← Chapters

အခန်း ၄၂၁

Vol. 43 Ch. 421

အခန်း ၄၂၁

Vol. 43 Ch. 421

အခန်း ၄၂၁ ဝိုင်းဝန်းပိတ်ဆို့ သတ်ဖြတ်ခြင်း

ဤအချိန်တွင် အပြင်ဘက်မှ ခြေသံများ ပဲ့တင်ထပ်လာပေ၏။

လူအများအပြားသည် ဆိုင်ကို ဝိုင်းရံထားကြသော်လည်း အနီးကပ်သွားရန်မူ မဝံ့ရဲကြချေ။

"ဝှစ် ဝှစ်"

ဤအခိုက်အတန့်တွင် မီးခိုးဗုံးဒါဇင်ပေါင်းများစွာကို အတွင်းသို့ ပစ်သွင်းလိုက်ပြီးနောက် မီးခိုးငွေ့ အမြောက်အမြားသည် ဆိုင်တစ်ဆိုင်လုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားကာ မည်သည့်အရာကိုမျှ မမြင်နိုင်တော့ပေ။

ချူရှီယိုသည် မီးခိုးမွမ်းကာ အဆက်မပြတ် ချောင်းဆိုးနေရ၏။

ချန်ဖုန်းအနေဖြင့် တံခါးဝ၌ မည်သို့ဖြစ်ပျက်နေသည်ကို မမြင်နိုင်သော်လည်း တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို သူ အာရုံခံနိုင်ပေသည်။ ၎င်းတို့သည် အလွန်မြန်ဆန်စွာ ရွေ့လျားနေကြပြီး မီးခိုးဗုံးများ အလုပ်လုပ်နေဆဲ အချိန်မှာပင် ဆိုင်အတွင်းသို့ အလျင်စလို ပြေးဝင်လာကြလေသည်။

"ငါ့ကိုများ ဒီလိုလာလုပ်နေတယ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ"

ချန်ဖုန်းက ခပ်တိုးတိုး နှာမှုတ်လိုက်သည်။

တစ်ဖက်လူများသည် သေနတ်များ ကိုင်ဆောင်ထားပြီး အပူချိန်အာရုံခံ ညကြည့်မျက်မှန်များကို တပ်ဆင်ထားသည်မှာ သေချာလှပေ၏။ ဤနည်းလမ်းသည် သာမန်လူများအတွက် အသုံးဝင်ကောင်း ဝင်နိုင်သော်လည်း သူ၏အတွက်မူ လုံးလုံးလျားလျား အသုံးမဝင်ချေ။

ချန်ဖုန်းသည် ဘေးရှိ စင်ပေါ်မှ သစ်သီးလှီးဓား အနည်းငယ်ကို လျင်မြန်စွာ ဆွဲယူလိုက်ပြီးနောက် အလင်းတစ်ချက် လျှပ်ပြေးသွားသကဲ့သို့ လျင်မြန်သော လှုပ်ရှားမှုဖြင့် ပစ်လွှတ်လိုက်လေသည်။

"ဝှစ် ဝှစ်"

ဝှစ်ခနဲ ဖြတ်ပြေးသွားသော အသံများ ဆက်တိုက်ထွက်ပေါ်လာ၏။

တစ်ဖက်လူများသည် ပြေးဝင်လာသည်နှင့် တစ်ပြိုင်နက် နာကျင်စွာ အော်ဟစ်သံများ လေထုထဲတွင် ပြည့်နှက်သွားပြီးနောက် မြေပြင်ပေါ်သို့ လျင်မြန်စွာ လဲကျသွားကြတော့သည်။

မီးခိုးငွေ့များ ကင်းစင်သွားချိန်တွင် တံခါးဝ၌ လဲကျနေသော အလောင်းဒါဇင်ပေါင်းများစွာကို လူတိုင်း မြင်တွေ့လိုက်ရပေသည်။

ဤလူများအားလုံး၏ ရင်ဘတ်တွင် သစ်သီးလှီးဓားများ စိုက်ဝင်နေခဲ့ချေပြီ။

အပြင်ဘက် မနီးမဝေးတွင်ရှိသော ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာသည် အလွန်တရာ မှုန်ကုပ်နေပေ၏။ အဇူရာနန်းတော်သခင်၏ ဒဏ်ရာများ သက်သာပျောက်ကင်းသွားပြီဟု သူ ကြာမြင့်စွာကတည်းက သံသယရှိခဲ့သော်လည်း တကယ်တမ်း မျက်မြင်တွေ့လိုက်ရချိန်တွင်မူ သူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားမိသည်။

"ခေါင်းဆောင် သူ့ဒဏ်ရာတွေ အပြည့်အဝ မပျောက်သေးဘူးလို့ ကျွန်တော်ထင်တယ်... အဇူရာနန်းတော်သခင်ရဲ့ စရိုက်အရဆိုရင် တစ်ယောက်ယောက်က သူ့ကိုသတ်ဖို့ ကြိုးစားနေတယ်ဆိုတာ သူသိတာနဲ့ အပြင်ကို ထွက်တိုက်မှာပဲ"

လက်အောက်ငယ်သားတစ်ဦးက လျင်မြန်စွာ ဝင်ပြောလိုက်သည်။

ယခုတော့ သူက အထဲမှာ လိမ်လိမ်မာမာ ပုန်းအောင်းပြီး စစ်ကူကို စောင့်နေသည်ဖြစ်ရာ ဒဏ်ရာများက အလွန်ပြင်းထန်နေဆဲဖြစ်ရပေမည်။

"အဲ့လောက်ကတော့ ငါ မသိဘူးများ ထင်နေလား...ပြော ငါတို့လူတွေ ဘယ်တော့ရောက်လာမှာလဲ" ခေါင်းဆောင်ဖြစ်သူက အေးစက်စက် နှာမှုတ်လိုက်သည်။

"မကြာခင် ရောက်ပါတော့မယ်... သူတို့ထဲကတချို့က အဇူရာနန်းတော်က လူတွေကို လမ်းခုလတ်မှာ တားဆီးထားပြီး ကျန်တဲ့လူတွေက ဒီကို လာနေကြပါတယ်... အက်ဒွပ်ရဲ့ တောင်းဆိုချက်အရ ကျွန်တော်တို့ စမ်းသပ်ခံလူသားတချို့ကိုလည်း ချထားပါတယ်... စမ်းသပ်ခံအမှတ် ၁ ရောက်နေပါပြီ" လက်အောက်ငယ်သားက ရိုသေလေးစားစွာ ပြန်လည်ဖြေကြားလေ၏။

ခေါင်းဆောင်ဖြစ်သူ၏ မျက်လုံးများ အရောင်လက်သွားသည်။

"စမ်းသပ်ခံအမှတ် ၁ ကို စမ်းကြည့်ခိုင်းလိုက်"

ဤစမ်းသပ်ခံလူသားများဆိုသည်မှာ မယာလင်းယုန်နိုင်ငံမှ လျှို့ဝှက်လေ့ကျင့်ပေးထားသော စစ်သည်တစ်စု ပင်ဖြစ်ပေ၏။

ဤစစ်သည်များသည် အထူးလေ့ကျင့်ရေးနည်းလမ်းများကို ဖြတ်သန်းခဲ့ရပြီး ဆေးဝါးများကို ရေရှည်ထိုးသွင်းခံခဲ့ရကာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် အမြန်နှုန်းတို့တွင် သိသာထင်ရှားစွာ ပြောင်းလဲလာခဲ့ကြသည်။ အရေးအကြီးဆုံးမှာ ဤလူများသည် နာကျင်မှုခံစားနိုင်စွမ်း လုံးဝ ပျောက်ဆုံးနေခြင်းပင်တည်း။

သူတို့သည် နာကျင်မှုကို မခံစားရသလို သေခြင်းတရားကိုလည်း မကြောက်ရွံ့ကြဘဲ ဘီလူးသရဲကြီးများနှင့် တူနေကြလေ၏။ တကယ်တမ်းဆိုရလျှင် ဤကဲ့သို့သော လူမျိုးက အကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်ပေသည်။

ဥပမာ ငါက မင်းလောက် မသန်မာဘူးဆိုရင်တောင် အဲဒီအားနည်းချက်ကို တခြားနည်းလမ်းတွေနဲ့ အစားထိုးနိုင်တယ်။ နောက်ထပ် ဥပမာအနေနဲ့ မင်းက ငါ့ကို ထိုးလိုက်ရင် ငါက ဘာနာကျင်မှုကိုမှ ခံစားရမှာမဟုတ်သလို ငါ့အပေါ် ဘာသက်ရောက်မှုမှလည်း ရှိမှာမဟုတ်ဘူး။ အေး ငါက မင်းကို ပြန်ထိုးလိုက်ရင်တော့ မင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားနိုင်တယ် ဟု တွေးတောမိကြမည်ဖြစ်သည်။

မကြာမီမှာပင် အရပ်ရှည်ရှည် လူတစ်ယောက် ဆိုင်ပေါက်ဝတွင် ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်သည် ကြွက်သားများ အပြည့်အမောက် ထွက်နေပြီး ခွန်အားကြီးမားသည့် ခံစားချက်ကို ပေးစွမ်းနေပေသည်။ သူ၏ မျက်နှာမှာမူ အမူအရာမဲ့နေ၏။ သူသည် အမှန်တကယ်ပင် စမ်းသပ်ခံအမှတ် ၁ ဖြစ်လေသည်။ သူသည် အလွန်မြန်ဆန်လှပြီး ဆိုင်အတွင်းသို့ ပြေးဝင်လာကာ လက်သီးတစ်ချက် ထိုးချလိုက်သည်။ ဤလက်သီးချက်သည် လေထုကိုပင် ဖိညှစ်ထားကာ ဆုတ်ဖြဲသံများ ထွက်ပေါ်လာစေသည်အထိ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်လာခဲ့ပေ၏။

ချန်ဖုန်းက မျက်မှောင်ကြုတ်လိုက်ကာ သူသည်လည်း တစ်ပုံစံတည်း လက်သီးတစ်ချက် ထိုးချလိုက်ပေသည်။

"ဝုန်း"

အသံနှင့်အတူ သူတို့နှစ်ဦးစလုံး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြလေသည်။

ရပ်တန့်ခြင်း အလျဉ်းမရှိဘဲ စမ်းသပ်ခံအမှတ် ၁ သည် ချန်ဖုန်းဆီသို့ ထပ်မံပြေးဝင်လာကာ ခုနက လက်သီးချက်ကြောင့် မည်သည့်နာကျင်မှုကိုမျှ ခံစားရပုံမပေါ်ချေ။

ချန်ဖုန်းက သူ၏ လက်မောင်းကို ပွတ်သပ်လိုက်သည်။ သူ၏ ဒဏ်ရာများသည် အပြည့်အဝ သက်သာပျောက်ကင်းခြင်း မရှိသေးသလို သူ့ရှေ့မှ လူကို သူ မရင်ဆိုင်နိုင်ခြင်းမျိုး မဟုတ်သော်လည်း ယခင်ကကဲ့သို့ လွယ်လင့်တကူ အပြတ်အသတ် အနိုင်ယူနိုင်စွမ်း မရှိတော့ချေ။

ယခုအခါတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကိုလည်း သူ အာရုံခံမိသွား၏။ ပုံမှန်အားဖြင့် သူနှင့် ထိပ်တိုက်ရင်ဆိုင်ရသူ တစ်ဦးတစ်ယောက်သည် သူ့ရှေ့မှ ဤလူကဲ့သို့ ဘယ်သောအခါမှ တည်ငြိမ်နေမည် မဟုတ်ချေ။ မည်မျှပင် အရေပြားများ စုတ်ပြဲပြီး သွေးများထွက်နေစေကာမူ လက်သီးများ၏ အမြန်နှုန်းနှင့် စွမ်းအားကို လုံးဝ ထိခိုက်စေမည် မဟုတ်ပေ။

"နာကျင်မှုခံစားနိုင်စွမ်းမရှိဘဲ ခန္ဓာကိုယ်ရဲ့ ခွန်အားနဲ့ အမြန်နှုန်းကိုပါ ပြုပြင်မွမ်းမံထားတာပဲ"

ချန်ဖုန်းသည် မည်သို့ပင်ဆိုစေကာမူ ဆေးပညာ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် သဲလွန်စများသည် ချက်ချင်းပင် ထင်ရှားလာတော့၏။

ဤကဲ့သို့သော လူများသည် အချိန်တိုအတွင်း သူတို့၏ ခွန်အားကို သိသာထင်ရှားစွာ မြှင့်တင်နိုင်သည်မှာ မှန်သော်လည်း သူတို့၏ အားနည်းချက်များမှာလည်း အလွန် သိသာထင်ရှားနေပေသည်။ သက်တမ်းမှာ အလွန်တရာ တိုတောင်းသွားနိုင်ခြေရှိပြီး ခန္ဓာကိုယ်တွင်လည်း ဘေးထွက်ဆိုးကျိုး အမျိုးမျိုးကို ခံစားရနိုင်ချေရှိ၏။

"ဘန်း ဘန်း"

လူနှစ်ဦးသည် လက်သီးချက်များကို တရစပ် ဖလှယ်နေကြလေသည်။ ဆိုင်အတွင်းရှိ အရာအားလုံးသည် ပျက်စီးသွားပြီး လူနှစ်ဦး၏ အနီးရှိ နံရံများတွင်ပင် ပြင်းထန်သော ရိုက်ခတ်မှုကြောင့် အက်ကွဲကြောင်းများ ပေါ်လာတော့သည်။

ချူရှီယိုသည် မနီးမဝေး ထောင့်တစ်နေရာတွင် ပုန်းအောင်းနေကာ အကြောက်လွန်၍ တုန်ရီနေပေ၏။ သူမ ဘာလုပ်ရမည်ကို လုံးဝ မသိတော့ချေ။ ယခုအချိန်တွင် သူမ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ချန်ဖုန်းအား မည်သည့် ပြဿနာမျှ မပေးမိစေရန်သာ ကြိုးစားရမည်ဖြစ်သည်။ သူတို့၏ တိုက်ခိုက်မှု ဂယက်များ သူမဆီသို့ ရောက်ရှိလာလုနီးပါး ဖြစ်နေသော်လည်း သူမသည် ချန်ဖုန်း၏ စကားကို နားထောင်ကာ မျက်လုံးများကို ပိတ်ထားဆဲပင်။

"ချန်ဖုန်း မင်းကို ဒုက္ခပေးဖို့ ငါတို့မှာ ရည်ရွယ်ချက် မရှိပါဘူး အက်ဒွပ်က မင်းကို တွေ့ချင်ရုံလေးပါ... ဘာလို့ ငါတို့ကို အသေအလဲ တိုက်ခိုက်နေရတာလဲ... အခုချက်ချင်း ရပ်လိုက်ရင် မင်းကို ဆံပင်တစ်ပင်တောင် မထိခိုက်စေရဘူးလို့ ငါ အာမခံတယ်" ခေါင်းဆောင်ဖြစ်သူက အသံကို မြှင့်ကာ ပြောလိုက်သည်။

ချန်ဖုန်းက စမ်းသပ်ခံအမှတ် ၁ ကို လက်သီးဖြင့် ထိုးထုတ်လိုက်ပြီးနောက် လှောင်ပြောင်လိုက်၏။

"ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေနဲ့ တခြားလူတွေကို လှည့်စားလို့ ရရင်ရမယ် ဒါပေမဲ့ မင်းအဖေ ငါ့ကိုပါ လှည့်စားနိုင်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား... လွန်ခဲ့တဲ့ တစ်ပတ်က ငါ အက်ဒွပ်ရဲ့ သားကို သတ်ခဲ့တယ်... ငါ သူနဲ့ ပြန်ပြေလည်လို့မရတဲ့ ပြဿနာတွေ ဖြစ်ခဲ့တာ ကြာပြီ... သူ ငါ့ကို သတ်ချင်နေတာ ကြာလောက်ပြီမလား... မင်းတို့ကရော ငါ့ကို သတ်ချင်နေတာလား လာခဲ့လေ"

"မင်း... ချန်ဖုန်း မင်းကို ငါတို့ ဘာမှ မလုပ်နိုင်ဘူးလို့ မင်း တကယ် ထင်နေတာလား" ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာသည် အတော်လေး မှုန်ကုပ်သွား၏။

"မင်းရဲ့ ဒဏ်ရာတွေ အပြည့်အဝ မပျောက်သေးတာကို မပြောနဲ့ဦး မင်း ရှေ့က စမ်းသပ်ခံလူသားကိုတောင် မင်း မသတ်နိုင်ဘူး... မင်းအတွက် ဒီလို စမ်းသပ်ခံ ၅၀ တောင် ငါ ပြင်ဆင်ထားတယ်... ပြီးတော့ မင်း အချိန်ဆွဲနေစရာ မလိုတော့ဘူး... အဇူရာနန်းတော်က လူတွေကို ငါတို့ တားထားပြီးပြီဆိုတော့ အခု ဘယ်သူမှ မင်းကို လာကယ်နိုင်မှာ မဟုတ်ဘူး... ဒီနေ့ မင်း သေရဖို့ သေချာသွားပြီ"

"ဟုတ်လား"

ချန်ဖုန်းက ရုတ်တရက် ပြုံးလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီးနောက် စမ်းသပ်ခံအမှတ် ၁ ဆီသို့ ပြေးဝင်သွားလေ၏။

စမ်းသပ်ခံလူသားသည်လည်း အလွန်မြန်ဆန်လှကာ သူ၏ လက်သီးများသည် လေထုကို ခွင်းလျက် ချန်ဖုန်း၏ မျက်နှာဆီသို့ တည့်မတ်စွာ ဦးတည်လာရင်း ကြီးမားလှသော စွမ်းအားများကို သယ်ဆောင်လာခဲ့ပေသည်။

ထိုသံမဏိလက်သီးများ ချန်ဖုန်းကို ထိမှန်တော့မည့် ဆဲဆဲတွင် တစ်ဖက်လူ၏ ပုံရိပ်သည် လွဲချော်သွားကြောင်း စမ်းသပ်ခံလူသားသည် ရုတ်တရက် သတိပြုမိလိုက်ပြီး ချန်ဖုန်းသည် သူ၏ အနောက်တွင် ရုတ်ချည်း ပေါ်လာခဲ့လေသည်။

ချန်ဖုန်း၏ လက်ဝါးများသည် ပန်းပွင့်များကြား ဝဲပျံနေသော လိပ်ပြာများအလား ရွေ့လျားသွား၏။ ငွေအပ်များသည် လျှပ်စီးကြောင်းများကဲ့သို့ တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာကာ ပြိုင်ဘက်၏ ကိုယ်တွင်းအင်္ဂါများကို ချက်ချင်း ဖောက်ဝင်သွားတော့သည်။

"ဖူး"

စမ်းသပ်ခံအမှတ် ၁ သည် ရုတ်တရက် သွေးများ အန်ကျလာလေ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ပျော့ခွေကျသွားတော့သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားချေပြီ။

စမ်းသပ်ခံလူသားများသည် နာကျင်မှုခံစားနိုင်စွမ်း မရှိသောကြောင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးရန် ခက်ခဲလှပေသည်။ ထိုစမ်းသပ်ခံလူသား၏ လက်မောင်းကို ဖြတ်တောက်လိုက်လျှင်ပင် အသက်ရှင်သည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ ဂရုမစိုက်ဘဲ ဆက်လက်တိုက်ခိုက်နေမည်သာ ဖြစ်၏။

ဤသည်က ချန်ဖုန်းနှင့် တွေ့ချိန်တွင် မည်သို့ အဆုံးသတ်သွားသနည်း။ စမ်းသပ်ခံလူသားကို ဤမျှ လွယ်ကူစွာ အနိုင်ယူနိုင်ခဲ့သည်လား။

ချန်ဖုန်းက လက်ကို လှန်လိုက်ရာ သစ်သီးလှီးဓားတစ်ချောင်းသည် သူ၏ လက်ထဲတွင် ပေါ်လာတော့သည်။ အေးစက်သော အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားပြီးနောက် စမ်းသပ်ခံလူသား၏ လည်ပင်းတွင် သွေးထွက်နေသော ပြတ်ရှရာတစ်ခု ချက်ချင်း ပေါ်လာလေသည်။

ထို့နောက် ချန်ဖုန်းက လှောင်ပြောင်လိုက်သည်။

"ငါ သူ့ကို ဘာမှ မလုပ်နိုင်ဘူးလို့ မင်း တကယ် ထင်နေတာလား ငါက စမ်းသပ်ကြည့်ရုံလေးပါ... သူ့ကို သတ်ဖို့ အနည်းဆုံး နည်းလမ်း ဒီဖေဖေကြီးမှာ နှစ်ခုရှိတယ်ကွ"

"အပ်စိုက်ကုထုံးလား" ခေါင်းဆောင်ဖြစ်သူသည် တုန်လှုပ်ခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့ဖြင့် ပြည့်နှက်သွားလေ၏။

သူတို့၏ တိုက်ခိုက်မှုအတွင်း ချန်ဖုန်းသည် စမ်းသပ်ခံလူသား၏ အပ်စိုက်မှတ်များကို ဆက်တိုက် လှုံ့ဆော်ခဲ့ပြီး ၎င်းသည် စမ်းသပ်ခံလူသား၏ ခွန်အားကို ယာယီ ထိခိုက်စေခဲ့ပေသည်။

ဤသို့ဖြင့် နှစ်ဖက်စလုံးသည် နောက်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မှုအတွင်း စမ်းသပ်ခံလူသားသည် ချိန်ပိတ်ခံလိုက်ရပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင်။

ဤနေရာနှင့် နှစ်ကီလိုမီတာ အကွာတွင်။

အဲလစ်ဇဘက်နှင့် အဇူရာနန်းတော်အဖွဲ့အား လူတစ်စုက ပိတ်ဆို့ထားကြလေသည်။

ယခုအချိန်တွင် အဲလစ်ဇဘက်၏ မျက်နှာသည် အလွန် မှုန်ကုပ်နေပေ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှလည်း အစွမ်းထက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည်။

"ဖယ်စမ်း"

"ဘုရင်မကြီး... ဘုရင်မကြီးရဲ့ ဦးလေးက ဒီတစ်ကြိမ်မှာ ဘုရင်မကြီးကို ပြန်ခေါ်လာရမယ်လို့ ထပ်ခါတလဲလဲ အလေးအနက် ပြောထားပါတယ်...ဘုရင်မကြီး အနေနဲ့ အဇူရာနန်းတော်က လူတွေနဲ့ ထပ်ပြီး မပတ်သက်သင့်ပါဘူး...ဘုရင်မကြီးရဲ့ အဆင့်အတန်းက မြင့်မြတ်ပါတယ်... အဇူရာနန်းတော်ကြောင့် ဘုရင်မကြီးရဲ့ ဂုဏ်သိက္ခာကို အကျည်းတန်မခံပါနဲ့" အမျိုးသားတစ်ဦးက သက်ပြင်းချလိုက်သည်။

---

All Chapters