အခန်း ၃၇၄
Vol. 38 Ch. 374
အခန်း ၃၇၄ စန်းချုန်း ဧကရာဇ် မြို့တော် သို့ ရောက်ရှိခြင်း
ကျိုးဟန်သည် အဆင့်မြှင့်တင်ပြီးနောက် လက်နက်ကိရိယာ၏ အချက်အလက် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
[ငရဲဘုံ၏ ညည်းတွားသံ (၁၀ကြိမ်မြှင့်)]
[အရည်အသွေး - ကြယ် ၂ ပွင့် နတ်ဘုရားအဆင့်]
[အမျိုးအစား - ဝတ်စုံ]
[အခြေခံစွမ်းရည် - သွေးပမာဏ ၈သန်း တိုးမြှင့်သည်... တိုက်ခိုက်မှုစွမ်းအား ၁သန်း တိုးမြှင့်သည်... ကာကွယ်မှုစွမ်းအား ၅သိန်း တိုးမြှင့်သည်... ရွေ့လျားမှုအမြန်နှုန်း ၁၀၀% တိုးမြှင့်သည်... အခြေခံစွမ်းရည် ခံနိုင်ရည်အားလုံးကို ၅ဆ တိုးမြှင့်သည်]
[အထူးအာနိသင် ၁ - ထိပ်တန်း ပြန်လည်ပြည့်ဝခြင်း... စက္ကန့်တိုင်းတွင် အမြင့်ဆုံး သွေးပမာဏ၏ ၁၀% ကို ပြန်လည်ပြည့်ဝစေသည်... သွေးပမာဏ ၅၀% အောက် ရောက်ရှိသွားပါက သွေးပမာဏ ချက်ချင်း အပြည့်ပြန်ဖြစ်သွားမည်ဖြစ်ပြီး သွေးပမာဏ အမြင့်ဆုံး ကန့်သတ်ချက်၏ အဆ ၂၀ ရှိသော အလင်းတန်း အကာအကွယ် တစ်ခုကို အလိုအလျောက် ဖန်တီးပေးမည်ဖြစ်သည်]
[အထူးအာနိသင် ၂ - ငရဲဘုံ အကျဉ်းထောင်... ပစ်မှတ်၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ၅၀% သော ဖြစ်နိုင်ချေဖြင့် ငရဲဘုံ အကျဉ်းထောင်ကို အသက်သွင်းကာ ပစ်မှတ်အား ချုပ်နှောင်နိုင်သည်]
[အထူးအာနိသင် ၃ - ငရဲဘုံ စွမ်းအား... ပစ်မှတ်ကို ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်စေတိုင်း ပစ်မှတ်၏ ကိုယ်ပေါ်တွင် 'ငရဲဘုံ အမှတ်အသား' ကို ချန်ရစ်ထားနိုင်ချေ အနည်းငယ် ရှိသည်... ငရဲဘုံ အမှတ်အသား ရှိသော ပစ်မှတ်များကို အပိုဆောင်း ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်စေနိုင်သည်... ငရဲဘုံ အမှတ်အသား တစ်ခုစီတိုင်းက ၂ဆ အပိုဆောင်း ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်စေပြီး အဆက်မပြတ် ထပ်ဆင့်ပေါင်းစပ်နိုင်သည်... (တိုက်ပွဲမှ ထွက်ခွာပြီး ၅ မိနစ်အကြာတွင် ငရဲဘုံ အမှတ်အသားများ အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်သည်)]
ဤဝတ်စုံတွင် အဓိကထားရမည့်အရာမှာ ပြန်လည်ပြည့်ဝနိုင်သော စွမ်းရည်ပင် ဖြစ်သည်။
ငရဲဘုံ အကျဉ်းထောင်နှင့် ငရဲဘုံ စွမ်းအား ကဲ့သို့သော အခြားစွမ်းရည်များမှာမူ ကျိုးဟန်အတွက် သိပ်ပြီး အသုံးမဝင်လှချေ။
မည်သို့ပင်ဆိုစေ သူ၏ လက်ထဲတွင် နတ်ကြိုး ရှိနေပြီးဖြစ်ရာ ငရဲဘုံ အကျဉ်းထောင်၏ အာနိသင်ထက် ပိုမိုကောင်းမွန်သည်မှာ သေချာလှပေသည်။
ထို့အပြင် ငရဲဘုံ အမှတ်အသား ဆိုသည်မှာလည်း အချိန်ဆွဲလွန်းလှသည်။
ယခုအခါ သူသည် ရန်သူများကို ချက်ချင်း သတ်ဖြတ်နေနိုင်ပြီ ဖြစ်ရာ ငရဲဘုံ အမှတ်အသားများကို ဖြည်းဖြည်းချင်း ထပ်ဆင့်ပေါင်းစပ်နေရန် အချိန်မရှိချေ။
သို့သော်လည်း သွေးပမာဏ ၁၀% ကို ပြန်လည်ပြည့်ဝစေနိုင်ခြင်းကတော့ တကယ်ကို အစွမ်းထက်လှပေသည်။
လက်နက်ကိရိယာကို လဲလှယ်ဝတ်ဆင်ပြီးနောက် ကျိုးဟန်သည် သူ၏ လက်ရှိ ကိုယ်ပိုင် အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
[လေပြင်း ဓားနတ်ဆိုး - ကျိုးဟန်]
[အဆင့် - ၁၂၀ (၀%) (ဒုတိယအကြိမ် နိုးထခြင်း ပြုလုပ်နိုင်ပါသည်)]
[သွေးပမာဏ - ၄.၆ဘီလီယံ]
[တိုက်ခိုက်မှုစွမ်းအား - ၁၆၀သန်း]
[ကာကွယ်မှုစွမ်းအား - ၁၁၀သန်း]
[ဝိညာဉ်စွမ်းအား - ၉၀သန်း]
[မွေးရာပါ စွမ်းရည် - အကန့်အသတ်မဲ့ အဆင့်မြှင့်တင်ခြင်း (စကြဝဠာ တစ်ခုလုံးတွင် တစ်ခုတည်းသော စွမ်းရည်)]
[ဘွဲ့နာမည် - ဧကရာဇ်၏ ဟန်ပန်... ပထမအဆင့် ပါရမီရှင်]
[လက်နက် - ဧကရာဇ်သွေး ကောင်းကင်သတ်ဖြတ်ခြင်း (အထွတ်အထိပ် အဆင့်)... ဒုတိယ လက်နက် - ချန်းချုံး ပြိုကျခြင်း (နတ်ဘုရားအဆင့်)]
[အဆင်တန်ဆာ - နဂါးဝိညာဉ် လက်စွပ် (နတ်ဘုရားအဆင့်)... ကြေးမုံ နတ်ဆိုး လက်ကောက် (အထွတ်အထိပ် အဆင့်)... နတ်ဆိုး ဝိညာဉ် ဆွဲကြိုး (နတ်ဘုရားအဆင့်)]
[အထောက်အကူပြု လက်နက် - ဖြစ်တည်ပျက်သုဉ်းခြင်း (အစစ်အမှန် ထိခိုက်မှု)]
[ကျောက်မျက် - တိုက်ခိုက်မှု ကျောက်မျက် (ဘုရင်အဆင့်)... ဗဟုသုတ ကျောက်မျက် (ဘုရင်အဆင့်)... ထိခိုက်မှု လျှော့ချရေး ကျောက်မျက် (ဘုရင်အဆင့်)]
[ဝတ်စုံ - ငရဲဘုံ၏ ညည်းတွားသံ (နတ်ဘုရားအဆင့်)]
[မှော်လက်နက် - နေမီးတောက် မှန် (ဧကရာဇ်အဆင့်)... နတ်ကြိုး (အထွတ်အထိပ် အဆင့်)... ရွှမ်ဝူ လိပ်ခွံ (အထွတ်အထိပ် အဆင့်)... ဝိညာဉ် တံခွန် (နတ်ဘုရားအဆင့်)... နီဗားနား ဒိုင်းလွှား (နတ်ဘုရားအဆင့်)... ပုန်းကွယ်ခြင်း အစီအရင် (နတ်ဘုရားအဆင့်)... နတ်သတ် ပုဆိန် (ဧကရာဇ် အဆင့်တု)]
[ဂိုဏ်း စွမ်းရည်မြှင့် အာနိသင် - သွေးပမာဏ ၃၀သန်း တိုးမြှင့်ပေးပြီး တိုက်ခိုက်မှုစွမ်းအား ၁၀သန်း တိုးမြှင့်ပေးပါသည်]
[အထူး ဝတ်စုံ - အာဏာရှင်၏ ဒေါသ (အစမ်းသုံး)]
[သွေးမျိုးဆက် - မုန်တိုင်း နဂါးဘုရင် (အသေးစိတ် ကြည့်ရှုရန် နှိပ်ပါ)]
[ဝိညာဉ် - မီးတောက်ကိုးခု ချီလင်]
[ဓား နှလုံးသား - မသေနိုင်သော ဓား နှလုံးသား]
[ဓား အရိုး - ဖန် ဓား အရိုး]
ထင်ထားသည့်အတိုင်းပင် အဆင့် ၁၂၀ သို့ ရောက်ရှိပြီးနောက် အခြေခံစွမ်းရည်များ အားလုံးမှာ ကြီးမားစွာ တိုးတက်လာခဲ့လေသည်။
လက်ရှိ သွေးပမာဏမှာ ၄.၆ဘီလီယံ ရှိနေပြီး တိုက်ခိုက်မှုစွမ်းအားနှင့် ကာကွယ်မှုစွမ်းအား နှစ်ခုစလုံးမှာ သန်း ၁၀၀ ကန့်သတ်ချက်ကို ချိုးဖောက်သွားခဲ့ပြီဖြစ်ရာ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန် အစွမ်းထက်လာခဲ့ပေသည်။
ကျိုးဟန်သည် တစ်ခေါက်ခန့် စစ်ဆေးကြည့်ပြီးနောက် ကျေနပ်အားရစွာဖြင့် အချက်အလက် မျက်နှာပြင်ကို ပိတ်လိုက်သည်။
ထို့နောက် လက်ရှိ လုပ်ဆောင်ရန် လိုအပ်သည့် ကိစ္စရပ်များကို သူ စီစဉ်သုံးသပ်ကြည့်လိုက်သည်။
ပထမဆုံးအနေဖြင့် ဒုတိယအကြိမ် နိုးထခြင်း ကို လုပ်ဆောင်ရမည် ဖြစ်သည်။ ထို့နောက် ၇ ရက်အကြာတွင် ဂိုဏ်း စစ်ပွဲ နှင့် ၁ လအကြာတွင် ဖွင့်လှစ်မည့် ကမ္ဘာဦး ဖရိုဖရဲ လျှို့ဝှက်နယ်မြေ မြေပုံ တို့ ရှိနေသေးသည်။
ထို့အပြင် နတ်ဘုရား၏ စမ်းသပ်မှု ဟူသော ဓားသမား အသက်မွေးဝမ်းကျောင်းများအတွက် ခမ်းနားကြီးကျယ်သည့် ပွဲတော်ကြီး တစ်ခုလည်း ရှိသေးသည်။
တောင်ပိုင်းပင်လယ် နဂါးတစ်သောင်း အပျက်အစီးနယ်မြေ ထဲသို့ ဝင်ရောက်ကာ နဂါးစမ်းရေ ဓား ကို ရယူရန်လည်း ရှိနေသေးသည်။
နောက်ဆုံးတစ်ခုမှာ ရှေးဟောင်း ချောက်ကမ်းပါး အတွင်းသို့ ဝင်ရောက်ရမည့် ကိစ္စပင် ဖြစ်သည်။
"ဖြေရှင်းရမယ့် ကိစ္စတွေ ဒီလောက် အများကြီး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး..."
"တကယ်ပဲ လူခွဲပြီး လုပ်လို့မရနိုင်လောက်အောင်ကို အလုပ်ရှုပ်နေတော့တာပဲ..."
ကျိုးဟန်က သူ၏ နဖူးကို ပုတ်ကာ ပြောလိုက်သည်။ သူ တကယ်ကို အလုပ်များလွန်းနေပြီ ဖြစ်သည်။
"စနစ်... ငါ့အတွက် မှတ်စုလေး တစ်ခုလောက် လုပ်ပေးစမ်းပါ..."
"အချိန်ကျလာရင် ဘာလုပ်ရမယ်ဆိုတာကို မင်းက ငါ့ကို သတိပေးပေါ့..."
ကျိုးဟန်က အကြံပြု ပြောဆိုလိုက်သည်။ ဤသည်မှာ အမှန်တကယ်ပင် နည်းလမ်းကောင်း တစ်ခုဖြစ်သည်။ ထိုသို့မဟုတ်ပါက အချို့ကိစ္စများကို အလုပ်ရှုပ်နေရင်း မေ့လျော့သွားနိုင်ပေသည်။
[စနစ် အသိပေးချက် - သင်၏ တောင်းဆိုမှုကို လက်ခံရရှိပါသည်... စီမံခန့်ခွဲမှု အဖိုးအခအဖြစ် ဝိညာဉ် သလင်းကျောက် ၁သိန်း ကောက်ခံမည် ဖြစ်ပါသည်]
ကျိုးဟန်က ခေါင်းညိတ်လိုက်သည်။ ဝိညာဉ် သလင်းကျောက် ၁သိန်း ဆိုသည်မှာ သူ့အတွက် ကိစ္စသေးလေးမျှသာ ဖြစ်သဖြင့် လက်တစ်ချက် ဝှေ့ယမ်းကာ တိုက်ရိုက် ပေးချေလိုက်လေသည်။
[ဂုဏ်ယူပါသည်... မှတ်စုကို အောင်မြင်စွာ ဖန်တီးပြီးပါပြီ]
[ရင်းနှီးစွာ သတိပေးချက် - သင်၏ လက်ရှိ တည်နေရာအရ ဒုတိယအကြိမ် နိုးထခြင်း ကို ဦးစားပေး လုပ်ဆောင်ရန် အကြံပြုပါသည်]
မှတ်စုကို ဖန်တီးပြီးခါစမှာပင် ချက်ချင်း အသုံးဝင်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ကျိုးဟန်သည် ပန်ငှက်မွေး ပျံသန်းရေး သင်္ဘော(အရင်က ခရမ်းရောင်နတ်အလင်းသင်္ဘော လို့သုံးထားပါတယ်) ကိုထုတ်လိုက်သည်။
မြေပုံပေါ်ရှိ ပြသချက်အရ ချန်းချုံး ဧကရာဇ် မြို့တော် နှင့် ကီလိုမီတာ ၄၀၀၊ ၅၀၀ ခန့် ကွာဝေးနေသေးသည်။
"မိုင်တစ်သောင်း ပျံသန်းခြင်း..."
ကျိုးဟန်သည် အချိန်ဆွဲမနေတော့ဘဲ ပျံသန်းရေး သင်္ဘော ၏ အသုံးပြုနိုင်သော ကျွမ်းကျင်မှုစွမ်းရည် ကို အသက်သွင်းလိုက်သည်။ ဤသို့ဖြင့် သဘာဝကျကျပင် အချိန်များစွာကို သက်သာစေမည် ဖြစ်သည်။
"ဂါး"
ကျိုးဟန် ၏ စိတ်ဆန္ဒဖြင့် ထိန်းချုပ်မှုအောက်တွင် ပျံသန်းရေး သင်္ဘောထံမှ ခမ်းနားအားကောင်းသော ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံ တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ခမ်းနား ကြီးကျယ်လှသော စွမ်းအားများသည် ကျယ်ပြန့်သော သမုဒ္ဒရာကြီး တစ်ခုအလား လှိုင်းတံပိုးများ ထန်နေလေသည်။
ရွှေရောင် အလင်းတန်းများကြားတွင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ဧရာမ ကြီးမားလှသော တောင်ပံ ပုံရိပ်ယောင် ကြီးတစ်ခု ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်ကို ဝေဝါးစွာ မြင်တွေ့နိုင်ပေသည်။ ၎င်းသည် ကြီးမားလှသော နေရာလွတ်တစ်ခုကို နေရာယူထားပြီး နေအလင်းရောင်ကိုပင် ဖုံးကွယ်သွားစေကာ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများနှင့်အတူ အလွန် ခမ်းနား ကြီးကျယ်လှပေသည်။
တောင်ပံ တစ်ချက် ခတ်လိုက်သည်နှင့် မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် -
ကျိုးဟန်သည် ချန်းချုံး ဧကရာဇ် မြို့တော် အတွင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဤခံစားချက်က အလွန်ပင် သက်သောင့်သက်သာ ရှိလှပေသည်။
သို့သော် သူ၏ ဤလုပ်ရပ်က လမ်းသွားလမ်းလာ အများအပြားကို အလွန် တုန်လှုပ်သွားစေခဲ့သည်။
"သေစမ်း... ပျံသန်းရေး မှော်လက်နက် ပါလား... ကျွတ် ကျွတ် ကျွတ်... တကယ်ကို လန်းတာပဲကွာ... ကြည့်ရတာ မိသားစုကြီး တစ်ခုခုက ထွက်လာတဲ့ သခင်လေး တစ်ယောက် ဖြစ်ရမယ်..."
လူအများအပြားမှာ အားကျငေးမောနေသော အမူအရာများ ထွက်ပေါ်နေကြသည်။ ပျံသန်းရေး မှော်လက်နက် ဆိုသည်မှာ အတွေ့ရ အလွန်နည်းပါးလှသည်။ ပန်ငှက်မွေး ပျံသန်းရေး သင်္ဘော ကဲ့သို့သော ထိပ်တန်း အဆင့် ပျံသန်းရေး မှော်လက်နက် မျိုးဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
ထို့ကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုမှာ အလွန် ကြီးမားလှပေသည်။
"အစ်ကိုလေးက အရမ်း ချောတာပဲ... ကြည့်ရတာ ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာပြီး မိသားစု နောက်ခံကလည်း သာမန် မဟုတ်လောက်ဘူး... သူ့ကို တစ်သက်လုံး ပုံအပ်လိုက်ချင်တာပဲ..."
"အစ်ကိုလေး... မသွားပါနဲ့ဦးလေ... ဆုံတွေ့ရတာ ရေစက်ပဲဟာ... မိတ်ဆက်ကြရအောင်လေ..."
"အစ်ကိုလေးက အရမ်း အထာကျတာပဲ... ချစ်သွားပြီနော်..."
ကျိုးဟန် ၏ ပြိုင်ဘက်ကင်း အစွမ်းထက်သူ တစ်ဦး၏ ဟန်ပန် နှင့် ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်လောက်အောင် ချောမောခန့်ညားသော ရုပ်ရည်သွင်ပြင်... ထို့အပြင် ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ဘုရင် တစ်ပါး၏ အရှိန်အဝါများ ပေါင်းစပ်သွားသောအခါ -
အိမ်ထောင်မပြုရသေးသော မိန်းမပျိုလေးများကို ဝိညာဉ်လွင့်ထွက်မတတ် ရူးသွပ် စွဲလမ်းသွားစေပြီး မိမိကိုယ်ကိုယ်ပင် မထိန်းချုပ်နိုင်အောင် ဖြစ်သွားစေခဲ့သည်။
တစ်ယောက်ချင်းစီတိုင်းမှာ မျက်စိပစ်ကာ မြှူဆွယ်နေကြပြီး အမျိုးမျိုးသော ဆွဲဆောင်မှုများကို ပြသကာ ကျိုးဟန် ၏ အာရုံစိုက်မှုကို ရရှိရန် မျှော်လင့်နေကြလေသည်။
"သောက်ကျိုးနည်း... ပုံမှန်ဆိုရင် တစ်ယောက်ချင်းစီတိုင်းက တည်ငြိမ်ပြီး သူစိမ်းတွေဆို အနားတောင် အကပ်မခံတဲ့ ပုံစံမျိုးတွေနဲ့... အခုကျမှ ဘာလို့ ဒီလောက်တောင် စိတ်အားထက်သန် နေကြတာလဲ..."
စောင့်ကြည့်နေသော အမျိုးသား တစ်ဦးက ရင်ထဲတွင် မနာလို မရှုစိမ့်ဖြစ်ကာ ပြောလိုက်သည်။
"အဓိကကတော့ ရုပ်ချောလို့ပဲပေါ့ကွာ..."
"ရုပ်ချောရင် တကယ်ကို လုပ်ချင်ရာ လုပ်လို့ရတာပဲပါလား..."
လူအများမှာ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အားကျနေကြသော်လည်း ဤကဲ့သို့သော ကောင်းမွန်သည့် အရာများက သူတို့နှင့် သေချာပေါက် ရေစက် မပါခဲ့ကြောင်း သိရှိနေကြသည်။
မိုးထိအောင် မြင့်မား ခမ်းနားလှသော အဆောက်အအုံကြီး တစ်ခု အတွင်း၌ -
ထိုနေရာတွင် အရေအတွက် များပြားလှသော လူငယ် ပါရမီရှင်များ စုဝေးနေကြသည်။ သူတို့ အားလုံးမှာ တန်ဖိုးကြီးမားသော ပိုးသား ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး ကိုယ်ပေါ်တွင်လည်း မြင့်မြတ် ထူးခြားသော အငွေ့အသက်များ ရှိနေကြရာ သူတို့၏ နောက်ခံများမှာ သာမန် မဟုတ်ကြောင်း ထင်ရှားလှပေသည်။
အမျိုးသားများမှာ ချောမော ခန့်ညားကြပြီး အမျိုးသမီးများမှာလည်း သွယ်လျ လှပကြသည်။ ကြည့်ရသည်မှာ ပွဲတော် တစ်ခုကို တက်ရောက်ရန် ပြင်ဆင်နေကြပုံ ရပေသည်။
ဤနေရာသို့ ဝင်ရောက်ခွင့် ရရှိသူများ အားလုံးမှာ ချန်းချုံး ဧကရာဇ် မြို့တော် အတွင်းရှိ မျက်နှာပွင့်ပြီး ဩဇာအာဏာ ရှိသော လူငယ် မျိုးဆက်များသာ ဖြစ်ကြသည်။
အားလုံးက ဤပွဲတော်ကို အကြောင်းပြု၍ အချင်းချင်း အပြန်အလှန် ဆက်သွယ်မှုများ ပြုလုပ်ကြပြီး သတင်းအချက်အလက် ဖလှယ်ခြင်း နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် အလွန် အထောက်အကူ ဖြစ်စေပေသည်။
"အို... သခင်လေး ချန် ရောက်လာတာပါလား..."
"မြန်မြန် အထဲကို ဝင်ပါဦး…”