သမျှသော အထင်အမြင် အနည်းငယ်သည်လည်း လုံးဝ အနုတ်လက္ခဏာသို့ ထိုးဆင်းသွားတော့၏။
ထိုနှစ်ယောက်သည် တကယ့် တိရစ္ဆာန်များပင် ဖြစ်သည်။
သူတို့ကို ထိုနေရာ၌ပင် သတ်ပစ်ရမလားဟု စဉ်းစားနေစဉ်မှာပင် ဟယ်ချူယောင် လျှောက်လာပြီး တိုးညှင်းစွာ ပြောလိုက်၏။
"ခေါင်းဆောင်လင်၊ အခုက ကမ္ဘာပျက်ကပ် ဖြစ်နေပြီ၊ ပြီးတော့ စွမ်းရည်အသုံးပြုသူတွေက ရှားတယ်၊ ဒီနှစ်ယောက်က စရိုက်မကောင်းပေမဲ့ သူတို့ကို သုံးလို့ရပါသေးတယ်"
ဟယ်ချူယောင်၏ စကားကို ကြားပြီးနောက် လင်ရှောင်သည် ဝမ်ပေါင်နှင့် ဟူဖေးတို့ကို သတ်ပစ်မည့် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။
"ကောင်းပြီ၊ ရွာသားတွေကို စုစည်းပြီး မင်းတို့ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းကြ၊ မနက်ဖြန်မနက် ငါတို့ ဖူနျူးတောင်စခန်းကို ပြန်ကြမယ်"
"စိတ်ချပါ၊ အားလုံးကို အဆင်ပြေအောင် စီစဉ်လိုက်ပါ့မယ်"
ဟူဖေးက အပြုံးဖြင့် ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ဟူဖေးနှင့် ဝမ်ပေါင်တို့သည် အခန်းထဲမှ ထွက်သွားကြ၏။
သူတို့ ထွက်သွားသည်ကို ကြည့်ရင်း ဟယ်ချူယောင်သည် ရှောင်ဖန်း၏ ရက်စက်မှုအပေါ် နားလည်သွားရသည်။
သူ၏ ကမ္ဘာပျက်ကပ် ကာကွယ်ရေးစခန်းအကြောင်း သတင်းများ ပေါက်ကြားမသွားစေရန်အမှန်တကယ်ပင် ထိုမိန်းမများအားလုံးကို သတ်ပစ်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
ဝမ်ပေါင်၊ဟူဖေးတို့နှစ်ယောက်ကိုတော့ကျူချမ်းချမ်း၏ ကျွန်ပြုခြင်းကို ခံထားရသော စွမ်းရည်အသုံးပြုသူချင်း ဖြစ်သော်လည်း ဟယ်ချူယောင်သည် ထိုနှစ်ယောက်ကို စိတ်ထဲမှ အလွန်ရွံရှာမိ၏။
ထိုနှစ်ယောက် မိန်းမများကို ကိုင်တွယ်ပုံမှာ အလွန်ပင် စိတ်ပျက်စရာ ကောင်းလှသည်။
သူမသည် နောက်ပိုင်းတွင် ရှောင်ဖန်း၏ နားကပ်ပြီး ထိုနှစ်ယောက်ကို ဖယ်ရှားပစ်ရန် အခွင့်အရေးရှာမည်ဟု ဆုံးဖြတ်လိုက်၏။
ကမ္ဘာပျက်ကပ် ကာကွယ်ရေးစခန်း။
ကျူချမ်းချမ်းသည် ဝေါကီတော်ကီကို ကိုင်ဆောင်ကာ ရှောင်ဖန်းထံသို့ လျှောက်လာပြီး ၎င်းကို လက်ထဲတွင် လှုပ်ခါပြလိုက်သည်။
"သခင်၊ ဝမ်ပေါင်တို့အုပ်စုက ဖူနျူးတောင်အဖွဲ့ထဲ ဝင်သွားကြပြီ၊ ကျွန်မတို့ နောက်ဆို ဒီဟာနဲ့ သူတို့ကို ဆက်သွယ်လို့ ရတော့မှာ မဟုတ်ဘူး"
ရှောင်ဖန်းက ထိုအကြောင်းကို သိရှိကြောင်း ခေါင်းညိတ်ပြလိုက်၏။
ကျူချမ်းချမ်းသည် ဝေါကီတော်ကီကို ချလိုက်ပြီး ရှောင်ဖန်းအနားသို့ လျှောက်သွားကာ သူ၏လည်ပင်းကို ဖက်တွယ်ရင်း စနောက်ကာ ပြောလိုက်သည်။
"အဲဒီအလှပဂေးကြီးကို ဖူနျူးတောင်စခန်းကို ဒီအတိုင်း ပြန်လွှတ်လိုက်တာလား၊ သူမ တစ်ခုခု ဖြစ်သွားမှာ မစိုးရိမ်ဘူးလားဟင်"
"အခြားနည်းလမ်းမရှိဘူး၊ ဖူနျူးတောင်စခန်းက ငါတို့နဲ့ အရမ်းနီးတယ်၊ ဟယ်ချူယောင် ပြောပြချက်အရ အဲဒီ လီကျန့်ချန်က ရည်မှန်းချက် အလွန်ကြီးတဲ့လူပဲ၊ ငါတို့ ဒီလို အန္တရာယ်ရှိတဲ့လူကို ကြိုတင်ပြီး ခြေမှုန်းမယ့် နည်းလမ်းရှာရမယ်"
ရှောင်ဖန်းက ပြောရင်း သူ၏လက်များကကျူချမ်းချမ်း၏နူးညံ့အိစက် သောကိုယ်လုံးလေးအားပွတ်သပ်နေခဲ့၏။
ထို့နောက်နှစ်ယောက်သားသည်ရှည်လျားကြမ်းတမ်းလှသောခရီးတစ်ခုကိုဆက်လက်ချီတက်သွားကြ၏။
ရက်အနည်းငယ်ကြာပြီးနောက်လင်ရှောင်သည်သူ၏အဖွဲ့နှင့်အတူ ဖူနျူးတောင်စခန်းသို့ ပြန်ရောက်လာခဲ့သည်။
စခန်းသို့ ပြန်ရောက်ပြီး ယွန်းကျဲရွာသားများကို နေရာချထားရန် လူတစ်ယောက်ကို စီစဉ်ပေးပြီးနောက်သူသည် လီကျန့်ချန်ထံသို့ ချက်ချင်း အစီရင်ခံရန် အပြေးအလွှား သွားတော့၏။
လီကျန့်ချန်၏ ဇိမ်ခံရုံးခန်းအတွင်း၌လီကျန့်ချန်သည် လက်ထဲတွင် ဆေးလိပ်တစ်လိပ်ကို ကိုင်ထားပြီး လင်ရှောင်၏ အစီရင်ခံစာမှ အသေးစိတ်အချက်တိုင်းကို စဉ်းစားရင်း မျက်လုံးများကို မှေးထား၏။
"မင်းပြောတာက ဝေမိသားစုဝင်တွေကို တခြားလူတစ်ယောက်က ကျူးယွန်းချန်ရဲ့ ကမ္ဘာပျက်ကပ် ကာကွယ်ရေးစခန်းထဲ ခေါ်သွားတယ်ပေါ့ ဟုတ်လား"
"ဟုတ်ပါတယ် ခေါင်းဆောင်ကြီး"
"ခေါင်းဆောင်ကြီး၊ ကျွန်တော် အင်ဂျင်နီယာတပ်စုတစ်စုကို ခေါ်သွားပြီး ကမ္ဘာပျက်ကပ် ကာကွယ်ရေးစခန်းကို ပေါက်ကွဲစေတတ်တဲ့အရာတွေနဲ့ ဖောက်ခွဲပြီး လူတွေကို ပြန်ခေါ်လာချင်ပါတယ်"
လီကျန့်ချန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
"ငါ မင်းကို ခြေလျင်တပ်စုတစ်စု ထပ်ပေးမယ်၊ မင်း သူတို့ကို ငါ့ဆီ မဖြစ်ဖြစ်အောင် ပြန်ခေါ်လာရမယ်၊ ဒါပေမဲ့ မင်း ဒီတာဝန်မှာ ပင်ပန်းခဲ့ပြီ၊ နောက်တစ်ကြိမ် မထွက်ခွာခင် သုံးရက်လောက် အနားယူလိုက်ဦး"
လင်ရှောင်သည် မတ်တတ်ရပ်ကာအလေးပြုလိုက်၏။
"ခေါင်းဆောင်ကြီး၊ ကျွန်တော်တို့ အနားယူဖို့ မလိုပါဘူး၊ အခုချက်ချင်း ထွက်ခွာနိုင်ပါတယ်"
"လျှောက်မပြောနဲ့၊ လူဆိုတာ ဘယ်လိုလုပ် မနားဘဲ နေမလဲ၊ မင်းတို့က စွမ်းရည်အသုံးပြုသူတွေ ဖြစ်ရင်တောင်မှ နားဖို့ လိုအပ်တယ်၊ သုံးရက် အနားယူရမယ်၊ ဒါက အမိန့်ပဲ"
လီကျန့်ချန်က တည်ကြည်စွာ ပြောလိုက်သည်။
လီကျန့်ချန်၏ သာမန်ကာလျှံကာ ဂရုစိုက်မှုကပင် လင်ရှောင်ကို အနည်းငယ် စိတ်လှုပ်ရှားသွားစေ၏။
"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ကြီး၊ ယခုတစ်ကြိမ် တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ခဲ့ပါ့မယ်လို့ ကျွန်တော် အာမခံပါတယ်"
လင်ရှောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ကောင်းပြီ သွားပြီး အနားယူတော့"
လီကျန့်ချန်က ပြုံးရင်း လက်ဝှေ့ယမ်းပြလိုက်၏။
လင်ရှောင် ထွက်သွားပြီးနောက် လီကျန့်ချန်၏ မျက်နှာအမူအရာ ချက်ချင်း တင်းမာသွားကာ သူ၏စားပွဲပေါ်ရှိခလုတ်ကို နှိပ်လိုက်သည်။
"အတွင်းရေးမှူးဝမ်၊ ပါမောက္ခလောင်ကို အကြောင်းကြားလိုက်၊ ငါခဏနေရင် သူတို့ရဲ့ သုတေသနရလဒ်တွေကို သွားကြည့်မယ်"
ဖူနျူးတောင်စခန်း၏ အနက်ရှိုင်းဆုံးနေရာတွင်.တင်းကျပ်စွာ စောင့်ကြပ်ထားသော လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခု ရှိ၏။
ထိုကဲ့သို့သော ဓာတ်ခွဲခန်းများသည် အမှန်တကယ်တွင် ဖူနျူးတောင်ကဲ့သို့သော စခန်းများအတွက် စံပြပစ္စည်းများ ဖြစ်ကြသည်။
သို့သော် ၎င်းတို့ကို ပုံမှန်အားဖြင့် အသုံးမပြုကြပေ။ ပထမအချက်အနေဖြင့် ထိုစခန်းများတွင် သုတေသနပညာရှင် ရှားပါးခြင်းကြောင့် ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ထိုကဲ့သို့သော ဓာတ်ခွဲခန်းကို လှုပ်ရှားရန် အထက်လူကြီးများ၏ အမိန့်လိုအပ်သောကြောင့် ဖြစ်သည်။
သို့သော် ယခုအခါ လီကျန့်ချန်သည် ၎င်းကို ဖွင့်လှစ်ပြီး လှုပ်ရှားစေခဲ့ပြီ ဖြစ်၏။
အလွန်ခိုင်ခံ့သော မှန်များဖြင့် ပတ်ပတ်လည် ကာရံထားသော သီးသန့်ခွဲထုတ်ထားသည့် အခန်းတစ်ခုအတွင်း၌.လူမျက်နှာရှိပြီး နူးညံ့သောအမွှေးဖြူများ ဖုံးလွှမ်းနေသော သတ္တဝါတစ်ကောင်သည် ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေ၏။
ထိုသတ္တဝါပေါ်ရှိ အမွှေးဖြူများကို သေချာကြည့်လျှင် ၎င်းတို့သည် သက်ရှိများကဲ့သို့ အမြဲတမ်း လှုပ်ခတ်နေသည်။
အကယ်၍ ရှောင်ဖန်းသာရှိနေပါက သူသည် ထိုသတ္တဝါကို သူအဆောက်အအုံပေါ်မှ လွှင့်ပစ်ခဲ့သော ဝူလျန်နှင့် ဝူသီ ညီအစ်ကိုနှစ်ယောက်ထဲမှ ဝူလျန်ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိမ့်မည် ဖြစ်သည်။
*********