အခန်း ၄၂၆
Vol. 43 Ch. 426
အခန်း (၄၂၆) မျိုးစေ့ငှားရမ်းခြင်းမှာ မဖြစ်နိုင်ပါ
တိုက်ပွဲက အမြန်စတင်ပြီး အမြန်ပြီးဆုံးသွားခဲ့၏။
ချန်ဖုန်း လျှို့ဝှက်လမ်းကြောင်းထဲမှ ထွက်လာချိန်တွင် အဲလစ်ဇဘက်သည် အခြေအနေကို ထိန်းချုပ်ထားပြီး ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ သူမက ထီးနန်း၏ တရားဝင် အမွေဆက်ခံသူဖြစ်ပြီး အက်ဒွပ် သေဆုံးသွားသည်နှင့်အမျှ သူမသည် အာဏာကို လုံးဝ သိမ်းပိုက်နိုင်ခဲ့ပေ၏။
အဲလစ်ဇဘက်ကို ထောက်ခံသော အဆင့်မြင့် အရာရှိအချို့ ရှိနေခဲ့သော်လည်း ၎င်းတို့က အက်ဒွပ်ကို သတိထားနေရသဖြင့် ယခင်က ၎င်းတို့၏ ထင်မြင်ချက်များကို မဖော်ပြခဲ့ကြချေ။
ယခုတော့ အဲလစ်ဇဘက်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံနိုင်ပြီ ဖြစ်သည်။
ဤအခွင့်အရေးကို အသုံးချ၍
အဲလစ်ဇဘက်သည် အက်ဒွပ်၏ လူယုံများကို အပြည့်အဝ ရှင်းလင်းပစ်လိုက်လေ၏။
တစ်ချိန်တည်းမှာပင် အက်ဒွပ်သည် ရုတ်တရက် နှလုံးရောဂါ ဖောက်လာခဲ့ပြီး အစွမ်းကုန် ကယ်ဆယ်ခဲ့သော်လည်း ထိုနေရာမှာပင် သေဆုံးသွားခဲ့ကြောင်း ကြေညာလိုက်သည်။
အချိန်တိုအတွင်းမှာပင် မဟာလင်းယုန်နိုင်ငံ တစ်ခုလုံး တုန်လှုပ်သွားခဲ့ပေ၏။
တော်ဝင်မိသားစုအတွင်း အာဏာလုပွဲများအကြောင်းကို ၎င်းတို့ အများအပြား ကြားသိခဲ့ရပြီး ဤအရာမှာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ၎င်းတို့ သေချာသည့် တစ်ခုတည်းသော အရာမှာ အက်ဒွပ် သေဆုံးသွားပြီ ဆိုသည်ပင်။
ဧကရီဘုရင်မ အဲလစ်ဇဘက်သည် ယခုအခါ မဟာလင်းယုန်နိုင်ငံ တစ်ခုလုံးကို အုပ်စိုးနေလေပြီ။
အက်ဒွပ်ကို ကူညီရန် ရဲတိုက်သို့ ပြေးလာနေကြသော ကျွမ်းကျင်စစ်သည်များလည်း ရပ်တန့်သွားကြပြီး လာရာလမ်းအတိုင်း ပြန်လှည့်သွားကြလေ၏။
ကိစ္စက ပြီးဆုံးသွားပြီဖြစ်ရာ သူတို့ လာလျှင်တောင် အသုံးဝင်တော့မည် မဟုတ်ချေ။
ထိုအချိန်၌။
ရဲတိုက်ရှိ အိပ်ခန်းတစ်ခန်းတွင်။
ရင်ဟိုက် ဂါဝန်ကို ဝတ်ဆင်ထားသော အဲလစ်ဇဘက်သည် ချန်ဖုန်း၏ လက်ဒဏ်ရာကို ပတ်တီးစည်းပေးရန် ဒူးထောက်ထိုင်ချလိုက်ပြီး ကြင်နာစွာ ပြောဆိုလိုက်၏။
"ဒီတစ်ခါတော့ နင့်ကျေးဇူးတွေချည်းပါပဲ"
"မဟုတ်ရင် ငါ့တစ်သက်မှာ အက်ဒွပ်ကို ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး"
"စိတ်ချပါ… ငါ အသက်ရှင်နေသမျှ ကာလပတ်လုံး မဟာလင်းယုန်နိုင်ငံနဲ့ ဟွာရှနိုင်ငံကြားမှာ နောက်ထပ် စစ်ပွဲ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး"
"အင်း"
ချန်ဖုန်းက ခေါင်းညိတ်လိုက်၏။
ထို့နောက် သူက သူမကို ဇဝေဇဝါ အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဒဏ်ရာကို ပတ်တီးစည်းပေးရုံလေးကို နင်က ဘာလို့ အဝတ်အစား လဲရတာလဲ"
"ငါ ထင်တာက…"
အဲလစ်ဇဘက်က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ရာ သူမ၏ ပခုံးကြိုးများမှာ ချက်ချင်း ပြုတ်ကျသွားလေ၏။
"ငါ့ဦးလေးကို ဖြုတ်ချဖို့ ကူညီပေးရင် ငါက နင့်လူ ဖြစ်လာမယ်လို့ ငါ ကတိပေးထားခဲ့တယ်လေ"
ထိုဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်လေးမှာ ချန်ဖုန်း၏ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့ပေသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ချန်ဖုန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့၏။
အဲလစ်ဇဘက်သည် အလွန် လှပသော မိန်းမချောလေး တစ်ဦးဖြစ်ပြီး အထူးသဖြင့် သူမ၏ လှိုင်းတွန့် ရွှေရောင်ဆံပင်များနှင့်ဆိုလျှင် ပို၍ပင် လှပပေသည်။
၎င်းက သိသိသာသာ ထူးခြားသော နိုင်ငံခြားသူ အငွေ့အသက်ကို ရရှိစေ၏။
လူအများစုအတွက် ဤကဲ့သို့သော သွေးဆောင်မှုကို တွန်းလှန်ရန်မှာ တကယ်ကို ခက်ခဲလှပေသည်။
အဲလစ်ဇဘက်က ခြေလှမ်းတစ်လှမ်းချင်းစီ တိုးကပ်လာပြီး သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေခဲ့သည်။
"ဒါ့အပြင် ငါ့ဗိုက်ထဲမှာ နင့်ရဲ့ မျိုးစေ့လေး ချန်ထားခဲ့စေချင်တယ်… ဒါမှ အနာဂတ်မှာ မဟာလင်းယုန်နိုင်ငံကို ငါ့ကလေးဆီ လွှဲပြောင်းပေးနိုင်မှာ"
"စိတ်မပူပါနဲ့… ငါက မျိုးစေ့ ငှားချင်ရုံလေးပါ"
"အခုကစပြီး နင့်ဘဝကို အနှောင့်အယှက် မပေးဘူးလို့ ကတိပေးပါတယ်… တကယ်လို့ နင် ငါ့ကို လွမ်းရင် အချိန်မရွေး လာတွေ့လို့ ရပါတယ်…"
"မျိုးစေ့ ငှားချင်တာ ဟုတ်လား… နေပါဦး နေပါဦး"
ချန်ဖုန်းမှာ မကျိန်ဆဲဘဲ မနေနိုင်ခဲ့ချေ။
“သောက်ကြိုးနဲ ဒီခေတ်မှာ လူတွေက မျိုးစေ့တောင် ငှားနေကြပြီလား…”
ချန်ဖုန်း ပြန်တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ခင်မှာ အဲလစ်ဇဘက်ရဲ့ ခန္ဓာကိုယ်က သူ့အပေါ်ကို ဖိချလာခဲ့လေပြီ။
ဆယ်မိနစ် အကြာတွင်။
ချန်ဖုန်းသည် ရဲတိုက်မှ ထွက်ခွာလာခဲ့၏။
ဟာသပဲ။
မျိုးစေ့လှူဒါန်းဖို့ကို သူက ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။ သူ့ပတ်ဝန်းကျင်မှာ အမျိုးသမီးတွေ အများကြီး ရှိနေပြီဖြစ်ပြီး နောက်ထပ် အမျိုးသမီး တစ်ယောက်ကို သူ မလိုချင်တော့ချေ။ အမျိုးသမီးတွေ အရမ်းများနေတာက ပြဿနာပဲ ဖြစ်စေလိမ့်မည်။
ဒီက ကိစ္စတွေကတော့ အခြေခံအားဖြင့် ပြီးဆုံးသွားပြီ ဖြစ်သည်။
သူက အဲလစ်ဇဘက်ကို အခွင့်အရေး မပေးခဲ့သော်လည်း သူမက မဟာလင်းယုန်နိုင်ငံရှိ သူ၏ ရေနံကုမ္ပဏီ ကို ဆက်လက် စောင့်ရှောက်ပေးဦးမည် ဖြစ်ပေ၏။
မိခင်ဖြစ်သူထံ ဖုန်းခေါ်ဆိုပြီးနောက် ချန်ဖုန်းသည် ချူရှီယို ရှိရာနေရာသို့ အလျင်အမြန် ထွက်သွားလေသည်။
ထိုအချိန်၌ ချူရှီယိုနှင့် ရှာရွှယ်တို့ နှစ်ဦးစလုံး အခန်းထဲတွင် ရှိနေကြ၏။
ရှာရွှယ်က သူမ၏ လက်မောင်းကို ဆွဲကာ မလှမ်းမကမ်းတွင် ထိုင်နေသော အိုယန်ဖေးအား တိတ်တဆိတ် ကြည့်လိုက်ပြီး တိုးတိတ်စွာ ပြောဆိုလိုက်သည်။
"ရှီယို… သူမက တကယ်ပဲ ချန်ဖုန်းရဲ့ အမေလား"
"သူမ ဘယ်လောက် နုပျိုလဲဆိုတာ ကြည့်ပါဦး… လုံးဝကို မတူဘူး"
"ပြီးတော့ သူတို့က ဘယ်သူတွေလဲ… အပြင်မှာ ဘာလို့ ကင်းစောင့်တွေ ရှိနေရတာလဲ"
"ငါလည်း မသိဘူး"
ချူရှီယိုက ခေါင်းငုံ့လျက် ပြောဆိုလိုက်၏။
"သူမက မဟာလင်းယုန်နိုင်ငံရဲ့ ဧကရီဘုရင်မ အဲလစ်ဇဘက်ကို သိပုံရတယ်…"
"ဘာ"
ရှာရွှယ်မှာ ချက်ချင်းပင် မှင်တက်သွားလေသည်။
အဲလစ်ဇဘက် ဆိုသော နာမည်နှင့် သူမ ရင်းနှီးပေ၏။ အဲလစ်ဇဘက်သည် မဟာလင်းယုန်နိုင်ငံတွင် အမှန်တကယ် အာဏာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမက ဘာပဲဖြစ်ဖြစ် နာမည်ခံ ဧကရီဘုရင်မပင် ဖြစ်လေသည်။
အဲဒီအကြောင်းကို လူတိုင်းနီးပါး သိကြပါသည်။ သာမန်လူတစ်ယောက်အနေဖြင့် သူမကို ပုံမှန်အားဖြင့် ဘယ်တော့မှ မြင်တွေ့ရမည် မဟုတ်ချေ။
‘အခု ချန်ဖုန်းရဲ့ အမေက အဲလစ်ဇဘက်ကို သိတယ်လို့ ချူရှီယို ပြောနေတာလား။ ဒါဆို ချန်ဖုန်းကလည်း သူမကို သိတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား အို ဘုရားရေ သူတို့က တကယ်တော့ ဘယ်သူတွေများလဲ’ ဟု ရှာရွှယ် တွေးလိုက်လေသည်။
"ဒါ့အပြင်…"
ချူရှီယိုက သူမ၏ ဖုန်းကို ထုတ်ကာ ငွေလွှဲပြောင်းမှု မက်ဆေ့ချ်တစ်ခုကို ပြသလိုက်၏။
"အရင်က ငါ အဝတ်အစားတွေ ဝယ်တုန်းက ချန်ဖုန်းက ငါ့ဆီ ယွမ် ငါးသန်း လွှဲပေးခဲ့တယ်…"
“ကျစ်…”
ရှာရွှယ် နောက်ဆုံးတွင် မအောင့်ထားနိုင်တော့ဘဲ ကျိန်ဆဲလိုက်မိလေတော့သည်။
“ယွမ် ငါးသန်းတောင်...သပပဲလေ”
ချန်ဖုန်းက ချူရှီယိုအား သက်တောင့်သက်သာနှင့် လုံခြုံသော ဘဝတစ်ခုကို အာမခံနိုင်သည်ဟု ပြောခဲ့သည်ကို သူမ မှတ်မိသော်လည်း ထိုအချိန်က သူမ မယုံကြည်ခဲ့ချေ။
အခုတော့ သူမ တကယ် ယုံသွားလေပြီ။
ယွမ် ငါးသန်း လွှဲပြောင်းထားသော မှတ်တမ်းမှာ အစစ်အမှန်ဖြစ်ပြီး ချူရှီယို၏ ဘဏ်ကတ်ထဲတွင် ဤငွေပမာဏ အမှန်တကယ် ရှိနေပေသည်။
တစ်ဖက်လူက ယွမ် ငါးသန်းကို အလွယ်တကူ ထုတ်ပေးနိုင်ခြင်းက သူ့တွင် ငွေကြေးဖိအား မရှိကြောင်းနှင့် သေချာပေါက် တကယ့် စူပါလူချမ်းသာ တစ်ဦးဖြစ်ကြောင်း ပြသနေပေ၏။
"ရှီယို… ဟွာရှနိုင်ငံကို ပြန်ကြစို့… သူနဲ့အတူ ဟွာရှနိုင်ငံကို ပြန်ကြစို့"
ရှာရွှယ်မှာ ရုတ်တရက် စိတ်လှုပ်ရှားကာ ပြောလာခဲ့သည်။
"နင် အစောကြီးကတည်းက ပြန်ချင်နေတာ မဟုတ်ဘူးလား… ဒါက ငါတို့ အတူတူ ပြန်ဖို့ အခွင့်အရေးကောင်းပဲ… ဒီပိုက်ဆံတွေနဲ့ဆို ငါတို့ ဆိုင်တစ်ဆိုင် ဖွင့်လို့ရပြီ"
"ဟုတ်တယ်… နို့လက်ဖက်ရည်ဆိုင် ဖွင့်ကြရအောင်"
"ဒီမှာ နေရတာထက် ဘာပဲလုပ်လုပ် ပိုပြီး သက်တောင့်သက်သာ ရှိပါတယ်"
"ဒီလို သူစိမ်းပြင်ပြင် နေရာမှာ အနိုင်ကျင့်ခံရရင် ကိုယ့်ဒေါသကို ကိုယ်ပဲ မြိုသိပ်ထားရတာလေ"
"အထူးသဖြင့် နင့်လို အရမ်းလှတဲ့သူဆိုရင် ပိုပြီးတောင် အန္တရာယ်များသေးတယ်"
"ငါ… ငါ သူ့ကို ပြန်ဆပ်ရဦးမယ်"
ချူရှီယိုက အားနည်းစွာ ပြောဆိုလိုက်၏။
"သူက ငါ့အတွက် အဝတ်အစားတွေနဲ့ ဖုန်းအသစ် ဝယ်ပေးထားတာဆိုတော့ သူ့ပိုက်ဆံကို ငါ ယူလို့မဖြစ်ဘူးလေ"
"အော်… ကောင်းပြီလေ"
ရှာရွှယ်က သူမ၏ ရင်ဘတ်ကို ပုတ်ကာ ရယ်မောရင်း ပြောလိုက်သည်။
"ငါ့ဆီမှာလည်း စုထားတဲ့ ပိုက်ဆံတချို့ ရှိသေးတယ်… ငါက ပိုက်ဆံ ထုတ်မယ် နင်က လုပ်အား ထုတ်လေ… ငါတို့ အတူတူ နို့လက်ဖက်ရည်ဆိုင် ဖွင့်လို့ရတာပဲ… ဘာပဲဖြစ်ဖြစ် ငါ ဒီမှာ ဆက်မနေချင်တော့ဘူး"
သူမတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ချန်ဖုန်း ရောက်ရှိလာခဲ့၏။
"သား"
အိုယန်ဖေးက သူ့ကို အခေါက်ခေါက်အခါခါ ကြည့်နေခဲ့သည်။
သူမ၏ အဖိုးတန် သားလေး ဒဏ်ရာရသွားမည်ကို သူမ အလွန် ကြောက်ရွံ့နေခဲ့၏။
"အဆင်ပြေပါတယ်… ရှီယိုနဲ့ အတူတူ အခြေအနေကို စောင့်ကြည့်လိုက်ပါဦး… အကုန်လုံး အဆင်သင့်ဖြစ်ပြီဆိုရင် ဟွာရှနိုင်ငံကို အတူတူ ပြန်ကြတာပေါ့… ရှောင်ယွဲ့ကို သွားကြည့်ဖို့ အမေ အရင်ပြန်နှင့်မယ်…သူမက အခုထိ စိတ်ပူနေတုန်းပဲလေ"
"ဟုတ်ကဲ့ပါ အမေ"
ချန်ဖုန်းသည် ရှန်ကွမ်ယွဲ့အပေါ် ကြွေးတင်နေဆဲ ဖြစ်လေ၏။
တစ်ဖက်လူမှာ ကိုယ်ဝန်ရှိနေပြီး ဟွာရှနိုင်ငံမှ ဤနေရာအထိ ခရီးရှည်ကြီး လာရောက်ခဲ့ရခြင်း ဖြစ်သည်။
အိုယန်ဖေးက "ရှီယို…အန်တီ အခု သွားတော့မယ်" ဟု နှုတ်ဆက်လိုက်လေသည်။
"ကောင်းပါပြီ အန်တီ"
ချူရှီယိုက သူမအား အလျင်အမြန် လိုက်ပို့လိုက်၏။
ထိုအချိန်၌လရှာရွှယ်က ပြုံးဖြီးဖြီးဖြင့် လျှောက်လာခဲ့သည်။
"ချန်ဖုန်း… ငါတို့ ဟွာရှနိုင်ငံကို ပြန်လို့ရတယ်လို့ ပြောတာ တကယ်လား… အလုပ်ရှာဖို့အတွက် နင့်အကူအညီတော့ မလိုပါဘူး…ချူရှီယို နဲ့ ငါ့အတွက် နေစရာ ပြဿနာ ပြေလည်သွားသမျှ ကာလပတ်လုံး အဆင်ပြေပါတယ်"
ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်၏။
"သူမကို ဗီလာတစ်လုံး ပေးလို့ရပါတယ်… သူမက သဘောတူတယ်ဆိုရင် နင်လည်း သူမနဲ့ အတူတူ နေလို့ရတယ်… ငါ ကန့်ကွက်စရာ မရှိပါဘူး"
ရှာရွှယ်အပေါ် ချန်ဖုန်း သဘောကျမိပေသည်။
တစ်ဖက်လူက ချူရှီယိုကို အနိုင်ကျင့်မခံရအောင် အမြဲတမ်း ကာကွယ်ပေးခဲ့၏။ ချူရှီယိုမှာ ဤကဲ့သို့သော အကောင်းဆုံး သူငယ်ချင်း ရှိနေခြင်းက ကံကောင်းလှပေသည်။
"တကယ်လား"
ရှာရွှယ်မှာ အလွန် စိတ်လှုပ်ရှားသွားသဖြင့် ခုန်ပင်ခုန်ပေါက်လုနီးပါး ဖြစ်သွားခဲ့သည်။
"ရှီယို… မြန်မြန်… နင့်ပစ္စည်းတွေ မြန်မြန်သိမ်းတော့… ငါတို့ အခုချက်ချင်း ဟွာရှနိုင်ငံကို ပြန်ကြမယ်"
"အင်း"
ချူရှီယိုက မျက်တောင်ခတ်လိုက်၏။
ချန်ဖုန်းက ဗီလာလက်ဆောင်အကြောင်း သူမ သိပ်ဂရုမစိုက်ဘူးဟု ယခုလေးတင် ပြောခဲ့သဖြင့် တစ်ဖက်လူက သူမ၏ အကောင်းဆုံး သူငယ်ချင်းကို နောက်ပြောင်နေခြင်းသာ ဖြစ်မည်ဟု တွေးတောလိုက်မိသည်။
‘ငါ့မှာ လက်တွေ ခြေတွေ ရှိပါတယ်။
ဘယ်အလုပ်ပဲရှာရှာ အိမ်လခတော့ တတ်နိုင်လောက်မှာပါ’ ဟု သူမ တွေးလိုက်၏။
အခန်းထဲတွင် ခရီးဆောင်အိတ် သိပ်မရှိချေ။
ချူရှီယို ကိုယ်တိုင်တွင် အဝတ်အစား သိပ်မများဘဲ သူမ၏ အဝတ်အစား အများစုမှာ နေ့စဉ်သုံး ပစ္စည်းများသာ ဖြစ်ပေ၏။
သူမက အရာအားလုံးကို ပြန်ယူသွားချင်နေသည်ကို မြင်သောအခါ ချန်ဖုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အရေးကြီးတဲ့ ပစ္စည်းတွေကိုပဲ ယူသွားပါ… တခြား ဘာမှ မယူသွားနဲ့တော့ ဟွာရှနိုင်ငံကို ပြန်ရောက်ရင် ငါ အသစ်ဝယ်ပေးမယ်"
"ဟင်"
ချူရှီယိုမှာ ထိုအရာများနှင့် ခွဲခွာရမည်ကို အနည်းငယ် နှမြောနေဆဲ ဖြစ်လေ၏။
သူမက ချွေတာတတ်ရန် အကျင့်ပါနေပြီဖြစ်ရာ ဤပစ္စည်းများကို လွှင့်ပစ်ရသည်ကို မနှစ်သက်ချေ။
ထို့ကြောင့် ချူရှီယိုက ပြောလိုက်သည်။
"ဒီပစ္စည်းတွေက သုံးလို့ရသေးတယ်လေ… ပိုက်ဆံတွေ အလဟဿ ဖြစ်အောင် သုံးစရာ မလိုပါဘူး"
"ရှီယို… လွှင့်ပစ်လိုက်ပါဟယ်…အခုခေတ်မှာ သယ်ယူပို့ဆောင်ခက အရမ်း ဈေးကြီးတယ်ဟဲ့…" ရှာရွှယ်က ပြုံးရင်း ပြောလျက် သူမ၏ အကောင်းဆုံး သူငယ်ချင်း၏ ပါးလေးကို ဆွဲလိမ်လိုက်၏။
တစ်ခါတစ်ရံတွင် ရှာရွှယ်က သူမ၏ သူငယ်ချင်း ရှီယို ကို တကယ် အားကျမိပေသည်။ သူမက အရမ်းကို ချစ်စရာကောင်းလောက်အောင် ငတုံးမလေးဖြစ်ပြီး အထူးသဖြင့် သူမ၏ မျက်နှာလေးမှာ အလွန် နူးညံ့လှပသဖြင့် ရှာရွှယ်က ထပ်ပြီး အကြိမ်အနည်းငယ်လောက် ဆွဲလိမ်ချင်မိလေ၏။
မကြာခင် ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းပြီးသွားပေပြီ။
သူတို့သုံးဦး ထွက်ခွာရန် ပြင်နေချိန်မှာပင် လူလတ်ပိုင်း ဇနီးမောင်နှံတစ်စုံက တံခါးပေါက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
"အမေ"
ချူရှီယိုမှာ ခဏတာ ရပ်တန့်မသွားဘဲ မနေနိုင်ခဲ့ချေ။
တံခါးအပြင်ဘက်ရှိ လူလတ်ပိုင်း အမျိုးသမီးမှာ သူမ၏ မိခင်ဖြစ်ပြီး လူလတ်ပိုင်း အမျိုးသားမှာမူ သူမ မိခင်၏ လက်ရှိ ခင်ပွန်းဖြစ်ကာ သူမ၏ နာမည်ခံ ပထွေးလည်း ဖြစ်ပေ၏။
သူမ၏ ဖခင် သေဆုံးသွားပြီးနောက် မိခင်ဖြစ်သူက နောက်အိမ်ထောင် ပြုခဲ့သည်။
ချူရှီယိုမှာ အရွယ်မရောက်သေးသဖြင့် မိခင်ဖြစ်သူတွင် သူမကို တစ်ဖက်လူနှင့် အတူနေထိုင်ရန် ခေါ်ဆောင်သွားရုံမှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ချေ။
ချူရှီယိုကို မြင်လိုက်ရချိန်တွင် လူလတ်ပိုင်း အမျိုးသား၏ မျက်လုံးများမှာ သိသိသာသာ လင်းလက်သွားခဲ့လေ၏။
ချူရှီယိုသည် ယခုအခါ အဝတ်အစား အသစ်ကို ဝတ်ဆင်ထားသည်။
သူမ၏ ခန္ဓာကိုယ်မှာ အပြည့်အဝ ဖွံ့ဖြိုးမလာသေးသော်လည်း ပုံပန်းသဏ္ဍာန် ကျော့ရှင်းနေဆဲဖြစ်ပြီး သူမ၏ ပြီးပြည့်စုံသော ကောက်ကြောင်းကို အဝတ်အစားများက ပိုမိုပေါ်လွင်စေသဖြင့် အလွန် ဆွဲဆောင်မှု ရှိလှပေ၏။
အထူးသဖြင့် သူမ ခေါင်းမော့လိုက်ချိန်တွင် နူးညံ့သော နွေဦးလေပြေလေးတစ်ခုကဲ့သို့ ခံစားရစေသည်။
သူမက ရှက်ရွံ့မှု အရိပ်အယောင်လေးနှင့်အတူ တိတ်ဆိတ်နေတတ်ပြီး ထိုရှက်ရွံ့မှုထဲတွင် အံ့မခန်း လှပမှုလေးတစ်ခု ကိန်းအောင်းနေပေ၏…
"ရှီယို… သမီးအမေနဲ့ ငါက သမီးကို ရှာနေတာ တော်တော်ကြာပြီ… အခုတော့ နောက်ဆုံးမှာ သမီးကို ရှာတွေ့ခဲ့ပြီပဲ"
လူလတ်ပိုင်း အမျိုးသားက ဖျော့တော့စွာ ပြုံးရင်း စကား စလိုက်သည်။
"ကြည့်ပါဦး… သမီးက စကားတစ်ခွန်းမှ မပြောဘဲ အိမ်ကနေ ထွက်ပြေးလာတာ… ပြီးတော့ သမီးရဲ့ နေထိုင်မှု အခြေအနေကလည်း အရမ်း ဆိုးရွားလွန်းတယ်"
"တကယ်လို့များ သမီး ငါတို့ကို စောစောကတည်းက ပြောခဲ့မယ်ဆိုရင် အပြင်မှာ သမီးတစ်ယောက်တည်း ဒီလို ဒုက္ခရောက်အောင် ငါ ထားမှာ မဟုတ်ဘူး"
သူ စကားပြောနေစဉ်မှာပင် ချူရှီယို၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ရန် လက်ကို ဆန့်ထုတ်လိုက်၏။
ချူရှီယိုမှာ အလွန် ထိတ်လန့်သွားသဖြင့် ချန်ဖုန်း၏ အနောက်သို့ အလျင်အမြန် ဝင်ပုန်းလိုက်လေသည်။
“ဒါက ဘယ်သူလဲ…”
လူလတ်ပိုင်း အမျိုးသားက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ချန်ဖုန်းကို အမှတ်တမဲ့ တစ်ချက်ကြည့်လိုက်ပေ၏။