← Chapters

အခန်း ၄၁၃

Vol. 42 Ch. 413

အခန်း ၄၁၃

Vol. 42 Ch. 413

အခန်း (၄၁၃) ကိုယ်ပိုင်ကယ်တင်ခြင်း

ဒီလိုမျိုး သူစိမ်းတွေဆီကနေ ဗီဒီယိုတွေနဲ့ မက်ဆေ့ချ်တွေ ရရှိတဲ့ဖြစ်စဉ်က နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေခဲ့ပေ၏။

တချို့က အဘွားအိုတစ်ဦးရဲ့ ပျောက်ဆုံးနေတဲ့ ကြောင်လေးကို ရှာဖွေပေးခဲ့ကြသည်။

တချို့ကတော့ ရဲတပ်ဖွဲ့ကို အရေးကြီးတဲ့ သဲလွန်စတွေ ရှာဖွေပေးပြီး အမှုတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးခဲ့ကြ၏။

တချို့ဆိုရင် ရှေးဟောင်းသုတေသနပညာရှင်တွေကို

တောင် သင်္ချိုင်းဂူအမျိုးမျိုး ရှာဖွေရာမှာ ကူညီပေးခဲ့ကြသေးသည်။

သေချာတာပေါ့...

လူတိုင်းက ဒီဗီဒီယိုတွေနဲ့ မက်ဆေ့ချ်တွေကို ယုံကြည်ကြတာတော့ မဟုတ်ချေ။ တချို့က ဒါကို နောက်ပြောင်မှုတစ်ခုအဖြစ် သဘောထားပြီး တိုက်ရိုက် ဖျက်ပစ်ခဲ့ကြလေ၏။

ဒါပေမဲ့ လူအများစုကတော့ ဗီဒီယိုတွေနဲ့ သတင်းအချက်အလက်တွေထဲက လမ်းညွှန်ချက်တွေကို လိုက်နာခြင်းအားဖြင့် သူတို့ လိုချင်တာကို ရရှိခဲ့ကြပေသည်။

လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ...

ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ရဲ့ အကြောင်းက အွန်လိုင်းမှာ တဖြည်းဖြည်း ပြန့်နှံ့သွားခဲ့ပြီး သူက အရာအားလုံးကို သိနေသလိုမျိုး လူတွေက သူရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ဆွေးနွေးလာခဲ့ကြ၏။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဖြစ်အပျက်တွေကို သိနိုင်ရုံသာမက အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေကိုပါ ကြိုတင် ဟောကိန်းထုတ်နိုင်ပေသည်။

ဒီကိစ္စတွေက ဆက်လက် ကျယ်ပြန့်လာတာနဲ့အမျှ...အရင်က မက်ဆေ့ချ်တွေကို ဖျက်ပစ်ခဲ့သူတွေဟာ နောင်တရလာကြပြီး မက်ဆေ့ချ်ထဲက အကြောင်းအရာတွေကိုသာ ယုံကြည်ခဲ့ရင် သူတို့အတွက် အကျိုးအမြတ်တချို့ ရနိုင်မယ်ဆိုတာကို သဘောပေါက်လာကြလေ၏။

ဒါပေမဲ့ အခုတော့ အချိန်နှောင်းသွားခဲ့ပါပြီ။

ဒီထူးဆန်းတဲ့ ဖြစ်စဉ်က တစ်ပတ်လောက်သာ ကြာမြင့်ခဲ့ပြီးနောက် ရပ်တန့်သွားခဲ့ပေသည်။

လျှို့ဝှက်ဆန်းကြယ်တဲ့ လူက ရုတ်တရက် ပျောက်ကွယ်သွားသလိုဖြစ်ပြီး ဗီဒီယိုတွေနဲ့ သတင်းအချက်အလက်တွေလည်း ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ချေ။

[ဒင်... ဗီဒီယိုတာဝန်ကို ပြီးမြောက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... စနစ်ပွိုင့် ၈၀ ရရှိပါတယ်]

[ဒင်…ပိုင်ရှင်၏ လက်ရှိ ကျန်ရှိနေသော စနစ်ပွိုင့် - ၃၂၀၈၀]

[ဒင်... ဗီဒီယိုတာဝန်ကို ပြီးမြောက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... စနစ်ရဲ့ ကြိုတင်ခန့်မှန်းနိုင်တဲ့ အချိန်ကာလ ပြောင်းလဲသွားပါပြီ... ယခုအခါ ၁၃၀၀ ကနေ ၂၁၀၅ ခုနှစ်အတွင်းက မည်သည့်အဖြစ်အပျက်ကိုမဆို ကြိုတင်ခန့်မှန်းနိုင်ပါပြီ]

...

[ဒင်... ဗီဒီယိုတာဝန်ကို ပြီးမြောက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... ယခုအခါ ၁၁၀၀ ကနေ ၂၁၀၅ ခုနှစ်အတွင်းက မည်သည့်အဖြစ်အပျက်ကိုမဆို ကြိုတင်ခန့်မှန်းနိုင်ပါပြီ]

[ဒင်... ယခုအခါ ၁၀၀၀ ကနေ ၂၁၀၅ ခုနှစ်အတွင်းက မည်သည့်အဖြစ်အပျက်ကိုမဆို ကြိုတင်ခန့်မှန်းနိုင်ပါပြီ]

[ဒင်... ယခုအခါ ၉၅၀ ကနေ ၂၁၀၅ ခုနှစ်အတွင်းက မည်သည့်အဖြစ်အပျက်ကိုမဆို ကြိုတင်ခန့်မှန်းနိုင်ပါပြီ]

...

ဒီအချိန်မှာတော့ ချန်ဖုန်းရဲ့ စိတ်ထဲမှာ စနစ်ရဲ့ အသံတွေက ဆက်တိုက် ထွက်ပေါ်နေခဲ့ပေ၏။

ခန့်မှန်းနိုင်တဲ့ အချိန်ကာလက အဆက်မပြတ် ကျယ်ပြန့်လာနေသည်။

လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ...

ဟွာရှနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေဟာ ချန်ဖုန်းကြောင့် မဟုတ်ဘဲ စနစ်ကိုယ်တိုင်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပေ၏။

ပိုင်ရှင်ရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရချိန်မှာ စနစ်က အရေးပေါ် အစီအစဉ်တစ်ခုကို စတင်လုပ်ဆောင်ပေးမည် ဖြစ်သည်။

စနစ်က သူရဲ့ အချိန်ကာလကို အဆက်မပြတ် ကျယ်ပြန့်နေစေချိန်မှာပဲ…

ချန်ဖုန်းက သာမန်အိမ်လေးတစ်အိမ်မှာ လဲလျောင်းနေခဲ့ပေ၏။ သူဝတ်ဆင်ထားတဲ့ အလွိုင်းတိုက်ခိုက်ရေးဝတ်စုံမှာ အပေါက်တွေနဲ့ ပြည့်နှက်နေပြီး ဦးထုပ်ကိုလည်း ဘယ်နေရာမှာမှ ရှာမတွေ့နိုင်တော့ချေ။ ဖော်ထုတ်နေတဲ့ အရေပြားပေါ်မှာလည်း ဒဏ်ရာတွေ ဖုံးလွှမ်းနေလေသည်။

သူက ဒဏ်ရာအပြင်းအထန် ရထားကြောင်း သိသာလှပေ၏။

အလွိုင်းတိုက်ခိုက်ရေးဝတ်စုံက အလွန် မာကျောခိုင်ခံ့ပေမယ့် ဒုံးကျည်တွေရဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုနဲ့ ပူပြင်းတဲ့ အပူချိန်ကိုတော့ လုံးဝ ခံနိုင်ရည်မရှိကြောင်း ရှင်းလင်းနေသည်။

ကုတင်ဘေးမှာတော့ အမျိုးသမီးတစ်ဦး ရပ်နေခဲ့ပေ၏။

သူမက အရပ် ၁.၆၈ မီတာခန့်ရှိပြီး ပွပွယောင်းယောင်း အဝတ်အစားတွေကို ဝတ်ဆင်ထားတာကြောင့် သူမရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေကို ရှင်းလင်းစွာ မမြင်ရချေ။

သူမက စကားပြောတဲ့အခါတိုင်း ခေါင်းကို အမြဲတမ်း ငုံ့ထားတတ်လေသည်။

သို့သော် သေချာကြည့်မယ်ဆိုရင် သူမက အရမ်း လှပကြောင်း တွေ့ရပေမည်။

သူမရဲ့ နာမည်ကတော့ ချူရှီယို ဖြစ်ပေ၏။

သူမက လက်နှစ်ဖက်ကို ယှက်ထားပြီး ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ချန်ဖုန်းကို စိုးရိမ်ပူပန်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့သည်။

သူမရဲ့ ဘေးမှာတော့ ဆရာဝန်တစ်ဦးက မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်၏။

"မစ်ချူ... မင်းသူငယ်ချင်းရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်လွန်းတယ်... သူက ပေါက်ကွဲမှုတစ်ခုခုမှာ ဒဏ်ရာရခဲ့တာ ဖြစ်နိုင်တယ်..."

"ငါက ဆေးခန်းငယ်လေးတစ်ခုက ဆရာဝန်တစ်ယောက်ပါ... သူ့ကို ငါ ကယ်နိုင်မယ်မထင်ဘူး..."

"မင်း သူ့ကို ဆေးရုံကြီးဆီ ခေါ်သွားတာ အကောင်းဆုံးပဲ..."

"ဒါပေမဲ့ ငါ့အတွေ့အကြုံအရဆိုရင် သူ့ကို ဆေးရုံကြီးဆီ ပို့လိုက်ရင်တောင် အထောက်အကူ ဖြစ်မှာမဟုတ်ဘူး..."

"အဆိုးဆုံးအတွက် ပြင်ဆင်ထားလိုက်ပါ..."

ချူရှီယိုက ခေါင်းကို မော့ကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်နှာလေးက နီရဲသွားပြီး ခေါင်းကို ပြန်ငုံ့ကာ တိုးတိတ်စွာ မေးမြန်းလိုက်၏။

"ဆရာဝန်... ဆရာဝန်... တခြားနည်းလမ်း မရှိတော့ဘူးလား..."

"သူ့ဒဏ်ရာတွေက အရမ်း ပြင်းထန်လွန်းတယ်... သူ ဒီညကိုတောင် ကျော်ဖြတ်နိုင်ပါ့မလားဆိုတာ မသေချာဘူး..."

ဆရာဝန်က သူ့ဘေးမှာရှိတဲ့ ဆေးသေတ္တာကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်လေသည်။

ထို့နောက် သူက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

"မစ်ချူ... မင်းက တိုင်ပင်ဆွေးနွေးခအဖြစ် ယွမ်တစ်ရာ ရှင်းပေးဖို့ လိုသေးတယ်နော်... ဘာပဲဖြစ်ဖြစ် ငါ ဒီအထိ လာရတာ မလွယ်ကူဘူးလေ..."

"ဒါဆို... ခဏလောက် စောင့်ပါဦး..."

ချူရှီယိုက သူမဘေးမှာရှိတဲ့ ကျောပိုးအိတ်ထဲကနေ ငွေစက္ကူတစ်ထပ်ကို အလျင်အမြန် ထုတ်ယူလိုက်သည်။

ငွေစက္ကူလေးတွေက သပ်သပ်ရပ်ရပ် စီထားလေ၏။ သူမက ယွမ်တစ်ရာ ပြည့်အောင် ငွေစက္ကူ ခုနစ်ရွက် ရှစ်ရွက်လောက်ကို ရေတွက်ပြီး ကမ်းပေးလိုက်သည်။

သူမဆီမှာ ယွမ်နှစ်ဆယ်တောင် မပြည့်တော့ချေ။ ဒီပိုက်ဆံတွေက မူလက သူမရဲ့ ဒီလအတွက် နေထိုင်စားသောက်စရိတ်တွေ ဖြစ်ပေမယ့် အခုတော့ သူမဆီမှာ ယွမ်နှစ်ဆယ်လောက်သာ ကျန်တော့ရာ ပေါက်စီဝယ်စားဖို့လောက်သာ လောက်ငပေတော့မည်။

နောက်ထပ် ဘယ်နှရက်လောက် တောင့်ခံနိုင်ဦးမလဲဆိုတာကို သူမ မသိတော့ချေ။

ဆရာဝန်က သူမလက်ထဲက အကြွေစေ့တွေကို တစ်ချက်ကြည့်လိုက်ပြီး သူက မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ထို့နောက် ယူလိုက်ပြီး သူ့အိတ်ကပ်ထဲ ထည့်လိုက်လေသည်။

သူ ထွက်ခွာသွားချိန်မှာ ရုတ်တရက် လှည့်ကာ ပြောဆိုလိုက်၏။

"မစ်ချူ... မင်း မိသားစုရဲ့ ငွေကြေးအခြေအနေကလည်း သိပ်ကောင်းပုံမရဘူး... သူ့အခြေအနေကို ကြည့်ရတာ မင်း တတ်နိုင်သမျှ မြန်မြန် ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်..."

"ကျွန်မ နားလည်ပါပြီ..."

ချူရှီယိုက ခေါင်းကို ငုံ့ထားဆဲဖြစ်ပြီး လမ်းပျောက်ကာ တွေဝေနေပုံရပေသည်။

ဆရာဝန် ထွက်သွားပြီးနောက် အခန်းလေးဟာ တိတ်ဆိတ်သွားပြန်လေ၏။

ချူရှီယိုရဲ့ အခန်းက အတော်လေး ကျယ်ဝန်းပြီး နည်းနည်း ဟောင်းနွမ်းနေတာကလွဲရင် တခြား အားနည်းချက် မရှိလှချေ။

အခန်းထဲမှာ ပစ္စည်းတွေ သိပ်မရှိဘဲ အလွန် သပ်သပ်ရပ်ရပ် စီစဉ်ထားပေသည်။

ထောင့်တစ်နေရာမှာတော့ စားပွဲပေါ်မှာ ပန်းချီဆွဲစင်တစ်ခု ရှိနေ၏။

လွန်ခဲ့တဲ့ သုံးရက်က သူမ မြစ်ကမ်းဘေးမှာ ပန်းချီဆွဲဖို့ ပြင်ဆင်နေချိန် မြစ်ညာဘက်ကနေ မျောပါလာတဲ့ ချန်ဖုန်းကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

သူ့ကို ပြန်ခေါ်လာဖို့အတွက် သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ သူမ အတော်လေး ကြိုးစားအားထုတ်ခဲ့ရပေ၏။

မူလက သူမတို့က ချန်ဖုန်းကို ဆေးရုံပို့ပြီး ကုသပေးချင်ခဲ့ပေမယ့် သယ်ယူပို့ဆောင်ခ ပေးဖို့တောင် သူမတို့မှာ ပိုက်ဆံ မလုံလောက်ခဲ့ချေ။

သူမက ခဏတာ တုံ့ဆိုင်းနေခဲ့သည်။

ထို့နောက် ဟောင်းနွမ်းနေတဲ့ သူမရဲ့ ဖုန်းလေးကို ထုတ်ပြီး ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်၏။

"ရှာရွှယ်... နင် ငါ့ကို ပိုက်ဆံနည်းနည်းလောက် ချေးနိုင်မလား... ငါ သူ့ကို ဆေးရုံပို့ပေးချင်လို့..."

"ချူရှီယို... နင် အရူးလား..."

"ဒီဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူကို နင် ပြန်ခေါ်လာကတည်းက ငါက ဆန့်ကျင်ခဲ့တာ... သူက ဘယ်သူလဲဆိုတာရော နင် သိလို့လား..."

"အခု ဘာဖြစ်နေပြီလဲ ကြည့်လိုက်ဦး... နင့်မှာ စားစရာဝယ်ဖို့တောင် ပိုက်ဆံမရှိတော့ဘဲနဲ့ သူ့ကို ဆေးရုံကြီးဆီ ခေါ်သွားရဦးမယ်တဲ့လား..."

"နင် ရူးနေတာလား..."

"နင်... နင် ငါ့ကို အော်မပြောသင့်ဘူးလေ..."

ချူရှီယိုက ခေါင်းကို ငုံ့ထားပြီး သူမရဲ့ အသံလေးက တဖြည်းဖြည်း တိုးတိတ်သွားခဲ့ပေသည်။

သူမ ဖုန်းပြောနေချိန်မှာပဲ...

ချန်ဖုန်းရဲ့ စိတ်ထဲက စနစ်ရဲ့ အသံဟာ ပိုပြီး အရေးတကြီး ဖြစ်လာခဲ့လေ၏။

[ဒင်...]

[ဒင်... ယခုအခါ ဘီစီ ၂၁၉ ကနေ ဘီစီ ၂၁၀၅ အတွင်းက မည်သည့်အဖြစ်အပျက်ကိုမဆို ကြိုတင်ခန့်မှန်းနိုင်ပါပြီ]

[ဘီစီ ၂၁၉ ခုနှစ်မှာ ချင်ရှီဟွမ် ဟာ ရှူဖူ ကို မသေဆေး ရှာဖွေဖို့ အမိန့်ပေးခဲ့တယ်…]

နောက်ထပ် ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့၏။

ဗီဒီယိုက ချင်ရှီဟွမ်က ရှူဖူကို မသေဆေးရှာဖို့ အမိန့်ပေးခဲ့တဲ့ မှတ်တမ်းဖြစ်ပေသည်။ ဒဏ္ဍာရီတွေအရ ရှူဖူဟာ မသေဆေးကို မရှာဖွေနိုင်ခဲ့တဲ့အတွက် ချင်ရှီဟွမ်ရဲ့ သတ်ဖြတ်ခံရမှာကို ကြောက်ရွံ့ခဲ့တယ်လို့ ဆိုကြ၏။

ဒါကြောင့် သူဟာ လူတွေကို ခေါ်ဆောင်သွားပြီး ဘယ်တော့မှ ပြန်မလာခဲ့ကြတော့ချေ။

ဗီဒီယိုထဲမှာတော့ ရှူဖူဟာ တကယ်ပဲ အထွတ်အမြတ်ထားတဲ့ ဖူဆန်း သစ်ပင်တစ်ပင်ကို ရှာတွေ့ခဲ့ပေသည်။

—

All Chapters