← Chapters

ထိတ်လန့်နေသောငှက်(၁)

Vol. 104 Ch. 1436

ထိတ်လန့်နေသောငှက်(၁)

Vol. 104 Ch. 1436

ဝမ်လင်းသည် ဟင်းလင်းပြင်ကို မြန်ဆန်စွာ ဖြတ်သန်းကာ ပျံသန်းနေ၏။ သူသည် ချပ်ဝတ်နဂါးကလန်ကို ထားခဲ့ပြီးနောက် ရတနာများစွာကို ယူဆောင်လာခဲ့သည်။ သူ့သိုလှောင်နေရာလွတ်ထဲတွင် နဂါးပျက်စီးခြင်းဆေးလုံးနှင့် မီးတောက်သန္ဓေပြောင်းသလင်းကျောက်များစွာ ရှိနေပေပြီ။

ရုပ်သေးများစွာလည်း ရှိသေး၏။ ထိုရုပ်သေးများကြား အမြင့်ဆုံးကျင့်ကြံမှုအဆင့်မှာ ပထမကောင်းကင်ဘုံဒုက္ခဖြစ်သည်။ ယင်းအရာများအားလုံးသည် ချပ်ဝတ်နဂါးကလန်မှ စုဆောင်းထားခဲ့ခြင်းပင်။ အခုတော့ ဝမ်လင်းကို ခေါင်းဆောင်အသစ်က အားလုံး ပေးအပ်ခဲ့ချေပြီ။

ပျံသန်းနေရင်း ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူသည် စဉ်းစားနေသည်။ သူ အရှင်စစ်မိုနှင့် တိုက်ပွဲအတွင်း ဆန်းကြယ်လှသောမဟာအင်ပါယာက ရုတ်တရက် ပေါ်လာခဲ့ကာ အဆုံးသပ်၌ သူ့အား လူငယ်အင်ပါယာဟူသော ဂုဏ်ပုဒ်ကို ပေးအပ်ခဲ့သည်။

“မဟာအင်ပါယာဟာ နတ်လေးပါးကလန်နဲ့များ တစ်ခုခု ပတ်သတ်နေတာလား။ တကယ်လို့ အဲ့လိုသာဆိုရင် သူဟာ ဘယ်သူလဲ။ သူ မဟုတ်ခဲ့ရင်ကော ငါ့ကို ဘာကြောင့် အခုလိုမျိုး ဆက်ဆံရတာလဲ။ ဒါ့အပြင် သူဟာ ငါ့ရှိ ကျောက်စိမ်းပြားတစ်ခု ပို့ပေးခဲ့ပြီး ငါနဲ့ တွေ့လိုစိတ်မရှိသေးကြောင်း ပြသခဲ့တယ်။ ဒါရဲ့ နောက်ကွယ်က အဓိပ္ပာယ်က ဘာများလဲ…” ဝမ်လင်းသည် မြန်သထက်မြန်မြန် ပျံသန်းလာရင်း မျက်မှောင်ကြုတ်မိနေ၏။

“ပထမတုန်းကတော့ သူက အသက်ရှုချိန်ငါးကြိမ်စာလို့ ပြောခဲ့တယ်။ ဒါဟာ ငါ မျှော်လင့်ထားတဲ့အတွင်းမှာ ရှိသေးတယ်။ တကယ်တော့ ငါတို့တိုက်ပွဲဟာ သူ့စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ အရှင်စစ်မိုကလည်း ငါ့ကို ဒီနေရာထိ လိုက်လံခဲ့တယ် မဟုတ်လား။ ပြိုလဲကုန်းမြေရဲ့ ဥပဒေအရ သူဟာ အပြစ်ပေးခံရပြီး မောင်းထုတ်ခံရမှာ ကျိန်းသေတယ်…”

“ဒါပေမဲ့ မဟာအင်ပါယာက အရှင်စစ်မိုရဲ့ ကိုယ်ပွားကို သတ်ပစ်ခဲ့တယ်။ သူ့ကို မောင်းထုတ်လိုက်တာက အဆင်ပြေသေးတယ်။ ဒါပေမဲ့ သတ်လိုက်တာက ရည်ရွယ်ချက်တစ်ခုခုကို ဖော်ပြနေရာရောက်တယ်။ တကယ်တော့ အရှင်စစ်မိုဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ။ မဟာအင်ပါယာက သူ့ကိုယ်ပွားကို သတ်ပြီး အုပ်စိုးသူကောင်စီကို သတင်းစကားတစ်ခု ပို့လိုက်တာလား…”

“မဟာအင်ပါယာက စိတ်ပြောင်းသွားတာ သိသာတယ်။ သူ့မူလအစီအစဉ်က ဘေးကနေပဲ ကြည့်နေဖို့။ ဒါပေမဲ့ အဆုံးသပ်မှာ သူဟာ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါခဲ့တယ်။ သူ့စိတ်ကို ဘယ်အရာက ပြောင်းလဲသွားစေခဲ့တာလဲ…”

ဝမ်လင်းသည် ထပ်ကာထပ်ကာ စဉ်းစားနေသည်။ ထို့နောက် သူက ရုတ်တရက် ရပ်လိုက်၏။ သူသည် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသည်။

“ငါ့ခန္ဓာကိုယ်ထဲမှာ အနှစ်သာရငါးခု ရှိနေတယ်။ မဟာအင်ပါယာရဲ့ ကျင့်ကြံမှုဟာ အံ့မခန်းကြီးမားတယ်။ ဒါ့ကြောင့် သူက ဒါကို ဖြတ်မြင်နိုင်ခဲ့တာလား။ ဒါမှမဟုတ် သူဟာ မီးသလင်းကျောက်ထဲက မီးအနှစ်သာရကို မြင်ခဲ့တာလား။ မဟာအင်ပါယာသာ နတ်လေးပါးကလန်နဲ့ ပတ်သတ်နေခဲ့ရင် သူက အကြည့်တစ်ချက်နဲ့တင် ငါ့မှာ ဟင်္သာငှက်ပိုင်ဆိုင်ထားတာကို ပြောနိုင်စွမ်း ရှိလောက်မှာ…”

“ဒီဖြစ်နိုင်ချေနှစ်ခုက သူ့စိတ်ကို ပြောင်းလဲသွားစေခဲ့တာများ ဖြစ်နေမလား။ ဒါပေမဲ့ ဒါတွေအားလုံးဟာ ငါ့ကိုယ်ပိုင်ထင်မြင်ချပ်သပ်သပ်ပဲ။ ဘယ်တစ်ခုက အမှန်ဖြစ်မလဲ ငါ မသိဘူး…”

“ဒါ့အပြင် သူဟာ ချပ်ဝတ်နဂါးကလန်ခေါင်းဆောင်ကို တမန်တော်စေလွတ်ပြီး အပြစ်ပေးခဲ့သေးတယ်။ ဒါက သူ့ခွန်အားကို ငါ့ကို ပြသရာလည်း ရောက်တယ်။ အဆုံးသပ်မှာ သူဟာ ငါ့ကို သုံးလအတွင်းကျင်းပမယ့် ပြိုလဲအကြီးအကဲရွေးချယ်ပွဲကို လာဖို့လည်း ပြောခဲ့သေးတယ်။ ဒီတော့မှ မဟာအင်ပါယာရဲ့ ရည်ရွယ်ချက်ကို ကြည့်ရတာပေါ့…” ဝမ်လင်းသည် သူ့ကိုယ်သူ ပြန်အာရုံစိုက်လိုက်၏။ သူက လေဟာနယ်ကွေးညွတ်ခြင်းကို အသုံးပြုကာ ကင်းမြှီးကောက်နက်ကလန်ထံသို့ ဦးတည်သွားတော့သည်။

လောဘကြီးတို့အုပ်စုသည်လည်း မြန်ဆန်စွာ လာနေကြ၏။ သူတို့သည် ကင်းမြှီးကောက်နက်ကလန်နှင့် အလျင်အမြန် နီးကပ်လာသည်။ ထိုကျင့်ကြံသူတစ်ထောင်သည် ဟင်းလင်းပြင်ကို ဖြတ်သန်းလာကြ၍ လှိုင်းဂယက်များကို ဖန်တီးဖြစ်ပေါ်စေပြီး သူတို့မှာ ကင်းမြှီးကောက်နက်ကလန်၏ ဂြိုဟ်နား ရောက်လာသည်။

ခဏအကြာတွင် အလင်းတန်းတစ်ထောင်သည် ထိုဂြိုဟ်၏လေထုကို ချိုးဖျက်ကာ တန်းတန်းမတ်မတ် ဆင်းသက်လာကြ၏။

လောဘကြီးကို ထိုကျင့်ကြံသူအုပ်က ဝန်းရံထားသည်။ သူသည် ဆင်းသက်လာရင်း မောက်မာလှသည့်ပုံ ပေါ်၏။

ကင်းမြှီးကောက်နက်ကလန်၏ အထက်ရှိ ကောင်းကင်မှာ အရောင်များပြောင်းလဲကာ တိမ်ထုများ ပြန့်ကျဲကုန်သည်။ ကောင်းကင်သည် အလင်းတန်းများ၏ ထွင်းဖောက်ခြင်း ခံလိုက်ရသည့်အလား။

ထိုဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွား၏။ သူတို့သည် ကြောက်လန့်တကြား ကောင်းကင်ထက်သို့ မော့ကြည့်သည်။

ကောင်းကင်ထက်မှ တုန်ဟည်းသံများ ထွက်ပေါ်လာကာ မြေပြင်ထုမှာ တုန်ယင်၏။

ကင်းမြှီးကောက်နက်ကလန်သစ်သည် ဝမ်လင်း အစောပိုင်းက ကျင့်ကြံခဲ့သော လှိုဏ်ဂူပတ်ခြာလည်တွင် တည်ရှိလေ၏။ ခုချိန်၌ ကျုံးသဟုန်က သူ့လက်နှစ်ဖက်ကို နောက်ပစ်ကာ လမ်းလျှောက်ရင်း အလေးအနက်အမူအရာဖြင့် ကင်းမြှီးကောက်နက်ကလန်ဝင်အချို့ကို မာန်မဲနေသည်။

ခပ်ပိန်ပိန်အဘိုးအိုကျုံ့က ကျုံးသဟုန်နောက်သို့ တလေးတစား လိုက်လာသည်။ သူ့မျက်လုံးထဲတွင်လည်း ကျေနပ်သည့်အရိပ်အယောင် ရှိနေ၏။ အထူးသဖြင့် ကျင့်ကြံမှုအဆင့်ပိုမြင့်သော ကလန်ဝင်များက ကျုံးသဟုန်၏ မာန်မဲမှုကြောင့် တုန်ယင်နေသည်ကို သူ တွေ့မြင်ရချိန်တွင် ဖြစ်သည်။

“ငါ မင်းကို ဆူဆဲရအောင် မလုပ်နဲ့။ ငါ မဆူချင်ဘူး။ ဒါပေမဲ့ မင်းတို့အားလုံး ပြီးခဲ့တဲ့ရက်အနည်းငယ်က လုပ်ခဲ့တာကို ကြည့်အုံး။ သခင်သာ ပြန်ရောက်လာခဲ့ရင် မင်းတို့အားလုံး ကိုယ်တိုင် တာဝန်ယူရမယ်။ ဟက်…” ကျုံးသဟုန်က သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။

သူ့အေးစက်စက်နှာခေါင်းရှုံ့သံသည် ကင်းမြှီးကောက်နက်ကလန်ဝင်များ၏ မျက်နှာများကို ဖြူရောသွားစေသည်။ သူတို့ထဲမှ တစ်ယောက်က ချီတုံချတုံဖြင့် လက်နှစ်ဖက်ဆုပ်ကာ ပြောလာသည်။ “ဒီကိစ္စက…”

သူ့စကားမဆုံးသေးခင်မှာပင် သူ့အမူအရာသည် အကြီးအကျယ်ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သည်အခိုက်၌ ကလန်ဝင်အားလုံးသည်လည်း ကောင်းကင်ထက်သို့ ထိတ်လန့်တကြား မော့ကြည့်ကြသည်။

ကင်းမြှီးကောက်ကလန်ခေါင်းဆောင်က ဝမ်လင်း၏လှိုဏ်ဂူအပြင်ဘက် တောင်ကြားထဲတွင် ထိုင်လျက်ရှိ၏။ သူက ရုတ်တရက် အထိတ်တလန့် မျက်လုံးဖွင့်လာပြီး လေထဲသို့ ပျံတက်လိုက်သည်။

ကျုံးသဟုန်လည်း မင်သက်သွားပြီး ကောင်းကင်ထက်သို့ ကြည့်သည်။ သူ့မျက်နှာမှာ ဖြူရောလျက် ကြောက်လန့်မှုနှင့် ပြည့်နှက်သွားသည်။ အဘိုးအိုကျန့်မှာလည်း ပင်သက်ရှိုက် မင်သက်နေမိ၏။

ဓားအလင်းတန်းများ နီးကပ်လာရင်း ပြင်းထန်သောတဝီဝီအသံများကို ဖန်တီးလေသည်။

ထိုအသံကား အစပိုင်း၌ အားပျော့သော်လည်း သိပ်မကြာခင်တွင် ကောင်းကင်တုန်လှုပ်ဖွယ် မြည်ဟိန်းလာ၏။

ထိုဓားအလင်းတစ်ထောင်ထံမှ ခပ်ကျယ်ကျယ်အသံတစ်သံ ထွက်ပေါ်လာပြီး သည်ဂြိုဟ်အနှံ့ ပဲ့တင်ထပ်သည်။ “တိမ်လွတ်မြောက်ခြင်းကလန်ဟာ တစ်ခုခုကို ရှာချင်တယ်။ ဒီတော့ ဒီဂြိုဟ်ကို သုံးလငှားယမ်းမယ်။ ကင်းမြှီးကောက်နက်ကလန်…ချက်ခြင်း ထွက်သွားတော့…”

ကင်းမြှီးကောက်နက်ခေါင်းဆောင်၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲသွား၏။ သူက ချက်ခြင်း ပြန်ပြောသည်။ “တိမ်လွတ်မြောက်ခြင်းကလန်…မင်းတို့ ဘာလုပ်ချင်နေတာလဲ။ ငါ့ကင်းမြှီးကောက်နက်ကလန်ဟာ သေးငယ်ပေမယ့်လည်း ပြိုလဲကောင်စီဝင်ကလန်တစ်ခု ဖြစ်နေဆဲပဲ။ မင်းတို့အားလုံး…”

သို့ပေမည့် သူ့စကားမဆုံးခင်မှာပင် ကောင်းကင်ထက်မှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာ၏။

“ညံလိုက်တာ…” ထိုစကားမှာ အေးစက်၏။ မကြာခင် တခြားအသံဗလံအားလုံးကို ဖိနှိပ်သွားသည်။ တစ်ချိန်တည်းမှာလည်း ကျင့်ကြံသူတစ်ထောင်အုပ်စုထဲမှ လူတစ်ယောက်သည် လျှောက်လှမ်းထွက်လာ၏။

ထိုလူ ပေါ်လာသည်နှင့် သူ့ကျင့်ကြံမှုမှာ အသက်ဝင်လာပြီး သူ့ခန္ဓာကိုယ်ထံမှ အနံ့ဆိုးထွက်ပေါ်လာ၏။ ထိုအနံ့ဆိုးမှာ ပြင်းလှသည်။ ယင်းအနံ့ ပျံ့နှံ့လာရင်း ကင်းမြှီးကောက်နက်ခေါင်းဆောင်သည် နောက်သို့ အလျင်အမြန်ဆုတ်ကာ အလန့်တကြား ဆိုသည်။ “လောဘကြီး…”

***

All Chapters