← Chapters

အခန်း ၇၇၆

Vol. 52 Ch. 776

အခန်း ၇၇၆

Vol. 52 Ch. 776

အပိုင်း ၇၇၆ : အမြင်သစ်တစ်ခု ရရှိခြင်း

ပြန်ခါနီးဆဲဆဲတွင် ကျောက်ကျယ်က တောင်းပန်တိုးလျှိုးလေဟန် မျက်နှာထားဖြင့် ယဲ့ချန်း၏လက်ကို ရုတ်တရက်ဆုပ်ကိုင်လိုက်သည်။

"မစ္စတာယဲ့... ကျွန်တော့်မှာ တောင်းဆိုစရာလေးတစ်ခု ရှိလို့ပါ။ ခင်ဗျား ကျွန်တော့်ကို ကူညီနိုင်ဖို့ မျှော်လင့်ပါတယ်"

"သခင်လေးကျောက်... ကျွန်တော် ကူညီပေးနိုင်တာရှိရင် အားမနာတမ်းပြောပါ။ သေချာပေါက် ကူညီပေးပါ့မယ်"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

တစ်ဖက်လူက အဖိုးတန်သော ဝိုင်နီကို ယူလာပေးသည်ဖြစ်ရာ ဤအကူအညီကိုတော့ လိုက်လျောပေးသင့်သည်မဟုတ်ပါလော။

ကျောက်ကျယ်က အနည်းငယ် တွန့်ဆုတ်နေပြီးမှ ပြောလိုက်လေသည်။

"တကယ်တော့ ကြီးကြီးမားမားကိစ္စတော့ မဟုတ်ပါဘူး။ မစ္စတာယဲ့အနေနဲ့ ကျွန်တော့်အဖေ့ရှေ့မှာ စကားကောင်းလေး ဝင်ပြောပေးဖို့ပါ။ အဲဒါမှ အဖေက ကျွန်တော့်ကို ပါဆယ်တွေ သွားမပို့ခိုင်းတော့မှာလေ"

"အဲဒါတော့ ကျွန်တော်လည်း တကယ်မတတ်နိုင်ဘူး။ ပြီးတော့ ဥက္ကဋ္ဌကျောက်က နောက်နေတာနေမှာပါ။ သူက ဘယ်လိုလုပ်ပြီး ခင်ဗျားကို ပါဆယ်သွားပို့ခိုင်းရက်မှာလဲ"

ယဲ့ချန်းက စနောက်လေဟန်လေသံဖြင့် ပြောလိုက်သည်။

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ ကျောက်ကျယ်ခမျာ မိမိ၏နောက်ဆုံးမျှော်လင့်ချက်လေးပါ ပျောက်ဆုံးသွားပြီဖြစ်ကြောင်း သိလိုက်သည်။

အိမ်ပြန်ရောက်ချိန် စဉ်းစားကြည့်သောအခါ ယဲ့ချန်းပြောသလို သူ့အဖေက သူ့ကို ခြောက်လှန့်ရုံသက်သက်သာ ဖြစ်နိုင်သည်ဟု တွေးမိသည်။

နောက်တစ်နေ့ ကျောက်ကျယ်နှင့် စွန်းဖန်တို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲမှာပင် ဖခင်ဖြစ်သူထံမှ ဖုန်းခေါ်သံကြောင့် လန့်နိုးလာခဲ့ကြသည်။

နာရီကို ကြည့်လိုက်လေရာ မနက်ရှစ်နာရီကျော်ရုံသာ ရှိသေးသဖြင့် သူတို့ရင်ထဲတွင် ညည်းတွားမိကြသည်။

သူတို့လည်း အင်တင်တင်ဖြင့် အမြန်မျက်နှာသစ်၊ အဝတ်အစားလဲကာ သူတို့အဖေ မှာကြားထားသည့်အတိုင်း မြို့ဟောင်းဆီသို့ ကားမောင်းထွက်လာခဲ့ကြသည်။

မြို့ဟောင်းသို့ ရောက်သွားချိန်ဝယ် ကျောက်ကျယ်နှင့် စွန်းဖန်တို့မှာ အိပ်ချင်မူးတူးဖြစ်နေဆဲပင်။

ကားပေါ်က ဆင်းဆင်းချင်းမှာပင် ကျောက်ကျယ်တစ်ယောက် ထိုနေရာ၌ စောင့်ဆိုင်းနေသော ဖခင်ဖြစ်သူကို တွေ့လိုက်ရသဖြင့် ညည်းညူလိုက်သည်။

"အဖေရာ... ကျွန်တော် ကောင်းကောင်းတောင် မနိုးသေးဘူး"

"အိပ်ချင်သေးတယ် ဟုတ်လား။ နေတောင်ထွက်နေပြီကွ"

ဥက္ကဋ္ဌကျောက်က ဒေါသအပြည့်ဖြင့် ပြောလိုက်သည်။

ကျောက်ကျယ်ခမျာ မျက်လုံးကို ပွတ်သပ်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်လေရာ ပျက်စီးယိုယွင်းနေသော အဆောက်အအုံဟောင်းများကိုသာ တွေ့ရသဖြင့် ဖခင်ဖြစ်သူက သူတို့ကို ဤနေရာသို့ ဘာကြောင့်ခေါ်လာသလဲဟု တွေးနေမိသည်။

မည်သို့ပင်ဖြစ်စေ စောစောထလာရသဖြင့် မနက်စာမစားရသေးသောကြောင့် အရင်ဗိုက်ဖြည့်ရန်သာ တွေးလိုက်သည်။

"အဖေ... ကျွန်တော် မနက်စာ မစားရသေးဘူး။ ဗိုက်ထဲကလည်း တဂွီဂွီမြည်နေပြီ"

ကျောက်ကျယ်ခမျာ သနားကမားမျက်နှာပေးဖြင့် ဖခင်ဖြစ်သူကိုကြည့်ကာ ပြောလိုက်သည်။

"စားဖို့ စားဖို့ပဲ... မင်းကတော့ ဒါပဲသိတယ်"

ထို့နောက် ဥက္ကဋ္ဌကျောက်က ဆက်ပြောပြန်သည်။

"ဒီနေရာမှာ မနက်စာရောင်းတဲ့ဆိုင် ရှိမယ်ထင်နေလား။ မင်းအတွက် ပါဆယ်မှာပေးရမှာလား"

စွန်းဖန်က စကားမပြောဘဲ ငြိမ်နေသော်လည်း ကျောက်ကျယ်ကမူ ပြောလိုက်လေသည်။

"ရတယ်။ ရတယ် မှာပေး"

"မှာပေးရမယ် ဟုတ်လား... အိပ်မက်မက်မနေနဲ့။ ငါပြောထားမယ်။ ဒီနေ့ ငါသတ်မှတ်ထားတဲ့အတိုင်း ပါဆယ်အခုငါးဆယ် သွားမပို့ရင် စားဖို့ လုံးဝမတွေးနဲ့"

ဥက္ကဋ္ဌကျောက်က ခပ်ပြတ်ပြတ် ပြောချလိုက်သည်။

စွန်းဖန်က သူ့အဖေကိုကြည့်ကာ အဖြေရှာရန် ကြိုးစားနေမိသည်။ သူ့အဖေက သူ့ကို ပါဆယ်တကယ်ပို့ခိုင်းလိမ့်မည်ဟု သူ လုံးဝမယုံကြည်နိုင်သေးပေ။

"ဘာကြည့်နေတာလဲ။ မင်းလည်း အတူတူပဲ။ မင်းတို့နှစ်ယောက်က ညီအစ်ကိုတွေလို တတွဲတွဲနေကြတာဆိုတော့ ဥက္ကဋ္ဌယဲ့လိုပဲ ပါဆယ်ပို့ရင်း ဘဝအတွေ့အကြုံသွားယူကြ"

ဥက္ကဋ္ဌစွန်းက တည်တည်တံ့တံ့ ပြောလိုက်သည်။

အဖေဖြစ်သူ၏ စကားကို ကြားပြီးနောက်တွင်မူ စွန်းဖန်တစ်ယောက် အံ့ဩစရာ အလှည့်အပြောင်းများ ဖြစ်မလာတော့ကြောင်းနှင့် သူတို့၏ အဖေက ဘဝအတွေ့အကြုံယူခိုင်းရန် ယတိပြတ်ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

သို့သော် သူတစ်ပါးကို အပြစ်တင်၍မရပေ။ ပုံမှန်အချိန်များတွင် အလုပ်မရှိအားယားနေခဲ့သော မိမိကိုယ်ကိုယ်သာ အပြစ်တင်ရပေမည်။ ယခုမူ သူဌေးသားဘဝမှ ပါဆယ်ပို့သမားဘဝသို့ ကူးပြောင်းရတော့မည်။

ယခုအချိန်တွင်မူ စွန်းဖန်မှာ ဒေါသတကြီးဖြစ်နေသော ကျောက်ကျယ်နှင့်မတူဘဲ မိမိ၏ကံကြမ္မာကိုလက်ခံလိုက်ပြီဖြစ်၏။

ဥက္ကဋ္ဌကျောက်နှင့် ဥက္ကဋ္ဌစွန်းတို့က သူတို့သားများကို ယဲ့ချန်းထံသို့ ခေါ်ဆောင်လာပြီး ပြောလိုက်သည်။

"ဥက္ကဋ္ဌယဲ့... ဒါက ကျွန်တော့်သားပါ။ သူတို့ကို လမ်းညွှန်ပြသပေးပြီး ဘဝအတွေ့အကြုံရအောင် ကူညီပေးပါဦးဗျာ"

ဥက္ကဋ္ဌနှစ်ယောက်စလုံးက သူတို့၏သားများကို ဘဝအတွေ့အကြုံရစေရန် ပါဆယ်တကယ်ပို့ခိုင်းလိမ့်မည်ဟု ယဲ့ချန်းပင် မထင်မှတ်ထားပေ။ သူက နောက်ပြောင်နေခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်းပင်။

သူတို့ အတည်ပေါက်လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း တွေ့ရသဖြင့် ကျောက်ကျယ်နှင့် စွန်းဖန်တို့ကို သူ မစာနာဘဲ မနေနိုင်တော့ပေ။

"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"

"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"

ကျောက်ကျယ်နှင့် စွန်းဖန်တို့လည်း ယဲ့ချန်းကို ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်ကြသည်။

ယဲ့ချန်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။

"မနေ့က သခင်လေးတို့နှစ်ယောက်နဲ့ တွေ့ပြီးသားပါ။ ကျွန်တော်တို့လည်း ရင်းနှီးသွားပါပြီ"

ထို့နောက် ယဲ့ချန်းက ဆက်ပြောပြန်သည်။

"သခင်လေးတို့နှစ်ယောက်က အလိုလိုက်ခံရပြီး ကြီးပြင်းလာကြတာဆိုတော့ ပါဆယ်ပို့ရတဲ့ ဒုက္ခတွေကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူးထင်တယ်။ ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ပါတော့လား"

ထိုစကားကို ကြားသောအခါ ကျောက်ကျယ်လည်း ယဲ့ချန်းက မဆိုးလှကြောင်းနှင့် သူတို့ဘက်က မားမားမတ်မတ် ရပ်တည်ပြောဆိုပေးနေခြင်းဖြစ်ကြောင်းတွေးကာ အလွန်ဝမ်းသာသွားသည်။

စွန်းဖန်လည်း ထပ်တူဝမ်းသာသွားသည်။ သူသည် ကံကြမ္မာကို လက်ခံထားပြီးဖြစ်သော်လည်း ပူပြင်းလှသော နေရောင်အောက်တွင် ပါဆယ်ပတ်ပို့ရမည့်အဖြစ်ကို တွေးမိရုံမျှဖြင့် စိတ်ပျက်စရာ ကောင်းလှပေသည်။

"ဥက္ကဋ္ဌယဲ့... သူတို့အတွက် ပြောပေးနေဖို့ မလိုပါဘူးဗျာ။ သူတို့က စည်းစိမ်တွေနဲ့ နေသားကျနေလို့ပဲ ဘဝရဲ့ ခက်ခဲပင်ပန်းမှုတွေကို သိအောင် ဒုက္ခဒဏ်ကို ခံစားခိုင်းရမှာ"

ဥက္ကဋ္ဌကျောက်က အမြန်ပြောလိုက်သည်။

"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ဒီကောင်တွေက နောက်နောင် ဥက္ကဋ္ဌယဲ့ဆီက အများကြီးသင်ယူရဦးမှာပါ"

ဥက္ကဋ္ဌဟွမ်းကပါ ဝင်ထောက်ခံလိုက်သည်။

ယဲ့ချန်းကမူ ပခုံးတွန့်ပြလိုက်ပြီးနောက် ကျောက်ကျယ်နှင့် စွန်းဖန်တို့ကို စာနာထောက်ထားသော အကြည့်များဖြင့် ကြည့်လိုက်သည်။

သူ တတ်နိုင်သလောက် ကူပြောပေးခဲ့ပြီးပြီဖြစ်သော်လည်း ဥက္ကဋ္ဌနှစ်ယောက်စလုံးက သူတို့၏သားများကို ကြံ့ခိုင်လာစေရန် ဆုံးဖြတ်ထားသဖြင့် သူလည်း ဘာမှထပ်မပြောနိုင်တော့ပေ။

"သင်ယူရမယ်"ဟူသည့် စကားလုံးကို ကြားသောအခါ ကျောက်ကျယ် စိတ်ကူးတစ်ခု ရသွားသည်။ ယဲ့ချန်းထံမှ သင်ယူရမည်ဆိုပါက စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုကို သင်ယူခြင်းသာ ဖြစ်ရမည်။ ပါဆယ်ပို့သည့်အလုပ်နှင့် ဘာဆိုင်သလဲ။

"အဖေ... သင်ယူရမယ်ဆိုရင်လည်း အဖေ့ကုမ္ပဏီမှာ စီးပွားရေးစီမံခန့်ခွဲမှုကို သွားသင်ရမှာလေ။ ဘာလို့ ပါဆယ်သွားပို့နေရမှာလဲ"

ကျောက်ကျယ်က အလောတကြီး မေးလိုက်သည်။

အပြင်ဘက်တွင် အပူချိန်က လေးဆယ်ဒီဂရီကျော်နေလေရာ တစ်နေကုန် လျှောက်သွားနေရပါက သူ အာဖရိကလူမည်းတစ်ယောက်လို အသားမည်းသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ မည်သို့မျက်နှာပြရတော့မည်နည်း။

ကျောက်ကျယ်လည်း မည်သည့်နည်းလမ်းကိုသုံးရသည်ဖြစ်စေ သူ့အဖေအား စိတ်ပြောင်းသွားအောင်လုပ်ရန် အခိုင်အမာ ဆုံးဖြတ်ချက်ချလိုက်သည်။

"ဒီဒုက္ခသေးသေးလေးကိုတောင် မခံနိုင်ရင် မင်း ငါ့ဆီကနေ ဘာသင်ယူနိုင်မှာလဲ။ ဒီလုပ်ငန်းကို မင်းလက်ထဲအပ်လိုက်ရင် မင်း ဖျက်ဆီးပစ်တာနဲ့တင် ကုန်သွားလိမ့်မယ်"

ဥက္ကဋ္ဌကျောက်က မညှာမတာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျောက်ကျယ်ခမျာ သိသိသာသာပင် မကျေမနပ်ဖြစ်သွားသည်။

"ဒါဆို ဥက္ကဋ္ဌယဲ့ကျတော့ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုလုပ်ငန်းကို ဆက်ခံနိုင်ပြီး ကျွန်တော်ကျတော့ ဘာလို့မရရတာလဲ"

မနေ့ကတည်းက ယဲ့ချန်းက အလွန်ငယ်ရွယ်ကြောင်း သိလိုက်ရသဖြင့် ယဲ့ချန်းလည်း ကံကောင်းထောက်မ၍ မိသားစုလုပ်ငန်းကို အမွေဆက်ခံခွင့်ရထားသည့် သူဌေးသားတစ်ယောက်သာ ဖြစ်ရမည်ဟု ကျောက်ကျယ် ထင်မှတ်ထားသည်။

သူ့ဖခင်မှာမူ အလွန်ကပ်စေးနှဲပြီး သူ အသက်နှစ်ဆယ်ကျော်နေပြီဖြစ်သော်လည်း ကုမ္ပဏီကို စီမံခန့်ခွဲခွင့် မပေးသေးပေ။

ဥက္ကဋ္ဌကျောက်က အားမလိုအားမရဖြစ်နေသော မျက်နှာပေးဖြင့် ပြောလိုက်၏။

"ဥက္ကဋ္ဌယဲ့က သူ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ ရီတာ့လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌဖြစ်လာတာကွ။ မင်းလို ငါ့မိသားစုအမွေနည်းနည်းလေးကို အမြဲမျက်စိကျနေတဲ့ကောင် မဟုတ်ဘူး။ မင်းက ဘယ်လိုမျက်နှာနဲ့ ဒီလိုစကားမျိုး ပြောရတာလဲ"

"အဖေပြောတာကို ကျွန်တော်မယုံဘူး။ ကျွန်တော့်ကို လိမ်နေတာပဲဖြစ်ရမယ်"

ကျောက်ကျယ်က သူ့အဖေကို မယုံကြည်နိုင်လေဟန် အကြည့်မျိုးဖြင့် ကြည့်ကာ ပြောလိုက်သည်။

သူ့ကို ပါဆယ်ပို့ခိုင်းရန်အတွက် သူ့အဖေက ဤကဲ့သို့သော မုသားစကားများကိုပင် လုပ်ကြံပြောဆိုနေသည်ဟု ခံစားလိုက်ရသဖြင့် ကျောက်ကျယ်အတွက် လက်ခံရန် ခက်ခဲလှပေသည်။

"သခင်လေးကျောက်... ခင်ဗျားအဖေပြောတာ အမှန်တွေပါ။ ကျွန်တော်ပိုင်ဆိုင်တဲ့ အရာတွေက မိဘတွေပေးထားတာမဟုတ်ပါဘူး။ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနဲ့ ရယူထားတာပါ"

ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ယဲ့ချန်း၏ စကားကို ကြားပြီးနောက် ကျောက်ကျယ်ခမျာ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ ယဲ့ချန်းလို ငယ်ရွယ်သူတစ်ဦးက ဘာနောက်ခံမှမရှိဘဲ ဤမျှကြီးမားသော အောင်မြင်မှုကို ရရှိထားသည်ဟူသော အချက်ကို သူ လုံးဝမယုံနိုင်ချေ။

စကားတစ်လုံးမှ ဝင်မပြောသေးသော စွန်းဖန်က ဆိုလိုက်၏။

"ကျောက်ကျယ်... အဲဒါ အမှန်ပဲ။ ဥက္ကဋ္ဌယဲ့က မိဘတွေကို တကယ်မမှီခိုခဲ့ဘူး။ သူက မိဘအရှိန်အဝါကိုမှီခိုနေတဲ့ ငါတို့လို သူဌေးသားတွေနဲ့မတူဘဲ ကိုယ်တိုင်ကြိုးစားတည်ဆောက်ခဲ့တဲ့ ပထမမျိုးဆက် အောင်မြင်သူအစစ်အမှန်ပဲ"

ဤစကားက ကျောက်ကျယ်ကို နောက်တစ်ကြိမ် ကိုင်လှုပ်လိုက်ပြန်သည်။ စွန်းဖန်က လူငယ်တစ်ယောက်ဖြစ်သော်လည်း ပုံမှန်ဆိုလျှင် စကားပြောဆိုရာတွင် တည်ငြိမ်သည်။

စွန်းဖန်ကိုယ်တိုင်ကပင် ဤသို့ပြောနေပြီဖြစ်ရာ ဤသည်မှာ အမှန်တရားပင်ဖြစ်ရမည်။

"မင်း ဘာလို့ ငါ့ကို စောစောမပြောတာလဲ"

ကျောက်ကျယ်က စွန်းဖန်ကို မကျေမနပ်မျက်နှာထားဖြင့် ကြည့်ကာ မေးလိုက်သည်။

ယနေ့ သူ တကယ်အရှက်ကွဲသွားပြီဟု ခံစားလိုက်ရသည်။ အောင်မြင်နေသော လူငယ်အားလုံးက မိဘအရှိန်အဝါကို မှီခိုကြသည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ဥက္ကဋ္ဌယဲ့ကမူ ခြွင်းချက်ဖြစ်နေလိမ့်မည်ဟု မည်သူသိမည်နည်း။

ဤအဖြစ်ကြောင့် သူ့အသိအမြင်များလည်း တစ်ဖန်ဆန်းသစ်သွားလေတော့သည်။

••••••••••••••••

All Chapters