← Chapters

မီးတောက်သန္ဓေပြောင်းသလင်းကျောက်(၁)

Vol. 104 Ch. 1424

မီးတောက်သန္ဓေပြောင်းသလင်းကျောက်(၁)

Vol. 104 Ch. 1424

ကျုံးသဟုန်သည် သက်လတ်ပိုင်းလူကို ကြမ်းကြုတ်စွာ စိုက်ကြည့်ကာ ခေါင်းညိတ်ပြသည်။ သူက သူ့လက်ကို သူ့ညာလက်ပေါ်သို့ ဖိနှိပ်၍ အံတင်းတင်းကြိတ်၍ ပြောသည်။ “အမှန်ပါပဲ။ သူဆိုတာ ကျိန်းသေတယ်…”

သက်လတ်ပိုင်းလူ၏ မျက်နှာသည် ချက်ခြင်း ဖြူရောသွားသည်။ သူက နောက်သို့ ချက်ခြင်း ဆုတ်သည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားရှိ ကင်းမြှီးကောက်အမှတ်အသားသည် စတင်ရွှေ့လျားလာပြီး နတ်ဆိုးအလင်းကို ပေးစွမ်းသည်။

သို့ပေမည့် ချက်ခြင်းပင် ဝမ်လင်းက သူ့လက်ကို တည်ငြိမ်စွာ မြှောက်၍ လက်ညွှန်လိုက်သည်။ သူ့လက်ညွှန်ချက်တစ်ချက်ဖြင့်ပင် လောကသည် အရောင်များ ပြောင်းလဲသည်။ တိမ်များ ပြန့်ကြဲသည်။ အဆုံးမဲ့တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ အဆုံးမဲ့တိမ်စိုင်ထုများသည် ကောင်းကင်ထက်တွင် ပေါ်လာသည်။

ဝမ်လင်း၏ လက်ချောင်း ကျရောက်သွားချိန်တွင် ကောင်းကင်ထက်၌ မိုးကြိုးခြိမ်းသံ တုန်ဟည်းသည်။ လက်မခန့်ထူထဲသော မိုးကြိုးတန်းတစ်ခုသည် အံ့မခန်းအဟုန်ဖြင့် ဆင်းသက်လာသည်။ သက်လတ်ပိုင်းလူသည် တုန်ယင်ကာ ထိုမိုးကြိုးတန်းသည် သူ့ဦးခေါင်းအား ထိမှန်သွားလေသည်။

ဖျက်စီးခြင်းမုန်တိုင်းတစ်ခုသည် သူ့နှဖူးထက်မှ သူ၏ခန္ဓာကိုယ်ထဲသို့ တရကြမ်း တိုးဝင်သွားသည်။ သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ် တစစီဖြစ်ကာ သူ၏မူလစိတ်ဝိညာဉ်ပါ ဖျက်စီးခြင်း ခံလိုက်ရတော့သည်။

မိုးကြိုးတန်း ဖြတ်သန်းသွားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ သေလောက်အောင် ငြိမ်သက်တိတ်ဆိတ်သွားသည်။ မြို့အတွင်းမှ ထွက်ပြေးသွားသော ကျင့်ကြံသူများသည် အလွန်ကြောက်လန့်နေမိသည်။ သူတို့သည် ဝမ်လင်းကို ထိတ်လန့်တကြား ကြည့်နေကြသည်။

သူ့လက်ကို ပင့်မြှောက်လိုက်ရုံဖြင့် ဝမ်လင်းသည် တိမ်တိုက်များကို စုဝေးကာ မိုးကြိုးကို တိုက်ရိုက်ကျဆင်းလာစေပြီး ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ချက်ခြင်း သတ်ပစ်ပြီး ဖြစ်နေသည်။ ယင်းမန္တာန်ကား ဤနေရာရှိ ကျင့်ကြံသူအားလုံး၏စိတ်ကို တုန်ခါသွားစေဖို့ရာ လုံလောက်သည်။

အဘိုးအိုကျန့်သည်လည်း လုံးဝ ဖြူရောနေကာ သူသည် အသက်ပင် မရှုနိုင် ဖြစ်သွား၏။ သူ့မျက်နှာထက်တွင် အံ့မခန်းထိတ်လန့်မှု ဖြစ်ပေါ်နေသည်။

ကျုံးသဟုန်သည်ပင် တုန်ခါမိ၏။ သူက ဝမ်လင်း၏ခွန်အားကို အတိတ်တုန်းက ပြန့်ကြဲမိုးကြိုးကလန်တွင် တွေ့မြင်ခဲ့ဖူးပြီး ဖြစ်သည်တောင်မှ အခု ထပ်မံ တွေ့ရသည့်အခါ သူသည် ဝမ်လင်း၏ အနှိုင်းမဲ့ခွန်အားကို ထပ်ပြီး ခံစားမိသည်။

ဝမ်လင်း၏ အမူအရာသည် ပြောင်းလဲမသွားပေ။ သူသည် အမဲလိုက်ခံနေရကာ ဤပြိုလဲကုန်းမြေတွင် လာပုန်းနေရခြင်း ဖြစ်၏။ အခြားတစ်ယောက်ယောက်သာ ဆိုပါက သူတို့သည် အခုလိုမျိုး အဖြစ်အပျက်ကို ရှောင်ဖယ်ကာ သိုသိုသိပ်သိပ်သာ နေပေလိမ့်မည်။

သို့သော် ဝမ်လင်း၏ကျင့်ကြံမှုအဆင့်မှာ ကောင်းကင်တုန်လှုပ်ဖွယ်ရာပင်။ သူသည် သူ့ဘဝတွင် အန္တရာယ်မျိုးစုံ တွေ့ကြုံခဲ့ရပြီးဖြစ်သည်။ သူသည် သေခြင်းရှင်ခြင်းတို့ကြား အကြိမ်များစွာ လျှောက်လှမ်းခဲ့ပြီးပင်။ ထို့အတွက် သူ့နောက်လိုက်လာသော သူများ သူ့အား ရှာတွေ့သွားလျှင်ကော ဘာဖြစ်သေးသနည်း။ သူက အစွမ်းထက်ရန်သူများကို အာရုံစိုက်မိစေခဲ့မည် ဆိုလျှင်ပင် သူသည် သူ၏အစေခံဒဏ်ရာရခဲ့ခြင်းကို လစ်လျူရှုလိမ့်မည် မဟုတ်ပေ။

သူ အရင်က ပြောခဲ့သလိုပင်။ ကျုံးသဟုန်က တောင့်ခံ၊သည်းခံနိုင်လျှင်ပင် သူသည် သည်းမခံနိုင်ချေ။

လောက၌ သူ့ကို သည်းခံပြီးနေရအောင် လုပ်နိုင်သည့်သူ အလွန်နည်းပါးပေ၏။ ဝမ်လင်းသည် အတိတ်တုန်းက သူ့ကိုယ်သူ အားနည်းခဲ့မှုကြောင့် မနှစ်သက် ဖြစ်ခဲ့ရ၏။ အခု သူသည် စွမ်းအားထောက်တိုင်တစ်ယောက် ဖြစ်နေပြီပင်။ သူ့ထံ၌ စွမ်းအားထောက်တိုင်၏ စိတ်နှလုံးသား ပိုင်ဆိုင်သည်။

သည်ကိစ္စမှာ ထိုသက်လတ်ပိုင်းလူကို သတ်လိုက်ရုံဖြင့် အပြီးသပ်မသွားသေးပါ။ သူက လှုပ်ရှားရန် ဆုံးဖြတ်လိုက်ပြီးမှတော့ ချိန်းခြောက်မှုအားလုံးကို ဖျက်စီးပစ်ပေတော့မည်။ ဝမ်လင်းက သူ့ညာခြေဖြင့် မြေပြင်ထက်ကို စောင့်ချလိုက်သည်။

မျှော်စင်၏ဒုတိယထပ်သည် တုန်ခါကာ အက်ကြောင်းများ ပေါ်လာ၏။ သိပ်မကြာခင်တွင် ထိုအထပ်တစ်ခုလုံးသည် အက်ကြောင်းများ ဖုံးလွှမ်းသွားသည်။

ထိုမျှော်စင်၏ ထိပ်ဆုံးလွှာသည် ဘန်းခနဲ ပေါက်ကွဲကာ ပျက်စီးသွား၏။ ကျုံးသဟုန်သည် အဘိုးအိုကျန့်ကို ဆုပ်ကိုင်ကာ သူ့အောက်ဘက်ရှိ အဖြစ်သနစ်များကို မင်ငေးစွာ ကြည့်နေမိ၏။

သူတို့သည် ဝမ်လင်းက အောက်သို့ ဝင်ရောက်ကာ ဒုတိယထပ်သို့ ရောက်သွားပြီး ယင်းအထပ်သည် တစစီဖြစ်သွားသည်ကို မြင်လိုက်ရ၏။ သူ ဆင်းသက်သွားသည်နှင့် ကြမ်းကြုတ်သောအော်ရာတစ်ခုသည် ချက်ခြင်း ပေါ်လာ၏။ ဟိန်းမြည်သံတစ်ချက်နှင့်အတူ တစ္ဆေအလင်းတန်းတစ်ခုသည် ဝမ်လင်းထံ တိုးဝင်လာသည်။

ဝမ်လင်း၏အမူအရာမှာ ပုံမှန်အတိုင်းသာ။ ထိုတစ္ဆေအလင်းတန်း နီးကပ်လာသည့်အခါ သူ၏ညာလက်ကို ဆန့်ထုတ်လိုက်၏။ ဧရာမလက်တစ်လက် ပေါ်လာကာ ယင်းတစ္ဆေအလင်းကို ဖမ်းဆုပ်လိုက်သည်။ ၎င်းက မည်မျှပင် ရုန်းကန်ပါစေ မလွတ်မြောက်နိုင်တော့ပေ။

ထိုတစ္ဆေအလင်းသည် သူ့လက်ထဲ၌ အပြင်းအထန် တောက်ပပြီးနောက် ခရမ်းရောင်ပုတီးစေ့တစ်လုံး လှစ်ပေါ်လာသည်။ ၎င်းသည် အပြင်းအထန် တလက်လက် ဖြစ်နေ၏။ ယင်းပုတီးစေ့ထံမှ ပိုသိပ်သည်းသောအလင်းများ ထွက်ပေါ်သည်။

“ကင်းမြှီးကောက်နက်ပုတီးစေ့…ပျက်စီးစမ်း…” ထိုပုတီးစေ့ လှည့်ပတ်နေရာကနေ အဖျက်အစီးအော်ရာတစ်ခု ထွက်ပေါ်လာ၏။ ယင်းက ပေါက်ကွဲခါနီးတွင် ဝမ်လင်းက သူ့ညာလက်ဖြင့် ၎င်းကို ခပ်ကြမ်းကြမ်း ညှစ်ချေလိုက်သည်။

ဘန်းခနဲ ပေါက်ကွဲကာ ထိုပုတီးစေ့သည် တစစီဖြစ်သွား၏။ အတွင်းမှ အဖျက်အစီးစွမ်းအားကို ထုတ်လွှတ်ကာ မျှော်စင်၏ဤအထပ်ကို ဖျက်စီးသည်။

လူငယ်သခင်သည် ဖြူရောသောမျက်နှာဖြင့် အပျက်အစီးဖုန်မှုန့်များကြားကနေ နောက်ဆုတ်၏။ သို့သော် သူသည် ရှေ့တည့်တည့်သို့ စိုက်ကြည့်လျက် ရှိ၏။ သူ့မျက်လုံးထဲတွင် တုန်လှုပ်မှု ပြည့်နှက်နေသည်။

“ဒီပုတီးစေ့က အတော်လေး စိတ်ဝင်စားဖို့ ကောင်းသားပဲ…” ဖုန်မှုန့်များကြားမှ ဝမ်လင်း၏ မထူးခြားနားအသံသည် ထွက်ပေါ်လာ၏။ ဒဏ်ရာလုံးဝ မရလိုက်သော သူ၏ပုံရိပ်သည် ဖြည်းဖြည်းချင်း လှမ်းထွက်လာသည်။

သူ ပေါ်လာသည်နှင့် လူငယ်သည် မယုံကြည်နိုင်ဟန် ဖြစ်ပေါ်သည်။ သူ့ဦးရေပြားပါ ထုံထိုင်းသွားသည်။ သူသည် သူ၏စဉ်းစားဉာဏ်ပါ လွတ်ကင်းသွားမိ၏။ သူသည် ကင်းမြှီးကောက်နက်ပုတီးစေ့၏ စွမ်းအားကို ရှင်းရှင်းလင်းလင်း သိထား၏။ ထိပေါက်ကွဲမှုသည် နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ဒဏ်ရာ ရသွားစေနိုင်စွမ်း ရှိ၏။ သို့သော် သည်လူကတော့ ယင်းပုတီးစေ့ကို လက်တစ်ဖျစ်သာ ညှစ်ချလိုက်ပြီး မည်သည့်ဒဏ်ရာမှ မရသွားခဲ့ပေ။ ထိုအကြောင်းကို တွေးမိသည်နှင့် လူငယ်သည် တုန်ယင်မိ၏။

သူသည် ကြောက်လန့်နေမိ၏။ ထွက်ပြေးရန် ပြင်လိုက်စဉ် ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ လျှပ်စီးပိုက်ကွန်တစ်ခု ပေါ်လာကာ ထိုလူငယ့်ကို ဝန်းရံသွားသည်။ ၎င်းသည် ချက်ခြင်းပင် ကြုံ့လာကာ လူငယ်၏အော်သံ ကပ်ပါလာတော့၏။ သူသည် ခုခံနိုင်စွမ်းမဲ့ကာ ချိပ်ပိတ်ခံလိုက်ရသည့်အလား လေထဲတွင် လွင့်မြောလေ၏။

လူငယ်ကို ကြည့်ပင်မကြည့်ဘဲ ဝမ်လင်းသည် မြေပြင်ထက်ကို ထက်မံ ခြေစောင့်လိုက်ကာ နောက်ထပ်အထပ်တစ်ခုအောက်သို့ ဆင်းသက်သည်။ သူ ဝင်ရောက်လာသည်နှင့် သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး မီးပင်လယ်ပေါ်လာစေသည်။ သူ့အောက်မှ အဘိုးအိုနှစ်ယောက်သည် သူ့ထံသို့ တိုးဝင်လာကြ၏။ ထိုမီးသည် သူတို့နှစ်ယောက်ကို ချက်ခြင်း သွေးအန်သွားစေ၏။ မီးသည် သူတို့၏ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်သွား၏။ မီးက ချိပ်ပိတ်မှုတစ်ခု ဖြစ်ပေါ်ကာ သူတို့သည် လေထဲတွင် လွင့်နေလေသည်။

“သူတို့ဟာ မြေအောက်မှာ လှုပ်ရှားရတာ ကြိုက်တဲ့ ကင်းမြှီးကောက်တွေလိုပါပဲလား။ ဒီလိုဖြစ်နေတာတောင် ထွက်ပေါ်လာဖို့ ဆန္ဒမရှိသေးဘူးလား…”

ဝမ်လင်းသည် တည်ငြိမ်စွာပင် နောက်တစ်ထပ်သို့ လှမ်းသည်။

ထိုနည်းဖြင့် ဝမ်လင်းသည် တစ်ထပ်ပြီးတစ်ထပ် လှမ်းလာ၏။ ဗလုံးဗထွေးအော်သံများနှင့်အတူ ကင်းမြှီးကောက်နက်ကလန်ဝင်များသည် ပိုပို ချိပ်ပိတ်ခံလာရပြီး လေထဲသို့ ပစ်လွှတ်ခြင်း ခံရသည်။ ခုဆို ထိုသို့ ချိပ်ပိတ်ခံရသော ကလန်ဝင် ဒါဇင်ချီ ရှိလာခဲ့ပြီပင်။

ဝမ်လင်း ထပ်မံ ဆင်းသက်လာစဉ် မြေအောက်ရှိ မျှော်စင်၏အတွင်းနက်ပိုင်းမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာ မြေအောက်မှ အစွမ်းထက်အားတစ်ခု ထွက်ပေါ်လာကာ မျှော်စင်၏ အလယ်လောက်တွင် ရှိနေသော ဝမ်လင်းထံသို့ တိုးဝင်လာ၏။

ယင်းအားမုန်တိုင်းက အလွှာအထပ်များကို အထပ်လိုက် မြင့်တက်လာစေသည်။ ပိုပိုများပြားသော စွမ်းအားများ စုဝေးလား၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းအားသည် ဝမ်လင်းရှိနေသာ အထပ်သို့ ချိုးဖျက်လာ၏။

ထိုမုန်တိုင်းသည် ဝမ်လင်းရှေ့တွင် ရှင်းလင်းစွာ ပေါ်လာသည်။ ယင်းမုန်တိုင်းအတွင်း၌ ပေတစ်ရာနီးပါး ကင်းမြှီးကောက်နက်ကြီးတစ်ကောင် ရှိသည်။ ထိုကင်းမြှီးကောက်သည် မန္တာန်တစ်ခုကြောင့် ဖြစ်ပေါ်သောကင်းမြှီးကောက်ပင်။ ၎င်းသည် ဝမ်လင်းထံ တိုးဝင်လာ၏။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်၏။ သူသည် နောက်မဆုတ်ပေ။ သူ့လက်ဖြင့် လက်သီးတစ်လုံး ထုတ်ဖော်သည်။ သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် အရူးအမူး သိပ်သည်းလာ၏။ ထို့နောက် သူက တိုးဝင်လာသော ကင်းမြှီးကောက်ထံ ထိုးချလိုက်သည်။

ထိုလက်သီးချက်ထွက်ပေါ်လာသည်နှင့် ရှေးဟောင်းနတ်ဘုရားအရိပ်သည် သူ့နောက်တွင် ပေါ်လာကာ ယင်းအရိပ်ကလည်း လက်သီးတစ်လုံး ချက်ခြင်းပစ်သွင်းပြီး ထိုကင်းမြှီးကောက်နှင့် ထိပ်တိုက်တွေ့သည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်ကာ အံ့မခန်းတုန်ခါလှိုင်းတစ်ခုကို ဖန်တီးကာ အဘက်ဘက်သို့ ပျံ့နှံ့သည်။ ကောင်းကင်သည် အရောင်ပြောင်းလဲ၏။မြေပြင်သည် တုန်ဟည်းသည်။ ဂြိုဟ်တစ်ခုလုံးသည် အပြင်းအထန် တုန်ခါကာ ဖုန်မှုန့်သဲမှုန့်များစွာသည် လေထဲသို့ လွင့်စင်ထွက်သည်။

မိုးကြိုးပေါက်ကွဲသံ ဖြစ်ပေါ်ကာ မျှော်စင်၏အစိတ်အပိုင်းသည် လှစ်ပေါ်လာပြီး တုန်ယင်လျက် ၎င်းပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာသည်။ ဖိသိပ်အားသည် ထိုမျှော်စင်အစိတ်အပိုင်းတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေ၏။

မြေအောက်တွင် ပုန်းကွယ်နေသာ အစိတ်အပိုင်းသည်ပင် ရုတ်တရက် တုန်ခါကာ မြေအောက်တွင် တုန်ခါလှိုင်းကြီး ဖြစ်ပေါ်သည်။

ထိုမျှော်စင် ပြိုလဲပျက်စီးသည့်အခါ အတွင်းမှ ကျင့်ကြံသူဒါဇင်ချီသည် လွင့်စင်ထွက်လာ၏။ သူတို့အားလုံး၏မျက်နှာများမှာ ဖြူရောနေသည်။ သူတို့သည် သွေးအန်လိုက်ရကာ ဝမ်လင်းကို ကြောက်လန့်စွာ ကြည့်သည်။

ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသော ကျင့်ကြံသူအားလုံးမှာလည်း အသည်းအသန် နောက်ဆုတ်လိုက်ရ၏။ သူတို့သည်လည်း စောနက အဖြစ်အပျက်ကြောင့် လုံးဝ တုန်လှုပ်မိနေသည်။ သူတို့သည် အရင်က အခုလိုမျိုးအဖြစ်သနစ်ကို လုံးဝ မဖြစ်တွေ့ခဲ့ဖူးပေ။

ပြိုလဲပျက်စီးသွားသော မျှော်စင်၏ဗဟိုချက်တွင် ဝမ်လင်း၏ အဝတ်အစားများသည် တဖျပ်ဖျပ် ဖြစ်သည်။ သူ့ဆံပင်များမှာ လေထဲတွင် လွင့်ဝဲနေ၏။ သူသည် သူ့လက်ကို ပြန်ရုတ်သိမ်းကာ အောက်ဘက်သို့ တည်ငြိမ်စွာ ကြည့်၍ အေးစက်စက် ပြောလိုက်သည်။ “မင်းက ငါ့အစေခံကို ထိခိုက်စေခဲ့တယ်။ မင်းတို့အားလုံးက ငါ့အတွက် အားနည်းလွန်းတယ်…”

ပေတစ်သောင်းထက် ပိုသော ဧရာမဦးခေါင်းခွံကြီးတစ်ခု ရှိလေ၏။ ၎င်းသည် မူလတုန်းက မျှော်စင်က ဖုံးဖိထားသဖြင့် ကွယ်ဝှက်နေခဲ့သည်။ သို့သော် ခုချိန်တွင် မျှော်စင် အစသပ်သွားပြီ ဖြစ်သည့်အတွက် ယင်းအောက်ရှိ အရာအားလုံးသည် ဝမ်လင်းရှေ့တွင် ရှင်းရှင်းလင်းလင်း ပေါ်လာလေပြီ။

ဦးခေါင်းခွံကြီး၏ အတွင်းနက်ပိုင်းတွင် အဘိုးအိုတစ်ယောက်သည် ကျိုးပဲ့သောအရိုးအချို့ပေါ်တွင် ထိုင်နေ၏။ သူသည် ကင်းမြှီးကောက်ပုံဖြင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုကင်းမြီးကောက်မှာ အနည်းငယ် ထူးဆန်း၏။ ၎င်းတွင် အမြှီးပေါင်းကိုးခု ရှိလို့နေသည်။

သူ့မျက်ခုံးနှစ်ခုကြားတွင်လည်း ကင်းမြှီးကောက်အမှတ်အသားတစ်ခု ရှိသည်။ သို့သော် သူ့ဝတ်ရုံမှ ကင်းမြှီးကောက်နှင့် ယှဉ်ပါက ယင်းအမှတ်အသားသည် နိမ့်ကျလေ၏။ သူ၏ကလန်အမှတ်အသားတွင် အမြှီးလေးခုသာ ရှိသည်။

ထိုအမြှီးလေးချောင်းက အောက်ဘက်သို့ တွဲကျကာ သူ၏မျက်နှာကို ဖုံးထားသဖြင့် သူ့ပုံစံမှာ ကြောက်မက်ဖို့ ကောင်းနေ၏။ သို့ပေမည့် ဤအခိုက်အတန့်တွင် သူ့မျက်နှာသည် ဖြူရောသည်။ သူသည် သွေးအပြည့်အန်ထုတ်လိုက်ရ၏။ သူက ရုတ်တရက် မော့ကြည့်သည်။ သူ့မျက်လုံးထံမှ ကြမ်းကြုတ်သောအလင်းထွက်ပေါ်လာပြီးနောက် သူက ဝမ်လင်းထံ တိုးဝင်လာသည်။

“ငါ့ကင်းမြှီးကောက်နက်ကလန်ဟာ ကလန်ငယ်လေးတစ်ခု ဖြစ်ပေမယ့်လည်း ပြိုလဲကုန်းမြေက အသိအမှတ်ပြုထားတဲ့ ကလန်ပေါင်း(၃၇၂)ခုထဲက တစ်ခု အပါအဝင် ဖြစ်တယ်။ မင်းသာ ဒီနေ့ ငါ့ကို ဆန့်ကျင်ခဲ့ရင် မင်းဟာ ပြိုလဲကုန်းမြေရဲ့ ရန်သူတစ်ယောက် ဖြစ်လာလိမ့်မယ်…”

“အဲ့လိုသာ ဖြစ်ခဲ့ရင် ပြိုလဲကုန်းမြေရဲ့ အင်ပါယာဟာ ကျိန်းသေပေါက် မင်းကို ချမ်းသာ ပေးမှာ မဟုတ်ဘူး…”

“ဒုတိယကောင်းကင်ဘုံဒုက္ခအဆင့်လောက်နဲ့ ငါ့ရှေ့မှာ ဒီလိုပုံစံမျိုး ပြောဝံ့တယ်လား…”

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်လျက်သာ။ သူ့အကြည့်က အဘိုးအိုထံသို့ လျှပ်စီးတန်းအလား ရောက်ရှိသွား၏။ သူ့ညာမျက်လုံးထဲရှိ မိုးကြိုးသည် လင်းလက်ကာ လောကသည် ချက်ခြင်းပင် တုန်ယင်သည်။

အဘိုးအို၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူ၏မျက်လုံးထဲ၌ အခြားတစ်ဖက်မှလူသည် ပျောက်ကွယ်သွားကာ မိုးကြိုးတန်းတစ်ခုက အစားထိုးဝင်လာတော့၏။ ထိုမိုးကြိုးတန်းသည် ကောင်းကင်ထက်မှ ဆင်းသက်လာကာ သူ၏မျက်လုံးကို ထွင်းဖောက်လျက် သူ့စိတ်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သည်။

***

All Chapters