← Chapters

စိတ်ပိုင်းဆိုင်ရာထောက်တိုင် ပျက်စီးသွားပြီ

Vol. 103 Ch. 1412

စိတ်ပိုင်းဆိုင်ရာထောက်တိုင် ပျက်စီးသွားပြီ

Vol. 103 Ch. 1412

ဝမ်လင်းကို ဗဟိုပြုလျက် မိုးကြိုးကန်တစ်ခု ရွှေ့လျားနေသည့်အလား။ သူသည် ရွှေ့လျားနေရင်း ပိုများသောမိုးကြိုးများ သူ့ထံ စုဝေးလာကြ၏။ ယင်းကား တုန်လှုပ်ဖွယ်ရာ မြင်ကွင်းပင်။

တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် ဝမ်လင်းကို တွေ့မြင်သည့်အခါ သူသည် မင်သက်မိ၏။ အကြီးအကဲခေါင်းဆောင်နှင့် တိုက်ပွဲအတွင်း သူက ဝမ်လင်း မည်မျှ သန်မာသည်ကို သဘောပေါက်ခဲ့၏။

အခု သူတို့ ခုနစ်သန်းလောကများကနေ ထွက်လာသည့်အခါတွင်မူ ဝမ်လင်းသည် မိုးကြိုးအားလုံးကို ဆင့်ခေါ်နိုင်စွမ်း ရှိနေပြန်သည်။ ကခုန်နေသော မိုးကြိုးများသည် သူ့ကို ထပ်မံ တုန်လှုပ်မိစေ၏။

ဝမ်လင်းသည် ပြန့်ကြဲမိုးကြိုးကလန်၏ ဂြိုဟ်ဆယ့်ခြောက်လုံးပတ်လည်ရှိ အကာအကွယ်အစီအရင်ထံ နီးသထက်နီးလာသည်။ သူက မထူးခြားနားဟန်ပင်ဖြင့် ရှိနေ၏။

သူ ရှေ့သို့ တိုးဝင်လာရင်း သူ့ပတ်လည်ရှိ ခွန်အားပြည့်မိုးကြိုးကန်မှာ ဟိန်းမြည်၏။ ပြန့်ကြဲမိုးကြိုးကလန်၏ အကာအကွယ်အစီအရင်မှာ ဝမ်လင်းရှေ့တွင် ရုတ်တရက် ပေါ်လာလေ၏။

ကျင့်ကြံခြင်းဂြိုဟ်ဆယ့်ခြောက်လုံးမှ ဖြစ်ပေါ်သော ထိုအစီအရင်သည် အစိမ်းရောင်အလင်းတစ်ခုကို ပေးစွမ်းကာ ဂြိုဟ်များအား စက်ဝန်းတစ်ခုကဲ့သို့ လှည့်ပတ် ဖြစ်ပေါ်သည်။ ဝမ်လင်း နီးကပ်လာချိန်၌ သူသည် ထိုအစိမ်းရောင်အလင်းထံမှ အက်သံများကို ကြားရ၏။ ထိုအလင်းသည် ပုံရိပ်ယောင်ဖြစ်ရာကနေ အထည်ဒြပ်ဖြစ်လုနီးနီး ရှိလာသည်။

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သူက အစီအရင်နှင့် ပေတစ်သောင်းအကွာတွင် ရပ်လိုက်၏။ သူ့ညာလက်ကို လေဟာနယ်အတွင်းသို့ ဆန့်ထုတ်၏။ သူ့ဘေးပတ်လည်သို့ အဆုံးမဲ့မိုးကြိုးများကို ဆွဲငင်ယူလိုက်သည့်အလား။ ထို့နောက် သူက သူ့လက်ကို ပင့်မြှောက်လိုက်သည်။

လောကသည် တုန်ဟည်း၏။ မိုးကြိုးသည် အပြင်းအထန် တုန်ယင်ကာ စတင်၍ တိမ်းကာစောင်းကာ လှုပ်ရှားလာ၏။

ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်များသည် စတင်လှည့်ပတ်လာ၏။ သူ့လက်နှစ်ဖက်မှာ ဖောင်းကားလာသည်။ သူသည် မာန်သွင်းလိုက်ရင်း သူ့ပတ်လည်ရှိ မိုးကြိုးများမှာ ပိုမိုပြင်းထန်စွာ တုန်ဟည်းလာက အထက်သို့ ဆန်တက်သည်။

တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားမိသည်။ သူသည် အလိုလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ဝမ်လင်းကို အထိတ်တလန့် ကြည့်သည်။ သူသာမက ပြန့်ကြဲမိုးကြိုးကလန်သည်လည်း အစွမ်းထက်ရန်သူတော်တစ်ယောက် ရောက်ရှိလာပြီကို သိထားကြ၏။ တော်ဝင်ကုန်းမြေထံကနေ ကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူအားလုံးသည် ထွက်လာကြပြီး ဝမ်လင်းကို စိုက်ကြည့်နေသည်။

သူတို့ ဝမ်လင်းကို တွေ့မြင်သည့်အခါ သူတို့၏စိတ်သည် တုန်ယင်လျက် အမူအရာများ ကြီးစွာ ပြောင်းလဲကုန်သည်။

အစောပိုင်းတုန်းက ဝမ်လင်းသည် ယုဖေ၏ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့သော်လည်း သူ့မူလစိတ်ဝိညာဉ်သည် ပျံသန်းထွက်လာခဲ့ဖူးရာ သူ့ပုံပန်းအသွင်ကို လူတိုင်း တွေ့မြင်ခဲ့ရ၏။

ဝမ်လင်းနောက်သို့ လိုက်လံခဲ့သော အကြီးအကဲခေါင်းဆောင်က ပြန်ရောက်မလာသေးဘဲ ဝမ်လင်းကမူ အခု ပြန်ရောက်လာခဲ့ပေပြီ။ ထိုအဖြစ်က ပြန့်ကြဲမိုးကြိုးကလန်ကို ကြီးစွာ တုန်လှုပ်မိစေ၏။ မရေမတွက်နိုင်သော ထင်မြင်ချက်များသည် သူတို့စိတ်ထဲတွင် ဖြစ်ပေါ်ကုန်သည်။ ကလန်ဝင်အချို့သည် အထိတ်တလန့် ဖြစ်ကုန်သည်။

“အကြီးအကဲခေါင်းဆောင်ရဲ့ ကျင့်ကြံမှုက မိုးလောက်မြင့်မားတယ်။ ဒါ့ကြောင့် သူ့အတွက် ဘာပြဿနာမှ မရှိနေလောက်ဘူး။ ငါ ထင်တာကတော့ ဒီလူဟာ အမည်မသိနည်းလမ်းအချို့ သုံးခဲ့တာ၊ ဒါမှမဟုတ် သူ့ကို ကူညီပေးတဲ့တစ်ယောက်က အကြီးအကဲကို ပိတ်လှောင်ထားတာ ဖြစ်ရမယ်။ ဒါ့ကြောင့် အကြီးအကဲက အစီအရင်ရှိ ပြန်ရောက်မလာသေးတာပဲ။ ငါတို့ ပျာယာခတ်ကြောက်နေဖို့ မလိုဘူး။ ငါတို့ ဒီအစီအရင်ကို ဆက်ထိန်းထားရုံပဲ။ မကြာခင် အကြီးအကဲခေါင်းဆောင် ပြန်လာလိမ့်မယ်…”

“ဒါမှန်တယ်။ အကြီးအကဲခေါင်းဆောင်ရဲ့ ကျင့်ကြံမှုနဲ့ဆို တတိယအဆင့်ကျင့်ကြံသူတွေကလွဲ၍ ဘယ်သူမှ သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။ အကြီးအကဲခေါင်းဆောင်မှာက မန္တာန်တွေ၊ ရတနာတွေလည်း အများကြီး ရှိနေတာပဲ။ ဒါ့ကြောင့် သူ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး…”

“ဒါပေမဲ့…ဒါပေမဲ့ ထာဝရမိုးကြိုးဟာ ရုတ်တရက် ထွက်သွားခဲ့ပြီး ပြန်ရောက်လာတဲ့အခါမှာတော့ ၎င်းဟာ အတော်လေး အားနည်းသွားခဲ့သလို တချိန်တည်းမှာလည်း အကာအကွယ်အစီအရင် ငါတို့ရဲ့ ထိန်းချုပ်မှုကနေ လွတ်ကင်းပြီး အသက်ဝင်လာခဲ့တယ်။ ဒါဟာ…”

ပြန့်ကြဲမိုးကြိုးကလန်ဝင်အားလုံးသည် သုန်မှုန်နေ၏။ သူတို့သည် အစီအရင်အပြင်ဘက်ရှိ ဝမ်လင်းကို ကြည့်နေကြသည်။ သို့ပေမည့် သူတို့သည် သူတို့၏အကြီးအကဲခေါင်းဆောင် မကြာခင် ရောက်လာမည်ဟု ယုံကြည်နေကြဆဲပင်။

ဝမ်လင်းက သူ့လက်ကို ပင့်မြှောက်၏။ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာပြီး သူသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်ဟာ ငါ့မူလစိတ်ဝိညာဉ်ထဲ ဝင်ရောက်ခဲ့ပြီ။ ငါ့အမည်နာမကို အသုံးပြုပြီး ငါဟာ သင်တို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ အမိန့်ပေးတယ်။ အဲ့ဒီ့နောက် ငါ့ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်နဲ့ဆိုရင် နဂါးကိုးကောင်ဟာ တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး ဒီအစီအရင်ကို ဖျက်စီးမယ်…”

ဝမ်လင်း၏အသံသည် ပဲ့တင်ထပ်၏။ သူ့ထံမှ မိုးကြိုး ပေါက်ကွဲထွက်လာကာ မိုးကြိုးကန်အတွင်းသို့ တရကြမ်း တိုးဝင်သည်။

ကြေးမုံကဲ့သို့ မိုးကြိုးကန်မှာ တုန်ဟည်းလာ၏။ ၎င်းထံမှ ကောင်းကင်တုန်လှုပ်ဖွယ်အော်မြည်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုမိုးကြိုးကန်ထဲမှ ဧရာမနဂါးဦးခေါင်းကြီးတစ်လုံးသည် ထိုးထွက်လာကာ ကြမ်းကြုတ်စွာ အော်မြည်သံ ပြုသည်။

ထိုနဂါး၏ဦးခေါင်းမှာ အဆမတန်ကြီးလွန်းကာ အစိမ်းရောင်ကြေးခွံများ ဖုံးအုပ်လျက် ရှိသည်။ ၎င်းသည် အလွန်ကြမ်းကြုတ်သည့်အော်ရာကို ပေးစွမ်းနေချေ၏။ ယင်းကာ လောကကို ဖျက်စီးနိုင်သည့် နတ်ဆိုးမိုးကြိုးအလား။ ၎င်းနဂါးသည် မိုးကြိုးပေါက်ကွဲမှုနှင့်အတူ တရကြမ်း ထိုးထွက်လာသည်။

၎င်း၏ဦးခေါင်းတင် ပေတသိန်းထက် သေးငယ်လိမ့်မည် မဟုတ်ပေ။ မိုးကြိုးတုန်ဟည်းသံများ ထွက်ပေါ်လာလျက် နဂါးဦးခေါင်းသည် ထိုးထွက်လာခဲ့လေပြီ။ ခဏအကြာတွင် နဂါး၏ကျန်အစိတ်အပိုင်းများမှာလည်း မိုးကြိုးကန်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

မိုးကြိုးကန်မှာ သေးသထက် သေးငယ်လာ၏။ နဂါးအမြှီးပေါ်လာချိန်တွင်မူ ထိုကန်သည် လုံးဝ ပျောက်ကွယ်သွားတော့သည်။

ကောင်းကင်တုန်လှုပ်ဖွယ် မိုးကြိုးနဂါး၊ ပေတစ်သန်းနီးပါးရှည်လျားသော အနှီနဂါးသည် ဤလောကတွင် ပေါ်လာခဲ့ပေပြီ။ ထိုနဂါးကား ဝမ်လင်း ရှေးဟောင်းမိုးကြိုးနဂါးကို ဝါးမြိုခဲ့ပြီး၊ သူ့မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်စေခြင်းကနေ ဖြစ်ပေါ်လာခြင်းပင်။

ယင်းနဂါးသည် ပုံရိပ်ယောင်တစ်ခုမျှသာ ဆိုသော်လည်း ၎င်းထံ၌ အံ့မခန်းမိုးကြိုးအားတစ်ခု ပါဝင်သည်။ လူတစ်ယောက်သည် နတ်ဘုရားအာရုံဖြင့် ကြည့်ကြည့်ပါက တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြသော စိတ်ဝိညာဉ်ကိုးခုကို တွေ့မြင်ရပေလိမ့်မည်။ သို့ပေမည့် စိတ်ဝိညာဉ်တစ်ခုက ကျန်ရှစ်ခုထက် သန်မာကာ ဖိနှိပ်လို့ထားသည်။

ပေတစ်သန်းရှိသော မိုးကြိုးနဂါးသည် မာန်သွင်းဟိန်းသံ ပြု၏။ မိုးကြိုးများ ၎င်း၏ဦးခေါင်းထိပ်တွင် စုဝေးသည်။ ဝမ်လင်း၏ပုံရိပ်သည်လည်း သည်နေရာတွင် ပေါ်လာခဲ့ပေပြီ။ သူက နဂါးဦးခေါင်းထက်ကနေ မထူးခြားနားဟန်ဖြင့် ခြေလှမ်းကာ ရှေ့သို့ လက်ညွှန်လိုက်သည်။

ဤသို့ဖြင့် ဧရာမမိုးကြိုးနဂါးကြီးသည် ဟိန်းသံပေးကာ ရှေ့တိုးတင်လာသည်။ ၎င်းသည် ပြန့်ကြဲမိုးကြိုးကလန်၏ လူတစ်သောင်းစစ်တပ်အားနှင့်အတူ ရှိနေသော အကာအကွယ်မအစီအရင်ထံ ဦးတည်ဝင်လာသည်။

ပေတစ်သောင်း အကွာအဝေးမှာ ထိုနဂါးအတွက် ချက်ခြင်းလိုလို ဖြတ်သန်းသွားနိုင်သော အရာပင်။ ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်က အစီအရင်နှင့် ဝင်ဆောင့်သည်။ မိုးကြိုးတုန်ဟည်းသံ ချက်ခြင်းပင် အဘက်ဘက်သို့ ပျံ့နှံ့သည်။

အစီအရင်အနှံ့ကနေ တစီစီအသံများ ထွက်ပေါ်ကာ အက်ကြောင်းများ ပေါ်လာသည်။ ဘဲဥခွံကဲ့သို့ အစီအရင်သည် ထိုဖိသိပ်အားကို‌ တောင့်ခံနိုင်စွမ်းမဲ့ကာ ပြိုပျက်လုနီး ဖြစ်သွားသည်။

ပြန့်ကြဲမိုးကြိုးကလန်ဝင်တိုင်းသည် ပါးစပ်အဟောင်းသား ဖြစ်ကုန်၏။ သူတို့၏မျက်လုံးထဲတွင် ကြောက်လန့်ထိတ်ပျာမှုတို့ ပြည့်နှက်ကုန်သည်။ သို့သော် အများစုမှာ မယုံကြည်နိုင်ဟန် ဖြစ်နေ၏။

“မင်းတို့ ပြန့်ကြဲမိုးကြိုးကလန်ရဲ့ အကြီးအကဲခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်ဟာ ပျက်စီးသွားခဲ့ပြီး သူ့မူလစိတ်ဝိညာဉ်ဟာ ငါ့ရဲ့ ဖမ်းစီးတာ ခံလိုက်ရပြီ ဖြစ်တယ်။ မင်းတို့ကလန်ရဲ့ ထာဝရမိုးကြိုးဟာလည်း ဒီနေရာကို ပြန်ပြေးလာခဲ့ရတယ် မဟုတ်လား။ မင်းတို့က ဒီအကာအကွယ်အစီအရင်လောက်နဲ့ ငါ့ကို တားနိုင်မယ်လို့ တွေးနေကြတာလား…” မိုးကြိုးသည် အစီအရင်တစ်လျှောက် ဖြတ်သန်းသွားရင်း ဝမ်လင်း၏အေးစက်စက်အသံသည် ပြန့်ကြဲမိုးကြိုးကလန်ဝင်များ၏ နားထဲသို့ ဝင်ရောက်လာသည်။

သူတို့သည် ဝမ်လင်း၏စကားကို ကြားသည့်အခါ သူတို့၏ခန္ဓာကိုယ်များ တုန်ယင်လျက် မျက်လုံးထဲ၌ မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားသည်။

“မဖြစ်နိုင်ဘူး။ ဒီလူဟာ ငါတို့ရဲ့ စိတ်ကို ရှုပ်ထွေးအောင် လုပ်နေတာ။ အကြီးအကဲခေါင်းဆောင်ရဲ့ ကျင့်ကြံမှုဟာ မိုးလောက်ထိမြင့်မားတယ်။ သူက ဘယ်လိုလုပ် ဒီလူ့ကို ရှုံးနိမ့်နိုင်ပါ့မလဲ…”

“သောက်အဓိပ္ပာယ် မရှိလိုက်တာ။ မင်းစကားတွေက မောက်မာလွန်းတယ်။ ဘာမှ လက်ခံနိုင်စရာ မရှိဘူး။ မင်းက တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကိုသာ လှုပ်ရှားပါဝင်ဖို့ မတောင်းဆိုခဲ့ဘူးဆိုရင် ဘယ်သူကမှ ငါတို့အကြီးအကဲခေါင်းဆောင်ကို နိုင်မှာ မဟုတ်ဘူး…”

“သူက တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ရရင်တောင်မှ သူ့ရှိမှာ ရတနာတွေ၊မန္တာန်တွေ အများကြီး ရှိတယ်။ သူ့အသက်အန္တရာယ်ကို ချိန်းခြောက်နိုင်မှာ မဟုတ်ဘူး…”

“မောက်မာလိုက်တာ။ မင်းစကားတွေက ဉာဏ်နဲလွန်းတယ်။ အကြီးအကဲခေါင်းဆောင်သာ အမှန်တကယ် သေဆုံးသွားခဲ့ရင် ငါက ငါ့ကိုယ်ငါ မင်းတောင် ဘာမှ လုပ်စရာမလိုဘဲ ဖျက်စီးပစ်ပေးအုံးမယ်။ ရယ်စရာ ကောင်းလိုက်တာ…ဟာသပဲ…”

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်၏။ သူ့အောက်မှ နဂါးသည် ၎င်း၏ဦးခေါင်းကို မော့လာသည်။ ၎င်းသည် မာန်သွင်းသံ ပြုကာ ကြမ်းတမ်းစွာ အောက်သို့ ဝင်ဆောင့်၏။

ဘဲဥခွံပုံအစီအရင်ပေါ်တွင် ပိုများပြားသော အက်ကြောင်းများ ပေါ်လာ၏။ ၎င်းအစီအရင်သည် ပျက်စီးပေတော့မည်။

ထိုနဂါးသည် ရူးသွပ်သွားဟန် ရသည်။ ၎င်း၏ဦးခေါင်းဖြင့် အစီအရင်ကို ဝင်ဆောင့်၏။ အမြှီးဖြင့်လည်း အစီအရင်ကို ရိုက်ချလိုက်သည်။

အစီအရင်သည် ဆက်လက် တောင့်မခံနိုင်တော့ပေ။ တုန်ဟည်းသံ ဖြစ်ပေါ်ကာ အစီအရင်သည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် နေရာအနှံ့သို့ ပြန့်ကြဲကာ ကြီးမားသောအဟကြီး ပွင့်ထွက်လာတော့သည်။

မိုးကြိုးနဂါးကား မာန်ဟိန်း၏။ ၎င်းသည် အစီအရင်ကို ချိုးဖျက်ခြင်းအား မရပ်တန့်ပေ။ ၎င်း၏ကြီးမားလှသော ဦးခေါင်းကြီးက အစီအရင်၏အဟကြား ဝင်ရောက်လာသည့်အခါ ပြန့်ကြဲမိုးကြိုးကလန်ဝင်တော်တော်များများသည် အလိုလို နောက်ဆုတ်မိ၏။

တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် မိုးကြိုးနဂါးနောက်ကနေ အစီအရင်ထံသို့ လိုက်ပါလာ၏။ သူက အမုန်းတရားနှင့် ပြည့်နှက်သည့်အမူအရာဖြင့် တရကြမ်း တိုးဝင်လာနေသည်။

“ဒီလူဟာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်မှာပဲ ရှိသေးတယ်။ ဒါပေမဲ့ အချို့အမည်မသိအကြောင်းရင်းတွေကြောင့် သူဟာ ကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားကို ချခင်းနိုင်တယ်။ လူတိုင်းပဲ တပြိုက်တည်း တိုက်ခိုက်ကြ။ သူ့ကို မြန်မြန်သတ်…”

“စတုတ္ထအဆင့်ကောင်းကင်ဘုံဒုက္ခကျင့်ကြံသူ ဦးခေါင်းပြောင်လူငယ်(တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်)ကမှ တကယ့်ရန်သူပဲ။ သူ့ကို ထက်တိုးမလာနိုင်အောင် တားဆီးကြ…”

ပြန့်ကြဲမိုးကြိုးကလန်တါင် ကောင်းကင်ဘုံဒုက္ခအဆင့် ဆယ့်တစ်ယောက် ရှိပေ၏။ ဤအခိုက်အတန့်တွင် သူတို့ထဲမှ ခုနစ်ယောက်သည် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်ထံ တိုးဝင်လာကြသည်။ ထိုလူများကို စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူနှစ်ယောက်ထဲမှ တစ်ယောက်က ဦးဆောင်သည်။

ကျန်သည့် စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကမူ ဝမ်လင်းထံ တိုးဝင်လာသည်။

“အကြီးအကဲခေါင်းဆောင်မရှိရင် ပြန့်ကြဲမိုးကြိုးကလန်ရဲ့ ဘယ်သူကမှ ငါ့ကို မတားနိုင်ဘူး…” ဝမ်လင်းသည် ခေါင်းယမ်းလိုက်၏။ သူသည် သည်ကျင့်ကြံသူများနှင့် အချိန်ပေးမနေချင်ပေ။ သူက ထာဝရမိုးကြိုးကိုသာ မြန်နိုင်သမျှ မြန်မြန် ဝါးမြိုပစ်ချင်နေသည်။

သူ့အောက်မှ မိုးကြိုးနဂါးသည် ပြန့်ကြဲမိုးကြိုးကလန်ထံ ဦးတည်ဝင်လာသည်။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဝမ်လင်းကို ဟန်တားချင်နေသာ ပြန့်ကြဲမိုးကြိုးကလန်ဝင်များ၏ အမူအရာများသည် ပြောင်းလဲကုန်သည်။ထို့နောက် သူတို့က နောက်ဆုတ်ကြ၏။

“အကြီးအကဲခေါင်းဆောင် သိပ်မကြာခင် ရောက်လာတော့မှာ။ ငါတို့ သူတို့ကို အချိန်ဆွဲထားတာ အကောင်းဆုံးပဲ…”

“အကြီးအကဲခေါင်းဆောင် ပြန်ရောက်လာတာနဲ့ သူတို့ သံသယမရှိ သေရလိမ့်မယ်…”

ပြန့်ကြဲမိုးကြိုးကလန်၏ ကျင့်ကြံသူတို့၏မျက်လုံးများမှ နီရဲနေ၏။ သူတို့သည် ရှေ့သို့ တရကြမ်း တိုးဝင်လာကြသည်။ သူတို့သည် သူတို့၏အသက်ကိုပင် ဂရုစိုက်မနေတော့ဘဲ ဝမ်လင်းကို တားဆီးနိုင်ရန် သူတို့၏ကလန်အမှတ်အသားများကို ဖောက်ခွဲလိုက်ကြသည်။

ဤသို့ ပြုလုပ်ခြင်းမှာ သူတို့သည် အကြီးအကဲခေါင်းဆောင် သေဆုံးသွားခဲ့ပြီကို မယုံကြည်သေးခြင်းကြောင့်သာ ဖြစ်သည်။ သူတို့သည် သူတို့၏အကြီးအကဲခေါင်းဆောင် ပြန်‌ရောက်လာသည်နှင့် ကလန်တွင် မည်သည့်အန္တရာယ်မှ မရှိတော့ဟု ယုံကြည်ထားသည်။

အကြီးအကဲခေါင်းဆောင်ကား ဒီပြန့်ကြဲစိတ်ဝိညာဉ်ကလန်၏ စိတ်ပိုင်းဆိုင်ရာထောက်တိုင် မဟုတ်လား။

ဝမ်လင်းသည် နှာခေါင်းရှုံ့လိုက်၏။ မိုးကြိုးနဂါး ရှေ့သို့ တိုးဝင်လာရင်း သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်ကျာပွတ် ပေါ်လာသည်။ ထိုရွှေရောင်ကျာပွတ်က ဖြေလျှော့လိုက်သောအခါ ပျက်စီးနေသောစိတ်ဝိညာဉ်တစ်ခုအသွင် လှစ်ပေါ်လာသည်။ ၎င်းသည် ပြန့်ကြဲမိုးကြိုးကလန်၏ အကြီးအကဲခေါင်းဆောင်ပင်။

***

All Chapters