← Chapters

အခန်း ၇၈၅

Vol. 53 Ch. 785

အခန်း ၇၈၅

Vol. 53 Ch. 785

အပိုင်း ၇၈၅ : အခွင့်အရေးပေါ်လာခြင်း

လျူထျန်းမှာ ယဲ့ချန်းအပေါ် ဟိုတယ်ဝန်ထမ်းများ၏ ဆက်ဆံပုံကို နားမလည်နိုင်ဖြစ်နေသော်လည်း သူ့ကိုတော့ ထုတ်မမေးခဲ့ပေ။

သူတို့နှစ်ယောက်သား ပြတင်းပေါက်နားရှိ ထိုင်ခုံတစ်ခုတွင် ထိုင်နေသော ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားတစ်ယောက်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကြသည်။

ထိုလူသည် သူ(မ)၏ ဘလိုင်းဒိတ်ဖြစ်သော ခန်းကျန့်ဖြစ်ကြောင်း လျူထျန်း သိလိုက်သည်။

ခန်းကျန့်သည် လျူထျန်း လျှောက်လာသည်ကို မြင်လိုက်သော်လည်း သူ(မ)ဘေးရှိ ယဲ့ချန်းကို သတိထားမိသွားသောအခါ မျက်နှာအမူအရာကား ခဏမျှ ပြောင်းလဲသွားသည်။ သို့သော် အလွယ်တကူတော့ သတိထားမိရန် မလွယ်ကူပေ။

"မင်္ဂလာပါ မိန်းကလေးလျူ ကျွန်တော်က ခန်းကျန့်ပါ"

ခန်းကျန့်က မတ်တတ်ထရပ်ကာ လျူထျန်းကို နှုတ်ဆက်လိုက်သည်။

လျူထျန်းက အပြုံးခပ်ဖျော့ဖျော့ဖြင့် ပြောလိုက်၏။

"မင်္ဂလာပါ မစ္စတာခန်း...ကျွန်မရည်းစား ယဲ့ချန်းနဲ့ မိတ်ဆက်ပေးပါရစေ"

လျူထျန်း၏အမေက သူ့ကို ယဲ့ချန်းအကြောင်း ကြိုပြောထားပြီးဖြစ်၍လားမသိ။ ခန်းကျန့်ဘက်က မနှစ်မြို့ဟန်မပြဘဲ အပြုံးကိုသာ ဆက်ထိန်းထားသည်။

"မင်္ဂလာပါ မစ္စတာယဲ့... ထိုင်ပါဦး။ ခင်ဗျားရဲ့ ဝတ်စားဆင်ယင်ပုံကို ကြည့်ရတာ ပါဆယ်ပို့သမား ပဲ ဖြစ်ရမယ်။ ရာသီဥတုဒဏ်ကို အံတုပြီး လုပ်ရတဲ့အလုပ်ဆိုတော့ တော်တော်ပင်ပန်းမှာပဲ။ ပြီးတော့ အမှားလေးနည်းနည်း လုပ်မိတာနဲ့ ဖောက်သည်တွေရဲ့ တိုင်တောတာကို ခံရနိုင်တယ်လေ"

ခန်းကျန့်က စာနာသနားဟန်ဖြင့် ပြောလိုက်သည်။

ယဲ့ချန်းက ဘာမှပြန်မပြောပေ။ ခန်းကျန့်၏ စကားများက ရိုးသားမှုမရှိကြောင်း သူသိထားပြီးဖြစ်လေရာ နောက်ထပ် ဘာဆက်ပြောမလဲဆိုသည်ကိုသာ စောင့်ကြည့်ချင်နေပေသည်။

ခန်းကျန့်က ယဲ့ချန်းကို ပြင်းပြင်းထန်ထန် နှိမ့်ချပြီး လျူထျန်း၏ စိတ်ဝင်စားမှုကို အရယူရန် အစီအစဉ်ဆွဲထားခြင်းပင်။

ပထမဆုံးအကြိမ် မြင်လိုက်ရကတည်းက လျူထျန်းသည် သူ သဘောကျသည့် ပုံစံမျိုးဖြစ်နေချေသည်။ ခန်းကျန့်က အမျိုးသမီးတစ်ယောက်ကို သဘောကျသွားပြီဆိုလျှင် ရအောင်ယူမည်ဟု ဆုံးဖြတ်တတ်သူပင်။

သူက ပြုံးလျက် လျူထျန်းကို ပြောလိုက်၏။

"မိန်းကလေးလျူ... မြင်မြင်ချင်းပဲ ခင်ဗျားကို ကျွန်တော် ချစ်မိသွားပြီ။ ခင်ဗျားက ကျွန်တော် ရှာနေတဲ့လူမျိုးပါ"

ခန်းကျန့်က ထိုသို့ပြောလိုက်ပါက လျူထျန်း၏ သဘောကျမှုကို ရရှိမည်ဟု ထင်ထားသော်လည်း တကယ်တမ်းတွင်မူ ပြောင်းပြန်ဖြစ်သွားလေသည်။

လျူထျန်းက သူ(မ)ရှေ့ရှိ အမျိုးသားကို အလွန် ဟန်ဆောင်ကောင်းသူဟု ထင်မြင်သွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"မစ္စတာခန်း.. တောင်းပန်ပါတယ်။ ရှင့်ပုံစံက ကျွန်မစိတ်ကူးထဲကပုံစံမျိုး မဟုတ်ဘူး"

လျူထျန်း၏ စကားကို ကြားပြီးသည့်တိုင် ခန်းကျန့်က ဆက်ပြုံးထားဆဲပင်။

သူက ယဲ့ချန်းဘက်သို့ လှည့်ကာ ပြောလိုက်၏။

"မစ္စတာယဲ့... ကျွန်တော် အကြံပေးပါရစေ။ မိန်းကလေးလျူနဲ့ လမ်းခွဲလိုက်ပါ။ ခင်ဗျားတို့နှစ်ယောက်ကြားက အဆင့်အတန်းကွာဟချက်က အရမ်းကြီးလွန်းတယ်။ ယောကျ်ားတစ်ယောက်အနေနဲ့ ကိုယ့်ထက်ပိုတော်ပြီး ပိုသာတဲ့ ချစ်သူကောင်မလေးရှိနေတာကို လက်ခံနိုင်မှာ မဟုတ်ဘူးမလား"

"ကျွန်တော်ကတော့ ကိစ္စမရှိပါဘူး"

ယဲ့ချန်းက တည်ငြိမ်စွာ ပြန်ဖြေလေသည်။

ဤမျှအထိ အရိပ်အမြွက်ပြနေသည့်တိုင် နားမလည်ချင်ယောင်ဆောင်နေသေးသည့် ဤလူက တကယ်အရှက်မရှိသည့်လူဟု ခန်းကျန့် စိတ်ထဲက တွေးလိုက်သည်။

"အခုအချိန်မှာ ခင်ဗျား ကိစ္စမရှိဘူးဆိုရင်တောင် ခင်ဗျားတို့နှစ်ယောက်ကြားက ကွာဟချက်က ကြီးမားလွန်းတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ အဆင့်အတန်းတူတဲ့ မိသားစုတွေကြားမှာပဲ ဖြစ်သင့်တာ။ ခင်ဗျားက ဂရုမစိုက်ဘူးဆိုပေမဲ့ မိန်းကလေးလျူက မိန်းကလေးတစ်ယောက်ဆိုတော့ တခြားလူတွေရဲ့အမြင်ကို လျစ်လျူရှုလို့မရဘူးလေ။ သူက ဂရုမစိုက်ဘူးထားဦး။ သူ့မိဘတွေကရော ဘယ်လိုနေမလဲ။ သူတို့အတွက်ရော ခင်ဗျား စဉ်းစားပေးဖူးလား"

"ခင်ဗျားက ငယ်ရွယ်ပြီး ရည်မှန်းချက်မရှိဘူး။ ပါဆယ်ပို့တဲ့ အလုပ်လေးနဲ့ပဲ ရောင့်ရဲနေတယ်။ ဒီအလုပ်ကို ဘယ်လောက်ကြာကြာ ဆက်လုပ်ဖို့ ရည်ရွယ်ထားလဲဆိုတာ ကျွန်တော် သိချင်မိတယ်။ ခင်ဗျားရဲ့ဘဝကို ဒီလိုပုံစံနဲ့ပဲ အချိန်ဖြုန်းပစ်တော့မလို့လား"

ခန်းကျန့်သည် လူကြီးတစ်ယောက်က အကြံပေးနေသလို ဆုံးမစကားဆိုလိုက်သည်။

"ထျန်းထျန်းက ကိစ္စမရှိဘူးဆိုတော့ ကျွန်တော်လည်း ကိစ္စမရှိပါဘူး။ နောက်ပိုင်းကျရင်တော့ အလုပ်ပြောင်းချင် ပြောင်းမှာပေါ့။ ဥပမာ အစားအသောက်ပို့တဲ့အလုပ်လိုမျိုးပေါ့"

ယဲ့ချန်းက ပခုံးတွန့်ပြလိုက်သည်။

ထိုစကားကြောင့် ခန်းကျန့်မှာ ဆွံ့အသွားသည်။ ကြည့်ရသည်မှာ သူ့ရှေ့ရှိ လူငယ်လေး၏ ရည်မှန်းချက်က ထိုအရာသာ ဖြစ်မည်။

ယဲ့ချန်းဘက်က ဒေါသတကြီး ပြန်မချေပသော်လည်း အထိနာစေမည့် တန်ပြန်တိုက်ခိုက်မှုမျိုးကို ပေးလိုက်သည််။

ခန်းကျန့်က ကော်ဖီတစ်ငုံသောက်ပြီး ဆက်ပြောလိုက်၏။

"ခင်ဗျားက ငယ်ပါသေးတယ်။ ငွေကြေးရဲ့ အရေးပါမှုကို ဘာမှနားမလည်သေးဘူး။ ဒီလူ့အဖွဲ့အစည်းထဲမှာ ခွန်အားရှိဖို့လိုတယ်။ ယောကျ်ားတစ်ယောက်ရဲ့ ရုပ်ရည်က ဗိုက်ပြည့်အောင် မလုပ်ပေးနိုင်ဘူး။ အရည်အချင်းကသာ အဓိကပဲ"

ယဲ့ချန်းကို ကြည့်လိုက်ရုံဖြင့် လျူထျန်းက ဤလူ၏ ရုပ်ရည်ကို သဘောကျနေခြင်းဖြစ်ကြောင်း ခန်းကျန့် နားလည်လိုက်သည်။

လျူထျန်းကို ကြည့်ကာ သူက ဆက်ပြောလိုက်၏။

"ချမ်းသာကြွယ်ဝမှုဆိုတာ ယောကျ်ားတစ်ယောက်ရဲ့ အောင်မြင်မှုပြယုဂ်ပဲ။ မိန်းကလေးတွေက ငွေနဲ့ အာဏာရှိတဲ့ ယောကျ်ားမျိုးကို သဘောကျကြတယ်။ ကျွန်တော့်လစာက တစ်နှစ်ကို ယွမ်တစ်သန်းရှိတယ်။ ကားတစ်စီးနဲ့ အိမ်တစ်လုံးရှိတယ်။ တကယ်လို့ မိန်းကလေးလျူသာ ဆန္ဒရှိမယ်ဆိုရင် ခင်ဗျားကို ဒီကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးမိန်းကလေးတစ်ယောက် ဖြစ်လာအောင် ကျွန်တော် လုပ်ပေးနိုင်တယ်။ ခင်ဗျား လိုချင်တာမှန်သမျှကိုလည်း ကျွန်တော်ပေးနိုင်တယ်"

လျူထျန်းက ခန်းကျန့်ကို ပြုံးပြ၍ ပြောလိုက်လေသည်။

"ရှင် ကျွန်မကို ဆက်မနှောင့်ယှက်တာပဲ လိုချင်တယ်။ ကျွန်မတို့က တကယ်ပဲ မလိုက်ဖက်ပါဘူး"

ခန်းကျန့်က သူ(မ)၏စကားကို လျစ်လျူရှုလိုက်သော်လည်း မျက်နှာထက်တွင် အနည်းငယ် ရှက်ရွံ့သွားဟန် ပေါ်သွားလေသည်။

သူက မောက်မာသော အကြည့်ဖြင့် ပြောလိုက်လေသည်။

"မစ္စတာယဲ့.. နောက်လာမယ့် မျိုးဆက်တွေအတွက် ခင်ဗျား မစဉ်းစားသင့်ဘူးလား။ ခင်ဗျားရဲ့ကလေးတွေကိုပါ ဒီလိုနိမ့်ကျတဲ့ဘဝနဲ့ နေစေချင်လို့လား။ ဒီအကြောင်းကို ခင်ဗျား နားလည်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ငွေရဲ့စွမ်းအားကို ခင်ဗျားကို ပြရသေးတာပေါ့"

စကားပြောနေရင်း ခန်းကျန့်၏ မျက်လုံးများက လျူထျန်းထံမှ ခွာမသွားချေ။ သူ့အကြည့်များက အချစ်ကို ပြသနေခြင်းမဟုတ်ပါဘဲ ပိုင်ဆိုင်လိုသည့် အကြည့်မျိုးသာ ဖြစ်နေချေသည်။

သူ့အကြည့်အောက်တွင် အနေခက်လာသဖြင့် လျူထျန်းလည်း တစ်ဖက်လူက သူတို့ ပထမဆုံးတွေ့ဆုံစဉ်က ကြွားလုံးထုတ်နေခဲ့သော်လည်း လူလိမ်တစ်ယောက်များဖြစ်နေမလားဟု တွေးလိုက်မိသည်။

"မစ္စတာခန်း... ဒီလိုစကားတွေကို ကျွန်တော်နဲ့ ထျန်းထျန်းကို ပြောဖို့ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ အချစ်က ဖြူစင်ပြီး သန့်ရှင်းပါတယ်"

ယဲ့ချန်းက ပြောလိုက်သည်။

ခန်းကျန့်လည်း သူ ဘာပြောပြော လျူထျန်းနှင့် ယဲ့ချန်းတို့က သူ့ကို လျစ်လျူရှုထားကြောင်း သဘောပေါက်သွားလေရာ လုပ်ရပ်ဖြင့် သရုပ်ပြရတော့မည်ဖြစ်ကြောင်း သိလိုက်သည်။

သူက ဝန်ထမ်းတစ်ယောက်ကို လက်ယမ်းခေါ်လိုက်လေရာ ဝန်ထမ်းက ရောက်လာပြီး မေးလေ၏။

"လူကြီးမင်း.. ဘာများအလိုရှိလို့လဲဗျ"

ခန်းကျန့်က ဒေါ်လာတစ်ရာတန် ငွေစက္ကူအချို့ကို ထုတ်ကာ ဝန်ထမ်းရှေ့တွင် ချလိုက်ပြီး ယဲ့ချန်းကို လက်ညှိုးထိုးပြလိုက်၏။

"ဒီလူကြီးမင်းကို ဒီနေရာက နှင်ထုတ်ပေးပါ"

ဝန်ထမ်းက မလှုပ်မယှက်ရပ်နေသည်ကို မြင်သောအခါ ခန်းကျန့်က နောက်ထပ်ငွေတစ်ထပ်ကို စားပွဲပေါ်တင်လိုက်ပြန်သည်။

"ငါ ပြောတဲ့အတိုင်းလုပ်ရင် ဒါတွေအကုန် မင်းအတွက်ပဲ"

"လူကြီးမင်း ဒါက..."

ဝန်ထမ်းမှာ မလှုပ်မယှက်ရပ်နေဆဲဖြစ်လေရာ ခန်းကျန့်၏ မျက်နှာထားမှာ တင်းမာသွားသည်။ ငွေမမက်သူများ ရှိလိမ့်မည်ဟု သူ မယုံကြည်နိုင်ချေ။

"ငါပြောတာ မကြားဘူးလား။ ငါ့ကို တိုင်စာပို့စေချင်လို့လား"

ခန်းကျန့်က ခြိမ်းခြောက်လိုက်သည်။

"ဥက္ကဋ္ဌယဲ့ ကျွန်တော်..."

ဝန်ထမ်းခမျာ ဝေခွဲမရဖြစ်နေသော မျက်နှာထားဖြင့် ယဲ့ချန်းကို ကြည့်လိုက်သည်။

အကယ်၍ သူသာ အလုပ်ဖြုတ်မခံချင်ဘူးဆိုလျှင် ယဲ့ချန်းကို နှင်ထုတ်၍ မဖြစ်နိုင်ပေ။ သို့သော် ယဲ့ချန်း၏ ရာထူးကို ထုတ်ဖော်ပြောသင့် မပြောသင့်ကိုလည်း သူ မသိပေ။

ယခင်က ယဲ့ချန်းသည် သူ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်မပြောရန် သူတို့ကို မှာထားဖူးသည်။

"ဥက္ကဋ္ဌယဲ့တဲ့လား"

လျူထျန်းက ထိုနာမည်ကို ထပ်ကြားလိုက်ရပြန်လေရာ ယခုမူ ယဲ့ချန်းတွင် သာမန်မဟုတ်သော အဆင့်အတန်းတစ်ခု ရှိနေကြောင်း သေချာသွားတော့သည်။

သို့သော် ခန်းကျန့်ကမူ ရယ်မောလိုက်၏။

"မိန်းကလေးလျူရဲ့အမေက သူ့မှာ ရည်းစားမရှိဘူးလို့ ပြောထားတာမို့ ကျွန်တော် ထူးဆန်းနေခဲ့တာ။ တကယ်တမ်းကျတော့ ပါဆယ်ပို့သမားတစ်ယောက်ကို ယာယီချစ်သူအဖြစ် ဟန်ဆောင်ခိုင်းထားတာကိုး"

စောစောကမူ လျူထျန်းတွင် အလွန်ချစ်မြတ်နိုးရသည့် ရည်းစားရှိနေသည်ဟုထင်ပြီး ခန်းကျန့် ဒေါသထွက်နေခဲ့သည်။

ယခုတော့ အရာအားလုံးက သူ့ရှေ့တွင် ဟန်ဆောင်နေသည့် ပြဇာတ်တစ်ခုသာဖြစ်ကြောင်း သူ သိသွားလေပြီ။

လျူထျန်းကို လိုက်ပိုးနိုင်မည်ဟု ယုံကြည်မှုပြည့်ဝသွားပြီးနောက် သူက ယဲ့ချန်းဘက်သို့ လှည့်လိုက်လေသည်။

"မစ္စတာယဲ့.. ခင်ဗျား တော်တော်ပင်ပန်းနေမှာပဲ။ ပါဆယ်ပို့သမားလည်း လုပ်ရသေးတယ်။ အခုကျတော့လည်း ဟိုတယ်ဝန်ထမ်းဖြစ်နေပြန်ရော။ တကယ်မလွယ်ပါလား"

ဝန်ထမ်းက ယဲ့ချန်း၏နာမည်ကို ခေါ်လိုက်ခြင်းမှာ ယဲ့ချန်းသည် ဟိုတယ်ဝန်ထမ်းတစ်ယောက်ဖြစ်သောကြောင့်ဟု ခန်းကျန့်က အထင်လွဲသွားခြင်းပင်။

••••••••••••••••••••

All Chapters