← Chapters

ငါ ဒါကို သည်းမခံနိုင်ဘူး…။

Vol. 104 Ch. 1423

ငါ ဒါကို သည်းမခံနိုင်ဘူး…။

Vol. 104 Ch. 1423

“သခင်…ကျနော် ပြန်ရောက်ပါပြီ။ ဒီနေရာမှာက ဆေးလုံးတွေရဲ့ ကုန်ကျစရိတ်ဟာ ရတနာလက်နက်တွေထက် ပိုများတယ်။ ပြီးတော့ ဒီမှာ ရုပ်သေးရုပ်လိုမျိုး အရာလည်း ရှိသေးတယ်။ ဒီရုပ်သေးက မသန်မာပေမယ့်လည်း အတော်လေး လူကြိုက်များကြတယ်။ ဒီရုပ်သေးကို ထိန်းချုပ်နိုင်ဖို့က နတ်ဘုရားအာရုံကို ၎င်းရဲ့အပေါ် ခပ်နှိပ်ထားလိုက်ရုံနဲ့ ဆန္ဒရှိသလို ထိန်းချုပ်နိုင်တယ်…”

ကျုံးသဟုန်သည် စကားပြောနေရင်း အတော်လေး စိတ်လှုပ်ရှားနေ၏။

ဝမ်လင်းသည် ဤနေရာသို့ ရောက်လာသည့်အခါ သူသည် ကျုံးသဟုန်ကို စေလွှတ်ကာ သတင်းအချက်အလက်အချို့အား စုဆောင်းခိုင်းထားခဲ့သည်။ ကျုံးသဟုန်သည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းမှ ဖြစ်သည့်အတွက် သူ အပြင်ထွက်သည့်အခါ သူ့အပေါ် မည်သည့်သံသယစိတ်မှ ဖြစ်ကြလိမ့်မည် မဟုတ်ပေ။

“ဒါ့အပြင် ရှေးဟောင်းကြယ်အဖွဲ့အစည်းအမိန့်ကိုလည်း ဒီနေရာမှာ လုံးဝ ရှိမနေတာ ကျနော် တွေ့ရှိခဲ့တယ်။ ဒါ့ကြောင့် သခင့်အနေနဲ့ စိတ်ချက်လက်ချ အနားယူနိုင်ပါတယ်…”

ကျုံးသဟုန်ကို စေလွှတ်ခဲ့ပြီးနောက် ဝမ်လင်းသည် သူ့စိတ်နှလုံးကို စစ်ဆေးကြည့်ရန် မန္တာန်တစ်ခု အသုံးပြုခဲ့သေး၏။ တကယ်တော့ ဝမ်လင်းသည် ပြန့်ကြဲမိုးကြိုးကလန်ကို ဖျက်စီးခဲ့သူ မဟုတ်လး။ ကျုံးသဟုန် သူ့အပေါ် မည်သို့အကြံ ရှိနေသည့်အပေါ် သူ့အနေဖြင့် မသေချာပေ။

သို့ပေမည့် ဝမ်လင်း တွေ့ရှိလိုက်သည်က မထင်မှတ်စွာဖြင့် ကျုံးသဟုန်သည် သူ့ကလန်ဖြစ်သော ပြန့်ကြဲမိုးကြိုးကလန်အပေါ်တွင် မည်သည့်ခံစားချက်မှ မရှိလုနီးနီး ဖြစ်နေခြင်းပင်။ ကျုံးသဟုန်၏အမြင်၌ သူ့ကလန်က သူ့ကို ဘယ်တုန်းကမှ အကူအညီမပေးခဲ့ပေ။ မိုးကြိုးသလင်းကျောက်ကြောင့်လည်း သူက အတော်လေး ဆက်တိုက်ဆိုသလို ဒုက္ခခံစားခဲ့ရသေး၏။ သူ၏အစောပိုင်းနှစ်များက ကျုံးသဟုန်သည် ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်ထိ ရောက်လာရန် သူ့ကိုယ်သူအပေါ်သာ မှီခိုခဲ့ရသည်။ သူက ကလန်ထဲ၌ တစ်ယောက်နှင့်တစ်ယောက် ရက်စက်မှုတို့ကိုလည်း တွေ့မြင်ခဲ့သည်။ ထို့ကြောင့် သူသည် သစ္စာမရှိလိုသည့်ခံစားချက် ရှိနေခြင်း ဖြစ်ပေမည်။

သည့်နောက် သူက ဝမ်လင်း နောက်လိုက်လာပြီး သူ မည်သို့ သန်မာလာမည်ကို သိရှိလာပြီးနောက် သူက မိုးကြိုးကလန်ကနေ ထွက်ခွာရန် တွေဝေခြင်းမရှိ ရွေးချယ်ခဲ့ပေသည်။

ပြန့်ကြဲမိုးကြိုးကလန်သည် ဖျက်စီးခံရပြီး ဖြစ်သော်လည်း ကလန်ကနေ ထွက်ခွာလာခဲ့သော လူများစွာ ရှိနေပြီး နေရာအနှံ့တွင် နေထိုင်ကြသည်သာ ဖြစ်၏။ ထို့အတွက် ပြန့်ကြဲမိုးကြိုးကလန်မှ လူများ သည်ပြိုလဲကုန်းမြေတွင် ပေါ်လာသည်မှာ သိပ်အံ့အားသင့်စရာ မဟုတ်ပေ။

ဝမ်လင်းက ခပ်တိုးတိုး မေးလိုက်၏။ “ရုပ်သေး ဟုတ်လား…”

ကျုံးသဟုန်သည် တက်ကြွလာကာ ခပ်သွက်သွက် ပြောလိုက်၏။ “သခင်…ဒီရုပ်သေးဟာ ဒီမှာ အတော့်ကို ဈေးကြီးလှပြီး အမည်မသိသတ္တုတွေနဲ့ ပြုလုပ်ထားတာပါ။ ဒီရုပ်သေးက သာမန်ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားကို ထုတ်ဖော်နိုင်တယ်။ နတ်ဘုရားအာရုံတောင် ပိုင်ဆိုင်နိုင်သေးတယ်။ ဒါက အံ့အားသင့်ဖွယ်ရာပါပဲ…”

ဝမ်လင်း၏အမူအရာသည် ပုံမှန်အတိုင်းသာ။ သူက ထိုရုပ်သေးကို စိတ်ဝင်စားမိ၏။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ဖြည်းဖြည်းချင်း မေးလိုက်သည်။ “မီးစာကလေးကလန်နဲ့ ပတ်သတ်တဲ့ သတင်းကော ရခဲ့သေးလား…”

“ဒီမှာတော့ မီးစာကလေးကလန်ဝင်တွေ များများစားစား ရှိမနေပါဘူး။ ကျနော်တော့ ဒီဂြိုဟ်ပေါ်မှ တစ်ယောက်မှ မတွေ့ခဲ့ရဘူး။ ဒါပေမဲ့ သတင်းအချက်အလက်တွေ စုဆောင်းနေရင်းနဲ့ သူတို့ဟာ ဒီအနီးအနားက မီးဗီဇဂြိုဟ်ပေါ်မှာတော့ အများဆုံး စုဝေးနေကြတယ်။ အသေးစိတ်တော့ ဒီကောင်လေးအတွက် စိမ်းလွန်းနေပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်တော့ ကျနော့် ပိုကောင်းတံအကြံ ရလာမှာပါ…”

ကျုံးသဟုန်သည် စကားဆိုရင်း သူ့ရင်ဘက်ကိုသူ ပုတ်လိုက်၏။

ဝမ်လင်း၏မျက်လုံးသည် မသိမသာ တောက်ပသွား၏။ သူ၏မိုးကြိုးအနှစ်သာရမှာ ပြည့်စုံသွားခဲ့ပြီး ဖြစ်သော်လည်း ကျန်သည့်အတူတကွရှိနေသော မိုးကြိုးအမျိုးအစားများတွင်မူ ချိုယွင်းချက်အနည်းငယ် ရှိနေသေးသည်။ သို့ပေမည့် ဝမ်လင်းသည် ထိုချိုယွင်းချက်အချို့ကို ပြင်နိုင်မည်ဟု ယုံကြည်မှု ရှိထားသည်။ သူ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် ဆက်ရှိနေရသည့် အကြောင်းရင်းမှာ သူ၏မီးအနှစ်သာရအတွက် ဖြစ်၏။

သူ၏မီးအနှစ်သာရကို ပြီးပြည့်စုံစေဖို့အတွက်၊ ဟင်္သာငှက်ကို ထပ်မံနိုးထလာစေဖို့အတွက် သူသည် မီးဓာတ်များစွာကို စုပ်ယူဖို့ လိုအပ်သည်။ မီးစာကလေးကလန်ကို ဝမ်လင်းက ဦးဆုံးရွေးချယ်ထား၏။ သူသည် သူတို့ကို လွယ်လွယ် လွှတ်ပေးမည် မဟုတ်ချေ။

သို့ပေမည့် သူသည် ပြန့်ကြဲမိုးကြိုးကလန်မှာတုန်းကကဲ့သို့ အတားအဆီးအားလုံးကို ချိုးဖျက်နိုင်ဖို့ အကူအညီရလိုက်သလိုမျိုး ကံကောင်းနိုင်တော့မည် မဟုတ်ပေ။ မီးစာကလေးကလန်အတွင်းသို့ သူတို့၏ကလန်ဝင်အဖြစ် ဝင်ရောရန်မှာလည်း လက်တွေ့ဆန်တော့မည် မဟုတ်ပေ။

အစတုန်းကတော့ ဝမ်လင်းက ထိုသို့ လုပ်ရန် စီစဉ်ထားသေး၏။ သို့သော် ခုချိန်တွင်မူ သူသည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုလုံး၏ အမဲလိုက်တာ ခံနေရသည် မဟုတ်လား။ သူ မီးစာကလေးကလန်၏ အဓိကနေရာသို့ မဝင်ရောက်နိုင်ခင်မှာပင် သူ့အား အမဲလိုက်နေသော လူများ အရင်ရောက်လာနိုင်ချေ များသည်။

ထိုသို့ဖြစ်သော်လည်း ဝမ်လင်းသည် ထူးခြားသောနည်းလမ်းတစ်ခုကိုတော့ တွေးထားခဲ့၏။ သူသာ အောင်မြင်ခဲ့ပါက သူသည် မီးစာကလေးကလန်၏ မီးကို လုံးဝ ဝါးမြိုနိုင်မည် ဖြစ်သည်။

“ကျုံးသဟုန်…ငါ့ဆေးလုံးတွေ ယူသွားပြီး ရုပ်သေးတစ်ရုပ် သွားဝယ်လိုက်…” ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ဆေးလုံးသုံးလုံး ပေါ်လာ၏။ ဒီလှိုဏ်ဂူအတွင်း ဆေးရနံ့များ ပြည့်နှက်သွားသည်။ ကျုံးသဟုန်သည် ထိုဆေးလုံးများကို စိုက်ကြည့်ရင်း ယင်းတို့ကို တရိုတသေ လက်ခံမယူနိုင်ခင်မှာ ခက်ခက်ခဲခဲ တံတွေးမြိုချမိ၏။

ဆေးလုံးများကို ကိုင်ထားရင်း ကျုံးသဟုန်က ကပ်ဖားယပ်ဖားအပြုံးကို ထုတ်ဖော်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “သခင်…ဒီမှာ ကျင့်ကြံခြင်းကိုယ်လုပ်တော်တွေလည်း ရောင်းချပါတယ်။ တစ်ယောက်လောက်များ ဝယ်ရင်ကောင်းမလားလို့…”

ဝမ်လင်း မျက်မှောင်ကြုတ်သွား၏။ ကျုံးသဟုန်သည် ချက်ခြင်း ပါးစပ်ပိတ်ကာ ခပ်သွက်သွက် ထွက်သွားတော့သည်။

လှိုဏ်ဂူထဲမှ ထွက်လာပြီးသည့်နောက် ကျုံးသဟုန်၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနစ်နေလေ၏။ ဝမ်လင်းနောက်သို့ လိုက်ခြင်းက အခွင့်အရေးကြီးတစ်ခု ဖြစ်သော်လည်း ထိုမျက်မှောင်တစ်ချက်ကြုံ့ရုံဖြင့် ကျုံးသဟုန်ကို ထိတ်လန့်စေလေ၏။

“ငါ သခင်ရဲ့ သိုလှောင်နေရာလွတ်ထဲမှာတုန်းကဆို ဟိုရှုလီကောက ငါ့ကို အတော်လေး အနိုင်ကျင့်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ့ကျင့်ကြံမှုအဆင့်ဟာ ငါ့ထက် ပိုမြင့်နေလို့ပဲ။ ငါ ဒါကို မှတ်ထားမယ်။ ငါ့ကျင့်ကြံမှုအဆင့် တိုးလာတာနဲ့ ငါ ကျိန်းသေပေါက် လက်စားပြန်ချေမယ်…”

“ဟက်..ဟက်… ငါ သခင်ထံ ကောင်းကောင်း အမှုထမ်းနေသ၍ ဒီလိုနေ့ ရောက်လာဖို့ သိပ်ဝေးမှာ မဟုတ်တော့ပါဘူး...” ကျုံးသဟုန်သည် ဆေးလုံးများကို ကိုင်ထားရင်း အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားလေသည်။

သူသည် ဤနေရာတွင် ရှိနေသည်မှာ ရက်အတော်အတန် ကြာခဲ့ပြီ ဖြစ်သည်။ သူ၏ ဖော်လံဖားစကားပညာရပ်နှင့် ပင်ကိုယ်အရည်အချင်းကြောင့် သူက အဆင့်နိမ့်ကျင့်ကြံသူအချို့နှင့် မိတ်ဆွေဖြစ်အောင် လုပ်နိုင်ခဲ့သည်။ သိပ်မကြာခင်တွင် ကျုံးသဟုန်က တောင်ကြားတစ်ခု အပြင်ဘက်သို့ ရောက်လာ၏။ သူက သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။ “အစ်ကိုကြီးကျန့်…ညီလေးကျုံး အလည်လာပါတယ်…”

ထိုတောင်ကြားသည် အလွန်တိတ်ဆိတ်နေကာ ဆူးပင်များနှင့် ပြည့်နှက်နေသည်။ အကြည့်တစ်ချက်ဖြင့်ပင် သည်နေရာမှာ လူသူကင်းမဲ့ကာ ယင်စွမ်းအင်နှင့် ပြည့်နေသည်ကို သိနိုင်သည်။ မြေပြင်ထက်၌လည်း တိရိစ္ဆာန်အရိုးများဖြင့် ပြုလုပ်ထားသော အစီအရင်တစ်ခု ရှိ၏။

ထိုတောင်ကြား၏ အတွင်းပိုင်းမှာ‌တော့ လှိုဏ်ဂူတစ်ခု ရှိသည်။ ယင်းလှိုဏ်ဂူအဝတွင် အနက်ရောင်မြူများ ဖုံးနေလျက် အတွင်းဘက်ကို မြင်ရဖို့ မဖြစ်နိုင်ပေ။

ကျုံးသဟုန် ထိုကဲ့သို့ ပြောလိုက်သည့်နောက် လှိုဏ်ဂူတွင်းမှ ထူးဆန်းသော ရယ်သံ ထွက်ပေါ်လာပြီး အနက်‌ရောင်မြူများ ကောင်းကင်ထက် ထိုးတက်သွားသည်။ တစ်ချိန်တည်းမှာ ပိန်ပါးပါးအဘိုးအိုတစ်ယောက်သည် လှိုဏ်ဂူထဲကနေ လှမ်းထွက်လာသည်။

ထိုအဘိုးအို၏ ဆံပင်များမှာ ရှုပ်ပွနေကာ သူ့ခန္ဓာကိုယ်မှာလည်း အရိုးပေါ်အရေတွင်သာ။ သူ့မျက်လုံးက နီရဲနေလျက် ကြောက်ဖို့ကောင်း၏။

ထိုအဘိုးအိုက ကျုံးသဟုန်နားသို့ ရောက်လာပြီး ပြောလိုက်သည်။ “ညီလေးကျုံးကို။ စောစောက မင်း မင်းရဲ့သခင်ရှိ ပြန်မလို့ ပြောခဲ့တယ်မလား။ မင်း ခုလောက်မြန်မြန် ပြန်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး…”

ကျုံးသဟုန်က ပြုံးလိုက်၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းကာ ဝမ်လင်း သူ့အား ပေးထားခဲ့သော ဆေးလုံးသုံးလုံးထဲမှ တစ်လုံးကို ထုတ်ယူလိုက်သည်။ သူက ထိုပိန်ပါးပါးအဘိုးအိုထံသို့ ဆေးလုံးကို တောက်ထုတ်လိုက်သည်။

အဘိုးအို၏မျက်လုံးသည် ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူက ဆေးလုံးကို အနီးကပ်ကြည့်သည်။ သူ့အမူအရာသည် ချက်ခြင်း ပြောင်းလဲသွားကာ မျက်လုံးထဲ၌ ကျေနပ်သဘောကျမှု ပြည့်နှက်သွားသည်။

“ဒါက အရည်အသွေးမြင့် ဆေးလုံးတစ်လုံးပဲ။ ငါ့ကျင့်ကြံမှုအတွက် အတော်လေး သင့်တော်တယ်။ ရှာဖို့လည်း တော်တော်ခက်တယ်။ ညီလေးကျုံး…ဒါက…”

ကျုံးသဟုန်သည် ရယ်မောကာ သူ့လက်နှစ်ဖက်ကို ဆုပ်၍ ပြောလိုက်သည်။ “ဒီလိုဆေးလုံးမျိုးက ငါ့သခင်အတွက် အသုံးမဝင်ဘူး။ ညီလေးက အစ်ကိုကျုံး စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအလယ်အဆင့်မှာ ရောက်နေတာ အတော်ကြာပြီကို တွေ့မြင်ခဲ့တယ်။ ဒါ့ကြောင့် ဒီဆေးလုံး လိုမယ်လို့ ယူဆခဲ့တာ။ ဒါကို လက်ခံလိုက်ပါ…”

ပိန်ပါးပါးအဘိုးအိုသည် အသက်ဝဝရှုကာ ဆက်လက် ယဉ်ကျေးမနေတော့ဘဲ သူက ဆေးလုံးကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။ သူက ကျုံးသဟုန်ကို ကြည့်ကာ ခပ်တိုးတိုး ပြော၏။ “ညီလေးကျုံး…မင်းသခင်ရဲ့ ကျင့်ကြံမှုအဆင့်က...”

သူက အနည်းငယ် ချီတုံချတုံဖြစ်ပြီးနောက် ဆက်ပြောလိုက်၏။ “သူက ယင်နဲ့ယန်အဆင့်များ ဖြစ်နေနိုင်မလား…”

ကျုံးသဟုန်သည် ထိုလူက သူ၏သခင်အကြောင်း ပြောလာမည်ကို မျှော်လင့်ထားပြီးပင်။ ထို့ကြောင့် သူ၏အမူအရာသည် လေးစားသည့်ဟန်ပန် ဖြစ်လာကာ ခပ်တိုးတိုး ပြောလိုက်၏။ “ငါ့သခင်ရဲ့ ကျင့်ကြံမှုအဆင့်ဟာ မိုးထိမြင့်မားတယ်။ ငါ သူ့ရဲ့ ကျင့်ကြံမှုအဆင့် အတိအကျကိုတော့ မသိဘူး။ ဒါပေမဲ့ ငါ့သခင်ဟာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာကိုတော့ ငါ မြင်ခဲ့ဖူးတယ်…”

ပိန်းပါးပါးအဘိုးအိုသည် လေအေးတစ်ချက် ရှိုက်သွင်းမိ၏။ သူသည် ထိုစကားက အမှန်လား၊အမှားလားကို မစူးစမ်းဝံ့ပေ။ မှန်သည်ဖြစ်ဖြစ်၊မှားသည်ဖြစ်ဖြစ် သည်လိုဆေးလုံးများကို ဘာမှမဟုတ်သလို ထုတ်ပေးနိုင်သော ပုဂ္ဂိုလ်မျိုးမှာ သူ စော်ကားနိုင်သည့် လူမျိုး မဟုတ်ပေ။

“ညီလေးကျုံးက ဒီလိုသခင်မျိုးနောက်ကို လိုက်ရတာ ကံကောင်းတာပဲ။ အနာဂတ်မှာ မင်းရဲ့ ကျင့်ကြံမှုအဆင့်ဟာ ကျိန်းသေပေါက် မြင့်မားလာမှာပဲ။ အဲ့ကျရင်သာ ဒီက အစ်ကိုကြီးကို မမေ့ပစ်နဲ့…”

ပိန်ပါးပါးအဘိုအို၏ မျက်လုံးထဲတွင် မနာလိုမှုတို့ ဖြစ်ပေါ်သည်။

ကျုံးသဟုန်ကလည်း ရယ်ကာမောကာ ပြန်ပြောလိုက်၏။ “ဘယ်မေ့မလဲ။ တကယ်တော့ ငါ ဒီတစ်ခါ အစ်ကိုကျန့်ကို အကူအညီလေး တောင်းစရာ ရှိတယ်…”

“ညီလေးကျုံး ပြောကြည့်လေ…ငါတတ်နိုင်တာ အကုန် ကူညီပေးမယ်…” ထိုပိန်ပါးပါးအဘိုးအိုသည် ကျုံးသဟုန်ကို လွန်ခဲ့သောရက်အတော်အတန်က တွေ့ဆုံခဲ့၏။ ထိုလူသည် အတော်လေး ကြွယ်နေသဖြင့် သူ့ကို လောဘတက်စေခဲ့သည်။ သူက ကျုံးသဟုန်ထံမှ လုယူချင်ခဲ့သည်။ သို့သော် သူ သတိထားခဲ့သည်။ အချက်အလက်အချို့ကို စုဆောင်းပြီးနောက် သူက ကျုံးသဟုန်ထံ၌ သခင်တစ်ယောက်ရှိမှန်းကို သိရှိလာခဲ့သည်။

စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကို အစေခံတစ်ယောက်အဖြစ် ထားနိုင်သည့်သူမျိုးက သူ တိုက်ခိုက်နိုင်သည့်လူစားမျိုး မဟုတ်နေပေ။ ထို့ကြောင့် သူက သူ့လောဘကို ပြန်ဖိနှိပ်ထားခဲ့ရ၏။ ကျုံးသဟုန်ကလည်း စကားရောဖောရောတွင် အရည်အချင်းရှိကာ သူက ဆေးလုံးတော်တော်များများကိုလည်း ထုတ်ပေးခဲ့သေးသည်။ သည်လိုဖြင့် သူတို့နှစ်ယောက်သည် အပေါင်းအပါများ ဖြစ်လာခဲ့ကြခင်းပင်။ သူတို့၏ ကိုယ်စီရည်ရွယ်ချက်များဖြင့်ပေါ့။

အစတုန်းက ထိုအဘိုးအိုသည် သံသယစိတ် ဖြစ်နေခဲ့သေးသည်သာ။ သို့သော် ကျုံးသဟုန်က အခုလိုမျိုး ဆေးလုံးများကို လွယ်လင့်တကူ ထုတ်ပေးနိုင်သည်ကို တွေ့သည့်အခါ သူသည် ကျုံးသခင်၏သခင်မှာ အလွန်ဆန်းကြယ်သူဟု ခံစားမိတော့၏။

“အစောပိုင်းတုန်းက အစ်ကိုကြီးကျန့်က ရုပ်သေးအကြောင်း ‌ပြောခဲ့တယ်နော်။ ညီလေးက သခင့်ကို ဒီအကြောင်း ပြန်ပြောပြခဲ့တယ်။ သခင်က ဒီရုပ်သေးကို ဝယ်ဖို့ စိတ်ဝင်စားနေတယ်။ အစ်ကိုကျုံး သိပါတယ်။ ညီလေးက ဒီနေရာကို ခုမှ ရောက်ပြီး သိပ်မကျွမ်းဝင်သေးဘူးဆိုတာ။ ဒီတော့ အစ်ကိုကျန့်က ဒီကိစ္စမှာ ငါ့ကို ကူညီပေးဖို့ မျှော်လင့်မိတယ်။ ဒီကိစ္စဖြစ်မြောက်ရင် ငါ သင့်ကို တကယ် ကျေးဇူးတင်မိမှာ…”

ကျုံးသဟုန်၏မျက်လုံးသည် တလက်လက် ဖြစ်နေကာ သူသည် ပြုံး၍ ထိုပိန်ပါးပါးအဘိုးအိုကို ကြည့်နေသည်။

အဘိုးအိုသည် ကျုံးသဟုန်၏ စကားကို ကြားလိုက်သည့်နောက် သူသည် ချီတုံချတုံ ဖြစ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ညီလေးကျုံး…ဒီရုပ်သေးဟာ ဝယ်ဖို့ မလွယ်ဘူး။ ငါတို့က ပင်မဂြိုဟ်ပေါ်မှာဆိုရင်တော့ လွယ်လွယ်ဝယ်နိုင်တယ်။ ဒါပေမဲ့ ဒီမှာက ကင်းမြှီးကောက်နက်ကလန်ဟာ ဒီရုပ်သေး ရောင်းဝယ်မှုကို ထိန်းချုပ်ထားတာ။ သူတို့ဟာ အတော်လေးကို လွှမ်းမိုးထားနိုင်ပြီး ဈေးကလည်း အဆမတန် မြင့်တယ်။ မင်း ဒါကို ဝယ်ချင်တာ ကျိန်းသေရဲ့လား…”

ကျူံးသဟုန် ခေါင်းညိတ်လိုက်သည်ကို တွေ့သည့်အခါ ထိုအဘိုးအိုသည် အနည်းငယ် စဉ်းစားသွား၏။ ထို့နောက် သူက အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ…ငါ မင်းကို လိုက်ပို့ပေးမယ်…”

ထိုသို့ပြောပြီးနောက် သူက ဦးဆောင်ကာ အကွာအဝေးတစ်ခုထံသို့ ထွက်သွားတော့သည်။

သည်ဂြိုဟ်၏ အနောက်ဘက်ဧရိယာတွင် မြို့ပျက်တစ်ခု ရှိလေ၏။ ယင်းမြို့ပျက်တွင် နေရာများစွာသည် ပျက်စီးနေကာ မျှော်လင့်ချက်ဆိတ်သုန်းနေသည်နှင့် တူသည်။ သို့သော် ယင်းမြို့မှာ အလွန်သက်ဝင်လှပေသည်။ ကျင့်ကြံသူများစွာသည် ထိုနေရာသို့ လာရောက်နေကြ၏။

ပိန်ပါးပါးအဘိုးအိုကလည်း ထိုနေရာနှင့် အတော်လေး ကျွမ်းဝင်သည်မှာ သိသာ၏။ သူက ကျုံးသဟုန်ကို ဦးဆောင်ခေါ်လာပြီး အဆောက်အဦခန်းမတစ်ခုထဲသို့ ဂရုတစိုက် ဝင်ရောက်လာသည်။

ထိုမြို့၏ဗဟိုတွင် ခန်းမတစ်ခု ရှိ၏။ သို့သော် ထိုနေရာတွင် ကျင့်ကြံသူအနည်းငယ်သာ ရှိသည်။ ကျင့်ကြံသူများမှာ ထိုခန်းမကို ရှိန်၍ထိန်လန့်နေသည့်အလား အထဲသို့ မဝင်ရောက်ကြသည့်ပုံ ပေါ်သည်။ သူတို့က ဤနေရာကို ပတ်၍သာ သွားလေ့ရှိသည်။

ကျုံးသဟုန်နှင့် ပိန်ပါးပါးအဘိုးအိုကို လူအများက မြင်သည်။ အများစုသည် ကြိတ်၍ ခေါင်းယမ်းမိကြ၏။

သူတို့ ထိုခန်းမအတွင်း ဝင်ရောက်လာသည်နှင့် ကျုံးသဟုန်၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ အဘက်ဘက်ကနေ အေးစက်စက်စွမ်းအင်များ ထွက်ပေါ်နေသည်ကို သူ ခံစားမိလိုက်သည်။ သူသည် ထိုစွမ်းအင်ကို သူ့ကျင့်ကြံမှုအဆင့်ဖြင့် မခုခံနိုင်ပေ။ ထို့ကြောင့် ယင်းစွမ်းအင်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ချက်ခြင်း ဝင်ရောက်လာ၏။ ယင်းက သူ့စိတ်နှလုံးကို တုဖြင့်ထုချလိုက်သည့်အလား။ သူသည် ချက်ခြင်းပင် သွေးအန်လိုက်ရသည်။

ပိန်ပါးပါးအဘိုးအို၏မျက်နှာမှာလည်း ဖြူရောနေသည်။ သူက အောက်သို့ အလျင်အမြန် ဒူးထောက်ချလိုက်ပြီး ပြောလိုက်သည်။ “ဂျူနီယာတို့မှာ စော်ကားလိုစိတ် မရှိပါဘူး။ ရုပ်သေးတစ်ရုပ် လာဝယ်ချင်ရုံပါ…”

ထိုခန်းမကား အတော်လေးကြီးမားသည်။ အလယ်တွင် ရုပ်တုတစ်ခု ရှိနေသည်။ ထိုရုပ်တုသည် နက်မှောင်ကာ ကင်းမြီးကောက်တစ်ကောင်၏ ရုပ်တုပင်။ ၎င်းထံမှ အေးစိမ့်သောအော်ရာကို ပေးစွမ်းလေ၏။ ထိုအအေးစွမ်းအင်က ကျုံးသဟုန်ကို သွေးအန်သွားစေခြင်းပင်။

“ရုပ်သေးဝယ်ချင်တယ် ဟုတ်လား…။ မင်းတို့လို စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က ဘယ်လိုလုပ် ရုပ်သေး ဝယ်ဖို့ တတ်နိုင်မလဲ…”

ခန်းမ၏အနောက်ဘက်မှ သက်လတ်ပိုင်းလူတစ်ယောက် လှမ်းလျှောက်လာရင်း အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုသူ၏အမူအရာသည် သုန်မှုန်နေလျက် သူ့မျက်လုံးထဲတွင် အထင်သေးမှုတို့ ရှိနေသည်။ သူ၏မျက်ခုံးနှစ်ခုကြားတွင်လည်း ကြမ်းကြုတ်သောကင်းမြှီးကောက်အမှတ်အသားတစ်ခု ရှိသည်။

ထိုကင်းမြှီးကောက်က အသက်ဝင်နေဟန် ရ၏။ ၎င်း၏အမြှီးက မထင်မှတ်စွာဖြင့် လှုပ်ရမ်းနေကာ နတ်ဆိုးဆန်သောခံစားမှုကို ပေးစွမ်းလေသည်။

ကျုံးသဟုန်က အသက်ခပ်ဝဝရှုသွင်းကာ အလျင်အမြန် ဦးညွတ်လိုက်သည်။ သူက ဝမ်လင်း သူ့အား ပေးထားခဲ့သော ဆေးလုံးကို ထုတ်ကာ တရိုတသေ ပြောလိုက်သည်။ “ဂျူနီယာက ဒီဆေးလုံးနဲ့ ရုပ်သေးတစ်ရုပ် ဝယ်ချင်ပါတယ်…”

သက်လတ်ပိုင်းလူက သူ့ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ထိုဆေးလုံးသည် သူ့လက်ထဲသို့ ပျံသန်းဝင်လာပြီး သူက ဘာမှဟုတ်သကဲ့သို့ ကြည့်လိုက်၏။ သို့ပေမည့် သူ့အကြည့်သည် ချက်ခြင်း ပြောင်းလဲသွားကာ သူသည် ကျူံးသဟုန်နှင့် ပိန်ပါးပါးအဘိုးအိုတို့ကို လစ်လျူရှုထားလိုက်တော့သည်။ သူက ဆေးလုံးကို ခပ်သွက်သွက် နမ်းရှုံ့ကြည့်လိုက်သည်။ ထို့နောက် သူ့နတ်ဘုရားအာရုံဖြင့်ပင် စစ်ဆေးကြည့်လိုက်ပြီး သူ၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားလေသည်။

“ဒါက တကယ့်ကို စိတ်ဝိညာဉ်ဆေးလုံးပဲကိုး…” သက်လတ်ပိုင်းလူ၏အကြည့်သည် ကျုံးသဟုန်အပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်းမှာ နောက်ထပ် ဘယ်နှစ်လုံး ရှိသေးလဲ…”

ကျုံးသဟုန်သည် ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။ “နောက်ထပ် တစ်လုံးပဲ ရှိပါတယ်…” သူ ထိုသို့ ပြောလိုက်ရင်း သူသည် တခြားလူ၏ အမေးကိုပင် စောင့်မနေဘဲ သူ့ဟာသူ နောက်ထပ် ဆေးလုံးတစ်လုံးကို ထုတ်ပေးလိုက်သည်။

ဆေးလုံးနှစ်လုံးကို ကိုင်ထားရင်း သက်လတ်ပိုင်းလူက ကျုံးသဟုန်ကို စိုက်ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူသည် သူ့ရှေ့ရှိလူမှာ အတော်လေး ကံကောင်းမှု ရလာခဲ့သည်ဟု ယုံကြည်၏။ ထိုဆေးလုံးများသည် ရှားပါးလွန်းကာ နှစ်လုံးဆိုသည့်ပမာဏကပင် အတော်လေး များလှနေပေပြီ။

ခေါင်းညိတ်ပြလိုက်ပြီးနောက် သက်လတ်ပိုင်းလူက သူ့လက်ကို ဝေ့ယမ်းလိုက်၏။ သူ၏ကလန်အမှတ်အသားသည် တောက်ပသွားကာ သူတို့ရှေ့၌ အစစ်အမှန်လူတစ်ယောက်နှင့် အတိအကျတူသော ရုပ်သေးတစ်ရုပ် ထွက်ပေါ်လာသည်။

ထိုရုပ်သေး၏မျက်ခုံးနှစ်ခုကြားတွင်တော့ မည်သည့်ကလန်အမှတ်အသားမှ ရှိမနေပေ။ ၎င်းက အရုပ်တစ်ရုပ်၏ ဟန်ပန်သာ ရှိသည်။ ယင်းအရုပ်တွင် မည်သည့်ဉာဏ်ရည်မှ ရှိမနေ၊အသက်ဓာတ်တို့ ကင်းမဲ့လျက်သာ။ ၎င်း၏ကျင့်ကြံမှုအဆင့်ကတော့ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အစောပိုင်းတွင် ရှိသည်။

“တတဒီဆေးလုံးနှစ်လုံးဟာ ဒီရုပ်သေးနဲ့ လဲလှယ်နိုင်တယ်။ မင်းတို့နှစ်ယောက် ထွက်သွားကြတော့…” သက်လတ်ပိုင်းလူသည် လှည့်၍ ခန်းမအတွင်းပိုင်းသို့ ခပ်သွက်သွက် လှမ်းလျှောက်သွားတော့သည်။

သူ မထွက်သွားခင်မှာပင် ကျုံးသဟုန်နှင့် ပိန်ပါးပါးအဘိုးအိုတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့က တစ်ယောက်မျက်လုံးထဲရှိ ကြောက်ရွှံ့မှုကို တစ်ယောက်က တွေ့မြင်လိုက်သည်။ ကျုံးသဟုန်သည် နောင်တရသလို ခ့စားမိနေ၏။ သူသည် အခုလိုမျိုး ရုပ်သေးတစ်ရုပ်ကို လာဝယ်ရုံဖြင့် အသက်အန္တရာယ်ကြုံရလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

သူက ရုပ်သေးရုပ်ကို အလျင်အမြန် သိမ်းဆည်းကာ ပိန်ပါးပါးအဘိုးအိုနှင်အတူ ထွက်ခွာလာတော့သည်။

သက်လတ်ပိုင်းလူအတွက်ကမူ ခန်းအတွင်းနက်ပိုင်းသို့ ဝင်ရောက်လာပြီးနောက် သူက ခြေတစ်လှမ်းလှမ်းကာ မြေအောက်သို့ နစ်ဝင်သွားသည်။ မြေအောက်တွင် ပုန်းကွယ်နေသော တခြားလောကတစ်ခု ရှိလို့နေ၏။

ထိုမြေအောက်တွင် မျှော်စင်တစ်ခုဖြစ်ပြီး ဤခန်းမက ထိပ်ဖျားပိုင်းမျှသာ။ သည်နေရာမှာ ဒုတိယထပ်ဖြစ်ပြီး ကင်းမြှီးကောက်ရုပ်တုတစ်ခုလည်း ရှိနေသည်။ ယင်းရုပ်တုပေါ်တွင် လူငယ်တစ်ယောက် ထိုင်နေလျက် ရှိသည်။

လူငယ်သည် ကျင့်ကြံနေရင်း သူက ရုပ်တု၏စွမ်းအားကို စုပ်ယူနေသည့်ဟန် ပေါ်သည်။ သက်လတ်ပိုင်းလူ ရောက်ရှိလာချိန်တွင် သူက မျက်လုံးဖွင့်လိုက်သည်။

“လူငယ်သခင်…စောနက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က ဒီဆေးလုံးနှစ်လုံးကို ယူလာခဲ့ပါတယ်…” ထိုသက်လတ်ပိုင်းလူက ဆေးလုံးများကို ကမ်းလှမ်းပေးလိုက်သည်။ လူငယ်က ယင်းဆေးလုံးများကို ယူကာ တစ်ချက် ကြည့်လိုက်ပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“စိတ်ဝိညာဉ်ဆေးလုံးတွေ။ အဆင့်ကတော့ သာမန်ပါပဲ။ ဒါပေမဲ့ ဒီစိတ်ဝိညာဉ်ဟာ သိပ်တော့ မဆိုးဘူး။ ဟိုကျင့်ကြံသူလေးနှစ်ယောက်ကိုတော့ တစ်ယောက်ကို ဖမ်းပြီး တစ်ယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်။ ပြီးရင် နတ်ဘုရားအာရုံအမှတ်အသားတစ်ခု ချန်ထားခဲ့ပြီး သူ ဘယ်နေရာကို သွားတာလည်း ကြည့်ချေ။ နောက်ကျရင် ဒီလိုဘာမမဟုတ်တဲ့ ကိစ္စလေးနဲ့ ငါ့ကို လာမနှောက်ယှက်ပါနဲ့…” ထိုလူငယ်သည် မျက်လုံးမှိတ်ကာ ဤကိစ္စကို အာရုံစိုက်မနေတော့ချေ။

သက်လတ်ပိုင်းလူက ဦးညွတ်လိုက်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။

ကျုံးသဟုန်နှင့် ပိန်ပါးပါးအဘိုးအိုတို့သည် မြို့ထဲကနေ အလျင်အမြန် ထွက်လာသည်။ ကောင်းကင်ထက်တွင် ထိုအဘိုးအိုသည် မချိပြုံးပြုံးကာ ပြောလိုက်သည်။ “ညီလေးကျုံး…ကင်းမြှီးကောက်နက်ကလန်ဟာ အတော့်ကို အနိုင်ကျင့်တာ။ ဒီဂြိုဟ်ပေါ်က ဘယ်သူကမှ သူတို့ကို သွားရန်မစဝံ့ကြဘူး။ ငါတို့ ဒီလိုမျိုး ရုပ်သေးကို ဝယ်နိုင်တာပဲ ကံကောင်းလှပြီ…တကယ်တော့…” ထိုအဘိုးအို၏ စကားမဆုံးခင်မှာပင် သူ့မျက်လုံးသူငယ်အိမ်မှာ ကျုံ့သွားကာ သူသည် ရှေ့တည့်တည့်သို့ ကြည့်လိုက်သည်။

ကျုံ့သဟုန်ကလည်း သူ့ဦးရေပြားထုံထိုင်းသလို ခံစားလိုက်ရသည်။ သူသည် နှေးဖင့်မနေဘဲ ချက်ခြင်း ထွက်ပြေးလေ၏။

အေးစက်စက်နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာသည်။ မကြာခင်မှာပင် အနက်ရောင်အလင်းတန်းနှစ်ခု ထိုးထွက်လာသည်။ တစ်ခုသည် အဘိုးအိုထံသို့ ဦးတည်ဝင်သည်။ သူသည် ထိုအလင်းတန်းကို တစ်စက်လေးပင် မခုခံနိုင်ဘဲ ချက်ခြင်း အဖမ်းခံလိုက်ရသည်။

အခြားအလင်းတန်းတစ်ခုကမူ ကျုံးသဟုန်ကို ချက်ခြင်း မှီလာကာ သူ့ကျောပေါ်သို့ ကျရောက်သွားသည်။ ကျုံးသဟုန်၏မျက်နှာသည် ချက်ခြင်း မဲမှောင်သွားပြီး သူက အသည်းအသန် ထွက်ပြေးရင်း သွေးအန်လိုက်ရသည်။

ကင်းမြှီးကောက်နက်ကလန်မှ သက်လတ်ပိုင်းလူသည် ပေါ်လာ၏။ သူသည် ကျုံးသဟုန် ပျောက်ကွယ်သွားသောနေရာသို့ အေးစက်စက် ကြည့်လိုက်သည်။ သူက နောက်လှည့်ကာ အသိစိတ်လွတ်နေသော အဘိုးအိုကို ဖမ်းဆုပ်ပြီးနောက် ကင်းမြှီးကောက်နက်ကလန်၏ ခန်းမထံသို့ ပြန်လာတော့သည်။

ကျုံးသဟုန်၏မျက်နှာမှာ အလွန်အမင်း ဖြူရောနေသည်။ သူ တွေ့ကြုံခဲ့ရသော အန္တရာယ်ကြောင့် သူသည် ဤနေရာမှာ ပြန့်ကြဲမိုးကြိုးကလန်ထက် များစွာပိုအန္တရာယ်များကြောင်းကို သိလိုက်ပြီ ဖြစ်သည်။

“ဒီဆေးလုံးတွေဟာ အာရုံစိုက်မှုများစွာကို ဖြစ်စေနိုင်တယ်။ အား…ငါ အကိုင်အတွယ်မှားခဲ့ပြီ။ ငါဟာ ရောင်းရင်းကျန့်ကို ထိခိုက်စေခဲ့ရုံတင်မကဘဲ ကပ်ဘေးတစ်ခုဖြစ်အောင် ပြုလုပ်မိတော့မယ်…”

ကျုံးသဟုန်သည် ဝမ်လင်းရှိနေသော လှိုဏ်ဂူထံသို့ အမြန်ဆန်းနှုံးဖြင့် ပျံသန်းလာသည်။

“ကျင့်ကြံခြင်း…။ ငါသာ မြင့်မားတဲ့ကျင့်ကြံမှုအဆင့်ရှိရင်၊ ရှုလီကောလိုမျိုး ကျင့်ကြံမှုအဆင့်ရှိနေရင်း အခုလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ ငါ ကျုံးသဟုန်ဟာ သန်မာလာမှ ဖြစ်တော့မယ်…” ကျုံးသဟုန်သည် ဆုံးဖြတ်ချက်အပြည့်ဖြင့် အံတင်းတင်း ကြိတ်လိုက်၏။ တစ်နာရီကြာပြီးနောက် ဝမ်လင်း၏လှိုဏ်ဂူသည် သူ့ရှေ့တွင် ပေါ်လာသည်။

တောင်ထိပ်ပေါ်သို့ ရောက်လာပြီးနောက် ကျုံးသဟုန်က ခါးသီးစွာဖြင့် လှမ်းဝင်လာ၏။ သူသည် နောက်ထပ်သွေးအန်လိုက်ရပြန်သည်။

ဝမ်လင်းသည် ကျင့်ကြံနေရာကနေ ကျုံးသဟုန် လှမ်းဝင်လာသည့်အခါ မျက်လုံးဖွင့်ကြည့်သည်။ သူ့မျက်လုံးတို့က ကျုံးသဟုန်ကို ကြည့်နေရင်း စူးရှတောက်ပနေသည်။

ဝမ်လင်းသည် ဖြည်းဖြည်းချင်း မေးလိုက်သည်။ “ရုပ်သေးကော…”

ကျုံးသဟုန်၏မျက်နှာမှာ ဖြူရောနေ၏။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ရုပ်သေးပေါ်လာသည်။ ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ ရုပ်သေးသည် သူ့ထံသို့ ပျံသန်းလာကာ သူ့ရှေ့တွင် ရပ်တန့်သွားသည်။

ဝမ်လင်းက ၎င်းကို သေချာ ကြည့်လိုက်သည်။ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာသည်။

“ဒါက…” ခဏအကြာတွင် ဝမ်လင်းက သူ့အကြည့်ကို ရုတ်သိမ်းကာ ထိုရုပ်သေးကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက မေးလိုက်၏။ “မင်း ဘယ်လိုလုပ် ဒဏ်ရာရလာခဲ့တာလဲ…”

ကျုံးသဟုန်သည် အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ဖြစ်ပျက်ခဲ့သမျှအားလုံးကို ပြန်ပြောပြသည်။ အဆုံးသပ်၌ သူက ဝမ်လင်း၏ အမူအရာသည် သုန်မှုန်လာသည်ကို မြင်သည်။ သူက ခါးသီးစွာ ပြောလိုက်၏။ “သခင်…ငါဟာ ဒီကိစ္စမှာ အဆင်အခြင်မဲ့သွားခဲ့တာပါ။ ငါသာ ဒီထက့်ပိုကောင်းတဲ့ သတင်းအချက်အလက်ကို စုဆောင်းနိုင်ခဲ့ရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ငါဟာ ရုပ်သေးကို ရနိုင်ပြီး သခင့်ရဲ့ အမိန့်ကို ပြည့်စုံစေမှာ ဖြစ်တယ်…”

“ကျနော့် ဒဏ်ရာအတွက်ကတော့ တံခါးပိတ်ကျင့်ကြံပြီးရင် ပြန်ကောင်းမွန်လာမှာပါ…”

သူက ဝမ်လင်း စကားမဆိုသည်ကို မြင်သည်။ ဝမ်လင်း၏အမူအရာက ပိုမိုသုန်မှုန်လာသည့်အခါ သူ့စိတ်ထဲ၌ တုန်ယင်မိ၏။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “သခင် ပြိုလဲကုန်းမြေကနေ ထွက်ပြေးပါတော့။ ဒီကောင်လေးတစ်ယောက်ပဲ ဖြစ်လာသမျှကို တောင့်ခံပါ့မယ်…”

သူ့စကားမဆုံးခင်မှာပင် သူသည် ဝမ်လင်း၏အေးစက်စက်နှာခေါင်းရှုံ့သံကို ကြားလိုက်ရသည်။ သူ့မျက်နှာသည် ပို၍ပင် ဖြူရောသွား၏။

အဆိပ်နည်းလမ်း။ မင်းက ဘယ်လောက်ပဲ တံခါးပိတ်ကျင့်ကြံပါစေ မင်း လွယ်လွယ်နဲ့ ပြန်မကောင်းလာနိုင်ဘူး။ ဒီလူဟာ မင်းရဲ့ခန္ဓာကိုယ်ထဲက ကျင့်ကြံမှုလမ်းကြောင်းကို ဖျက်စီးခဲ့ပြီး နတ်ဘုရားအာရုံခပ်နှိပ်မှုကိုလည်း ချန်ထားခဲ့တယ်…”

ကျုံးသဟုန်၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူသည် လက်သီးခပ်တင်းတင်း ဆုပ်ထားမိသည်။ သို့သော် သူက ချက်ခြင်းပင် လက်သီးဆုပ် ဖြေလျှော့ကာ ငြိမ်သက်စွာ စဉ်းစားသည်။

“မင်းဟာ ငါ့အစေခံပဲ။ ဒီတော့ မင်းက ဒါကို တောင့်ခံနိုင်ရမယ်။ ဒါပေမဲ့ ငါကတော့ သည်းမခံနိုင်ဘူး…” ဝမ်လင်းသည် ဝင်ပေါက်သို့ လှမ်းလျှောက်သွား၏။

ကျုံးသဟုန်သည် ရုတ်တရက် မော့ကာ ဝမ်လင်းကို စိုက်ကြည့်သည်။ သူ့မျက်လုံးထဲတွင် မနီရဲလာမိဘဲ မနေနိုင် ဖြစ်ရ၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သခင်…”

ဝမ်လင်းသည် နောက်မလှည့်ပေ။ သို့သော် အေးစက်စက်ပြောလိုက်၏။ “လမ်းပြ…”

ကျုံးသဟုန်သည် အသက်ဝဝရှုသွင်းလိုက်၏။ သူ့မျက်လုံးထဲတွင်လည်း သတ်ဖြတ်လိုစိတ် ပေါ်လာသည်။ တုံ့နှေးမနေဘဲ သူက ဝမ်လင်းကို မြို့ထဲသို့ ဦးဆောင်ခေါ်သွားသည်။ ဝမ်လင်းသည် ကျုံးသဟုန်မှာ နှေးလွန်းနေသည်ဟု ထင်သဖြင့် သူ့အား ဆွဲခေါ်သွား၏။ သူတို့သည် မိုးကြိုးတုန်ဟည်းသံများ ဖြစ်ပေါ်စေလျက် လျှပ်စီးတန်းအလား မြို့ထံသို့ ဦးတည်လာကြသည်။

သည်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံးသည် သူတို့၏စိတ်ဝိညာဉ်ထဲ၌ တုန်ယင်မှုကို ခံစားလိုက်ရသည်။ ကောင်းကင်သည် အရောင်များ ပြောင်းလဲကုန်သည်။ မြေပြင်သည် တုန်ခါသည်။ တိမ်များ လွင့်စင်ပြန့်ကြဲ၏။

ခဏအတွက်း ဝမ်လင်းသည် ကျုံးသဟုန်ကို ခေါ်ကာ မြို့ပျက်သို့ ရောက်လာ၏။ သူက သူ့လက်ကို ဖြေလျော့ကာ ကျုံးသဟုန်ကို သူ့ဘေးတွင် ရပ်စေလိုက်သည်။ ကျုံးသဟုန်က စိတ်လှုပ်ရှားစွာဖြင့် ထိုမြို့ကို လက်ညှိုးထိုးကာ ခပ်တိုးတိုး ပြောလိုက်သည်။ “သခင်…ကင်းမြှီးကောက်နက်ကလန်ဟာ ဒီမှာ တည်ရှိတယ်…”

ဝမ်လင်းသည် သူ့အောက်ဘက်ရှိ မြို့ပျက်ကို ကြည့်ကာ သူ့မျက်လုံးတို့သည် စူးရှနေ၏။

“ဒီမြို့ဟာ အသက်ရှုချိန်သုံးကြိမ်စာ ပြီးရင် ဖျက်စီးခံရမယ်။ မဆိုင်တဲ့သူတွေ မြန်မြန် ထွက်သွားကြ…”

ဝမ်လင်း၏အသံသည် မိုးခြိမ်းသံအလား သည်မြို့ပေါ်သို့ ကျဆင်းလာသည်။ အသံသည် လေပြင်းတစ်ခုကို ဖန်တီးကာ အောက်ဘက်ရှိ မြို့ကို တုန်ခါစေပြီး ဖုန်မှုန့်များ လွင့်စင်ထွက်ကုန်စေသည်။

မြို့ထဲရှိ ကျင့်ကြံသူများ၏အမူအရာသည် ကြီးစွာ ပြောင်းလဲကုန်၏။ အချို့ဆို သွေးပင်အန်ထုတ်လိုက်ရသည်။ ထို့နောက် သူတို့သည် အသည်းအသန် မြို့ထဲကနေ ထွက်ပြေးကြတော့၏။

ခန်းမအတွင်း၌မူ သက်လတ်ပိုင်းလူသည် ထိုင်နေ၏။ သူ့ကို ပိန်ပါးပါးအဘိုးအိုက သနားညှာတာရန် တောင်းပန်နေသည်။ သူက ဆက်လက် တောင်းပန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝမ်လင်း၏အသံသည် ပဲ့တင်ထပ်လာ၏။

သက်လတ်ပိုင်းလူ၏မျက်လုံးသည် ရုတ်တရက် တုန်လှုပ်မှုနှင့် ပြည့်နှက်သွားကာ သူသည် သွေးအန်လိုက်ရသည်။ သူသည် ချက်ခြင်း မတ်တပ်ထရပ်သည်။

သူသာမက မျှော်စင်အတွင်း၌ ကျင့်ကြံနေကြသော ကင်းမြှိးကောက်နက်ကလန်မှ ကျင့်ကြံသူအားလုံးပါ မျက်လုံးဖွင့်လာကြ၏။ သူတို့သည် တုန်လှုပ်စွာ ထရပ်ကုန်သည်။

ဒုတိယထပ်တွင် ထိုင်နေသော လူငယ်သည်ပင် တုန်ယင်လျက် သူ့မျက်နှာသည် ဖြူရောသွား၏။ အသံသည် မြေကြီးထဲထိ ထွင်းဖောက်ကာ သည်နေရာသို့ တိုက်ရိုက် ကျရောက်လာပြီး မျှော်စင်ကို တုန်ခါစေသည်။

အသက်ရှုချိန်သုံးကြိမ် ကြာချိန်မှာ တခဏအတွင်း ကုန်လွန်သွား၏။ ဝမ်လင်းက သူ့ညာလက်ကို အောက်သို့ ဖိချလိုက်သည်။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်လျက် အဘက်ဘက်မျ မိုးကြိုးများ စုဝေးလာကာ ဧရာမမိုးကြိုးပိုက်ကွန်တစ်ခုအသွင် ဖြစ်ပေါ်သည်။ ၎င်းသည် မြို့ပေါ်သို့ ကျဆင်းလာတော့၏။

အဆုံးမဲ့မိုးကြိုးများက မြို့ထဲမှ ထွက်ပြေးနေသော ကျင့်ကြံသူများ၏ စိတ်နှလုံးကို လှုပ်ခါစေနိုင်သည့် မြင်ကွင်းကို ဖန်တီးသည်။ မြေပြင်သည် အပြင်းအထန်တုန်ခါကာ မိုးကြိုးပိုက်ကွန်သည် ကျဆင်းလာ၏။ မြို့တစ်မြို့လုံး ပျက်စီးသွားသည်။ မျှော်စင်သည်ပင် ပျက်စီးသွားတော့၏။ မြို့သည် အပျက်အစီးပုံ ဖြစ်သွားလေသည်။

ပေတစ်ထောင်ကျော်နက်သော မရေမတွက်နိုင်သည့် အက်ကြောင်းများ ပေါ်လာ၏။

ထိုအဖြစ်က မြေကြီးအောက်ရှိ ပုန်းကွယ်နေသာ မျှော်စင်ကို တစ်ဝက်တိတိ လှစ်ပေါ်လာစေသည်။ ထိုမျှော်စင်ထိပ်ဖျားမှာ ပျက်စီးသွားခဲ့ပြီး ဖြစ်၏။ ကျန့်ဟုခေါ်သော ပိန်ပါးပါးအဘိုးအိုက ကောင်းကင်ထက်သို့ ကြည့်သည်။ သူက ကျုံးသဟုန်နှင့် ဝမ်လင်းကို မြင်သည်။

“သူ…သူက ကျုံ့သဟုန်ရဲ့ သခင်လား…”

ထိုအဘိုးအိုကျန့်၏ဘေးရှိ သက်လတ်ပိုင်းလူသည် ပါးစပ်အဟောင်းသား ဖြစ်နေ၏။

ဝမ်လင်းသည် ဖြည်းဖြည်းချင်း ဆင်းသက်လာကာ ပျက်စီးသွားပြီ ဖြစ်သော ခေါင်မိုးနေရာတွင် ရပ်သည်။ ကျုံးသဟုန်က ဝမ်လင်းနောက်သို့ လိုက်လာ၏။ သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု ပြည့်နှက်နေသည်။

ဝမ်လင်းသည် သက်လတ်ပိုင်းလူထံသို့ လက်ညှိုးထိုးကာ ကျုံးသဟုန်ကို ကြည့်ကာ မေးလိုက်သည်။ “မင်းကို ဒဏ်ရာ ရစေခဲ့တာ သူလား…”

***

All Chapters