အခန်း ၄၃၀
Vol. 43 Ch. 430
အခန်း (၄၃၀) စစ်ဘက်ဆိုင်ရာဌာနမှ စစ်သေနာပတိ နုတ်ထွက်ခြင်း
အိုယန်မိသားစုနေအိမ်။
ယခုအချိန်၌ လူအများအပြားဖြင့် အသက်ဝင်လှုပ်ရှားနေခဲ့ပေ၏။
အိုယန်မိသားစုသည် ယခုအခါ ကျိုတိုတွင် ခြေကုပ်ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်ပြီး အဘိုးကြီးအိုယန်၏ သမီးအကြီးဆုံး ပြန်လည်ရောက်ရှိလာကြောင်း ကြားသိရပြီးနောက် စီးပွားရေးမိတ်ဖက်များစွာက ၎င်းတို့ထံ လာရောက်လည်ပတ်လိုခဲ့ကြသည်။
သို့သော် ၎င်းတို့အားလုံး ငြင်းပယ်ခံခဲ့ရ၏။
မငြင်းပယ်ခံရသူများမှာ ရှန်ကွမ်ယွဲ့၏ မိဘများသာ ဖြစ်ပေသည်။
ရှန်ကွမ်ယွင်ဖန်နှင့် အိုယန်ဖေးတို့သည် တစ်ဦးကိုတစ်ဦး သိကျွမ်းကြပြီး ရှန်ကွမ်ယွင်ဖန်သည် ချန်ဖုန်း၏ ဖခင်ဖြစ်သော စစ်ဘုရင်နှင့်လည်း အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့လေသည်။
၎င်းတို့သည် အိုယန်မိသားစုနေအိမ်သို့ ချက်ချင်း ရောက်ရှိလာခဲ့ကြ၏။
ရှန်ကွမ်ယွင်ဖန်သည် သူ၏သမီးဖြစ်သူကို ထိုနေရာ၌ မြင်တွေ့လိုက်ရချိန်တွင် သက်ပြင်းချလိုက်မိသည်။ အိုယန်ဖေးက သူ၏သမီးကို တကယ်ပင် သဘောကျကြောင်း သူ သိရှိနိုင်ခဲ့ပေ၏။
"အိုယန်အမျိုးသမီး..."
ရှန်ကွမ်ယွဲ့၏ မိခင်ဖြစ်သူ ချင်လဲ့က ပြုံးလျက် ပြောဆိုလိုက်သည်။
"ငါတို့ မတွေ့ရတာ နှစ်နှစ်ဆယ်ကျော်တောင် ရှိသွားပြီနော်... အဲဒီတုန်းက ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး... ကံကောင်းလို့ နင် အဆင်ပြေနေတာပေါ့..."
"နင့်ရဲ့ ဟောက်ခွန်း အသက်ရှင်နေသေးတယ်လို့ ကြားတယ်... တကယ်ပဲလား..."
"အင်း... ငါလည်း သေချာတော့ မသိဘူး..."
အိုယန်ဖေးက ပြုံးလိုက်၏။
သူမက မည်သည့်အရာကိုမျှ ဖုံးကွယ်မထားခဲ့ချေ။
"စစ်ဘက်ဆိုင်ရာဌာနရဲ့ သင်္ချိုင်းမှာ သူ့ရဲ့ ရုပ်အလောင်း တကယ်မရှိဘူး... အဲဒါကို ငါ အဲဒီအချိန်တုန်းကတည်းက သိခဲ့တာ..."
အကြောင်းပြချက်တစ်ခုခုကြောင့်သာ လူသိရှင်ကြား မကြေညာခဲ့ခြင်း ဖြစ်ပေသည်။ ယခုအခါ ကိစ္စရပ်များ ပေါ်ပေါက်လာပြီဖြစ်ရာ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် အကြောင်းမရှိတော့ချေ။
"သူက ကံကောင်းပြီး ဒီလောက်လွယ်လွယ်နဲ့ သေမှာမဟုတ်ဘူးဆိုတာ ငါ သိပါတယ်... ဒါကြောင့် အရမ်း စိုးရိမ်မနေပါနဲ့..."
ချင်လဲ့မှာ စိတ်သက်သာရာရသွားပြီး အိုယန်ဖေးနှင့် နေ့စဉ်ဘဝအကြောင်းများကို စတင်စကားစမြည် ပြောဆိုနေခဲ့လေ၏။
လူကြီးများ အတိတ်ကို ပြန်လည်အမှတ်ရနေကြသည်ကို ကြည့်ရင်း ချန်ဖုန်းသည် ရှန်ကွမ်ယွဲ့ကို အိုယန်မိသားစုနေအိမ်မှ ဆွဲခေါ်လာခဲ့ပေသည်။
"ဘာလုပ်တာလဲ..."
ရှန်ကွမ်ယွဲ့က သူ၏ ဆုပ်ကိုင်မှုမှ ရုန်းထွက်လိုက်၏။
သူမသည် ထိုနေရာ၌ ရပ်နေပြီး မျက်နှာမှာ အနည်းငယ် နီရဲနေခဲ့သည်။
ချန်ဖုန်းက ရယ်မောလိုက်ပြီး သူမ၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ပြန်၏။
"ရှောင်ယွဲ့ယွဲ့... မင်းက အခု ငါ့မိန်းမ ဖြစ်နေပြီပဲ... ဘာတွေ ရှက်နေစရာ လိုသေးလို့လဲ..."
"ငါက နင့်မိန်းမ မဟုတ်ပါဘူး..."
ရှန်ကွမ်ယွဲ့မှာ အမှန်တကယ်ပင် နာကြည်းမှုအချို့ ရှိနေခဲ့ပေသည်။
သူမနှင့် ချန်ဖုန်းတို့ ယနေ့အခြေအနေအထိ ရောက်ရှိလာနိုင်ခဲ့ခြင်း၏ အဓိကအကြောင်းရင်းမှာ အမာရွတ်ပျောက်ဆေး ပုလင်းကြောင့်သာ ဖြစ်၏။
ထိုဆေးပုလင်းသာ မရှိခဲ့ပါက ၎င်းတို့နှစ်ဦး လုံးဝ နီးစပ်နိုင်မည်မဟုတ်သလို သူမအနေဖြင့်လည်း ချန်ဖုန်း၏ ကလေးကို ကိုယ်ဝန်ဆောင်နိုင်မည် မဟုတ်ချေ။
ရှန်ကွမ်ယွဲ့ သိထားပေသည်။ သူမနှင့် မတွေ့ဆုံမီက ချန်ဖုန်းသည် အမှန်တကယ်အားဖြင့် ရှန်ယန်းယန်းနှင့် အရင်းနှီးဆုံးဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ချစ်သူများအဆင့်အထိပင် ရောက်ရှိနိုင်ခဲ့ပေ၏။
အကယ်၍ သူမနှင့် ချန်ဖုန်းတို့ ငယ်စဉ်ကတည်းက စေ့စပ်ထားခြင်းသာ မရှိခဲ့လျှင်၊ ထို့အပြင် သူမတို့ အတူတူ အိပ်ခဲ့သည့် တစ်ကြိမ်သာ မရှိခဲ့လျှင် သူမတို့နှစ်ဦးသည် ယခုနေရာအထိ ရောက်လာခဲ့မည် မဟုတ်ချေ။
သူမသည် ချန်ဖုန်းနှင့် ရှန်ယန်းယန်းတို့ကြားတွင် ဝင်ရောက်နှောင့်ယှက်သူ ဖြစ်သွားသကဲ့သို့ပင် ခံစားနေရလေသည်။
ထို့ကြောင့်ပင် ချန်ဖုန်းနှင့် ရှန်ယန်းယန်းတို့၏ ဆက်ဆံရေးမှာ သာမန်မဟုတ်ကြောင်း သိထားသော်လည်း သူမက ၎င်းတို့ကို မတားဆီးခဲ့ခြင်း ဖြစ်ပေ၏။
ချန်ဖုန်းသည်လည်း ရှန်ကွမ်ယွဲ့၏ အတွေးများကို နားလည်ထားသည်။
သူသည် ရှန်ကွမ်ယွဲ့နှင့် ရှန်ယန်းယန်းတို့ကြားတွင် မည်သူ့ကိုမျှ မရွေးချယ်လိုချေ။
‘ငါက အကုန်လုံးကို လိုချင်တာကွ…’
ဤကိစ္စနှင့် ပတ်သက်၍မူ သူက နားမလည်ဟန်သာ ဆောင်နေနိုင်ပေသည်။
"အိုကေ အိုကေ... ငါ့ဒဏ်ရာတွေ မကျက်သေးတာကို ထောက်ထားပြီး စိတ်မဆိုးပါနဲ့ကွာ..."
မိန်းကလေးတစ်ဦးကို ချော့မော့ရန် အကောင်းဆုံးနည်းလမ်းမှာ ဘာမှမပြောဘဲ ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်ခြင်းဖြစ်ကြောင်း ချန်ဖုန်း တစ်ခါက ကြားဖူးခဲ့ပေ၏။ ထို့ကြောင့်
စကားတစ်ခွန်းမျှ မဆိုတော့ဘဲ သူသည် ရှန်ကွမ်ယွဲ့ကို ဆွဲယူကာ သူမ၏ ပန်းရောင်သမ်းနေသော နှုတ်ခမ်းများကို အတင်းအကျပ် နမ်းရှိုက်လိုက်လေသည်။
"နင်..."
ရှန်ကွမ်ယွဲ့၏ မျက်လုံးများ ပြူးကျယ်သွား၏။
‘ဒီကောင်က တကယ်ကို အရှက်မရှိတာပဲ... သူမကို တကယ်ကြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်တာလား…’
ပန်းရောင်လက်သီးဆုပ်လေးများက ချန်ဖုန်း၏ ရင်ဘတ်ကို အဆက်မပြတ် ထုရိုက်နေခဲ့သော်လည်း သူက သေရေးရှင်ရေး အကျပ်အတည်းကို ယခုလေးတင် ဖြတ်သန်းလာခဲ့ရသည်ကို တွေးမိချိန်တွင် သူမ၏ လက်သီးများမှာ အားအင်ချည့်နဲ့သွားခဲ့ပေသည်။
နောက်ဆုံးတွင် သူမ လုံးလုံးလျားလျား သာယာနစ်မျောသွားခဲ့တော့၏။
ချန်ဖုန်းသည် ရှန်ကွမ်ယွဲ့အား ဆယ်မိနစ်တိတိ နမ်းရှိုက်ပြီးနောက်မှသာ သူမ၏ နှုတ်ခမ်းများဆီမှ ခွာလိုက်လေသည်။
"နင်... အရှက်မရှိတဲ့ကောင်..."
ရှန်ကွမ်ယွဲ့မှာ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်၏။
သို့သော် သူမ၏ မျက်နှာသွင်ပြင်မှာ သိသိသာသာ အနည်းငယ် ပိုမိုကောင်းမွန်လာခဲ့ပေသည်။
"အိုကေ... စိတ်မဆိုးနဲ့တော့..."
ချန်ဖုန်းက သူမ၏ ခါးကို ပေါ့ပေါ့ပါးပါး ဖက်ထားရင်း ပြောလိုက်သည်။
"မင်း စစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိရာထူးကနေ နုတ်ထွက်ဖို့ ငါ ကူညီပြီးသွားပြီ... အခုတော့ အိမ်မှာပဲ ကောင်းကောင်းနားနေတော့..."
"ဘာ..."
ရှန်ကွမ်ယွဲ့မှာ အနည်းငယ် အံ့အားသင့်သွားခဲ့၏။
သူမသည် ခွင့်တစ်နှစ်သာ ယူထားခြင်းဖြစ်ပြီး ကလေးမွေးဖွားပြီးနောက် စစ်ဘက်ဆိုင်ရာဌာနသို့ ပြန်သွားရန် စီစဉ်ထားခြင်း ဖြစ်ပေသည်။
ယခုအခါ ချန်ဖုန်းက သူမကို အမှန်တကယ် နုတ်ထွက်ခိုင်းလိုက်လေပြီ။ ရုတ်တရက် ရယ်ရခက် ငိုရခက်ဖြစ်ကာ စကားပင် မပြောနိုင်အောင် ဖြစ်သွားရတော့၏။
ချန်ဖုန်းက လေးနက်စွာ ပြောဆိုလိုက်သည်။
"မင်းရဲ့ ခန္ဓာကိုယ်က လောလောဆယ် စစ်ဘက်ဆိုင်ရာဌာနမှာ နေဖို့ တကယ်မသင့်တော်ဘူး... အဲဒီမှာ ညွှန်ကြားရေးမှူး ချင်ထိုက်နဲ့ ဝန်ကြီး ကျန်းထျန်ရှန်းတို့ တာဝန်ယူထားတာဆိုတော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး..."
"ဒါ့အပြင် မင်းက စစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိ ဖြစ်ပြီး ငါက အဇူရာနန်းတော်ရဲ့ သခင်လေ... ငါတို့ရဲ့ ပေါင်းစည်းမှုက ဟွာရှခေါင်းဆောင်ပိုင်းကို အနည်းငယ် စိုးရိမ်သွားစေနိုင်တယ်..."
"အဲဒီလို ဖြစ်လာမယ့်အစား စစ်ဘက်ဆိုင်ရာဌာနရဲ့ ရာထူးကို ကိုယ့်သဘောဆန္ဒအလျောက် စွန့်လွှတ်လိုက်တာက ပိုကောင်းလိမ့်မယ်... ဘာပဲဖြစ်ဖြစ် ဒါက ကိစ္စမရှိပါဘူး..."
သူ ရည်ညွှန်းသော 'အထက်လူကြီးများ' ဆိုသည်မှာ စစ်ဘက်ဆိုင်ရာဌာန၏ အကြီးအကဲဖြစ်သော ညွှန်ကြားရေးမှူး ချင်ထိုက်ကို ဆိုလိုခြင်းမဟုတ်ချေ။
စစ်ဘက်ဆိုင်ရာဌာနသည် ဟွာရှနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ၎င်း၏အထက်တွင် အခြားသော အဆင့်မြင့်အရာရှိများ ရှိနေသေးပေသည်။
ချန်ဖုန်းက ဆက်လက်ပြောဆိုလိုက်၏။
"ငါတို့ရဲ့ ဂုဏ်သတင်းက အရမ်းကြီးမားနေပြီ... ငါတို့ရဲ့ အောင်မြင်မှုတွေက အထက်လူကြီးတွေကို လွှမ်းမိုးနေတယ်ဆိုရင် အဲဒါက ရှောင်လွှဲလို့မရတဲ့ ပြဿနာတချို့ကို ဖြစ်စေလိမ့်မယ်..."
"ငါက ပြဿနာတွေကို မကြောက်ပေမဲ့... မင်းက ကိုယ်ဝန်ရှိနေပြီလေ... ပြဿနာတွေ ထပ်မဖြစ်ချင်တော့ဘူး... မင်းတို့နှစ်ယောက်လုံး ဘေးကင်းလုံခြုံနေဖို့ပဲ ငါ လိုချင်တယ်..."
"အင်းပါ... ငါလည်း ဘာမှ ဂရုမစိုက်ပါဘူး..."
ရှန်ကွမ်ယွဲ့က နှုတ်ခမ်းဆူလျက် ပြောလိုက်သည်။
သို့တိုင် သူမ အလွန်အမင်း ဝမ်းသာပီတိ ဖြစ်နေခဲ့ပေ၏။
အဘယ်ကြောင့်ဆိုသော် ချန်ဖုန်းသည် ယခုအခါ သူမ၏ ဘေးကင်းလုံခြုံရေးကို စဉ်းစားပေးနေသောကြောင့်ပင်။
သူမသည် စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ပြီး ဖြစ်လေသည်။ ဤကဲ့သို့သော ဘဝမျိုးကို ကြာမြင့်စွာကတည်းက ပင်ပန်းငြီးငွေ့နေခဲ့ပြီဖြစ်ကာ သာမန်လူတစ်ယောက်ကဲ့သို့ ပျော်ရွှင်စွာ နေထိုင်လိုခဲ့ပေ၏။
ရှန်ကွမ်ယွဲ့သည် သူမ၏ခေါင်းကို ချန်ဖုန်း၏ပခုံးပေါ်တွင် မှီထားလိုက်ပြီး ၎င်းတို့နှစ်ဦးသည် ဤအတိုင်း ဖြည်းညင်းစွာ ရှေ့သို့ လျှောက်လှမ်းသွားကြသည်။
အချိန်အတော်ကြာပြီးနောက်…
သူမက ရုတ်တရက် စကားစပြောလိုက်၏။
"ချူရှီယိုကို သွားပြီး နေရာချထားပေးလိုက်ဦး... ဘာပဲဖြစ်ဖြစ် သူက နင့်ရဲ့ အသက်သခင်ကျေးဇူးရှင်လေ... သူ့ကို ကျိုတိုမှာ ဒီတိုင်း ပစ်ထားလို့ မဖြစ်ဘူး..."
"မင်း သဝန်မတိုတော့ဘူးလား..."
ချန်ဖုန်းက ရယ်မောကာ ပြောလိုက်သည်။
"..."
ရှန်ကွမ်ယွဲ့မှာ သူ့ကို ဂရုစိုက်ရန်ပင် ပျင်းရိနေခဲ့လေ၏။
ရှောင်လန်ထံ ဖုန်းခေါ်ဆိုပြီးနောက် ရှန်ကွမ်မိသားစုဆီသို့ ပြန်သွားခဲ့သည်။
ချန်ဖုန်းသည် ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ နေထိုင်ရာ Great Wall အိမ်ခြံမြေကုမ္ပဏီ အဆောက်အအုံသို့ ရောက်ရှိလာခဲ့ပေ၏။
ဆရာတော်တန်၏ သမီးဖြစ်သူ ထန်ယိုယိုကိုလည်း ဤနေရာတွင် နေရာချထားပေးခဲ့သည်။
လူနေအိမ်ရာဝင်းထဲသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် ဆရာတော်တန်သည် သူ၏ရှေ့တွင် ပေါ်လာခဲ့၏။
"ဒကာချန်... ကတိအတိုင်းပါပဲ...မင်း မရှိတဲ့အချိန်အတွင်း ကျိုတိုမှာ အားလုံး အဆင်ပြေပါတယ်..."
"ဆရာတော် ပင်ပန်းသွားပြီ..."
ကျိုတိုရှိ ကိစ္စရပ်များကို ကြီးကြပ်ရန် ဆရာတော်တန်အား တာဝန်ပေးအပ်ခဲ့ခြင်းသည် အလွန် ယုံကြည်စိတ်ချရသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပေသည်။ သူ၏ စွမ်းအားမှာ သံသယဖြစ်ဖွယ် မရှိချေ။
ဆရာတော်တန်က ခဏတာ တုံ့ဆိုင်းနေပြီးနောက် စကားဆက်လိုက်၏။
"ဒါပေမဲ့...မင်း ဒုက္ခရောက်ပြီးတဲ့နောက်မှာ နန်ကုန်းရှုံက အခြေအနေကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့ပြီး တခြား အင်အားကြီး မိသားစုတချို့ကို ဆက်သွယ်ခဲ့တယ်..."
"သူတို့က အခြေအနေကို အခွင့်ကောင်းယူပြီး ထျန်ဖုန်းဂရုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ချင်ခဲ့ကြတာ..."
"ဒါပေမဲ့ နောက်ပိုင်းမှာ တခြားဘယ်သူမှ ဝင်မပါခဲ့ဘူး... နန်ကုန်းမိသားစု တစ်ခုတည်းပဲ ပါဝင်ပတ်သက်ခဲ့တယ်..."
"နန်ကုန်းရှုံက ဘယ်အခွင့်အရေးကိုမှ အလွတ်မပေးဘူးပဲ..."
ချန်ဖုန်းက မျက်လုံးကို မှေးစင်းလိုက်၏။ သူ၏ မျက်နှာပေါ်တွင် အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
ဆရာတော်တန်က ခေါင်းညိတ်ကာ ပြောဆိုလိုက်သည်။
"ကိုယ်တော် သူ့ကို ပြစ်ဒဏ်အနေနဲ့ လက်တစ်ဖက် ဖြတ်ပစ်လိုက်တယ်... အခုတလော သူ တော်တော်လေး ငြိမ်သွားတယ်..."
"တကယ်လို့ သူက ငြိမ်ငြိမ်နေနိုင်မယ်ဆိုရင် သူက နန်ကုန်းရှုံ ဖြစ်နေတော့မှာ မဟုတ်ဘူး..."
ထိုလူက ထိုမျှလောက် လိမ္မာမည်ဟု ချန်ဖုန်း မထင်မှတ်ထားခဲ့ချေ။
နန်ကုန်းမိသားစု၏ အကြီးအကဲတစ်ဦးအနေဖြင့် နန်ကုန်းရှုံသည် ဤမျှလွယ်ကူစွာ အလျှော့ပေးမည့်သူ လုံးဝ မဟုတ်ပေ။
"ဒါနဲ့... စစ်ဘက်ဆိုင်ရာဌာန သင်္ချိုင်းက ကျွန်တော့်ဖခင်ရဲ့ အုတ်ဂူကို တစ်ယောက်ယောက်က တူးဖော်ခဲ့တယ်လို့ ဒီရက်ပိုင်း ကောလာဟလတွေ ထွက်နေတယ်..."
"ဘယ်သူလုပ်တာလဲဆိုတာ ဆရာတော် သိလား..."
တစ်စုံတစ်ယောက်က အုတ်ဂူကို တူးဖော်ခဲ့ခြင်းကြောင့်သာ စစ်ဘုရင်၏ ရုပ်အလောင်း ပျောက်ဆုံးနေကြောင်း ၎င်းတို့ သိရှိသွားခဲ့ပြီး စစ်ဘုရင် မသေသေးကြောင်း ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်ပေ၏။
၎င်းမှာ ကောလာဟလတစ်ခုမျှသာ ဖြစ်သော်လည်း လူအများစုက ယုံကြည်နေကြဆဲပင်။
"ဒီကိစ္စကိုတော့ ကိုယ်တော် မသိဘူး..."
ဆရာတော်တန်က ခေါင်းခါလိုက်သည်။
"အိုကေ... ဆရာတော် သွားစရာရှိတာ သွားပါတော့..."
ချန်ဖုန်းက ခေါင်းညိတ်ပြပြီး ရှေ့သို့ လျှောက်သွားလိုက်၏။
ဤကိစ္စက အရေးမကြီးလှချေ။ အေးအေးဆေးဆေး စုံစမ်းစစ်ဆေးနိုင်သည်။
---