← Chapters

အခန်း ၄၁၈

Vol. 42 Ch. 418

အခန်း ၄၁၈

Vol. 42 Ch. 418

အခန်း (၄၁၈) ရှန်ကွမ်ယွဲ့ တားဆီးခံရခြင်း

သတင်းက အလျင်အမြန် ပြန့်နှံ့သွားခဲ့၏။

ရှန်ကွမ်ယွဲ့သည် ချန်ဖုန်း အသက်ရှင်နေသေးကြောင်းကို လူတိုင်းအား မပြောခဲ့ဘဲ အဇူရာနန်းတော်၏ အဓိက အဖွဲ့ဝင်များကိုသာ ပြောပြခဲ့ပေသည်။

ဘာပဲဖြစ်ဖြစ် သူမတို့က မဟာလင်းယုန်နိုင်ငံမှာ ရှိနေဆဲပဲလေ။

အကယ်၍ ချန်ဖုန်း အသက်ရှင်နေသေးကြောင်းကို အက်ဒွပ် သိသွားပါက သူက ချန်ဖုန်းကို သေချာပေါက် ဆက်လက် လိုက်လံသတ်ဖြတ်မည် ဖြစ်သည်။

"မစ်ရှန်ကွမ်... နန်းတော်သခင်နဲ့ ပြန်ဆုံဖို့ အားလုံးကို အခုချက်ချင်း ပြန်ခေါ်လိုက်ပါ့မယ်..." ဟု ပြောရင်း

ပင်မနတ်ဘုရား ယန်ရီမှာ အလွန် စိတ်လှုပ်ရှားနေခဲ့၏။

လက်ရှိတွင် လူအများစုက ချန်ဖုန်း၏ ခြေရာများကို ရှာဖွေရန် အပြင်ရောက်နေကြပြီး ရေနံကုမ္ပဏီ စခန်းတွင် လူအနည်းငယ်သာ ကျန်ရှိနေပေသည်။

ရှန်ယန်းယန်းနှင့် ယွင်ထင်တို့၏ မျက်နှာများတွင်လည်း ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်များ ရှိနေခဲ့၏။

သူမတို့က အခုချက်ချင်း ချန်ဖုန်းကို သွားရှာချင်နေခဲ့သော်လည်း ဤနေရာသည် မဟာလင်းယုန်နိုင်ငံ ဖြစ်ကြောင်းနှင့် ကိစ္စများစွာတွင် ပိုမိုကျယ်ပြန့်သော အခြေအနေကို ထည့်သွင်းစဉ်းစားရမည်ကိုလည်း သိရှိထားကြပေသည်။

မဟုတ်ရင် ဒါက ချန်ဖုန်းကို နောက်တစ်ကြိမ် အန္တရာယ်ထဲ ကျရောက်သွားစေနိုင်သည်။

"သွားပြီး စီစဉ်လိုက်ပါ... ငါတို့ ငါးမိနစ်နေရင် တွေ့ကြမယ်..."

ရှန်ကွမ်ယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်၏။

ထို့နောက် သူမက ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ကို ကြည့်ကာ ပြောလိုက်သည်။

"နင်တို့နှစ်ယောက် ငါနဲ့ လိုက်ခဲ့... လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း နင်တို့နှစ်ယောက်လုံး ပင်ပန်းခဲ့ပြီပဲ..."

သူမက သဘောထားကြီးသူတစ်ယောက် မဟုတ်သလို ချန်ဖုန်းကို တခြားအမျိုးသမီးတွေနဲ့လည်း မျှဝေမသုံးစွဲချင်ခဲ့ချေ။

ဒါပေမဲ့ ချန်ဖုန်း မတော်တဆမှု ဖြစ်ခဲ့တဲ့ အချိန်အတွင်းမှာတော့...ရှန်ယန်းယန်းနှင့် ယွင်ထင်တို့၏ စိုးရိမ်ပူပန်မှုများကို ရှန်ကွမ်ယွဲ့ ရှင်းလင်းစွာ ခံစားနိုင်ခဲ့၏။ သူမတို့က ချန်ဖုန်းကို ရှာဖွေရင်း နေ့ရောညပါ အိပ်မက်ပင် မမက်နိုင်ခဲ့ကြချေ။

"အင်း... ကျေးဇူးတင်ပါတယ်..."

ရှန်ယန်းယန်းက အလျင်အမြန် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

ယခုအချိန်တွင် လူတိုင်း၏ စိတ်ခံစားချက်များ ပြောင်းလဲသွားခဲ့၏။

ချန်ဖုန်း အသက်ရှင်နေသရွေ့ ပြဿနာအားလုံးက ပြဿနာ မဟုတ်တော့ချေ။

ယခင်က ဖိစီးနေသော လေထုမှာ နောက်တစ်ကြိမ် ပြေလျော့သွားခဲ့လေပြီ။

ယွင်ထင်က ရှန်ယန်းယန်းကို ဘေးသို့ဆွဲခေါ်ကာ တိုးတိတ်စွာ ပြောလိုက်၏။ "မစ်ရှန်ကွမ်မှာ ကိုယ်ဝန်သုံးလကျော်တောင် ရှိနေပြီ... နောက် ခြောက်လမပြည့်ခင် သူမ ကလေးမွေးတော့မှာ..."

"သူမနဲ့ ချန်ဖုန်းက သေချာပေါက် အတူတူ ရှိနေကြတော့မှာ..."

"နင့်ကိုယ်နင်ရော စဉ်းစားပြီးပြီလား..."

"ငါ... ငါ မယားငယ် လုပ်နိုင်ပါတယ်..."

ရှန်ယန်းယန်းက ထိုစကားများကို လုံးဝ မစဉ်းစားဘဲ ဗြုန်းစားကြီး ပြောချလိုက်ခြင်း ဖြစ်ပေ၏။

ထို့နောက် သူမ ပါးစပ်ကို အလျင်အမြန် ပိတ်ထားလိုက်သည်။

ယွင်ထင်က မျက်လုံးလှန်လိုက်၏။ "နင်က တော်တော် သဘောထားလွယ်တာပဲ..."

"အစ်မယွင်..."

ရှန်ယန်းယန်းက သူမ၏ လက်မောင်းကို ကိုင်လှုပ်ကာ ပြောလိုက်သည်။ "ချန်ဖုန်း မရှိတဲ့အချိန်အတွင်း ငါ အလေးအနက် စဉ်းစားကြည့်ပြီးပြီ... ငါ သူ မပါဘဲ တကယ် အသက်မရှင်နိုင်ဘူး ထင်တယ်..."

"သူ့ကံကြမ္မာက မသေချာဘူးလို့ သိလိုက်ရချိန်မှာ ငါ သူနဲ့အတူ သေချင်ခဲ့တာ နင်သိလား..."

"အခု ငါ့မှာ တခြားဆန္ဒ ဘာမှမရှိတော့ဘူး... ငါ သူ့ကို နေ့တိုင်း မြင်တွေ့ချင်ရုံလေးပါပဲ..."

"ငါ တကယ်ပဲ မယားငယ် လုပ်ရမယ် ဆိုရင်တောင်... ကိစ္စမရှိပါဘူး..."

သူမ စကားပြောနေစဉ် မလှမ်းမကမ်းရှိ ရှန်ကွမ်ယွဲ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "တကယ်လို့ သူမမှာ တကယ်ပဲ ကလေးရှိနေရင် ငါ... ငါက ကလေးရဲ့ ခေါင်းကိုင်မိခင် လုပ်ပေးမယ်..."

"အစ်မယွင်... နင်လည်း ချန်ဖုန်းကို သဘောကျတယ်ဆိုတာ ငါ သိပါတယ်... ဘာလို့ နင်ကော မလုပ်တာလဲ..."

"တော်တော့..."

ယွင်ထင်က သူမ၏ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။

သူမ တွေးတောခဲ့သော ကိစ္စအချို့ ရှိသော်လည်း...

"ကောင်းပြီ... ပြင်ဆင်ထား... ငါတို့ သူ့ကို မကြာခင် တွေ့ရတော့မယ်..."

ရှန်ယန်းယန်းက ချိုမြိန်စွာ ပြုံးရင်း ပြောလိုက်၏။

သို့သော် သူမ၏ စိတ်ထဲတွင်တော့ ချန်ဖုန်းကို အစ်မယွင်အား စားသုံးခွင့်ပေးရန် အခွင့်အရေးတစ်ခု ရှာဖွေသင့်မသင့် တွေးတောနေခဲ့ပေသည်။

အခြားတစ်ဖက်တွင်။

ယန်ရီ ထွက်သွားပြီးနောက်။

ငါးမိနစ်ပင် မကြာမီ သူ ပြန်ပြေးဝင်လာခဲ့၏။

သူ၏ မျက်နှာပေါ်တွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ရှိနေပုံရပေသည်။

"ဘာဖြစ်လို့လဲ..."

ရှန်ကွမ်ယွဲ့လည်း တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။

ယန်ရီက အံကြိတ်လျက် ပြောလိုက်သည်။ "မဟာလင်းယုန်နိုင်ငံရဲ့ စစ်တပ်ရောက်လာပြီး ပင်မတံခါးကို ပိတ်ဆို့ထားတယ်..."

"ဟွန့်... ဘယ်လောက်တောင် ရဲတင်းလိုက်လဲ..."

ရှန်ကွမ်ယွဲ့ထံမှ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။

ချန်ဖုန်း မတော်တဆမှုရဲ့ နောက်ကွယ်မှာ အက်ဒွပ် ရှိနေတာ သေချာတယ်။

“ငါကတောင် သူ့ကို သွားပြီး ပြဿနာမရှာရသေးဘူး... အခု သူက ငါ့လမ်းကိုတောင် ပိတ်ဆို့ရဲတယ်ပေါ့လေ…”

“ဟွာရှနိုင်ငံမှာ အားကိုးစရာ ဘယ်သူမှ မရှိဘူးလို့ ဒီခွေးကောင် အက်ဒွပ်က တကယ် ထင်နေတာလား…”

"သခင်မလေးရှန်ကွမ်... သူတို့က သခင်မလေး လာရှာတာလို့ ပြောတယ်..."

"သွားကြစို့... သူတို့ ဘာလှည့်ကွက်တွေ သုံးနေလဲဆိုတာ ငါ ကြည့်ချင်တယ်..."

ရှန်ကွမ်ယွဲ့က ပြောရင်း သူမ၏ တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်လိုက်၏။

ထို့နောက် သူမ တိုက်ရိုက် အပြင်သို့ ပြေးထွက်သွားတော့သည်။

ယန်ရီက အလျင်အမြန် လိုက်ပါသွား၏။

"အစ်မယွဲ့... ငါ့ကို စောင့်ပါဦး..."

ရှောင်လန်လည်း အလျင်အမြန် လိုက်သွားခဲ့သည်။

သူမ၏ နောက်တွင် အဇူရာနန်းတော်၏ ကျွမ်းကျင်သူများက ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။

သူတို့အားလုံး ရှန်ကွမ်ယွဲ့ကို ကာကွယ်ရန် နောက်ချန်နေခဲ့ကြပြီး စစ်ဘက်ဆိုင်ရာဌာနမှ ချင်းလုံနှင့် ပိုင်ဟူတို့ပင် ရောက်ရှိလာကြပေသည်။

ချန်ဖုန်း၏ ဖြစ်ရပ်သတင်းကို ဝန်ကြီး ကျန်းထျန်ရှန်းလည်း သိရှိထားလေ၏။

စစ်ဘက်ဆိုင်ရာဌာနက များစွာ အကူအညီ မပေးနိုင်သော်လည်း...

သို့သော် မဟာလင်းယုန်နိုင်ငံ၏ အဆင့်မြင့်အရာရှိများကို ခြိမ်းခြောက်ရန် လုံလောက်ပြီး စစ်သေနာပတိကို ကာကွယ်ရန်အတွက် အဓိက ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ အများအပြားကိုပင် စေလွှတ်ခဲ့ပေသည်။

ရေနံကုမ္ပဏီ အပေါက်ဝတွင်။

လူနှစ်အုပ် မျက်နှာချင်းဆိုင် ရပ်နေကြ၏။

တစ်ဖက်တွင် မဟာလင်းယုန်နိုင်ငံ၏ တန်ခိုးကြီးသူများ ရှိနေပြီး အခြားတစ်ဖက်တွင် အဇူရာနန်းတော်၏ ကျွမ်းကျင်သူများ ရှိနေသည်။

ရှန်ကွမ်ယွဲ့ လျှောက်လာသည်ကို မြင်သောအခါ လူတိုင်းက သူမအတွက် အလျင်အမြန် လမ်းဖယ်ပေးကြ၏။

နန်းတော်သခင် မရှိသဖြင့် သူတို့အားလုံးက ရှန်ကွမ်ယွဲ့ကို ၎င်းတို့၏ တစ်ဦးတည်းသော ခေါင်းဆောင်အဖြစ် ရှုမြင်ကြမည် ဖြစ်ပေသည်။

"စစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိ ဒီမှာရှိနေမယ်ဆိုတာ မသိခဲ့ရတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်..."

အုပ်စု၏ ခေါင်းဆောင်ဖြစ်သူ အမျိုးသားက ရယ်မောကာ ပြောဆိုလိုက်၏။ "အထက်လူကြီးတွေက စစ်သေနာပတိကို သေချာဧည့်ခံဖို့ အထူး ညွှန်ကြားထားပါတယ်... စစ်သေနာပတိ မငြင်းဘူးဆိုရင် ကျေးဇူးပြုပြီး ရွိုင်ရယ်ဟိုတယ်ကို ပြောင်းရွှေ့ပေးပါ..."

"အဲဒီမှာ သင့်အတွက် အခန်းတစ်ခန်း စီစဉ်ပေးထားပြီးသားပါ..."

"အထက်လူကြီးတွေက ညွှန်ကြားထားတာလား... အက်ဒွပ်က ညွှန်ကြားထားတာလား..."

ရှန်ကွမ်ယွဲ့က အေးစက်စွာ နှာမှုတ်ရင်း ပြောလိုက်၏။

"အက်ဒွပ်က ဟွာရှနိုင်ငံနဲ့ နောက်ထပ် စစ်ပွဲတစ်ခု စတင်ချင်နေတာလား... ငါက စစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိပဲ..."

“လွန်ခဲ့တဲ့ တစ်ပတ်က ချန်ဖုန်း ဒီမှာ အသတ်ခံခဲ့ရတယ်…သူ ငါ့ကို ရှင်းပြသင့်တယ် မဟုတ်ဘူးလား...ဟွာရှ စစ်ဘက်ဆိုင်ရာဌာနကို ရှင်းပြသင့်တယ် မဟုတ်ဘူးလား...

"စစ်သေနာပတိ ပြောချင်တာက နည်းပြချန် သေသွားပြီလား..."

ခေါင်းဆောင်ဖြစ်သူက အလွန် အံ့အားသင့်ဟန်ဆောင်ကာ ပြောဆိုလိုက်၏။ "စစ်သေနာပတိ... ကျွန်တော်တို့ ဒီအကြောင်းကို တကယ် မသိခဲ့ပါဘူး... နည်းပြ ချန်က မဟာလင်းယုန်နိုင်ငံကို ရောက်လာတာဆိုတော့ ကျွန်တော်တို့ကို ကြိုတင် အကြောင်းကြားသင့်တာပေါ့..."

"ဒီလိုဆိုရင် သူ့လုံခြုံရေးကို ကာကွယ်ဖို့ လူလွှတ်ပေးလို့ရတာပေါ့... ဒီကိစ္စက ကျွန်တော်တို့ဘက်က တာဝန်ပျက်ကွက်မှု တစ်ခုပါပဲ..."

"ဒီကာလအတွင်းမှာ ကျွန်တော့်ရဲ့ မဟာလင်းယုန်နိုင်ငံ တော်တော်လေး ရှုပ်ထွေးနေခဲ့ပါတယ်..."

"စစ်သေနာပတိ... သင့်လုံခြုံရေးအတွက် ရွိုင်ရယ်ဟိုတယ်ကို ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပါ..."

"သင့်လုံခြုံရေးကို ကျွန်တော်တို့ သေချာပေါက် ကာကွယ်ပေးပါ့မယ်..."

"ထွက်သွားစမ်း..."

ရှန်ကွမ်ယွဲ့က ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။

သူမထံမှ ကောင်းကင်သို့တိုင် ရောက်ရှိလုနီးပါး သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

"နင်တို့ ဘာတွေတွေးနေလဲဆိုတာ ငါ မသိဘူးလို့ မထင်နဲ့... ငါ့လမ်းကနေ မဖယ်ဘူးဆိုရင် ငါ ရိုင်းပြတယ်လို့ မအပြစ်တင်နဲ့..."

"လမ်းဖယ်စမ်း..."

ယန်ရီလည်း စွမ်းအားကြီးမားသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။

အဇူရာနန်းတော် အဖွဲ့ဝင်များက တစ်ဖက်လူများကို တစ်ခြမ်းဝိုင်းရံလိုက်ကြသည်။

လူတိုင်း မြင်တွေ့နိုင်ပေ၏။

မဟာလင်းယုန်နိုင်ငံမှ လူများက ဤနေရာကို ပိတ်ဆို့ထားခြင်းဖြစ်က ၎င်းတို့က နန်းတော်သခင်နှင့် သူတို့ တွေ့ဆုံခြင်းကို တားဆီးရန် အသေအချာ ကြိုးစားနေခြင်းပင်။

တစ်နည်းအားဖြင့် မဟာလင်းယုန်နိုင်ငံက လူတွေဟာ နန်းတော်သခင် အသက်ရှင်နေသေးမှန်း သိကြပြီး သူ့ရဲ့ တိကျတဲ့ တည်နေရာကိုတောင် သိနေကြတယ်။

‘ဒီလူတွေ ပေါ်လာရတဲ့ ရည်ရွယ်ချက်က အချိန်ဆွဲဖို့ပဲ’ ဒီအကြောင်းကို တွေးမိပြီး...

လူတိုင်းက သူတို့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။

သူတို့က သူတို့၏ လက်နက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး စစ်သေနာပတိကသာ အမိန့်ပေးပါက နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ရန် မဆိုင်းမတွ အသင့်ဖြစ်နေကြပေသည်။

"ဟွန့်... အမှိုက်ကောင်တွေ... ပြီးခဲ့တဲ့အကြိမ် နယ်စပ်စစ်မြေပြင်မှာတုန်းက မင်းတို့ကို သတ်ရတာ အားမရသေးဘူး... ဒီတစ်ခါ မင်းတို့နဲ့ ထပ်တိုက်ခိုက်ရဦးမယ်..."

ပိုင်ဟူက နှုတ်ခမ်းကို သပ်လိုက်ပြီး သူ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် တွန့်လိမ်နေလေ၏။

ဤလူများက သူတို့၏ အဇူရာနန်းတော်သခင်နှင့်

တွေ့ဆုံခြင်းကို တားဆီးခဲ့ပြီး အခြားတစ်ဖက်တွင်လည်း စစ်သေနာပတိ၏ လှုပ်ရှားမှုများကို ထိန်းချုပ်လိုကြခြင်း ဖြစ်လောက်ပေသည်။

မြင်ကွင်းရှိ လေထုမှာ အလွန်အမင်း တင်းမာနေခဲ့၏။

"စစ်သေနာပတိ... ကျေးဇူးပြုပြီး ဒေါသကို ထိန်းပါဦး..."

ခေါင်းဆောင်ဖြစ်သူက ဖျော့တော့စွာ ပြုံးလိုက်၏။ "ငါ မင်းကို မယှဉ်နိုင်ဘူးဆိုတာ သိပါတယ်... ဒါပေမဲ့ ဒီနေရာက မဟာလင်းယုန်းနိုင်ငံလေ..."

"မင်းက ငါ့ကို သတ်လိုက်ရင်တောင် ဘာများ ထူးခြားသွားမှာလဲ..."

"ငါတို့နှစ်ယောက်လုံး ဉာဏ်ကောင်းတဲ့သူတွေပဲ... ဒါကြောင့် ငါ စကားကို လှည့်ပတ်မပြောတော့ဘူး..."

"ချန်ဖုန်းက စစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိပဲဖြစ်ဖြစ်၊ အဇူရာနန်းတော်သခင်ပဲဖြစ်ဖြစ် အထက်က အမိန့်ကတော့ အဇူရာနန်းတော်သခင်ကို ရှင်းပစ်ဖို့ပဲ..."

"တကယ်လို့ စစ်တပ်က ကောင်းကောင်း ပူးပေါင်းမယ်ဆိုရင် မဟာလင်းယုန်နိုင်ငံကနေ အန္တရာယ်ကင်းကင်း ထွက်သွားလို့ရပါတယ်..."

"အဲလိုမှ မဟုတ်ရင်..."

"မဟုတ်ရင် ဘာဖြစ်မလဲ..."

ရှန်ကွမ်ယွဲ့၏ မျက်နှာမှာ ပြာနှမ်းနေခဲ့၏။

ခေါင်းဆောင်ဖြစ်သူက ပြုံးလျက် ပြောလိုက်သည်။ "စစ်သေနာပတိမှာ ကိုယ်ဝန်ရှိနေတယ်လို့ ငါ ကြားတယ်... သန္ဓေသား အနှောင့်အယှက်ဖြစ်ရင် မကောင်းဘူးလေ... ပြီးတော့ မင်း အန္တရာယ်ကင်းကင်း ထွက်သွားနိုင်ရင်တောင်..."

"တခြားသူတွေကရော အန္တရာယ်ကင်းကင်း ထွက်သွားနိုင်ပါ့မလား..."

"မင်း တခြားလူတွေနဲ့ ဗိုက်ထဲက ကလေးအကြောင်း စဉ်းစားသင့်တယ် မဟုတ်ဘူးလား..."

"ဟက်ဟက်..."

ရှန်ကွမ်ယွဲ့သည် အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်ပေ၏။

သူမတွင် ကိုယ်ဝန်ရှိနေကြောင်း ဟွာရှနိုင်ငံတွင် မည်သူမျှ မသိသလောက်ပင် ဖြစ်သည်။

မကြာသေးမီက ချန်ဖုန်း၏ ကိစ္စများဖြင့် သူမ အလွန် အလုပ်ရှုပ်နေခဲ့သဖြင့် ကိုယ့်ကိုယ်ကိုယ် တကယ်ပင် ဂရုမစိုက်နိုင်ခဲ့ချေ။

"ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် နင့်လူတွေက ချန်ဖုန်းရှိတဲ့ နေရာကို သွားနေကြပြီပဲ..."

“ငါ့ကို တားဆီးထားခြင်းအားဖြင့် ချန်ဖုန်းကို အောင်မြင်စွာ သတ်နိုင်လိမ့်မယ်လို့ နင်တို့ ထင်နေတာလား…”

“ဟက်ဟက်... နင်တို့က အရမ်း ရိုးအလွန်းပြီး အရမ်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာပဲ…”

ဆန့်ကျင်ဘက်အနေဖြင့် ရှန်ကွမ်ယွဲ့သည် အလျင်စလို မဖြစ်တော့ဘဲ သူမထိုင်ရန်အတွက် ကုလားထိုင်တစ်လုံး ယူလာခိုင်းလိုက်လေတော့သည်။

All Chapters