← Chapters

မဟာလေဟာနယ်ဂိတ်တံခါးချပ်

Vol. 103 Ch. 1420

မဟာလေဟာနယ်ဂိတ်တံခါးချပ်

Vol. 103 Ch. 1420

ကျင့်ကြံသူများသည် ဝမ်လင်းကို ဖြတ်ကျော်သွားကြသည်သာ။ သည်ဧရိယာကို သူတို့၏ နတ်ဘုရားအာရုံများဖြင့် အကြိမ်ကြိမ် ရှာဖွေကြည့်ပြီး ဖြစ်သည်။ သို့သော် သူတို့သည် ဝမ်လင်းကို သတိမပြုမိကြပေ။

ဝမ်လင်းသည် နေရာတွင်ပင် ထိုင်နေလျက် သူက သည်ပတ်ဝန်းကျင်နှင့် တစ်သားတည်းပေါင်းစပ်ထား၏။ တချို့လူများ၏ အကြည့်များ၊ သို့မဟုတ် နတ်ဘုရားအာရုံများသည် သူ့အား ဖြတ်ကျော်သွားသော်လည်း ဝမ်လင်းကို ထောက်လှမ်းနိုင်ကြခြင်း မရှိပေ။

ကောင်းကင်ဘုံမိုးကြိုးကို အောင်မြင်စွာ သန့်စင်ခဲ့ပြီး ဖြစ်သည့်အတွက် မသည် သူ့အခြားမိုးကြိုးများထဲမှ တစ်ခု ဖြစ်လာခဲ့ပေပြီ။ မြေမိုးကြိုးကိုလည်း လွန်ခဲ့သောနာရီအနည်းငယ်က ဝမ်လင်း အောင်မြင်စွာ သန့်စင်ခဲ့ပြီး ဖြစ်၏။

ဝမ်လင်းသည် အချိန်ဟာအလွန်အရေးကြီးမှန်း သဘောပေါက်၏။ သူသည် နှေးဖင့်မနေဘဲ စတုတ္ထမြောက်မိုးကြိုး၊ မူလမိုးကြိုးထံသို့ တိုးဝင်၏။

မူလမိုးကြိုးသည် လောက၏မူလစွမ်းအင်များကြောင့် ဖြစ်ပေါ်သည့်အရာပင်။ ၎င်းကို သုံးနာရီကြာလောက် သန့်စင်ပစ်ပြီးနောက် ယင်းမိုးကြိုးသည် တုန်ယင်ကာ ဆက်လက် မခုခံတော့ပေ။

ခုချိန်တွင် ဝမ်လင်း၏မိုးကြိုးမူလစိတ်ဝိညာဉ် ပတ်လည်တွင် မိုးကြိုးလေးမျိုးသည် အတူတကွ ရှိနေပြီး ဖြစ်၏။ မိုးကြိုးလေးမျိုးသည် အတူတကွယ် လှည့်ပတ်နေရင်း သူ၏မူလစိတ်ဝိညာဉ်သည် ပို၍အစွမ်းထက်လာသည်။ သူ့မိုးကြိုးကျင့်ကြံမှုမှာလည်း နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့ပေပြီ။

“သံလိုက်မိုးကြိုး။ မင်းကို ငါ့ရဲ့မိုးကြိုးတွေနဲ့အတူတကွယ် ရှိလာစေဖို့ ငါ အမိန့်ပေးတယ်...” ဝမ်လင်း၏နတ်ဘုရားအာရုံက ဟိန်းမြည်သံ ပြု၏။ ငါးခုမြောက်သံလိုက်မိုးကြိုးသည် အလွန်ထူးဆန်း၏။ ၎င်းသည် အားကောင်းသောသံလိုက်ဓာတ် ပါဝင်ကာ ပြင်းထန်သောခုခံမှုတွန်းအားကို ပေးစွမ်းနေ၏။

၎င်းကို လုံးဝ စုပ်ယူနိုင်ဖို့အတွက် ဝမ်လင်းအဖို့ ရက်အတော်အတန် အချိန်ယူရမည် ဖြစ်သည်။ သို့ရာတွင် ဝမ်လင်းထံ၌ အချိန် မရှိပေ။ သံလိုက်မိုးကြိုးက အပြင်းအထန် ခုခံနေသည်ကို တွေ့သည့်အခါ သူသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူ့မူလစိတ်ဝိညာဉ်ပတ်လည်ရှိ မိုးကြိုးလေးမျိုးမှာ ဆင်းသက်လာသည်။

ယင်းမိုးကြိုးတို့က ပြင်းထန်သောအားတစ်ခုကို ဖြစ်စေကာ သံလိုက်မိုးကြိုးနှင့် ထိပ်တိုက်တွေ့၏။ ပြင်းထန်သောဟိန်းမြည်သံနှင့်အတူ သံလိုက်မိုးကြိုးသည် တဒင်္ဂသာ ခုခံနိုင်လိုက်ပြီး ပျက်စီးသွား၏။

ယင်းမိုးကြိုး ပျက်စီးသွားသည့်အခါ ဝမ်လင်း၏မူလစိတ်ဝိညာဉ်က သံလိုက်မိုးကြိုးကို ဝါးမြို၏။ သို့ပေမည့် ၎င်းသည် စုပ်ယူခြင်း မဟုတ်ဘဲ ပျက်စီးရာကနေ ဝါးမြိုခြင်းသာ ဖြစ်သည့်အတွက်ကြောင့် အခြားမိုးကြိုးလေးမျိုးထက် အတော်လေး အားနည်းသွားခဲ့သည်။

သို့သော် ဝမ်လင်းက ဂရုစိုက်မနေတော့ပေ။ မိုးကြိုးငါးမျိုးကို အတူတကွ စုပ်ယူပြီးနောက် ယင်းတို့သည် သူ၏မူလစိတ်ဝိညာဉ်ပတ်လည်၌ မြန်ဆန်စွာလှည့်ပတ်၏။ ချက်ခြင်းပင် သူ၏ကျင့်ကြံမှုအဆင့်မှာ နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်ကနေ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားတော့၏။

သူ၏မိုးကြိုးကျင့်ကြံမှုသည် နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာသည့်အခါ သူ့မူလစိတ်ဝိညာဉ်မှာ မြန်ဆန်စွာ ချဲ့ကားထွက်လာပြီးနောက် ခြောက်ခုမြောက်မိုးကြိုး၊ တာအိုမိုးကြိုးထံသို့ ခုန်ပေါက်ဝင်သွား၏။

ပြန့်ကြဲမိုးကြိုးကလန်သည် တာအိုမိုးကြိုးကို အတွင်းနယ်မြေကနေ ရှာဖွေခဲ့တာ ဖြစ်၏။ အတွင်းနယ်မြေမှ ကျင့်ကြံသူများကသာ တာအိုကို ကျင့်ကြံပြီး တာအိုဆန္ဒကို ဖြစ်ပေါ်နိုင်သည်။ ယင်းက တာအိုမိုးကြိုး ဖြစ်ပေါ်လာပုံတည်း။

ထိုမိုးကြိုးသည် ခုခံခဲ့လျှင် ဝမ်လင်းက တွေဝေခြင်းမရှိ ချေမွပစ်မည်သာ။ သူ၏မူလစိတ်ဝိညာဉ်မှာ ပြင်းထန်သောအဟုန်ဖြင့် ရောက်ရှိလာ၏။ သို့သော် တာအိုမိုးကြိုးကား မထင်မှတ်စွာဖြင့် တစ်စက်လေးမျှ မခုခံပေ။

ထိုမိုးကြိုးအတွင်းမှ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များထံကနေ ရှုပ်ထွေးသောတာအိုဆန္ဒ ထွက်ပေါ်၏။ ဝမ်လင်းသည် ဤစိတ်ဝိညာဉ်များဟာ သူနှင့် အတော်လေး ရင်းနှီးကြောင်းကို ခံစားမိသည်။ ယင်းတို့ကား အတွင်းနယ်မြေ၏ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်များ မဟုတ်လား။

ထိုစိတ်ဝိညာဉ်များကလည်း ဝမ်လင်း၏တာအိုဆန္ဒကို ခံစားမိ၍ သူ့မူလစိတ်ဝိညာဉ်ထံ တိုးဝင်လာ၏။ ဝမ်လင်း ၎င်းမိုးကြိုးကို ဝါးမြိုရဖို့ပင် မလိုဘဲ တာအိုမိုးကြိုးမှာ ၎င်းဘာသာ သမူဟဖြစ်စွာ ပေါင်းစပ်သည်။

ပြီးပြည့်စုံသောပေါင်းစပ်မှု။

မိုးကြိုးခြောက်မျိုးသည် ဝါးမြိုခံရပြီးနောက် ဝမ်လင်း၏မိုးကြိုးအနှစ်သာရ ပတ်လည်၌ မြန်ဆန်စွာ လှည့်ပတ်နေ၏။ သူ၏မိုးကြိုးကျင့်ကြံမှုမှာ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်လာခဲ့ပြီး ဖြစ်သည်။

ရုတ်တရက် သူ မျက်လုံးဖွင့်လာ၏။ သူ့ညာမျက်လုံးထဲရှိ မိုးကြိုးအမှတ်အသားသည် မိုးကြိုးခြောက်မျိုးနှင့်အတူတကွ လှည့်ပတ်သည်။ ကောင်းကင်ထက်ရှိ မိုးကြိုးများထံမှ အတောမသပ်တုန်ဟည်းသံ ထွက်ပေါ်သည်။

ဝမ်လင်းကို ရှာဖွေနေသော ကျင့်ကြံသူတစ်သိန်းနီးပါးသည် ချက်ခြင်းပင် မိုးကြိုး၏ ခြားနားသွားမှုကို သတိပြုမိ၏။ သူတို့၏နတ်ဘုရားအာရုံများကို အတူတူပေါင်းစည်းကာ သည်ဂြိုဟ်တစ်ခုလုံးကို သိမ်းကြုံး ရှာဖွေ၏။ သို့သော် သူတို့သည် အခုထိ မည်သည့်အရာကိုမျှ ရှာမတွေ့သေးပေ။

အလင်းတန်းများ ကောင်းကင်ထက်တွင် ပြည့်နှက်နေ၏။ နေရာတိုင်းတွင် ကျင့်ကြံသူများ ရှိနေသည်။

ဝမ်လင်းသည် နှာခေါင်းရှုံ့လိုက်၏။ မိုးကြိုးခြောက်မျိုးသည် ပြီးပြည့်စုံခဲ့ပြီ ဖြစ်၏။ သို့သော် ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ သူက သူ့မိုးကြိုးအနှစ်သာရကို ပြီးပြည့်စုံစေဖို့အတွက် နောက်ထပ် မိုးကြိုးသုံးမျိုး လိုအပ်နေသေးသည်။ သို့ပေမည့် ထိုကျန်သည့်မိုးကြိုးသုံးခုမှာ မည်သည့်နေရာတွင်ရှိမှန်း သဲလွန်စပင် ရှိမနေပေ။

ဝမ်လင်းသည် မည်သည့်အခါတုန်းကမျှ စည်းမျဉ်းများနောက် လိုက်လံသူ တစ်ယောက် မဟုတ်ခဲ့ပေ။ သူသည် နောက်ထပ်မိုးကြိုးသုံးမျိုးကို မည်သို့ရယူရမှန်း အကြံမရှိမှတော့ သူက သူကိုယ်တိုင်သာ ပြုလုပ်ပေတော့မည်။

“ငါ့မိုးကြိုးအနှစ်သာရ ပြီးပြည့်စုံမှုကို ရောက်သွားခဲ့ရင်၊ ဒီအကူအညီနဲ့ ငါဟာ တတိယအဆင့်ကို ရောက်နိုင်မလား မြင်ချင်မိတယ်...” ဝမ်လင်း၏မျက်လုံးသည် နီရဲနေ၏။ သူ၏ဂျီနယ်ပယ်သည် ထိုးထွက်လာသည်။

“ဂျီနယ်ပယ်ဟာ နတ်ဘုရားပြစ်ဒဏ်ပဲ။ အဲ့လိုပဲ မိုးကြိုးတစ်မျိုးဆိုလည်း ဟုတ်တယ်။ အရင်တုန်းက နတ်ဘုရားပြစ်ဒဏ်ဟာ ဘာပဲ ဖြစ်နေခဲ့ပါစေ ငါ ဂရုမစိုက်ဘူး။ အခု မင်းဟာ ငါ့ဂျီမိုးကြိုးပဲ။ ငါ့ခုနစ်ခုမြောက်မိုးကြိုး ဖြစ်လာရမယ်။ ငါ ဝမ်လင်းဟာ ကောင်းကင်ဘုံရဲ့ မိုးကြိုး မဟုတ်လား။ ဂျီမိုးကြိုး ပြန်လာခဲ့...”

ဝမ်လင်း၏ဆန္ဒအောက်၌ ဂျီမိုးကြိုးသည် တုန်ဟည်းကာ သူ့ညာမျက်လုံးထဲသို့ တိုးဝင်၏။ ၎င်းသည် သူ့ညာမျက်လုံးကို ထွင်းဖောက်ကာ သူ့မျက်လုံးသူငယ်အိမ်ထဲ၌ သူ့ဟာသူ ခပ်နှိပ်သွားသည်။

၎င်းသည် အတူတကွရှိရမည့် ခုနစ်ခုမြောက်မိုးကြိုး ဖြစ်လာခဲ့ပေပြီ။

ထိုအခိုက်အတန့်၌ ဝမ်လင်း၏ညာမျက်လုံးထဲတွင် သူ၏မိုးကြိုးအနှစ်သာရကို လှည့်ပတ်နေသော အတူတကွရှိရမည့် မိုးကြိုးခုနစ်ခု ရှိလို့နေပေပြီ။ သူ့ခန္ဓာကိုယ်ထံမှ အလွန်တရာအစွမ်းထက်သောအော်ရာတစ်ခုကို ပေးစွမ်းနေသည်။

ဝမ်လင်းသည် ဤတောင်တန်းနှင့် တစ်သားတည်း ပေါင်းစပ်ထားပြီး ဖြစ်၏။ မိုးကြိုးပေါက်ကွဲမှုက သည်တောင်တန်းတစ်လျှောက် ပျံ့နှံ့ပြီး ကုန်းမြေတစ်ခုလုံးသို့ ဖြန့်ကျက်သည်။

မိုးကြိုးတုန်ဟည်းသံများသည် ကောင်းကင်တုန်လှုပ်ဖွယ်ရာတည်း။ အဆုံးမဲ့မိုးကြိုးများ ဤကုန်းမြေတွင် အထိုင်ချသည်။

ထိုမိုးကြိုးသည် သေမျိုးများကို ထိခိုက်စေခြင်း မရှိပေ။ သို့သော် ၎င်းမှာ အလွန်အမင်း တောက်ပသည်။

ဝမ်လင်းကို ရှာဖွေနေသော ကျင့်ကြံသူများအားလုံး တုန်လှုပ်ကုန်ကြ၏။ ထို့နောက် သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ထပ်မံ ရှာဖွေကြပြန်သည်။

ကောင်းကင်ဘုံဒုက္ခအဆင့်များ အတူတကွယ် လုပ်ဆောင်နေခြင်းကြောင့် သူတို့၏နတ်ဘုရားအာရုံမှာ ကြီးစွာတိုးတက်လာ၏။

“မိုးကြိုးဖားပြုတ်။ မင်းဟာ သားရဲတစ်ကောင်ဖြစ်ပြီး မင်းရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်။ မင်းဟာ နှစ်ပေါင်းများစွာ ငါ့နောက် လိုက်ခဲ့တယ်။ မင်းရဲ့ ကျင့်ကြံမှုအဆင့်ဟာ နိမ့်ပေမယ့်လည်း မင်းက ငါ့ရဲ့ ဖိဆန်တဲ့သဘာဝကို သင်ယူခဲ့ပြီး ဖြစ်တယ်...”

“ဒီနေ့မှာ မိုးကြိုးရဲ့အရှင်သခင်တစ်ယောက်အနေနဲ့ ငါဟာ မင်းကို အတူတကွရှိရမယ့် ရှစ်ခုမြောက်မိုးကြိုး၊ သွေးမျိုးဆက်မိုးကြိုး ဖြစ်လာဖို့ ကမ်းလှမ်းတယ်။ အတိတ်တုန်းက ရှစ်ခုမြောက်မိုးကြိုးဟာ ဘယ်လိုမိုးကြိုးပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ငါ ဂရုမစိုက်ဘူး။ အခုကစပြီး မင်းဟာ အတူတကွရှိရမယ့် ရှစ်ခုမြောက်မိုးကြိုး ထာဝရ ဖြစ်လာရမယ်...”

ဝမ်လင်း၏နတ်ဘုရားအာရုံသည် အားကောင်းသည်။ ၎င်း ပျံ့နှံ့လာသည့်အခါ သူ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်လံခဲ့သော မိုးကြိုးဖားပြုတ်သားရဲမှာ ပေါ်လာခဲ့သည်။ ထိုမိုးကြိုးဖားပြုတ်သည် ဟိန်းမြည်သံတစ်ချက် ပြုကာ မိုးကြိုးတန်းအဖြစ် ပြောင်းလဲပြီး ဝမ်လင်း၏ညာမျက်လုံးထဲသို့ ဦးတည်ဝင်ရောက်လာသည်။

ချက်ခြင်းပင် မိုးကြိုးဖားပြုတ်သည် ပျောက်ကွယ်သွား၏။ သွေးမျိုးဆက်မျိုးကြိုးတန်းတစ်ခုသည် ဝမ်လင်း၏ညာမျက်လုံးထဲတွင် ပေါ်လာခဲ့ပေပြီ။ သူ၏မိုးကြိုးအနှစ်သာရကို လှည့်ပတ်နေသော မိုးကြိုးအမျိုးအစားရှစ်ခု ရှိလာခဲ့ပြီ ဖြစ်၏။ ခုချိန်တွင် လောကသည်ပင် အရောင်ပြောင်းလဲကာ တိမ်များ ပြန့်ကြဲကုန်သည်။

မြေပြင်သာမက ကောင်းကင်ထက်တွင်လည်း မိုးကြိုးတို့ ပြည့်နှက်၏။ မိုးကြိုးတုန်ဟည်းသံများ ပျံ့နှံ့ကာ သည်နေရာရှိ ကျင့်ကြံသူအားလုံး၏စိတ်မှာ လှုပ်ခါကုန်သည်။ ခုချိန်တွင် ကောင်းကင်သည်လည်းမိုးကြိုး၊ မြေပြင်မှာလည်း မိုးကြိုးဖြစ်နေပြီ။ ကောင်းကင်နှင့်မြေကြီးကြားရှိ ဟင်းလင်းပြင်နေရာလွတ်သည်ပင် မိုးကြိုးနှင့် ပြည့်နှက်၏။ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသော မိုးကြိုးတန်းများ ပေါ်လာခဲ့ပေပြီ။

ဝမ်လင်းကိုက ရှာဖွေနေသော ကျင့်ကြံသူများသည် ဆက်လက် စိတ်လှုပ်ရှားမှု ရှိမနေကြတော့။ သူတို့သည် ကြောက်ရွှံ့ကုန်ကြပြီ ဖြစ်၏။ သူတို့သည် အခုလိုအဖြစ်မျိုးကို အရင်က လုံးဝ မမြင်ဖူးခဲ့ပေ။ မိုးကြိုးတုန်ဟည်းသံကို ကြည့်နေလျက် သူတို့၏စိတ်နှလုံးများမှာ စတင်တုန်ယင်လာ၏။

“နောက်ဆုံးမိုးကြိုးအမျိုးအစား။ ငါဟာ ဒီလောကမှာ နောက်ဆုံးမိုးကြိုးအမျိုးအစားကို မရှာနိုင်ဘူး။ ဒါပေမဲ့ ငါ့ဘဝတစ်လျှောက်လုံး ငါဟာ ကောင်းကင်ဘုံကို ဖိဆန်ခဲ့တယ်။ ငါဟာ ကံကြမ္မာကို ငြင်းဆန်ခဲ့တယ်။ လောကရဲ့ အရှင်သခင် ဖြစ်လာရမယ်။ ငါဟာ ဒီကောင်းကင်ကိုပါ ဖျက်စီးပစ်ပြီး မြေကြီးထုကိုပါ တစစီဖြစ်စေမယ်...”

“ငါဟာ ငါ့ဇနီးရဲ့ စိတ်ဝိညာဉ်အတွက် ကောင်းကင်ဘုံနဲ့ တိုက်ခိုက်ခဲ့တယ်။ ငါဟာ ငါဘဝတစ်ခုလုံးမှာ ကောင်းကင်ဘုံကိုဖိဆန်တဲ့ကျင့်ကြံသူတစ်ယောက်အဖြစ် ရှင်သန်နေထိုင်ခဲ့တယ်။ ဒီလမ်းဟာ သွေးစွန်းပေမယ့်လည်း ငါ လုံးဝ နောင်တမရဘူး။ ငါ ဝမ်လင်းဟာ နှစ်ပေါင်းနှစ်ထောင်လုံး လောကအနှံ့ ခြေဆန့်ခဲ့တယ်။ ဒါပေမဲ့ ငါ့စိတ်နှလုံးဟာ တည်ငြိမ်တယ်။ ငါဟာ ကောင်းကင်ဘုံဖိဆန်တဲ့နှလုံးသားနောက်ကို လိုက်လံခဲ့တယ်။ ငါဟာ ကောင်းကင်ဘုံကို ဖိဆန်တဲ့ စိတ်ဆန္ဒကို ကျင့်ကြံခဲ့တယ်...”

“ငါ နောက်ဆုံးမိုးကြိုးကို မရှာနိုင်မှတော့ ငါ့တစ်သက်လုံးကျင့်ကြံမှုကို အသုံးပြုပြီး ဖိဆန်ခြင်းမိုးကြိုးကို ဖန်တီးမယ်။ ဒီဖိဆန်ခြင်းမိုးကြိုးဟာ အရင်က ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီနေ့ ငါ့အမိန့်အရ ဒီလောကဟာ ဒီဖိဆန်ခြင်းမိုးကြိုးကို မွေးဖွားပေးရမယ်။ အတိတ်တုန်းက ကိုးခုမြောက်မိုးကြိုးနေရာမှာ အစားဝင်ရောက်စေမယ်...” ဝမ်လင်း၏ဆန္ဒသည် ရူးသွပ်မှုတို့၊စွမ်းအားတို့ဖြင့် ပြည့်နှက်၏။ ရုတ်တရက် သူသည် မတ်တပ်ထရပ်ကာ ကောင်းကင်ထက်ကို ကြည့်သည်။

သူ့ခန္ဓာကိုယ်မှာ မားမားရပ်လျက် ကောင်းကင်ကိုဖိဆန်မည့်ဆန္ဒနှင့် ပြည့်နှက်သည်။ သူ့မျက်လုံးတို့မှာ တောက်ပ၏။ သူ၏အော်ရာသည် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ သူ့စိတ်နှလုံးထဲ၌ ကံကြမ္မာကို တိုက်ရိုက်ဆန့်ကျင်ကာ ရုန်းကန်မှုတို့ ပါဝင်သည်။

“ခုနစ်သန်းလောကများရဲ့ အဖြစ်အပျက်ဟာ ငါ့နောက်ဆုံးတွေဝေနေမှုကို ဖယ်ရှားပေးခဲ့ပြီးပြီး။ ကောင်းကင်ဘုံကသာ ခံစားမှုကင်းမဲ့တယ်ဆိုရင် ငါတို့ ကျင့်ကြံသူတွေဟာ ၎င်းကို ခုခံသင့်တယ်။ ၎င်းက ခံစားမှုကင်းမဲ့ပြီး ဘာကိုမှ ဂရုမစိုက်တတ်ဘူးဆိုရင် သက်ရှိအားလုံးကို ထိန်းချုပ်ပြီး ငါ့ဘဝကို ဘာကြောင့် လာနှောက်ယှက်ရတာလဲ...”

ဝမ်လင်း၏ဟိန်းသံ ထွက်ပေါ်လာ၏။ သူ့အသံသည် အဆုံးမဲ့မိုးကြိုးများနှင့် သမူဟ ဖြစ်သည့်ပုံပင်။ မိုးကြိုးကန်ကဲ့သို့ ဧရာမိုးကြိုးတစ်ခု ဖြစ်ပေါ်ကာ အဘက်ဘက်သို့ ပျံ့နှံ့လေတော့၏။

အချိန်စတင်ကတည်းက လုံးဝ မပေါ်ထွက်လာဖူးသော မိုးကြိုးတန်းသည် ဝမ်လင်း၏စကားလုံးများကြောင့် မွေးဖွားလာခဲ့ချေပြီ။ ၎င်းမှာ မမြင်ရပေ။ အများစုသည်လည်း မြင်နိုင်မည် မဟုတ်ပေ။ ဖိဆန်လိုသောဆန္ဒအပြည့် ရှိသူများကသာ ယင်းမိုးကြိုးကို ထောက်လှမ်းနိုင်မည် ဖြစ်သည်။

ထိုမိုးကြိုး ရုတ်တရက် ပေါ်လာသည့်အခါ ၎င်းသည် ဝမ်လင်း၏ညာမျက်လုံးအတွင်းသို့ ဝင်ရောက်လာ၏။ ၎င်းသည် ကံကြမ္မာနှင့်ကောင်းကင်ဘုံကို ဆက်တိုက်ဆန့်ကျင်သည်။

ခုချိန်တွင် ဝမ်လင်း၏ညာမျက်လုံးထဲ၌ သူ၏မိုးကြိုးအနှစ်သာရပတ်လည်တွင် အတူတကယ်မိုးကြိုးပေါင်းကိုးခု ရှိသွားခဲ့ပြီ ဖြစ်၏။ ယင်းအဖြစ်က သူ၏မိုးကြိုးအနှစ်သာရကို ပြီးပြည့်စုံသွားစေသည်။ ယင်းမိုးတို့သည် လှည့်ပတ်နေရင်း ယင်းတို့က ဝမ်လင်းညာမျက်လုံးထဲတွင် မိုးကြိုးအမှတ်အသားတစ်ခုကို ဖြစ်ပေါ်စေသည်။

ထိုမိုးကြိုးအမှတ်အသား ပုံပန်းအသွင် ဖွဲ့တည်လာသည့်အခိုက်၌ အတိုင်းမသိမိုးကြိုးအားတစ်ခုမှာ ဝမ်လင်း၏ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာသည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် ဧရာမပုံရိပ်ယောင်ဂိတ်တံခါးတစ်ခုသည် ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုအခါ သည်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်၏။

ထိုဂိတ်တံခါးသည် အဆုံးမရှိ၊ ကောင်းကင်ဘုံ၏အစိတ်အပိုင်းတစ်ခု ကိုယ်တိုင်ကိုယ်ကျ ဖြစ်နေသည့်အလား။ ၎င်းသည် ကောင်းကင်ဘုံ၏ တံခါးချပ်နှင့် တူ၏။ လူတစ်ယောက်ကသာ ၎င်းတံခါးချပ်ကို ဖွင့်လှစ်နိုင်ပါက သူတို့သည် သည်လောကကနေ ထွက်ခွာနိုင်ပေမည်။

“တတိယအဆင့်၊ မဟာလေဟာနယ်ဂိတ်တံခါး...” အချို့ကျင့်ကြံသူများသည် ချက်ခြင်းပင် သည်ပုံရိပ်ယောင်ဂိတ်တံခါးကို သိရှိသွားကြသည်။ သူတို့၏မျက်နှာထက်တွင် မယုံကြည်နိုင်ဖြစ်မှု အထင်းသား ပေါ်နေ၏။ ထိုတံခါးပေါ်လာသည်နှင့် ဝမ်လင်းသည် ၎င်းထံမှ အတိုင်းမသိစွမ်းအား ထွက်ပေါ်နေသည်ဟု ရှင်းလင်းစွာ ခံစားမိသည်။ ၎င်းတံခါးချပ်နှင့် ယှဉ်ပါက အရာအားလုံးသည် ဘာမှ မဟုတ်တော့သည့်အလား။

“ငါ ဒီတံခါးကို မချိုးဖျက်နိုင်ခဲ့ရင်တောင်မှာ ငါ ကြိုးစားကြည့်မှာ ဖြစ်တယ်...”

All Chapters