← Chapters

အခန်း ၇၈၈

Vol. 53 Ch. 788

အခန်း ၇၈၈

Vol. 53 Ch. 788

အပိုင်း ၇၈၈ : လက်တွေ့ဘဝကို ရင်ဆိုင်ခြင်း

"ဖြန်း"

ကျယ်လောင်လှသော ပါးရိုက်သံကြီးတစ်သံ ထွက်ပေါ်လာပြန်သည်။

ခန်းကျန့်ခမျာ ရောင်ကိုင်းသွားသော မျက်နှာကို အုပ်ကိုင်ကာ မျက်လုံးအပြူးသားဖြင့် အပြင်လူတစ်ယောက်အတွက် သူ့အဖေက သူ့ကို နောက်တစ်ကြိမ် ပါးရိုက်လိုက်သည့်အတွက် အံ့ဩတုန်လှုပ်နေမိသည်။

"ငါ ထပ်ပြောမယ်။ ဥက္ကဋ္ဌယဲ့ကို အခုချက်ချင်း တောင်းပန်လိုက်စမ်း"

ခန်းဟွားမှာ ဤတစ်ကြိမ်တွင်မူ တကယ်ဒေါသထွက်နေပြီဖြစ်၏။

ယဲ့ချန်းကမူ သူ့ရှေ့တွင် ဖြစ်ပျက်နေသမျှကို လှောင်ပြောင်လေဟန် မျက်နှာထားဖြင့် ကြည့်နေခဲ့သည်။

"အဖေ..ကျွန်တော်က အဖေ့ရဲ့သွေးသားအရင်းရော ဟုတ်ရဲ့လား။ ဒီဆင်းရဲသားအတွက်နဲ့ ကျွန်တော့်ကို ရိုက်တယ်ပေါ့လေ။ သူက ဦးလေးစုန့်ရဲ့ ယာဉ်မောင်းမဟုတ်ဘူးလား"

ခန်းကျန့်က အော်ဟစ်လိုက်သည်။

ဘေးနားရှိ လူများက ခန်းကျန့်ကို ငတုံးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြသည်။

"ဆင်းရဲသား ဟုတ်လား"

"ယာဉ်မောင်းတဲ့လား"

ဦးနှောက်မရှိတဲ့ ဤကောင်က လုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌကို ဆင်းရဲသားတဲ့လား။ ယဲ့ချန်းကို ဆင်းရဲသည်ဟု သတ်မှတ်ရမည်ဆိုပါက သူတို့

တစ်သိုက်က ဘာဖြစ်ကုန်မလဲ။

ခန်းဟွားခမျာ သားဖြစ်သူကြောင့် တကယ်ရူးမတတ်ဖြစ်နေရသည်။ ဘေးနားရှိလူများ၏ လှောင်ပြောင်လေဟန် အကြည့်များကို မြင်ရသောအခါ သူ့မျက်နှာကား နီရဲသွားတော့သည်။

အစမှ အဆုံးတိုင် ယဲ့ချန်းက စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပေ။

သူ ဤအခြေအနေကို ဘယ်လိုဖြေရှင်းမလဲဆိုသည်နှင့် ဘက်လိုက်မှုရှိမရှိဆိုသည်ကို ဥက္ကဋ္ဌယဲ့ စောင့်ကြည့်ချင်နေကြောင်း ခန်းဟွားသိသည်။

သူလည်း တွေဝေခြင်းမရှိပါဘဲ ရှေ့တိုး၍ ခန်းကျန့်ကို ရိုက်နှက်လိုက်လေရာ ခန်းကျန့်၏တစ်ကိုယ်လုံး ပွန်းပဲ့ဒဏ်ရာများ ရသွားလေသည်။

ဖခင်ဖြစ်သူ၏ ပြင်းထန်လှသော ရိုက်နှက်မှုများအောက်တွင် ခန်းကျန့် ဆက်ခေါင်းမမာရဲတော့ဘဲ နောက်ဆုံးတွင် အလျှော့ပေးလိုက်ရသည်။

"ဥက္ကဋ္ဌယဲ့.. တောင်းပန်ပါတယ်။ ကျွန်တော် မှားသွားပါတယ်"

ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကြောင့် သူ့အသံမှာ တိုးလျသွားသည်။

ယဲ့ချန်းက နှုတ်ဆိတ်နေဆဲဖြစ်ကြောင်း မြင်သောအခါ ခန်းဟွားက သူ့သားငတုံးကို ဆက်ရိုက်နှက်နေပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒီခွေးကောင်... မင်းက မောက်မာနေတယ်ပေါ့လေ။ ဥက္ကဋ္ဌယဲ့က မင်းအဖေရဲ့သူဌေးကွ။ အဲဒါကို မင်းက သူ့ကို ဆင်းရဲသား ယာဉ်မောင်းဆိုပြီး မြင်ရဲတယ်ပေါ့လေ။ မင်းဦးနှောက်ကို ခွေးစားသွားပြီလား"

"အဖေ ကျွန်တော်မှားမှန်း သိပါပြီ။ ကျေးဇူးပြုပြီး ဆက်မရိုက်ပါနဲ့တော့"

ခန်းကျန့်က တောင်းပန်ရှာသည်။

"ကဲပါ လောင်ခန်းရာ.. တော်လောက်ပါပြီ။ ဒီထက်များသွားရင် လူသေမှုဖြစ်တော့မယ်"

ယဲ့ချန်းက လက်ကာပြရင်း ပြောလိုက်သည်။

ခန်းကျန့်လည်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ယဲ့ချန်း ဤသို့ပြောလာမည်ကို သူ စောင့်နေခဲ့ခြင်းပင်။ ယဲ့ချန်းသာ ဝင်မပြောပါက သူ ဆက်အရိုက်ခံနေရဦးမည်သာ။

သူ့သားငမိုက်ကြောင့် ဒါရိုက်တာအဖွဲ့ထဲရှိ သူ့ရာထူးနေရာလေး ထိခိုက်သွားမည်ကို ခန်းဟွား အစိုးရိမ်ဆုံးပင်။

ခန်းကျန့်အပေါ် ကျရောက်သွားသည့် ရိုက်ချက်တိုင်းက နာကျင်လှသော်လည်း ခန်းဟွားပါ နာကျင်ခဲ့ရသည်။

ငယ်စဉ်ကတည်းက ခန်းဟွားသည် သားဖြစ်သူကို လက်ဖျားနှင့်ပင် မတို့ရက်ခဲ့ကြောင်း လူတိုင်းသိသည်။

ယခုမူ ခန်းကျန့်မှာ လက်တွေ့ဘဝကို နောက်ဆုံးတွင် သဘောပေါက်သွားပြီး သူ့ရှေ့ရှိ လူငယ်လေးကို တုန်လှုပ်မှုများပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

"ဒီတော့ 'ဥက္ကဋ္ဌယဲ့'ဆိုတာ နာမည်မဟုတ်ဘဲ ရာထူးဂုဏ်ပုဒ်တစ်ခုပေါ့"

ပေါ့ပေါ့ပါးပါး ဝတ်စားထားသော ယဲ့ချန်းသည် မယ်ရီယော့လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်နေလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။

ဟိုတယ်တွင် ယဲ့ချန်းကို သူ ဘယ်လိုစိန်ခေါ်ခဲ့သလဲဆိုသည်ကို ပြန်တွေးမိသောအခါ သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

ခန်းဟွားကလည်း မျှော်လင့်ထားသလို ဖြစ်မလာသဖြင့် စိတ်ပျက်ဒေါသထွက်နေလေဟန် အမူအရာဖြင့် သားဖြစ်သူကို ကြည့်လိုက်သည်။ သူ့သားက နိုင်ငံခြားမှ ပြန်ရောက်ခါစဖြစ်လေရာ မယ်ရီယော့လုပ်ငန်းစုတွင် နေရာတစ်ခုရှာပေးရန် ခန်းဟွား ရည်ရွယ်ထားခဲ့သော်ငြား ယခုတော့ ဥက္ကဋ္ဌယဲ့ကို စော်ကားလိုက်ပြီဖြစ်၍ ထိုအကြောင်းကို တွေးတောင်မတွေးနှင့်တော့။

"ဥက္ကဋ္ဌယဲ့...ကျွန်တော် သေချာမဆုံးမခဲ့မိလို့ အခုလိုတွေ ဖြစ်ရတာပါ"

ခန်းဟွားက နှိမ့်ချစွာ ပြောလိုက်သည်။

"ဦးလေးခန်း စိတ်မပူပါနဲ့။ ကျွန်တော်က ကလေးတစ်ယောက်နဲ့ ဒီလိုကိစ္စတွေကို အလေးအနက်ထားပြီး ပြဿနာရှာမယ့်လူစားမျိုး မဟုတ်ပါဘူး"

ယဲ့ချန်းက သဘောထားကြီးစွာ ပြောလိုက်သည်။

"ကလေးတဲ့လား"

ခန်းကျန့်က ယဲ့ချန်းထက် အသက်အများကြီး ပိုကြီးသော်လည်း ယဲ့ချန်းကတော့ သူ့ကို ကလေးဟု ခေါ်နေဆဲပင်။ စိတ်တိုမိသော်လည်း သူ လုပ်နိုင်တာ ဘာမှမရှိပေ။

သူ့အဖေကိုယ်တိုင်ပင် ယဲ့ချန်းကို မဆန့်ကျင်ရဲသည်ဖြစ်ရာ သူကိုယ်တိုင် ယဲ့ချန်းကို သွားဆန့်ကျင်ပါက ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် အတူတူပင်။

ခန်းဟွားမှာ အစက ချွေးပြန်နေခဲ့သော်လည်း ယဲ့ချန်း၏စကားကို ကြားသောအခါ နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။

"သွားကြစို့။ အချိုပွဲနည်းနည်း သွားစားပြီး ခဏနားကြတာပေါ့။ ပြီးမှ အစည်းအဝေးကို ဆက်ဆွေးနွေးကြတာပေါ့"

ယဲ့ချန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ခန်းကျန့်မှာ ဒဏ်ရာဒဏ်ချက်များဖြင့် မြေပြင်ပေါ်တွင် လဲကျနေလေရာ ယဲ့ချန်းက တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

"ဦးလေးခန်း....ခင်ဗျားသားကို အိမ်ပြန်ပို့ဖို့ လူတစ်ယောက်ယောက်ကို မြန်မြန်စီစဉ်လိုက်ပါဦး"

ဒဏ်ရာများဖြင့် ကြမ်းပြင်ပေါ်တွင် လဲကျနေသော အမျိုးသားကို ကြည့်ရင်း ယဲ့ချန်းလည်း အံ့ဩသွားပြီး ခန်းဟွားက တကယ်ရက်စက်တာပဲဟု တွေးလိုက်မိသည်။

တကယ်တော့ ခန်းဟွား၏လုပ်ရပ်က ယဲ့ချန်းကို ကျေနပ်စေခဲ့သည်။ ထို့ကြောင့်ပင် သူ့အနေနှင့် ဤကိစ္စကို ဆက်လက်အရေးမယူခြင်းပင်။

လျူထျန်းလည်း ဆူညံသံများကို ကြားလိုက်ရသဖြင့် ဧည့်နားနေခန်းထဲမှ အမြန်ထွက်လာခဲ့သည်။ လူအုပ်ကြီးက ယဲ့ချန်းကို ဝိုင်းရံထားပြီး လူလတ်ပိုင်းအရွယ်အမျိုးသားက ခန်းကျန့်ကို လူပုံအလယ်တွင် ရိုက်နှက်နေကြောင်း မြင်သောအခါ ဤယဲ့ချန်းက သာမန်လူမဟုတ်ကြောင်း သူ(မ) ပိုယုံကြည်သွားတော့သည်။

ယဲ့ချန်းက အချိုပွဲများနှင့် ကော်ဖီများ ပြင်ဆင်ထားသည့် ဧည့်နားနေခန်းထဲသို့ လူအုပ်ကြီးကို ဦးဆောင်ခေါ်ဆောင်သွားသည်။

ခန်းကျန့်မှာ ဒဏ်ရာပြင်းထန်သဖြင့် တစ်ယောက်တည်း မပြန်နိုင်သောကြောင့် ယဲ့ချန်း၏ ညွှန်ကြားချက်အတိုင်း သူ့ကိုပြန်ပို့ပေးရန် ခန်းဟွားက လူတစ်ယောက်ကို စီစဉ်ပေးလိုက်သည်။

မထွက်ခွာခင် ခန်းဟွားက အနည်းငယ်ရောင်ကိုင်းနေသော သားဖြစ်သူ၏မျက်နှာကို ကိုင်ကာ ပြောလိုက်လေသည်။

"ရှောင်ကျန့်... အဖေ့ကို ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့ကွာ။ အဖေသာ ဒီလိုမလုပ်ရင် မင်း ပိုအဖြစ်ဆိုးသွားလိမ့်မယ်"

ယခုမူ ယဲ့ချန်း၏သရုပ်မှန်ကို သိသွားပြီဖြစ်ရာ ခန်းကျန့်လည်း ယခင်က သူ့လုပ်ရပ်များကို အလွန်နောင်တရနေချေပြီ။ ခန်းဟွားအပေါ် အငြိုးမထားတော့ပေ။

"အဖေ.. ကျွန်တော့်ကြောင့် အဖေပါ ပြဿနာထဲ ပါသွားတော့မလို့"

ခန်းကျန့်က တာဝန်မကင်းသလို ခံစားရသဖြင့် ပြောလိုက်သည်။

ခန်းဟွားက ချစ်ခင်ကြင်နာစွာ ပြောလိုက်လေသည်။

"ရှောင်ကျန့်... အိမ်ပြန်ပြီး ကောင်းကောင်းနားလိုက်။ အိမ်ကိုလာကြည့်ပေးဖို့ ဆရာဝန်တစ်ယောက် အဖေစီစဉ်ပေးလိုက်မယ်"

ဤသို့ပြောပြီးနောက် ယဲ့ချန်းရှိရာ ဧည့်နားနေခန်းထဲသို့ ဝင်သွားချေသည်။

ယဲ့ချန်းက အထဲဝင်လာသော ခန်းဟွားကိုကြည့်ကာ ပြောလိုက်၏။

"ဦးလေးခန်း... ခင်ဗျားသားအတွက် အကုန်စီစဉ်ပြီးပြီလား"

"ဟုတ်ကဲ့.. ဥက္ကဋ္ဌယဲ့ရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်"

ခန်းဟွားက မျက်နှာတစ်ခုလုံးနီရဲလျက် ပြောလိုက်လေသည်။

သူ့သား၏လုပ်ရပ်များကြောင့် ယဲ့ချန်းက သူ့ကို ဒါရိုက်တာအဖွဲ့မှ ထုတ်ပယ်လိမ့်မည်ဟု အစက သူ ထင်ထားခဲ့သော်လည်း ယဲ့ချန်းက သူ့ကို ဆက်နေခွင့်ပေးခဲ့သဖြင့် အံ့သြသွားရသည်။

ထိုအခိုက်အတန့်တွင် ယဲ့ချန်းအပေါ်ထားသော ခန်းဟွား၏ လေးစားမှုမှာ ပိုနက်ရှိုင်းလာပြီး လုပ်ငန်းစုအတွက် ကြိုးကြိုးစားစား တာဝန်ထမ်းဆောင်မည်ဟု ကျိန်ဆိုလိုက်တော့သည်။

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

"လောင်ခန်း... အဲဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ"

...

စောစောက အဆောက်အအုံထဲသို့ ဝင်လာစဉ် ခန်းကျန့်ပြောခဲ့သော ကြမ်းတမ်းသည့် စကားများကို ပြန်သတိရမိသဖြင့် လုံခြုံရေးအစောင့်လေးခမျာ စိုးရိမ်ပူပန်နေချေသည်။

တစ်နေ့လယ်ခင်းလုံး သူ့ခမျာ စိတ်မအေးနိုင်ပေ။ ပြဿနာမရှာသင့်သူကို ဒေါသထွက်အောင် လုပ်မိသွားကြောင်း သိလိုက်ရသဖြင့် ဤနေရာတွင် ဆက်နေရန် မဖြစ်နိုင်တော့ဘူးဟု တွေးနေမိသည်။

လုံခြုံရေးအဖွဲ့ခေါင်းဆောင်သာ ဤကိစ္စကို သိသွားသောအခါ သူပါ ပြဿနာထဲ ပါသွားမည်ကို ကြောက်သဖြင့် အထက်လူကြီးများထံ သတင်းပို့ကာ သူ့ကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းပြီး အနှောင့်အယှက်မဖြစ်စေရန် ထွက်သွားရန်လည်း ပြောခဲ့သည်။

မတရားခံရသလို ခံစားရသော်လည်း သူ့မှာ ရွေးချယ်စရာမရှိပေ။ ဆိုရိုးစကားအတိုင်း လက်မောင်းက ပေါင်ကို လိမ်ချိုး၍ မရပါချေ။

ထွက်သွားရန်အတွက် ပစ္စည်းများကို သိမ်းဆည်းနေစဉ် လူငယ်တစ်ယောက်ကို အပြင်သို့ သယ်ထုတ်သွားကြောင်း သူ ရုတ်တရက်မြင်လိုက်ရသည်။

လုံခြုံရေးအစောင့်လေးလည်း မျက်မှန်းတန်းမိသလိုရှိသဖြင့် လှမ်းကြည့်လိုက်ပြီးနောက် ခဏမျှ စဉ်းစားကြည့်လိုက်သောအခါ စောစောက သူ့ကို အလုပ်ထုတ်ပစ်မည်ဟု ပြောခဲ့သူဖြစ်နေကြောင်း သိလိုက်ရသည်။

သူ ဘယ်လိုလုပ်ပြီး အခုလိုအခြေအနေမျိုး ဖြစ်သွားရတာလဲ။

"မင်း ဘာလို့ ဒီမှာရှိနေသေးတာလဲ"

လုံခြုံရေးအစောင့်လေး တံခါးဝတွင် ကြောင်တောင်တောင် ရပ်နေသေးသည်ကို မြင်သောအခါ လုံခြုံရေးခေါင်းဆောင်က စိတ်မရှည်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"ခေါင်းဆောင်ကျန်း... အဲဒီလူက ဘယ်သူလဲဆိုတာ သိလား"

လုံခြုံရေးအစောင့်လေးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

လုံခြုံရေးခေါင်းဆောင်က ဂရုမစိုက်သလို ပြန်ဖြေသည်။

"ငါက ဘယ်လိုလုပ်သိမှာလဲ။ ပြီးတော့ အဲဒါက မင်းနဲ့ဆိုင်လို့လား။ မြန်မြန် ထွက်သွားစမ်းပါ။ အလုပ်ထုတ်ခံရတာ ရှက်စရာကောင်းတယ်ကွ"

လုံခြုံရေးအစောင့်လေးက မျက်နှာသေဖြင့် ပြောလိုက်၏။

"စောစောက ကျွန်တော့်ကို အလုပ်ထုတ်မယ်လို့ ပြောသွားတဲ့လူထင်တယ်"

"နောက်နေတာလား။ အဲဒီလောက် အာဏာရှိတဲ့လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အဲဒီလိုမျိုးအရိုက်ခံရမှာလဲ"

လုံခြုံရေးခေါင်းဆောင်က ဟာသတစ်ပုဒ် ကြားလိုက်ရသလို ပြောလိုက်သည်။

လုံခြုံရေးအစောင့်လေးက အချိန်ဆွဲနေသည်ဟု ထင်သောကြောင့် ခေါင်းဆောင်က စိတ်မရှည်စွာ ပြောလိုက်၏။

"မင်းထွက်သွားတာ ပိုကောင်းမယ်။ ဒီမှာ ဆက်မနေနဲ့တော့။ ငါ့ကိုပါ ပြဿနာထဲ ဆွဲသွင်းသလို ဖြစ်လိမ့်မယ်"

"ဒါပေမဲ့ ကျွန်တော် ဘာအမှားမှမလုပ်ခဲ့ဘူးလေ။ အထက်လူကြီးတွေနဲ့တွေ့ပြီး အခြေအနေကို ရှင်းပြချင်တယ်"

လုံခြုံရေးအစောင့်လေးက မလိုလားဟန်ဖြင့် ပြောလိုက်သည်။

"မလိုဘူး။ မင်းရဲ့အဆင့်အတန်းနဲ့ အထက်လူကြီးတွေကို တွေ့ချင်တာက စိတ်ကူးယဉ်ရုံသက်သက်ပဲ။ နောက်နောင် ခေါင်းမမာဖို့ပဲ ငါ အကြံပေးချင်တယ်။ ပြဿနာမရှာသင့်တဲ့လူတွေကို သွားစော်ကားရင် မင်းအလုပ်ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး"

လုံခြုံရေးခေါင်းဆောင်က လေးလေးနက်နက် အကြံပေးလိုက်လေသည်။

••••••••••••••••••••••

All Chapters