← Chapters

အခန်း ၃၈၀

Vol. 38 Ch. 380

အခန်း ၃၈၀

Vol. 38 Ch. 380

အခန်း ၃၈၀ တိုက်ခိုက်မှုစွမ်းအား ၃ ဘီလီယံ

ဤနေရာသည် အလွန်ကျယ်ပြန့်လှပေရာ ကျိုးဟန် အနေဖြင့် အချိန်အတန်ကြာ ရှာဖွေပြီးမှသာ နဂါးတစ်သောင်း အပျက်အစီးနယ်မြေ၏ ဝင်ပေါက်သို့ ရောက်ရှိသွားလေသည်။

အနီးသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ဆူညံနေသော အသံများစွာကို ကြားလိုက်ရလေသည်။

"ဟန်... ဒီနေရာမှာ တခြားလူတွေ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး..."

မကြာမီမှာပင် လူတစ်စုက ထိုနေရာတွင် တက်ကြွစွာ ဆွေးနွေးတိုင်ပင်နေကြပြီး တိုက်ခိုက်ရေး နည်းလမ်းများနှင့် သက်ဆိုင်ရာ အစီအရင်များ ချထားမှု အကြောင်းကို ပြောဆိုနေကြသည်ကို သူတို့သုံးယောက် မြင်တွေ့လိုက်ရလေသည်။

"သူတို့က နဂါးမုဆိုးတွေပဲ... အဓိကကတော့ နဂါးတစ်သောင်း အပျက်အစီးနယ်မြေထဲက မိစ္ဆာဝင်ပူးနေတဲ့ နဂါးနက်တွေကို အမဲလိုက်ပြီး ရှားပါးတဲ့ ပစ္စည်းတွေ အများကြီး ရယူပြီး အသက်မွေးဝမ်းကျောင်း ပြုကြတာလေ..."

ကျိုးဟန်၏ ထက်မြက်လှသော အာရုံခံစားနိုင်စွမ်းဖြင့် ထိုစကားသံအချို့ကို ကြားလိုက်ရသလို သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကိုပါ တစ်ပါတည်း သိရှိလိုက်လေသည်။

မည်သို့ပင်ဆိုစေ မိစ္ဆာဝင်ပူးနေသော နဂါးနက်များမှာ အလွန် အစွမ်းထက်လှပြီး တစ်ကိုယ်လုံးမှာလည်း အဖိုးတန် ရတနာများ ဖြစ်ကြပေသည် သတ်ဖြတ်နိုင်ပါက များပြားလှသော ပစ္စည်းများနှင့် အရင်းအမြစ်များကို ရရှိနိုင်မည် ဖြစ်ရာ ဤအနီးအနားတွင် နေထိုင်ကြသော ရွာသားများကြားထဲမှ နဂါးမုဆိုး ဟူသော လူတစ်စု ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။

ထိုအမည်နာမမှာ ကြားရသည်မှာ အလွန် အထာကျလှသော်ငြားလည်း လက်တွေ့မှာတော့ အလွန် ရက်စက်လှပေသည် ၎င်းမှာ အလွန် အန္တရာယ်များလွန်းလှသော အသက်မွေးဝမ်းကျောင်း တစ်ခုဖြစ်ပြီး သေဆုံးနိုင်ချေ အလွန် မြင့်မားလှကာ အစွမ်းအစ မပြည့်မစုံ ရှိသူများသာ လုပ်ကိုင်လေ့ ရှိကြလေသည် ထိုသို့မဟုတ်ဘဲ အစွမ်းထက်သူများ သာဆိုပါက မည်သည့်အရာကို လုပ်ကိုင်သည်ဖြစ်စေ များပြားလှသော အရင်းအမြစ်များကို ရယူနိုင်မည်ဖြစ်ရာ ဤမျှလောက် ကြီးမားသော အန္တရာယ်ကို စွန့်စားနေစရာ အကြောင်းမရှိချေ။

"တာဟေး... ဒီတစ်ကြိမ် အစီအရင်ကို ပြင်ဆင်ပြီးပြီလား... အစီအရင်က ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ဖို့ သေချာအောင် လုပ်ရမယ်... ငါက ဖန်ဟူတို့ အဖွဲ့လိုမျိုး တစ်ဖွဲ့လုံး သေကုန်တာမျိုး မဖြစ်ချင်ဘူးကွာ..."

ကြေးညိုရောင် အသားအရေ ရှိသော ခေါင်းဆောင်ဖြစ်သူ ကြမ်းတမ်းသည့် အမျိုးသားမှာ ဤအဖွဲ့၏ ခေါင်းဆောင် ဟွေးလန် ပင် ဖြစ်ပြီး သူက လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။

သူပြောနေသော ဖန်ဟူ ဆိုသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်က မိစ္ဆာဝင်ပူးနေသော နဂါးနက်များကို အမဲလိုက်ရန် ရောက်လာခဲ့သည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး အစီအရင်ကို သေချာစွာ မချထားနိုင်ခဲ့ခြင်းကြောင့် လူရှစ်ဆယ်ကျော် ပါဝင်သော တစ်ဖွဲ့လုံး သေဆုံးသွားခဲ့ရခြင်း ဖြစ်လေသည်။

"စိတ်ချပါ အစ်ကိုကြီး... လုံးဝ အမှားအယွင်း မရှိစေရဘူးလို့ အာမခံတယ်..."

တာဟေးက ရင်ဘတ်ကိုပုတ်ကာ ယုံကြည်မှု အပြည့်ဖြင့် အာမခံလိုက်လေသည်။

"ကောင်းပြီ... ဒီတစ်ခေါက် ငါတို့က အဖော်ကွဲနေတဲ့ နဂါးနက် တစ်ကောင်ကို တွေ့ထားတာ..."

"သူ့ကိုသာ သတ်နိုင်ရင် ရလာမယ့် အရင်းအမြစ်တွေက ငါတို့အတွက် ခြောက်လ တစ်နှစ်လောက် အေးဆေး ရပ်တည်လို့ ရသွားပြီ..."

"ဟုတ်တယ်... အိမ်မှာတောင် ထမင်းအိုး ဟင်းအိုး မတင်နိုင်တော့ဘူး... အခုမှ အလုပ်မဖြစ်ရင် ငါတို့တော့ ငတ်သေတော့မှာပဲ..."

ထို့နောက် အဖွဲ့ဝင် အနည်းငယ်မှာ ပျော်ရွှင်စွာဖြင့် ဆက်လက် ပြောဆိုနေကြပြီး သူတို့၏ ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေကာ လေထုထဲတွင်လည်း ပျော်ရွှင်မြူးတူးသော အငွေ့အသက်များ ဖုံးလွှမ်းနေလေသည်။

"ကဲ... ဝင်ပေါက်ကိုလည်း တွေ့ပြီဆိုတော့ ငါတို့ တိုက်ရိုက် ဝင်သွားကြတာပေါ့..."

ကျိုးဟန်သည် ထိုလူအုပ်စုကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး အဖက်မလုပ်တော့ဘဲ မိန်းမလှလေး နှစ်ဦးကို ဖက်ကာ ဝင်ပေါက် ရှိရာဘက်သို့ လျှောက်သွားလေတော့သည်။

သို့သော် ဤ နဂါးမုဆိုး အဖွဲ့မှာ ဝင်ပေါက်ဘေးတွင် ထိုင်နေကြခြင်း ဖြစ်ရာ ကျိုးဟန် လျှောက်လာသောအခါ သဘာဝကျကျပင် သူတို့၏ အာရုံစိုက်မှုကို ရရှိသွားလေသည်။

အဖွဲ့ဝင် အများအပြားမှာ သူတို့ သုံးဦးကို မြင်တွေ့လိုက်ရသောအခါ တစ်ခဏမျှ တိတ်ဆိတ်သွားကြပြီး အားလုံးမှာ ကြက်သေသေသွားကြလေသည်။

အဓိကမှာ ကျိုးဟန်က ချောမောခန့်ညားနေသည့်အပြင် အမျိုးသမီး နှစ်ဦးမှာလည်း ပြိုင်ဘက်ကင်း မိန်းမလှလေးများ ဖြစ်နေကြသဖြင့် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာခြင်းမှာ အလွန် ပုံမှန်ပင် ဖြစ်လေသည်။

"အဟမ်း... မင်းတို့က နဂါးတစ်သောင်း အပျက်အစီးနယ်မြေ ကို ပစ္စည်းတွေ လာစုဆောင်းကြတာလား..."

ဟွေးလန်မှာ ခေါင်းဆောင် ဖြစ်သည့်အလျောက် ဦးစွာ သတိဝင်လာပြီး မေးမြန်းလိုက်လေသည်။

ကျိုးဟန်တို့ သုံးဦး၏ ဝတ်စားဆင်ယင်မှုနှင့် အရှိန်အဝါများကို ကြည့်ရုံဖြင့် သာမန်မဟုတ်သော နောက်ခံ ရှိပြီး ချမ်းသာကြွယ်ဝသူများ ဖြစ်ကြောင်း ထင်ရှားလှပေသည် ထို့ကြောင့် ဟွေးလန် စကားပြောရာတွင် သူ၏ အမူအရာမှာ အလိုအလျောက်ပင် အနည်းငယ် နှိမ့်ချသွားလေသည်။

"အင်း..."

ကျိုးဟန် က ခေါင်းညိတ်လိုက်ပြီး သူတို့ကို အဖက်လုပ်ရန် မရည်ရွယ်ထားဘဲ ခြေလှမ်းများကို ရပ်တန့်ခြင်း မရှိချေ။

"ဟိုလေ... ဒီအထဲမှာ အရမ်း အန္တရာယ်များတယ်... မင်းတို့ကို အလွယ်တကူ မဝင်သွားဖို့ အကြံပေးချင်တယ်..."

"တကယ်လို့ ပစ္စည်း တစ်ခုခု လိုအပ်တယ်ဆိုရင် ငါတို့ကို ငှားရမ်းလို့ ရပါတယ်... ငါတို့ကို ငှားရမ်းတဲ့ ကုန်ကျစရိတ်က ပေးရတာထက် ပိုပြီး တန်စေရမယ်လို့ အာမခံတယ်..."

တာဟေး က အလျင်စလို ဝင်ပြောလိုက်လေသည်။

ဤသုံးဦးကို ကြည့်ရုံဖြင့် ငွေကြေး မပူပန်ရသူများမှန်း သိသာလှပေသည် အကယ်၍ သူတို့ကိုသာ ငှားရမ်းလိုက်မည် ဆိုပါက ရရှိမည့် အခကြေးငွေမှာ သေချာပေါက် နည်းပါးမည် မဟုတ်ချေ။

"မလိုဘူး..."

ကျိုးဟန် က ငြင်းဆန်လိုက်ပြီးနောက် ဝင်ပေါက် အတွင်းသို့ ခြေလှမ်း ဝင်ရောက်သွားလေတော့သည်။

လူအများစုမှာ သူတို့ ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးများ အလိုအလျောက် ထွက်ပေါ်လာကြလေသည်။

မည်သို့ပင်ဆိုစေ ကျိုးဟန် ၏ ဤဝတ်စားဆင်ယင်မှုများမှာ လုံးဝကို တိုက်ပွဲဝင်မည့် ပုံစံမျိုး မပေါက်နေဘဲ မိန်းမလှလေး နှစ်ဦးကို ခေါ်ဆောင်ကာ လေညင်းခံ ထွက်လာသည်နှင့် ပို၍ တူနေသောကြောင့်ပင်။

"ဒီ နဂါးတစ်သောင်း အပျက်အစီးနယ်မြေ က ဒီလောက် အန္တရာယ်များတာကို ဝင်သွားရဲတယ်ပေါ့လေ... တကယ့် လူငယ်တွေပဲ အကြောက်အလန့်ကို မရှိကြဘူး..."

"ဟုတ်တယ်... ငါတို့အဖွဲ့က လူ ခြောက်ဆယ်ကျော် ရှိတာတောင် တစ်လကျော်လောက် အချိန်ယူပြီး ပြင်ဆင်ထားတာကို အလွယ်တကူ မဝင်ရဲသေးဘူးလေ..."

"မိသားစုကြီးတွေက သခင်လေးတွေက အမြဲတမ်း ဒီလိုပုံစံတွေချည်းပါပဲ... အရှုံးမခံဖူးကြတော့ တစ်လောကလုံးမှာ သူတို့ပဲ အတော်ဆုံး ဆိုတဲ့ စိတ်သဘောထားတွေ ရှိနေကြတာ..."

"ကဲပါ... သူတို့ကို ဂရုစိုက်မနေနဲ့တော့... ငါတို့ရဲ့ အစီအရင်ကလည်း ပြင်ဆင်ပြီးပြီဆိုတော့ အခုပဲ ဝင်ပြီး နဂါး သွားအမဲလိုက်ကြရအောင်..."

ထို့နောက် ဟွေးလန် ၏ အမိန့်ပေးမှုအောက်တွင် လူအများစုမှာ ကျိုးဟန်တို့ကို ဆက်လက် အာရုံမစိုက်ကြတော့ဘဲ အရာအားလုံး အဆင်သင့် ဖြစ်သွားသည်နှင့် နဂါးတစ်သောင်း အပျက်အစီးနယ်မြေ အတွင်းသို့ ဝင်ရောက်သွားကြလေတော့သည်။

[စနစ် အသိပေးချက် - သင်သည် အထူးမြေပုံ တောင်ပိုင်းပင်လယ် နဂါးတစ်သောင်း အပျက်အစီးနယ်မြေ အတွင်းသို့ ဝင်ရောက်သွားပါပြီ... ဤမြေပုံ အတွင်း၌ နဂါးမျိုးနွယ်စုများ၏ တိုက်ခိုက်မှုစွမ်းအားမှာ ၅၀ ရာခိုင်နှုန်း တိုးမြှင့်သွားမည် ဖြစ်ပါသည်]

အဖြူရောင် အလင်းတန်း တစ်ခု တောက်ပသွားပြီးနောက် ကျိုးဟန် နှင့် မိန်းမလှလေး နှစ်ဦးမှာ မှောင်မိုက်နေသော ဂူကြီး တစ်ခု အတွင်း၌ ထွက်ပေါ်လာကြသည် လေထုမှာ အလွန် စိုစွတ်နေပြီး သွေးညှီနံ့ နှင့် အငန်နံ့များက မျက်နှာပေါ်သို့ ရိုက်ခတ်လာသဖြင့် မိန်းမလှလေး နှစ်ဦးမှာ မျက်မှောင်ကြုတ်သွားကြလေသည်။

ကျိုးဟန် ကိုယ်တိုင်လည်း အနံ့အသက်မှာ အနည်းငယ် ပြင်းလွန်းနေသည်ဟု ခံစားလိုက်ရသဖြင့် သူ၏ ခန္ဓာကိုယ်ထဲရှိ လေစွမ်းအင်များကို အသက်သွင်းလိုက်ကာ လေတံတိုင်း တစ်ခုကို ဖန်တီး၍ ဤအနံ့အသက်ဆိုးများကို အပြင်ဘက်သို့ ဖယ်ထုတ်ထားလိုက်လေသည်။

"ဒီ နဂါးတစ်သောင်း အပျက်အစီးနယ်မြေ က ပင်လယ်အောက်ခြေ နက်နက်ထဲမှာ ရှိနေတာပါလား..."

ဟန်ချင်ရွှယ် က အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောလိုက်သည် သူမသည် စနစ် ၏ မြေပုံပေါ်မှတစ်ဆင့် အစစ်အမှန် တည်နေရာကို မြင်တွေ့လိုက်ရခြင်း ဖြစ်လေသည်။

"ဒါက ပုံမှန်ပါပဲ... နဂါးမျိုးနွယ်စုတွေရဲ့ အမျိုးအစားက အရမ်း များပြားပြီး စွမ်းအင် သဘာဝ အမျိုးမျိုး ရှိကြတာလေ..."

"အရင်က ဒီနေရာမှာ ရှင်သန် နေထိုင်ခဲ့တဲ့ နဂါးမျိုးနွယ်စုတွေက ရေစွမ်းအင် သဘာဝကို ပိုင်ဆိုင်တဲ့သူတွေ ဖြစ်လောက်တယ်..."

ကျိုးဟန် က ရှင်းပြလိုက်သည် မည်သို့ပင်ဆိုစေ မုန်တိုင်း နဂါးဘုရင် ၏ သွေးမျိုးဆက် ကို အသက်သွင်းပြီးနောက် နဂါးမျိုးနွယ်စုများ နှင့် ပတ်သက်၍ ပိုမို နားလည် သိရှိလာခဲ့သည် မဟုတ်ပါလော။

"အင်းအင်း... ဒီလိုကိုး..."

"ဟန်... ကျွန်မ အခု ရှင့်ကို စွမ်းရည်မြှင့် အာနိသင်တွေ ပေါင်းထည့်ပေးမယ်လေ..."

"ကျွန်မ အရင် လုပ်ပေးမယ်..."

မကြာမီမှာပင် မိန်းမလှလေး နှစ်ဦးမှာ ကျိုးဟန် ကို အားဖြည့်ပေးရန်အတွက် အပြိုင်အဆိုင် လုယက်နေကြသဖြင့် ကျိုးဟန် ကိုပင် စကားမပြောနိုင်အောင် ဖြစ်သွားစေသည် သို့ဖြစ်ရာ သူတို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း လုပ်ဆောင်ခိုင်းလိုက်တော့သည် မည်သို့ပင်ဆိုစေ များလေ ကောင်းလေသာ ဖြစ်ပေသည်။

စကားပြောဆိုနေစဉ်မှာပင် ပိုင်လင်းလုံ ၏ ခန္ဓာကိုယ်ထဲမှ ဖြူဖွေးသော ဓားချီစွမ်းအင် တစ်ခု လျှံကျလာပြီး ကျိုးဟန် ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားလေသည်။

ကျိုးဟန် မှာ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ တိုက်ခိုက်မှုစွမ်းအား နှင့် ဓားချီ ထိခိုက်ပျက်စီးမှုများ များစွာ တိုးတက်လာကြောင်းကို ခံစားလိုက်ရလေသည်။

[စနစ် အသိပေးချက် - သင်သည် ပြိုင်ဘက်ကင်း ဓားသခင်မ ပိုင်လင်းလုံ ၏ ပြိုင်ဘက်ကင်း ဓားအက နှင့် ကန့်သတ်ချက်ချိုးဖောက် လက်နက် ကဲ့သို့သော ကျွမ်းကျင်မှုစွမ်းရည် များ၏ စွမ်းရည်မြှင့် အာနိသင်များကို ရရှိပါသည်... သင်၏ ဝိညာဉ်စွမ်းအင် ပြန်လည်ပြည့်ဖြိုးမှု အမြန်နှုန်းမှာ ကြီးမားစွာ တိုးတက်လာပြီး သင်၏ ဓားချီ ထိခိုက်ပျက်စီးမှုမှာ...]

တစ်ချိန်တည်းမှာပင် ဟန်ချင်ရွှယ် ၏ ခန္ဓာကိုယ်ထဲမှလည်း ရွှေရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ကျိုးဟန် ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားလေသည်။

[စနစ် အသိပေးချက် - သင်သည် မီးလျှံ ကောင်းကင်တမန် ဟန်ချင်ရွှယ် ၏ သန့်ရှင်းသော အလင်းတန်း ကောင်းကင်ဖွင့်လှစ်ခြင်း ၊ ကုသခြင်း စွမ်းရည် ၊ သန့်ရှင်းသော အလင်းတန်း တောင်ပံ ၊ သန့်ရှင်းသော အလင်းတန်း ဒိုင်းလွှား ၊ သတ္တိ တေးသီချင်း ကဲ့သို့သော ကျွမ်းကျင်မှုစွမ်းရည် များ၏ စွမ်းရည်မြှင့် အာနိသင်များကို ရရှိပါသည်... သင်၏ တိုက်ခိုက်မှုစွမ်းအားများ တိုးတက်လာပြီး...]

ရုတ်တရက် ကျိုးဟန် မှာ သူ၏ စွမ်းအားများ အဆမတန် ကြီးထွားလာကြောင်းကို ချက်ချင်း ခံစားလိုက်ရပြီး ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးလောက်အောင် အစွမ်းထက်မြက် လာခဲ့လေသည်။

ခမ်းနား ကြီးကျယ်လှသော စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ထဲတွင် အဆက်မပြတ် ရိုက်ခတ် မြည်ဟည်းနေပြီး ယခင်က တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော အစွမ်းထက်သည့် စွမ်းအားကြီးကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်ရာ မဟာဧကရာဇ် အဆင့် အစွမ်းထက်သူ များနှင့်ပင် ထိပ်တိုက် ရင်ဆိုင်နိုင်လောက်ပြီဟု ထင်မှတ်ရလေသည်။

"သေစမ်း... အခြေခံစွမ်းရည် တွေက ဒီလောက်တောင် ကြောက်စရာ ကောင်းသွားတာလား..."

ကျိုးဟန် သည် သူ၏ ကိုယ်ပိုင် အချက်အလက် မျက်နှာပြင်ကို တစ်ချက် ကြည့်ရှုလိုက်ရာ သူကိုယ်တိုင်ပင် အနည်းငယ် တုန်လှုပ်သွားရလေသည်။

လက်ရှိတွင် သွေးပမာဏမှာ ဘီလီယံ တစ်ရာ ကျော်လွန်သွားခဲ့ပြီး တိုက်ခိုက်မှုစွမ်းအားမှာ ၃ ဘီလီယံ ကျော်အထိ ရောက်ရှိသွားခဲ့လေပြီ။

ဤသည်မှာ အခြေခံစွမ်းရည် များ သက်သက်သာ ရှိသေးပြီး တိုက်ပွဲဝင် အခြေအနေ ရောက်ရှိမှသာ အသက်သွင်းနိုင်မည့် အခြားသော အခြေခံစွမ်းရည် အချို့လည်း ရှိနေသေးသည်။

ထို့အပြင် ထိခိုက်ပျက်စီးမှုများ တိုးတက်လာခြင်းကိုလည်း ဖော်ပြထားမည် မဟုတ်ချေ။

ထို့ကြောင့် အစစ်အမှန် တိုက်ခိုက်ရေးစွမ်းအား မှာ အချက်အလက် မျက်နှာပြင်ပေါ်တွင် ဖော်ပြထားသည်ထက် များစွာ ပိုမို အစွမ်းထက်နေမည်မှာ သေချာလှပေသည်။

All Chapters