← Chapters

ငါ သူနဲ့ ပတ်သတ်လို့ မှားသွားခဲ့ပြီ…

Vol. 103 Ch. 1422

ငါ သူနဲ့ ပတ်သတ်လို့ မှားသွားခဲ့ပြီ…

Vol. 103 Ch. 1422

ဝမ်လင်း ထိုမိုးကြိုးအမှတ်အသားကို ထုတ်လွှတ်ပြီးနောက် သိပ်မကြာခင်တွင် တောင်တန်းများအနှံ့ မိုးကြိုးသည် ရွှေ့လျားလျက် တစီစီအသံများ ပဲ့တင်ထပ်နေသည်။ သည်နေရာတွင် ချိပ်ပိတ်ခံထားရသော ကျင့်ကြံသူတစ်သောင်း၏ အော်သံဟစ်သံများလည်း ပိုအားနည်းလာ၏။ ၎င်းတို့သည် လုံးဝ ချိပ်ပိတ်ခံလိုက်ရသည့်အလား မည်သည့်အသံမှ ထပ်မထွက်ပေါ်လာတော့ပေ။

တောင်တန်းများပေါ်၌ ခပ်နှိပ်နေသော မိုးကြိုးအမှတ်အသားကတော့ တစ္ဆေအလင်းတစ်ခုနှင့် ကောင်းကင်ဘုံ၏ခွန်အားကို ခပ်ရေးရေး ပေးစွမ်းနေသည်။

အချိန်အတန်ကြာပြီးနောက် လှိုင်းဂယက်များ ကောင်းကင်ထက်တွင် ပေါ်လာသည်။ လူတစ်ယောက် လှမ်းထွက်လာ၏။ သူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ ထိုသူ ပေါ်လာသည်နှင့် သူသည် မျက်မှောင်ကြုတ်သွားသည်။ သူက တောင်တန်းများကိုမကြည့်၊ ကောင်းကင်ထက်ကိုသာ ကြည့်နေသည်။

“လေဟာနယ်ဂိတ်တံခါးက အခုလေးမှ ထွက်ပေါ်သွားခဲ့တာပဲ။ ဒါဟာ လေဟာနယ်ဂိတ်တံခါးရဲ့ အော်ရာပဲ။ မမှားနိုင်ဘူး…” သက်လတ်ပိုင်းလူသည် သုန်မှုန်နေ၏။ သူသည် ကောင်းကင်ထက်သို့ တစ်ခုခုကို ရှာဖွေနေသည့်အလား ကြည့်နေသည်။

“ဒီလေဟာနယ်ဂိတ်တံခါးချပ်ဟာ ပွင့်ဟမသွားခဲ့ဘူး။ မဟုတ်ရင် ငါ့မူလခန္ဓာကိုယ်ဟာ သတိပြုမိမှာပဲ။ လေဟာနယ်ဂိတ်တံခါးချပ် ပေါ်လာအောင် လုပ်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက်။ စိတ်ဝင်စားစရာပဲ။ အုပ်စိုးသူကောင်စီက ဒီလူ့ကို ဖမ်းနိုင်ရင် အဆင့်ငါးတာအိုစိတ်ဝိညာဉ်တစ်ခုကို ထုတ်ပေးတဲ့အထိ ရက်ရောနေတာ အံ့အားသင့်စရာ မရှိတော့ဘူး…” ထိုသက်လတ်ပိုင်းလူသည် အရှင်စစ်မို၏ကိုယ်ပွားပင်။

သူသည် အရင်က အလျင်စလို မဖြစ်ခဲ့ပေ။ သူက သည်နေရာသို့ ရောက်ရန် အေးဆေးသာလာခဲ့ပြီး သူဖမ်းဆီးရမည့်ကိစ္စကို သိပ်အလေးမထားခဲ့ချေ။ သို့ပေမည့် ခုချိန်၌ အရာအားလုံးသည် ပြောင်းလဲသွားပြီ ဖြစ်ကာ သူသည် ပို၍အလေးအနက် ဖြစ်လာသည်။

သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် အရှင်စစ်မိုက သူ့အောက်ရှိ‌ တောင်ကို ကြည့်သည်။ သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ သူက အသက်ဝဝရှုသွင်းလိုက်ပြီး တောင်တန်းပေါ်ရှိ မိုးကြိုးအမှတ်အသားကို စိုက်ကြည့်သည်။ သူ့အမူအရာမှာ ပို၍ အလေးအနက် ဖြစ်သွားသည်။

“သူက မိုးကြိုးကျင့်ကြံသူတစ်ယောက်ပဲ။ သူက မိုးကြိုးကျင့်ကြံသူတစ်ယောက်အဖြစ် တတိယအဆင့်ကို ရောက်ဖို့ ကြိုးစားခဲ့တာကို။ ဒါဟာ ဒါဟာ ခေတ်ကာလတလျှောက်မှာ တတိယအဆင့်ကို မိုးကြိုးကျင့်ကြံသူအဖြစ်နဲ့ ရောက်ဖို့ဟာ အခက်ခဲဆုံး ဖြစ်ခဲ့ယ်။ မိုးကြိုးဟာ ကောင်းကင်ဘုံရဲ့စွမ်းအားပဲ။ ပြန့်ကြဲမိုးကြိုးကလန်မှာတောင် သမိုင်းတစ်လျှောက် တတိယအဆင့်ကို ရောက်နိုင်ခဲ့တာ တစ်ယောက်ပဲ ရှိသေးတယ်။ သူဟာ နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်မှာ တန့်နေခဲ့ပေမယ့်လည်း သူသာ ရူးသွပ်ပြီး ကောင်းကင်ဘုံမိုးကြိုးကို ဆင့်ခေါ်လိုက်ရင် နိဗ္ဗာနလေဟာနယ်အလယ်အဆင့်ကျင့်ကြံသူတွေတောင် သူနဲ့ ရင်ဆိုင်ဖို့ ခေါင်းကိုက်ရလိမ့်မယ်…”

“သူ ပြန့်ကြဲမိုးကြိုးကလန်ကို ဖျက်စီးချင်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး။ သူ့ရည်ရွယ်ချက်ဟာ ပြန့်ကြဲမိုးကြိုးကလန်ရဲ့ ထာဝရမိုးကြိုးပဲ ဖြစ်လိမ့်မယ်။ ထာဝရမိုးကြိုးကို ဝါးမြိုပြီးတဲ့နောက် သူဟာ လေဟာနယ်ဂိတ်တံခါးပေါ်လာအောင် လုပ်နိုင်ခဲ့တာ ဖြစ်ရမယ်…”

အရှင်စစ်မို၏အမူအရာသည် သုန်မှုန်နေ၏။ သူသည် ဖြစ်ပျက်ခဲ့သည်ကို အကြမ်းဖျဉ်း ခန့်မှန်းကြည့်နေသည်။

“ပိုပြီး ကြောက်ဖို့ကောင်းတာက သူဟာ လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ဖို့ ကြိုးစားပြီးတဲ့နောက်မှာတောင် ဒီကျင့်ကြံသူတစ်သောင်းကို ချိပ်ပိတ်ဖို့အတွက် တောင်တန်းတွေရှိ မိုးကြိုးကို ပေါင်းစပ်နိုင်သေးတယ်။ ဒီလိုမျိုးက သာမန်လူတွေ လုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ သူဟာ ဒီကိစ္စတစ်ရပ်လုံးကို အစီအစဉ် ချမှတ်ထားခဲ့တာ ဖြစ်ရမယ်။ ဒီလိုလူမျိုးဟာ အတော်လေး တည်ငြိမ်ပြီး တွက်ချက်နိုင်စွမ်းလည်း ရှိမှာ သေချာတယ်…”

အရှင်စစ်မိုသည် အသက်ဝဝရှုသွင်းလိုက်၏။ သူ့မျက်လုံးထဲတွင် ဆန်းကြယ်သောအလင်းတစ်ခု ဖြစ်ပေါ်သည်။ သူသည် ဝမ်လင်းကို အတော်လေး စိတ်ဝင်စားမိနေပြီ ဖြစ်သည်။

“ရှေးဟောင်းနတ်ဘုရားတစ်ပါးကို လိုက်လံခဲ့တာက ငါ့ကို စိတ်လှုပ်ရှားစေခဲ့ပြီး ဖြစ်တယ်။ အခု ငါဟာ ဒီလိုကျင့်ကြံသူတစ်ယောက်နောက်ကို ထပ်ပြီး အမဲလိုက်ရတော့မယ်။ ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်…” အရှင်စစ်မိုသည် ရယ်မောလိုက်၏။ သူသည် သူ့အောက်ဘက်ရှိ ကျင့်ကြံသူများကို အကူအညီမပေးဘဲ လှည့်ထွက်သွားရန် ဟန်ပြင်သည်။

သို့ပေမည့် သူ နောက်လှည့်ပြီးမှ သူ ရုတ်တရက် တုန်ယင်သွားကာ တဖက်သို့ ပြန်လှည့်လိုက်သည်။ သူသည် လေဟာနယ်ဂိတ်တံခါးပေါ်လာခဲ့သော နေရာကို သေသေချာချာ ကြည့်လိုက်၏။

“တစ်ခုခု မူမမှန်သေးဘူး…” ပထမဆုံးအကြိမ်အဖြစ် သူ့မျက်နှာထက်တွင် မယုံကြည်နိုင်မှုနှင့် ထိတ်လန့်မှု ပေါ်လာသည်။ ထို့အတူ သံသယဖြစ်မှုနှင့် တုန်လှုပ်မှုတို့လည်း တစ်ဆက်တည်း ဖြစ်ပေါ်သည်။

“အပူဇော်ခံမီးတောက်ရဲ့ အော်ရာလုံးဝ ရှိမနေဘူး…” အရှင်စစ်မိုသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ လေပြင်းတစ်ခု ရိုက်ခတ်ကာ လောကတွင် ပြည့်နှက်ပြီး ဧရာမပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်သည်။ ထိုပုံရိပ်ထဲတွင် ဝမ်လင်းသည် လေဟာနယ်ဂိတ်တံခါးထံ သုံးကြိမ်တိုင်တိုင် တိုးဝင်ခဲ့ပြီး သည်ကျင့်ကြံသူတစ်သောင်းကို မည်သို့ ချိပ်ပိတ်ခဲ့သည့် အခြင်းအရာ ပါဝင်နေ၏။

ယင်းမြင်ကွင်းကို မင်ငေးစွာ စိုက်ကြည့်နေရင်း အရှင်စစ်မို၏မျက်နှာသည် ချက်ခြင်း ဖြူရောသွားလေ၏။

“သူ…သူဟာ အပူဇော်ခံမီးတောက်ကို လုံးဝ အသုံးမပြုခဲ့ဘူး။ သူ့ရှိမှာ အပူဇော်ခံမီးတောက် အရိပ်အယောင်တောင် ရှိမနေဘူး။ သူဟာ အပူဇော်ခံမီးတောက်အပေါ် တကယ့်ကို မမှီခိုခဲ့တာပဲ။ ဒါပေမဲ့ လေဟာနယ်ဂိတ်တံခါးကို သူ့ပြီးပြည့်စုံတဲ့ အနှစ်သာရနဲ့ ပေါ်လာစေခဲ့တယ်။ ဒါ...ဒါဟာ ကြားတောင်မကြားဖူးဘူး။ ဒါ့အပြင် သူဟာ လေဟာနယ်ဂိတ်တံခါးချပ်ကို အမျှင်တန်းတစ်ခုစာလောက်တောင် ဖွင့်လှစ်နိုင်ခဲ့သေးတယ်…”

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အပူဇော်ခံမီးတောက်ကို အသုံးမပြုဘဲ ဘယ်သူကမှ သူတို့ရဲ့ အနှစ်သာရကို ပြီးပြည့်စုံအောင် မလုပ်နိုင်ဘူး။ ဘယ်သူကမှ အပူဇော်ခံမီးတောက်ကို အသုံးမပြုဘဲ လေဟာနယ်ဂိတ်တံခါးကို ထွက်ပေါ်လာအောင် မလုပ်နိုင်ဘူး…” အရှင်စစ်မိုသည် သူ့မျက်လုံးထဲရှိ ကြောက်လန့်မှုကို တဖြည်းဖြည်း ကွယ်ဝှက်လိုက်၏။ သူ့မျက်လုံးထဲတွင် တည်ငြိမ်မှု ပြန်အစားထိုးလာသည်။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ သူ လာခဲ့သောအရှိန်ထက် အဆများစွာပိုမြန်သောနှုန်းဖြင့် ရွှေ့လျားလိုက်၏။ သူသည် ဝမ်လင်း ကျန်ရစ်ခဲ့သော အရိပ်အယောင်ကနေ တစ်ဆင့် ဝမ်လင်းနောက်သို့ ပူပန်တကြီး လိုက်လံတော့သည်။

ဝမ်လင်း၏ မိုးကြိုးအနှစ်သာရသည် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားပြီး လေဟာနယ်ဂိတ်တံခါးချပ်ကို ဆင့်ခေါ်နိုင်ခဲ့ချိန်၌ အပြာရောင်ပိုးသားကလန်တွင် တာအိုသခင်အိပ်မက်ပြာ၏ ကုချင်းပေါ်ရှိ လက်နှစ်ဖက်သည် ရုတ်တရက် တုန်ယင်သွား၏။ သူက ခေါင်းမော့ကာ သူ့အင်္ကျီလက်အိုးကို ခါယမ်းကာ အခန်းထဲကနေ လှမ်းထွက်လိုက်သည်။

လီချန်မေသည် ထိုင်ခုံပေါ်တွင် ထိုင်ကာ သူမ၏အဖေဖြစ်သူကို ကြည့်နေ၏။ သို့သော် သူမသည် စကားတစ်ခွန်းမှ မဆိုပေ။ သို့ပေမည့် သူမ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုမှာ ပျောက်ကွယ်ခဲ့ပြီးဖြစ်ကာ ကြည်လင်မှု ပြန်ရနေပေပြီ။ ကြည့်ရသည်မှ သူမသည် အတိတ်ကို အတော်များများ ပြန်မှတ်မိသွားသည့်ပုံပင်။ ထို့နောက် သူမသည် မတ်တပ်ထရပ်ကာ လျှောက်လာသည်။

တာအိုသခင်အိပ်မက်ပြာသည် အခန်းထဲမှ လှမ်းထွက်လိုက်သည်နှင့် သူ့ညာလက်ကို ဝေ့ယမ်းသည်။ အဆုံးမရှိ အပြာရောင်အလင်းသည် ကောင်းကင်ထက်တွင် ပြည့်နှက်ကာ လှုပ်ရှားနေသောပုံရိပ်များအဖြစ်သို့ မြန်ဆန်စွာ သိပ်သည်းသွားသည်။

ထိုပုံရိပ်များအတွင်း၌ ဝမ်လင်း လေဟာနယ်ဂိတ်တံခါးကို သုံးကြိမ်တိုင် ချိုးဖျက်နေသည့်မြင်ကွင်းများ ပါဝင်ပေသည်။

တာအိုသခင်အိပ်မက်ပြာသည် ထိုပုံရိပ်များကို စိုက်ကြည့်လျက် အသေအချာ ကြည့်ရှုစမ်းစစ်သည်။ သူ့အမူအရာသည် တဖြည်းဖြည်း အလေးအနက် ဖြစ်လာကာ အဆုံးသပ်တွင် သူသည် တုန်လှုပ်မှုနှင့် ပြည့်နှက်သွားသည်။

ထိုကဲ့သို့သော အမူအရာမျိုးသည် တာအိုသခင်အိပ်မက်ပြာ၏ မျက်နှာထက်တွင် အလွန့်အလွန်ကိုမှ ဖြစ်ပေါ်ခဲပေသည်။

“နင့်ရဲ့ အဖေက လူတစ်ယောက်ကို လျှော့တွက်မိခဲ့ပြီ။ ဒါ ငါ ပထမဆုံး မှားဖူးတာပဲ…”

အချိန်အတန်ကြာပြီးနောက် တာအိုသခင်အိပ်မက်ပြာသည် သက်ပြင်းချမိသည်။ သူ့မျက်လုံးထဲတွင်မူ မယုံကြည်နိုင်ဖြစ်မှု အခုထိ ရှိနေသေး၏။

“အဖေ ဆက်မှားအုံးမှာပါ။ ဘယ်သူကမှ သူ့အနာဂတ်ကို မြင်နိုင်မှာ မဟုတ်ဘူး။ အဖေဟာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ သခင်ငါးပါးထဲက တစ်ယောက်ဖြစ်နေခဲ့ရင်တောင် အဖေ လုပ်နိုင်မှာ မဟုတ်ဘူး…”

လီချန်မေသည် လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်နေသော ဝမ်လင်း၏ပုံရိပ်ကို ကြည့်ကာ ညင်သာစွာ ပြုံးရင်း ပြောလိုက်သည်။

“သမီး…သမီးက အဖေ့ကို အပြစ်တင်နေတာလား…” တာအိုသခင်အိပ်မက်ပြာက သူ၏သမီးကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်မိသည်။

လီချန်မေသည် ခေါင်းယမ်းကာ တိုးညင်းစွာ ပြောလိုက်သည်။ “သမီးက အတိတ်ကမှတ်ဉာဏ်တွေအားလုံး ပြန်မရသေးပါဘူး။ သမီးက သူ့ကို တကယ်မေ့ဖျောက်နိုင်ခဲ့ရင် သမီးတို့ ထပ်မတွေ့တာဟာ အကောင်းဆုံး ဖြစ်မှာပါ။ ဒါပေမဲ့ သမီး တစ်ချို့အရာတွေကို ပြန်မှတ်မိခဲ့မှတော့ သူ့ကို လက်မလွှတ်တော့ဘူး။ သမီးမှတ်ဉာဏ်တွေ အားလုံး ပြန်ရတဲ့အချိန်ကြရင် သမီး သူ့ကို သွားရှာမယ်…”

ဝမ်လင်း လေဟာနယ်ဂိတ်တံခါးကို ဆင့်ခေါ်လိုက်ချိန်တွင် သူ၏တည်နေရာကို ကြိုခန့်မှန်းကြည့်သော အမျိုးသမီးသည် လှပသောကန်၏ အလယ်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ကျင့်ကြံနေလျက် ရှိသည်။

ပန်းမန်များ၊အပင်များအားလုံးသည် ခြောက်သွေ့ကာ အလျင်အမြန် ပျက်စီးကုန်သည်။ ကျွန်းပတ်လည်ရှိ ရေကန်မှာ လှိုင်းထန်လာကာ ထိုကျွန်းပတ်လည်တွင် ဝဲကတော့တစ်ခု ဖြစ်ပေါ်သည်။

အမျိုးသမီးက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထံမှ ထူးခြားဆန်းကြယ်မှုနှင့် တုန်လှုပ်မှုအလင်းတို့ကို ထုတ်လွှတ်လေ၏။

“ပထမဆုံး ပန်းပွင့်တွေ ခြောက်သွေ့တဲ့ လက္ခဏာပြမယ်။ ဒုတိယဟာ ရေကန်က ဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲမယ်။ တတိယလက္ခဏာကတော့ မိုးကြိုးဆင်းသက်လာမယ်။ လေးခုမြောက် လက္ခဏာကတော့ မီးပင်လယ်။ ငါးခုမြောက်လက္ခဏာဟာ ဒီကျွန်းနှစ်ပိုင်းကွဲထွက်သွားမယ်။ ခြောက်ခုမြောက်လက္ခဏာဟာ ဘိုးဘေးတွေရဲ့ အကြွင်းအကျန်တွေဟာ တစစီဖြစ်ကုန်မယ်…”

ထိုအမျိုးသမီးသည် ယင်းသို့ ပြောနေရင်း ကောင်းကင်သည် တုန်ဟည်းလာ၏။ မိုးကြိုးတန်းတစ်ခုသည် သည်ကျွန်းပေါ်ရှိ တောင်ကုန်းတစ်ခုပေါ်သို့ ကျဆင်းလာသည်။ ယင်းအဖြစ်က ထိုဝတ်စုံနက်အမျိုးသမီး၏ အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေသည်။

“ဘိုးဘေးတွေ လက်ဆင့်ကမ်းခဲ့တဲ့ လက္ခဏာကိုးခုထဲမှာ အခု သုံးခု ပေါ်လာခဲ့ပြီ…”

သည်ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ကျင့်ကြံခြင်းဂြိုဟ်များစွာနှင့် ကြယ်နယ်မြေတစ်ခု ရှိလေ၏။ ထိုကျယ်ပြောသော ကြယ်အဖွဲ့အစည်းတွင် ကျင့်ကြံခြင်းဂြိုဟ်ပေါင်း တစ်ထောင်ကျော်လောက် ပြည့်နှက်နေသည်။

သည်နေရာမှာ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အလွန်တရာ ကျော်ကြားလှသော ပြိုလဲကုန်းမြေဟု ခေါ်တွင်သောနေရာပင်။ ဒီဧရိယာတွင် ကလန်ငယ်လေး (၃၇၂)ခု နေထိုင်ကြ၏။ ၎င်းနယ်မြေမှာ ဗရမ်းဗတာ ဖြစ်လွန်းလှသည်။

ထိုကဲ့သို့ ဖြစ်ချင်တိုင်းဖြစ်နေသည့်အတွက်ကြောင့် ကလန်ကြီးများ၏ သစ္စာဖောက်များ၊ သို့မဟုတ် အစွမ်းထက်ရန်သူများကို စော်ကားမိသောသူများသည် ဤနေရာသို့ လာရောက်စုဝေးကုန်ကြသည်။ လူများ တဖြည်းဖြည်း ပိုပိုများပြားစွာ ဤနေရာသို့ စုဝေးလာခဲ့ကြပြီး နောက်ဆုံးတွင် လျှော့တွက်၍မရသောအင်အားတစ်ခု ဖြစ်လာခဲ့တော့သည်။

ပုံမှန်အားဖြင့် အုပ်စိုးသူကောင်စီသည် ဤကဲ့သို့ တည်ရှိမှုကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ သည်နေရာမှာ သစ္စဖောက်သူများစွာ ရှိနေပြီး ကလန်ပေါင်းများစွာ၏ မုန်းတီးခြင်း ခံရသောကြောင့်ပင်။

သို့ရာတွင် မရေမတွက်နိုင်သောနှစ်များစွာ ကုန်လွန်လာပြီးနေက် အလွန့်အလွန်နည်းပါးသော လူအချို့ကသာ သည်နေရာကို တိုက်ခိုက်ဝံ့ကြတော့၏။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်က ကလန်ကြီးတစ်ခုက သစ္စာဖောက်တစ်ယောက်နောက်သို့ အမဲလိုက်နေခဲ့ဖူးသည်။ သူတို့က ထိုသစ္စာဖောက် သည်နေရာသို့ ဝင်လာသည်ကို တွေ့မြင်သည့်အခါ မရပ်တန့်ဘဲ လိုက်လံလာကြသည်။

သို့ရာတွင် သူတို့ ဝင်ရောက်လိုက်သည်နှင့် လေပြင်းတစ်ချက် ရိုက်ခတ်သွားသည်။ ထိုအခါ ထိုကလန်ကြီးမှ ကျင့်ကြံသူတစ်ထောင်နီးပါးသည် ချက်ခြင်း သေဆုံးကုန်သည်။

ယင်းကား ကောလဟာလများထဲမှ တစ်ခုမျှသာ ဖြစ်၏။ နောက်ထပ်တစ်ခုလည်း ရှိသေး၏။ သခင်ငါးပါးထဲမှ တစ်ယောက်ဖြစ်သော မိစ္ဆာသခင်ကောင်းကင်ကိုးခုသည် သည်နေရာသို့ တစ်ခါက လျှို့ဝှက်ရောက်လာခဲ့ဖူးသည် ဟူ၏။ သို့ပေမည့် သူသည် ဒဏ်ရာအပြင်းအထန်ရကာ ပြန်ဆုတ်ခဲ့ရပြီး နောက်ထပ် ဤပြိုလဲကုန်းမြေသို့ ခြေလှမ်းတစ်ဝက်တောင် မချတော့ဟု ကျိန်ဆိုခဲ့လေသည်။

တခြား ကောလဟာလလည်း ရှိသေး၏။ ၎င်းကောလဟာလမှာ အုပ်စိုးသူကောင်စီထံမှ တစ်စုံတစ်ခုကို ခိုးယူခဲ့သော တစ်စုံတစ်ယောက်ကလည်း ဤပြိုလဲကုန်းမြေသို့ ထွက်ပြေးလာခဲ့သည် ဟူ၏။ မထင်မှတ်စွာဖြင့် အုပ်စိုးသူကောင်စီတောင် စိုးရိမ်နေခဲ့၏။ နှစ်ပေါင်းတစ်ရာ သဘောတူညီချက် ချမှတ်ပြီးသည့်နောက် သူတို့က သည်နေရာကနေ ပြန်ဆုတ်ခဲ့သည်။

ထိုကဲ့သို့ အမျိုးမျိုးသော ကောလဟာလများသည် ပြိုလဲကုန်းမြေကို သာ၍ ထူးခြားဆန်းကြယ်အောင် ပြုလုပ်ပေးခဲ့သည်။ လူအနည်းငယ်ကသာ ၎င်းနယ်မြေ၏ လျှို့ဝှက်ချက်ကို သိတော့သည်။ သို့ပေမည့် မည်သို့ပင်ဖြစ်စေ ကျင့်ကြံသူများစွာသည် ပြိုလဲကုန်းမြေတွင် ခိုလှုံနိုင်ရန် အကြောင်းအမျိုးမျိုးဖြင့် ရောက်လာကြသည်သာ။

ထိုအခါ ဤပြိုလဲကုန်းမြေသည် တဖြည်းဖြည်း ပိုအသက်ဝင်လာခဲ့သည်။ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အကြီးမားဆုံးအရောင်းအဝယ်ပြုလုပ်ရာနေရာတစ်ခု ဖြစ်လာခဲ့တော့သည်။ သည်နေရာတွင် ရတနာမျိုးစုံကို ဝယ်ယူရောင်းချနိုင်ကြလေ၏။

အခုချိန်တွင် ဝမ်လင်းသည် ဤပြိုလဲကုန်းမြေပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်ကင်းမဲ့သော ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်ရှိ လှိုဏ်ဂူတစ်ခုအတွင်း၌ ထိုင်နေသည်။ ထိုလှိုဏ်ဂူသည် တောင်တစ်လုံး၏ တစိတပိုင်းသာ။

ဝမ်လင်းက သည်နယ်မြေသို့ ဝင်ရောက်ရန် အစောကတည်းက ဆုံးဖြတ်ထားခဲ့၏။ သူက သည်နေရာအကြောင်းကို သူ ဝါးမြိုခဲ့သော ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူများ၏ မှတ်ဉာဏ်များထဲကနေ သိရှိခဲ့ခြင်းပင်။

ခုချိန်၌ သူသည် ရှေးဟောင်းကြယ်အဖွဲ့အစည်းအမိန့်ကြောင့် အမဲလိုက်ခံနေရ၏။ ထို့အတွက် ဤနေရာကသာ သူ့အတွက် အတော်အတန် လုံခြုံသည့်နေရာတစ်ခု ဖြစ်နေသည်။ တကယ်တော့ အုပ်စိုးသူကောင်စီသည် ဤကုန်းမြေကို မထိန်းချုပ်နိုင်ပေ။ ထို့အတွက်ကြောင့် ထိုအမိန့်သည် ဤနေရာတွင် သက်ရောက်မှု မရှိတော့ပေ။

ဒီနေရာသည် လုံးဝ ဘေးကင်းသည် မဟုတ်သော်လည်း အဆင်ပြေသေး၏။ အပြင်ဘက်တွင်သာ ဆိုပါက သူသည် အဆက်မပြတ် အမဲလိုက်ခံနေရမည် ဖြစ်ပြီး တဖြည်းဖြည်းဖြင့် တတိယအဆင့်ကျင့်ကြံသူများပါ လှုပ်ရှားလာနိုင်လောက်၏။

ပြိုလဲကုန်းမြေသည် ဆေးလုံးနှင့်ရတနာများကို ယူဆောင်၏။ ပိုထူးဆန်းလေလေ ပိုကောင်းလေပင်။ မူလသလင်းကျောက်များစွာကိုလည်း ရောင်းချကြသည်။ ဝမ်လင်းက သည်လှိုဏ်ဂူတွင် နှစ်တစ်ရာနေထိုင်ဖို့အတွက် ဆေးလုံးအချို့နှင့် လဲလှယ်ခဲ့ရသည်။

ဝမ်လင်းသည် လွန်ခဲ့သောရက်အတော်အတန်ထဲက သည်နေရာတွင် ကျင့်ကြံနေခဲ့ပြီး သူ့ဒဏ်ရာများ ပြန်ကောင်းမွန်လာဖို့ အကူအညီဖြစ်စေရန် ဆေးလုံးများကို ဝါးမြိုနေခဲ့သည်။ သူ့ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများအတွက်ကတော့ သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်၏ ကြမ်းတမ်းမှုကြောင့် သူသည် ပြန်ကောင်းမွန်လုနီး ဖြစ်နေပေပြီ။

ယနေ့တွင် သူသည် မျက်လုံးမှိတ်ထားကာ ကျင့်ကြံနေရင်း သူ့အမူအရာ ပြောင်းလဲသွားသည်။ သူသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်၏။ လှိုဏ်ဂူအဝတွင် ပုံရိပ်တစ်ခု ပေါ်လာပြီး အထဲသို့ ခပ်သွက်သွက် ဝင်လာလေ၏။

***

All Chapters