← Chapters

အခန်း ၇၉၅

Vol. 53 Ch. 795

အခန်း ၇၉၅

Vol. 53 Ch. 795

အပိုင်း ၇၉၅ : ဘာပဲဖြစ်ဖြစ် ကျွန်မ လက်မထပ်နိုင်ဘူး

ယွဲ့ယွဲ့၏လမ်းညွှန်မှုအတိုင်း ယဲ့ချန်းလည်း အထွေထွေရောဂါကုဆေးရုံကြီးသို့ ကားမောင်းလာခဲ့သည်။

ကားရပ်ပြီးနောက် ယွဲ့ယွဲ့က ယဲ့ချန်းကို လူနာဆောင်ဆီသို့ ခေါ်သွားလေသည်။

တံခါးဝသို့ ရောက်သည်နှင့် အထဲက စကားပြောနေသည့် အသံများကို သူတို့ ကြားလိုက်ရသည်။

"အန်တီကျန်း... ဒီလိုဆေးရုံမျိုးမှာနေရင် အန်တီ့ရောဂါ ပိုဆိုးသွားမှာသေချာတယ်"

အမျိုးသားတစ်ယောက်၏အသံက အထဲမှ ထွက်ပေါ်လာသည်။

ယွဲ့ယွဲ့မှာမူ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူ(မ)၏မျက်နှာလည်း အနည်းငယ်ပျက်ယွင်းသွားပြီး လူနာဆောင်ထဲသို့ ဝင်သွားသည်။

ယဲ့ချန်းလည်း သူ(မ)နောက်က လိုက်ဝင်သွားသည်။

လူနာဆောင်ထဲတွင် ကုတင်ပေါ်၌လှဲနေသော ယွဲ့ယွဲ့၏အဖေနှင့် အမေအပြင် အခြားလူသုံးယောက်လည်း ရှိနေချေသည်။ ခေါင်းကြီးကြီး နားရွက်ကားကားနှင့် လူဝကြီးတစ်ယောက်နှင့် လူလတ်ပိုင်းအရွယ်ဇနီးမောင်နှံနှစ်ယောက်ပင်။

ယဲ့ချန်းလည်း ထိုလူငယ်ကို မြင်လိုက်ရသောအခါ 'အနောက်အရပ်သို့ ခရီးသွားခြင်း' ဇာတ်လမ်းထဲရှိ ကျူးပါကျဲကို ပြေးမြင်မိသည်။

ထိုလူဝကြီးက ကောင်မလေးကို မြင်သည်နှင့် မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်၏။

"ယွဲ့ယွဲ့.. ဦးလေးနဲ့ အန်တီတို့ ဒီလောက်ဖြစ်နေတာတောင် ကိုယ့်ကိုမပြောဘူးနော်"

ယွဲ့ယွဲ့ကမူ ထိုလူ့ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"အမေ... သူတို့က ဘာလာလုပ်ကြတာလဲ"

လူဝကြီးနှင့် လူလတ်ပိုင်းအရွယ် ဇနီးမောင်နှံတို့မှာ အနည်းငယ်နေရခက်သွားကြသည်။

"နင့်အစ်ကို လျူဝေ့တို့မိသားစုက အမေနဲ့အဖေ့ကို လာတွေ့တာလေ။ နင်က ဘာလို့ ဒီလိုပုံစံမျိုး လုပ်နေရတာလဲ"

ယွဲ့ယွဲ့၏အမေမှာ သမီးဖြစ်သူ၏ အပြုအမူကို သဘောမကျကြောင်း သိသာလှသည်။

ယွဲ့ယွဲ့က ယဲ့ချန်းကို သူ(မ)ဘေးသို့ ဆွဲခေါ်ပြီး ပြောလိုက်၏။

"အမေနဲ့ အဖေ.. သမီး မိတ်ဆက်ပေးမယ်။ ဒါက ယဲ့ချန်းတဲ့"

ယွဲ့ယွဲ့၏အမေ စုန့်ကျွင်းက သူ(မ)ရှေ့ရှိ လူငယ်လေးကို အပေါ်အောက် အကဲခတ်ကြည့်လိုက်လေရာ ယဲ့ချန်း၏ ဝတ်စားဆင်ယင်ပုံမှာ အလွန်ရိုးရှင်းလွန်းနေသဖြင့် အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။

သပ်သပ်ရပ်ရပ်ကုတ်အင်္ကျီနှင့် နက်ခ်တိုင်ဝတ်ဆင်ထားသော လျူဝေ့နှင့် လမ်းဘေးဈေးက အဝတ်အစားများနှင့်တူသော ယဲ့ချန်း၏အဝတ်အစားကို ကြည့်လိုက်ရုံဖြင့် သူတို့နှစ်ဦးကြားရှိ ကွာခြားချက်က ကြီးမားလွန်းလှသည်။

"အန်တီ ဦးလေး... ဦးလေးတို့ နေမကောင်းလို့ ဆေးရုံတက်နေရတယ်ဆိုတာ ယွဲ့ယွဲ့ဆီက ကြားလို့ လာကြည့်တာပါ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

"လူနာလာကြည့်တာကို လက်ဗလာနဲ့လာတဲ့သူ ဘယ်မှာရှိလို့လဲ"

လူလတ်ပိုင်းအရွယ် အမျိုးသမီးက လှောင်ပြောင်သည့်လေသံဖြင့် ပြောလိုက်သည်။

စားပွဲပေါ်သို့ ကြည့်လိုက်သောအခါ လျူဝေ့တို့မိသားစု ယူလာသော အားဆေးများနှင့် သစ်သီးများမှာ အပြည့်ပင်။

ယဲ့ချန်းဘက်က လူနာလာကြည့်သည်ကို လက်ဗလာဖြင့် လာခဲ့ခြင်းမှာ ခံစားချက်အရရော ကျိုးကြောင်းဆီလျော်မှုအရပါ အနည်းငယ်အဆင်မပြေလှပေ။

အဓိကကတော့ သူသည် အလောတကြီး လာခဲ့ရသဖြင့် အားဆေးများဝယ်ရန် မေ့သွားခဲ့ခြင်းပင်။

"လက်ဗလာနဲ့ လာတော့ရော ဘာဖြစ်လဲ။ ပစ္စည်းပါတာမပါတာထက် စေတနာက အဓိကပဲလေ"

ယွဲ့ယွဲ့က ပြန်လည်ချေပလိုက်သည်။

"ယွဲ့ယွဲ့... နင် ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ရိုင်းစိုင်းနေရတာလဲ။ နင့်အစ်ကို လျူဝေ့ရယ် ဦးလေးလျူနဲ့ အန်တီကျိုးတို့ကို အဲဒီလိုပြောစရာလား"

စုန့်ကျွင်းကလည်း သူ(မ)သမီး၏ အပြုအမူကို မကျေမနပ်ဖြစ်နေလေသည်။

"ရပါတယ်။ ရပါတယ်။ ယွဲ့ယွဲ့ ဘာပဲပြောပြော ကျွန်တော် စိတ်မဆိုးပါဘူး"

လျူဝေ့က လူကောင်းဟန်ဖမ်းကာ ပြောလိုက်သည်။

စုန့်ကျွင်းက ဆက်ပြောပြန်သည်။

"နင့်အစ်ကိုလျူဝေ့ကို ကြည့်စမ်း။ နင့်ကို အပြစ်မယူဘူး။ စေတနာအကြောင်းပြောရရင်တော့ လျူဝေ့က ဒီဆေးရုံအကြောင်း သိပ်မကျွမ်းလို့ အဖေနဲ့ အမေတို့ကို ဆေးရုံပြောင်းပေးချင်နေတာ"

"ဒီမှာလည်း အဆင်ပြေနေတာပဲ။ ဘာလို့ ပြောင်းရမှာလဲ"

ယွဲ့ယွဲ့က ငြင်းလိုက်သည်။

ယဲ့ချန်းတွင် နတ်ဘုရားအဆင့် ဆေးပညာစွမ်းရည် ရှိသောကြောင့် လူနာ၏မျက်နှာကို ကြည့်ရုံဖြင့် ရောဂါအခြေအနေကို သိနိုင်သည်။ ယွဲ့ယွဲ့အမေ၏ အခြေအနေအရ ဤဆေးရုံတွင် ဆက်နေခြင်းကား အကောင်းဆုံးရွေးချယ်မှုတော့ မဟုတ်ပေ။

"ယွဲ့ယွဲ့.. ဦးလေးနဲ့အန်တီက တကယ်ဆေးရုံပြောင်းသင့်တယ်"

ယဲ့ချန်းက အလေးအနက်ထား၍ ပြောလိုက်သည်။

"ဒါပေမဲ့.. ဒါပေမဲ့ ကျွန်မက တခြားဆေးရုံတွေနဲ့ ပတ်သက်တဲ့လူ တစ်ယောက်မှမသိဘူးလေ"

ယွဲ့ယွဲ့က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

အစက ယဲ့ချန်းအနေနှင့် သူကူညီပေးနိုင်ကြောင်း ပြောချင်ခဲ့သည်။

သို့သော် သူမပြောနိုင်ခင်မှာပင် လျူဝေ့က ပြုံးလျက် ဝင်ပြောချေသည်။

"ယွဲ့ယွဲ့... ကိုယ်တို့က မိသားစုတွေပဲ။ မင်းကိစ္စက ကိုယ့်ကိစ္စပါပဲကွာ"

"ဘယ်သူက ရှင်နဲ့ မိသားစုတော်တာလဲ"

ယွဲ့ယွဲ့ ပြန်လည်ချေပလိုက်သည်။

လျူဝေ့၏ မျက်နှာအမူအရာကား အနည်းငယ် နေရခက်သွားသော်လည်း အမြန်ပြန်ပြုံးလိုက်သည်။

လျူဝေ့နှင့် ယွဲ့ယွဲ့တို့၏ လက်ထပ်ပွဲအတွက် မိသားစုနှစ်စုက ဆွေးနွေးနေခဲ့သည်မှာ ကြာလှလေပြီ။ ယွဲ့ယွဲ့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူ(မ)၏ မိဘများကို ဖျောင်းဖျနိုင်သရွေ့ အဆင်ပြေမည်သာ။

အန်တီကျိုးက ပြုံးလိုက်လေသည်။

"ယွဲ့ယွဲ့... ဦးလေးနဲ့ အန်တီတို့က သမီးကို ကိုယ့်သမီးအရင်းလေးလို သဘောထားတာပါ။ နောက်ပိုင်း လျူဝေ့နဲ့ယူရင် အန်တီတို့ ပိုတောင် ရင်းနှီးသွားကြဦးမှာမလား"

လျူဝေ့၏မိဘများကလည်း ယွဲ့ယွဲ့ကို အလွန်သဘောကျနေကြသည်။ ယွဲ့ယွဲ့က လှပသည်။ ပညာတတ်သည်။ သိတတ်နားလည်သည့် ရှားပါးလှသော မိန်းကလေးကောင်းတစ်ယောက်ဖြစ်လေရာ လျူဝေ့၏စရိုက်နှင့် သူ(မ)ကို လက်ထပ်ရခြင်းမှာ ကောင်းချီးတစ်ခုပင် ဖြစ်ပေလိမ့်မည်။

လျူဝေ့၏ မိသားစုမှာ ချမ်းသာသော်လည်း သူ့စရိုက်က ဆိုးဝါးပြီး နာမည်ပျက်လည်း အလွန်များလှသည်။ ဘယ်မိသားစုကမှ သူတို့၏သမီးကို သူ့အား မပေးစားချင်ကြပေ။

ယခုမူ ယွဲ့ယွဲ့၏မိခင်ကို အောင်မြင်စွာ ဖျောင်းဖျနိုင်ပြီဖြစ်ရာ သူတို့အနေနှင့် ဤအခွင့်အရေးကို အမိအရယူချင်ကြသည်မှာ သဘာဝပင်။

"ယွဲ့ယွဲ့... လျူဝေ့တို့မိသားစုက ငါတို့အပေါ် ဘယ်လောက်ကောင်းလဲ ကြည့်စမ်း။ နင် သူ့ကို လက်ထပ်ရင် သေချာပေါက် စည်းစိမ်ချမ်းသာတွေ ခံစားရမှာ"

စုန့်ကျွင်းက သိမ်းသွင်းလိုက်လေသည်။

"လျူဝေ့ကို ကျွန်မ လုံးဝလက်မထပ်နိုင်ဘူး"

ယွဲ့ယွဲ့က နောက်တစ်ကြိမ်စဉ်းစားမနေဘဲ ငြင်းဆန်လိုက်သည်။

စုန့်ကျွင်းက ဒေါသထွက်နေသော မျက်နှာဖြင့် ပြောလိုက်၏။

"ရှေးခေတ်ကတည်းက အိမ်ထောင်ဘက်ဆိုတာ မိဘတွေက စီစဉ်ပေးရတာ။ အောင်သွယ်တော်တွေကတစ်ဆင့် လုပ်ရတာ။ နင့်အိမ်ထောင်ရေးက နင့်သဘောအတိုင်း လုပ်လို့မရဘူး။ နင် လက်ထပ်ချင်ချင် မထပ်ချင်ချင် လက်ကိုလက်ထပ်ရမယ်"

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သော ယွဲ့ယွဲ့၏အဖေက ရုတ်တရက် ဝင်ပြောလိုက်သည်။

"မိန်းမ... မင်း ဒီလောက်အထိ အတင်းအကျပ် လုပ်လို့မရဘူး။ တစ်ကိုယ်ကောင်းဆန်တဲ့ မင်းရဲ့အကြောင်းပြချက်တွေနဲ့ ငါတို့သမီးကို မီးတွင်းထဲ တွန်းပို့နေတာပဲ။ ဒါ သူ့ဘဝတစ်သက်စာ ပျော်ရွှင်မှုကို ဖျက်ဆီးနေတာ"

"အဘိုးကြီး... ရှင်က ကိုယ့်သမီး ကောင်းစားမှာကို မကြည့်ရက်ဘူးပဲ။ လျူဝေ့တို့မိသားစုက သိပ်ချမ်းသာတာ။ ယွဲ့ယွဲ့ သူ့ကိုလက်ထပ်ရင် စည်းစိမ်တွေ ခံစားရမှာလေ။ ရှင် ဘာမှနားမလည်ဘဲနဲ့ ဝင်မပါနဲ့"

စုန့်ကျွင်းက မကျေမနပ်ဖြင့် ပြောလိုက်သည်။

"မင်း.. မင်းက ပိုက်ဆံပဲ မြင်နေတော့တာ။ လျူဝေ့က ဘယ်လိုစရိုက်မျိုးရှိလဲဆိုတာ မင်း ကောင်းကောင်းသိသားပဲ။ ယွဲ့ယွဲ့ အကျိုးအတွက်လို့ချည်း ပါးစပ်ကပြောနေတာ။ တကယ်တမ်းတော့ သူ့ကို သေတွင်းထဲ တွန်းပို့နေတာ"

ယွဲ့ယွဲ့၏အဖေက အကြာကြီး မျိုသိပ်ထားခဲ့ရသည့် စကားများကို နောက်ဆုံးတွင် ထုတ်ပြောလိုက်လေတော့သည်။

မိသားစုထဲတွင် စုန့်ကျွင်းသည် အမြဲဩဇာတိက္ကမကြီးမားပြီး သူ(မ)အလိုကျသာ လုပ်တတ်သဖြင့် ယွဲ့ယွဲ့၏အဖေခမျာ နားထောင်ရုံသာ တတ်နိုင်ခဲ့သည်။ သို့သော် သမီးဖြစ်သူကို အိမ်ထောင်ချပေးမည့် ကိစ္စနှင့်ပတ်သက်လာသောအခါ သူ ဆန့်ကျင်ရတော့သည်။ သူ့သမီးကို စိတ်မဆင်းရဲစေချင်သလို သူ့ကို တစ်သက်လုံး မုန်းတီးသွားမည့်အဖြစ်ကိုလည်း ပို၍ပင်မလိုလားပေ။

"စရိုက်ဆိုးတယ် ဟုတ်လား။ အရည်အချင်းရှိတဲ့ ယောကျ်ားတွေက မိန်းမများတတ်တာပဲ။ လျူဝေ့ အပြင်မှာ မိန်းမတွေရှိနေတာက သူ့မှာ အရည်အချင်းရှိတယ်ဆိုတာ ပြနေတာ။ ရှင့်လို တစ်သက်လုံး သူရဲဘောကြောင်တဲ့လူမှ မဟုတ်တာ။ ရှင့်လိုလူနဲ့ ပေါင်းရတာ ကျွန်မဘဝက လုံလုံလောက်လောက် ဆင်းရဲဒုက္ခရောက်ခဲ့ပြီးပြီ။ ကျွန်မတို့သမီးကိုတော့ ကျွန်မရဲ့လမ်းစဉ်ကို လိုက်ခိုင်းမှာမဟုတ်ဘူး"

စုန့်ကျွင်းက သူ(မ)ကိုယ်သူ(မ) အလွန်အကြောင်းပြချက်ခိုင်လုံသည်ဟု ထင်မှတ်ကာ ပြောလိုက်သည်။

လင်မယားနှစ်ယောက်၏ စကားများကို နားထောင်ရင်း ယွဲ့ယွဲ့ခမျာ ခေါင်းယမ်းလိုက်မိသည်။ ဤကဲ့သို့သော မိခင်မျိုးရှိနေသည့် သူ(မ)ကိုယ်သူ(မ) တကယ်သနားစရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။

မိခင်အများစုက သူတို့သားသမီးများ ကျန်းမာရေးကောင်းမွန်ရန်၊ ဘေးကင်းလုံခြုံရန်နှင့် ပျော်ရွှင်ရန်အတွက်သာ မျှော်လင့်တတ်ကြသည်။

သို့သော် စုန့်ကျွင်းကတော့ မိခင်တစ်ယောက်ဖြစ်လျက်နှင့် သူ(မ)၏သမီးကို ငွေရှာသည့်စက်တစ်လုံးလို သဘောထားနေချေသည်။

အကယ်၍ ယွဲ့ယွဲ့သာ လျူဝေ့ကို လက်ထပ်လိုက်ပါက သူ(မ) လုံးဝပျော်ရွှင်ရမည် မဟုတ်သော်လည်း စုန့်ကျွင်းကတော့ နောင်အနာဂတ်တွင် ငွေကြေးဖြင့် သူ(မ)၏ဆန္ဒများကို ဖြည့်ဆည်းနိုင်မည်သာ။

"ယဲ့ချန်း... ငါတို့ကို လာကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါက ငါတို့မိသားစုနှစ်စုကြားက ကိစ္စဆိုတော့ ကျေးဇူးပြုပြီး ပြန်ပါတော့"

စုန့်ကျွင်းက အားနာခြင်းမရှိဘဲ ပြောလိုက်သည်။

သူ(မ)၏သမီးက လျူဝေ့ကို လက်မထပ်ချင်သည်မှာ သူ(မ)ရှေ့တွင် ရပ်နေသော ဤလူငယ်နှင့် တစ်စုံတစ်ရာပတ်သက်နေကြောင်း သူ(မ) ကောင်းကောင်းသိသည်။

သူ(မ)အမြင်တွင် ယဲ့ချန်းသည် သူတို့၏ ဆေးဖိုးဝါးခများကို မပေးနိုင်သလို သူတို့ကိုလည်း ငွေထုတ်မပေးနိုင်သည့် ဆင်းရဲမွဲတေနေသော လူတစ်ယောက်သာ ဖြစ်၏။

အကယ်၍ သူ(မ)သမီးသာ ယဲ့ချန်းကို လက်ထပ်လိုက်လျှင် အရှုံးပေါ်မည့် အပေးအယူဖြစ်လာမည်ဖြစ်ရာ သူ(မ)အနေနှင့် ထိုအဖြစ်ကို လုံးဝလက်ခံမည်မဟုတ်ပေ။

ယဲ့ချန်းကမူ ထိုနေရာတွင်သာ မလှုပ်မယှက် ဆက်ရပ်နေချေသည်။

ယဲ့ချန်းက ထွက်သွားမည့်အရိပ်အယောင် မရှိကြောင်း မြင်လိုက်ရသဖြင့် လျူဝေ့က လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်၏။

"ကောင်လေး... ယွဲ့ယွဲ့နဲ့ ဝေးဝေးနေဖို့ မင်းကို ငါအကြံပေးချင်တယ်။ သူက ငါ့မိန်းမကွ"

"လျူဝေ့... ရှင် ဘာတွေလျှောက်ပြောနေတာလဲ။ ကျွန်မတို့က ဘာပတ်သက်မှုရှိလို့လဲ"

ယွဲ့ယွဲ့၏မျက်နှာမှာ ပို၍ပင် မှုန်ကုပ်သွားတော့သည်။

"အန်တီက မင်းကို ကိုယ်နဲ့ပေးစားမယ်လို့ ပြောပြီးသားပဲလေ"

လျူဝေ့က ကျေနပ်ဂုဏ်ယူစွာ ပြောလိုက်သည်။

ယွဲ့ယွဲ့၏ သေးသွယ်လှပသော မျက်နှာလေးမှာ ဒေါသကြောင့် နီရဲသွားသည်။

"သူ ရှင့်ကို လက်ထပ်ချင်တယ်ဆိုလည်း သူ့ကိုပဲ လက်ထပ်ခိုင်းလိုက်။ ကျွန်မကတော့ လက်မထပ်နိုင်ဘူး"

•••••••••••••••••••

All Chapters