← Chapters

အခန်း ၄၀၆

Vol. 41 Ch. 406

အခန်း ၄၀၆

Vol. 41 Ch. 406

အခန်း (၄၀၆) တစ်ဦးတည်းက ကြီးကြပ်ထားပြီး ပရိသတ်တစ်ခွင်လုံး အကြောက်တရားဖြင့် တုန်လှုပ်သွားခြင်း

မူလက အဇူရာနန်းတော်မှ အဖွဲ့ဝင်များကို တိုက်ခိုက်နေသော အမျိုးသားတစ်ဦးဖြစ်သည့် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူသည် အလွန် ပြင်းထန်သော အကျပ်အတည်း ခံစားချက်ကြီးတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပေကာ

ကြက်သီးတွေပင် ထသွားလေသည်။

ချက်ချင်းပင် သူသည် သူ၏ ပြိုင်ဘက်ကို ရုတ်တရက် တစ်ချက်တည်းဖြင့် နှစ်ပိုင်းပိုင်းလိုက်၏။

ထို့နောက် သူ၏ အငွေ့အသက်များ မြင့်တက်လာပြီး သူကိုယ်သူ လုံးဝ ဖုံးကွယ်မထားတော့ချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင်

ထိုအငွေ့အသက်နှင့် ဖိအားများက အမှန်တကယ်ပင် မဟာဧကရာဇ်အဆင့် သို့ ရောက်ရှိသွားခဲ့လေပြီ။

သူသည် မဟာဧကရာဇ်အဆင့်ရှိ အစွမ်းထက်သော သူတစ်ယောက် ဖြစ်နေခဲ့ခြင်းပင်။

သူသည် လူအုပ်ထဲတွင် ပုန်းအောင်းနေပြီး အရေးအကြီးဆုံး အခိုက်အတန့်၌ အဇူရာနန်းတော်သခင်အား သေစေလောက်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် မူလက စီစဉ်ထားခဲ့၏။

သို့သော် ယခုအခါတွင်

သူ မလှုပ်ရှားနိုင်မီမှာပင် သူ၏ အစီအစဉ်ကို အဇူရာနန်းတော်သခင်က မြင်ယောင်သွားခဲ့လေပြီ။

အရေးအကြီးဆုံး အချက်ကတော့...

ဒီ အဇူရာနန်းတော်သခင်က ညစ်ပတ်တဲ့ နည်းလမ်းကို အသုံးပြုပြီး သူ သတိမထားမိတဲ့အချိန်မှာ အစွမ်းထက်တဲ့ တိုက်ခိုက်မှုတစ်ခုကို လုပ်လိုက်တာပင်။

“ကျစ်…”

မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူ၏ မျက်လုံးများမှာ ပြင်းထန်သော ဒေါသများဖြင့် တောက်လောင်နေခဲ့ပေ၏။

တွေးတောနေရန်ပင် အချိန်မရှိတော့ချေ။

သူသည် အလိုအလျောက် သူ၏ ခွန်အားအကုန်လုံးကို စုစည်းကာ အစွမ်းထက်သော ခုတ်ပိုင်းမှုတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

"သတ်... သတ်... သတ်..."

တိုက်ပွဲအသံများက ကောင်းကင်ယံအထိ တုန်လှုပ်သွားစေခဲ့သည်။

ဘုန်း…

ချန်ဖုန်း၏ ဓားကြီးသည် တိုဟူးကို ပိုင်းဖြတ်လိုက်သကဲ့သို့ လွယ်ကူစွာပင် ပြိုင်ဘက်၏ ဓားကို ချက်ချင်းနီးပါး နှစ်ပိုင်းပိုင်းပစ်လိုက်လေ၏။

ထို့အပြင် လွှမ်းမိုးနိုင်သော စွမ်းအားများက အောက်ဘက်သို့ စီးဆင်းသွားတော့သည်။

၎င်းက မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူ၏ ပခုံးပေါ်သို့ ဝုန်းကနဲ ရိုက်ချလိုက်ပြီး ထိုလူ၏ ခြေထောက်များက ရုတ်တရက် နစ်ဝင်သွားပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ငါးရှဉ့်တစ်ကောင်အလား နောက်သို့ လျှောကျသွားကာ ရူးသွပ်စွာ နောက်ဆုတ်သွားလေသည်။

မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူသည် ချန်ဖုန်း၏ စွမ်းအားအများစုကို တားဆီးနိုင်ခဲ့သော်လည်း သူက ပြင်းထန်စွာ ဒဏ်ရာရရှိနေဆဲဖြစ်ပြီး သူ၏ ကွင်းဆက်သံချပ်ကာမှာလည်း ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရပေ၏။

သူ၏ ပခုံးကို ကာကွယ်ပေးထားသော ကွင်းဆက်သံချပ်ကာသာ မရှိခဲ့ပါက ထိုလက်မောင်းမှာ ပခုံးမှ ပြတ်ထွက်သွားလောက်ပေသည်။

မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူက သူ၏ နဖူးမှ ချွေးစေးများကို အလျင်အမြန် သုတ်ပစ်လိုက်ပြီးနောက် သူ၏ အကြည့်က ချန်ဖုန်းထံသို့ ရုတ်တရက် ရွေ့လျားသွားကာ မေးလိုက်လေသည်။

"မင်း ဒါကို ဘယ်လိုသိသွားတာလဲ..."

"ဒါကိုတောင် ငါ မမြင်နိုင်ဘူးဆိုရင် ငါက ဘယ်လိုလုပ် အဇူရာနန်းတော်သခင် ဖြစ်နိုင်မှာလဲ... မင်းက သူတို့ပြောနေတဲ့ အရန်အစီအစဉ် မဟုတ်လား...ဒါပေမဲ့ ကံမကောင်းတာက... မင်း သေရတော့မယ်..."

ချန်ဖုန်း ပြောရင်း နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

သူ့ထံတွင် အခြား လှည့်ကွက်များ မရှိခဲ့ချေ။ ၎င်းမှာ သူ၏ ခွန်အားနှင့် အမြန်နှုန်း အားသာချက်သာ ဖြစ်ပေ၏။

သူ၏ အငွေ့အသက်များ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာခဲ့သည်။

ထို့နောက် ချန်ဖုန်း၏ ခန္ဓာကိုယ်သည် ဝေဝါးသွားပြီး သူ၏ ဓားက ကောင်းကင်ယံတစ်ခွင် လွှဲယမ်းသွားလေ၏။

"သတ်..."

ဓားကြီးသည် ရူးသွပ်စွာ ထိုးစိုက်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုင်ဘက်၏ လွတ်မြောက်ရာလမ်းကြောင်း အားလုံးကို ပိတ်ဆို့ကာ ဓား ဒါဇင်ပေါင်းများစွာ ထိုးစိုက်လာသကဲ့သို့ ဖြစ်နေပေ၏။

ဖောင်း…

ထို မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူမှာ လုံးဝ ယှဉ်နိုင်စွမ်း မရှိခဲ့ချေ။

သူ ရုတ်တရက် သွေးတစ်လုတ် အန်ထုတ်လိုက်လေပြီး လုံးလုံးလျားလျား တုန်လှုပ်သွားခဲ့ရ၏။

သူ၏ မျက်နှာတွင်လည်း ဖုံးကွယ်မထားနိုင်သော အကြောက်တရားများ ပေါ်လာခဲ့သည်။

"သူ့ကို ဝိုင်းသတ်ကြ... မြန်မြန် ဝိုင်းသတ်ကြစမ်း... ဒီလူကိုသာ မရှင်းလင်းပစ်နိုင်ရင် မဟာလင်းယုန်နိုင်ငံက ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်..."

"သေစမ်း..."

ချန်ဖုန်းက ရုတ်တရက် အရှိန်တင်လိုက်၏။

ထိုနောက်တွင်တော့ သူ၏ဓားက ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်သွားပြီး ဘုန်းကနဲ ပေါက်ကွဲသွားတော့သည်။

မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူ က ဒီလိုနဲ့ သေသွားလေပြီ…

နှစ်ဦးသား လျင်မြန်စွာ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်က

ယခုအချိန်အထိ ဆယ်စက္ကန့်သာ ကြာသေးပေ၏။

ထို မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူမှာ ချန်ဖုန်း၏ ဓားအောက်တွင် သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

မြင်ကွင်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့၏။

ကျောက်ရုပ်အလား ဖြစ်သွားကြသည်။

တောင့်တင်းသွားကြ၏။

လုံးဝကို ဇဝေဇဝါ ဖြစ်သွားကြလေပြီ။

လူတိုင်း၏ မေးရိုးများ မြေပြင်ပေါ်သို့ ကျလုနီးပါး ဖြစ်သွားကြတော့သည်။

မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူ…

ထိုသူသည် ဧကရာဇ်အဆင့်ကိုပင် ကျော်လွန်သော စွမ်းအားရှိသည့် ဆရာသခင်တစ်ဦး ဖြစ်ပေသည်။

နယ်စပ်ပြင်ပ အဖွဲ့အစည်းများတွင် အဆင့်ငါးနေရာရှိသော ဝိညာဉ်အဖွဲ့အစည်းပင်လျှင် ၎င်းတို့၏ ခေါင်းဆောင်တစ်ဦးတည်းသာ မဟာဧကရာဇ်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားလေ၏။

၎င်းတို့၏ အမြင်အရ

ထိုကဲ့သို့သော ဆရာသခင်တစ်ဦးမှာ အလွန် အစွမ်းထက်လှပေသည်။

အဇူရာနန်းတော်သခင်ကို မယှဉ်နိုင်လျှင်ပင် ထိုသို့သော် အဆင့်ရှိသူက ဤမျှ လျင်မြန်စွာ ရှုံးနိမ့်သွားသင့်သည် မဟုတ်ချေ။

အခုတော့ရော...

ဤရလဒ်သည် ၎င်းတို့အားလုံးအတွက် လက်ခံနိုင်ဖွယ် မရှိခဲ့ချေ။

အဖြူအမည်းညီနောင်၏ နှုတ်ခမ်းများမှာလည်း တုန်ယင်သွားလေ၏။

ဤသူမှာ အက်ဒွပ် ငှားရမ်းထားသော ကျွမ်းကျင်သူဖြစ်ပြီး လူအုပ်ထဲတွင် ဖုံးကွယ်ထားသော အရန်အစီအစဉ်တစ်ခု ဖြစ်သော်လည်း မိနစ်ပိုင်းအတွင်း ဖြေရှင်းခံလိုက်ရပေသည်။

"အခု မင်းတို့ဆီမှာ အရန်အစီအစဉ် မရှိတော့ဘူး..."

ချန်ဖုန်း ရုတ်တရက် လှည့်ကြည့်လိုက်၏။

သူ၏ ရေခဲတမျှ အေးစက်သော အကြည့်များက အဖြူအမည်းညီနောင်အပေါ်သို့ နောက်တစ်ကြိမ် ကျရောက်သွားသည်။

"ငါ ပြောသားပဲ... မင်းတို့က အက်ဒွပ် လွှတ်လိုက်တဲ့ အမြောက်စာတွေ သက်သက်ပဲလို့... ဒါကြောင့် အခု သေလို့ရပြီ..."

"ပြေး..."

အဖြူအမည်းညီနောင်သည် အလိုအလျောက် ထွက်ပြေးသွားတော့၏။

ချန်ဖုန်းက မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူများကို ကြက်ကလေး ငှက်ကလေးများ သတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။

သူတို့နှစ်ဦးမှာ ချန်ဖုန်းအတွက် သွားကြားညှပ်ရန်ပင် လောက်မည် မဟုတ်ချေ။

"ချီးစရား အက်ဒွပ်..."

ဤအခိုက်အတန့်၌

ချန်ဖုန်း ပြောခဲ့သည်ကို ၎င်းတို့ နောက်ဆုံးတွင် ယုံကြည်သွားကြလေပြီ။

အက်ဒွပ်ရဲ့ လှည့်စားတာကို သေချာပေါက် ခံလိုက်ရတာပဲ။ တစ်ဖက်လူသည် အဇုရာနန်းတော်သခင်၏ စွမ်းအားကို ရှင်းလင်းစွာ သိရှိထားသော်လည်း ၎င်းတို့ထံသို့ သတင်းအချက်အလက်အချို့ကို ဖုံးကွယ်ထားခဲ့ပြီး အမှန်တရားကို မပြောပြခဲ့ချေ။

"မင်းတို့ လွတ်နိုင်မယ် ထင်နေတာလား..."

ချန်ဖုန်း နောက်တစ်ကြိမ် ပြေးထွက်သွားလေ၏။

သူ၏ လက်ထဲရှိ ဓားကြီးသည် အနက်ရောင် မျဉ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် လူတစ်ယောက်အပေါ်သို့ ရိုက်ချလိုက်စဉ် သူ၏ ခန္ဓာကိုယ်က အခြားလူတစ်ဦးထံသို့ ပြေးဝင်သွားတော့သည်။

နယ်စပ်စစ်မြေပြင်တွင် ရှိနေစဉ်ကတည်းက

သူ၏ စွမ်းအားဖြင့် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို အနိုင်ယူရန် သူ့အတွက် ပြဿနာ မရှိခဲ့ပေ။

ယခုအခါ သူသည် နေ့စဉ် ခန္ဓာကိုယ် အားဖြည့်မှုကို အာရုံစိုက်နေခဲ့သောကြောင့် ခွန်အားများ သိသိသာသာ တိုးတက်လာခဲ့လေပြီ။

ထို့ကြောင့် အဖြူအမည်းညီနောင် ကတော့ သေဖို့ သေချာသွားပြီပင်။

ငါးစက္ကန့်ပင် မကြာလိုက်ချေ။

ဓားကြီးသည် အဖြူအမည်းညီနောင် နှစ်ယောက်ထဲမှ လူတစ်ဦး၏ ကျောပြင်ကို ဖောက်ထွင်းသွားခဲ့ပြီး ချန်ဖုန်းက အခြားတစ်ဦးကို မီသွားကာ ခြေကန်ချက်တစ်ခုဖြင့် တိုက်ခိုက်လိုက်၏။

နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ ရိုက်ချလိုက်လေသောအခါ တစ်ဖက်လူ၏

ရင်ညွန့်ရိုးတစ်ခုလုံး အပိုင်းပိုင်းအစစ ကျိုးကြေသွားတော့၏။

ချန်ဖုန်းက သူ၏ဘေးရှိ ဝမ်ဖေးကို ဂရုမစိုက်စွာ တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"အခု သူက မင်းအပိုင်ပဲ... မေးစရာ ရှိသေးလား..."

"မရှိ... မရှိပါဘူး..."

ဝမ်ဖေး အလွန် ဝမ်းသာသွားလေ၏။

သူမ၏ လက်မောင်းရှိ ဒဏ်ရာကို လျစ်လျူရှုကာ ဓားမြှောင်တစ်လက်ကို ကိုင်ဆွဲပြီး ရှေ့သို့ ပြေးထွက်သွားတော့သည်။

သူမလည်း သူမ ဆရာအတွက် လက်စားချေချင်နေတာပဲလေ…

ချန်ဖုန်းက ဆက်လက် လှုပ်ရှားလိုက်သည်။

သူသည် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးနှင့် မဟာဧကရာဇ်အဆင့် စွမ်းအားရှင် တစ်ဦးကို တစ်ပြိုင်နက်တည်း နှိမ်နင်းနိုင်ခဲ့ပေ၏။

ထိုအဖြစ်က မဟာလင်းယုန်နိုင်ငံ၏ တပ်ဖွဲ့များကို ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြလေတော့သည်။

၎င်းတို့၏ အနည်းငယ်သော အားသာချက်မှာ ရုတ်တရက် ပြောင်းပြန်ဖြစ်သွားပြီး အဇူရာနန်းတော်မှ လူများ၏ တစ်လှမ်းချင်းစီ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံနေကြရပေသည်။

"သတ်..."

"သတ်..."

"သတ်..."

အဇူရာနန်းတော် အဖွဲ့ဝင်များ၏ စိတ်ဓာတ်ခွန်အားများ ပိုမို အားကောင်းလာခဲ့လေ၏။

အဇူရာနန်းတော်သခင် ကြီးကြပ်နေသဖြင့် သူတို့ အနေနဲ့ စိုးရိမ်စရာ ဘာမှမရှိတော့ချေ။

သူတို့ လုပ်ဖို့ လိုအပ်သည်မှာ ရန်သူများကို သတ်ဖြတ်ရန် အစွမ်းကုန် တိုက်ခိုက်ခြင်းသာ ဖြစ်ပေသည်။

မြေပြင်ပေါ်တွင် လဲကျနေသော အလောင်းများကို ကြည့်ရင်း တီရှား အဖွဲ့အစည်းမှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူက သွားကြိတ်လိုက်၏။

ထို့နောက် သူက လျင်မြန်စွာ နောက်ဆုတ်ကာ ပြောဆိုလိုက်သည်။

"အဇူရာနန်းတော်သခင်... ကျွန်တော်တို့ တီရှား အဖွဲ့အစည်း က ခင်ဗျားတို့နဲ့ မဟာလင်းယုန်နိုင်ငံ ကြားက ပဋိပက္ခမှာ ဝင်ပါဖို့ ရည်ရွယ်ချက် မရှိပါဘူး..."

"ချီးပဲလေ..."

ချန်ဖုန်းက အေးစက်စွာ နှာမှုတ်ရင်း ပြောလိုက်၏။

"ဝင်ပါဖို့ ရည်ရွယ်ချက် မရှိဘူး ဟုတ်လား... ဝင်ပါဖို့ ရည်ရွယ်ချက် မရှိရင် မင်းက ဘာလို့ ဒီကို ရောက်နေရတာလဲ..."

အစတုန်းက ဘာလို့ မပြောခဲ့တာလဲ...

အခု မနိုင်တော့ဘူးဆိုတာ သိမှ ဝင်မပါဘူးလို့ ပြောရုံနဲ့ မင်းကိုယ်မင်း တာဝန်ရှိမှုတွေ အကုန်လုံးကနေ တကယ် လွတ်မြောက်သွားနိုင်မယ်လို့ ထင်နေတာလား…”

"အဇူရာနန်းတော်သခင်... ခင်ဗျားက ကျွန်တော်တို့ တီရှား အဖွဲ့အစည်း နဲ့ တကယ် ရန်သူ ဖြစ်ချင်နေတာလား... နယ်စပ်ပြင်ပ အဖွဲ့အစည်းတွေရဲ့ အဆင့်သတ်မှတ်ချက်မှာ ကျွန်တော်တို့ တီရှား အဖွဲ့အစည်း က အဆင့်နှစ် နေရာမှာ ရှိတယ်ဆိုတာ မမေ့ပါနဲ့..."

“ခင်ဗျားတို့ အဇူရာနန်းတော် က အဆင့်သုံးပဲ ရှိသေးတာ...

မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်နဲ့ ဝိညာဉ်အဖွဲ့အစည်းရဲ့ အစေခံနှစ်ယောက်ကို သတ်လိုက်ရုံနဲ့ တီရှား အဖွဲ့အစည်း ကို ရန်သူလုပ်ဖို့ အခွင့်အရေး ရှိသွားပြီလို့ ထင်နေတာလား…”

တီရှား အဖွဲ့အစည်းမှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူသည် အဇူရာနန်းတော်သခင်ကို မစော်ကားလိုချေ။

ဒါပေမဲ့ အခုတော့ သူ့အနေနဲ့ အသက်ရှင်ဖို့အတွက်

တီရှား အဖွဲ့အစည်းရဲ့ အမည်နာမကို ထုတ်သုံးဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ပေ။

ထျန်ကျီနှင့် တီရှားတို့မှာ အဆင့်တစ်နှင့် အဆင့်နှစ် အသီးသီး ရှိကြပြီး မြေအောက်လောကတွင် အတော်လေး နာမည်ကြီးပေသည်။

အကယ်၍ အခြားသူတစ်ယောက်သာ ဆိုလျှင် အမှောင်လောကရှိ လူများအားလုံးမှာ တီရှား အဖွဲ့အစည်း၏ ဩဇာလွှမ်းမိုးမှု အနည်းငယ် ရှိနေသဖြင့် သူ၏စကားများက အဟန့်အတားအချို့ ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။

သို့သော် ချန်ဖုန်းမှာ ခြားနားပေ၏။

သူသည် အမှောင်လောကနှင့် အဆက်အသွယ် နည်းပါးပြီး တီရှား အဖွဲ့အစည်း မည်မျှ အစွမ်းထက်သည်ကို ဘယ်သောအခါမှ မမြင်တွေ့ဖူးချေ။

‘ငါမှ အရင်က မမြင်ဖူးခဲ့တာ...

ဘာကိစ္စ ကြောက်နေရမှာလဲ…’ဟု ချန်ဖုန်း တွေးလိုက်၏။

ဒါ့အပြင် သူ၏ ခွန်အားများအားလုံးမှာ စနစ်၏ အားဖြည့်မှုမှ လာခြင်း ဖြစ်ပေသည်။

‘အခု ငါက မင်းတို့လောက် အား မကောင်းသေးရင်တောင် ငါ နေ့တိုင်း တိုးတက်နေတာပဲ... မင်းတို့ထက် အသက်ပိုရှည်နေသရွေ့ တစ်နေ့ကျရင် ငါ့စွမ်းအားက မင်းတို့ကို သေချာပေါက် ကျော်တက်သွားမှာပဲ…’ဟု ချန်ဖုန်း ထပ်တွေးလိုက်သည်။

All Chapters