အခန်း ၄၂၇
Vol. 43 Ch. 427
အခန်း (၄၂၇) သူမ ထွက်သွားလို့ မရဘူး
ချန်ဖုန်းသည် ချူရှီယို၏ နောက်ခံအကြောင်းကို ယခင်က မကြားခဲ့ဖူးပါက တစ်ဖက်လူသည် ချူရှီယိုအတွက် အကောင်းဆုံးဖြစ်စေရန် လုပ်ဆောင်နေသည်ဟု တကယ်ပင် ယုံကြည်မိပေလိမ့်မည်။
ဤလူလတ်ပိုင်း ဇနီးမောင်နှံအပေါ် သူ အမြင်မကြည်လင်ခဲ့ချေ။
ချူရှီယိုက ပြန်လည်ဖြေကြားရန် အခွင့်အရေး မရသေးမီမှာပင် ရှာရွှယ်က ရုတ်တရက် ရှေ့သို့ ထွက်လာကာ သူမ၏ခေါင်းကို မော့လျက် ပြောဆိုလိုက်၏။
"သူက ရှီယိုရဲ့ ကောင်လေး ချန်ဖုန်း ပဲ..."
"ကောင်လေး ဟုတ်လား..."
လူလတ်ပိုင်း အမျိုးသားက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပေသည်။
"ရှီယို... သမီး ဘယ်တုန်းက ကောင်လေး ရသွားတာလဲ... ဘာလို့ ငါတို့ကို မပြောရတာလဲ... ငါတို့က သမီးရဲ့ မိဘတွေလေ..."
"သမီးရဲ့ အိမ်ထောင်ရေးကိစ္စကို ငါတို့နဲ့ တိုင်ပင်ဆွေးနွေးသင့်တယ် မဟုတ်ဘူးလား..."
"သမီး..."
ချူရှီယိုက ချန်ဖုန်းအား တိတ်တဆိတ် တစ်ချက်ကြည့်လိုက်၏။ ဘယ်လို ရှင်းပြရမှန်း သူမ မသိတော့ချေ။
သူမ၏ ပထွေးဖြစ်သူနှင့် မိခင်တို့ ရုတ်တရက် ရောက်လာခြင်းက သေချာပေါက် ကောင်းသောကိစ္စ မဟုတ်ဘဲ ရှာရွှယ်က သူမအတွက် အားကိုးစရာတစ်ခု ရှာဖွေပေးရန် ဤသို့ပြောလိုက်ခြင်းဖြစ်ကြောင်း သူမ သိရှိထားလေသည်။
"သမီး ဘာမှပြောစရာ မလိုပါဘူး..."
လူလတ်ပိုင်း အမျိုးသားက ရုတ်တရက် လက်ယမ်းပြကာ ပြောလိုက်ပေ၏။
"ရှီယို... သမီးရဲ့ ကောင်လေးက ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... သမီးအမေနဲ့ ငါကတော့ သဘောတူမှာ မဟုတ်ဘူး..."
"ဒီတစ်ခေါက် ငါတို့ ဒီကိုလာတာ သမီးရဲ့ ဘဝအတွက် အရေးကြီးတဲ့ ကိစ္စကြောင့်ပဲ..."
"သမီးလည်း မငယ်တော့ဘူး... သမီးရဲ့ ဖခင်အရင်း သေဆုံးသွားကတည်းက သမီးအမေက သမီးရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်နေခဲ့တာ..."
"အခုတော့ အခြေအနေတွေ အများကြီး ကောင်းသွားပါပြီ... ငါ့မှာ အခြေအနေ တော်တော်လေး ကောင်းတဲ့ စီးပွားရေး ပါတနာတစ်ယောက် ရှိတယ်..."
"တကယ်လို့ သမီးသာ သူနဲ့ လက်ထပ်လိုက်ရင် သမီး ဘဝတစ်သက်တာလုံး စားဝတ်နေရေးအတွက် ပူပန်စရာ မလိုစေရဘူးလို့ ငါ အာမခံတယ်..."
"ရှီယို... မြန်မြန် ပြင်ဆင်ပြီး သူတို့နဲ့ သွားတွေ့ဖို့ ငါတို့နဲ့ လိုက်ခဲ့..."
"ဒါက သမီးအမေရဲ့ ဆန္ဒလည်း ဖြစ်တယ်..."
"..."
ချူရှီယိုသည် ပါးစပ်အဟောင်းသား ဖြစ်သွားရလေ၏။
သူမက မိခင်ဖြစ်သူကို အလိုအလျောက် လှမ်းကြည့်လိုက်သော်လည်း မိခင်မှာမူ သူမ၏ အကြည့်များကို ရှောင်လွှဲသွားပြီး သမီးဖြစ်သူနှင့် မျက်နှာချင်းဆိုင်ရန် မရဲဝံ့သကဲ့သို့ ဖြစ်နေသည်ကိုသာ မြင်တွေ့လိုက်ရပေသည်။
လူလတ်ပိုင်း အမျိုးသားက ထပ်မံ၍ တိုက်တွန်းလိုက်၏။
"ရှီယို... ငါတို့ရဲ့ စေတနာကို သမီး နားလည်သင့်တယ်... အဲဒီ မစ္စတာဝမ်က သန်းရာချီ ချမ်းသာပြီး မဟာလင်းယုန်နိုင်ငံ မှာလည်း အဆက်အသွယ်တွေ အများကြီး ရှိတယ်..."
"အရေးကြီးဆုံးက... သမီးသာ သူနဲ့ လက်ထပ်လိုက်ရင် သူက ငါ့ကို ယွမ်ဆယ်သန်း ရင်းနှီးမြှုပ်နှံပေးလိမ့်မယ်…”
"ငါ့ရဲ့ စီးပွားရေးက ဒေဝါလီခံရတော့မယ့် အခြေအနေမှာ ရောက်နေပြီ... ဒီရင်းနှီးမြှုပ်နှံမှုက ငါ့အတွက် အရမ်း အရေးကြီးတယ်... တကယ်လို့သာ အဲဒါကို မရဘူးဆိုရင် သမီးအမေနဲ့ ငါက လမ်းဘေးမှာ အိပ်ရတော့မှာ..."
ဘေးတွင် ရပ်နေသော ရှာရွှယ်သည် ဆက်လက်၍ သည်းမခံနိုင်တော့ချေ။ သူမက ဒေါသတကြီးဖြင့် ပြောဆိုလိုက်လေသည်။
"ဦးလေး... ရှင်က ရှီယိုကို ဘာလို့ သဘောထားနေတာလဲ... ကုန်ပစ္စည်းတစ်ခုလိုလား..."
"အဲဒီ မစ္စတာဝမ်အကြောင်း ကျွန်မ ကြားဖူးတယ်... သူက အသက်လေးဆယ်ကျော်နေပြီ... ချူရှီယိုရဲ့ အဖေအရွယ်လောက် ရှိနေပြီ... ပြီးတော့ သူက ကွာရှင်းထားတဲ့သူလေ..."
"သူ့မှာ သမီးတစ်ယောက်လည်း ရှိသေးတယ်... အဲဒီသမီးက ရှီယိုထက် အသက်နည်းနည်းပဲ ငယ်တာ... ရှင်က ဒါကို သူမအတွက် ကောင်းစေချင်လို့ လုပ်နေတာလား... သူမကို ဒုက္ခပေးနေတာလို့ပဲ ကျွန်မ ထင်တယ်..."
"ရှင့်ရဲ့ စီးပွားရေးအတွက်... ရှင့်ရဲ့ ယွမ်ဆယ်သန်း ရင်းနှီးမြှုပ်နှံမှုအတွက် ရှင်က ရှီယိုကို မီးတွင်းထဲ တွန်းပို့နေတာပဲ..."
"ရှာရွှယ်... ဒါက မင်း ဝင်ပြောရမယ့် နေရာမဟုတ်ဘူး..."
လူလတ်ပိုင်း အမျိုးသား၏ မျက်နှာမှာ အတော်လေး ကြည့်ရဆိုးနေခဲ့၏။ သူသည် ရှာရွှယ်ကို သိရှိထားပြီး သူမက ချူရှီယိုနှင့် ဆက်ဆံရေး ကောင်းမွန်ပေသည်။
အကယ်၍ သူမ၏ ဝင်ရောက်စွက်ဖက်မှုသာ မရှိခဲ့ပါက သူသည် လွန်ခဲ့သော လအနည်းငယ်ကပင် ချူရှီယိုအား လှည့်စားကာ ခေါ်ဆောင်သွားနိုင်ခဲ့မည် ဖြစ်လေသည်။
သူက အေးစက်စွာ နှာမှုတ်လိုက်သည်။
"ငါက ငါ့သမီးအရင်းနဲ့ စကားပြောနေတာ... ပြင်ပလူတစ်ယောက်ဖြစ်တဲ့ မင်းက ဝင်စွက်ဖက်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ..."
"အထင်မလွဲပါနဲ့... ရှင်က ရှီယိုရဲ့ ပထွေးသက်သက်ပဲ... သူမရဲ့ ဖခင်အရင်းက သေဆုံးသွားတာ ကြာပြီ... သေချာပြောရရင် ရှင်က သူမရဲ့ မွေးစားဖခင်တောင် မဟုတ်ဘူး..."
ရှာရွှယ်သည် လုံးဝ နောက်မဆုတ်ခဲ့ဘဲ ဘေးရှိ လူလတ်ပိုင်း အမျိုးသမီးထံသို့ အကြည့်ကို ပြောင်းလိုက်ပေ၏။
"အန်တီ... ရှီယိုက အန်တီ့ရဲ့ သမီးအရင်းလေ..."
"အန်တီ သူမအတွက် တကယ်ပဲ နည်းနည်းလေးမှ မစဉ်းစားပေးတော့ဘူးလား... အခု အန်တီ နောက်အိမ်ထောင်ပြုလိုက်ပြီဆိုတော့ အန်တီ့မှာ ကိုယ်ပိုင်ဘဝ ရှိသွားပြီဆိုတာကို ကျွန်မတို့ နားလည်ပေးနိုင်ပါတယ်..."
"ဒါပေမဲ့ ကိုယ့်အတွက်... ဒီလူရဲ့ စီးပွားရေးအတွက် ကိုယ့်သမီးအရင်းကို ရောင်းစားလို့ မရဘူးလေ... ရှီယို ပြောဖို့ ဝန်လေးနေတဲ့ ကိစ္စတချို့ ရှိသေးတယ်..."
"ရှာရွှယ်..."
ချူရှီယိုက သူမ၏ လက်မောင်းကို အလျင်အမြန် ဆွဲလိုက်လေသည်။
"ငါ ပြောမှာပဲ..."
ရှာရွှယ်က အေးစက်စွာ ပြောဆိုလိုက်၏။
"အန်တီ... လွန်ခဲ့တဲ့ နှစ်နှစ်က အန်တီ့ဘေးက ဒီလူသာ ရှီယိုအပေါ် မဖွယ်မရာ မကြံစည်ခဲ့ဘူးဆိုရင် သူမက တစ်ယောက်တည်း ပြောင်းသွားလိမ့်မယ်လို့ ထင်နေတာလား..."
ဤအကြောင်းကို လူလတ်ပိုင်း အမျိုးသမီးအား ပြောပြလိုက်ချိန်တွင် သူမ၏ သဘောထား ပြောင်းလဲသွားပြီး လူလတ်ပိုင်း အမျိုးသားကို သူမ၏ သမီးအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် စွပ်စွဲလာလိမ့်မည်ဟု သူမ မူလက ထင်မှတ်ထားခဲ့ပေသည်။
သို့သော် သူမ အံ့အားသင့်သွားရသည်မှာ... တစ်ဖက်လူသည် လုံးဝ တုန်လှုပ်မှုမရှိဘဲ ခေါင်းငုံ့လျက်သာ ဆက်လက် ရှိနေခြင်းပင် ဖြစ်လေ၏။
ထိုအမျိုးသမီး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိခဲ့ချေ။ သူမသည် ဤကိစ္စကို ကြိုတင်သိရှိထားပြီး ဖြစ်ပေါ်လာရန်ပင် တိတ်တဆိတ် သဘောတူထားခဲ့ကြောင်း ရှင်းလင်းလှပေသည်။
"ရှီယို... သွားကြစို့..."
ရှာရွှယ်မှာ အလွန်အမင်း ဒေါသထွက်နေခဲ့၏။
မိခင်တစ်ဦးအနေဖြင့် သမီးဖြစ်သူ အနိုင်ကျင့်ခံရသည်ကို မြင်တွေ့ရချိန်တွင် ဤမျှ လျစ်လျူရှုထားနိုင်လိမ့်မည်ဟု သူမ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။
"မင်းက ထွက်သွားလို့ရတယ်... သူမကတော့ မရဘူး..."
လူလတ်ပိုင်း အမျိုးသား၏ မျက်နှာမှာ အေးစက်သွားလေသည်။ သူ၏ဘဝကို အလှည့်အပြောင်း ဖြစ်စေနိုင်ပြီး ထိုယွမ်ဆယ်သန်း ရင်းနှီးမြှုပ်နှံမှုကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ ချူရှီယိုအပေါ် လုံးလုံးလျားလျား မူတည်နေသဖြင့် တစ်ဖက်လူကို သူက မည်သို့ လွယ်လွယ်ကူကူ ထွက်သွားခွင့် ပြုနိုင်မည်နည်း။
ဤနှစ်များအတွင်း ချူရှီယိုသည် နေရာအနှံ့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဤနေရာကို ရှာတွေ့ရန် သူ၏ အချိန်နှင့် အားထုတ်မှုများစွာကို အသုံးပြုခဲ့ရပေ၏။
အကယ်၍ သူတို့သာ ဤတစ်ကြိမ် နေရာထပ်ပြောင်းသွားပါက နောက်တစ်ကြိမ် ရှာတွေ့ရန် အလွန် လွယ်ကူတော့မည် မဟုတ်ချေ။
"ခွေးကောင်းတွေက လမ်းမပိတ်ဘူးကွ ငါ့လမ်းက ဖယ်စမ်း..." ဟု ပြောရင်း
ချန်ဖုန်းက ရုတ်တရက် တစ်ဖက်လူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်လေသည်။
သူ၏ ပါးရိုက်ချက်သည် သတိပေးမှုမရှိဘဲ ရောက်ရှိလာပြီး လူလတ်ပိုင်း အမျိုးသားကို နောက်သို့ လွင့်ထွက်သွားစေခဲ့၏။
ချက်ချင်းဆိုသလိုပင် ချန်ဖုန်းက ချူရှီယို၏ လက်မောင်းကို ကိုင်ကာ အခန်းထဲမှ ဖြည်းညင်းစွာ ထွက်ခွာသွားလေသည်။ ရှာရွှယ်က မျက်တောင်ခတ်လိုက်ပြီး အလျင်အမြန် လိုက်ပါသွားတော့၏။
"မင်း..."
လူလတ်ပိုင်း အမျိုးသားသည် သူ၏ ရောင်ရမ်းနေသော မျက်နှာကို ဖုံးအုပ်ထားပြီး သူ၏ ဒေါသများမှာ ပွက်ပွက်ဆူနေခဲ့ပေသည်။
သို့သော်လည်း သူ ပေါက်ကွဲထွက်တော့မည့် အချိန်မှာပင် ချန်ဖုန်း၏ ရေခဲတမျှ အေးစက်သော အကြည့်များက သူ့ထံသို့ ရုတ်တရက် ရောက်ရှိလာသည်ကို မြင်လိုက်ရပြီး ပတ်ဝန်းကျင် အပူချိန်မှာ ချက်ချင်း ကျဆင်းသွားသကဲ့သို့ ဖြစ်ကာ ရေခဲတိုက်ထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရလေ၏။
"တကယ်လို့များ ချူရှီယိုကို ထပ်ပြီး အနှောင့်အယှက်ပေးရဲရင် မနက်ဖြန် နေထွက်တာကို မင်း မမြင်ရအောင် ငါ လုပ်ပစ်မယ်..." ချန်ဖုန်းက အေးစက်စွာ နှာမှုတ်ရင်း ပြောလိုက်သည်။ ထို့နောက် လှည့်ထွက်သွားတော့၏။
လူလတ်ပိုင်း အမျိုးသားမှာ ဒေါသတကြီးဖြင့် အံကြိတ်နေခဲ့ပေသည်။ သူသည် တစ်ဖက်လူ၏ နောက်ခံအကြောင်းကို ဘာမှမသိရှိထားသဖြင့် တွေဝေနေခဲ့ပြီး အတင်းအကျပ် ရင်ဆိုင်ရန် မရဲဝံ့ခဲ့ချေ။
"ရှင် အဆင်ပြေရဲ့လား..."
လူလတ်ပိုင်း အမျိုးသမီးက သူ့ကို မြေပြင်ပေါ်မှ အလျင်အမြန် ထူမပေးလိုက်လေသည်။
"ငါ့မျက်နှာ ရောင်နေတာကို မမြင်ဘူးလား... ငါ အဆင်ပြေတယ်လို့ ဘယ်လိုလုပ် ပြောထွက်ရတာလဲ..."
လူလတ်ပိုင်း အမျိုးသားက ဒေါသတကြီး ပြောဆိုလိုက်၏။
"ငါ ဂရုမစိုက်ဘူး... မင်းသမီးကို ပြန်ခေါ်နိုင်ဖို့ ဘာပဲဖြစ်ဖြစ် လုပ်ရမယ်... သူမသာ မရှိရင် ငါတို့ နောက်တစ်ပတ် မပြည့်ခင် ဒေဝါလီခံရတော့မှာ..."
"ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်..."
လူလတ်ပိုင်း အမျိုးသမီးက ခေါင်းငုံ့လျက် ပြောဆိုလိုက်လေသည်။
လမ်းတစ်လျှောက်တွင် ရှာရွှယ်က ချန်ဖုန်းအား အားကျလေးစားစွာဖြင့် ကြည့်ရှုနေခဲ့ပေ၏။
"ခုနက သူ့ကို ဖြတ်ရိုက်လိုက်တဲ့ ပါးရိုက်ချက်က အရမ်းကို ကျေနပ်စရာ ကောင်းတာပဲ... အဲဒီလို လူမျိုးတွေက ပညာပေးခံရဖို့ ထိုက်တန်တယ်..."
"ဆိုရိုးစကား ရှိတယ်လေ... လူယုတ်မာကို လူယုတ်မာအချင်းချင်း ပြန်နှိမ်နင်းလိမ့်မယ် တဲ့..."
"ငါက လူဆိုးလား..."
ချန်ဖုန်းမှာ စကားပြောစရာမဲ့သွားခဲ့သည်။ ‘ဒီကောင်မလေး စကားကို သေချာ မပြောတတ်ဘူးလား…’ဟု သူတွေးလိုက်၏၏
"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ရှင်က လူကောင်းပါ...ဟီးဟီး" ရှာရွှယ်က ရယ်မောကာ ပြောလိုက်၏။
ထို့နောက် သူမက ချူရှီယိုကို ကြည့်ကာ ပြောဆိုလိုက်သည်။
"ရှီယို... အဓိပ္ပာယ်မရှိတာတွေ တွေးမနေပါနဲ့တော့... ငါတို့ ဟွာရှနိုင်ငံကို ပြန်ရောက်သွားတာနဲ့ ဒီက ဘဝနဲ့ ဘာမှပတ်သက်စရာ မရှိတော့ဘူး...တကယ်လို့ နင် နင့်အမေကို တကယ်ပဲ မေ့မရနိုင်ဘူးဆိုရင်..."
ဤအချက်သို့ ရောက်ချိန်တွင် သူမက ရုတ်တရက် သက်ပြင်းတစ်ချက် ချလိုက်ပြန်၏။
ချူရှီယိုသည် သူမ၏ ပထွေးဖြစ်သူကို ဂရုမစိုက်လျှင် နေနိုင်သော်လည်း ထိုလူလတ်ပိုင်း အမျိုးသမီးမှာ ဘာပဲဖြစ်ဖြစ် သူမ၏ မိခင်အရင်းဖြစ်နေပြီး ထိုသွေးသားတော်စပ်မှုကို သူမ ဖယ်ရှားပစ်၍ မရနိုင်ချေ။
"ကောင်းပြီ... ဒါတွေအကြောင်း ဆက်မပြောကြရအောင်... အနာဂတ်အတွက် နောက်မှ ဖြေရှင်းကြတာပေါ့... ပြင်ဆင်ထားကြ... နောက်နှစ်နာရီနေရင် ငါတို့ အတူတူ ဟွာရှနိုင်ငံကို ပြန်ကြမယ်..."
ချန်ဖုန်းက အဝေးသို့ လက်ယမ်းပြလိုက်သည်။
အဇူရာနန်းတော်မှ အဖွဲ့ဝင်တစ်ဦးက ကားတစ်စီးဖြင့် အလျင်အမြန် မောင်းနှင်လာခဲ့ပြီး သူတို့သုံးဦး ကားပေါ်တက်ကာ ရေနံကုမ္ပဏီ ဆီသို့ ဦးတည်သွားကြလေတော့၏။