← Chapters

အသက်ရှုချိန်လေးကြိမ်စာ

Vol. 104 Ch. 1432

အသက်ရှုချိန်လေးကြိမ်စာ

Vol. 104 Ch. 1432

အသက်ရှုချိန်ငါးကြိမ်စာကြာချိန်။

ချပ်ဝတ်နဂါးကလန်ခေါင်းဆောင်ဖြစ်စေ၊ မီးစာကလေးကလန်မှ အဘိုးအိုဖြစ်စေ သို့မဟုတ် အရှင်စစ်မိုကိုယ်တိုင်ဖြစ်စေ မည်သူကမျှ အသက်ရှုချိန်ငါးကြိမ်စာအတွင်း သည်တိုက်ပွဲကို အဆုံးသပ်နိုင်လိမ့်မည်ဟု မယုံကြည်ကြပေ။

တကယ်တော့ ဝမ်လင်း၏ရင်ဆိုင်နေရသော ရန်သူမှာ အရှင်စစ်မို ဖြစ်နေသည် မဟုတ်လား။

သို့ပေမည့် ဝမ်လင်းသည် ထိုစကားကို ကြားလိုက်သည့်နောက် သူ့မျက်လုံးသည် လင်းထင်းတောက်ပသွား၏။ တစ်ကြိမ်ဆိုသော စကားပဲ့တင်ထပ်ကာ ပျောက်ကွယ်မသွားခင်တွင် ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းကာ သူ၏ကျင့်ကြံမှုအဆင့်ကို ပေါက်ကွဲထွက်စေလိုက်သည်။

အချိန်၏အဆုံးသပ်သည် အရှင်စစ်မိုကိုယ်တိုင် အချိန်အတားအဆီးကနေ နားလည်သဘောပေါက်ထားသော မန္တာန်ဖြစ်သည်။ ထိုမန္တာန်သည် ဝမ်လင်း၏ အချိန်စီးဆင်းခြင်းမန္တာန်နှင့် သဘောသဘာဝ တူ၏။ အခု သူက သည်မန္တာန်ကို အသုံးပြုလိုက်သည့်အခါ အချိန်အတားအဆီးများထံမှ မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာ၏။

ထိုမုန်တိုင်းအောက်တွင် ပြောင်းပြန်လောကသည် အပြင်းအထန်တုန်ယင်၏။ ကောင်းကင်သည် နာဖျားသည့်အလား ဝါကျင့်ကျင့်ဖြစ်လာကာ ပြည်များစတင်ပေါ်လာ၏။ ထိုပြည်သည် စတင်စုဝေးလာကာ ထို့နောက် ပေါက်ကွဲထွက်ကာ ဝါကျင့်ကျင့်အရည်များစွာကို ထုတ်လွှတ်သည်။ လောကတစ်ခုလုံးသည် ခြောက်ကပ်ကုန်၏။

မြေပြင်ထက်တွင်လည်း အက်ကြောင်းများစွာ ပေါ်လာကာ မြေပြင်သည် အိုမင်းလာသည့်အလား ထိုအက်ကြောင်းများသည် အလျင်အမြန် ပျံ့နှံ့သည်။ ယင်းက လျှပ်တပြတ်အတွင်း ဖြစ်ပျက်သွားခြင်းတည်း။ ကောင်းကင်နှင့်မြေကြီးသည် ထိုမန္တာန်အောက်၌ ရုတ်ချည်း ပျက်စီးမှုနှင့် နီးကပ်လာ၏။

လောက ပျက်စီးသွားခိုက်တွင် အချိန်အတားအဆီးကြောင့် ဖြစ်ပေါ်လာသော ဝဲကတော့မှာ ဝေ့ခတ်ကာ ဝ၎င်း်လင်းထံသို့ အံ့မခန်းဖျက်စီးခြင်းအော်ရာနှင့်အတူ တိုးဝင်လာသည်။

ထိုအခိုက်အတန့်၌ တစ်ကြိမ် ဟူသောစကားသံမှာ အားကောင်းစွာ ပဲ့တင်ထပ်နေဆဲပင်။ ဝမ်လင်း၏ကျင့်ကြံမှု ပေါက်ကွဲထွက်လာ၏။ သူ၏ခန္ဓာကိုယ်ထံမှ အားကောင်းသောအလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ သူ၏မျက်လုံးထဲတွင် လောကရှိအရာအားလုံးမှာ အလင်းဓာတ်ပေး၍ သူ့ပတ်လည်တွင် ဧရာမအလင်းအရိပ်ကြီးတစ်ခုအဖြစ် စုဝေးကုန်သည်။

အလင်းအရိပ်ဒိုင်း။

ဝမ်လင်းသည် ထိုမုန်တိုင်း ရောက်ရှိလာချိန်၌ အလင်းအရိပ်ဒိုင်းကို ဖြစ်ပေါ်စေကာ ၎င်းနှင့် ထိပ်တိုက်တွေ့စေသည်။

ဝမ်လင်း၏ပတ်လည်ရှိ အလင်းအရိပ်ဒိုင်းမှာ အပြင်းအထန် လင်းလက်ကာ တောက်ပသည်။ ၎င်းဒိုင်းသည် မုန်တိုင်းနှင့် ထိပ်တိုက်တွေ့သည့်အခါ ယင်းအဖြစ်က ဝမ်လင်းအပေါ် အချိန်စီးဆင်းခြင်းကို ဆထက်တိုးပွားမှုကို ဖြစ်စေသည်။

အခြားတစ်ယောက်ယောက်သာဆိုပါက အချိန်အပေါ် အခြေခံထားသောမန္တာန်ကို ခုခံနိုင်ဖို့ အလွန်ခက်မည်သာ။ သို့ပေမည့် ဝမ်လင်းသည်လည်း သူ့ကိုယ်ပိုင်အချိန်မန္တာန်ကို နားလည်ထားသူ မဟုတ်လား။ ၎င်းမန္တာန်မှာ သူ့ဘဝတွင် ဒုတိယမြောက် သူ ဖန်တီးထားသော အချိန်စီးဆင်းခြင်း ဖြစ်၏။

အချိန်အတားအဆီးဝဲကတော့သည် သူနှင့် ထိပ်တိုက်တွေ့သည့်အခါ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်း၏။ လောကသည် တုန်ဟည်းကာ ဧရာမကျောက်တံခါးတစ်ခု ပေါ်လာ၏။ ထိုတံခါးသည် ဝမ်လင်းနှင့် ပေါင်းစပ်ကာ ထီးတည်းဖြစ်သောအော်ရာကို ပေးစွမ်းလေသည်။

အကွာအဝေးတစ်ခုမှ ကြည့်ပါက ဝမ်လင်းသည် ထိုကျောက်တံခါးပေါ်တွင် ရပ်နေသည့်ပုံ၊ သူ့အား အချိန်စွမ်းအားက ခြုံလွှမ်းထားသည့်ပုံ ရ၏။ လောကသည် သူ့ပတ်လည်တွင် မည်မျှ ရုန့်ရင်းနေပါစေ သူသည် တစ်စက်လေးပင် မလှုပ်ပေ။

ထို့အပြင် သည်အခိုက်၌ အလင်းအရိပ်ဒိုင်းသည် တောက်ပကာ တန်ပြန်ကန်အားတစ်ခုကို စတင် တည်ဆောက်သည်။ အရှင်စစ်မို၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူက တွေဝေခြင်းမရှိ ရှေ့သို့ ခြေလှမ်းကာ သူ့လက်ကို ဖိချလိုက်သည်။

ထိုဖိချမှုနှင့်အတူ ကောင်းကင်တုန်လှုပ်ဖွယ်လက်ဝါးရာ ပေါ်လာ၏။ ၎င်းလက်ဝါးထံ၌ ပဥ္စမကောင်းကင်ဘုံဒုက္ခကျင့်ကြံမှုအဆင့်၏ စွမ်းအား ပါဝင်ကာ သတ်ဖြတ်လိုစိတ်ပါ ပြည့်နှက်သည်။ ၎င်းလက်ဝါးသည် အလင်းနှင့်အရိပ်ဒိုင်းနှင့် ထိပ်တိုက်တွေ့သည်။

တုန်ဟည်းသံလှိုင်းများ ပဲ့တင်ထပ်ကုန်ကာ အလင်းအရိပ်ဒိုင်းသည် ပျက်စီး၏။ သို့ပေမည့် ၎င်း ပျက်စီးသွားခိုက်တွင် ဝမ်လင်းသည် မာန်သွင်းကာ ဒုတိယမြောက်တစ်ခုကို ဖြစ်ပေါ်စေပြန်သည်။

အချိန်တိုအတွင်း အလင်းအရိပ်ဒိုင်းသုံးခု ပေါ်လာလေ၏။

ထိုသုံးကြိမ်ပြီးနောက် ယင်းဒိုင်းမှာ ပျက်စီးသွားသည်။ သို့သော် ၎င်းဒိုင်းပျက်စီးသွားသည်နှင့် အချိန်အတားအဆီးနှင့် လက်ဝါးတို့၏စွမ်းအား အများစုသည် တိုးဝင်လာသော အရှင်စစ်မိုထံသို့ ပြန်ကန်ဝင်သွားကြသည်။

“နှစ်ကြိမ်…” ထိုအသံသည် လေဟာနယ်တလျှောက် ပဲ့တင်ထပ်သည်။

အသက်ရှုချိန်ကြာချိန် သုံးကြိမ်စွာ ကျန်နေသေး၏။ သည်တိုက်ပွဲကို လေ့လာကြည့်ရှုနေသော မည်သူကမျှ ဝမ်လင်းသည် ဤတိုက်ပွဲကို အသက်ရှုချိန်သုံးကြိမ်စာအတွင်း အနိုင်ရလောက်သည့်အထိ သန်မာသည်ဟု မယုံကြည်ကြပေ။

နှစ်ကြိမ် ဟူသော စကားလုံး ပဲ့တင်ထပ်လာသည့်အခါ ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ အလင်းအရိပ်ဒိုင်း ပျက်စီးသွားချိန်၌ သူလည်း ဖိသိပ်အား၏ သက်ရော်ကမှုကို ခံရကာ သွေးအန်လိုက်ရသည်။ သို့ပေမည့် သူသည် ကျယ်လောင်စွာ ရယ်မောလျက် ရှေ့သို့ တိုးဝင်လာသည်။

သူ တိုးဝင်လာနေရင်း ဝမ်လင်းက သူ၏အသေတိုက်ကွက်ကို ထုတ်ဖော်သည်။ သူသည် စိတ်ကူးနိုင်သည်ထက်မြန်၏။ သူ့ညာမျက်လုံးထဲတွင် မိုးကြိုးအမှတ်အသား ပေါ်လာသည်။ ထိုမိုးကြိုးသည် မိုးကြိုးကိုးမျိုးကို ပိုင်ဆိုင်ထားကာ ချက်ခြင်းပင် ဝမ်လင်း၏ရှေ့၌ ဧရာမမိုးကြိုးအမှတ်အသားတစ်ခု ဖြစ်ပေါ်လေသည်။

ထိုမိုးကြိုးအမှတ်အသားသည် ကောင်းကင်တုန်လှုပ်ဖွယ်ရာပင်။ မိုးကြိုးအနှစ်သာရမှာ အလွန်အစွမ်းထက်ပြီး ကျန်သည့်အတူတကွမိုးကြိုးကိုးမျိုးကလည်း ကျယ်လောင်စွာ မြည်ဟိန်း၏။ အထူးသဖြင့် နောက်ဆုံးအတူတကွ ရှိထားစေသော ဂျီမိုးကြိုး၊ သွေးမျိုးဆက်မိုးကြိုးနှင့် ဖိဆန်ခြင်းမိုးကြိုးတို့တည်း။

ထိုမိုးကြိုးသုံးမျိုးသည် မဟာစွမ်းအားနှင့် ပေါက်ကွဲထွက်လာပြီး မိုးကြိုးအမှတ်အသားကို လင်းထင်းတောက်ပစေသည်။

ဖျပ်ခနဲပင် မရေမတွက်နိုင်သောလျှပ်စီးများ ကောင်းကင်ယံ၌ ပေါ်လာ၏။ ယင်းတို့သည် မိုးကြိုးအမှတ်အသားထံ စုဝေးလာသည်။

ထိုမိုးကြိုးအမှတ်အသားမှာ ကောင်းကင်ဘုံတုန်လှုပ်ဖွယ်ရာတည်း။ ၎င်းပေါ်လာသည်နှင့် ဝမ်လင်းသည် ရှေ့သို့ တွန်းထုတ်၏။ သူက လေဟာနယ်ဂိတ်တံခါးချပ်ကို တိုက်ခိုက်သည့်ပုံစံမျိုးဖြင့် အရှင်စစ်မိုထံ တိုက်ခိုက်လိုက်ခြင်းသာ။

ထိုမိုးကြိုးအမှတ်အသားသည် ကောင်းကင်ထက်တွင် ပြည့်နှက်ကာ အရှင်စစ်မိုထံသို့ တိုးဝင်လာသည်။

အရှင်စစ်မို၏အမူအရာသည် အလေးအနက် ဖြစ်သွား၏။ တစ်လျှောက်လုံးတွင် သူသည် ဝမ်လင်း၏ မိုးကြိုးမန္တာန်ကို အရှိန်ဆုံး ဖြစ်လေသည်။ သူသည် ကိုယ်တိုင်ကိုယ်ကျ ဝမ်လင်း၏မိုးကြိုးမန္တာန်ကို မရင်ဆိုင်ခဲ့ရသေးသော်လည်း လေဟာနယ်ဂိတ်တံခါးကို ဝမ်လင်း ချိုးဖျက်သည့် မြင်ကွင်းကို ပြန်တွေးမိရုံဖြင့် သူ့အရေပြားကို ကုတ်ဆွဲသလို ဖြစ်စေရန် လုံလောက်နေခဲ့သည်။

ဤအခိုက်တွင် သူ မိုးကြိုးအမှတ်အသားကို တွေ့မြင်လိုက်ရသည့်အခါ သူက ဝမ်လင်း လေဟာနယ်ဂိတ်တံခါးချပ်ကို ချိုးဖျက်သည့် မြင်ကွင်းအား ပြန်တွေးမိ၏။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ အချိန်အတားအဆီးသည် သူ့အား ပတ်ခြံရံပေးသွားသည်။

“မင်းရဲ့မိုးကြိုးက ငါ့ရဲ့ အချိန်အတားအဆီးထက် ပိုသန်မာမလား ကြည့်ရသေးတာပေါ့…”

ဝမ်လင်းသည် လျှပ်စီးတန်းအလား ရွှေ့လျားလာကာ မိုးကြိုးအမှတ်အသားကို တွန်းထုတ်၏။ ၎င်းသည် လေဟာနယ်အတွင်းမှ အဆုံးမဲ့မိုးကြိုးများကို စုပ်ယူထားလေ၏။ ယင်းမိုးကြိုးအမှတ်အသားသည် လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသော ထာဝရမိုးကြိုးတန်းအလား အရှင်စစ်မိုထံသို့ နတ်ဘုရားပြစ်ဒဏ်ကဲ့သို့ သက်ဆင်းလာသည်။

ထိုတိုက်ခိုက်မှု နီးကပ်သထက် နီးကပ်လာနေရင်း လေဟာနယ်အတွင်းမှ အသံသည် ပဲ့တင်ထပ်လာပြန်သည်။ “အသက်ရှုချိန်သုံးကြိမ်…”

ထိုသုံးကြိမ် ဟူသော စကားလုံး ပဲ့တင်ထပ်လာရင်း ဝမ်လင်း၏ခန္ဓာကိုယ်မှာ မိုးကြိုးအမှတ်အသားနှင့် ပေါင်းစပ်သည်။ မိုးကြိုးအမှတ်အသားသည် အရှင်စစ်မို၏ အချိန်အတားအဆီးများနှင့် ထိပ်တိုက်တွေ့သည်။

ထို့အတွက်ကြောင့် ရလဒ်အနေဖြင့် ကောင်းကင်တုန်ဟည်းသံများသည် မြည်ဟိန်းကာ အဘက်ဘက်သို့ ပျံ့နှံ့သည်။ ထိုပြင်းထန်သောဖိသိပ်အားအောက်တွင် အရှင်စစ်မိုပတ်လည်ရှိ အချိန်အတားအဆီးများသည် တုန်ရီကာ ပျက်စီးခြင်း ဆိုက်သည်။ မိုးကြိုး၏စွမ်းအားအောက်၌ အချိန်အတားအဆီးများသည် တစစီဖြစ်ကာ အရှင်စစ်မိုထံသို့ ရိုက်ချလာ၏။

ထိုစဉ် မိုးကြိုးအမှတ်အသားပါ နီးကပ်လာ၏။

အဖြစ်အပျက်မှာ မြန်လွန်းသည်။ ချက်ခြင်းပင် မိုးကြိုးအမှတ်အသားသည် အရှင်စစ်မို၏ရင်ဘက်ပေါ်သို့ ကျရောက်သွားလေ၏။ အရှင်စစ်မို၏မျက်နှာသည် ဖြူရောကာ သူသည် ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရသည်။ သူက နောက်ဆုတ်လျက် ၎င်းမိုးကြိုးကို ဖိနှိပ်နိုင်စွမ်းမဲ့ရ၏။

မိုးကြိုးသည် သူ၏ရင်ဘက်ကို ဖုံးလွှမ်းကာ အက်သံများ ပဲ့တင်ထပ်ကုန်သည်။ သူ့ဒဏ်ရာများသည် နောက်ဆုတ်နေလျက်ဖြင့် ပို၍ ဆိုးဝါးလာသည်။

သူက ဝမ်လင်းကို မြင့်မြင့်သာ တွေးထားသော်လည်း သူသည် မိုးကြိုး၏စွမ်းအားမှာ အခုလောက် အစွမ်းထက်နေလိမ့်မည်ဟု မယုံကြည်ထားမိပေ။

အချိန်သည်ပင် ထိုမိုးကြိုး၏ရှေ့၌ ပျက်စီးရလေ၏။

ဝမ်လင်းသည် မိုးကြိုးနှင့် အချိန်အတားအဆီးတို့ ထိပ်တိုက်တွေ့ချိန်မှာ အချိန်အတားအဆီးများ၏ ထိမှန်ခြင်းကို ခံလိုက်ရသည်သာ။ ချက်ခြင်းပင် သူ၏မျက်နှာမှာ အိုမင်းသွားပြီး ပါးရည်နားရည်များ တွန့်ကာ အဘိုးအိုတစ်ယောက် ဖြစ်သွားသည်။

သို့ပေမည့် ချက်ခြင်းလိုလိုပင် ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ အသက်ဓာတ်များ ပေါက်ကွဲထွက်လာပြီး သူသည် အသက်ပြန်ငယ်လာသည်။ သူသည် ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။ သို့သော် သူ့မျက်နှာမှာ အလွန်အမင်းဖြူရောနေသည်။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ ကိုယ်ပိုင်းကို ရင်ဆိုင်ရသည်ကပင် သူ့အတွက် အလွန်တရာခက်ခဲသော တိုက်ပွဲဖြစ်သည်မှာ သိသာလှသည်။

အရှင်စစ်မို နောက်ဆုတ်သွားသည်ကို တွေ့မြင်သည့်အခါ ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူသည် နောက်ကနေ လိုက်လံသည်။ သို့ပေမည့် ထိုအခိုက်တွင် လေဟာနယ်အတွင်းမှ အသံသည် ထပ်မံ ထွက်ပေါ်လာသည်။

“လေးကြိမ်မြောက်…” ထိုအသံ အဆုံးမသပ်ခင်မှာပင် ဝမ်လင်းရယ်သံသည် ၎င်းအသံကို နှောက်ယှက်ကာ ထွက်ပေါ်လာ၏။ သူသည် ကောင်းကင်ကို မြန်နှုန်းအပြည့် ထွင်းဖောက် ဖြတ်သန်းကာ နောက်ဆုတ်သွားသော အရှင်စစ်မိုကို မှီလာ၏။ ထို့နောက် သူက လက်ဝေ့ယမ်းလိုက်သည်။

လေဟာနယ်အတွင်းမှ လက်သည်းခွံခန့် ရွှေရောင်ဆေးလုံးတစ်လုံး ပေါ်လာကာ အရှင်စစ်မိုထံသို့ အံ့မခန်းအမြန်နှုန်းဖြင့် တိုးဝင်သွား၏။ ၎င်းမှာ မြန်လွန်းသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် အရှင်စစ်မို၏ ပေတစ်ရာသို့ ရောက်ရှိလာသည်။

ထိုရွှေရောင်ဆေးလုံး နီးကပ်သွားသည်ကိုပင် စောင့်မနေဘဲ ဝမ်လင်းက မာန်သွင်းအော်ဟစ်လိုက်၏။ “ပေါက်ကွဲစမ်း…”

သူ ထိုသို့ ပြောလိုက်သည့်အခါ ကောင်းကင်တစစီဖြစ်စေနိုင်သော တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ယင်းကား ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ပေါက်ကွဲသွားသည့်အလား။ တုန်ခါလှိုင်းသည် အဖျက်အစီးအားနှင့်အတူ အကွာအဝေးတစ်ခုထံသို့ ခရီးဆန့်သွား၏။ အရှင်စစ်မိုသည် နီးကပ်လွန်းနေသည်။ သူသည် ထပ်မံ သွေးအန်လိုက်ရ၏။ ထိတ်လန့်မှု သူ့မျက်လုံးထဲတွင် ပေါ်လာသည်။

သူသည် ဝမ်လင်းထံ၌ အခုလိုမျိုး ရတနာတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ သူက ထိုဆေးလုံး၏ ပေါက်ကွဲအားကို ထိမှန်ခံလိုက်ရသည့်အခါ သူ့အသွေးအသားများ စုတ်ပြဲသွားတော့မလား ခံစားလိုက်ရ၏။ သူ၏အရိုးများပင် တစစီဖြစ်သွားတော့မည့်ကဲ့သို့ ထင်ရ၏။

သူ၏မူလခန္ဓာကိုယ်မှာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေခြင်းကြောင့်သာ မဟုတ်ဘဲ သာမန်ကျင့်ကြံသူတစ်ယောက်သာ ဆိုပါက သေတာ ကြာနေလောက်ပေပြီ။

အရှင်စစ်မိုသည် သူ တတိယအဆင့်ကျင့်ကြံမှု နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်တွင် အချိန်အကြာကြီး တန့်နေပြီး တာအိုစိတ်ဝိညာဉ်ကို များစွာ မရနိုင်ကြောင်းကို သိရှိခဲ့ရသည့်နောက် ယင်းကိုယ်ပွားကို သူ သန့်စင်ခဲ့ခြင်းပင်။ သူက ၎င်းကိုယ်ပွားကို တတိယအဆင့်သို့ ရောက်ကာ သူ၏ကျင့်ကြံမှု တိုးတက်အောင် ကူညီပေးနိုင်ရန် မျှော်လင့်ထားခဲ့၏။

ပေါက်ကွဲအားကြောင့် အရှင်စစ်မို၏ကိုယ်ပွား လွင့်စင်ထွက်သွားနေရင်း ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး သူ့ညာလက်ကို ဝေ့ယမ်းသည်။ သူ သန့်စင်ထားခဲ့သော မီးတောက်သန္ဓေပြောင်းသလင်းကျောက်များသည် လွင့်ဝဲထွက်လာချေ၏။

“ပေါက်ကွဲစမ်း…” ဝမ်လင်းသည် မီးတောက်သန္ဓေပြောင်းသလင်းကျောက်များ အရှင်စစ်မိုထံ နီးကပ်သွားချိန်တွင် အော်ဟစ်လိုက်၏။ ရွှေရောင်ဆေးလုံး ပေါက်ကွဲပြီးကာစတွင်ပင် ထိုသလင်းများသည်လည်း ဒုတိယမြောက် ပေါက်ကွဲဖျက်စီးမှုကို အစပြုတော့၏။

“မကောင်းတော့ဘူး…” ချပ်ဝတ်နဂါးကလန်ခေါင်းဆောင်သည် သည်တိုက်ပွဲကို အာရုံအပြည့်ထားကာ ကြည့်ရှုနေ၏။ သူက ဤအခြင်းအရာကို တွေ့မြင်သည့်အခါ သူ၏မျက်နှာအမူအရာသည် ကြီးစွာ ပြောင်းလဲသွားချေသည်။

***

All Chapters