အခန်း ၇၆
Vol. 8 Ch. 76
အခန်း ၇၆ - အမဲလိုက်ပွဲ
သုံးရက်ကြာပြီးနောက်လင်ရှောင်တို့မထွက်ခွာမီ လီကျန့်ချန်သည် လင်ရှောင်ကို နောက်ထပ်တစ်ကြိမ် စကားပြောရန် ခေါ်လိုက်၏။
"ဗိုလ်ကြီးလင်၊ မင်းသိတဲ့အတိုင်း ငါက အသက်ငါးဆယ်ကျော်နေပြီ၊ အနာဂတ်ဆိုတာ မင်းတို့လို လူငယ်တွေရဲ့ အလှည့်ပဲ၊ အထူးသဖြင့် မင်းလို အရည်အချင်းရှိတဲ့ စွမ်းရည်ရှင်တွေရဲ့ အလှည့်ပေါ့"
"ငါတို့တိုင်းပြည် အကျပ်အတည်းဖြစ်နေတဲ့ ဒီအချိန်မှာ ငါ မင်းအပေါ် အများကြီး မျှော်လင့်ထားတယ်၊ နောင်တစ်ချိန်မှာ မင်း ငါ့နေရာကို ဆက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်"
လီကျန့်ချန်၏ ရိုးသားလှသော မျက်နှာထားကိုမြင်သောအခါလင်ရှောင်၏ စိတ်ထဲတွင်လွန်စွာ စိတ်လှုပ်ရှားသွားရ၏။
"စိတ်ချပါ ခေါင်းဆောင်၊ ကျွန်တော် ခေါင်းဆောင်ရဲ့ မျှော်လင့်ချက်တွေကို သေချာပေါက် ပျက်ပြယ်အောင် မလုပ်ပါဘူး"
လင်ရှောင်သည် မတ်တပ်ရပ်ကာ လီကျန့်ချန်ကို အလေးပြုလိုက်သည်။
"ကောင်းပြီ၊ ငါ့ကို စိတ်ပျက်အောင်မလုပ်ဖို့ မျှော်လင့်တယ်"
လင်ရှောင်သည်ဖူနျူးတောင်စခန်းမှ ထွက်ခွာခဲ့သည်။
ယခုတစ်ကြိမ်တွင် သူသည် ယခင်က စွမ်းရည်ရှင်များကို ခေါ်ဆောင်လာသည့်အပြင် လီတာကျွမ်းနှင့် ဟူဖေးတို့ကိုပါ ထည့်သွင်းခေါ်ဆောင်လာခဲ့၏။
ထို့ပြင် ဝမ်ပေါင် ဦးဆောင်သော စစ်အင်ဂျင်နီယာတပ်စုတစ်စုနှင့် ခြေလျင်တပ်စုတစ်စုလည်း ပါဝင်သည်။
လူအင်အားများပြားသဖြင့် လင်ရှောင်သည် ယခုတစ်ကြိမ်တွင် ချင်းယွင်တောင်အိမ်ရာရှိ ကမ္ဘာပျက်ကပ် ခံတပ်ကြီးကို သေချာပေါက် ဖောက်ထွင်းနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေ၏။
ထို့ပြင် ဝေမိသားစုဝင်များကိုလည်း ဖူနျူးတောင်စခန်းသို့ ပြန်လည်ခေါ်ဆောင်သွားမည် ဖြစ်သည်။
ကမ္ဘာပျက်ကပ် ခံတပ်ကြီး၏ အတွင်း၌ရှောင်ဖန်းသည် ယွမ်ချင်းမေ၏အရည်အချင်းပြကွက်ကို ပျော်ရွှင်စွာ ကြည့်ရှုစစ်ဆေးနေ၏။
အကြောင်းမှာယွမ်ချင်းမေ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအညွှန်းကိန်းသည် နောက်ဆုံးတွင်အမှတ် ၄၀ သို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။
သူမ၏အလုံးစုံခွန်အားသည်လည်း နောက်ဆုံးတွင် စီ အဆင့်သို့ ဖောက်ထွက်သွားခဲ့ပြီ ဖြစ်၏။
အဆင့်တက်သွားသော်လည်းယွမ်ချင်းမေသည်စွမ်းရည်အသစ် နိုးထလာခြင်းမရှိဘဲ သူမ၏ မူလစွမ်းရည်ဖြစ်သောနှလုံးသားသိမ်းပိုက်ခြင်းစွမ်းရည်သာပိုမိုအားကောင်းလာခဲ့သည်။
【နှလုံးသားသိမ်းပိုက်ခြင်း - အသုံးပြုစွမ်းရည် - ခန္ဓာကိုယ်ပတ်လည်တွင် မည်သည့်တိုက်ခိုက်မှုကိုမဆို စုပ်ယူနိုင်သော မမြင်နိုင်သည့် ဒိုင်းတစ်ခုကို ဖန်တီးပေးသည်၊ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်၏ ခွန်အားနှင့် လျင်မြန်မှုအညွှန်းကိန်းကို နှစ်ဆတိုးစေသည်၊ တည်တံ့ချိန် - ၁ မိနစ်၊ ပြန်လည်အသုံးပြုနိုင်ချိန် - မိနစ် ၂၀၊ အလိုအလျောက်စွမ်းရည် - အမျိုးမျိုးသော အနီးကပ်တိုက်ခိုက်ရေး လက်နက်တိုများနှင့် တိုက်ခိုက်ရေးပညာရပ်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်း】
စွမ်းရည်၏ ပြန်လည်အသုံးပြုနိုင်ချိန်သည်ဆယ်မိနစ်ခန့်လျော့နည်းသွား၏။
အလိုအလျောက်စွမ်းရည်တွင်လည်း တိုက်ခိုက်ရေးပညာရပ်များ ထပ်မံကျွမ်းကျင်လာခဲ့သည်။
【ယွမ်ချင်းမေ၊ ကျား/မ - မ၊ အသက် - ၂၅ နှစ် (သက်တမ်း - ၆၅ နှစ်)】
【အလုံးစုံခွန်အား - ဒီအဆင့်】
【ခွန်အား - ၂၈ မှတ် (၂%)】
【လျင်မြန်မှု - ၂၉ မှတ် (၁%)】
【ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၄၀ မှတ် (၀%)】
【စိတ်စွမ်းအား - ၂၇ မှတ် (၁%)】
【သက်စောင့်အား - ၆၅ မှတ် (၅%)】
【နှစ်သက်မှု - ၁၀၀%】
【စွမ်းရည် - နှလုံးသားသိမ်းပိုက်ခြင်း】
ရှောင်ဖန်းနှင့် ယွမ်ချင်းမေတို့သည် အားကစားကွင်းထဲ၌ စမ်းသပ်ကြည့်ကြ၏။
အသုံးပြုစွမ်းရည်များကို မသုံးဘဲ ရှောင်ဖန်းက လက်နက်ဖြင့်ဖြစ်စေ၊ လက်ဗလာဖြင့်ဖြစ်စေတိုက်ခိုက်သော်လည်းယွမ်ချင်းမေကိုလုံးဝမယှဉ်နိုင်ချေ။
ထို့ကြောင့်ယွမ်ချင်းမေသည် လွန်စွာ ဂုဏ်ယူဝါကြွားနေပြီးဝင့်ကြွားဝင့်ကြွားဖြစ်နေ၏။
"ဟားဟားဟား၊ အဘိုးကြီးရှောင်၊ ဘယ်လိုလဲ၊ငါတော်တော်လေး အစွမ်းထက်တယ်မလား"
ယွမ်ချင်းမေက ဂုဏ်ယူသော မျက်နှာထားဖြင့်ပြောလိုက်သည်။
"အစွမ်းထက်ပါတယ်၊ အစွမ်းထက်ပါတယ်၊ ဒါပေမဲ့ နင် ငါ့ကို အသနားခံရမယ့် အချိန်တစ်ခု ရောက်လာဦးမှာပါ"
ရှောင်ဖန်းက မကျေမနပ် ပြောလိုက်၏။
"ဟွန့်၊ ဘယ်သူက အသနားခံရမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ယွမ်ချင်းမေက ချစ်စနိုး နှာခေါင်းရှုံ့လျက်ဆိုသည်။
ရှောင်ဖန်းနှင့် လေ့ကျင့်ပြီးနောက် ယွမ်ချင်းမေ၏ ခန္ဓာကိုယ်တွင် ချွေးများစိုရွှဲနေသဖြင့် ရေချိုးခန်းသို့ ဦးတည်သွား၏။
ယွမ်ချင်းမေ ရေချိုးရန် သွားသည်ကို မြင်သောအခါ ရှောင်ဖန်းလည်း တစ်ကိုယ်လုံး စေးကပ်ကာ နေရခက်လှသဖြင့်သူလည်း ရေချိုးရန် ဆုံးဖြတ်လိုက်သည်။
တစ်နာရီကြာပြီးနောက်။
ယွမ်ချင်းမေသည်ရေချိုးပြီးနောက် အိပ်ခန်းထဲဝင်သွားလေသည်။
ထိုအချိန်တွင် ရှောင်ဖန်းသည် အဝတ်အစားလဲကာ ကမ္ဘာပျက်ကပ် ခခံတပ်ကြီးမှ ထွက်၍ အမှတ် ၆ စံအိမ်သို့သွားခဲ့၏။
ယခင်က ရှောင်ဖန်းသည် ၎င်းတို့မူလနေထိုင်ခဲ့သော စံအိမ်တွင် အခြေခံခိုလှုံရာမွမ်းမံမှုအပိုင်းအစကို အသုံးပြုခဲ့ဖူးသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ရှောင်ဖန်းသည် ၎င်းကို အမှတ် ၆ စံအိမ်တွင် တိုက်ရိုက်အသုံးပြုလိုက်ခြင်း ဖြစ်၏။
အမှတ် ၆ စံအိမ်သည် ကမ္ဘာပျက်ကပ် ခံတပ်ကြီး၏ မျက်စောင်းထိုးမျက်နှာချင်းဆိုင်တွင် တည်ရှိသည်။
ယခုအခါ ရှောင်ဖန်းသည် စနစ်မှ ပေးထားသော ၃၆၀ ဒီဂရီ ပတ်လည်စောင့်ကြည့်ရေးကင်မရာမှတစ်ဆင့် ကမ္ဘာပျက်ခံတပ်ကြီး၏ အပြင်ဘက်အခြေအနေကိုအချိန်မရွေး စောင့်ကြည့်နိုင်ပြီ ဖြစ်၏။
သူသည် အခြေခံခိုလှုံရာမွမ်းမံမှုစနစ်၏ ပြုပြင်မွမ်းမံမှုလုပ်ဆောင်ချက်ကို အသုံးပြု၍ အမှတ် ၆ စံအိမ်အတွက် လျှို့ဝှက်တံခါးလမ်းကြောင်းတစ်ခုကိုလည်း ဖန်တီးခဲ့သည်။
ဤနည်းဖြင့် ကမ္ဘာပျက်ကပ် ခံတပ်ကြီး၏ လျှို့ဝှက်လမ်းကြောင်းနှင့် ပေါင်းစပ်ပြီးအန္တရာယ် ကြုံတွေ့ရပါကဟင်းလင်းပြင်လက်ဝါးကို အသုံးပြု၍ အမှတ် ၆ စံအိမ်အတွင်းမှနေ၍ ချောင်းမြောင်းတိုက်ခိုက်နိုင်မည် ဖြစ်၏။
တစ်ဖက်လူရိပ်မိသွားပါက လျှို့ဝှက်လမ်းကြောင်းအတိုင်း ဆုတ်ခွာပြီး ကမ္ဘာပျက်ကပ် ခံတပ်ကြီးအတွင်းသို့ ပြန်လာနိုင်မည် ဖြစ်သည်။
သူ၏ အညွှန်းကိန်းများ မြင့်တက်လာသည်နှင့်အမျှ ရှောင်ဖန်း၏ ဟင်းလင်းပြင်လက်ဝါး အကွာအဝေးသည် ဆယ်မီတာကျော်အထိ ရောက်ရှိနေပြီဖြစ်သည်။
ရှောင်ဖန်းသာ ပုန်းကွယ်ပြီး ချောင်းမြောင်းတိုက်ခိုက်နေပါက အခြားသူများမည်သို့မျှ ဖြေရှင်းနိုင်မည် မဟုတ်ချေ။
ငါးရက်ကုန်လွန်သွားပြီဖြစ်၏။
ဝေကျိချင်းကို စည်းကမ်းချက်များ သင်ကြားပေးနေစဉ် ရှောင်ဖန်းသည် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
အတော်ကြာအောင်ရေချိုးခန်းတံခါးဝတွင် လှုပ်ရှားမှုမရှိဘဲ ရပ်နေသော ရှောင်ဖန်းကို ကြည့်ကာဝေကျိချင်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
"သခင်ကြီး၊ ဘာဖြစ်လို့လဲဟင်"
ထိုအခါမှ ရှောင်ဖန်းသည် လှည့်ကြည့်ကာ ဝေကျိချင်းကို ပြုံးပြ၏။
"ဒီနေ့အတွက် သင်ခန်းစာက ဒီမှာတင် ပြီးပြီ၊ ဒီနေရာကို သန့်ရှင်းရေးလုပ်လိုက်ဦး"
ထိုသို့ပြောပြီးနောက် ရှောင်ဖန်းသည် ဧည့်ခန်းမဆီသို့ အမြန်ပြေးသွားတော့သည်။
ယွမ်ချင်းမေကိုသွားရောက်ရှာဖွေခေါ်ဆောင်ကာ ကမ္ဘာပျက်ကပ် ခံတပ်ကြီး၏ လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့်တိတ်တဆိတ်ထွက်ခွာခဲ့ကြ၏။
ထို့နောက် ၎င်းတို့နှစ်ဦးသည် အမှတ် ၆ စံအိမ်၏ လျှို့ဝှက်တံခါးလမ်းကြောင်းမှတစ်ဆင့် မည်သူမျှ မရိပ်မိစေဘဲစံအိမ်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
အထဲသို့ ရောက်သောအခါ ယွမ်ချင်းမေက ရှောင်ဖန်း၏ လည်ပင်းကို ဖက်ကာ ရယ်မောလျက် ပြော၏။
"အဘိုးကြီးရှောင်၊ ဒီနေ့ ဘာတွေ လှည့်စားဦးမလို့လဲ၊ ငါ့ကိုအပြင်ခေါ်လာတယ်ဆိုတော့"
"ဘာလှည့်စားရမှာလဲ၊ ဖူနျူးတောင်စခန်းက လူတွေ ရောက်နေပြီ"
ရှောင်ဖန်းကတည်ကြည်စွာပြောလိုက်သည်။
"အာ၊ သူတို့ နောက်တစ်ခါ ရောက်လာပြန်ပြီလား၊ ပြီးခဲ့တဲ့တစ်ခါလိုပဲ ငါ အပြင်ကို ပြေးထွက်ပြီး အကုန်လုံးကို သွားခုတ်သတ်ရမလား"
ယွမ်ချင်းမေ၏ မျက်လုံးများထဲတွင် တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေ၏။
"မလောနဲ့၊ ဒီတစ်ခါ လူများတယ်၊သူတို့ရဲ့ လူအင်အားကို တဖြည်းဖြည်းချင်း အရင်လျှော့ချရမယ်"
ယွမ်ချင်းမေက ခေါင်းညိတ်ကာ "ကောင်းပြီ၊ ရှင်ပြောတဲ့အတိုင်းပဲ လုပ်မယ်" ဟု ဆို၏။
ထို့နောက်ရှောင်ဖန်းသည်ဆိုဖာပေါ်တွင် ထိုင်ကာ မျက်လုံးများကို ပိတ်လိုက်သည်။
ပထမဦးစွာ သူသည် အမှတ် ၆ စံအိမ်၏ ၃၆၀ ဒီဂရီ ပတ်လည်စောင့်ကြည့်ရေးစနစ်ကို အသုံးပြု၍ အခြေအနေကို လေ့လာ၏။
ထို့နောက် ရှောင်ဖန်းသည်ရမှတ်များ ထပ်မံဖြည့်စွက်ရန်ကိုယ်ပိုင်စနစ်ကို စစ်ဆေးလိုက်သည်။
လက်ရှိတွင် ရှောင်ဖန်း၌ ရမှတ် ၁၀၅ မှတ် ကျန်ရှိနေသေး၏။
ရှောင်ဖန်းသည် ရမှတ် ၉၀ ကို အသုံးပြု၍ သူ၏ ခွန်အားကို ၆၀၊ လျင်မြန်မှုကို ၅၀ နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ၅၀ အထိ မြှင့်တင်လိုက်သည်။
【ပိုင်ရှင် - ရှောင်ဖန်း၊ ကျား/မ - ကျား၊ အသက် - ၇၂ နှစ် (သက်တမ်း - ၆၅ နှစ်)】
【အလုံးစုံခွန်အား - စီအဆင့်】
【ခွန်အား - ၆၀ မှတ် (၀/၃)】
【လျင်မြန်မှု - ၅၀ မှတ် (၀/၃)】
【ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၅၀ မှတ် (၀/၃)】
【စိတ်စွမ်းအား - ၅၀ မှတ် (၀/၃)】
【သက်စောင့်အား - ၆၅ မှတ်】
【စွမ်းရည် - ဟင်းလင်းပြင်လက်ဝါး၊ ဟင်းလင်းပြင်အမှတ်အသား】
【ရမှတ် - ၁၂ မှတ်】
ရှောင်ဖန်းသည် ဟင်းလင်းပြင်လက်ဝါးကို စမ်းသပ်ကြည့်ရာ အကွာအဝေးမှာ ထပ်မံတိုးတက်လာပြီး အဝေးဆုံးအကွာအဝေးသည် တစ်ဆယ့်ရှစ်မီတာခန့်ရှိနေပြီဖြစ်၏။
ထိုအချိန်တွင်ရှောင်ဖန်းတို့ ပထမဆုံး နေထိုင်ခဲ့သောစံအိမ်၌လင်ရှောင်သည်လူအားလုံးကို ဝင်ရောက်နေထိုင်စေခဲ့သည်။
"တပ်စုမှူးဝမ်၊စံအိမ်ဘေးပတ်ပတ်လည်မှာ ညကင်းလှည့်ဖို့ စီစဉ်လိုက်ပါ၊ အထူးသဖြင့် အပြင်က ရိက္ခာတွေကို သေချာစောင့်ကြည့်ပါ၊ ဘာပြဿနာမှ အဖြစ်မခံနဲ့"
လင်ရှောင်က ညွှန်ကြားလိုက်၏။
ယခုတစ်ကြိမ်တွင် လင်ရှောင်နှင့် သူ၏အဖွဲ့သည် စွတ်ဖားများကို အသုံးပြု၍ ရိက္ခာအမြောက်အမြား ယူဆောင်လာခဲ့ကြသည်။
အထူးသဖြင့် စစ်အင်ဂျင်နီယာတပ်စု အသုံးပြုမည့်ခံတပ်ကြီးကို ဖောက်ထွင်းရန်အတွက် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်၏။
"ဟုတ်ကဲ့"
ဝမ်ပေါင်သည် အလေးပြုပြီးနောက် ကင်းလှည့်မှုများ စီစဉ်ရန် ထွက်ခွာသွားသည်။
ထို့နောက်လင်ရှောင်သည် ကမ္ဘာပျက်ကပ်ခံတပ်ကြီးကိစ္စဆွေးနွေးရန်အတွက် စစ်အင်ဂျင်နီယာတပ်စု၏ တပ်စုမှူးကို ခေါ်လိုက်၏။
ဝမ်ပေါင်သည်လည်း အလုပ်တွင် အလွန်ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
မကြာမီ သူ၏ ကွပ်ကဲမှုအောက်တွင် စစ်သားများသည် နှင်းများကို အသုံးပြု၍ ဗီလာဘေးပတ်လည်တွင် ရိုးရှင်းသော အတားအဆီးတစ်ခုကို အမြန်ဆောက်လုပ်လိုက်ပြီး ၎င်းတို့နှင့်အတူ ယူဆောင်လာသော ရိက္ခာများကို ဝန်းရံလိုက်ကြသည်။
စံအိမ်ဘေးပတ်လည်တွင် ကင်းစခန်းအချို့ကိုလည်း ချထားလိုက်၏။
ကင်းစောင့် စစ်သားများ ခန္ဓာကိုယ်အပူချိန် အလွန်အမင်း မကျဆင်းစေရန် ထိုကင်းစခန်းများကို နှင်းနှင့် လေကာနိုင်သော ရိုးရှင်းသည့် ပုံစံဖြင့် ပြုလုပ်ထားလိုက်သည်။
ကင်းအလှည့်ကျချိန်ကိုလည်း ပုံမှန်အချိန်ထက် လျှော့ချကာ နာရီဝက်တစ်ကြိမ် ပြောင်းလဲစေခဲ့၏။
ညမှောင်လာသည်နှင့်အမျှ စံအိမ်၏ အတွင်းပိုင်းသည် တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
အမှတ် ၆ စံအိမ်၏ အတွင်း၌မူ ရှောင်ဖန်းသည် ထိုင်နေရာမှမျက်လုံးများကို ဖွင့်လိုက်၏။
" ကဲ မှောင်လာပြီ၊ အမဲလိုက်ပွဲစတင်တာပေါ့"
*********