အခန်း ၄၁၆
Vol. 42 Ch. 416
အခန်း (၄၁၆) မင်းအတွက် အဝတ်အစားတချို့ ဝယ်ပေးမယ်
"ရှင်တို့... ရှင်တို့က ဘယ်သူတွေလဲ..."
ရှာရွှယ်က တစ်ဖက်လူကို သတိထားကာ ကြည့်ရင်း မေးလိုက်ကာ သူမက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။
ခေါင်းဆောင်ဖြစ်သူ အမျိုးသားက သက်သေခံကတ်ပြားတစ်ခုကို ထုတ်ယူကာ အေးစက်စွာ ပြောဆိုလိုက်၏။
"ငါတို့က မဟာလင်းယုန်နိုင်ငံက စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေပဲ... မင်းပြောတဲ့လူက အရမ်းကို အန္တရာယ်များတယ်...သူ ဘယ်မှာရှိလဲဆိုတာ မင်းသိရင် ငါတို့ကို အမြန်ဆုံး အသိပေးပါ..."
"ကျွန်မ..."
ရှာရွှယ်က သာမန်လူတစ်ယောက်သာ ဖြစ်ပေ၏။ ဒီလိုမျိုး အရင်က တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် သူမ ခဏတာ စကားပြောစရာမဲ့သွားခဲ့သည်။
ခေါင်းဆောင်ဖြစ်သူ အမျိုးသားက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
တစ်ဖက်လူက ချန်ဖုန်းကို သေချာပေါက် မြင်တွေ့ခဲ့ရမည်ဟု သူ သိလိုက်ပြီး အဇူရာနန်းတော်သခင်က ဒုံးကျည်အပစ်ခံရတာတောင် အသက်ရှင်နေသေးသည့်အတွက် သူ အလွန် အံ့အားသင့်သွားခဲ့ပေသည်။
ဘုရားရေ။ ဒါက တကယ်ကို မယုံနိုင်စရာပင်။
မူလက သူတို့သည် ချန်ဖုန်းအား ရှာဖွေရန် အက်ဒွပ်၏ အမိန့်ပေးခြင်းကိုသာ ခံခဲ့ရခြင်း ဖြစ်လေ၏။
အရှင်ဖြစ်စေ အသေဖြစ်စေ သူ့ကို ရှာတွေ့ရမည်ပင်။
ချန်ဖုန်းနှင့် ပတ်သက်သည့် သတင်းရရှိရန် သူတို့ သိပ်မျှော်လင့်မထားခဲ့သဖြင့် ဤသည်မှာ တကယ်ကို မထင်မှတ်ထားသောအရာ ဖြစ်ပေသည်။
သူက ရှာရွှယ်အား လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောဆိုလိုက်၏။
"မင်း ခုနက သူ့မိသားစုကို လိုက်ရှာနေတာမလား... မင်း သူ့ကို မြင်ခဲ့တာလား... သူ အသက်ရှင်နေသေးလား..."
"ဒီလူက ရက်စက်တဲ့ လူသတ်သမားပဲ... သူ့လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့သူတွေ မရေမတွက်နိုင်အောင် ရှိတယ်..."
"မင်းရဲ့ ချစ်ခင်ရတဲ့သူက သူနဲ့အတူ ရှိနေမယ်ဆိုရင် အရမ်း အန္တရာယ်များနိုင်တယ်..."
"ငါ ဘယ်လိုလုပ်ရမလဲ... ရှီယိုက သူနဲ့အတူ ရှိနေတုန်းပဲ... မဖြစ်ဘူး... ရှီယိုဆီ အခုချက်ချင်း ဖုန်းဆက်ရမယ်..."
ရှာရွှယ်မှာ အလွန်အမင်း ပြာယာခတ်နေပုံရပေသည်။
ဖုန်းခေါ်ရန် ပြင်လိုက်ချိန်မှာပင် အမျိုးသားက သူမကို တားဆီးကာ ပြောလိုက်၏။
"မထိတ်လန့်ပါနဲ့... မင်း သူတို့ကို သတိပေးသလို ဖြစ်သွားလိမ့်မယ်... ငါတို့ကို အဲဒီကို ခေါ်သွားပါ... မင်းရဲ့ သူငယ်ချင်းကို ငါ ကယ်တင်ပေးနိုင်တယ်..."
"ကျွန်မနောက်က လိုက်ခဲ့ပါ..."
ရှာရွှယ်က သွားကိုက်လျက် ပြောလိုက်သည်။
၎င်းတို့သည် သူမတို့၏ နေအိမ်ဆီသို့ အလျင်အမြန် ပြေးသွားကြလေ၏။
ရှာရွှယ်သည် ချူရှီယို၏ လုံခြုံရေးအတွက် အလွန် စိုးရိမ်နေခဲ့သည်။ သူမ၏ အကောင်းဆုံးသူငယ်ချင်းမှာ ရိုးအလွန်းပြီး အလွယ်တကူ လှည့်စားခံရနိုင်ပေ၏။
သူမတို့ ကယ်တင်ခဲ့သူက ဒဏ်ရာအပြင်းအထန် ရထားသော်လည်း သူမက စိုးရိမ်နေဆဲပင်။
ခေါင်းဆောင်ဖြစ်သူ အမျိုးသားမှာ ဝမ်းသာသွားပြီး အလျင်အမြန် လိုက်ပါသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်...သူက အနီးအနားရှိ ကျွမ်းကျင်သူအချို့ကို ဆက်သွယ်လိုက်ရာ ၎င်းတို့ အမြန် ပြေးလာခဲ့ကြလေ၏။
နာရီဝက်ခန့် အကြာတွင်…
ရှာရွှယ်သည် ချူရှီယို၏ နေအိမ်သို့ ရောက်ရှိလာပြီး သူမ၏နောက်မှ ကျွမ်းကျင်သူများက အိမ်တစ်ခုလုံးကို အလျင်အမြန် ဝိုင်းရံလိုက်ကြသည်။
သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး တင်းမာနေခဲ့ကာ သူတို့က အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေပုံရပေသည်။
အဇူရာနန်းတော်သခင်၏ စွမ်းအားကို သူတို့ မြင်တွေ့ခဲ့ပြီးဖြစ်ရာ သူက ယခုအခါ ကုတင်ပေါ်တွင် သတိလစ်နေသော်လည်း မည်သူကမျှ ပေါ့ဆရန် မရဲဝံ့ကြချေ။
သို့သော်...အခန်းက လွတ်ဟာနေကြောင်း သိလိုက်ရချိန်တွင် လူတိုင်း အနည်းငယ် မှင်တက်သွားကြပေသည်။
ရှာရွှယ်မှာ အလွန် စိုးရိမ်ပူပန်သွားသဖြင့် ငိုချလာတော့၏။
"ငါ့အမှားတွေပါ... အစကတည်းက သူ့ကို ကယ်ဖို့ ရှီယိုကို ငါ သဘောမတူခဲ့သင့်ဘူး... အခု ဘာဖြစ်သွားပြီလဲ ကြည့်စမ်း... ရှီယိုကို သူ သေချာပေါက် ပြန်ပေးဆွဲသွားပြီ..."
"ရှင်တို့က စစ်တပ်က မဟုတ်ဘူးလား... ကျွန်မ သူငယ်ချင်းကို မြန်မြန် ကယ်ပေးကြပါဦး..."
"စိတ်မပူပါနဲ့... သူ့ကို ပြန်ခေါ်လာနိုင်အောင် ငါတို့ သေချာပေါက် ကူညီပေးပါ့မယ်..."
ခေါင်းဆောင်ဖြစ်သူ အမျိုးသား၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လက်ဖြာသွားလေ၏။
ရှာရွှယ်၏ ပြောဆိုချက်အရ အဇူရာနန်းတော်သခင်ကို ကယ်တင်ခဲ့ချိန်တွင် သူက သတိလစ်နေပြီး သေလုမြောပါး ဖြစ်နေခဲ့သည်။
သို့သော် ယခု ဘာကြောင့် ရုတ်တရက် ထပ်ပျောက်သွားရတာလဲ။
သူ့ဒဏ်ရာတွေက ပြန်ကောင်းသွားပြီလား။
"မစ်ရှာ... မင်း သူငယ်ချင်းကို ဖုန်းဆက်ပြီး ပြန်ပေးဆွဲခံထားရလား မေးကြည့်ပါလား..."
"ကောင်းပြီလေ..."
ရှာရွှယ်က ချူရှီယိုထံ အလျင်အမြန် ဖုန်းခေါ်လိုက်သည်။
တစ်ဖက်က ချူရှီယိုက ဖုန်းကို အလွန်မြန်ဆန်စွာ ဖြေကြားလိုက်၏။
"ရှာရွှယ်... ဘာဖြစ်လို့လဲ..."
"ရှီယို... နင် ငါ့ကို သေမတတ် လန့်သွားအောင် လုပ်လိုက်တာပဲ... နင့်ကို တစ်ခုခု ဖြစ်သွားပြီလို့ ငါထင်နေတာ..."
ရှာရွှယ်က သက်ပြင်းချကာ ပြောလိုက်လေသည်။
"နင် အခု ဘယ်မှာလဲ... ငါ အခုချက်ချင်း လာခဲ့မယ်..."
"ငါ အဝတ်အစားတွေ ဝယ်နေတာ... သူ လဲဝတ်ဖို့ လိုနေလို့..."
ချူရှီယိုက တိုးတိတ်စွာ ပြောလိုက်၏။
ရှာရွှယ်က မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်သည်။
"သူ တကယ် နိုးလာပြီလား... သူက နင်နဲ့အတူ ရှိနေတာလား..."
"နောက်တစ်ချက်က သူက အကြမ်းဖက်သမား တစ်ယောက်လို့ ငါကြားတယ်... ချူရှီယို... နင် အဲဒီမှာပဲ နေပြီး ဘယ်မှမသွားနဲ့... လိပ်စာပို့ပေး... ငါ အခုချက်ချင်း လာခဲ့မယ်..."
"ဟင်..."
ချူရှီယိုမှာ ပြန်ဖြေရန် အခွင့်အရေးပင် မရလိုက်ချေ။
ဖုန်း၏ အခြားတစ်ဖက်မှ ချသွားခဲ့လေပြီ။
သူမက ဘေးနားရှိ ချန်ဖုန်းကို ကြောင်အမ်းအမ်း ကြည့်လိုက်၏။ သူက လူဆိုးတစ်ယောက်နှင့် လုံးဝ မတူချေ။
"သွားရအောင်... ဒီနေရာပဲ..."
ချန်ဖုန်းက သူတို့ရှေ့ရှိ အဝတ်အထည်ဆိုင်ကို ညွှန်ပြလိုက်သည်။
ဒီအဝတ်အထည်ဆိုင်ရှိ အဝတ်အစားများမှာ သိပ်မဈေးကြီးသော်လည်း ချူရှီယိုကတော့ မတတ်နိုင်သေးချေ။
အဘယ်ကြောင့်ဆိုသော် ရိုးရှင်းသော အဝတ်တစ်စုံပင်လျှင် ယွမ် ရာဂဏန်းမျှ ကျသင့်နိုင်သောကြောင့် ဖြစ်ပေ၏။
"ကျွန်မ..."
ချူရှီယိုက ခေါင်းငုံ့လိုက်သည်။
သူမ၏ အိတ်ကပ်ထဲရှိ အကြွေစေ့များကို ကိုင်တွယ်လိုက်ပြီး မည်သို့စတင်ရမည်ကို မသေချာဖြစ်နေခဲ့၏။
ချန်ဖုန်းက ရယ်မောကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ငါ့မှာ ကိုယ်ပိုင်ပိုက်ဆံ ရှိပါတယ်... ဝင်သွားရအောင်..."
"အင်း..."
ချူရှီယိုက သက်ပြင်းချလိုက်ပြီး ချန်ဖုန်းကို ဆိုင်ထဲသို့ တွဲခေါ်သွားလေသည်။
သူမ ဇဝေဇဝါ ဖြစ်ရသည်မှာ...အစပိုင်းတွင် ချန်ဖုန်းသည် တစ်စုံတစ်ယောက်၏ အကူအညီ လိုအပ်ခဲ့သော်လည်း ယခုအခါ သူမက တစ်ဖက်လူကို တွဲပေးထားဆဲဖြစ်သော်လည်း ချန်ဖုန်းက ကိုယ်တိုင် လမ်းလျှောက်နိုင်နေပြီဖြစ်ကြောင်း သူမ မြင်တွေ့နေရပေ၏။
တစ်ဖက်လူ၏ ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပုံ ရပေသည်။
ဤသို့ဖြစ်လာမည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ချေ။
ချန်ဖုန်းကို ဤမျှ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေခဲ့သောအရာမှာ တစ်ဖက်လူ၏ လက်ထဲရှိ ဆေးလုံးကြောင့်ပင် ဖြစ်နိုင်လေသည်။
သူတို့နှစ်ဦး ဆိုင်ထဲ ဝင်လာသည်ကို မြင်လိုက်ရသောအခါ ဝန်ထမ်းမလေးက အလျင်အမြန် လာရောက်ကာ မေးမြန်းလိုက်သည်။
"မင်္ဂလာပါရှင်... အဝတ်အစား ဝယ်ချင်လို့လားရှင့်..."
ချန်ဖုန်း၏ ဝတ်စားဆင်ယင်မှုမှာ ထူးဆန်းနေကာ စုတ်ပြဲနေသော သံချပ်ကာဝတ်စုံ တို့ဖြစ်သော်လည်း ဝန်ထမ်းမလေးက အတွေ့အကြုံရှိပြီး လူအမျိုးမျိုးကို မြင်ဖူးထားသဖြင့် သူမက သိပ်ဂရုမစိုက်ခဲ့ချေ။
"ငါ့အတွက် အဝတ်အစားတစ်စုံ အရင် ရွေးပေးပါ..."
"ဟုတ်ကဲ့ပါရှင်... ခဏလောက် စောင့်ပါနော်..."
ဝန်ထမ်းမလေးက ပေါ့ပေါ့ပါးပါး အဝတ်အစားတစ်စုံကို အလျင်အမြန် ရွေးချယ်ကာ ချန်ဖုန်းကို ကမ်းပေးကာ ပြောလိုက်၏။
"လူကြီးမင်း... ဒီတစ်စုံကို အရင် စမ်းဝတ်ကြည့်ပါရှင်... အဆင်မပြေရင် နောက်တစ်စုံ ယူပေးပါ့မယ်..."
"ကောင်းပြီ..."
ချန်ဖုန်းက အဝတ်လဲခန်းထဲသို့ အလျင်အမြန် ဝင်သွားလေသည်။
သူတွင် ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစား ရှိသဖြင့် ပေါ့ပေါ့ပါးပါး အဝတ်အစားနှင့်ပင် အနုပညာရှင်တစ်ဦးကဲ့သို့ ဖြစ်နေနိုင်ပေ၏။
သူ အဝတ်လဲခန်းထဲမှ ထွက်လာချိန်တွင် ချူရှီယိုပင် သူ့ကို နောက်ထပ် အကြိမ်အနည်းငယ် ကြည့်မိသွားပြီးမှ ခေါင်းကို အလျင်အမြန် ငုံ့ထားလိုက်သည်။
ဝန်ထမ်းမလေး၏ မျက်လုံးများလည်း လင်းလက်သွားခဲ့၏။
‘အရမ်း ချောတာပဲ…’
"ဒီတစ်စုံပဲ ယူမယ်... အဲဒါလေး ထုပ်ပေးပါ..."
ချန်ဖုန်းက ချွတ်ထားသော သံချပ်ကာဝတ်စုံကို ညွှန်ပြလိုက်ပြီးနောက် ချူရှီယိုကို ညွှန်ပြကာ ပြောလိုက်သည်။
"သူမအတွက်လည်း အဝတ်အစားတချို့ ရွေးပေးပါဦး... သူမရဲ့ ဆိုဒ်တွေက ၈၆၊ ၆၆ နဲ့ ၈၂ ပါ..."
"အာ... ကျွန်မ... ကျွန်မ မလိုပါဘူး..."
ချူရှီယိုက လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်၏။
"မင်းက ငါ့အသက်ကို ကယ်ခဲ့တာပဲ... မင်းကို အဝတ်အစားတချို့ ဝယ်ပေးတာ ဘာမှားနေလို့လဲ..."
ချန်ဖုန်းက သူမကို တိုက်ရိုက် ကြားဖြတ်ပြောလိုက်သည်။
"ပြီးတော့ မင်းရဲ့ ဘဏ်အကောင့်ထဲမှာ ဘယ်လောက်ရှိလဲ... ငါ့ကို ပေး..."
ချူရှီယိုက မူလက ငြင်းဆန်ချင်ခဲ့၏။
သို့သော် တစ်ဖက်လူ၏ လေးနက်သော အမူအရာကို မြင်လိုက်ရချိန်တွင် သူမ ပြောမည့်စကားများကို ပြန်မြိုချလိုက်ရသည်။
သူမက ခေါင်းငုံ့ပြီး တိတ်ဆိတ်နေခဲ့ပေ၏။
ချန်ဖုန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
သူက တစ်ဖက်လူ၏ လက်ထဲမှ အိတ်ကို ယူလိုက်ပြီး အထဲမှ ဘဏ်ကတ်တစ်ကတ်ကို ထုတ်ယူလိုက်၏။
ဒီအချိန်မှာတော့...ဝန်ထမ်းမလေးက အဝတ်အစားတစ်စုံ ရွေးချယ်ပြီးသွားပြီ ဖြစ်သည်။
အတွင်းခံမှစ၍ အပြင်ဝတ်စုံအထိ အရာအားလုံးကို ချန်ဖုန်း ပေးထားသော ဆိုဒ်များအတိုင်း ရွေးချယ်ထားခြင်း ဖြစ်ပေ၏။
"မိန်းကလေး... ရှင့်ကောင်လေးက ရှင့်အပေါ် တကယ် ကောင်းတာပဲနော်... ကောင်မလေးရဲ့ ဆိုဒ်ကို မှတ်မိတဲ့သူကို ကျွန်မ တစ်ခါမှ မတွေ့ဖူးသေးဘူး..."
"သူ ရှင့်ကို အရမ်း ဂရုစိုက်တယ်ဆိုတာ တစ်ချက်ကြည့်လိုက်တာနဲ့ သိသာပါတယ်..."
"ဒီအဝတ်ကို အရင် စမ်းဝတ်ကြည့်ပါ... ရှင့်အတွက် ကွက်တိ ဖြစ်မှာပါ..."
"ကျွန်မ... သူက... မဟုတ်ပါဘူး..."
ချူရှီယိုမှာ အနည်းငယ်
စကားမဆက်နိုင်ဖြစ်သွားပြီး ခေါင်းကိုသာ ပြင်းပြင်းထန်ထန် ခါရမ်းနေခဲ့၏။
တကယ်တော့ သူမလည်း အရမ်း သိချင်နေမိသည်။ သူမတောင်
ကိုယ့်ဆိုဒ် ကိုယ်မသိတာကို တစ်ဖက်လူက ဘယ်လိုလုပ် သိနေရတာလဲ။
ချန်ဖုန်းက သူမကို အဝတ်လဲခန်းဘက်သို့ တွန်းပို့ကာ ပြောလိုက်သည်။
"မင်း လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ဒီအဝတ်ကို အရင် စမ်းဝတ်ကြည့်ပေးပါ... ငါ့မှာ မင်းနဲ့ ခန္ဓာကိုယ် တူတဲ့ သူငယ်ချင်း တစ်ယောက်ရှိလို့..."
"သူမ အတွက် ကွက်တိ ဖြစ်မဖြစ်လောက်တော့ စစ်ဆေးပေးလို့ ရတယ်မလား..."
"ကောင်းပြီလေ..."
ချူရှီယိုက မျက်နှာနီရဲသွားခဲ့သည်။
ထို့နောက် အဝတ်အစားများကို အဝတ်လဲခန်းထဲသို့ သတိထားပြီး ယူသွားလိုက်လေ၏။
---