← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀ သေနတ်ဖြင့် ပစ်သော်လည်း

ရှောင်ဖန်းသည် ပထမဦးစွာ သူ၏ ဟင်းလင်းပြင်လက်ဝါးကို အသုံးပြုလိုက်၏။

ထို့နောက်ပြိုကျနေသော အဆောက်အအုံ အတွင်းရှိ စစ်သည်အလောင်းများပေါ်မှ လက်နက်များနှင့် ကျည်ဆန်များ အားလုံးကို သူ၏ သိုလှောင်မှုနယ်‌မြေထဲသို့ သိမ်းဆည်းလိုက်၏။

ထို့နောက် အမျိုးသမီးများကို အထူး အစားအသောက် တစ်ခုစီ ပေးပြီး အရည်အသွေးအချို့ မြှင့်တင်ရန်အတွက် စားသုံးခိုင်းလိုက်၏။

ထို့နောက်မှ လင်ရှောင်တို့ ပုန်းနေသည့် အိမ်သို့ အမျိုးသမီးများကို ဦးဆောင်၍ လျှောက်သွားခဲ့၏။

"အဘိုးကြီးရှောင်၊ အစီအစဉ်က ဘာလဲ၊ ကျွနမ်ရဲ့ စွမ်းအားကို အသုံးပြုပြီး အရင်ဆုံး ပြေးဝင်သွားရမလား"

ယွမ်ချင်းမေက လင်ရှောင်တို့ ရှိနေသည့် အိမ်ကို လှည့်ကြည့်ရင်း မေးလိုက်၏။

"မလောပါနဲ့၊ သူတို့ ထွက်လာကြလိမ့်မယ်"

သူ စကားပြောပြီးသည်နှင့်အိမ်အတွင်းမှ လက်ပစ်ဗုံး ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့၏။

"အဘိုးကြီးရှောင်...ရှင်တကယ် ဉာဏ်များတာပဲ"

ယွမ်ချင်းမေက ပြုံး၍ ပြောလိုက်၏။

"အဘိုးကြီးရှောင်၊ တကယ်ပဲ၊ ကျွန်မရဲ့ ကျွန်တွေကို ဗုံးခွဲမိမှာကို မကြောက်ဘူးလား"

ကျူချမ်းချမ်းက အပြစ်တင်သလို ပြောလိုက်ရာ

"အဆင်ပြေပါတယ်၊ သူတို့ အားလုံးက စွမ်းအားရှင်တွေလေ၊ ခံနိုင်ရည်ရှိကြလို့ ပေါက်ကွဲမှုကြောင့် သေဆုံးမှာ မဟုတ်ပါဘူး"

ရှောင်ဖန်းတို့ စကားပြောနေသည့် အချိန်၌ လင်ရှောင်တို့ အဖွဲ့သည် သနားဖွယ် အခြေအနေဖြင့် အိမ်အတွင်းမှ အလုအယက် ပြေးထွက်လာကြ၏။

၎င်းကို မြင်လိုက်ရချိန်တွင်ရှောင်ဖန်းသည် လင်ရှောင်အပေါ်သို့ ဟင်းလင်းပြင်အမှတ်အသားကို ချက်ချင်း သုံးလိုက်၏။

ယွမ်ချင်းမေက ဒိုင်းလွှားကို ကိုင်ဆောင်ကာ လူတိုင်း၏ အရှေ့တွင် ချက်ချင်း ရပ်တန့်လိုက်၏။

ပြေးထွက်လာသည့်လင်‌ရှောင်သည်ရှောင်ဖန်း၏ အဖွဲ့ကို ဦးစွာသတိပြုမိလိုက်၏။

သူ့ရှေ့ရှိအမျိုးသမီး သုံးဦးနှင့်အတူ လူငယ်တစ်ဦးကို ကြည့်ရင်း သူတို့ရင်ဆိုင်‌နေရသောအန္တရာယ်များမှာသူတို့ကြောင့်ဖြစ်ရသည်ဟု ယုံကြည်ရန် ခက်ခဲနေ၏။

လင်ရှောင်က ဘာမှမမေးနိုင်ခင်မှာပင်

ရှောင်ဖန်းက အော်ဟစ်လိုက်၏။

"လုပ်ကြ"

ယွမ်ချင်းမေသည် သူမ၏ စွမ်းအားကို အသုံးပြုလိုက်ပြီး ရှေ့သို့ ပြေးဝင်သွား၏။

ဒါကို မြင်လိုက်ရသောလင်ရှောင်ကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"တိုက်ခိုက်ကြ"

လင်ရှောင်ကယန်ကျန်းနှင့် သူ၏ လက်အောက်ခံ အနည်းငယ်သာ ပစ်ခတ်နေသည်ကို သူ သတိပြုမိလိုက်၏။

သူ၏ ဘက်မှ မည်သည့် လှုပ်ရှားမှုမျှ မရှိသကဲ့သို့ ဖြစ်နေ၏။

သူ လှည့်ကြည့်လိုက်သောအခါ သူ မြင်တွေ့လိုက်ရသော မြင်ကွင်းသည် သူ၏ မျက်လုံးများကို ပြူးထွက်သွားစေသည်။

ဟယ်ချူယောင်သည် လီရှောင်ဖုန်း၏ အနောက်သို့မည်သို့ရောက်ရှိသွားသည်ကိုမသိဘဲသူမ၏ လက်ထဲရှိ ငွေဓားမြှောင် လီရှောင်ဖုန်း၏ လည်ပင်းကို လှီးဖြတ်ပြီး ဖြစ်နေ၏။

ပုဟွေက သူ၏စွမ်းအားကိုသုံး၍မြေတုံးကြီး အမြောက်အမြားဖန်တီးပြီး ပစ်ခတ်နေသော ယန်ကျန်းနှင့် အခြားသူများထံသို့ ပစ်ပေါက်လိုက်၏။

ထိုစဉ် ဟူးဖေးသည် ဝမ်ရှောင်လီ၏ လည်ပင်းကို အနောက်မှ လိမ်ချိုးဆုတ်လိုက်၏။

"မင်းတို့ ဘာလို့ ဒီလိုလုပ်ကြတာလဲ"

လင်ရှောင်သည် နီရဲနေသော မျက်လုံးများဖြင့် အော်ဟစ်၏။

"ဟဲဟဲ၊ အရူး၊ ငါတို့ သခင်ရဲ့ သခင်အတွက် အလုပ်လုပ်ပေးတာ ဘာပြဿနာ ရှိလို့လဲ"

ပုဟွေက လှောင်ပြောင်လိုက်၏။

ထိုစဉ် ယွမ်ချင်းမေသည်လည်း ပြေးဝင်လာပြီး လင်ရှောင်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ရာ အနောက်သို့ လွင့်စင်သွားတော့၏။

"ချူယောင်၊ ဒီကို လာခဲ့၊ ပုဟွေ၊ ဟူးဖေး၊ မင်းတို့ နှစ်ယောက် ဟိုခြောက်ယောက်ကို သွားရှင်းကြ"

ရှောင်ဖန်းက ယန်ကျန်းတို့ဆီသို့ ညွှန်ပြလိုက်၏။

အမိန့်ကို ရရှိပြီးနောက် ပုဟွေနှင့် ဟူးဖေးတို့သည် ယုတ်မာသော အပြုံးများဖြင့် ယန်ကျန်းတို့ အဖွဲ့ထံသို့ ခုန်ဝင်သွားကြတော့၏။

ဟူးဖေးကအသွင်ပြောင်းလိုက်ကာ အရှေ့မှ ကျည်ဆန်များကို ကာကွယ်ပေးလိုက်ပြီး ပုဟွေသည် ယန်ကျန်းနှင့် အခြားသူများကို တိုက်ခိုက်ရန် အနောက်မှ သူ၏ စွမ်းအားကို ဆက်တိုက် ထုတ်သုံးလိုက်၏။

ယွမ်ချင်းမေသည် ပြန်ထလာသော လင်ရှောင်နှင့် တိုက်ခိုက်နေပြီ ဖြစ်၏။

ဒါကိုမြင်လိုက်ရသောရှောင်ဖန်းက ယွဲ့ဟွာအားပြောလိုက်၏။

"ယွဲ့ဟွာ၊ အခြေအနေကို စောင့်ကြည့်ပြီး ဟိုကောင်ကိုအခြေအနေဆိုး‌ အောင်လုပ်ပေးလိုက်"

စကားပြောပြီးနောက် ရှောင်ဖန်းသည်လည်း လင်ရှောင်ထံသို့ အမြန်ပြေးသွားခဲ့၏။

ထိုအချိန်တွင်လင်ရှောင်မှာအလွန် ခံရခက်နေ၏၊ ဘာဖြစ်မှန်း သူ မသိသော်လည်း သူ၏ ခန္ဓာကိုယ်သည် အကြောင်းရင်းမရှိဘဲ အကြိမ်ကြိမ် တောင့်တင်းသွားခဲ့၏။

အရေးပါသော တိုက်ခိုက်မှု တိုင်းသည်ထိုတောင့်တင်းမှုကြောင့် အနှောင့်အယှက် ဖြစ်နေရာ ယွမ်ချင်းမေ၏ ပုဆိန်ဒဏ်ကို အကြိမ်ကြိမ် ခံလိုက်ရ၏။

၎င်းတို့သည် စိုးရိမ်ရသော နေရာများကို မထိမှန်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်တွင် ကြီးမားသော ဒဏ်ရာများကို ကျန်ရစ်စေခဲ့၏။

လင်ရှောင်၏ စွမ်းအားသည် ထက်မြက်မှု သာမက ခွန်အားနှင့် လျင်မြန်မှု မြှင့်တင်ရေးတို့ပါ ပါဝင်သည်။

အရည်အသွေး နှစ်ခုတွင် သူသည် ခွန်အားနှင့် လျင်မြန်မှုကို နှစ်ဆ တိုးတက်စေသော ယွမ်ချင်းမေထက် နိမ့်ကျမနေပေ။

သို့သော်သူသည်ရှောင်ဖန်း၏ ဟင်းလင်းပြင်အမှတ်အသားကို ထိမှန်ထားသဖြင့် သူသည် လုံးဝ အကာအကွယ်ယူနေရသည့် အခြေအနေသို့ ရောက်ရှိနေ၏။

အခြေအနေမကောင်းသည့်အထဲရှောင်ဖန်းက ရောက်ရှိလာခဲ့ပြန်သည်။

ရှောင်ဖန်း၏ တိုက်ခိုက်ဟန်သည် မြင်းကို ကြိုးကွင်းစွပ်သော ကောင်းဘွိုင်တစ်ယောက်ကဲ့သို့ လွန်စွာ ဉာဏ်များ ၏။

သူသည် အစွန်အဖျားတွင် နေပြီး အခါအားလျော်စွာ ဟင်းလင်းပြင်လက်ဝါးကို အသုံးပြု၍ လင်ရှောင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့တွင် ကြိုးကွင်းစွပ်လိုက်သည်။

၎င်းနည်းဖြင့်သူသည် လငါရှောင်၏ တိုက်ခိုက်ရေး စွမ်းရည် လုံးဝ ကုန်ဆုံးသွားသည့်အထိ နှောင့်ယှက်လိုက်၏။

ရှောင်ဖန်းသာလင်ရှောင်ကို သတ်ဖြတ်လိုပါက လွယ်ကူသောကိစ္စတစ်ခု ဖြစ်သော်လည်းသူ့ကို အရှင်ဖမ်းဆီးရန် ရည်ရွယ်ထား၏။

ထို့နောက် သူသည် ကျူချမ်းချမ်းကို ထိုသူ့အား အစေခံအဖြစ် ပြုလုပ်ခိုင်းမည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ဖူနျူးတောင် အခြေစိုက်စခန်းရှိ ချန်းတာချန်ကိုရင်ဆိုင်ရဦးမည် ဖြစ်သောကြောင့် ဖြစ်၏။

ရှောင်ဖန်းနှင့် ယွမ်ချင်းမေတို့၏ ပူးပေါင်းမှုအပြင်ယွဲ့ဟွာက အခွင့်အရေးရှာ၍ သေခြင်းရှင်ခြင်း ငွေအပ်ဖြင့် ပစ်ခတ်လိုက်သဖြင့်မကြာမီတွင်လင်ရှောင်၏ တိုက်ခိုက်ရေး အင်အားသည် ကျဆင်းသွားခဲ့ရာ ရှောင်ဖန်းကသူ့ကို မုန့်ထုပ်ကဲ့သို့ ကြိုးဖြင့်တုတ်နှောင်လိုက်တော့၏။

သူသည် နှင်းထဲတွင် လဲလျောင်းရင်း အားကိုးရာမဲ့စွာ တွန့်လိမ်နေခဲ့ပြီး သူ၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေ၏။

"မင်းတို့ တိရစ္ဆာန်တွေ၊ သတ္တိရှိရင် ငါ့ကို သတ်လိုက်ကြစမ်း"

"---"

လင်ရှောင်သည် ထိန်းချုပ်ခံလိုက်ရပြီးနောက် ဆက်လက်၍ မနားတမ်း ဆဲဆိုနေခဲ့၏။

နားငြီးလာဖြင့်ရှောင်ဖန်းသည် ဟင်းလင်းပြင်လက်ဝါးကို အသုံးပြု၍ သူ၏ ပါးစပ်ကိုလည်းတိပ်ဖြင့်ကပ်လိုက်၏။

"ကျူချမ်းချမ်း၊ ဒီကို အမြန်လာခဲ့။ပြီး ရင်ဒီကောင့်ကို အစေခံ လုပ်နိုင်မလား ကြည့်စမ်း"

ရှောင်ဖန်းက အဝေးရှိ ကျူချမ်းချမ်းကို လက်ယက်ခေါ်လိုက်၏။

ကျူချမ်းချမ်းသည် တခစ်ခစ် ရယ်မောရင်း ပြေးလာခဲ့ပြီး ရှောင်ဖန်း၏ ပါးကို ပထမဦးစွာ နမ်းရှုံ့လိုက်၏။

ထို့နောက်မှသူမ၏ စွမ်းအားကို စတင် ထုတ်ဖော်လိုက်တော့၏။

မကြာမီလင်ရှောင်သည် ကျူချမ်းချမ်း၏အောင်မြင်စွာကျွန်ပြုခြင်း ခံလိုက်ရ၏။

"သခင်မကို နှုတ်ခွန်းဆက်ပါတယ်"

"သခင်မရဲ့ သခင်ကို နှုတ်ခွန်းဆက်ပါတယ်"

လင်ရှောင်သည် ဒူးထောက်လိုက်ပြီး လွန်စွာ ရိုသေလေးစားသောလိုက်ရောညီထွေရှိသော ပုံစံဖြစ်လာ၏။

ထိုမြင်ကွင်းသည် ရှောင်ဖန်းကို အံ့အားသင့်သွားစေ၏။ သူမကိုယ်တိုင် တိုက်ခိုက်ရေး အင်အား နည်းပါးသည်မှလွဲ၍ကျူချမ်းချမ်း ပိုင်ဆိုင်သော စွမ်းအားသည် အလွန်ကြောက်စရာကောင်း၏။

တစ်ယောက်‌ယောက်၏ စိတ်ဓာတ်အင်အားသည် သူမထက် နိမ့်ပါးပါကသူမ၏ကျွန်အဖြစ် ပြုလုပ်ခံရသည့် ကံကြမ္မာမှ လွတ်မြောက်နိုင်စွမ်း မရှိပေ။

ရှောင်ဖန်းသည် လင်ရှောင်ကို ရှင်းလင်းပြီးချိန်ထိပုဟွေနှင့် ဟူးဖေးတို့၏ ဘက်တွင် ပြီးဆုံးခြင်း မရှိသေးသည်ကို သတိပြုမိလိုက်၏။

၎င်းက ရှောင်ဖန်းကို အတော်လေး စိတ်ဝင်စားသွားစေ၏၊ စွမ်းအားရှင် နှစ်ဦးသည် ရိုးရိုးလူ ခြောက်ဦးကို ရှင်းလင်းရန်ဒီ‌ေလာက်အထိအခက်အခဲ ဖြစ်နေစရာလား။

ရှောင်ဖန်း သေချာစွာ စောင့်ကြည့်လိုက်သောအခါ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။

ယန်ကျန်းတို့အဖွဲ့နှင့်တိုက်ခိုက်နေသည့် အရှေ့ဆုံးရှိ ဟူဖေးမှာ အနောက်သို့ တွန်းထုတ်ခြင်း ခံနေရပြီး အနိုင်နိုင် အကာအကွယ်ယူနေရ၏။

ဘာတွေ ဖြစ်ကုန်တာလဲ။

ဟူဖေးက အသုံးမကျသော အမှိုက်တစ်ကောင်လား။

ရှောင်ဖန်းသည် မကြာမီ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်၏။

ပုဟွေ၏ မာကျောသော မြေစာခဲများ ထိမှန်ပြီးနောက် ယန်ကျန်းနှင့် သူ၏ စစ်သည်များသည် ဘာမှ မဖြစ်ခဲ့သလိုချက်ချင်းပြန်လည် မတ်တပ်ရပ်နိုင်ကြ၏။

ထို့ပြင် ရိုးရိုးလူတစ်ယောက်ထက် အများကြီး ပိုမိုလွန်ကဲသော အင်အားကို ပိုင်ဆိုင်သည့် ဟူဖေး၏ သံလက်သီးများသည် ပြိုင်ဘက်များကို ထိမှန်သည့်အခါတွင်လည်း ထိခိုက်မှု မရှိကြပေ။

ဒီကောင်တွေလည်း စွမ်းအားရှင်တွေများလား။

သို့သော် ရှောင်ဖန်းသည် သူတို့ စွမ်းအားများ ထုတ်သုံးသည်ကို မမြင်တွေ့ရပေ။

ထိုစဉ် ယွမ်ချင်းမေသည်လည်း ဤအခြေအနေကို သတိပြုမိလိုက်ပြီး ရှောင်ဖန်း၏ ဘေးသို့ လျှောက်လာကာ ပြောလိုက်၏။

"ဒါ စိတ်ဝင်စားဖို့ကောင်းတာပဲ၊ စွမ်းအားရှင် နှစ်ယောက်က ရိုးရိုးလူ ခြောက်ယောက်ကို မနိုင်ဘူး"

"ကျွန်မ ဝင်သွားလိုက်ရမလား၊ ပုဟွေနဲ့ ဟူဖေးတို့တအားသနားစရာကောင်း နေပြီ"

ရှောင်ဖန်းက ခေါင်းယမ်းလိုက်၏၊

"ခဏစောင့်၊ မသင်္ကာစရာ တစ်ခုခု ရှိနေတယ်၊ ငါတို့ နည်းနည်း ထပ်ကြည့်ရအောင်"

စကားပြောပြီးနောက် ရှောင်ဖန်းသည် သူ၏ သိုလှောင်နယ်မြေထဲမှ ရိုင်ဖယ်သေနတ်တစ်လက်ကို ထုတ်ယူလိုက်ပြီး ယန်ကျန်း၏ လူတစ်ယောက်ကိုချိန်ရွယ်လိုက်၏။

ထို့နောက် သူသည် ပြတ်သားစွာ ပစ်ခတ်လိုက်တော့၏။

"ဒိုင်း ဒိုင်း ဒိုင်း"

သေနတ်မှန်သွားသော လူသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။

သို့သော် ဆန်းကြယ်သော မြင်ကွင်းတစ်ခု မကြာမီ ဖြစ်ပေါ်လာခဲ့၏၊

သေနတ်မှန်သွားသော ထိုကောင်သည် အမှန်တကယ်ပင် ပြန်လည် မတ်တပ်ရပ်လာခဲ့၏။

ကျည်ဆန်ရာမှ စီးဆင်းနေသော သွေးများသည် သဘာဝတရား၏ နိယာမများကို ဆန့်ကျင်၍ အတွင်းသို့ ပြန်လည် စီးဝင်သွားခဲ့၏။

ထို့ပြင် ကျည်ဆန်သည် ကျည်ဆန်အပေါက်မှ အပြင်သို့ ညှစ်ထုတ်ခြင်း ခံလိုက်ရ၏။

"ဒါ ဘာကြီးလဲ၊ ဒီလို စွမ်းအားမျိုး အမှန်တကယ် ရှိနေတာလား"

ရှောင်ဖန်းသည် လွန်စွာ အံ့အားသင့်သွားရ၏။

ဆက်လက်၍ သူသည် အခြားလူတစ်ယောက်ထံ သေနတ်ကို ချိန်ရွယ်လိုက်၏။

သေနတ် အနည်းငယ် ပစ်ခတ်ပြီးနောက် ထိမှန်သွားသော လူသည်လည်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။

သို့သော် ခဏအကြာတွင် ယခင်လူအတိုင်း အတိအကျတူညီသော အခြေအနေ ဖြစ်ပေါ်လာခဲ့၏။

ရှောင်ဖန်းက မယုံနိုင်ဘဲ အခြားလူတစ်ယောက်သို့ ပြောင်းလဲလိုက်သော်လည်း ရလဒ်အတူတူပင် ဖြစ်၏။

နောက်ဆုံးတွင် ရှောင်ဖန်းသည် ယန်ကျန်းအပါအဝင် လူခြောက်ဦးစလုံးကို စမ်းသပ်ကြည့်ခဲ့ရာ ရလဒ်များမှာ အားလုံးအတူတူ ဖြစ်နေခဲ့၏။

လူခြောက်ဦးစလုံးတွင် အတိအကျတူညီသော စွမ်းအားမျိုး ရှိနေကြတာလား။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ရှောင်ဖန်းသည် သူ၏ ဦးနှောက်ကို အသုံးချ၍ စဉ်းစားသော်လည်း အဖြေရှာမရ ဖြစ်နေစဉ်အော်သံတစ်သံသည် ဟူဖေးဘက်မှ ထွက်ပေါ်လာခဲ့တော့၏။

*********

All Chapters