← Chapters

အခန်း ၄၀၅

Vol. 41 Ch. 405

အခန်း ၄၀၅

Vol. 41 Ch. 405

အခန်း (၄၀၅) အစွမ်းထက်သော လှုပ်ရှားမှုက လူတိုင်းကို တုန်လှုပ်စေခြင်း

ဤအချိန်၌ တိုက်ပွဲတစ်လျှောက်လုံးတွင် အဇူရာနန်းတော်မှ လူများမှာ အားနည်းချက် ရှိနေပုံရပေသည်။

အဘယ်ကြောင့်ဆိုသော် ထိပ်တန်း တိုက်ခိုက်ရေးအင်အားစုများထဲတွင် မဟာလင်းယုန်နိုင်ငံက ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ရှစ်ဦးကို စေလွှတ်ခဲ့သောကြောင့် ဖြစ်၏။

အဇူရာနန်းတော်ဘက်တွင်တော့ အကြီးအကဲသုံးဦးအပြင် အဲလစ်ဇဘက်နှင့် သူမ ခေါ်ဆောင်လာသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးအပါအဝင် ဧကရာဇ်အဆင့် ရှိသူ စုစုပေါင်း ခြောက်ဦးသာ ရှိလေသည်။

ဝမ်ဖေး၏ စွမ်းရည်မှာ ဧကရာဇ်အဆင့်သို့ မရောက်ရှိသေးချေ။

သူမက အဖြူအမည်းညီနောင်နှင့် ဝင်ရောက်တိုက်ခိုက် နိုင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အဲလစ်ဇဘက်က သူမ၏ ဖိအားများကို လျှော့ချပေးခဲ့သောကြောင့် ဖြစ်ပေ၏။

"တစ်ခုခု မှားနေပြီ... သေချာပေါက် တစ်ခုခု မှားနေပြီ..."

မိစ္ဆာနက် သည် အဲလစ်ဇဘက်အား လက်သီးတစ်ချက်တည်းဖြင့် နောက်သို့ လွင့်ထွက်သွားစေလိုက်နောက် သူ၏ မျက်မှောင်များ ထပ်မံ တွန့်ချိုးသွားပြန်၏။

(အဖြူအမည်းညီနောင်ကို တစ်ဦးချင်းဆိုရင်

မိစ္ဆာဖြူ / မိစ္ဆာနက် လို့သုံးသွားပါမည် )

ယုတ္တိတန်တန် စဉ်းစားရလျှင် နှစ်ဖက်စလုံး၏ ကွာဟချက်အရ မဟာလင်းယုန်နိုင်ငံက အောင်ပွဲကို လျင်မြန်စွာ ရရှိသင့်ပေသည်။

သို့သော် လက်တွေ့အခြေအနေမှာမူ လုံးဝ ခြားနားနေခဲ့၏။

မိစ္ဆာဖြူ သည်လည်း ပုံမှန်မဟုတ်မှုများကို သတိပြုမိသွားပုံရလေသည်။

သူတို့နှစ်ဦးစလုံးမှာ အဲလစ်ဇဘက်ထက် ပိုမို အစွမ်းထက်ကြပြီး ပုံမှန်အခြေအနေအောက်တွင် သူတို့က တစ်ဖက်လူကို ပေါ့ပေါ့ပါးပါး ရိုက်နှက်ရုံဖြင့် အလွယ်တကူ ဒဏ်ရာရစေနိုင်ပေ၏။

ဒါပေမဲ့ အခုတော့

အဲလစ်ဇဘက်သည် စွမ်းအားများကို သုံးကြိမ်တိုင်တိုင် တောင့်ခံခဲ့ပြီး သူမက လုံးဝ အထိအခိုက် မရှိခဲ့ချေ။

ထို့ကြောင့်

သူတို့က လှည့်ကာ ပတ်ပတ်လည်ကို ထပ်မံကြည့်ရှုလိုက်ကြသောအခါတွင်…

အဇူရာနန်းတော်မှ အဖွဲ့ဝင်အားလုံးသည် ပိုမို ကြံ့ခိုင်လာပုံရသည်ကို မြင်လိုက်ရပေ၏။

“တစ်ခုခု မှားနေပြီ…”

မိစ္ဆာနက်သည် အဲလစ်ဇဘက်ထံသို့ နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။

သို့သော် နောက်ခနတွင် သူ ရုတ်တရက် သဘောပေါက်သွားလေ၏။

"အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ တိုက်ခိုက်ရေးဝတ်စုံပဲ..."

မှန်ပေသည်...အဇူရာနန်းတော်နှင့် အခြားသူများ ဝတ်ဆင်ထားသော အဝတ်အစားများ အားလုံးမှာ အထူးချုပ်လုပ်ထားခြင်း ဖြစ်ပေသည်။

အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ၏ ဒုတိယမျိုးဆက် ထုတ်ကုန်များပင်။

မဟာမိတ်တိုက်ခိုက်ရေး သံချပ်ကာများလောက် မစွမ်းဆောင်နိုင်သော်လည်း ဤတိုက်ခိုက်ရေးဝတ်စုံက ပြိုင်ဘက်၏ စွမ်းအားကို အားနည်းစေနိုင်ပြီး နှစ်ဖက်ကြား ကွာဟချက်ကို လျှော့ချပေးနိုင်ဆဲ ဖြစ်ပေ၏။

တီရှား အဖွဲ့အစည်းမှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူများသည်လည်း ပုံမှန်မဟုတ်မှုများကို ခံစားမိသွားကြသည်။

အဇူရာနန်းတော်၏ အကြီးအကဲများမှာ ၎င်းတို့ထက် ရှင်းလင်းစွာ အားနည်းနေသော်လည်း သူတို့က တိုက်ပွဲတွင် တောင့်ခံထားနိုင်ခဲ့ကြလေ၏။

ထိုအချိန်၌ မဝေးလှသော နေရာတွင် ရပ်နေသော ပုံရိပ်တစ်ခုကို သူတို့ ရုတ်တရက် မြင်တွေ့လိုက်ရသည်။

ထိုပုံရိပ်သည် နောက်ကျောတွင် လက်ချကာ ရပ်နေပြီး တိုက်ပွဲမြေပြင်တစ်ခုလုံးကို စူးစိုက်ကြည့်နေသော်လည်း ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေခဲ့ပေ၏။

သို့သော် တစ်ဖက်လူက ထိုနေရာ၌ ရပ်နေရုံမျှဖြင့် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေဆဲဖြစ်ပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည့် ခံစားချက်တစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။

“အဇူရာနန်းတော်သခင်…”

၎င်းတို့သည် အဇူရာနန်းတော်သခင်အား လူကိုယ်တိုင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သော်လည်း ဤလူမှာ အမှန်တကယ်ပင် အဇူရာနန်းတော်သခင် ဖြစ်ကြောင်းကို လုံးဝ သေချာပေါက် ပြောနိုင်ပေ၏။

"သူက တပ်တွေကို လေ့ကျင့်ပေးနေတာပဲ..."

တီရှား အဖွဲ့အစည်းမှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦးသည် ရုတ်တရက် သတိဝင်လာခဲ့သည်။

အားနည်းချက်ရှိနေသော်လည်း အဇူရာနန်းတော်သည် ဖိနှိပ်ခံရခြင်း မရှိရုံသာမက ပိုမို ပြင်းထန်စွာပင် တိုက်ခိုက်နေကြလေ၏။

ထိခိုက်ပျက်စီးမှုများကို တစ်ချက် ထပ်ကြည့်လိုက်ရုံတွင်

ဆန့်ကျင်ဘက်အနေဖြင့် မဟာလင်းယုန်နိုင်ငံက ထိခိုက်ပျက်စီးမှု ပိုမိုများပြားနေခဲ့သည်။

"မြန်မြန်... အစွမ်းကုန်ထုတ်ပြီး အဇူရာနန်းတော်က အဖွဲ့ဝင်တွေကို သတ်ကြစမ်း..."

တီရှား အဖွဲ့အစည်းမှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူမှာ ပြာယာခတ်သွားပြီး အဇူနန်းတော်မှ အကြီးအကဲအား ရူးသွပ်စွာ တိုက်ခိုက်လိုက်ကာ သူတတ်နိုင်သမျှ နည်းလမ်းတိုင်းနီးပါးကို အသုံးပြုလိုက်လေ၏။

ဘာပဲဖြစ်ဖြစ် ၎င်းတို့အားလုံးသည် မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်သန်းခဲ့ရသူများ ဖြစ်ကြပေသည်။

လက်ရှိ အချိန်သည် အလွန် ပြင်းထန်သော အကျပ်အတည်း ခံစားချက်ကြီးတစ်ခု ဖြစ်ကြောင်း သူ ခံစားလိုက်ရ၏။

အဇူရာနန်းတော်သခင်က တိုက်ပွဲထဲသို့ ဝင်ရောက်ကာ ရန်သူများကို လျင်မြန်စွာ ရှင်းလင်းပြီး တိုက်ပွဲကို အဆုံးသတ်နိုင်သော်လည်း ထိုသို့မလုပ်ဘဲ ဘေးမှရပ်ကြည့်နေရန်သာ ရွေးချယ်ခဲ့သည်။

ဤသည်က ဘာကို ပြောပြနေသနည်း။

တစ်ဖက်လူသည် ဤတိုက်ပွဲ ရှုံးနိမ့်မည်ကို လုံးဝ စိုးရိမ်စရာ မလိုကြောင်း ပြသနေခြင်းပင်။

သူတို့ အနိုင်ရနိုင်တယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိတယ်ဆိုတာ သေချာလှပေသည်။

ဤနည်းလမ်းကို အသုံးပြုရခြင်း၏ အကြောင်းရင်းမှာ အဇူရာနန်းတော် အဖွဲ့ဝင်များ၏ တိုက်ခိုက်ရေးစွမ်းရည်များကို လေ့ကျင့်ပေးရန် ဖြစ်နိုင်ပေ၏။

ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ရန်အတွက် စစ်မြေပြင်တွင် အဆက်မပြတ် တိုက်ခိုက်ခြင်းက အလွန် ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်လေသည်။

တီးရှား အဖွဲ့အသည်းမှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူက ထိုသို့ အော်ဟစ်လိုက်သည်နှင့်

ဘာတွေဖြစ်နေသနည်းဆိုတာကို လူတိုင်း သဘောပေါက်သွားကြလေ၏။

၎င်းတို့အားလုံးသည် ၎င်းတို့၏ အစွမ်းအစ အပြည့်အဝကို ထုတ်လွှတ်လိုက်ကြပြီး အဖြူအမည်းညီနောင်က လက်နှစ်ဖက်စလုံးကို ခြေသည်းပုံစံဖန်တီးကာ ဝမ်ဖေး၏ လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး သူမ၏ လက်အိတ်ကို ချက်ချင်း ဆုတ်ဖြဲလိုက်တော့သည်။

ထိုအခါ ဝမ်ဖေး၏ လက်မောင်းတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွားပြီး နက်ရှိုင်းသော ​လက်သည်းရာ ငါးခု ထင်ကျန်နေခဲ့ပေ၏။

ထို့နောက် ချက်ချင်းပင်

မိစ္ဆာနက် ၏ ပုံရိပ်တစ်ခုလုံးသည် ဝေဝါးသွားပြီး အဲလစ်ဇဘက်၏ နှင်းကဲ့သို့ ဖြူဖွေးသော လည်ပင်းဆီသို့ လျှပ်တစ်ပြက် ပြေးဝင်သွားလေ၏။

ရွှစ်…

အဲလစ်ဇဘက်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရူးသွပ်စွာ နောက်ဆုတ်သွား၏။

သို့သော် သူမ နောက်ဆုတ်လေလေ ပြိုင်ဘက်က မြန်မြန် လိုက်လာလေလေဖြစ်ပြီး သူမအနေဖြင့် ၎င်းတို့၏ တိုက်ခိုက်မှု အကွာအဝေးမှ လွတ်မြောက်ရန် မဖြစ်နိုင်သကဲ့သို့ ထင်ရပေသည်။

အေးစက်သော ဓားမြှောင်က သူမ၏ လည်ချောင်းကို ဖြတ်တောက်လုနီးပါး အချိန်၌ အရိပ်မည်းတစ်ခုက အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့သည်။

ဂျွတ်…

မိစ္ဆာနက်၏ လက်ထဲရှိ ဓားမြှောင်မှာ အမှန်တကယ်ပင် နှစ်ပိုင်းပြတ်သွားခဲ့လေ၏။

အကယ်၍ သူသာ ရှေ့သို့ပြေးဝင်နေသော အရှိန်ကို ရပ်တန့်ရန် လျင်မြန်စွာ မတုံ့ပြန်နိုင်ခဲ့ပါက ထိုအရှိန်ဖြင့် သူ၏ လက်မောင်းတစ်ခုလုံး ဆုံးရှုံးသွားလောက်ပေသည်။

မိစ္ဆာနက်က ခေါင်းလှည့်ကြည့်လိုက်သောအခါ

ကြီးမားသော ဓားရှည်ကြီးတစ်လက် မြေကြီးထဲသို့ စိုက်ဝင်နေသည်ကိုတွေ့လိုက်ရသည်။

ထို့အပြင် အဲလစ်ဇဘက်၏ ဘေးတွင်လည်း ပုံရိပ်တစ်ခု ပေါ်လာလေ၏။

"အဇူရာနန်းတော်သခင်..."

"မျှော်လင့်ထားတဲ့အတိုင်း အဇူရာနန်းတော်သခင်ပဲ..."

အဖြူအမည်းညီနောင်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။

တစ်ဖက်လူက နောက်ဆုံးတော့ သူရဲ့ လှုပ်ရှားမှုကို စတင်လိုက်ပြီပဲ။

"ငါက မင်းတို့ကို လေ့ကျင့်ရေး ပစ်မှတ်တွေအနေနဲ့ အသုံးပြုချင်ခဲ့တာ... ဒါပေမဲ့ အခုတော့ အဲဒါက အလုပ်ဖြစ်တော့မှာ မဟုတ်ဘူးထင်တယ်..."

ရန်သူများ အသေအလဲ တိုက်ခိုက်နေချိန်တွင် လူအများအပြား ဒဏ်ရာရရှိနေသည်ကို ချန်ဖုန်း မြင်တွေ့လိုက်ရသည်။ တိုက်ခိုက်ရေးဝတ်စုံက စွမ်းအားအချို့ကို ဖယ်ရှားပေးနိုင်သော်လည်း နောက်ဆုံးတွင် ၎င်းသည် အရန်အကူအညီ တစ်ခုသာ ဖြစ်ပေ၏။

အကယ်၍ ခွန်အား ကွာဟချက်က ကြီးမားလွန်းပါက အသက်ဆုံးရှုံးသွားနိုင်ဆဲ ဖြစ်လေသည်။

မဟာလင်းယုန်နိုင်ငံသို့ မလာရောက်မီ

ချန်ဖုန်းသည် သူ့အတွက် သီးသန့်ချုပ်လုပ်ထားသော မဟာမိတ်တိုက်ခိုက်ရေး သံချပ်ကာ၏ အဆင့်မြှင့်ဗားရှင်းတစ်ခုကို ရရှိခဲ့ပြီး ၎င်းမှာ ရှောင်ယွဲ့ယွဲ့ ဝတ်ဆင်ထားသည့်အရာထက်ပင် ပိုမို အစွမ်းထက်ပေသည်။

ပစ္စည်းများ ကန့်သတ်ချက်ရှိသဖြင့် တစ်စုံသာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်၏။

"အဲဒီနှစ်ယောက်ကို နင် ကိုင်တွယ်လိုက်... ငါ တခြားလူတွေကို သွားကူညီလိုက်ဦးမယ်..."

အဲလစ်ဇဘက်က သွားများကို ပြင်းပြင်းထန်ထန် ကြိတ်လိုက်သည်။

သူမသည် အဖြူအမည်းညီနောင်၏ ပြိုင်ဘက်မဟုတ်ကြောင်း သိရှိထားသဖြင့် အလျင်အမြန် လှည့်ကာ အခြားသူများနှင့် သွားရောက်ပူးပေါင်း တိုက်ခိုက်လေတော့၏။

ဝမ်ဖေး တစ်ဦးတည်းသာ လက်မောင်းကို ကိုင်လျက် မလှုပ်မယှက် ရပ်နေခဲ့သည်။

ချန်ဖုန်းက သူမကို ဂရုမစိုက်ခဲ့ချေ။

မြေကြီးထဲမှ ဓားကြီးကို ဆွဲထုတ်လိုက်ပြီး အဖြူနှင့်အမည်းအတွဲထံသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားကာ ပြောဆိုလိုက်၏။

"ပြဿနာရှာစရာ လူတွေအများကြီးထဲမှာ မင်းတို့က ဘာလို့ ငါ့ အဇူရာနန်းတော်ကိုမှ လာရှာရတာလဲ...ငါ့ အဇူရာနန်းတော် က ပြီးခဲ့တဲ့ နယ်စပ်စစ်မြေပြင်မှာ ရယူခဲ့တဲ့ အကြောက်မက်ဖွယ် ဂုဏ်သတင်းကို မင်းတို့ မသိကြဘူးလား..."

"အဇူရာနန်းတော်သခင်... မင်းက အစွမ်းထက်တယ်ဆိုတာ ငါတို့ သိပါတယ်... ဒါပေမဲ့ အမြဲတမ်း ပိုသန်မာတဲ့သူတွေ ရှိနေတာပဲလေ... မင်းက အနိုင်မခံ အရှုံးမပေးနိုင်တဲ့သူမှ မဟုတ်တာ... မင်း ဘယ်လောက်ပဲ သန်မာနေပါစေ နောက်ဆုံးတော့ လူတစ်ယောက်တည်းပါပဲ..."

“ဒါ့အပြင်... ငါတို့မှာ အရန်အစီအစဉ် မရှိဘူးလို့ မင်းက ဘယ်လိုလုပ် သိနိုင်မှာလဲ…”

အဖြူအမည်းညီနောင်၏ အဖွဲ့လိုက်လုပ်ဆောင်မှုမှာ ပြီးပြည့်စုံနေဆဲ ဖြစ်ပေ၏။

၎င်းတို့က အဇူရာနန်းတော်သခင်၏ ပြိုင်ဘက် မဟုတ်လျှင်ပင်…

သို့သော် ရန်သူ့လက်မှ လွတ်မြောက်နိုင်ရန် မျှော်လင့်ချက် ရှိနေသေးသည်ဟု ယုံကြည်ထားကြလေသည်။

"မင်းတို့ အကုန်လုံးက အရမ်း မောက်မာနေကြတာပဲ...မဟာလင်ယုန်နိုင်ငံက အက်ဒွပ်ရဲ့ လှည့်စားတာကို ခံလိုက်ရတာ ဖြစ်မယ်... မင်းတို့က သူ့ရဲ့ အမြောက်စာတွေ သက်သက်ပဲလေ..."

ချန်ဖုန်းက အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

အဖြူအမည်းညီနောင်သည် သူ၏ ကိုယ်ပိုင် အင်အားကို မသိရှိကြခြင်း ဖြစ်နိုင်ပေ၏။

ထိုသို့မဟုတ်ပါက သူတို့နှစ်ယောက်က သူ့ကို လုံးဝ ရင်ဆိုင်ရဲမည် မဟုတ်ချေ။

"မင်း ဘာဆိုလိုတာလဲ..."

အဖြူနှင့်အမည်းအတွဲ၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေ၏။

“ငါ ဆိုလိုတာကတော့…” ချန်ဖုန်းက ပြောရင်းနောက်ထပ် တစ်လှမ်း တိုးလိုက်သည်။

သူ့ပတ်ဝန်းကျင်ရှိ ဖိအားများက ပိုပို၍ အားကောင်းလာပြီး လေထုကိုယ်တိုင်ပင် အေးခဲသွားသကဲ့သို့ ဖြစ်လာကာ သူ့ထံမှ ထွက်ပေါ်လာသော အငွေ့အသက်များက အမြင့်ဆုံးသို့ ရောက်ရှိသွားတော့၏။

"သတ်..."

အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

ချန်ဖုန်းသည် ရုတ်တရက် အရှိန်တင်လိုက်သောအခါ

အစွမ်းထက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များက မုန်တိုင်းတစ်ခုအလား တိုက်ခတ်လာခဲ့ပေသည်။

ထိုအခိုက်အတန့်၌

အဖြူအမည်းညီနောင်မှာ အလွန်အမင်း ထိတ်လန့်သွားတော့၏။

“အရမ်း အစွမ်းထက်တာပဲ…”

ထိုလှုပ်ရှားမှုကို သူတို့နှစ်ယောက် လုံးလုံးလျားလျား မခုခံနိုင်တော့ချေ။

သူတို့နှစ်ယောက်တင် မကပေ

သူတို့ဘေးတွင် ရပ်နေသော ဝမ်ဖေး ပင်လျှင် မျက်လုံးများ ပြူးကျယ်သွားပြီး လုံးဝ မှင်တက်သွားခဲ့လေသည်။

‘ဒါက အဇူရာနန်းတော်သခင်ရဲ့ စွမ်းအားလား...

အစွမ်းထက်လိုက်တာ...

လွှမ်းမိုးနိုင်လွန်းတယ်…သူက လုံးဝ မလှုပ်ရှားဘဲ နေရင်လည်းနေတယ်... အကယ်၍ လှုပ်ရှားပီဆိုရင်လည်း လျှပ်စီးလက်သလို အမြန်နှုန်းနဲ့ တိုက်ခိုက်တာပဲ…’ ဟု ဝမ်ဖေး တွေးလိုက်၏။

သို့သော် လူတိုင်း အံ့သြသွားစေသည့်အရာမှာ

အဖြူအမည်းညီနောင် အပေါ်သို့ ကျရောက်ရန် ရည်ရွယ်ထားသော ချန်ဖုန်း၏ တိုက်ခိုက်မှုသည် အရေးအကြီးဆုံး အခိုက်အတန့်တွင် ဦးတည်ချက် ရုတ်တရက် ပြောင်းလဲသွားခဲ့လေ၏။

ချန်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် ကိုင်းညွတ်သွားကာ

မယုံနိုင်လောက်သော ဦးတည်ချက်ဖြင့် ကိုးဆယ်ဒီဂရီ လှည့်သွားခဲ့၏။

ထို့နောက် လွှမ်းမိုးနိုင်သော အင်အားများဖြင့် သူက ဘေးဘက်သို့ ရိုက်ချလိုက်တော့သည်။

All Chapters