← Chapters

အခန်း ၇၇၃

Vol. 52 Ch. 773

အခန်း ၇၇၃

Vol. 52 Ch. 773

အပိုင်း ၇၇၃ : မုသားများကြားက ဘဝ

ဟောက်ကျန့်မှာ ယဲ့ချန်းလို လူကုံထံတစ်ယောက်နှင့် သွားပတ်သက်မိသဖြင့် အကြီးအကျယ် နောင်တရနေတော့သည်။ ယခုဆိုလျှင် ​ဂဏန်းခြောက်လုံးရှိသည့် လစာကောင်းသော အလုပ်ပါ ဆုံးရှုံးလိုက်ရချေပြီ။

သို့သော် ဤသည်မှာ အဆိုးဆုံးမဟုတ်သေးပေ။ သူ့ကို ပိုပြီးစိတ်ပျက်အားငယ်စေသည့်အရာမှာ သူ့ကောင်မလေးချန်းကျားကျား ဆက်ပြောလိုက်သည့် စကားပင်။

"ဟောက်ကျန့်... ဒီအတောအတွင်း ကျွန်မကို ဂရုစိုက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ အခုမှပဲ ကျွန်မတကယ်ချစ်တာ ယဲ့ချန်းဆိုတာ သဘောပေါက်သွားတော့တယ်။ ကျွန်မတို့ လမ်းခွဲကြရအောင်"

ချန်းကျားကျားက ဟောက်ကျန့်ကို ပြုံးပြုံးလေး ပြောလိုက်သည်။

ဒီတော့ သူက တစ်ချိန်လုံး အပိုလူအဖြစ် နေခဲ့ရတာပေါ့။

ချန်းကျားကျားမှာ ယဲ့ချန်းက ယွမ်ဘီလျံချီသော ငွေကြေးများကို စီမံခန့်ခွဲနေကြောင်း ကြားလိုက်ရကတည်းက သူသည် သူဌေးတစ်ယောက်ဖြစ်ကြောင်း အတပ်သိသွားလေသည်။

ဟောက်ကျန့်ကတော့ ဤစကားကို ကြားပြီးနောက် ကြောင်အမ်းသွားသည်။ ချန်းကျားကျားက ဤမျှအထိ အပြောင်းအလဲမြန်လိမ့်မည်ဟု သူ မတွေးထားပေ။

စောစောကပင် သူ(မ) ယဲ့ချန်းကို အထင်သေးနေခဲ့သည်။ ယခုမှ ရုတ်တရက်ကြီး သူ့ကို လိုက်ဖားနေချေသည်။

ချန်းကျားကျားက ယဲ့ချန်းကို ကြည့်ပြီး ပြောလိုက်လေသည်။

"ယဲ့ချန်း... တကယ်တော့ ငါ နင့်ကို ချစ်တာပါ။ အရင်က နင်နဲ့မတွဲခဲ့တာက နင့်ကို ပိုကြိုးစားလာစေချင်လို့ပါ"

သူ(မ)၏ ရင်ထဲတွင်မူ အလွန်နောင်တရနေမိသည်။ အကယ်၍ ယဲ့ချန်းသာ ဤမျှအထိ ချမ်းသာမှန်းသိခဲ့ပါက တက္ကသိုလ်တက်တုန်းကတည်းက သူ့ကို အရယူခဲ့မည်ဖြစ်၏။

ယဲ့ချန်းမှာ သူ့ရှေ့ရှိ ကောက်ကျစ်စဉ်းလဲသော မိန်းကလေး၏ စကားကို နားထောင်ရင်း တွေးလိုက်မိသည်။

"ငါ မင်းကို မျက်နှာသာပေးတာ လွန်သွားပုံရတယ်"

"ချန်းကျားကျား.. ငါ အပြတ်ပြောလိုက်မယ်။ အဲဒီတုန်းက မင်းနဲ့မတွဲချင်ခဲ့တာ ငါကွ။ ဟုတ်ပြီလား"

ယဲ့ချန်းလည်း သည်းမခံနိုင်တော့သဖြင့် အမှန်တရားကို ဖွင့်ချလိုက်သည်။

ချန်းကျားကျားခမျာ ယဲ့ချန်းက လူအများကြီးရှေ့တွင် အမှန်တရားကို ဘွင်းဘွင်းကြီးပြောချလိုက်လိမ့်မည်ဟု မထင်ထားသောကြောင့် အလွန်ရှက်သွားသည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဟောက်ကျန့်မှာ ပိုစိတ်ထိခိုက်သွားရသည်။ သူသည် ချန်းကျားကျား၏လှည့်စားမှုကို ခံနေရခြင်းဖြစ်ကြောင်း တစ်ခါမှ မတွေးမိခဲ့ပေ။

တက္ကသိုလ်တက်စဉ်တုန်းက မိန်းကလေးများအားလုံးက ယဲ့ချန်းကို တကယ်သဘောကျခဲ့ကြသည်။

သို့သော် ချန်းကျားကျားက သူ့ကောင်မလေး ဖြစ်လာခဲ့သဖြင့် သူ တွေးမရဖြစ်ခဲ့ရသည်။

ချန်းကျားကျားသည် တက္ကသိုလ်တုန်းကတည်းက သူ့ကို သဘောကျခဲ့သည်ဟု အမြဲပြောခဲ့သော်ငြား

ယခုတော့ ထိုစကားများက အလိမ်အညာများ ဖြစ်နေလေပြီ။

ယခုမှသာ ချန်းကျားကျားက ယဲ့ချန်းထံမှ အငြင်းခံခဲ့ရသဖြင့် သူ့ကို အစားထိုးရွေးချယ်ခဲ့ကြောင်း၊ အဓိကကတော့ သူ့ပိုက်ဆံကို မျက်စိကျခဲ့ကြောင်း သူ သိလိုက်ရသည်။

ဟောက်ကျန့်ခမျာ အခြေအနေနှင့် နေရာဒေသကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သောင်းကျန်းတော့သည်။

"ချန်းကျားကျား...မင်းကြိုက်တာ ငါလို့ ပြောခဲ့တာမဟုတ်လား။ ပြီးတော့ ယဲ့ချန်းကို ဖြတ်ခဲ့တာလည်း မင်းပဲဆို"

"ကျွန်မ... ကျွန်မ..."

ချန်းကျားကျားတစ်ယောက် စကားများ ထစ်အကုန်သည်။

သူ(မ)လည်း ယခုအချိန်တွင် ဘယ်လိုရှင်းပြရမှန်း တကယ်မသိတော့ပေ။

"ဒီမိန်းမယုတ်... နင်က ငါ့ကို တစ်ချိန်လုံး လှည့်စားရဲတယ်ပေါ့။ ငါကတော့ နင့်ကို ရတနာတစ်ခုလို တန်ဖိုးထားခဲ့တာ"

ဟောက်ကျန့်က ချန်းကျားကျား၏ပါးကို ဒေါသတကြီးရိုက်ရန် လက်မြှောက်လိုက်သည်။

ချန်းကျားကျား၏ မျက်နှာနှင့် လက်ဝါးက ငါးစင်တီမီတာလောက်သာ ကွာတော့သည့်အချိန်မှာပင် ဟောက်ကျန့်၏ လက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်က ဖမ်းဆုပ်ထားလိုက်သည်။

သူ ဘယ်လောက်ရုန်းရုန်း မလွတ်ပေ။

"ယဲ့ချန်း... ငါ့လက်ကို လွှတ်စမ်း။ ဒါက ငါနဲ့ ဒီမိန်းမကြားက ကိစ္စ။ မင်းနဲ့ ဘာမှမဆိုင်ဘူး"

ဟောက်ကျန့်ခမျာ နာကျင်လွန်း၍ ချွေးစေးများ အရွှဲသားဖြင့် အော်ဟစ်လိုက်သည်။

"မင်းပြောတာ မှန်ပါတယ်။ ဒါက မင်းတို့နှစ်ယောက်ကိစ္စ။ ဒါပေမဲ့ ယောက်ျားတွေက မိန်းမတစ်ယောက်ကို လက်ပါတာကိုတော့ ငါ ကြည့်မရဘူး"

ယဲ့ချန်းက အေးစက်စွာ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူက လက်ကို လွှတ်လိုက်ပြီး ဟောက်ကျန့်၏ ပါးကို ဖြတ်ရိုက်လိုက်သည်။

ရိုက်ချက်ပြင်းထန်မှုကြောင့် ဟောက်ကျန့်ခမျာ ဟန်ချက်ပျက်ပြီး ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားတော့သည်။

ဘေးပတ်ဝန်းကျင်ရှိ လူများ၏ လှောင်ပြောင်သရော်လေဟန် အမူအရာများကို မြင်လိုက်ရသောအခါ ဟောက်ကျန့်၏ မျက်နှာကား ခရမ်းချဉ်သီးမှည့်လို ရဲတောက်သွားသည်။

"ကျေးဇူးတင်ပါတယ် ယဲ့ချန်း"

ချန်းကျားကျားကမူ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ယဲ့ချန်းက သူ(မ)အတွက် ရပ်တည်ပြီး ဟောက်ကျန့်ကို ပါးရိုက်ပေးခဲ့ကြောင်းမြင်သော် ချန်းကျားကျား၏ ရင်ထဲဝယ် နွေးထွေးမှုတစ်ခု ဖြတ်ပြေးသွားသည်။

ထို့နောက် သူ(မ)၏ မျက်နှာလှလှလေးက ရှက်သွေးဖြန်းကာ နီမြန်းသွားသည်။

"ယဲ့ချန်း..ငါ နင့်ရဲ့ကောင်မလေး ဖြစ်ခွင့်ရှိမလား"

"ခုနက ငါ့အပြုအမူကြောင့် တစ်ခုခု နားလည်မှုလွဲသွားရင် တောင်းပန်ပါတယ်။ ငါက ယောက်ျားတွေ မိန်းမကိုရိုက်တာ ကြည့်မရရုံပဲ။ ပြီးတော့ ငါ့မှာ အသက်ထက်ချစ်ရတဲ့သူ ရှိပြီးသားပါ"

ယဲ့ချန်းက ချန်းကျားကျားကို လှည့်တောင်မကြည့်ဘဲ ပြောလိုက်ပြီးနောက် ချစ်မြတ်နိုးလှသော အကြည့်များဖြင့် စုဝမ်ယိကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။

စုဝမ်ယိ၏ မျက်နှာလေးမှာ နီမြန်းသွားလေသည်။

"လူယုတ်မာကြီး... လူတွေအများကြီးရှေ့မှာ လာရိုပြနေတယ်"

ထိုသို့ပြောရင်း သူ(မ)က ယဲ့ချန်း၏ခါးကို အားရပါးရ ဆွဲဆိတ်လိုက်လေသည်။

ယဲ့ချန်းကလည်း နာသွားလေဟန်လုပ်ပြရင်း စုဝမ်ယိကို သူ့ရင်ခွင်ထဲသို့ ပိုတိုး၍ ဆွဲဖက်လိုက်သည်။

ထို့ကြောင့် စုဝမ်ယိမှာ ပိုရှက်သွားပြီး ယဲ့ချန်း၏ ခွန်အားအောက်က ရုန်းမထွက်နိုင်တော့ပေ။

"ရပါတယ်။ နင့်ချစ်သူအဖြစ်ပဲ နေရနေရပါ"

ချန်းကျားကျားက ဇွတ်အတင်းပြောပြန်သည်။

ယဲ့ချန်းက အေးစက်ခက်ထန်စွာ ပြောလိုက်လေသည်။

"မင်းက အဲဒီလိုနေရာမျိုးနဲ့တောင် မတန်ဘူး"

ထို့နောက် သူက စုဝမ်ယိကိုခေါ်ကာ ကော်ဖီဆိုင်ထဲက ထွက်သွားလေတော့သည်။

ယဲ့ချန်း ထွက်သွားသည်ကို မြင်သောအခါ ချန်းကျားကျားလည်း အနောက်က အလောတကြီး လိုက်သွားသည်။

"ယဲ့ချန်း.. နေပါဦး။ ငါ့ကိုစောင့်ဦးလေ"

ချန်းကျားကျားက သူ(မ)၏ သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ပေ။

ချန်းကျားကျားက ယဲ့ချန်း၏ အမြှောင်မယားအဖြစ်နေဖို့ပင် ဝန်မလေးကြောင်း မြင်လိုက်ရသောအခါ ဟောက်ကျန့်၏ ရင်ထဲဝယ် မနာလိုဝန်တိုစိတ်များ တလိပ်လိပ်တက်လာခဲ့သည်။

သူ့ဘဝကြီးက တကယ်အရှုံးသမားဆန်လွန်းလှသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူ ဘယ်လောက်ကြိုးစားကြိုးစား ယဲ့ချန်းကို လုံးဝမမီနိုင်ခဲ့ပေ။

ယခုဆိုလျှင် ​ဂဏန်းခြောက်လုံးရသည့် လစာကောင်းသော အလုပ်လည်း မရှိတော့သလို သူ့ကောင်မလေးကလည်း အခြားသူနောက်ကို လိုက်ပြေးသွားခဲ့ချေပြီ။

စောစောကမှ ဟောက်ကျန့်အပေါ် ဒေါသထွက်နေခဲ့သည့် ဝမ်ယန်ခမျာ ယခုမူ သူ့ကို သနားကရုဏာသက်လေဟန် အကြည့်များနှင့် ကြည့်နေမိတော့သည်။

ဝမ်ယန်က နှစ်သိမ့်လိုက်သည်။

"ဟောက်ကျန့်ရာ.. သူက ပိုက်ဆံပဲကြည့်တတ်တဲ့ မိန်းမတစ်ယောက်ပဲဟာ။ သွားချင်လည်း သွားပါစေ"

ဟောက်ကျန့် တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူက ထပ်ပြောလိုက်သေးသည်။

"မုန်တိုင်းတွေကို မဖြတ်ကျော်ဘဲနဲ့ သက်တံကို ဘယ်လိုမြင်နိုင်မလဲ။ ဘယ်သူမှတော့ မကြိုးစားဘဲနဲ့ အလွယ်တကူ မအောင်မြင်နိုင်ပါဘူး"

ဤစကားစုကို ကြားလိုက်ရသောအခါ ဟောက်ကျန့်မှာ သီချင်းစာသားတစ်ခုလို အလွန်ရင်းနှီးနေသလို ခံစားလိုက်ရသည်။

သူ့ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးနေပြီး သူတစ်ပါးဒုက္ခရောက်သည်ကို ပျော်နေကြသည်မှာ မတရားဘူးဟု တွေးနေမိသည်။

သူ့မှာ ကြွားဝါစရာ ဘာအောင်မြင်မှုများ ရှိလို့လဲ။ သူ့ရဲ့ ဘောင်မဝင်တဲ့ မာန်မာနကြောင့် အလုပ်ပြုတ်ခဲ့ရလေပြီ။

ထို့ပြင် သူ့ကောင်မလေးကလည်း တခြားသူနောက် လိုက်ပြေးသွားသေးသည်။

သူ ရင်ဆိုင်ခဲ့ရသည်မှာ သာမန်မုန်တိုင်းလေလား။ ဟာရီကိန်းမုန်တိုင်းကြီးနှင့် ပိုတူလေသည်။

ဟောက်ကျန့်တစ်ယောက် နောက်နောင် သက်တံကို ဘယ်တော့မှ မြင်တွေ့ရတော့မည် မဟုတ်ကြောင်း သိလိုက်သည်။ ယနေ့ကစပြီး သူ့ဘဝက မှောင်မိုက်သွားရော့မည်။

ရင်ထဲတွင် နောင်တရနေသော်လည်း သူ ဘာတတ်နိုင်ဦးမည်နည်း။ ဤသည်မှာ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရသည့် သဘောပင်။

ဟောက်ကျန့်ကို မထူးခြားသည့် စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပြီးနောက် ဝမ်ယန်က ထွက်ခွာသွားသည်။ အကြီးအကျယ် စိတ်ပျက်အားငယ်နေသော ဟောက်ကျန်းတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။

ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံးကလည်း သူ့ကို လှောင်ပြောင်လေဟန် အကြည့်များဖြင့် ကြည့်နေကြပြီး အချို့ကမူ အတင်းအဖျင်းပင် ပြောလာကြသည်။

"တွေ့လား။ ဝမရှိဘဲ ဝိလုပ်ရင် ဒီလိုပဲဖြစ်တတ်တယ်"

"ကိုယ့်ထက်သာတဲ့လူတွေ အပြင်မှာ အများကြီးရှိသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေတာ။ တကယ်တော့ ကိုယ့်ထက် ဆရာကျတဲ့လူတွေ အများကြီးပဲ"

"အမြဲနှိမ့်ချနေတာ အကောင်းဆုံးပဲ။ မဟုတ်ရင် ဘယ်လိုသေသွားမှန်းတောင် သိမှာမဟုတ်ဘူး"

တီးတိုးပြောသံများကို ကြားလိုက်ရသောအခါ ဟောက်ကျန့်၏ မျက်နှာက ဒေါသကြောင့် ပုံပျက်သွားသည်။

"အားလုံး ပါးစပ်ပိတ်ထားစမ်း။ မင်းတို့က ငါ့ကို ဘာဝေဖန်ပိုင်ခွင့်ရှိလို့လဲ"

စိတ်ပျက်စရာများ ဆက်တိုက်ကြုံတွေ့လိုက်ရပြီးနောက် ဟောက်ကျန့်ခမျာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်း လုံးဝပျောက်ဆုံးသွားလေသည်။

သူ ထိုသို့အော်ဟစ်ပြီးနောက် လူငယ်ငါးယောက်ခြောက်ယောက်ခန့်က သူ့ထံသို့ လျှောက်လာကြသည်။

"မင်းက ငါတို့ကို လာအမိန့်ပေးရဲတယ်ပေါ့လေ။ သေချင်နေတာလား"

ထိုအထဲရှိ ဟွမ်းမောက်က ပြောလိုက်သည်။

"မင်းတို့... မင်းတို့ ဘာလုပ်မလို့လဲ"

ဟောက်ကျန့်မှာ သူ့ရှေ့ရှိ လူများကို ထိတ်လန့်တကြားကြည့်ရင်း မေးလိုက်သည်။

ဗိုလ်ကေညှပ်ထားသည့် နောက်တစ်ယောက်က တဟားဟားရယ်မောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ အပြင်ထွက်ပြီး စကားနည်းနည်းလောက် ပြောရအောင်လို့ပါ"

ထိုသို့ပြောပြီးနောက် သူက သူ့အပေါင်းအဖော်များကို အချက်ပြလိုက်သည်။

"ငါ မသွားချင်ဘူး။ ငါ့ကိုလွှတ်"

ထိုလူငယ်များထံမှ ဆွဲခေါ်ခံလိုက်ရသောအခါ ဟောက်ကျန့် အနည်းငယ် ကြောက်လန့်သွားသည်။

သို့သော် သူတစ်ယောက်တည်းအင်အားဖြင့် ရုန်းကန်ဖို့ မဖြစ်နိုင်သောကြောင့် ကော်ဖီဆိုင်အပြင်ဘက်သို့ ဆွဲထုတ်ခံလိုက်ရတော့သည်။

သို့သော် ဘေးပတ်ဝန်းကျင်ရှိ မည်သူတစ်ဦးတစ်ယောက်မှ ဝင်မတားရဲကြပေ။ အကြောင်းမှာ မည်သူကမှ ပြဿနာမရှာချင်ကြသောကြောင့်ပင်။

ထိုလူစုက ဟောက်ကျန့်ကို လူသူပြတ်လပ်သော လမ်းကြားတစ်ခုထဲသို့ ခေါ်ဆောင်သွားပြီးနောက် ရပ်လိုက်ကြသည်။

"မင်းတို့ ဘာလိုချင်လို့လဲ"

ဟောက်ကျန့်ခမျာ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။

••••••••••••••••••••

All Chapters