← Chapters

အခန်း ၄၁၁

Vol. 42 Ch. 411

အခန်း ၄၁၁

Vol. 42 Ch. 411

အခန်း (၄၁၁) မစ္စတာချန် ကိုယ်စား လက်ဆောင်လာပေးတာပါ

ထိုလူစု ထွက်ခွာသွားပြီးနောက်။

သူ၏သား နန်ကုန်းဟိုင် ထွက်လာကာ ပြောဆိုလိုက်၏။

"အဖေ... သူတို့တွေက အရူးတွေလား... ချန်ဖုန်း ရဲ့ တခြား စီးပွားရေးတွေကို ဘေးဖယ်ထားလိုက်ရင်တောင် သူ့ရဲ့ ဆေးဝါးကုမ္ပဏီ တစ်ခုတည်းကတင် ဘီလီယံရာချီ တန်ကြေးရှိနေတာကို..."

"ဟက်ဟက်..."

နန်ကုန်းရှုံ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ဖြတ်ပြေးသွားပေသည်။

"သူတို့က မအပါဘူး... ကျိုတို မှာရှိတဲ့ အင်အားကြီး မိသားစုတွေထဲမှာ နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တဲ့ ဘယ်သူကများ အရူးဖြစ်နေမှာလဲ... သူတို့က ငါ့ကို အရင်သွားပြီး အကဲစမ်းခိုင်းချင်နေကြတာလေ... ရှားဟောက်ကျွင်း နဲ့ သူ့လူတွေက အရမ်း သတိထားတတ်ကြတယ်... ဘယ်လို အန္တရာယ်များတဲ့ ကိစ္စကိုမှ သူတို့က အလွယ်တကူ လုပ်ဆောင်မှာ မဟုတ်ဘူး..."

"အဲဒါဆို ကျွန်တော်တို့ကကော..."

"ဒီလောက်ကောင်းတဲ့ အခွင့်အရေးမျိုးကို ငါတို့ ဆုပ်ကိုင်ထားသင့်တာပေါ့..."

နန်ကုန်းရှုံက သက်ပြင်းရှည်ကြီးတစ်ခုကို ရှူသွင်းကာ ပြောဆိုလိုက်၏။

"ချန်ဖုန်း က ဒုံးကျည်နဲ့ အပစ်ခံလိုက်ရတာဆိုတော့ သူ့ရဲ့ အသက်ရှင်နိုင်ခြေက သုညရာခိုင်နှုန်း နီးပါးပဲ... သူ သေသွားပြီဆိုတာနဲ့ ထျန်ဖုန်းလုပ်ငန်းစု က ဘာခြိမ်းခြောက်နိုင်စွမ်းမှ ရှိတော့မှာ မဟုတ်ဘူး... ငါတို့ အရမ်းလွန်ကျူးမသွားသရွေ့ စစ်ဘက်ဆိုင်ရာဌာန ကလည်း အများကြီး ဝင်စွက်ဖက်မှာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ်လေ... အသက်ရှင်နေတဲ့သူတွေနဲ့ ယှဉ်ရင် သေသွားတဲ့သူတွေက ငါတို့ နန်ကုန်းမိသားစု အတွက် အများကြီး ပိုအသုံးဝင်တယ်... သူတို့လည်း မဆင်မခြင် လှုပ်ရှားရဲမှာ မဟုတ်ဘူးလို့ ထင်တာပဲ..."

နန်ကုန်းဟိုင် ချက်ချင်းပင် စိတ်လှုပ်ရှားသွားလေ၏။

"ဒီကောင် နောက်ဆုံးတော့ သေသွားပြီပဲ... အဖေ...ကျွန်တော်တို့ နောက်ထပ် ဘာလုပ်သင့်တယ်လို့ ထင်လဲ..."

"ဆေးဝါးလုပ်ငန်းက ဈေးကွက်ဝေစုကို ငါတို့ ပြန်ယူရမယ်..."

နန်ကုန်းရှုံ၏ မျက်လုံးများထဲတွင် အရိပ်မည်းတစ်ခု ဖြတ်ပြေးသွားပေသည်။

"ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာန က ကျိုတို မှာ ရှိတယ်လို့ ကြားတယ်... ချန်ဖုန်း ရဲ့ မတော်တဆမှု အကြောင်းကို သူတို့ သေချာပေါက် သိလောက်ပြီ... အခုအချိန်မှာ ကုမ္ပဏီကိစ္စတွေကို ဘယ်သူကမှ ဂရုစိုက်နေမယ်လို့ ငါ မထင်ဘူး... အရင်ဆုံး သူတို့ရဲ့ အဓိက အချက်အလက်တွေကို ခိုးယူရမယ်..."

"နားလည်ပါပြီ..."

နန်ကုန်းဟိုင်၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားခဲ့၏။

ပြီးခဲ့သည့်အကြိမ်က ချန်ဖုန်း၏ လက်ထဲတွင် အရှုံးပေါ်ခဲ့ရပြီး ဤတစ်ကြိမ်တွင်မူ အတိုးနှင့်တကွ ကလဲ့စားချေရန် သူ ဆုံးဖြတ်ထားလေသည်။

ထျန်ဖုန်းလုပ်ငန်းစု လက်ရှိအရွယ်အစားအထိ ကြီးထွားလာရခြင်းမှာ အဆုံးစွန်အားဖြင့် ချန်ဖုန်းက ဦးဆောင်နေသောကြောင့် ပင်ဖြစ်သည်။ ယခု ချန်ဖုန်း သေဆုံးသွားလေပြီ။ ဤမျှ ကြီးမားသော ကုမ္ပဏီနှင့် လုပ်ငန်းကြီးကို လျစ်လျူရှုထား၍ မဖြစ်နိုင်ချေ။

"ကောင်းပြီ... ဒါကို စိတ်ပူမနေနဲ့တော့... ကိုင်တွယ်ဖြေရှင်းဖို့ လူတစ်ယောက်ကို ငါ စီစဉ်လိုက်မယ်..."

နန်ကုန်းရှုံသည် ဤမျှ အရေးကြီးသော ကိစ္စကို သားဖြစ်သူထံ လွှဲအပ်ရန် မဝံ့ရဲခဲ့ပေ။ သူသည် လူအနည်းငယ်ကို အလျင်အမြန် ရှာဖွေလိုက်၏။ ထို့နောက် ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနသို့ သွားရောက်ကာ ဆေးနှစ်မျိုး၏ အဓိက အချက်အလက်များကို ခိုးယူရန် ၎င်းတို့အား အမိန့်ပေးလိုက်လေသည်။

ဤလူများထဲတွင် အင်အားအကောင်းဆုံးသူများမှာ ဧကရာဇ်အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်ပေသည်။ ၎င်းတို့အားလုံးမှာ နန်ကုန်းမိသားစုမှ တိတ်တဆိတ် လေ့ကျင့်ပေးထားသော အလွန် ကျွမ်းကျင်သည့်သူများ ဖြစ်ကြ၏။

ဤကဲ့သို့သော ကျွမ်းကျင်သူများသည် စစ်မြေပြင်တွင်ပင် ရှားပါးလှရာ ကုမ္ပဏီ၏ အချက်အလက်များကို ခိုးယူရန် ၎င်းတို့အား စေလွှတ်ခြင်းက ၎င်းတို့၏ စွမ်းရည်များကို အလဟဿ ဖြစ်စေခြင်းပင်။

အကယ်၍ ချန်ဖုန်းတွင် နောက်ထပ် အစီအစဉ်များ ရှိနေမည်ကိုသာ သူ မစိုးရိမ်ခဲ့ပါက ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို စေလွှတ်ခဲ့မည် မဟုတ်ချေ။

စုစုပေါင်း လူဆယ်ယောက်။ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦး။ ကျန်ရှိနေသူများမှာ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူများမှ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများအထိ ပါဝင်ပေသည်။ ၎င်းတို့သည် နန်ကုန်းမိသားစု၏ အင်အားစုတစ်ခုလုံး နီးပါးကို စေလွှတ်လိုက်ခြင်း ဖြစ်လေ၏။

ငါးမိနစ်... ဆယ်မိနစ်... မိနစ်နှစ်ဆယ်... ... အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားသော်လည်း နန်ကုန်းရှုံ၏ မျက်မှောင်များမှာ ပို၍ပို၍ တွန့်ချိုးလာခဲ့ပေသည်။

ဤကိစ္စသည် ၎င်းတို့အတွက် အလွန် ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်သင့်ပေ၏။ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ပါဝင်နေသဖြင့် ကုမ္ပဏီတစ်ခုလုံးကို ၎င်းတို့က အလွယ်တကူ ရှင်းလင်းပစ်နိုင်ပေသည်။ ဒါပေမဲ့ အခုရော။ ၎င်းတို့ထံမှ သတင်းတစ်ခွန်းမျှ မကြားရသေးချေ။

"အဖေ..."

နန်ကုန်းဟိုင်မှာလည်း ဇဝေဇဝါ ဖြစ်နေခဲ့၏။ နာရီဝက်တောင် ကြာသွားပြီကို အခုထိ အောင်မြင်သေးဘူးလား။

"ခဏလောက် ထပ်စောင့်ကြည့်ကြတာပေါ့..."

နန်ကုန်းရှုံသည် ၎င်းတို့ထံ ဖုန်းခေါ်ဆိုချင်ခဲ့သော်လည်း ၎င်းတို့ကို အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်နေခဲ့ပေသည်။

ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ၏ အဓိက အချက်အလက်များကို ၎င်းတို့ လက်လှမ်းမီသွားသည်နှင့် တစ်ပြိုင်နက် စစ်ဘက်ဆိုင်ရာဌာန၏ ထိပ်တန်းအရာရှိများ သိရှိသွားလျှင်ပင် နန်ကုန်းမိသားစုကို ဆန့်ကျင်ရန် ဝံ့ရဲမည် မဟုတ်ချေ။

ချန်ဖုန်း၏ ကံကြမ္မာမှာ လက်ရှိတွင် အသက်ရှင်သလား သေသွားပြီလား မသိရသေးပေ။ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်သည်လည်း မဟာလင်းယုန်နိုင်ငံ သို့ သေချာပေါက် ထွက်ခွာသွားမည် ဖြစ်၏။

စစ်ဘက်ဆိုင်ရာဌာနရှိ အခြားသော ကျွမ်းကျင်သူများမှာ နယ်စပ်ကို ကာကွယ်ရန် အလုပ်ရှုပ်နေကြသဖြင့် နန်ကုန်းမိသားစုကို ဆန့်ကျင်ရန် အခြားမည်သူက ရဲဝံ့ဦးမည်နည်း။

ထိုအချိန်၌ အစေခံတစ်ဦး အလျင်အမြန် ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။

"ပြဿနာကြီး တက်နေပြီ..."

"ဘာတွေ ဒီလောက် ပြာယာခတ်နေရတာလဲ... ဒါက ဘယ်လို အပြုအမူမျိုးလဲ..."

နန်ကုန်းရှုံမှာ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ပေ၏။ သူက နောက်တစ်ကြိမ် နှာမှုတ်ကာ ပြောဆိုလိုက်သည်။

"ဘာကိစ္စလဲ..."

အစေခံက သတိထားကာ ပြောဆိုလိုက်၏။

"အပြင်ဘက်ကနေ ဘုန်းကြီး တစ်ပါး ရောက်လာတယ်..."

"ဘယ်က ဘုန်းကြီးလဲ..."

နန်ကုန်းရှုံက နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်ပေသည်။ နန်ကုန်းမိသားစုသည် မည်သည့် ဘုန်းကြီးများနှင့်မျှ ဆက်ဆံရေး သို့မဟုတ် သိကျွမ်းမှု မရှိခဲ့ဖူးချေ။

အစေခံက သူ့အား တိတ်တခိုး ကြည့်ကာ ပြောဆိုလိုက်၏။

"သူက သာမန် ဘုန်းကြီး တစ်ပါးပါပဲ... ဒါပေမဲ့ သူ့မှာ ဂုံနီအိတ်တစ်လုံး ပါလာတယ်... အဲဒီအထဲကနေ သွေးတွေ ကျနေသလိုပဲ..."

"သွေးတွေ ဟုတ်လား..."

နန်ကုန်းရှုံ၏ မျက်နှာမှာ ချက်ချင်းပင် ကြည့်ရဆိုးသွားခဲ့လေသည်။ ဤသူသည် ပြဿနာလာရှာရန် ရောက်လာခြင်း ဖြစ်ကြောင်း သေချာလှပေ၏။

"အဖေ... သူက ဘယ်လို ဘုန်းကြီး မျိုးပဲဖြစ်ဖြစ် လူတစ်ယောက်ကို ခေါ်ပြီး သူ့ကို မောင်းထုတ်ခိုင်းလိုက်မယ်... ကျွန်တော်တို့ နန်ကုန်းမိသားစု ကိုများ လာပြီး ပြဿနာရှာရဲတယ်ပေါ့... သူ တကယ် အသက်မရှင်ချင်တော့ဘူးပဲ..."

နန်ကုန်းဟိုင်မှာ ရယ်လည်းရယ်ချင်သလို ဒေါသလည်း ထွက်နေခဲ့ပေသည်။

အတိတ်က နန်ကုန်းမိသားစုကို မည်သူကမျှ မလေးမစား မလုပ်ရဲခဲ့ချေ။

ယခုအခါ ချန်ဖုန်းက နန်ကုန်းမိသားစုကို ရန်စရဲရုံသာမက ဘုန်းကြီးတစ်ပါးကပါ လာရောက် ရိုင်းစိုင်းရဲနေပေပြီ။

သူ တံခါးပေါက်သို့ ရောက်ရှိသွားချိန်မှာပင်... ရုတ်တရက် ကြီးမားလှသော အင်အားတစ်ခုကြောင့် သူ လွင့်စင်ထွက်သွားခဲ့လေ၏။ ထို့အပြင် သူ၏ နံရိုးဒါဇင်ပေါင်းများစွာ ကျိုးကြေသွားပြီး ဧည့်ခန်းထဲသို့ ဝုန်းခနဲ ပြုတ်ကျသွားတော့သည်။

ဤအချိန်၌ ဘုန်းကြီးတန် က ဖြည်းညင်းစွာ လျှောက်ဝင်လာခဲ့ပေ၏။

"မင်း..."

နန်ကုန်းရှုံက သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။

"ငါ့ရဲ့ နန်ကုန်းမိသားစု ထဲကို ကျူးကျော်ဝင်ရောက်ရဲတယ်ပေါ့... မင်းက သေချင်နေတာလား..."

ချက်ချင်းပင် ပုံရိပ်ဒါဇင်ပေါင်းများစွာ အလျင်အမြန် ထွက်လာပြီး ဘုန်းကြီးတန်ကို ဝိုင်းရံလိုက်ကြ၏။

"နန်ကုန်းမိသားစု ရဲ့ သခင်ကြီး... ကျွန်ုပ်က လက်ဆောင်တစ်ခု လာပေးတာပါ..."

ဘုန်းကြီးက သူ၏ လက်ထဲရှိ ဂုံနီအိတ်ကို မြေပြင်ပေါ်သို့ တိုက်ရိုက် ပစ်ချလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်ပေသည်။

"ဒီလက်ဆောင်က မစ္စတာချန် ကိုယ်စား ပေးတာပါ... နန်ကုန်းမိသားစု ခေါင်းဆောင်က ဒါကို စော်ကားတယ်လို့ မထင်ဖို့ မျှော်လင့်ပါတယ်..."

တောက်ပသော သွေးနီနီများသည် ဂုံနီအိတ်ထဲမှ ဖြည်းညင်းစွာ စိမ့်ထွက်နေခဲ့၏။

ဂုံနီအိတ် မြေပြင်ပေါ်သို့ ကျရောက်သွားသည့် အခိုက်အတန့်တွင်။ ထိုအထဲမှ ခေါင်းတစ်လုံး လိမ့်ထွက်လာခဲ့သည်... ၎င်းမှာ လူတစ်ယောက်၏ ဦးခေါင်းပင် ဖြစ်လေသည်။

"ဒါက... အကြီးအကဲဝူ ပဲ..."

နန်ကုန်းဟိုင်က ရုန်းကန်၍ မတ်တပ်ရပ်လိုက်သည်။ ထိုဦးခေါင်းကို မြင်လိုက်ရချိန်တွင် သူ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်လာခဲ့တော့၏။

"ဘာကို ဆိုလိုတာလဲ..."

နန်ကုန်းရှုံ၏ နှလုံးသားထဲတွင် ဒေါသများ ပွက်ပွက်ဆူနေခဲ့လေပြီ။ ဤအရာသည် လွန်ခဲ့သော နာရီဝက်ခန့်က သူ စေလွှတ်လိုက်သည့် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ၏ ဦးခေါင်းပင် ဖြစ်ပေသည်။ ပြောနေစရာပင် မလိုတော့ချေ။ ကျန်ရှိနေသော ဦးခေါင်းများမှာလည်း ဂုံနီအိတ်ထဲတွင် ရှိနေမည်မှာ သေချာလှပေ၏။

ဒါကြောင့်ကိုး။ ဒါကြောင့် ဒီလောက် အချိန်အကြာကြီး ဘာသတင်းမှ မရခဲ့တာပဲ... တကယ်တော့ သူတို့က ဒီဘုန်းကြီးရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပဲ။

"ဒါက ဘာကိုဆိုလိုလဲဆိုတာကို ကျွန်ုပ်ထက် နန်ကုန်းမိသားစု ရဲ့ ခေါင်းဆောင်က ပိုသိသင့်ပါတယ်..."

ဘုန်းကြီးက သူ၏ အေးစက်သော မျက်နှာအမူအရာကို ဆက်လက် ထိန်းသိမ်းထားခဲ့ပေ၏။

"မစ္စတာချန် မထွက်ခွာခင် ကျိုတို က အရာအားလုံးကို ကာကွယ်ပေးဖို့ ကျွန်ုပ်ကို ယုံယုံကြည်ကြည်နဲ့ အပ်နှံသွားခဲ့တယ်... တကယ်လို့ နန်ကုန်းမိသားစု က နောက်ထပ် ဆိုးယုတ်တဲ့ အကြံအစည်တွေ ရှိလာရဲသေးတယ်ဆိုရင်... နန်ကုန်းမိသားစု တစ်ခုလုံးကို ရှင်းလင်းပစ်ဖို့... ကျွန်ုပ် ဝန်လေးနေမှာ မဟုတ်ဘူး..."

ထိုစကားများကို ပြောဆိုလိုက်ချိန်တွင် ဘုန်းကြီး၏ ခန္ဓာကိုယ်ပေါ်မှ ကျောချမ်းဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခု ဖြတ်ပြေးသွားလေ၏။ လေထုပင်လျှင် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရပေသည်။

"အရမ်း မောက်မာလွန်းနေပြီ..."

နန်ကုန်းရှုံ စကားပြော၍ပင် မပြီးဆုံးသေးချေ။

ရုတ်တရက် ဘုန်းကြီးတန်၏ ပုံရိပ်မှာ ဝေဝါးသွားခဲ့၏။

ထိုအခိုက်အတန့်၌ နန်ကုန်းရှုံသည် ပြင်းထန်သော အကျပ်အတည်း ခံစားချက်ကို အာရုံခံသိရှိလိုက်ပေသည်။

ထို့ကြောင့် သူ၏ ပုံရိပ်က နောက်သို့ ရုတ်တရက် ဆုတ်ခွာသွားလေ၏။

သို့သော်လည်း ဘုန်းကြီးတန်က သူ့ထက် ပိုမို မြန်ဆန်နေပြီး ဓားများသဖွယ် ဖြစ်နေသော သူ၏ လက်များဖြင့် ရိုက်ခတ်လိုက်သည်နှင့် ချက်ချင်းပင် လက်တစ်ဖက်က ကျယ်လောင်သော အသံကြီးနှင့်အတူ ပြုတ်ကျလာခဲ့ပေသည်။

“ဘုန်းး”

ဘုန်းကြီးတန်က နန်ကုန်းရှုံ၏ ဘယ်ဘက်လက်မောင်းကို ဖြတ်တောက်လိုက်လေ၏။

ဘာဖြစ်သွားသနည်းဆိုတာကို သူတို့ သဘောပေါက်သွားချိန်တွင် ဘုန်းကြီးတန်မှာ ထိုနေရာမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပေသည်။ ဖျော့တော့သော အသံတစ်ခုသာ ကျန်ရစ်နေခဲ့တော့၏။

"နန်ကုန်းမိသားစု ရဲ့ သခင်ကြီးက ဉာဏ်ကောင်းတဲ့လူ တစ်ယောက်ပါ... ခင်ဗျား နောက်ထပ် မိုက်မဲတဲ့ အလုပ်မျိုး မလုပ်တော့ဘူးလို့ မျှော်လင့်ပါတယ်... ဒီနေ့တော့ ခင်ဗျားရဲ့ လက်မောင်းတစ်ဖက်ကိုပဲ ဖြတ်ပစ်လိုက်တယ်... တကယ်လို့ မစ္စတာချန် သာ ဒီမှာရှိနေရင် ခင်ဗျားတို့ရဲ့ နန်ကုန်းမိသားစု က အခုလောက်ဆို ပျက်စီးသွားလောက်ပြီ... ဒီအခွင့်အရေးကို တန်ဖိုးထားစမ်းပါ..."

ဘုန်းကြီးတန်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း နန်ကုန်းရှုံက သူ၏ ကျန်ရှိနေသော လက်တစ်ဖက်ဖြင့် လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်... သူ၏ ပြိုင်ဘက်မှာ အလွန် အစွမ်းထက်လွန်းလှပေ၏။

ဤတစ်ကြိမ်တွင်တော့ သူတို့ တကယ်ကို အမှားလုပ်မိသွားပြီပဲ။ ချန်ဖုန်း၏ ကံကြမ္မာ မသေချာဖြစ်နေသည့်တိုင်အောင် ကျိုတိုတွင် အစွမ်းထက်သော အရန်အစီအစဉ်တစ်ခု ရှိနေသေးလိမ့်မည်ဟု သူ တကယ်ပင် မထင်မှတ်ထားခဲ့ချေ။

All Chapters