← Chapters

အခန်း ၇၆၇

Vol. 52 Ch. 767

အခန်း ၇၆၇

Vol. 52 Ch. 767

အပိုင်း ၇၆၇ : ယဲ့ချန်း၏ ဂုဏ်သတင်း

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

"ဒီပုလဲသစ်သီးက အဲဒီလောက်တောင် ကောင်းနေမှတော့ ခင်ဗျားလည်း နည်းနည်းလောက် ယူစားပါလား။ ဒီမှာ ကျန်နေသေးတာပဲ။ အန်တီဖန်းတို့လည်း အကုန်စားနိုင်မယ် မထင်ဘူး။ ပုပ်သွားရင် နှမြောစရာကြီး မဟုတ်ဘူးလား"

ထိုစကားကို ကြားသောအခါ ဒါရိုက်တာကျိုးက အမြန်ငြင်းလိုက်၏။

"ဒီလောက်ရှားပါးတဲ့အသီးကို ကျွန်တော်က ဘယ်လိုလုပ် ယူရက်မှာလဲ"

'အလုပ်မလုပ်ဘဲ အကျိုးခံစားခွင့်မရှိ'ဟူသည့် စကားအတိုင်း သူ့အနေနှင့် သူတစ်ပါး၏ပစ္စည်းကို ယူစရာ အကြောင်းမရှိပေ။

"ဒီရက်ပိုင်း အန်တီ့ကျန်းမာရေးအတွက် ခင်ဗျားရဲ့အကူအညီတွေ ခဏခဏလိုဦးမှာမို့ ခင်ဗျားကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးတဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ"

ယဲ့ချန်းက ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်လေသည်။

ယဲ့ချန်း၏ စကားအရ ဒါရိုက်တာကျိုးက သစ်သီးကို လက်ခံလိုက်လျှင်ပင် ဝန်လေးစရာ မလိုတော့ပေ။

"ဒါဆိုလည်း ကျေးဇူးတင်ပါတယ်။ ညီလေးက ဒီလိုပြောနေမှတော့ ဆက်ငြင်းနေရင် မသင့်တော်တော့ဘူး"

ဒါရိုက်တာကျိုးက ခေါင်းညိတ်၍ ပြုံးလျက် ပြောလိုက်သည်။

ထို့နောက် သူက အိတ်ထဲမှ သစ်သီးနှစ်လုံးကို ထုတ်ယူလိုက်သည်။ ပုလဲသစ်သီးမှာ အလွန်ရှားပါးလွန်းသဖြင့် သည့်ထက်ပိုယူရန် သူ အားနာနေမိသည်။

"နှစ်လုံးတည်းဆိုတော့ အရမ်းနည်းလွန်းပါတယ်။ နောက်ထပ် နည်းနည်းလောက် ထပ်ယူပါလား"

ယဲ့ချန်းက အိတ်ကို ဒါရိုက်တာကျိုးထံသို့ ကမ်းပေးလိုက်သည်။

ဒါရိုက်တာကျိုးက ကျေနပ်အားရစွာ ပြောလိုက်သည်။

"တော်ပါပြီ။ တော်ပါပြီ။ နှစ်လုံးဆိုရင်ပဲ တော်တော်ကောင်းနေပါပြီ။ ညီလေးကြောင့်သာ မဟုတ်ရင် ငါ ပုလဲသစ်သီးကို ထပ်စားခွင့်ရတော့မှာ မဟုတ်ဘူး"

ဒါရိုက်တာကျိုး၏ သဘောထားကို မြင်သောအခါ ယဲ့ချန်းက ထပ်တိုက်တွန်းနေလျှင်လည်း အလကားဖြစ်မည်ကို သိသဖြင့် ဘာမှဆက်မပြောတော့ပေ။

"ညီလေး၊... မင်းနာမည် ဘယ်လိုခေါ်လဲဆိုတာတောင် ငါ မသိရသေးဘူး"

ဒါရိုက်တာကျိုးက ပြုံးလျက် မေးလိုက်သည်။

"ယဲ့ချန်းပါ"

"မစ္စတာယဲ့နဲ့ သူငယ်ချင်း ဖြစ်လို့ရမလား"

ဒါရိုက်တာကျိုးက ရယ်မောကာ မေးလိုက်သည်။ သူ့ရှေ့ရှိ လူငယ်လေးက သာမန်လူမဟုတ်ကြောင်း အတပ်သိသဖြင့် သူငယ်ချင်းဖြစ်ခွင့်ရလျှင် သူ့အသက်မွေးဝမ်းကျောင်း တိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်မည်ဟု စိတ်ထဲတွင် တွေးလိုက်လေသည်။

"ရပါတယ်"

ယဲ့ချန်းကလည်း ခေါင်းညိတ်လျက် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် မစ္စတာယဲ့"

ဒါရိုက်တာကျိုးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ဒါရိုက်တာကျိုး၏ လက်ထဲရှိ ပုလဲသစ်သီးနှစ်လုံးကို ကြည့်ရင်း လူလတ်ပိုင်းအရွယ် သူဌေးမကြီးမှာ မနာလိုဖြစ်သွားသည်။

ယဲ့ချန်းဟုခေါ်သော ဤလူငယ်လေးက ဒါရိုက်တာကျိုးကို ပုလဲသစ်သီး ပေးနိုင်သည်ဖြစ်ရာ သူ(မ)ကိုလည်း သေချာပေါက် ပေးနိုင်လိမ့်မည်ဟု ထင်နေချေသည်။

သို့သော် ယဲ့ချန်းက သူ(မ)ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ဒါရိုက်တာကျိုးအား ပြောလိုက်သည်။

"ဒီသစ်သီးက အပြင်ပန်းကြည့်ရင် သိပ်မလှပေမဲ့ သူဌေးပေါက်စတွေက သိလောက်မယ့်အသီးမျိုးတော့ မဟုတ်ဘူး"

ယဲ့ချန်း၏ စကားကို ကြားသောအခါ လူလတ်ပိုင်းအရွယ် သူဌေးမကြီးက မျက်ခုံးပင့်လိုက်လေသည်။

"ဒါရိုက်တာကျိုး... ကျွန်မရဲ့ခွဲစိတ်မှုက ဘယ်တော့လုပ်မှာလဲ"

ဒါရိုက်တာကျိုးက ပြန်​ဖြေလေသည်။

"ခဏလောက် စောင့်ပါဦး"

ထို့နောက် ဒါရိုက်တာကျိုးက ပြောလိုက်၏။

"အန်တီဖန်း... ခင်ဗျားရဲ့ ခွဲစိတ်မှုကို မနက်ဖြန်လုပ်ဖို့ စီစဉ်ထားပါတယ်"

ဒါရိုက်တာကျိုး၏ စကားကို ကြားသောအခါ အနီးရှိ သူဌေးမကြီးမှာ မကျေမနပ်ဖြစ်သွားသည်။

"မနက်ဖြန်ခွဲစိတ်မှုက ကျွန်မအတွက် မဟုတ်ဘူးလား"

ဒါရိုက်တာကျိုးက သူ(မ)ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

"တောင်းပန်ပါတယ်။ အပြောင်းအလဲလေးနည်းနည်း ရှိလို့ပါ။ ခွဲစိတ်မှုတွေ အများကြီး စီစဉ်ထားရတော့ ခင်ဗျား စောင့်ရပါလိမ့်မယ်"

ဒါရိုက်တာကျိုး၏ စကားကို ကြားပြီးနောက် ထိုသူဌေးမကြီးခမျည ဆွံ့အသွားလေတော့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဒါရိုက်တာကျိုး ဖန်းသားအမိကို ဤစကားမျိုး ပြောခဲ့စဉ်က သူ(မ) ဝမ်းသာနေခဲ့သည်။

မထင်မှတ်ထားပါဘဲ ယခု သူ(မ)အလှည့် ရောက်လာလေပြီ။

"ဒါဆို ဘယ်လိုလုပ်မလဲ။ ရှင်တို့ အရမ်းလွန်လွန်းနေပြီ။ ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရက်ရတာလဲ"

သူဌေးမကြီးက ပြောလိုက်သည်။

ဒါရိုက်တာကျိုးကမူ အေးစက်စက်လေသံဖြင့် ​ခွန်းတုံ့ပြန်လိုက်၏။

"တောင်းပန်ပါတယ်။ ကျွန်တော်တို့က အစဉ်လိုက်အတိုင်း လုပ်တာပါ။ အန်တီဖန်းက ခင်ဗျားထက် အရင်ရောက်လာတာ အမှန်ပဲလေ"

"ဒါပေမဲ့ ကျွန်မသားက ကျွန်မရဲ့ခွဲစိတ်မှုကို စောစောလုပ်ဖို့ အရင်ကြိုပြောထားပြီးသားလေ"

ဒါရိုက်တာကျိုးက သူ(မ)ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"တောင်းပန်ပါတယ်။ ဘယ်သူက အရင်ပြောပြော အခုတော့ အဲဒါက အလုပ်မဖြစ်တော့ဘူး"

ဟာသပဲ... ယဲ့ချန်းက ဒီလိုသစ်သီးမျိုးကို ယူလာနိုင်မှတော့ သာမန်လူမဟုတ်တာ သေချာတယ်လေ။ ဒီလိုအရေးပါတဲ့လူကို သူက ဘယ်လိုလုပ် သွားစော်ကားရဲမှာလဲ။

ဒါရိုက်တာကျိုး၏ စကားကို ကြားသောအခါ သူဌေးမကြီးမှာ ဒေါသထွက်သွားသည်။

"ဟွန့်... ငါ့သားက တော်တော် အရည်အချင်းရှိတဲ့လူနော်။ နင်တို့ စောင့်ကြည့်နေလိုက်"

ထိုသို့ပြောပြီးနောက် သူ(မ)က ဖုန်းထုတ်လိုက်လေသည်။

"သား... အမေ မနက်ဖြန် ခွဲစိတ်ရမှာကို ဒါရိုက်တာကျိုးက တခြားလူနဲ့ အစားထိုးလိုက်တယ်။ အမေ့အတွက် လူတစ်ယောက်လောက် ရှာပေးစမ်းပါ။ အမေ ဒီဆေးရုံမှာ တစ်ရက်တောင် ဆက်မနေချင်တော့ဘူး"

"ဘာလို့ အဲလိုဖြစ်ရတာလဲ အမေ။ စိတ်မပူပါနဲ့။ ကျွန်တော် ဖုန်းနည်းနည်းလောက် ဆက်လိုက်ပါ့မယ်"

ဖုန်းချပြီးနောက် သူဌေးမကြီးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။

"ငါ့သားက ဆေးရုံအုပ်ချုပ်ရေးပိုင်းကို ဆက်သွယ်လိုက်ပြီ။ မကြာခင် နင့်အထက်လူကြီးဆီက ဖုန်းဝင်လာလိမ့်မယ်"

ယဲ့ချန်းက ခပ်ဖွဖွသာ ပြုံးပြီး ဘာမှမပြောပေ။

သိပ်မကြာခင်မှာပင် ဒါရိုက်တာကျိုး၏ ဖုန်းက အသံမြည်လာသည်။

ဒါရိုက်တာကျိုး၏ ဖုန်းမြည်လာသည်ကို မြင်သောအခါ သူဌေးမကြီးက လှောင်ပြောင်လိုက်၏။

"ဖုန်းမြန်မြန်ကိုင်လိုက်လေ။ ရှင်တို့ ဆေးရုံအုပ်ချုပ်ရေးပိုင်းက ဖြစ်မှာပေါ့"

ဒါရိုက်တာကျိုးလည်း မျက်မှောင်ကြုတ်လျက် ဖုန်းကိုင်လိုက်လေရာ တစ်ဖက်က အသံတစ်သံ ထွက်ပေါ်လာသည်။

"ရှောင်ကျိုး... မင်းတို့လူနာခန်းက လူနာရှင်တစ်ယောက်ရဲ့ ခွဲစိတ်မှု နှောင့်နှေးနေတယ်ဆို။ သူ့သားက ငါ့မိတ်ဆွေကွ။ သူ့ကို အရင်စီစဉ်ပေးလိုက်ပါ"

"လက်ထောက်ဒါရိုက်တာချန်း... သူတို့လူနာခန်းမှာ အခြေအနေပိုဆိုးပြီး ခွဲစိတ်မှုကို အရေးတကြီးလိုအပ်နေတဲ့ လူနာတစ်ယောက် ရှိနေလို့ပါ"

"ရှောင်ကျိုး... မင်းက အခု ငါပြောတာကိုတောင် နားမထောင်တော့ဘူးပေါ့လေ"

ဒါရိုက်တာကျိုး ဖုန်းပြောနေသည်ကို ကြားသောအခါ သူဌေးမကြီးမှာ တစ်ဖန်မာနထောင်လွှားလာပြန်သည်။

"မြင်တယ်မလား။ ငါ့သားက အရမ်း ဩဇာကြီးတာ။ ဆေးရုံအုပ်တွေဘာတွေနဲ့တောင် ခဏခဏ ထမင်းအတူစားနေရတာ။ နင်တို့ စောင့်သာကြည့်နေလိုက်"

ထိုအချိန်တွင် ယဲ့ချန်းက ဒါရိုက်တာကျိုးနားသို့ လျှောက်သွားပြီး မေးလိုက်သည်။

"ဖုန်းဆက်တာ ဘယ်သူလဲ"

ဒါရိုက်တာကျိုးကလည်း ယဲ့ချန်းကို တစ်ချက်ကြည့်ကာ အနည်းငယ်တုံ့ဆိုင်းစွာ ပြန်ဖြေလိုက်၏။

"လက်ထောက်ဒါရိုက်တာချန်းပါ"

ယဲ့ချန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

"ကျွန်တော့်ကို ဖုန်းပေးပါ"

ဒါရိုက်တာကျိုးခမျာ ခဏရပ်တန့်သွားသော်လည်း ယဲ့ချန်းထံသို့ ဖုန်းကမ်းပေးလိုက်သည်။

ယဲ့ချန်းက ဖုန်းယူ၍ တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ဌာနမှူးချန်း... ကျွန်တော် ယဲ့ချန်းပါ"

"ဥက္ကဋ္ဌယဲ့လား။ ဘယ်လိုလုပ်ပြီး ဥက္ကဋ္ဌယဲ့ ဖြစ်နေရတာလဲ"

တစ်ဖက်ရှိ အသံမှာ ချက်ချင်းဆိုသလို ပိုရိုသေလေးစားသွားသည်။

ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ကျွန်တော့်မိတ်ဆွေက ဆေးရုံမှာ တက်နေတာ။ မနက်ဖြန်ခွဲစိတ်ဖို့ စီစဉ်ထားတာလေ။ အခု ခင်ဗျားက ဒါရိုက်တာကျိုးကို တခြားတစ်ယောက်နဲ့ အစားထိုးခိုင်းလိုက်တယ်လို့ ကြားလိုက်တယ်"

ယဲ့ချန်း၏ စကားကို ကြားပြီးနောက် တစ်ဖက်ရှိ ဌာနမှူးချန်းခမျာ ချွေးစေးများပင် ပြန်သွားတော့သည်။

သူဌေးမကြီး၏ သားမှာ သူ၏ သာမန်မိတ်ဆွေတစ်ယောက်သာ ဖြစ်သဖြင့် ကူညီပေးရန် ကြိုးစားရုံမျှသာ။

သို့သော် တစ်ဖက်တွင်မူ ယဲ့ချန်းကဲ့သို့ အရေးပါသောပုဂ္ဂိုလ် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားပေ။

ဤသည်မှာ သူ အပြစ်မလုပ်ရဲသည့် လူတစ်ယောက် ဖြစ်နေချေသည်။

ဌာနမှူးချန်းလည်း နေရခက်ဟန်ဖြင့် ပြောလိုက်လေသည်။

"မဟုတ်ပါဘူး။ အဲဒီလိုမဟုတ်ပါဘူး။ အဲဒါ ဥက္ကဋ္ဌယဲ့ရဲ့မိတ်ဆွေမှန်း ကျွန်တော် မသိလို့ပါ။ ဒီနေ့ပဲ ကျွန်တော်ကိုယ်တိုင် ခွဲစိတ်ဖို့ စီစဉ်ပေးပါ့မယ်။ ဥက္ကဋ္ဌယဲ့ရဲ့မိတ်ဆွေကို ကျွန်တော်ကိုယ်တိုင် ခွဲစိတ်ပေးပါ့မယ်"

ယဲ့ချန်းကလည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်၏။

"ဒါဆိုလည်း ဌာနမှူးချန်းကို ပြဿနာပေးမိပါပြီ"

ထို့နောက် ယဲ့ချန်းက ဒါရိုက်တာကျိုးထံသို့ ဖုန်းပြန်ပေးလိုက်သည်။

"ဒါရိုက်တာကျိုး... ခွဲစိတ်ဖို့ ချက်ချင်းပြင်ဆင်ထားပါ။ အန်တီဖန်းကို ကိုယ်တိုင်ခွဲစိတ်ပေးဖို့ အခုချက်ချင်း ဆေးရုံကို ပြန်လာခဲ့မယ်"

"ဗျာ"

ဒါရိုက်တာကျိုးမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"ဌာနမှူးချန်း... ခင်ဗျား ကျိုတိုမြို့မှာ ဆေးပညာညီလာခံတက်နေတာ မဟုတ်ဘူးလား"

"လူနာတွေနဲ့ ယှဉ်လိုက်ရင် ညီလာခံက ဘာအရေးကြီးလို့လဲ"

တစ်ဖက်ရှိ ဌာနမှူးက ဖြောင့်မတ်မှန်ကန်သော လေသံဖြင့် တုံ့ပြန်လာသည်။

ဒါရိုက်တာကျိုးခမျာ အံ့ဩမှင်တက်သွားလေတော့သည်။

ခုနတုန်းက ခင်ဗျား အဲဒီလိုမပြောခဲ့ပါဘူး။

ယဲ့ချန်းထံသို့ အကြည့်ရောက်သွားသောအခါ သူ ပို၍ပင် အံ့ဩသွားရသည်။

ကျိုတိုတွင် ရောက်နေသော ဌာနမှူးချန်းကို သူ့မိတ်ဆွေအား ခွဲစိတ်ပေးရန်အတွက် ညတွင်းချင်းပြန်လာအောင် လုပ်နိုင်စွမ်းရှိသည့် ဤလူငယ်လေးက မည်သူများ ဖြစ်နေမည်နည်း။

"ကောင်းပါပြီ ဌာနမှူးချန်း... ကျွန်တော် ချက်ချင်း ပြင်ဆင်ထားလိုက်ပါ့မယ်"

ဖုန်းချပြီးနောက် သူဌေးမကြီးက တခစ်ခစ်ရယ်မောလိုက်၏။

"ဒါရိုက်တာကျိုး... အခုတော့ ကျွန်မရဲ့ ခွဲစိတ်မှုကို လုပ်ပေးလို့ရပြီမလား"

ဒါရိုက်တာကျိုးက တည်ငြိမ်စွာ ပြောလိုက်လေသည်။

"တောင်းပန်ပါတယ်။ တန်းစီထားတဲ့ အစီအစဉ်အရဆိုရင် ခင်ဗျားက နောက်တစ်လလောက်မှ ခွဲရမှာပါ"

ထို့နောက် ဒါရိုက်တာကျိုးက အမျိုးသမီးဖန်းအား ယဉ်ကျေးစွာ ပြောလိုက်လေသည်။

"အန်တီဖန်း... ကျေးဇူးပြုပြီး ပြင်ဆင်ထားပေးပါ။ ဒီည ခင်ဗျားကို ခွဲစိတ်ပေးပါ့မယ်"

••••••••••••••••••••••••••

All Chapters