← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

အပိုင်း ၁၄၃ - ထူးဆန်းသော အမျိုးသမီး

စက်ရုံမန်နေဂျာမှာ အတော်ကြာအောင် မျက်နှာမပြခဲ့သည့် မမလေး နှစ်ဦး ရုတ်တရက် ပေါ်လာသောကြောင့် အံ့အားသင့်သွားရသည်။ အံ့သြမှုပြီးနောက်တွင်တော့ ဝမ်းသာပီတိများ လွှမ်းမိုးသွားလေ၏။

အကြီးအကဲကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ ရောက်လာခြင်းမှာ ကြီးမားသည့် စီမံကိန်းတစ်ခုခု ရှိနေပြီဖြစ်ကြောင်း သူသေချာပေါက် သိလိုက်သည်။

"မမလေးလင်းနဲ့ မမလေးကျန့်... ရောက်လာကြပြီပဲ" ဟု သူက နွေးထွေးသော အပြုံးဖြင့် ဆီးကြိုနှုတ်ဆက်လိုက်သည်။

စက်ရုံအတွင်းတွင် အလုပ်သမားများမှာ အပ်ချုပ်စက်များဖြင့် အလုပ်ရှုပ်နေကြပြီး လုပ်ငန်းစဉ်တစ်ခုလုံးမှာ စနစ်တကျ လည်ပတ်နေလေသည်။

"ဟုတ်တယ်၊ စတိုင်အသစ်အချို့ ထုတ်ဖို့ စီစဉ်ထားတာရှိလို့"

သူတို့စက်ရုံကို ရောက်ရောက်ချင်းမှာပင် လင်းစုယွီ ဝယ်ခိုင်းထားသည့် ကုန်ကြမ်းပစ္စည်းအားလုံးကို ရွှမ်ဖုန်းက သယ်ယူလာပေးသည်။

ကျန့်ဖိန့်ဖိန့်က ဒီဇိုင်းမူကြမ်းများကိုယူကာ စက်ရုံမှာတင် နမူနာပုံစံကို ကိုယ်တိုင်ချုပ်လုပ်ရန် စီစဉ်ထားပြီး၊ ထိုနမူနာအတိုင်း အလုပ်သမားများကို ဆက်၍ချုပ်လုပ်စေမည် ဖြစ်သည်။

သူတို့ကိုယ်တိုင် လက်စွမ်းပြတော့မည်ကို မြင်လိုက်ရသဖြင့် မန်နေဂျာဖြစ်သူမှာလည်း လိုအပ်သည်များကို အဆင်သင့်ဖြစ်အောင် အလုပ်ရှုပ်ကာ ပြင်ဆင်ပေးလေတော့သည်။

ကျန့်ဖိန့်ဖိန့်၏ လက်များမှာ အလွန်ပင် ကျွမ်းကျင်သွက်လက်လှသည်။ လင်းစုယွီ၏ အကူအညီဖြင့် အစိတ်အပိုင်း တစ်ခုချင်းစီကို မြန်မြန်ဆန်ဆန်ပင် ဖြတ်တောက်လိုက်၏။

ထို့နောက် အစိတ်အပိုင်းတစ်ခုချင်းစီကို အပ်ချောင်းလေးများဖြင့် လူပုံစံအရုပ် ပေါ်တွင် တွယ်ကပ်လိုက်သည်။

စက္ကူပေါ်မှ ဒီဇိုင်းမှာ ချက်ချင်းပင် လက်တွေ့အထည်အဖြစ် ပေါ်ထွက်လာသည်။ ကြယ်တာရာ အမှုန်အမွှားလေးများ ဖြန်းပက်ထားသည့်အလား တောက်ပနေသော အဖြူရောင်သန်းသည့် အစိမ်းနုရောင် ဝတ်စုံလေးမှာ မီးရောင်အောက်တွင် စီးဆင်းနေသော ဂလက်ဆီတစ်ခုကဲ့သို့ပင်။

မိမိ၏လက်ရာ တဖြည်းဖြည်း ပုံပေါ်လာသည်ကို ကြည့်ရင်း ကျန့်ဖိန့်ဖိန့်မှာ ကြီးမားသည့် အောင်မြင်မှုရသကို ခံစားနေရသည်။

"ဒါကတော့ သေချာပေါက် လူကြိုက်အများဆုံး အထည်ဖြစ်လာမှာပဲ!"

လင်းစုယွီ၏ မျက်ဝန်းထဲတွင်လည်း အားကျချီးကျူးရိပ်များ ပေါ်လာကာ "ဒါက... အရမ်းကို လှတာပဲ!" ဟု ရေရွတ်မိသည်။

မန်နေဂျာမှာလည်း ထိုဝတ်စုံမှ မျက်တောင်မခတ်တမ်း ငေးမောနေမိတော့သည်။

လင်းစုယွီက မန်နေဂျာကို ကြည့်ကာ "အရင်ဆုံး စျေးကွက်အခြေအနေကို စမ်းသပ်ဖို့အတွက် ပရိုမိုးရှင်းလုပ်ဖို့ အထည်အနည်းငယ်ကို အမြန်ဆုံးချုပ်ပေးပါ" ဟု ညွှန်ကြားလိုက်သည်။

မန်နေဂျာမှာ ညွှန်ကြားချက်အားလုံးကို သေချာစွာ မှတ်သားထားလိုက်သည်။

ကျန့်ဖိန့်ဖိန့်က ဝတ်စုံနှစ်စုံကို တိုက်ရိုက်ပြုလုပ်လိုက်ပြီး တစ်စုံကိုတော့ ကျန်းလင်ထံ ပေးပို့ရန်အတွက် အမြန်ဆုံးချုပ်လုပ်စေခဲ့သည်။

သူတို့ထွက်ခွာသွားပြီးနောက် လင်းစုယွီ၏ မှာကြားချက်အတိုင်း စတိုင်အသစ်များကို အမြန်ဆုံးချုပ်လုပ်ရန် အလုပ်သမားများကို မန်နေဂျာက ချက်ချင်းခိုင်းစေတော့သည်။

ကျန့်ဖိန့်ဖိန့်မှာ လင်းစုယွီနှင့်အတူ ပိုင်မိသားစုဆီသို့သွားပြီး မနေ့က သွားခဲ့သည့် ကုန်တိုက်ကြီးတွင် ဆိုင်ခန်းငှားရန်ကိစ္စကို ပိုင်ချီမင်နှင့် ဆွေးနွေးရန် စီစဉ်ထားသည်။

ပိုင်မိသားစုဆီ သွားရာလမ်းတွင် ကျန့်ဖိန့်ဖိန့်က အနာဂတ်အစီအစဉ်များကို လင်းစုယွီအား တတွတ်တွတ်ပြောပြနေစဉ် သူ၏မျက်စိအစွန်က ရင်းနှီးသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။

"စုယွီ၊ ဟိုမှာ ဒုတိယအစ်ကို ပိုင် မဟုတ်လား" ဟု ကျန့်ဖိန့်ဖိန့်က ပြတင်းပေါက်အပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

လင်းစုယွီလည်း သူမပြရာကို လှမ်းကြည့်လိုက်သည်။ စားသောက်ဆိုင်ရှေ့တွင် ဝတ်စုံအပြည့်ဖြင့် ရပ်နေသူမှာ တစ်ခြားသူမဟုတ်၊ ဝမ်းကွဲအစ်ကို ချီမင်ပင် ဖြစ်သည်။

သူ၏ရှေ့တွင် ဆံပင်အနည်းငယ်ကောက်ထားပြီး မြို့ကြီးသူဟန် ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးမှာ တစ်ခုခုကို ပြောဆိုနေလေသည်။

ကျန့်ဖိန့်ဖိန့်သာမက လင်းစုယွီပါ စပ်စုချင်စိတ်များ တဖွားဖွားပေါ်လာကာ မျက်လုံးများကို ပြူးကြည့်ရင်း ပြတင်းပေါက်မှ ချောင်းကြည့်နေကြသည်။

လင်းစုယွီက ရှေ့ခန်းရှိ ရွှမ်ဖုန်းကို "ရွှမ်ဖုန်း၊ ကားကို လမ်းဘေး ခဏရပ်လိုက်ဦး" ဟု လှမ်းပြောလိုက်သည်။

အမှန်တော့ လင်းစုယွီ မပြောခင်ကတည်းက ရွှမ်ဖုန်းမှာ ကားရပ်ရန် နေရာရှာနေခြင်းဖြစ်သည်။ ပိုင်ချီမင်ရှေ့တွင် ရောက်နေသည့် အမျိုးသမီးမှာ မည်သူဖြစ်ကြောင်း သူလည်း အလွန်စပ်စုချင်နေမိသည်။

ပိုင်ချီမင်မှာ ပို၍တည်ငြိမ်ရင့်ကျက်လာသော်လည်း တစ်နေ့ကုန် အလုပ်ကိစ္စများဖြင့်သာ အချိန်ကုန်နေသူဖြစ်ရာ အမျိုးသမီးများနှင့် တွေ့ဆုံရန် မည်သို့အချိန်ပိုရှိမည်နည်း။

သူတို့သုံးယောက်လုံးမှာ ဘာမှမပြောဘဲ နားလည်မှုယူကာ ကားထဲတွင် တိတ်တဆိတ်နေရင်း ပြတင်းပေါက်မှတစ်ဆင့် အပြင်ကလူနှစ်ယောက်ကို စောင့်ကြည့်နေကြသည်။

ကားထဲတွင် အတင်းပြောချင်သည့် အငွေ့အသက်များ လွှမ်းမိုးသွားပြီး ကျန့်ဖိန့်ဖိန့်က "စုယွီ၊ ဒါ ဒုတိယအစ်ကိုပိုင်ရဲ့ ရည်းစားအသစ်လား" ဟု တိုးတိုးလေး မေးလိုက်သည်။

"ငါလည်း ဘာမှမကြားမိဘူး၊ မသေချာဘူး"

လင်းစုယွီသည်လည်း ပြည်ပမှ ပြန်ရောက်ကာစဖြစ်သဖြင့် ပိုင်ချီမင်တွင် ရည်းစားရှိမရှိ မသိပေ။

သို့သော် သူမ ပြန်ရောက်လာသည့် တစ်လျှောက်လုံးတွင် ထိုအမျိုးသမီးကို တစ်ခါမျှ မတွေ့ဖူးသည်မှာတော့ သေချာသည်။ ပိုင်ချီမင်က သူတို့ကို ကွယ်ဝှက်ပြီး တိတ်တဆိတ် ဒိတ်လုပ်နေခြင်းများလား။

သို့သော် သူတို့ပုံစံမှာ ချစ်သူများကဲ့သို့ မတူလှဘဲ ပိုင်ချီမင်၏ မျက်နှာမှာ အေးစက်စက် ဖြစ်နေသည်။

ဝတ်စုံလေးနှင့် အမျိုးသမီးမှာမူ မျက်လုံးများ နီမြန်းနေပြီး အလွန်အမင်း ဝမ်းနည်းထိခိုက်နေသည့် ပုံစံမျိုး ပေါက်နေသည်။

နောက်ဆုံးတွင် တစ်ခုခုပြောပြီးနောက် ထိုအမျိုးသမီးက မျက်ရည်များကို သုတ်ကာ လမ်းပေါ်ရှိ အခြားကားတစ်စီးပေါ်သို့ တက်ကာ ထွက်ခွာသွားခဲ့သည်။

ပိုင်ချီမင်က ထိုကားလေးကို ငေးကြည့်နေခဲ့ပြီး သူ၏မျက်ဝန်းထဲတွင် နာကျင်ရိပ်အချို့ပင် ယှက်သန်းနေ၏။

ထိုမြင်ကွင်းကြောင့် သူတို့သုံးဦးလုံး၏ မျက်နှာတွင် စပ်စုချင်စိတ်များ ပို၍ပြင်းထန်လာသည်။ "ငါတို့ ဆင်းကြည့်ကြမလား" ဟု ကျန့်ဖိန့်ဖိန့်က စမ်းတဝါးဝါး မေးလိုက်သည်။

ပိုင်ချီမင်မှာ လမ်းပေါ်တွင် ရပ်နေသော်လည်း ဖြတ်သွားဖြတ်လာ ပျော်ရွှင်နေကြသည့် လူအုပ်ကြီးနှင့် လွန်စွာ ကွာခြားနေသည်။

သူသည် ဝမ်းနည်းမှုများဖြင့် လွှမ်းခြုံနေကာ ပတ်ဝန်းကျင်နှင့် လုံးဝ အံမဝင်သကဲ့သို့ ဖြစ်နေသည်။ လင်းစုယွီမှာ သူ့အား ဤမျှ စိတ်ဓာတ်ကျနေသည့် ပုံစံမျိုး တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

"သွားကြည့်ရအောင်" သူမက ကားတံခါးကို တွန်းဖွင့်ပြီး ဆင်းလိုက်ရာ ကျန့်ဖိန့်ဖိန့်ကလည်း နောက်ကပ်လျက် ပါလာသည်။

ရွှမ်ဖုန်းမှာ သူတို့နောက်မှ လိုက်ဆင်းရမလားဟု ခဏတာတွေဝေသွားသည်။

သူသည် လင်းစုယွီ၏ သက်တော်စောင့်ဖြစ်ရာ တတာဝန်ကို မည်သို့မေ့ထားနိုင်မည်နည်း။ လင်းစုယွီကို အနီးကပ် ကာကွယ်ပေးရမည်ဟု သူတွေးလိုက်သည်။ သူလိုက်သွားရခြင်းမှာ စပ်စုချင်၍ မဟုတ်ပါဟုလည်း သူဘာသာသူ တိုးတိုးလေး ရေရွတ်လိုက်သေးသည်။

ပိုင်ချီမင်မှာ မိမိရှေ့တွင် လူရိပ်များ မြင်လိုက်ရသဖြင့် ခေါင်းမော့ကြည့်လိုက်ရာ လင်းစုယွီနှင့် ကျန့်ဖိန့်ဖိန့်တို့ကို တွေ့လိုက်ရသဖြင့် လန့်သွားပြီး မေးလိုက်သည်။"မင်းတို့နှစ်ယောက် ဘာလို့ ဒီရောက်နေတာလဲ"

သူတို့နှစ်ယောက် မျက်လုံးချင်း အကြည့် တစ်ချက်ဖလှယ်လိုက်ပြီး လင်းစုယွီက မျက်ခုံးလေး ပင့်ကာမေးလိုက်သည်။ "ကျွန်မတို့က ဒီဆိုင်မှာ စစားဖို့လာတာနဲ့ အတော်ပဲ။ ဝမ်းကွဲအစ်ကိုရော ထမင်းလာစားတာလား၊ ဘာလို့ ဆိုင်ထဲမဝင်ဘဲ ဒီမှာရပ်နေတာလဲ"

ပိုင်ချီမင်၏ မျက်နှာပေါ်တွင် အနေရခက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဘာမှမဖြစ်သယောင် ဟန်ဆောင်ကာ "ငါ တစ်ခုခု တွေးနေလို့ပါ။ ကဲ လာ... မင်းတို့ကို ငါ ကျွေးပါ့မယ်" ဟု ဆိုသည်။

လင်းစုယွီနှင့် ကျန့်ဖိန့်ဖိန့်တို့မှာ ဘာမှမပြောသော်လည်း နားလည်မှုရှိရှိ မျက်စိမှိတ်ပြလိုက်ကြပြီး လက်ချင်းတွဲကာ ဆိုင်ထဲသို့ ဝင်သွားကြသည်။

"သခင်လေးပိုင်" ဟု ရွှမ်ဖုန်းက နှုတ်ဆက်လိုက်သည်။

ပိုင်ချီမင် ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် ရွှမ်ဖုန်းကို အမြဲတမ်း သူငယ်ချင်းကဲ့သို့ ဆက်ဆံခဲ့သဖြင့် အတူတူစားရန် ဖိတ်ခေါ်လိုက်သည်။

ရွှမ်ဖုန်းလည်း အားမနာတမ်း လက်ခံလိုက်သော်လည်း ဆိုင်ထဲမဝင်မီ ပိုင်ချီမင်အား အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် လှည့်ကြည့်လိုက်သေးသည်။

ပိုင်ချီမင်မှာ ခဏတာ မှင်သက်သွားပြီး ရွှမ်ဖုန်း၏ အကြည့်က ဘာကိုဆိုလိုမှန်း မသိဘဲ ဝေခွဲမရ ဖြစ်သွားရသည်။

ပိုင်ချီမင်က ကျွေးခဲလှသဖြင့် လင်းစုယွီနှင့် ကျန့်ဖိန့်ဖိန့်တို့မှာ အခွင့်အရေးကို လက်လွှတ်မခံဘဲ ကြိုက်နှစ်သက်သည့် အရာအားလုံးကို အားရပါးရ မှာယူကြလေတော့သည်။

ထို့နောက် လင်းစုယွီက မီနူးကို ရွှမ်ဖုန်းရှေ့သို့ တွန်းပေးကာ ပြောလိုက်သည်။ "ရှင်လည်း စားချင်တာရှိရင် မှာလိုက်နော်"

သူတို့ မှာယူနေကြသည့် ပုံစံမှာ သူ့ကို အပြတ်ရှင်းမည့် ပုံစံမျိုးဖြစ်နေသဖြင့် ပိုင်ချီမင်မှာ ငေးကြည့်နေမိသည်။

"ဝမ်းကွဲအစ်ကို... တကယ်တော့ ကျွန်မတို့ အစ်ကို့ကို ပြောစရာ ရှိလို့" ဟင်းမှာပြီးနောက် လင်းစုယွီက တိုက်ရိုက်ပင် စကားစလိုက်သည်။

"ဘာကိစ္စလဲ" ပိုင်ချီမင်မှာ သူတစ်ပါးကို ကူညီခွင့်ရတော့မည် ဖြစ်သဖြင့် စိတ်လှုပ်ရှားသွားသည်။

"ဟောင်ကောင်မြို့က အကြီးဆုံး ကုန်တိုက်ကြီးမှာ ကျွန်မတို့ ဆိုင်ခန်းတစ်ခန်းလောက် ငှားလို့ရမလား။ YUNI ဆိုတဲ့ နာမည်နဲ့ ဆိုင်ဖွင့်ပြီး ကုန်တိုက်ထဲကို စတင်ဝင်ရောက်ချင်တာ။ ဒါက ကျွန်မတို့ရဲ့ ပမထမဆုံးခြေလှမ်းပဲ"

ထိုအကြံဉာဏ်ကို ကြားလိုက်ရသဖြင့် ပိုင်ချီမင်မှာ အံ့သြဝမ်းသာသွားကာ "ဒါက လွယ်ပါတယ်၊ ငါ့ ကိုသာ လွှဲထားလိုက်" ဟု ဖြေလိုက်သည်။

လင်းစုယွီက သူတို့၏ စိတ်ကူးစိတ်သန်း အားလုံးကို ပိုင်ချီမင်အား အသေးစိတ် ပြောပြလိုက်သည်။

လူအုပ်စုမှာ အမြင်များကို ညှိနှိုင်းလိုက်ကြပြီး ကုန်တိုက်ကြီးတွင် YUNI ဘရန်း အမှတ်တံဆိပ် သီးသန့်အထည်ဆိုင်တစ်ခု ဖွင့်လှစ်ကာ နာမည်ရအောင် အရင်လုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထို့နောက်မှ ဆိုင်ခွဲများ ဆက်တိုက်ဖွင့်ပြီး လုပ်ငန်းချဲ့ထွင်ရန် သူတို့ ထမင်းစားရင်း တိုင်ပင်ခဲ့ကြသည်။

ရွှမ်ဖုန်းမှာမူ လင်းစုယွီ၏ ဘေးကင်းရေးကိုသာ ဂရုစိုက်ရန် လိုအပ်သဖြင့် စားရသောက်ရသည်ကိုသာ အာရုံစိုက်နေသည်။

စားသောက်ပြီးခါနီးတွင် လင်းစုယွီက ပါးစပ်ကို သုတ်လိုက်ကာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ပိုင်ချီမင်ကို စိုက်ကြည့်ရင်း "ဝမ်းကွဲအစ်ကို... ကျွန်မတို့ကို ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခုခု ရှိနေတာလား" ဟု မေးလိုက်သည်။

ထိုအခါ ပိုင်ချီမင်၏ ထမင်းစားတူကို ကိုင်ထားသော လက်မှာ တန့်သွားပြီး အလိုလို အပြစ်ရှိသလို ခံစားလိုက်ရကာ "ငါ က မင်းတို့ကို ဘာဖုံးထားရမှာလဲ" ဟု ပြန်ပြောလိုက်သည်။

ကျန့်ဖိန့်ဖိန့်ကလည်း စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။"စောစောက အမျိုးသမီးဝတ်ထားတဲ့ ဝတ်စုံလေး ဘယ်မှာဝယ်တာလဲ သိချင်လိုက်တာ၊ တကယ်လှတာပဲ၊ ငါလည်း တစ်ထည်လောက် လိုချင်မိတယ်"

All Chapters