အခန်း ၇၇
Vol. 8 Ch. 77
အခန်း ၇၇ မည်သူမှမသိနိုင်သော
"ချင်းမေ၊ ငါ့ကို ဒီမှာခဏစောင့်နော်၊ ငါ အပြင်ခဏသွားလိုက်ဦးမယ်"
ရှောင်ဖန်းသည် ဝတ်စုံပေါ်မှ နှင်းဖုံးဝတ်စုံကို ထပ်မံဝတ်ဆင်ရင်း ပြောလိုက်၏။
"အာ၊ကျွန်မရော လိုက်ခဲ့ရမလား၊အဘိုးကြီးရှောင်... ရှင်တစ်ယောက်တည်း သွားတာ ကျွန်မစိတ်ပူတယ်"
ယွမ်ချင်းမေက စိုးရိမ်ပူပန်သော လေသံဖြင့် ပြော၏။
"မပူပါနဲ့၊ ငါက မင်းထက် အများကြီး ပိုသန်မာပါတယ်၊ မနေ့ကမင်းအသဲအသန်တောင်းပန်ခဲ့ရတာတွေကိုမေ့သွားပြီလား"
ရှောင်ဖန်းက ရယ်မောလိုက်ပြီး ယွမ်ချင်းမေ၏ ပါးပြင်ကို ဆွဲလိမ်လိုက်၏။
"လူကို လာနောက်မနေနဲ့၊ ဂရုစိုက်နော်၊ ကျွန်မ ဒီမှာ စောင့်နေမယ်"
ယွမ်ချင်းမေသည်ခြေဆောင့်ပြီးချစ်စဖွယ်ပြောလိုက်၏။
နောက်ဖေးရှိ လျှို့ဝှက်လမ်းမှတစ်ဆင့် ရှောင်ဖန်းသည် အမှတ် ၆ စံအိမ် အိမ်မှ ထွက်ခွာသွားခဲ့ရာ သူ၏ ပုံရိပ်သည် နှင်းများထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွား၏။
ကျန်းချန်သည်အကြိမ်ကြိမ်အခါခါ ကျိန်ဆဲ မြည်တွန်တောက်တီးနေမိ၏။
ဤမျှ အေးစက်ပြီး နှင်းများထူထပ်စွာ ကျဆင်းနေသည့် ရာသီဥတုတွင် ကင်းလှည့်ခိုင်းနေသည်မှာ ထိုအရာရှိများကိုယ်ချင်းစာစိတ်မှရှိရဲ့လားမသိပေ။
ကမ္ဘာပျက်ကပ် ရောက်ရှိနေပြီဖြစ်ရာ ဤမျှ အေးစက်သော ရာသီဥတုနှင့် ထူထပ်သော နှင်းများထဲသို့ မည်သူက အပြင်ထွက်မည်နည်း။
လူတစ်ယောက်မျှမရှိသော အိမ်ရာအပိုင်းကိုမူ ပြောစရာပင် လိုမည်မဟုတ်ပေ။
ကင်းစခန်းဝန်းကျင်ကို အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက်ကျန်းချန်သည် သူ၏ ညာဘက်ရှိ ကင်းစခန်းမှ ကင်းသမား ပျောက်ကွယ်သွားသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။
"ဒီကောင်၊ ကင်းစခန်းကနေ ထွက်ပြေးသွားတာလား၊ သတ္တိကတော့ နည်းနည်းနောနော မဟုတ်ဘူး"
ကျန်းချန်သည် စည်းကမ်းဖောက်ဖျက်သူအား အမြန်ပြန်လာရန် အော်ဟစ်တော့မည့် ခဏ၌ရုတ်တရက် သူ၏ လည်ပင်းသည်တစ်ခုခုဖြင့် ညှစ်ထားခြင်း ခံလိုက်ရသကဲ့သို့ တင်းကျပ်သွား၏။
ကျန်းချန်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီးအကြောက်အကန် ရုန်းကန်နေရ၏။
သူသည် သတိပေးသေနတ် ပစ်ဖောက်ရန် မောင်းတင်လိုက်သည့် ခဏ၌ပင်
သူ၏ လည်ပင်းမှ အရိုးကျိုးသွားသော အသံထွက်ပေါ်လာ၏။
ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း ပျော့ခွေသွားတော့၏။
ဆက်လက်၍ ကြီးမားသော အားလှိုင်းတစ်ခု ရောက်ရှိလာပြီး သူ၏ အလောင်းကို ကင်းစခန်းမှဆွဲထုတ်သွား၏။
ပုန်းကွယ်နေသော ရှောင်ဖန်းသည် သူ၏ရှေ့မြေပြင်ပေါ်တွင်သပ်ရပ်စွာ စီထားသော စစ်သည်လေးဦး၏ အလောင်းကို ကြည့်လိုက်ပြီးသူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးညွှတ်သွား၏။
၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ သေနတ်များနှင့် ကျည်ဆန်အားလုံးကို သူ၏ သိုလှောင်နယ်မြေထဲသို့ သိမ်းဆည်းလိုက်ပြီးနောက်ရှောင်ဖန်းသည် စံအိမ်အနီးသို့ တိတ်တဆိတ် ချဉ်းကပ်သွား၏။
ကင်းစခန်းများတွင် လောလောဆယ် လူမရှိသည်ကို အတည်ပြုပြီးနောက် ရှောင်ဖန်းသည် စံအိမ်၏ ပတ်ပတ်လည်ကိုကြည့်လိုက်၏ထုပ်ပိုးထားသောရိက္ခာအချို့ကိုသူတွေ့ရှိလိုက်၏။
သူသည်ဟာလာဟင်းလင်းလက်ဝါးကို အသုံးပြုလိုက်ပြီး ထိုအရာအားလုံးကို သိုလှောင်နယ်မြေထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် ကျေနပ်စွာဖြင့်ထွက်ခွာသွားတော့၏။
"ဒိုင်း ဒိုင်း ဒိုင်း"
ကျယ်လောင်သော သေနတ်သံ သုံးချက်သည် အိပ်ပျော်နေသော လင်းရှောင်ကိုချက်ချင်း နိုးလာစေ၏။
တစ်ခုခု ဖြစ်နေပြီ။မျက်လုံးများကို ဖွင့်လိုက်ပြီး လင်ရှောင်သည် အမြန်ထကာ စံအိမ်၏ ပထမထပ်သို့ ပြေးဆင်းသွား၏။
အောက်ထပ်သို့ ရောက်သောအခါ အပြင်ဘက်မှ ပျာပျာသလဲလဲပြေးဝင်လာသော စစ်သားတစ်ဦးနှင့် ထိပ်တိုက် တွေ့ဆုံလိုက်ရ၏။
"မကောင်းတော့ဘူး၊ အခြေအနေ မကောင်းတော့ဘူး၊ တစ်ခုခု ဖြစ်ကုန်ပြီ"
လင်ရှောင်က ထိတ်လန့်နေသော စစ်သားကို ဆွဲကိုင်လိုက်ပြီး တင်းမာစွာ မေးလိုက်၏၊
"ဘာဖြစ်တာလဲ"
"သတင်းပို့ပါတယ် ၊ အပြင်ဘက်က ကင်းသမားတွေ အားလုံး ပျောက်သွားပါပြီ၊ အပြင်မှာ ထားခဲ့တဲ့ ရိက္ခာတွေလည်း ပျောက်သွားပါတယ်"
"ဘာ"
လင်ရှောင်ထိတ်လန့်သွား၏။ထိုစစ်သားကို ဘေးသို့ တွန်းထုတ်လိုက်ပြီး သည် စံအိမ်အပြင်ဘက်သို့ ပြေးထွက်သွား၏။
ရိက္ခာများ ပုံထားသည့် နေရာသည် ယခုအခါလုံးဝကွက်လပ်ဖြစ်နေ၏။
ဒါကို မြင်လိုက်ရသဖြင့် လင်ရှောင်သည်ကြောင်အသွား၏။
ရိက္ခာများတွင် သူတို့ ယူဆောင်လာသော အစားအသောက်များ သာမက အင်ဂျင်နီယာ တပ်ခွဲအတွက် အသေးစား အင်ဂျင်နီယာ စက်ပစ္စည်းများနှင့် ဖောက်ခွဲရေးပစ္စည်းများပါပါဝင်၏။
ထိုအရာတွေ မရှိတော့လျှင် ကမ္ဘာပျက်ကပ် ခိုလှုံရာစခန်းကို ဖောက်ခွဲဖို့ မပြောနှင့်လူတွေကိုကျွေးမွေးဖို့ပင် ပြဿနာ ဖြစ်လာတော့မည်။
"ယန်ကျန်း"
လင်ရှောင်ကဒေါသတကြီး အော်ဟစ်လိုက်ရာစံအိမ်အတွင်းမှလူတစ်ဦီးဒရောသောပါးပြေးထွက်လာ၏။
ပျောက်ဆုံးနေသော ရိက္ခာများကို မြင်လိုက်ရသဖြင့် ယန်ကျန်းသည်လည်းမျက်စိမျက်နှာပျက်သွား၏။
"မင်းကို ညကင်းလှည့်ဖို့ စီစဉ်ခိုင်းထားတာလေ၊ မင်း ဘယ်လို စီစဉ်တာလဲ၊ ကင်းသမားတွေ ပျောက်သွားတာတင် မဟုတ်ဘူး၊ရိက္ခာတွေကိုပါ အသံတစ်ချက်မှ မကြားရဘဲဘယ်ရောက်သွားတာလဲ"
လင်ရှောင်၏ မျက်လုံးများ နီရဲနေပြီး သူသည် ရှေ့မှ လူကို ယခုချက်ချင်းပင်သတ်ချင်စိတ် ပေါက်သွားရ၏။
"တပ်မှူး၊ ကျွန်တော်—"
ယန်ကျန်းသည်လည်း ထူးဆန်းသည်ဟုခံစားလိုက်ရ၏။
သူ ကင်းစခန်းလေးခုကို သေချာပေါက် စီစဉ်ထားခဲ့ပြီး လေးခုစလုံးသည် တစ်ခုနှင့်တစ်ခု မြင်နိုင်ကြ၏။
စခန်းတစ်ခုတွင် အကြောင်းတစ်ခုခု ဖြစ်ပျက်ပါက အနည်းဆုံး အခြားစခန်း နှစ်ခုက သတိပြုမိမည် ဖြစ်၏။သူ့စီစဉ်မှုကလည်းအမှားအယွင်းမရှိနိုင်ပေ။သူကိုယ်တိုင်ပင်ဝေခွဲမရဖြစ်နေခဲ့၏
"စောင့်နေလိုက်၊ မင်း စစ်ခုံရုံး တက်ရမယ်"
လင်ရှောင်က ကြိမ်းမောင်းလိုက်၏။
စစ်ခုံရုံး တက်ရမည်မှာ ယန်ကျန်း တစ်ယောက်တည်း မဟုတ်ပေ၊ သူကိုယ်တိုင်လည်းလွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုစဉ် ဟယ်ချူယောင်သည် လင်ရှောင်ထံ လျှောက်လာ၏၊
"ခေါင်းဆောင်လင်၊ ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ စီစဉ်ပြီး အနီးဝန်းကျင်မှာ လိုက်ကြည့်သင့်တယ်လို့ က်ျွမ ထင်တယ်၊ အစအန တစ်ခုခု တွေ့နိုင်မလားလို့ပါ"
ဟယ်ချူယောင်၏ အကြံပြုချက်ကိုစဉ်းစားလိုက်ပြီး လင်ရှောင်သည် နောက်ဆုံးတွင် တည်ငြိမ်သွား၏။
"ငါးယောက်တစ်စုစီ ခွဲပြီး စံအိမ်ဝန်းကျင်မှာ စတင် ရှာဖွေကြ၊ တစ်ခုခုနဲ့ တွေ့ရင် သတိပေးသေနတ် ချက်ချင်း ပစ်ဖောက်ကြ"
လင်ရှောင်က အမိန့်ကို အမြန် ထုတ်ပြန်လိုက်ရာလူတိုင်းသည် အမြန် လှုပ်ရှားလိုက်ကြ၏။
နာရီဝက်ခန့် ကြာပြီးနောက် အလောင်း လေးလောင်းကို တွေ့ရှိခဲ့ပြီး သူ့ထံပြန်လည် သယ်ဆောင်လာခဲ့၏။
လင်ရှောင်သည် ဒူးထောက်ထိုင်ချလိုက်ပြီး အလောင်းများ၏ အခြေအနေကို သေချာစွာ စစ်ဆေးလိုက်၏။
ထို့နောက် ခက်ထန်သော မျက်နှာပေးဖြင့် မတ်တပ်ရပ်လိုက်၏။
"သူတို့အားလုံးလည်ပင်း ရိုးကျိုးပြီး သေဆုံးသွားတာ "
"ကင်းသမား လေးယောက်ရဲ့ လည်ပင်းကို တစ်ပြိုင်နက်တည်း ကျိုးအောင် လုပ်တာလား၊ သူတို့မှာ လူအများကြီး ရှိပုံရတယ်"
ယန်ကျန်း၏ မျက်နှာသည် အလွန် ဖြူလျော်နေ၏။
"သူတို့မှာ လူအများကြီး ရှိရမယ်၊ မဟုတ်ရင် အပြင်မှာ ရှိတဲ့ ရိက္ခာပုံကြီးကို ဘယ်လို ရွှေ့နိုင်မှာလဲ"
ဟယ်ချူယောင်ကထပ်လောင်း ပြောလိုက်၏။
လင်ရှောင် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်၏။
"ရိုးရိုးလူတွေ မဟုတ်လောက်ဘူး၊ စွမ်းအားရှင်တွေ ဖြစ်ရမယ်၊ ဒါပေမဲ့ ငါတို့ ဘာလို့ အနီးဝန်းကျင်မှာ ခြေရာတွေ မတွေ့တာလဲ၊ လူများလေ ခြေရာပိုကျန်လေ ဖြစ်ရမယ်၊ထူးဆန်းတယ်"
"ခေါင်းဆောင်လင်၊ဒီချိန်က စဉ်းစားရမယ့် အချိန်မဟုတ်ဘူးလို့ ကျွန်မထင်တယ်၊ အခု ကျွန်မတို့ ရိက္ခာတွေ ဆုံးရှုံးသွားပြီ၊အစားအသောက်တွေလည်း ပျောက်သွားပြီဆိုတော့ ဖူနျူးတောင် အခြေစိုက်စခန်းကို ချက်ချင်း ဆုတ်ခွာသင့်တယ်"
ဟယ်ချူယောင်က အကြံပြုလိုက်၏။
လင်ရှောင်သည် ဟယ်ချူယောင်ကို တစ်ချက် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်၏၊
"အားလုံးကို ချက်ချင်း ဆုတ်ခွာဖို့ အမိန့်ပေးလိုက်၊ ငါတို့ ယွန်းကျဲရွာဆီ အရင်ဆုတ်ခွာပြီး အဲဒီမှာ ရိက္ခာအချို့ ရနိုင်မလား ကြည့်မယ်၊ မဟုတ်ရင် အစားအသောက် မရှိဘဲ အဖွဲ့တစ်ဖွဲ့လုံး ဖူနျူးတောင် အခြေစိုက်စခန်းကို ပြန်ရောက်ဖို့ မဖြစ်နိုင်ဘူး"
ထိုခဏ၌ လင်ရှောင်သည် စိတ်ပျက်ပြီအားငယ်မှုကို ခံစားလိုက်ရ၏။
သူတို့သည် ယနေ့မှာပင် ချင်းယွင်တောင်အိမ်ရာသို့ ရောက်ရှိခဲ့ကြပြီး မည်သည့်အရာမျှ မစတင်ရသေးမီတွင်ပင် အမြီးကုတ်ပြီး ဆုတ်ခွာခဲ့ရ၏။
ထိုနှုန်းအတိုင်းဆိုပါက ယခုအကြိမ် ထွက်ခွာလာသော ရိုးရိုးစစ်သည် အများစုသည် ပြန်ပင် ရောက်နိုင်တော့မည် မဟုတ်ပေ။
ဒါဟာ ကြီးမားတဲ့ တာဝန်ပျက်ကွက်မှုတစ်ခု ဖြစ်နေပြီ။သူ ပြန်ရောက်သည်နှင့် ကြီးမားသော စည်းကမ်းထိန်းသိမ်းရေး အရေးယူမှုကို ရင်ဆိုင်ရဖွယ်ရှိ၏။
မကြာမီ စစ်သည်များ အားလုံးသည် သူတို့၏ ပစ္စည်းများကို သိမ်းဆည်းလိုက်ကြပြီး ယွန်းကျဲကျေးရွာထံသို့ စတင် ဆုတ်ခွာခဲ့ကြ၏။
ယွန်းကျဲကျေးရွာသို့ ရောက်ရှိ၍လူထပ်စစ်သောအခါလင်ရှောင်သည် မိုးပြိုကျလာသကဲ့သို့ ခံစားလိုက်ရ၏။
နောက်ထပ်လူငါးယောက်ပျောက်ဆုံးသွားပြန်ပြီ။
ဤခဏ၌ လင်ရှောင်၏ ရင်ထဲတွင် ကမ္ဘာပျက်ကပ် ခိုလှုံရာစခန်းကို လွန်စွာ ထိတ်လန့်သွားမိ၏။
မည်သူမျှ မသိလိုက်ဘဲ သူ၏ လူကိုးယောက် ပျောက်ကွယ်သွားခဲ့ပြီး ရိက္ခာများ အားလုံးလည်း လုယူခံလိုက်ရ၏။
ကမ္ဘာပျက်ကပ် ခိုလှုံရာစခန်းထဲတွင် စွမ်းအားရှင်ဘယ်နှစ်ယောက်တောင်ရှိ နေပြီးသူတို့ကဘယ်လောက်ထိသန်မာနေကြပြီလဲ။
ပြိုင်ဘက်များသည် စွမ်းအားရှင်များ ဖြစ်ကြသည့်အတွက် ရိုးရိုးစစ်သည်များလုံးဝယှဉ်ပြိုင်နိုင်စွမ်းမရှိကြပေ။
ပိုဆိုးသည်မှာထိုသူများကမည်သူမှန်း တောင်မသိပေ။။
လင်ရှောင်က စစ်သားများ အားလုံးကို ဘေးချင်းကပ်လျက် အိမ်နှစ်အိမ်ထဲသို့ စုစည်းလိုက်၏။ကျဉ်းကျပ်သော်လည်း ပိုမို ဘေးကင်း၏။
ထို့ပြင် သူသည် အိမ်တစ်အိမ်ချင်းစီ၏ ဝင်ပေါက်တွင် စွမ်းအားရှင် နှစ်ဦးစီ ထားရှိလိုက်ပြီးထိုညဉ့်ကို ဘေးကင်းစွာ ကျော်လွန်နိုင်ရန် မျှော်လင့်လိုက်၏။
*********