← Chapters

မဟာအင်ပါယာ

Vol. 104 Ch. 1431

မဟာအင်ပါယာ

Vol. 104 Ch. 1431

အရှင်စစ်မိုသည် ပန်းချီကားနှင့်မင်တို့ကြား၌ ရှိနေ၏။ သူ့လက်ကို ဝေ့ယမ်းလိုက်ရင်း မြေပြင်ထု ဖြစ်နေသောမင်သည် စတင် ရွှေ့လျားလာသည်။ သူသည် စုတ်တံတစ်ချောင်းအလား။ ပန်းချီကားပေါ်၌ တောင်တန်းနှင့်မြစ်များကို ရေးဆွဲသည်။

စုတ်တံဆွဲချက်အနည်းငယ်ဖြင့် သူသည် ပန်းချီကားပေါ်တွင် ဂြိုဟ်တစ်လုံးကို ရေးဆွဲပြီး ဖြစ်သည်။ ဝမ်လင်း၏ပုံရိပ်သည်လည်း ပန်းချီကားပေါ်၌ ပေါ်လာ၏။

“ဒါက ငါ့ကိုယ်ပွားပဲ ဆိုရင်တောင် ငါ မင်းကို ဒီကောင်းကင်ဘုံချိုးဖျက်ခြင်းတာအိုမန္တာန်နဲ့ သတ်ပစ်နိုင်တယ်…” အရှင်စစ်မိုသည် သူ့လက်ကို ပင့်မြှောက်ကာ ကြမ်းတမ်းစွာ ရိုက်ချရန် ဟန်ပြင်သည်။

သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာသည်။ သူသည် လှမ်းအော်လိုက်၏။ “ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ရဲ့ စစ်မာမို…”

သူ့အသံသည် မိုးကြိုးသံအလား လောကတစ်ခွင် တုန်ဟည်း၏။ အရှင်စစ်မို၏လက်နှစ်ဖက်သည် တခဏတာ တုန့်ဆိုင်းသွားပြီး သူသည် ဝမ်လင်းကို စိုက်ကြည့်သည်။

ထိုအခိုက်အတန့်တွင် ဝမ်လင်းသည် ရှေ့သို့ လှမ်း၏။ သူက သူ့လက်ကို ပင့်မြှောက်ကာ ရှေ့သို့ ညွှန်သည်။ ကောင်းကင်သည် အရောင်ပြောင်းလဲကာ တိမ်ထုများ ပြန့်ကြဲကုန်သည်။ ဝမ်လင်း၏ပုံရိပ်သည် ပျောက်ကွယ်သွားပြီးနောက် အရှင်စစ်မို၏ ရှေ့တွင် ပေါ်လာသည်။ သူ့ညာလက်ဖြင့် အရှင်စစ်မို၏မျက်ခုံးနှစ်ခုကြားသို့ ခပ်ကြမ်းကြမ်း ခုတ်ပိုင်းချလိုက်သည်။

အရှင်စစ်မို၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ ဝမ်လင်း၏ မာန်ဟိန်းအော်သံကြောင့် သူသည် သတ်ဖြတ်ရမည့် အကောင်းဆုံးအခွင့်အရေးကို လွဲချောသွား၏။ ထိုအခိုက်တွင် သူသည် အများကြီး တွေးနေဖို့ အချိန်မရှိဘဲ သူ့ညာလက်ကို အောက်သို့ ချလိုက်သည်။ စုတ်ချက်တစ်ချက်က ကောင်းကင်နှင့်မြေကြီးကို ချိုးဖျက်ခြင်း။

စုတ်ချက်တစ်ချက်တည်းဖြင့် ပန်းချီကားပေါ်ရှိ တောင်တန်းနှင့်မြစ်များသည် စုတ်ပြဲကုန်သည်။ အရာအားလုံး ပျက်စီးကုန်၏။ ပန်းချီကားအတွင်းရှိ ဝမ်လင်း၏ပုံရိပ်သည်ပင် တွန့်ခေါက်လာသည်။

ဝမ်လင်း၏ခန္ဓာကိုယ်မှ စုတ်ဖြဲအားတစ်ခု ထွက်ပေါ်လာကာ ပြင်းထန်သောနာကျင်မှုအဖြစ် ပြောင်း၏။ သူ့မျက်နှာမှာ ဖြူရောလာပြီး လည်ချောင်းအတွင်းမှ သွေးများပန်းထွက်သည်။ သို့သော် သူက ဖိနှိပ်ထားသ်။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်ပြည့်နှက်လျက် သူ့လက်ချောင်းကို ရှေ့သို့ ညွှန်သည်။

ထိုလက်ချောင်းတစ်ချက်၏ စွမ်းအားမှာ အရှင်စစ်မိုကို တုန်လှုပ်သွားစေသည်။ သူသည် သူ့ရှေ့တွင် မြေပြင်အလားမင်ကို တားဆီးပိတ်ဆို့စေကာ နောက်သို့ အလျင်အမြန် ဆုတ်သည်။ သူသည် ဝမ်လင်း၏လက်ချောင်းထံမှ အသက်အန္တရာယ်အာရုံကို ခပ်ရေးရေး ခံစားမိလိုက်သည်။

“ဒါက ဘယ်လိုမန္တာန်မျိုးလဲ…”

မင်နက် ချက်ခြင်း ဝမ်လင်းရှေ့တွင် ပိတ်ဆို့ကာ သူ့လက်ချောင်းနှင့် ထိပ်တိုက်တွေ့သည်။ ထိုအခိုက်တွင် သူ့လက်ချောင်းထံမှ ဓားစွမ်းအင်တန်းများ ပေါက်ကွဲထွက်လာ၏။

ယင်းကား ဝမ်လင်း၏ဝှက်ဖဲများတည်းမှ တစ်ခုသာ။ သူ အရှင်စစ်မိုအတွက် ပြင်ဆင်ထားသော အသေတိုက်ကွဲသုံးခုထဲမှ တစ်ခု ဖြစ်သည်။

ဓားစွမ်းအင်သည် အရူးအမူး ထိုးထွက်သည်။ ဓားအလင်းတန်းတစ်ခု၊ဆယ်ခု၊ တစ်ထောင်၊တစ်သောင်း၊ တစ်သန်း၊ ဆယ်သန်းအထိ…။ ထိုလက်ချောင်းအတွင်း၌ ဓားစွမ်းအင်တန်း သုံးသန်းကိုးသိန်းကိုးသောင်းကိုးထောင်ကိုးရာကိုးဆယ့်ကိုးခု ပါဝင်၏။ ဝမ်လင်း၏လက်ချောင်းကိုပါ ထည့်ပေါင်းသည့်အခါ ၎င်းသည် ဓားစွမ်းအင်တန်းသန်းလေးဆယ် မည်သည်။

သန်းလေးဆယ်သောဓားစွမ်းအင်တန်း၏ စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကို တစစီဖြစ်စေနိုင်သည်။ ယင်းတို့သည် တစ်ပြိုင်နက်တည်း ပေါ်လာ၏။ ဝမ်လင်း၏လက်ချောင်းပတ်လည်တွင်လည်း သမင်နှစ်ကောင် ပေါ်လာသည်။

အရှင်စစ်မို၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားကာ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုနှင့် ပြည့်နှက်သည်။

“ဒါက…”

မြေပြင်မှဖြစ်ပေါ်နေသာမင်သည် ထိုဓားစွမ်းအင်နှင့် ထိပ်တိုက်တွေ့ချိန် ချက်ခြင်း ပျက်စီးသည်။ ဓားစွမ်းအင်သည် မင်ကို ထွင်းဖောက်ကာ အရှင်စစ်မိုထံသို့ တိုက်ရိုက်တိုးဝင်သည်။

ဓားစွမ်းအင်သန်းလေးဆယ်သည် မုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်ကာ ဝမ်လင်းကို ဗဟိုပြုသည်။

ယင်းမုန်တိုင်းမှာ ဓားစွမ်းအင်နှင့် ပြည့်နှက်ကာ အစွမ်းထက်ဓားအော်ရာကို ပေးစွမ်းသည်။ ဓားစွမ်းအင်များ တဝီဝီလှည့်ပတ်နေရာကနေ စူးရှရှအသံများ ဆက်တိုက် ထွက်ပေါ်သည်။ တုန်လှုပ်ဖွယ်မြင်ကွင်းတည်း။

အဖြစ်အပျက်သည် မြန်လွန်း၏။ မျက်စိတစ်မှိတ်အတွင်း ဓားစွမ်းအင်တန်းလေးဆယ်သည် အရှင်စစ်မို၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ အရှင်စစ်မိုသည် သွေးအန်လိုက်ရကာ သူ၏ခန္ဓာကိုယ်သည် ချက်ခြင်း ရွှေ့လျားသွားသည်။ သူ့ခန္ဓာကိုယ် အစိတ်စိတ် စုတ်ဖြဲခံလိုက်ရသည့်အလား။ သို့သော် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို အမြန်ဖြစ်ပေါ်စေသည်။ သူ့ခန္ဓာကိုယ်မှာ မပျက်စီးသွားခဲ့ပေ။ သူက ဝမ်လင်း၏ အသေတိုက်ကွက်ကို အထူးနည်းလမ်းတစ်ခုအသုံးပြု၍ ရှောင်ကာ ပေတစ်သောင်းအကွာတွင် ပေါ်လာသည်။

သူ ပြန်ပေါ်လာသည့်အခါ မယုံကြည်နိုင်ဖွယ်မြင်ကွင်းတစ်ခု သူ့ရှေ့တွင် ရုတ်ချည်းပေါ်လာသည်။

ကောင်းကင်ထက်တွင် နောက်ထပ်ကောင်းကင်၊ မြေပြင်ထက်တွင် နောက်ထပ်မြေပြင်ထု ဖြစ်လာ၏။ ကောင်းကင်ဘုံချိုးဖျက်ခြင်းမန္တာန်သည် အကျဉ်းထောင်တစ်ခုအလား နောက်ထပ်လောကတစ်ခုကို ဖန်တီးသည်။ ၎င်းသည် ရန်သူနှင့်အတူ ပေါင်းစပ်ပစ်နိုင်၏။ ပန်းချီကားကို ချိုးဖျက်ခြင်းသည် လောကကို ချိုးဖျက်ခြင်းနှင့်တူကာ ထိုအချက်ကို အသုံး၍ ရန်သူကို သတ်ဖြတ်နိုင်သည်။

ဝမ်လင်းသည် ကောင်းကင်ဘုံချိုးဖျက်ခြင်းမန္တာန်ကြောင့် ဖြစ်ပေါ်သော လောက၏ ဝန်းရံခြင်းကို ခံထားရကာ ရုန်းမထွက်နိုင် ဖြစ်ရသည်။

အရှင်စစ်မို၏အမူအရာမှာ ကြမ်းကြုတ်နေသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့လက်နှစ်ဖက်ကို ရုတ်တရက် ဖြန့်ကား၏။ ထို့နောက် သူက သူ့လက်နှစ်ဖက်ကို နီးကပ်စေပြန်ကာ မာန်သွင်းအော်ဟစ်သည်။ “ကောင်းကင်နဲ့မြေကြီးကို ချိုးဖျက်ခြင်း….”

သူ မာန်သွင်းလိုက်သည့်အခါ ဝမ်လင်းရှိနေသော လောကသည် တုန်ဟည်း၏။ ကောင်းကင်ထက်ရှိ ပန်းချီကားသည် စတင် စုတ်ပြဲလာသည်။ ပန်းချီကားအတွင်းရှိ ဝမ်လင်း၏ပုံရိပ်မှာလည်း နောက်တစ်ဖန် တွန့်လိန်ခေါက်လာသည်။

ထိုစဉ် သည်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံးသည် တုန်လှုပ်ရသည်။ မီးစာကလေးကလန်မှ အဘိုးအိုသည် သူ့လူများအား ဝန်းရံထားစေလျက် သူတို့၏နတ်ဘုရားအာရုံဖြင့် သည်တိုက်ပွဲကို လေ့လာနေကြသည်။ ထိုအံ့ဖွယ်မြင်ကွင်းကို တွေ့မြင်သည့်အခါ သူ့မျက်လုံးထဲတွင် ကြောက်လန့်မှု ပြည့်နှက်ကာ သူ့မျက်နှာထက်၌လည်း ရှုပ်ထွေးသောအမူအရာတစ်ခု ဖြစ်ပေါ်သည်။

“ဒီလူဟာ သံသယမရှိ သေရတော့မယ်။ ကောင်းကင်ဘုံချိုးဖျက်ခြင်းမန္တာန်ဟာ တကယ့်ကို နာမည်နဲ့ ထိုက်တန်တာပဲ။ အရှင်စစ်မို…အရှင်စစ်မို…။ သူ ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…။ ဒီတော့ ငါနဲ့ ဆေးလုံးတွေ အရောင်းအဝယ်လုပ်ခဲ့တဲ့သူရဲ့ ပုံရိပ်ဟာ သိသာသွားပြီ…”

“ကံမကောင်းစွာနဲ့…ငါဟာ ဒီလူ့ရှိကနေ စိတ်ဝိညာဉ်ဆေးလုံးတွေထံက သွေးဟာ ဘယ်နေရာက ရလာခဲ့သလဲ မသိရတော့ဘူး…” စာကလေးကလန်မှ အဘိုးအိုသည် ခေါင်းယမ်းလိုက်၏။ သူသည် ဝမ်လင်း သေရတော့မည်ဟု ယုံကြည်နေသည်။

ချပ်ဝတ်နဂါးကလန်၏ တော်ဝင်ကုန်းမြေတွင်လည်း လူငယ်သခင်က သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ တိုက်ပွဲကိုလေ့လာနေ၏။ နောက်ဆုံးတွင် သူသည် အနည်းငယ် စိတ်သက်သာရ ရသွားချေသည်။

“ဒီလူဟာ အတော့်ကို သန်မာတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သူဟာ အရှင်စစ်မိုရဲ့ မန္တာန်ကနေ မလွတ်မြောက်နိုင်တော့ဘူး။ ကောင်းကင်ဘုံချိုးဖျက်ခြင်းမန္တာန်ဟာ အံ့အားသင့်စရာပဲ။ ဒီမန္တာန်က ကိုယ်ပိုင်လောကကနေ ဖြစ်ပေါ်လာနိုင်ပြီး လောကကို ချိုးဖျက်နိုင်တယ်…”

ချပ်ဝတ်နဂါးခေါင်းဆောင်သည်လည်း ကောင်းကင်ထက်မှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူသည်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

“သူက သူ့အကန့်အသတ်ကို မသိဘူးပဲ။ အရှင်စစ်မိုဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၊ ဒါ့ကြောင့် သူ့ကိုယ်ပွားနဲ့ပဲ ရောက်လာခဲ့တယ်ဆိုရင်တောင် သူ ရင်ဆိုင်နိုင်တဲ့လူစားမျိုး မဟုတ်သေးဘူး။ သူဟာ ပြန့်ကြဲမိုးကြိုးကလန်ရဲ့ အကြီးအကဲခေါင်းဆောင်ကို သတ်နိုင်ခဲ့တယ်ဆိုရင်တောင် အရှင်စစ်မိုရှေ့မှာတော့ အစွမ်းမဲ့ရမှာပဲ…”

“ဒါပေမဲ့…သူဟာ အရှင်စစ်မိုကိုလည်း ထိခိုက်အောင် လုပ်နိုင်ခဲ့တဲ့အတွက် သူဟာ သိပ်မရိုးရှင်းလှဘူး။ ကံကောင်းစွာနဲ့ သူ အသက်ရှင်နိုင်တဲ့ အခွင့် မရှိတော့တာ။ သူဟာ ပြဿနာလာရှာခဲ့ရင် ငါ့အတွက် သူ့ကို ရင်ဆိုင်ဖို့ အတော်လေး ခက်ခဲမှာ…”

သို့ပေမည့် လူတိုင်းက ဝမ်လင်း မလွတ်မြောက်နိုင်တော့ဟု သေချာနေချိန်တွင် အခွင့်အရေးတစ်ခုသည် မြင့်တက်လာခဲ့သည်။

ဝမ်လင်း၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ နာကျင်နေသည်။ သူ၏မျက်လုံးမှာ ချင်းချင်းနီနေ၏။ သန်းလေးဆယ်သောဓားစွမ်းအင်က သူ့အား ဝန်းရံထားလျက် သူသည် ကောင်းကင်ထက်သို့ တဟုန်ထိုး တိုးဝင်သည်။

“ဓားစွမ်းအင်သန်းလေးဆယ်။ ငါ့အတွက် ဒီကောင်းကင်ပန်းချီကား၊ မြေပြင်မင်ကို ချိုးဖျက်လိုက်စမ်း…ချိုးဖျက်…ချိုးဖျက်စမ်း…” ဝမ်လင်းသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၏။ သူသည် ဓားစွမ်းအင်တန်းတစ်ခုအသွင်ပင်။

ထိုဓားစွမ်းအင်သည် ဓားစွမ်းအင်သန်းလေးဆယ်တွင် အပိုထပ်ဆောင်း ဓားစွမ်းအင်တစ်ခု ဖြစ်လာ၏။

သူ့ပတ်လည်ရှိ ဓားစွမ်းအင်မုန်တိုင်းသည် သူ့ကို ဖျက်စီးခြင်းအော်ရာတစ်ခုအား ပေးစွမ်းစေပြီး ဝမ်လင်းကို ကောင်းကင်ထက်ရှိ ပန်းချီကားထံသို့ ခေါ်ဆောင်သွား၏။ ချက်ခြင်းပင် ထိုမုန်တိုင်းသည် ယင်းပန်းချီကားနှင့် ထိပ်တိုက်တွေ့သည်။

ဓားစွမ်းအင်တန်းလေးဆယ်သည် ပန်းချီကားကို စတင် ရိုက်ချ၏။ အဆုံးမဲ့တုန်ဟည်းသံများ လောကတခွင် ပဲ့တင်ထပ်သည်။

“ပွင့်ထွက်စမ်း…” ဝမ်လင်း၏အသံသည် ကြမ်းရှ၏။ သူ့ထံမှ နာကျင်မှုလှိုင်းများ ဖြစ်ပေါ်သည်။ သူသည် သွေးအန်လိုက်ရပြီး သူ့အမူအရာမှာ ကြမ်းကြုတ်လှသည်။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ဓားစွမ်းအင်တန်းများသည် သာ၍ ကြမ်းတမ်းလာ၏။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်လျက် ကောင်းကင်ဘုံချိုးဖျက်ခြင်းမန္တာန်ကြောင့် ဖြစ်ပေါ်သော လောကသည် တစစီဖြစ်သွားတော့သည်။

လောကသည် ပျက်စီးကာ တုန်ခါလှိုင်းတစ်ခုအဖြစ်ပြောင်း၍ သည်ဂြိုဟ်အနှံ့သို့ ပျံ့လွင့်သည်။

ဝမ်လင်း ချိုးဖျက်လာခဲ့ချေပြီ။

သူ ချိုးဖျက်လိုက်သည့်အခိုက်အတန့်တွင် မီးစာကလေးကလန်မှ အဘိုးအိုသည် မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးဖွင့်လာကာ လေအေးတစ်ချက် ရှိုက်သွင်းမိသွားသည်။

သူသာမက ချပ်ဝတ်နဂါးကလန်၏ လူငယ်သခင်မှာလည်း ကြောက်နေ၏။ သူက အလိုလိုနောက်သို့ ဆုတ်မိကာ အံ့အားတသင့်ဆိုသည်။ “ဒါ…ဒါက…”

ချပ်ဝတ်နဂါးကလန်ခေါင်းဆောင်၏ အမူအရာမှာလည်း ပြောင်းလဲကာ သုန်မှုန်လာ၏။

“စစ်မာမို…ငါတို့တိုက်ပွဲက အခုမှ စတာ…” ဝမ်လင်းသည် တိုးဝင်လာရင်း သူ့လက်ကို ကောင်းကင်ထက်သို့ ညွှန်သည်။ သူသည် အော်ဟစ်လိုက်၏။ “မင်းက ကောင်းကင်နဲ့မြေကြီးကို ထွင်းဖောက်ဖို့ ကြိုးစားမှတော့ ငါလည်း ကောင်းကင်နဲ့မြေကြီးကို ပြောင်းပြန်လှန်ပစ်မယ်…”

ဝမ်လင်းသည် ထိုသို့ပြောလိုက်ရင်း သူ့မျက်လုံးထဲ၌ လောကသည် ပေါ်လာကာ ရုတ်တရက် လှည့်လည်သည်။ ကောင်းကင်သည် မြေကြီးဖြစ်လာပြီး မြေပြင်သည် ကောင်းကင် ဖြစ်လာသည်။

ထိုအခိုက်တွင် အပြင်ဘက်ရှိ လောကမှာလည်း တုန်ဟည်းကာ စတင်၍ ပြောင်းပြန် ဖြစ်သည်။

“တာအိုသခင်အိပ်မက်ပြာရဲ့ ကောင်းကင်ဘုံပြောင်းပြန်မန္တာန်…” အရှင်စစ်မို၏ အမူအရာသည် အလေးအနက် ဖြစ်လာကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ ပထမဆုံးအကြိမ်အဖြစ် သူသည် လက်နက်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။ သူ့ဘေးတွင် ပေတစ်ရာခန့်အလံတစ်ခု ပေါ်လာ၏။

ယင်းအလံပေါ်တွင် မရေမတွက်နိုင်သောအတားအဆီးများ ရှိ၏။ ယင်းတို့ ပေါ်လာသည်နှင့် အချိန်စွမ်းအားကို ပေးစွမ်းသည်။

အချိန်အတားအဆီး။

ပေတစ်ရာအလံသည် ပွင့်ဟလာကာ အချိန်အတားအဆီးသည် ပျံသန်းထွက်လာ၏။ ထောင်သောင်းချီအတားအဆီးများ အရှင်စစ်မိုကို ဝန်းရံကာ အတားအဆီးဝဲကတော့တစ်ခု ဖြစ်တည်သည်။

ထိုအခိုက်တွင် လောကမှာ ပြောင်းပြန် ဖြစ်၏။ ကောင်းကင်သည် သင်၏ခြေထောက်အောက်၊ မြေပြင်သည် သင်၏ ဦးခေါင်းထက်သို့ ရောက်ရှိပေ၏။ ယင်းမြင်ကွင်းကာ လူတိုင်းကို တုန်လှုပ်စေသည်။ ချပ်ဝတ်နဂါးခေါင်းဆောင်၏ မျက်လုံးသူငယ်အိမ်မှာ အပြင်းအထန် ကြုံ့သွား၏။

“ဒီလူဟာ တာအိုသခင်အိပ်မက်ပြာရဲ့ မန္တာန်ကို ပိုင်ဆိုင်ထားတယ်။ ဟက်…ဘာပဲဖြစ်ဖြစ် အရှင်စစ်မိုရဲ့ မန္တာန်ကြောင့် သူ သေရမယ်ဆိုတာ ငါ သေချာသိတယ်…”

ဝမ်လင်းသည် မာန်သွင်းလိုက်ကာ သူ့လက်ကို အောက်ဘက်သို့ ရိုက်ချသည်။ လောကသည် တုန်ဟည်းကာ ကောင်းကင်သည် အရှင်စစ်မိုထံသို့ ရိုက်ချဖိချလာသည်။

အရှင်စစ်မိုကိုမူ အချိန်အတားအဆီးက ဝန်းရံထား၏။ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာသည်။

“အချိန်အတားအဆီး…အချိန်နဲ့အတူ လွင့်ပျောက်ခြင်း။ ကောင်းကင်ဖြစ်ဖြစ်၊မြေပြင်ဖြစ်ဖြစ် အချိန်စီးဆင်မှုးနဲ့အတူ ကွယ်ပျောက်သွားရမှာပဲ…”

အရှင်စစ်မိုသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ အချိန်အတားအဆီးသည် လောကကို ခုခံနိုင်ရန် ပေါ်လာ၏။ လောကသည် တုန်ယင်လာကာ ထီးတည်းဖြစ်၍ ပျက်စီးတော့မည့် အရိပ်အယောင်များ ပြလာသည်။

“တားမြစ်အချိန်မန္တာန်။ အချိန်ရဲ့အဆုံးသပ်…” အရှင်စစ်မို၏အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားမိ၏။ သူက မန္တာန်တစ်ခုကို အသုံးပြုရန် ဟန်ပြင်သည်။ သို့ပေမည့် ထိုစဉ်တွင် ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ ထိုရယ်သံမှာ တိုးလျ၏။ သို့သော် သည်ဂြိုဟ်ပေါ်ရှိ လူတိုင်း၏နားထဲသို့ တိုးဝင်လာသည်။

“စိတ်ဝင်စားစရာပဲ။ မင်းက အသက်ရှုချိန်ငါးကြိမ်စာအတွင်းမှာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ်ပွားကို ရိုက်ချနိုင်ခဲ့ရင် ဒီပြိုလဲကုန်းမြေမှာ ငါ မင်းရဲ့ဘေးကင်းမှုအတွက် ကတိပေးလိုက်မယ်…”

ချပ်ဝတ်နဂါးကလန်၏ တောင်ဝင်ကုန်းမြေတွင် ကိုးယောက်မြောက်ပြိုလဲအကြီးအကဲ ချပ်ဝတ်နဂါးခေါင်းဆောင်၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွားပြီး သူသည် အလန့်တကြား ဆိုမိသည်။ “မဟာအင်ပါယာ…”

အရှင်စစ်မို၏အမူအရာမှာလည်း ကြီးစွာ ပြောင်းလဲသွား၏။ သူ့မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွှံ့မှုတို့ ဖြစ်ပေါ်လာသည်။

လေဟာနယ်အတွင်းမှ အသံတစ်သံသည် ထပ်မံ ထွက်ပေါ်ကာ ပဲ့တင်ထပ်သည်။ “တစ်ကြိမ်…”

***

All Chapters