← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း ၈၉ မှုခင်းအသစ်

အမှန်အတိုင်းပြောရလျှင် ရွှီရှန်းက မိမိ၏ ဤအတွေးအပေါ် ပထမဆုံး တုံ့ပြန်မှုအနေဖြင့် အလွန် ယုတ္တိမတန်ဟု ခံစားမိခြင်းပင် ဖြစ်လေသည်။

ပုံမှန်လူတစ်ယောက် အနေဖြင့် လူကုန်ကူးခံရနိုင်ခြေမှာ အလွန်နည်းပါးလှပေသည်။ ဝမ်ချောင် ကဲ့သို့ အသက် ၂၀ ကျော် အရွယ် အမျိုးသား တစ်ဦးဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။ သူသည် တိုက်ခိုက်နိုင်စွမ်း ရှိသလို ဉာဏ်ရည်လည်း ရှိကာ ထွက်ပြေးခြင်းနှင့် အကူအညီ တောင်းခံခြင်းတို့ကိုလည်း ပြုလုပ်နိုင်စွမ်း ရှိလေသည်။

အရေးအကြီးဆုံး အချက်မှာ သူ့ကို ပြန်လည် ရောင်းစားရန် ခက်ခဲခြင်းပင် ဖြစ်ပေသည်။ အကယ်၍ လူကုန်ကူးသူများက သူ့ကို ဖမ်းဆီးသွားမည်ဆိုပါက ရှင်းလင်းရန် အလွန် ခက်ခဲလိမ့်မည်ဟု ခန့်မှန်းရချေသည်။ သို့သော်လည်း အခြေအနေက ထင်သလို မရိုးရှင်းပေ။

'ဒါပေမဲ့ ဝမ်ချောင် ရဲ့ ကံကြမ္မာနဲ့ ဆိုရင်တော့... ဒီလိုကိစ္စမျိုး ဖြစ်လာဖို့က... မဖြစ်နိုင်တာတော့ မဟုတ်ဘူး...'

ရွှီရှန်းက ဝမ်ချောင်၏ ယခင်က ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်လည် တွေးတောမိပြီး လည်ချောင်းထဲတွင် ဆို့နင့်နေသကဲ့သို့ ခံစားလိုက်ရကာ တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း ပြောမထွက်နိုင်အောင် ဖြစ်သွားခဲ့လေသည်။

အကြောင်းပြချက်အရ ဆိုရလျှင် သူ၏ တစ်သက်တာလုံးတွင် ဤမျှ ကံဆိုးမိုးမှောင်ကျသော ကောင်လေးမျိုးကို တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။

သူ ကိုယ်တိုင်လည်း ကံဆိုးတတ်သော်လည်း အနည်းဆုံးတော့ ထိန်းချုပ်နိုင်သည့် အတိုင်းအတာ အတွင်း၌သာ ရှိနေသေးပေသည်။ သို့သော် ဤကောင်လေး အတွက်မူ ရုပ်ရှင်ရိုက်ကွင်းမြို့တော် သို့ သွားရောက်ချိန်တွင် အလုပ်ဆင်းဆင်းချင်းမှာပင် လမ်းကြားလေး တစ်ခုထဲ၌ လူ့ခေါင်းတစ်လုံးကို ကိုင်ဆောင် ကြည့်ရှုနေကာ ဓားကိုင်လျက် သူ့ကို စိုက်ကြည့်နေသော လူတစ်ယောက်နှင့် တွေ့ဆုံခဲ့ရလေသည်။

ငွေပေး၍ ကောင်းမွန်သော သရုပ်ဆောင် နေရာတစ်ခု ရရှိရန် ခဲယဉ်းစွာ ကြိုးစားခဲ့ရသော်လည်း လမ်းလျှောက်နေရင်း ခြေချော်ကာ ရေတွင်းဟောင်းထဲသို့ ပြတ်ကျသွားခဲ့ပြီး ထိုရေတွင်းဟောင်းထဲတွင် ပထမအဆင့် ဂုဏ်ပြုဆု ရရှိနိုင်မည့် အလောင်းများစွာ ပြည့်နှက်နေသည်ကို တွေ့ရှိခဲ့ရပြန်ချေသည်။

ထိုမှတစ်ဆင့် အိမ်သို့ ထွက်ပြေးပြီး တတိယ ဘိုးဘိုးကြီး၏ သင်္ချိုင်းသို့ သွားရောက် ဂါရဝပြုချိန်တွင် တတိယ ဘိုးဘိုးကြီး၏ အလောင်းမှာ တူးဖော်ခံထားရကြောင်း တွေ့ရှိရပြန်လေသည်။ မိမိကို ရှောင်ရှားရန် မြို့အတော်များများကို ဆက်တိုက် ပြောင်းရွှေ့ခဲ့သော်လည်း နောက်ဆုံးတွင် မိမိနှင့် ပြန်လည် ဆုံတွေ့ခဲ့ရသည်သာ ဖြစ်ပေသည်။

'အဲဒီတော့... ဒီကောင်လေး တကယ်ပဲ လူကုန်ကူး ခံလိုက်ရတာလား...'

ရွှီရှန်း၏ မျက်ထောင့်များ တစ်ချက်မျှ တုန်ယင်သွားခဲ့လေသည်။

'သေချာ ပြန်စဉ်းစားကြည့်ရင် အရင်က ဖြစ်ခဲ့တဲ့ အမှု ၄ ခုမှာ ငါ ကိုယ်တိုင် မှုခင်းဖြစ်ပွားရာ နေရာမှာ မရှိခဲ့ရင်တောင် ဝမ်ချောင် က အမြဲတမ်း ရှာတွေ့နေတတ်တာပဲ... တခြားတစ်နည်းနဲ့ ပြောရရင် ဒီလောက် ကံဆိုးနေတာကို ကြည့်ခြင်းအားဖြင့်... သေးငယ်တဲ့ လူကုန်ကူးမှု လေးတစ်ခုလောက် ကတော့... မဖြစ်သေးဘူး... မြန်မြန် အတည်ပြုကြည့်မှ ရမယ်...'

ထိုအကြောင်းကို တွေးမိပြီးနောက် ရွှီရှန်းက သူ၏ အတွေးများကို ကမန်းကတန်း သိမ်းဆည်းလိုက်လေသည်။

သူ ယခင်က ရဲစခန်းတွင် ရှိနေစဉ်က ဝမ်ချောင်ကို သွားရောက် တွေ့ဆုံရန် စဉ်းစားခဲ့သော်လည်း ဝမ်ချောင် ထွက်ခွာသွားပြီ ဖြစ်ကြောင်းနှင့် ကျန်ဆန်းမြို့ တွင် ရက်အနည်းငယ်မျှ လည်ပတ်ပြီးမှ အိမ်ပြန်မည် ဖြစ်ကြောင်း သတင်းရရှိခဲ့ချေသည်။

ရွှီရှန်းက ဝမ်ချောင်၏ အစ်မဖြစ်သူ ဝမ်ရှင်းထံသို့ ဖုန်းခေါ်ဆိုလိုက်လေသည်။ တစ်ဖက်မှ ဖုန်းလက်ခံလိုက်သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ဝမ်ရှင်း ထံတွင် ဝမ်ချောင်၏ သတင်းအစအန လုံးဝ မရှိခြင်းပင် ဖြစ်ပေသည်။ ဝမ်ချောင်က ယခင်က အိမ်သို့ ဖုန်းတစ်ကြိမ် ဆက်ခဲ့သော်လည်း ဤရက်ပိုင်းအတွင်း လုံးဝ ဆက်သွယ်လာခြင်း မရှိခဲ့ချေ။

ရွှီရှန်းက လက်ကိုင်ဖုန်းကို သိမ်းဆည်းလိုက်ပြီး သူ၏ ခန့်မှန်းချက်များကို ဝမ်ရှင်းအား ထုတ်ဖော် မပြောဆိုခဲ့ပေ။ သူက မူလနေရာတွင် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေပြီးနောက် လီရှန်း၏ ဖုန်းနံပါတ်သို့ ခေါ်ဆိုလိုက်လေသည်။ အချိန်ခဏအကြာတွင် လီရှန်း၏ အသံ ထွက်ပေါ်လာခဲ့ချေသည်။

"ဘာဖြစ်လို့လဲ..."

လီရှန်း၏ အသံမှာ အနည်းငယ် ဝေဝါးနေပြီး တစ်ဖက်လူက ထမင်းစားနေသည့်အလား ဖြစ်ကာ ခေါက်ဆွဲခြောက် စားနေသည်ဟု ခန့်မှန်းရလေသည်။

"တပ်ခွဲမှူးလီ... ခင်ဗျားတို့ဘက်က ဝမ်ချောင် ရဲ့ တည်နေရာကို ရှာလို့ ရနိုင်သေးလား..."

ရွှီရှန်းက စကားပလ္လင်ခံမနေတော့ဘဲ လက်ကိုင်ဖုန်းကို ကိုင်ကာ တိုက်ရိုက်ပင် မေးမြန်းလိုက်ပေသည်။

"ဝမ်ချောင်... မင်း သူ့ကို ဆက်သွယ်လို့ မရပြန်ဘူးလား... ဒီကောင်လေးက လွန်ခဲ့တဲ့ ရက်အနည်းငယ် တုန်းကတော့ အချုပ်ခန်းထဲမှာပဲ နေနေခဲ့တာ... ဒီရက်ပိုင်းတော့..."

လီရှန်း၏ အသံမှာ အလွန် ပုံမှန်ပင် ဖြစ်နေပြီး သူက ပါးစပ်ကို သုတ်ကာ လက်ကိုင်ဖုန်းကို ပခုံးပေါ် တင်၍ ခေါင်းဖြင့် ညှပ်ထားလိုက်လေသည်။ ထို့နောက် ရဲစခန်း၏ တရားဝင် ဖုန်းဖြင့် ဝမ်ချောင်ထံသို့ ခေါ်ဆိုလိုက်ချေသည်။

"ခဏလေး စောင့်ဦး... ငါ သွားကြည့်လိုက်ဦးမယ်..."

ရွှီရှန်းက မည်သည့်စကားမျှ မဆိုတော့ဘဲ မတ်တတ်ရပ်ကာ ပြတင်းပေါက် အနီးသို့ လျှောက်သွားပြီး အပြင်ဘက်ရှိ ညဉ့်ယံကို ကြည့်ရင်း တစ်ဖက်လူ၏ တုံ့ပြန်မှုကို တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်ပေသည်။

တစ်မိနစ်မှ သုံးမိနစ်ခန့် ကုန်လွန်သွားသည့်တိုင်အောင် မည်သည့် အသံမျှ ထွက်ပေါ်မလာခဲ့ချေ။ ငါးမိနစ်ခန့် ကုန်လွန်သွားချိန်မှသာ ဖုန်းထဲမှ အံ့အားသင့် ဇဝေဇဝါဖြစ်နေသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

"ဟင်... ဘယ်လိုဖြစ်တာလဲ... သီးသန့်ဖုန်း ရော ကိုယ်ပိုင် ဖုန်းနံပါတ် ရော နှစ်ခုစလုံးကို ခေါ်လို့ မရဘူး... ဒီကောင်လေး ဘာပြဿနာ ထပ်ရှာနေပြန်ပြီလဲ..."

မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ လီရှန်းမှာ ကြောင်အမ်းသွားခဲ့ပေသည်။

ယခင်က ဝမ်ချောင် အချုပ်ခန်းထဲတွင် နေထိုင်စဉ်က သူသည် တစ်ဖက်လူနှင့် စကားပြောဆိုခဲ့ပြီး ဝမ်ချောင်၏ အစီအစဉ်များကို သိရှိထားခဲ့လေသည်။ ထိုကောင်လေးက ရှောင်လွှဲ၍ မရနိုင်တော့သဖြင့် ဆက်သွယ်မှု မပြတ်တောက်အောင် ထားရှိရန်က ပိုကောင်းသည်ဟု ခံစားခဲ့ရခြင်း ဖြစ်ချေသည်။ သွားချင်သည့် နေရာရှိပါက အချင်းချင်း တိုက်မိခြင်းမှ ရှောင်ရှားနိုင်ရန် မိမိ၏ အချက်အလက်များကို တစ်ဖက်လူထံ ချက်ချင်း သတင်းပို့ရန် ဖြစ်ပေသည်။

ဆက်သွယ်မှု မပြတ်တောက်စေရန် ပထမဆုံး အဆင့်မှာ မိမိ၏ လက်ကိုင်ဖုန်းကို အမြဲတမ်း အားပြည့်နေစေရန် ဖြစ်ရာ ထိုအတွက်ကြောင့် သူက ဝမ်ရှင်းထံသို့ ဖုန်းခေါ်ဆိုခဲ့ပြီး ဆဲရေးခံရသည့် အခြေအနေတွင်ပင် တစ်ဖက်လူက သူ၏ ကတ်ထဲသို့ ငွေအနည်းငယ် လွှဲပေးခဲ့သဖြင့် နိုကီယာ လက်ကိုင်ဖုန်း ဘက်ထရီ တစ်လုံးကို ဝယ်ယူနိုင်ခဲ့လေသည်။

ဆိုလိုသည်မှာ တစ်ဖက်လူထံတွင် ဘက်ထရီ နှစ်လုံး ရှိနေပြီး လက်ကိုင်ဖုန်း အားကုန်သွားပါက ဘက်ထရီကို တိုက်ရိုက် ဖြုတ်ယူကာ ဒုတိယ ဘက်ထရီကို တပ်ဆင်လိုက်ရုံဖြင့် အားအပြည့် ပြန်ဖြစ်သွားမည် ဖြစ်ချေသည်။ စကြဝဠာ အားသွင်းစက် ဟု ခေါ်ဆိုကြသော အရာဖြစ်ပေသည်။

"မဟုတ်သေးဘူး... ဝမ်ချောင် ထွက်သွားတာ ၂ ရက် ၃ ရက်ပဲ ရှိသေးတယ်..."

လီရှန်းက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားပြီး မျက်မှောင်ကြုတ်ကာ လက်ကိုင်ဖုန်းကို ကိုင်လျက် စကားဆိုလိုက်ချေသည်။

"ထွက်သွားတုန်းက ဒီကောင်လေးရဲ့ ဘက်ထရီ နှစ်လုံးစလုံးက အားအပြည့် ဖြစ်နေတာ... နိုကီယာ လက်ကိုင်ဖုန်းက ဘက်ထရီ တစ်လုံးကို ၁ ပတ်ကျော်လောက် အသုံးခံတယ်... ဘက်ထရီ ၂ လုံးဆိုရင် အားမသွင်းဘဲ သုံးရင်တောင် လဝက်လောက် အလုံအလောက် သုံးလို့ ရတယ်... အခုမှ ၂ ရက် ၃ ရက်ပဲ ရှိသေးတာ ဘယ်လိုလုပ် အားကုန်ပြီး ဖုန်းပိတ်သွားနိုင်မှာလဲ..."

သစ်ကြားသီးကိုပင် အလွယ်တကူ ခွဲနိုင်သော ဤခေတ်ကာလရှိ လက်ကိုင်ဖုန်းများ၏ ဘက်ထရီ အသုံးခံမှုမှာ အလွန် ကောင်းမွန်လှပြီး နှစ်ရက် သုံးရက်နေမှ တစ်ခါ အားသွင်းရပါက ထိုအရာမှာ ချို့ယွင်းချက် ရှိနေသော ပစ္စည်းများသာ ဖြစ်ပေသည်။ လီရှန်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်ကို ကြားလိုက်ရပြီးနောက် သရဲအိမ် အတွင်း၌ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ရွှီရှန်းက ရုတ်တရက် စကားဆိုလာလေသည်။

"တပ်ခွဲမှူးလီ... ဝမ်ချောင် ပြဿနာ တစ်ခုခုနဲ့ တိုးနေပြီလို့ ကျွန်တော် ထင်တယ်..."

"ပြဿနာနဲ့ တိုးနေတယ်... ဒါက အရမ်းကို ပုံမှန် ဖြစ်နေတဲ့ ကိစ္စ မဟုတ်ဘူးလား..."

လီရှန်းက ကျင့်သားရနေပြီ ဖြစ်ပြီး ဝမ်ချောင်မှာ ၃ ရက် တစ်ခါ လောက် ပြဿနာများ ဖြစ်ပွားလေ့ ရှိချေသည်။

"မဟုတ်ဘူး... မဟုတ်ဘူး... ဒီတစ်ခါက အရင်ကနဲ့ မတူဘူး... ကျွန်တော် သံသယ ဖြစ်နေတာက... ဝမ်ချောင် လူကုန်ကူး ခံလိုက်ရပြီ..."

ရွှီရှန်းက စေတနာကောင်းဖြင့် နှုတ်ဟပြောဆိုလိုက်ပေသည်။

"အင်း..."

လီရှန်းက ခေါင်းညိတ်ပြလိုက်သော်လည်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ တစ်ကိုယ်လုံး ကြောင်အမ်းသွားပြီး မျက်နှာတစ်ခုလုံး အလွန်အမင်း အံ့အားသင့်သွားသည့် အမူအရာများ ပြည့်နှက်သွားခဲ့လေသည်။ နောက်တစ်ခဏတွင် ဖုန်း၏ အသံချဲ့စက်မှနေ၍ အသံတစ်သံက ရွှီရှန်း၏ နားထဲသို့ ဝင်ရောက်လာခဲ့ချေသည်။

"ဟင်..."

"ငါတို့ စုံစမ်းရရှိထားတာတွေ အရ ဝမ်ချောင်က ည ၇ နာရီလောက်မှာ အချုပ်ခန်း ပတ်ဝန်းကျင်ကနေ ထွက်ခွာသွားပြီး အပြင်ထွက်ကာ ခေါက်ဆွဲဆိုင် တစ်ဆိုင်မှာ ခေါက်ဆွဲ ဝင်စားခဲ့တယ်... ဒါက အဲဒီနေ့ညက စောင့်ကြည့်ကင်မရာ မှတ်တမ်းပဲ..."

နောက်တစ်နေ့ နံနက် ၈ နာရီ အချိန်တွင် မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ သို့ ရောက်ရှိလာပြီး လီရှန်း နှင့်အတူ မျက်နှာပြင်ပေါ်ရှိ ဗီဒီယို မှတ်တမ်းကို ကြည့်ရှုနေလေသည်။ ဗီဒီယိုမှာ အလွန် ဝေဝါးနေပြီး အဖြူအမည်း အရောင် ဖြစ်သော်လည်း လမ်းဘေးဆိုင်တွင် ခေါက်ဆွဲစားနေသော ဝမ်ချောင်ကိုတော့ မြင်တွေ့နိုင်သေးချေသည်။

ထို့နောက် ကားတစ်စီး ထွက်ပေါ်လာခဲ့ပေသည်။ ထိုကားက စောင့်ကြည့်ကင်မရာ၏ ထောင့်ကျကျ နေရာတွင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ဆက်လက် မောင်းနှင်သွားခဲ့လေသည်။ ကင်မရာ မှတ်တမ်းထဲတွင် ဝမ်ချောင်က တစ်စုံတစ်ခုကို သိသိသာသာ မြင်တွေ့သွားပုံရပြီး ကြောင်အမ်းသွားပြီးနောက် ရုတ်တရက် မတ်တတ်ရပ်ကာ အရှေ့ဘက်သို့ ပြေးလိုက်သွားခဲ့ချေသည်။

"ငါတို့ရဲ့ ခန့်မှန်းချက် အရ ဒီကားက လူကုန်ကူးတဲ့ သူတွေနဲ့ ဆက်စပ်နေလောက်တယ်... ကားပေါ်မှာ လူကုန်ကူး ခံထားရတဲ့ နစ်နာသူတွေ ပါလာဖို့ ရာခိုင်နှုန်း အရမ်း များတယ်..."

လီရှန်းက ရပ်တန့်ထားသော ဗီဒီယို မြင်ကွင်းကို လက်ညှိုးထိုးပြကာ စကားဆိုလိုက်လေသည်။ ထို့နောက် ဗီဒီယိုက ဆက်လက် ပြသနေချေသည်။

မီနီဘတ်စ်ကားက ဆက်လက် မောင်းနှင်သွားပြီး အရှေ့ဘက်သို့ ဦးတည်သွားခဲ့ပေသည်။ အနောက်ဘက်တွင် ဝမ်ချောင်က မရပ်မနား လိုက်ပါသွားခဲ့လေသည်။ မီတာ ဆယ်ဂဏန်းခန့် အကွာအဝေး အထိ လိုက်သွားပြီးနောက် မီနီဘတ်စ်ကား ပေါ်မှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ရုတ်တရက် ဆင်းလာခဲ့ကြချေသည်။

ထို့နောက် ဝမ်ချောင်မှာ ကြောင်အမ်းသွားပြီး မသိစိတ်အရ ခြေလှမ်းများကို နောက်ဆုတ်ကာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုလူများကို မကျော်လွန်နိုင်ခဲ့ပေ။ ထို့နောက် ဝမ်ချောင်မှာ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံလိုက်ရပြီး လူ ၃ ဦးက သူ့ကို ကားပေါ်သို့ မတင်သွားကြကာ မီနီဘတ်စ်ကား တံခါး ပိတ်သွားပြီးနောက် ဆက်လက် မောင်းနှင်သွားခဲ့လေတော့သည်။

"လတ်တလော အခြေအနေ အရ ကြည့်မယ်ဆိုရင် ဝမ်ချောင် တကယ်ပဲ ဖမ်းဆီး ခေါ်ဆောင်ခံလိုက်ရပြီ..."

လီရှန်းမှာ နက်ရှိုင်းသော စဉ်းစားခန်းထဲသို့ ကျရောက်သွားပြီး သူက မျက်စိရှေ့ရှိ ဗီဒီယိုကို ကြည့်ရင်း မျက်လုံးများထဲတွင် လေးနက်သော အမူအရာများ ပြည့်နှက်နေချေသည်။

ရွှီရှန်း "...."

ရွှီရှန်းမှာ တိတ်ဆိတ်သွားခဲ့လေသည်။ ဤ ကံဆိုးမိုးမှောင်ကျနေသော ကောင်လေးက ၂ ရက် ၃ ရက်မျှ မတွေ့ရသည့် အချိန်လေး အတွင်းမှာပင် လူကုန်ကူးသူများ၏ ကားပေါ်သို့ အတင်ခံလိုက်ရလိမ့်မည်ဟု သူ တကယ်ကို ထင်မှတ်မထားခဲ့ချေ။

"ဒီကားရဲ့ ကားနံပါတ်ပြားကို စုံစမ်းလို့ ရနိုင်မလား..."

ရွှီရှန်းက ဝေဝါးနေသော်လည်း ပုံပန်းသဏ္ဍာန်ကိုတော့ ခန့်မှန်း၍ ရနိုင်သေးသော ကားနံပါတ်ပြားကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်ပေသည်။

"ရလောက်ပါတယ်... ဒါပေမဲ့ သူတို့ ပြည်နယ်ထဲကနေ ထွက်သွားပြီလား မထွက်သွားသေးဘူးလား ဆိုတာကိုတော့ မသိရသေးဘူး... ထွက်သွားနိုင်ဖို့ ရာခိုင်နှုန်းတော့ နည်းပါတယ်... မြို့ထဲကနေတောင် ထွက်နိုင်ပါ့မလား မသိဘူး... ဒီလပိုင်းတွေမှာ လျိုကျိုးပြည်နယ် ရဲ့ လမ်းတချို့မှာ စစ်ဆေးမှုတွေ အရမ်း တင်းကျပ်နေတာ... လူကုန်ကူးတဲ့ အမှုတွေတောင် အတော်များများ ဖမ်းမိထားပြီးပြီ..."

လူအချို့က အပြန်အလှန် စကားပြောဆိုနေကြပြီး တစ်ဖက်လူများကို ဖမ်းဆီးမည့် အစီအစဉ်ကို အလွန် လျင်မြန်စွာ ရေးဆွဲလိုက်ကြလေသည်။ သို့သော် လီရှန်း နှင့် ရွှီရှန်း တို့ မည်သို့ စုံစမ်းစစ်ဆေးမည်ကို တိုင်ပင်ပြီးခါစ အချိန်မှာပင် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့ချေသည်။

"ခေါင်းဆောင်... လူတစ်ယောက် ရဲကို ဖုန်းဆက်တိုင်ထားတယ်..."

'ရဲကို ဖုန်းဆက်တိုင်တယ်...'

ဤကဲ့သို့သော အချိန်မျိုးတွင် မည်သူက ရဲကို ဖုန်းဆက်တိုင်ကြားရသနည်း ဟု တွေးတောစရာ ဖြစ်ပေသည်။ သူတို့ လက်ခံရရှိသော ဖုန်းများမှာ လီရှန်း ကိုပါ တုန်လှုပ်သွားစေနိုင်သည်ဆိုလျှင် ၎င်းတို့မှာ ပြစ်မှုရေးရာ အမှုကြီးများသာ ဖြစ်ကြောင်း သိထားရမည် ဖြစ်လေသည်။

လီရှန်းက ခေါင်းလှည့်ကြည့်လိုက်ရာ ရောက်လာသူမှာ ကျန်းမို ပင် ဖြစ်ချေသည်။ ဤအချိန်တွင် ကျန်းမို ၏ မျက်နှာပေါ်၌ ထူးဆန်းသော အမူအရာများ ထွက်ပေါ်နေပြီး လီရှန်း ကို ကြည့်ရင်း အလွန်အမင်း အံ့အားသင့် ဇဝေဇဝါ ဖြစ်နေသကဲ့သို့ ခံစားနေရပေသည်။

"ဘယ်သူက ရဲကို ဖုန်းဆက်တိုင်တာလဲ..."

ကျန်းမို ၏ မျက်နှာထားမှာ အလွန် ထူးဆန်းနေပြီး သူက မျက်နှာပြင်ပေါ်ရှိ လူကုန်ကူး ခံလိုက်ရသော ဝမ်ချောင်ကို တစ်ချက် ကြည့်လိုက်ကာ လီရှန်း နှင့် ရွှီရှန်း တို့ကိုလည်း အကဲခတ်လိုက်လေသည်။ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူက စကားဆိုလာချေသည်။

"အင်း... လူကုန်ကူး ခံလိုက်ရတဲ့ ဝမ်ချောင် က ရဲကို ဖုန်းဆက်တိုင်တာပါ..."

လီရှန်း "...."

ရွှီရှန်း "...."

အခန်း ၉၀ မှုခင်းဖြစ်စဉ်... အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံထားရသော အလောင်း

"ဒါက ဘယ်လို အဓိပ္ပာယ်လဲ..."

"ငါတောင်မှ လိုက်ရှာဖို့ အစီအစဉ်တွေ အကုန် ဆွဲပြီးနေပြီကို ဒီကောင်လေးက ရဲကို ဖုန်းဆက်တိုင်တယ် ဆိုတာလား..."

လီရှန်း တစ်ယောက်လုံး ကြောင်အမ်းသွားခဲ့လေသည်။ အကြောင်းပြချက်အရ ဆိုရလျှင် သူက ယမန်နေ့ညက ဝမ်ချောင် လူကုန်ကူးခံလိုက်ရကြောင်း ခန့်မှန်းမိပြီးနောက် ရွှီရှန်း နှင့်အတူ တစ်ညလုံး အိပ်မအိပ်ဘဲ တစ်ဖက်လူ ထွက်ခွာသွားသော လမ်းကြောင်းအတိုင်း လိုက်လံ စုံစမ်းစစ်ဆေးနေခဲ့ခြင်း ဖြစ်ချေသည်။

သို့သော် ယခုအခါတွင် ခဲယဉ်းစွာဖြင့် တစ်ဖက်လူ၏ အရိပ်အယောင်ကို ရှာတွေ့သွားပြီး စုံစမ်းစစ်ဆေးရန် အစီအစဉ်များပင် ရေးဆွဲပြီးစီးနေပြီ ဖြစ်ပေသည်။ ဤကောင်လေးက ရဲကို ဖုန်းဆက်တိုင်လိုက်သည် ဟုတ်လားဟု တွေးတောစရာ ဖြစ်လေသည်။

'ဒါဆိုရင် ငါတို့ တစ်ညလုံး မအိပ်ဘဲ နေခဲ့ရတာ အလကား ဖြစ်သွားတာပေါ့...'

"သူ ဘယ်မှာလဲ..."

လီရှန်းက မျက်နှာထား မည်းမှောင်လျက် မေးမြန်းလိုက်ချေသည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းမို ၏ မျက်နှာပေါ်၌ လေးနက်သော အမူအရာများ ထွက်ပေါ်လာခဲ့ရာ ဤမြင်ကွင်းကို ကြည့်ရင်း ရွှီရှန်း နှင့် လီရှန်း တို့က တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားကြလေသည်။

"ဝမ်ချောင် က ပြဿနာ တက်နေပြီလို့ ပြောတယ်..."

"ဘာပြဿနာလဲ..."

လီရှန်းက ရင်ထဲမှ ခံစားချက်များကို ဖိနှိပ်ကာ မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်ပေသည်။

"အမှုကြီးပဲ..."

ကျန်းမို က စကားလုံး နှစ်လုံးကို ဖြည်းညင်းစွာ နှုတ်ဟလာပြီး သူ၏ မျက်နှာတစ်ခုလုံး လေးနက်တည်ကြည်နေချေသည်။

"ကျန်းကျား ရွာမှာ..."

"လူတစ်ယောက် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံထားရတယ်..."

'လူတစ်ယောက် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံထားရတယ်...'

လူအများက ကြောင်အမ်းသွားကြလေသည်။ နောက်တစ်ခဏတွင် လီရှန်း နှင့် ရွှီရှန်း တို့၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားခဲ့ပေသည်။ ဤအရာက ဘာကို ဆိုလိုနေသနည်း ဆိုသည်မှာ ရှင်းလင်းလှချေသည်။

'လူသတ်မှုပဲ...'

"သွားမယ်..."

ကျန်းကျား ရွာမှာ ကျန်ဆန်းမြို့ ၏ မြို့စွန်ဒေသတွင် တည်ရှိသော ကျေးရွာတစ်ရွာ ဖြစ်လေသည်။ သို့သော် ဤနေရာမှာ အခြား ကျေးရွာများနှင့် မတူညီချေ။ ဤရွာက ရုပ်ရှင်ရိုက်ကွင်းမြို့တော် နှင့် နီးကပ်နေခြင်းနှင့် ရှုခင်း အတော်လေး သာယာလှပခြင်းတို့ကြောင့် လူအများအပြားက ဤနေရာတွင် ရှုခင်းလာရောက် ရိုက်ကူးလေ့ ရှိကြပေသည်။

ထို့အပြင် ဤရုပ်ရှင်ကား အများစုမှာ ရှေးခေတ် လက်မှုပညာရပ်များနှင့် သက်ဆိုင်နေတတ်လေသည်။ ထို့ကြောင့် ကျန်းကျား ရွာတွင် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းသူ အများအပြား တဖြည်းဖြည်း စုဝေးလာခဲ့ကြချေသည်။ ဥပမာအားဖြင့် ရုပ်သေးပြဇာတ်၊ တရုတ်ရိုးရာ ပြဇာတ် သီဆိုခြင်း၊ သွားဖြင့် ဆော့ကစားခြင်း စသည်တို့ပင် ဖြစ်ပေသည်။

"ငါတို့ စုံစမ်းရရှိထားတဲ့ အချက်အလက်တွေ အရ..."

"နစ်နာသူရဲ့ နာမည်က ဆွန်းချန် ဖြစ်ပြီး အသက် ၆၂ နှစ် ရှိပြီ... ကျန်းကျား ရွာရဲ့ အစွန်အဖျားမှာ နေထိုင်တယ်... ပုံမှန်အားဖြင့် မျောက်ကစားပြပြီး အသက်မွေးဝမ်းကျောင်း ပြုတယ်..."

"သူ့မှာ သားသမီး မရှိဘူး... ရင်းနှီးတဲ့ သူငယ်ချင်းလည်း သိပ်မရှိဘူး... ရွာထဲမှာ သူနဲ့ ရံဖန်ရံခါ အရက်အတူ သောက်လေ့ရှိတဲ့ လူတစ်ယောက်ပဲ ရှိတယ်..."

"အဲဒီလိုပဲ... သူနဲ့ ရန်ငြိုးရန်စ ရှိတဲ့လူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေကိုလည်း ငါတို့ ဘာမှ ရှာမတွေ့ခဲ့ဘူး..."

နေ့လယ် ၁၂ နာရီ နေပူကျဲကျဲ အောက်တွင် ကျန်းကျား ရွာ၌ ရဲတပ်ဖွဲ့ဝင် အများအပြား စုဝေးနေကြလေသည်။ ကျန်းမို က အချိန်တိုအတွင်း လိုက်လံ စုံစမ်း မေးမြန်း၍ ရရှိထားသော အချက်အလက်များကို ကိုင်ဆောင်ကာ စကားဆိုနေခြင်း ဖြစ်ချေသည်။

"မှုခင်းဖြစ်ပွားရာ နေရာကို စုံစမ်းစစ်ဆေးလို့ ပြီးပြီလား..."

လီရှန်းက အချက်အလက်များကို တိတ်ဆိတ်စွာ နားထောင်ပြီးနောက် ခေါင်းမော့ကာ မျက်စိရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း မျက်မှောင်များ ပြင်းထန်စွာ ကျုံ့ဝင်နေခဲ့ပေသည်။

မျက်စိရှေ့တွင် မြင်တွေ့နေရသည်မှာ ပြောင်းဖူးခင်း တစ်ခု ဖြစ်ပြီး ပြောင်းဖူးပင်များမှာ လူထက်ပင် အရပ်ရှည်နေချေသည်။ အောက်တိုဘာလ လယ်ပိုင်းရှိ ပြောင်းဖူးခင်း ဖြစ်သည့်အပြင် အချိန်မှာလည်း နေ့လယ် ၁၂ နာရီ ကွက်တိ ဖြစ်နေလေသည်။ နေမင်းကြီးက မြေပြင်ကို ပြင်းထန်စွာ လောင်ကျွမ်းနေပြီး စူးရှသော အလင်းရောင်ကြောင့် မြေပြင်ပေါ်ရှိ အရာအားလုံးမှာ အရိပ်အယောင်ပင် ပျောက်ကွယ်နေသကဲ့သို့ ထင်မှတ်ရပေသည်။ မျက်စိဖြင့် တိုက်ရိုက် မြင်တွေ့နိုင်သော အပူလှိုင်းများကြောင့် မျက်စိပင် ပြာချင်လာချေသည်။

ရဲဝတ်စုံ ဝတ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင် ဆယ်ဂဏန်းခန့်က ပြောင်းဖူးခင်းထဲတွင် အသွားအပြန် လှုပ်ရှားနေကြလေသည်။ တားမြစ်မျဉ်း ကြိုးဝါများက ပြောင်းဖူးခင်းကို ဝိုင်းရံထားပြီး လယ်ကွင်းဘေးရှိ လမ်းမပေါ်တွင် ရဲတပ်ဖွဲ့ဝင်များ အရိပ်ခို၍ အလုပ်လုပ်နိုင်ရန် တဲတစ်လုံး ထိုးထားချေသည်။

"လယ်ကွင်းထဲမှာ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်နေတုန်းပဲ... လတ်တလောမှာတော့ ဘာအရေးပါတဲ့ သတင်းအချက်အလက်မှ မရသေးပါဘူး..."

ကျန်းမို က သိပ်သည်းနေသော ပြောင်းဖူးခင်းကို တစ်ချက် ကြည့်လိုက်ပြီး တိုးညှင်းစွာ သက်ပြင်းချလိုက်လေသည်။ ဤနေရာမှာ လယ်ကွင်း ဖြစ်ချေသည်။ စက်တင်ဘာလနှင့် အောက်တိုဘာလ များမှာ ပြောင်းဖူးများ ရိတ်သိမ်းရမည့် အချိန်ဖြစ်ရာ ဘေးဘက်ရှိ လယ်ကွင်းများတွင် ပြောင်းဖူး ချိုးရင်း ဤဘက်သို့ စပ်စုနေကြသော လယ်သမားများက ဤအချက်ကို သေချာစွာ ရှင်းပြနေပေသည်။

သေချာပေါက် ဤအချိန်မှာ ရိတ်သိမ်းချိန် ဖြစ်နေခြင်းကြောင့်ပင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်များက အလွန် ခက်ခဲကြမ်းတမ်းနေခြင်း ဖြစ်လေသည်။ လယ်ကွင်းထဲသို့ ဆင်းဖူးပြီး ပြောင်းဖူး ချိုးဖူးသူတိုင်း သိကြမည် ဖြစ်ချေသည်။ ပြောင်းဖူး ချိုးသည့်အခါတွင် လက်ရှည်အင်္ကျီများ ဝတ်ဆင်ပြီး မျက်နှာကို ဖုံးအုပ်ထားရလေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အောက်တိုဘာလ လယ်ပိုင်း နေ့လယ် ၁၂ နာရီ အချိန်၌ ဤသို့ ဝတ်ဆင်ထားခြင်းက လူတစ်ယောက် အနေဖြင့် အသက်ရှူကျပ်ပြီး သေလုမတတ် ဖြစ်သွားစေနိုင်ပေသည်။

အလွန် ပူအိုက်လှပြီး ပူလွန်း၍ မူးမေ့လဲသွားခြင်းမျိုး အလွယ်တကူ ဖြစ်ပေါ်နိုင်ချေသည်။ သို့သော် အကယ်၍ မဝတ်ဆင်ပါက ခြင်များ၊ အင်းဆက်ပိုးမွှားများ၊ နေရောင်ခြည်နှင့် ပြောင်းဖူးရွက်များက သင် လူ့လောကတွင် မည်သို့ နေထိုင်ရမည်ကို သင်ခန်းစာ ပေးသွားလိမ့်မည် ဖြစ်လေသည်။

ဤအရာများက အဓိက မဟုတ်သေးချေ။ အဓိက အကျဆုံး အချက်မှာ အောက်ပါအတိုင်း ဖြစ်ပေသည်။

"လတ်တလော အခြေအနေ အရ ကြည့်မယ်ဆိုရင် နစ်နာသူရဲ့ အလောင်းက ပြောင်းဖူးခင်း အလယ်ကို ဆွဲခေါ်ခံသွားရပြီးတဲ့နောက် လူသတ်သမားတွေရဲ့ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲတာကို ခံလိုက်ရတယ်... အလောင်း အစိတ်အပိုင်းတွေက ၁၀ မီတာ ပတ်လည်လောက် အထိ ပြန့်ကျဲနေလို့ စုံစမ်းစစ်ဆေးရေး လုပ်ဖို့တောင် အတော်လေး ခက်ခဲနေတယ်..."

လီရှန်းက တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။

'နစ်နာသူက လူအုပ်စု တစ်စုရဲ့ ပြောင်းဖူးခင်း အလယ်ကို ဆွဲခေါ်သွားခြင်း ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံလိုက်ရတယ်...'

နစ်နာသူ ဆွန်းချန် မှာ လူတစ်စု၏ လက်ချည်းသက်သက်ဖြင့် အရှင်လတ်လတ် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်ချေသည်။ ဝမ်းဗိုက်ကို လက်ဖြင့် ဆွဲဖြဲခံထားရပြီး ခန္ဓာကိုယ်မှာ အပိုင်းပိုင်း အစစ ဖြစ်ကာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေလေသည်။

အသားစများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေကာ သွေးများက မြေကြီးများနှင့် ရောနှောနေချေသည်။ ယင်ကောင်များ၊ ပုရွက်ဆိတ်များ၊ ကင်းခြေများ စသည့် အင်းဆက်ပိုးမွှားများက သူ၏ ဝမ်းဗိုက်ထဲရှိ ကြီးမားပြီး ပုပ်ပွနေသော အပေါက်ကြီး အတွင်းသို့ မရပ်မနား အဝင်အထွက် ပြုလုပ်နေကြပေသည်။

ထို့အပြင် နစ်နာသူ၏ မျက်နှာပေါ်ရှိ အမူအရာ အရ ကြည့်မည်ဆိုပါက ဤအရာများ အားလုံးမှာ တစ်ဖက်လူ အသက်ရှင်နေသေးပြီး သတိလည်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိသာလှလေသည်။ အခြားတစ်နည်းဖြင့် ပြောရမည်ဆိုလျှင် ဆွန်းချန် မှာ အရှင်လတ်လတ် နာကျင်စွာ သေဆုံးသွားခဲ့ရခြင်းပင် ဖြစ်ချေသည်။

'လူသတ်သမားက ဘာလုပ်ချင်နေတာလဲ...'

လီရှန်း ၏ မျက်မှောင်များ ကျုံ့ဝင်သွားပြီး သူက ဆေးလိပ်တစ်လိပ်ကို ဖွာရှိုက်လိုက်ကာ ခြင်နှင့် အင်းဆက်ပိုးမွှားများကို လက်ဖြင့် ယမ်း၍ မောင်းနှင်လိုက်ပေသည်။

အသက် ၆၃ နှစ် အရွယ် အဘိုးအို တစ်ဦးကို အဘယ်ကြောင့် ဤမျှ ရက်စက်စွာ သတ်ဖြတ်ရသနည်း ဆိုသည်ကို သူ စဉ်းစား၍ မရနိုင်ချေ။

"ခေါင်းဆောင်... သဲလွန်စ အသစ် တွေ့ပြီ..."

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့ရာ လီရှန်း မှာ တွေးတောနေသည့် အခြေအနေမှ သတိပြန်လည်လာခဲ့ချေသည်။ သူက ပြောင်းဖူးခင်းထဲမှ ပစ္စည်းတစ်ခုကို ကိုင်ဆောင်၍ ပြေးထွက်လာသော လူကို ကမန်းကတန်း လှမ်းကြည့်လိုက်ပေသည်။ ထိုသူမှာ အသက် ၃၀ ဝန်းကျင်ခန့်ရှိ ရဲအရာရှိ တစ်ဦး ဖြစ်ပြီး သူ၏ လက်ထဲတွင် သွေးများ ရွှဲရွှဲစိုနေသော အထုပ်တစ်ထုပ်ကို ကိုင်ဆောင်ထားလေသည်။

"ကျောပိုးအိတ် ပဲ..."

လီရှန်း ၏ မျက်မှောင်များ ကျုံ့ဝင်သွားခဲ့ချေ။ ဤပစ္စည်းမှာ ကျောပိုးအိတ် တစ်လုံး ဖြစ်ပြီး နစ်နာသူ၏ ပစ္စည်း ဖြစ်ပုံရလေသည်။ လူအချို့က ကျောပိုးအိတ်ကို ဖွင့်ကြည့်လိုက်ကြပေသည်။ အတွင်းဘက်တွင် ငွေတစ်ထပ်နှင့် အဝတ်အစား အချို့သာ ပါရှိချေသည်။ ငွေကြေး ပမာဏမှာ ယွမ် တစ်သောင်းကျော်ခန့် ရှိပြီး အကြွေစေ့ အနည်းအကျဉ်းလည်း ပါဝင်ကာ ဤနှစ်များအတွင်း မျောက်ကစားပြ၍ ရရှိထားသော ငွေများ ဖြစ်မည်ဟု ခန့်မှန်းရလေသည်။ သို့သော် တစ်ဖက်လူတွင် ဤငွေကြေး ပမာဏသာ ရှိတော့ပေသည်။

"ပိုင်ဆိုင်သမျှ ပစ္စည်း အကုန်လုံး ယူပြီး အဝတ်အစားတွေပါ ထည့်လာတယ်..."

လီရှန်း မှာ အနည်းငယ် အံ့အားသင့်သွားပြီး လူသူ ကင်းမဲ့နေသော လယ်ကွင်းဘေးရှိ လမ်းမကို ခေါင်းမော့၍ ကြည့်ရှုလိုက်ချေသည်။

'ဒါက ထွက်ပြေးမလို့လား... ရွာထဲကနေ ထွက်သွားမလို့လား...'

'ဘာဖြစ်လို့လဲ...'

'ဆွန်းချန် က တစ်ခုခုကို ရိပ်မိသွားလို့လား...'

မေးခွန်းများစွာက လီရှန်း ၏ ဦးနှောက်ထဲတွင် ဗြောင်းဆန်နေပြီး အလွန် ပူအိုက်လှသော ရာသီဥတုကြောင့် သူ့ကို ပို၍ပင် စိတ်တိုလာစေလေသည်။

သူက လက်ယမ်းပြကာ ရဲတပ်ဖွဲ့ဝင်များကို မှုခင်းဖြစ်ပွားရာ နေရာကို ဆက်လက် စုံစမ်းစစ်ဆေးခိုင်းလိုက်ချေ။ လတ်တလောတွင် ရဲတပ်ဖွဲ့က မှုခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာသည်မှာ အချိန်တိုတောင်းလွန်းသေးသဖြင့် အသုံးဝင်သော သတင်းအချက်အလက်များကို မရှာဖွေနိုင်သေးပေ။

ယခုအချိန်တွင် ခန့်မှန်းချက်များ ပြုလုပ်နေခြင်းက မည်သည့် အဓိပ္ပာယ်မျှ မရှိလှရာ မည်သည့် နေရာတွင် သံသယ ဖြစ်ဖွယ်ရာများ ရှိနေသနည်း ဆိုသည်ကိုသာ စဉ်းစားသင့်လေသည်။

"တပ်ခွဲမှူးလီ... အစ်ကိုရွှီ အခု ဘယ်မှာလဲ... ကျွန်တော် သူ့ကို သတိရနေပြီ..."

တွေဝေငေးမောနေစဉ်မှာပင် အသံတစ်သံက လီရှန်း ၏ နားထဲသို့ ဝင်ရောက်လာခဲ့ချေသည်။ လီရှန်းက ခေါင်းလှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် ထိုင်လျက် မျက်နှာတစ်ခုလုံး ဝမ်းနည်းပူဆွေးနေပြီး မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေသည့် အမူအရာများ ပြည့်နှက်နေသော ဝမ်ချောင် ကို မြင်တွေ့လိုက်ရပေသည်။

"ရွှီရှန်း က လိုက်လံ စုံစမ်း မေးမြန်းမှုတွေ လုပ်နေတယ်... ခဏနေရင် မင်း သူ့ကို တွေ့ရမှာပါ..."

လီရှန်းက စကားဆိုလိုက်ပြီး ဤကိစ္စနှင့် ပတ်သက်၍ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ သက်ပြင်းချလိုက်မိလေသည်။ ဤ ကံဆိုးမိုးမှောင်ကျနေသော ကောင်လေးမှာ မိမိတို့၏ ခန့်မှန်းချက် အတိုင်းပင် လူကုန်ကူး ခံလိုက်ရခြင်း ဖြစ်ချေသည်။ ဤကောင်လေးက ရဲစခန်းမှ ထွက်လာပြီးနောက် ခေါက်ဆွဲ တစ်ပန်းကန် ဝင်စားနေချိန်မှာပင် ကလေးငယ် တစ်ဦးကို လူကုန်ကူးသူများ ဖမ်းဆီးသွားသည်ကို မြင်တွေ့လိုက်ရလေသည်။

ထို့နောက် သူက အနောက်မှ လိုက်သွားချင်ခဲ့သော်လည်း ခြေလှမ်း အနည်းငယ်မျှ မပြေးရသေးမီမှာပင် လူကုန်ကူးသူများ၏ သတိပြုမိခြင်းကို ခံလိုက်ရပြီး ပြန်လှည့်လာကာ မေ့ဆေးပေး၍ ထမ်းခေါ်သွားခြင်း ခံလိုက်ရချေသည်။ ထို့နောက်တွင်တော့...

"မင်းကို လူကုန်ကူးသွားတဲ့ လူကုန်ကူးသူတွေကို... တခြား လူကုန်ကူးသူတွေက ပြန်ပြီး လူကုန်ကူးသွားကြတယ် ဆိုတာ မင်း သေချာရဲ့လား..."

လီရှန်း အနေဖြင့် အကြိမ်ပေါင်းများစွာ အတည်ပြုပြီး ဖြစ်သော်လည်း ဤကိစ္စကို အလွန် ယုတ္တိမတန်ဟု ခံစားနေရဆဲ ဖြစ်သဖြင့် သည်းမခံနိုင်တော့ဘဲ ထပ်မံ၍ မေးမြန်းလိုက်ပြန်လေသည်။

"ဟုတ်တယ်... ကျွန်တော် သေချာ မှတ်မိပါတယ်..."

"မူလက ကျွန်တော့်ကို လူကုန်ကူးသွားတဲ့ လူကုန်ကူးသူတွေက ကျွန်တော့်ကို ခေါ်လာပြီး ကျန်းကျား ရွာ နောက်ကျောက ဒီလယ်ကွင်းဆီ အရောက်မှာ ကားပေါ်က ဆင်းပြီး ရွာထဲကို စားစရာ တစ်ခုခု ဝင်ဝယ်မလို့ လုပ်နေကြတာ..."

"ဒါပေမဲ့ မီတာ ရာဂဏန်းလောက်ပဲ လျှောက်ရသေးတယ်... ရွာအစွန်မှာ မီနီဘတ်စ်ကား တစ်စီး ပေါ်လာပြီး ယောကျာ်း တချို့ ဆင်းလာကာ အဲဒီ မိန်းမ ၃ ယောက်နဲ့ ယောကျာ်း ၁ ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားကြတာ..."

မိမိ၏ အတွေ့အကြုံများကို ပြန်လည် တွေးတောမိတိုင်း ဝမ်ချောင် မှာ သည်းမခံနိုင်တော့ဘဲ အလွန်အမင်း ဝမ်းနည်းလာခဲ့ချေသည်။

"ကျွန်တော် လူကုန်ကူး ခံလိုက်ရတဲ့ မြင်ကွင်းမျိုးနဲ့ တစ်ပုံစံတည်းပဲ..."

"သူတို့ ပျောက်သွားတာကို မြင်တော့ ကျွန်တော်လည်း ကမန်းကတန်း ကားပေါ်က ဆင်းခဲ့တယ်... ကားပေါ်က ဆင်းဆင်းချင်းမှာပဲ တစ်ခုခု မှားနေပြီး ရင်းနှီးနေတဲ့ အနံ့တစ်မျိုးကို ရလိုက်တယ်..."

"အဲဒီနောက် အနံ့ရတဲ့ နောက်ကို လိုက်ပြီး ပြောင်းဖူးခင်း ထဲကို ဝင်သွားခဲ့တာ... ပြောင်းဖူးပင်တွေကို ဖယ်လိုက်တာနဲ့ မျက်စိ မှိတ်မနေဘဲ မျက်လုံးအိမ် အပြင်ဘက်ကို ထွက်ကျနေတဲ့ မျက်လုံးကြီး နှစ်လုံး ပါတဲ့ ခေါင်းကြီးက ကျွန်တော့်ကို စိုက်ကြည့်နေတာကို မြင်လိုက်ရတယ်... ခေါင်းမော့ကြည့်လိုက်တော့လည်း ပြောင်းဖူးပင်တွေပေါ်မှာ ချိတ်ဆွဲထားတဲ့ အူတစ်ခွေ ကို ထပ်တွေ့လိုက်ရသေးတယ်..."

ဝမ်ချောင် မှာ တောင့်ခံမထားနိုင်တော့ဘဲ သူ၏ မျက်ထောင့်များတွင် မျက်ရည်များ ရစ်သိုင်းလာခဲ့လေသည်။

"တပ်ခွဲမှူးလီ... ဒီခွေးကောင်တွေက ကျွန်တော့်ကို လူသတ်မှု ဖြစ်ပွားရာ နေရာဆီ လူကုန်ကူး လာခဲ့ကြတာဗျ..."

"ခင်ဗျားတို့ ကျွန်တော့်အတွက် တရားမျှတအောင် လုပ်ပေးရမယ်နော်..."

"ဒီကိစ္စကို ကျွန်တော် လုံးဝ ကျေနပ်နိုင်မှာ မဟုတ်ဘူး... ခွေးမသားတွေ... အရမ်းကို အနိုင်ကျင့်လွန်းတယ်... အီးဟီးဟီး..."

"ကျွန်တော့် ကံကြမ္မာက ဘာဖြစ်လို့ ဒီလောက်တောင် ဆိုးရွားနေရတာလဲ... အီးဟီးဟီး..."

လီရှန်း "...."

သူက ငိုကြွေးနေသော ဝမ်ချောင် ကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ တစ်ချက်မျှ တုန်ယင်သွားပြီး အလွန် တိတ်ဆိတ်သွားခဲ့ချေသည်။ အကြိမ်ပေါင်းများစွာ နားထောင်ခဲ့ရသော်လည်း နားထောင်ရတိုင်း လီရှန်း အနေဖြင့် အနည်းငယ် ရယ်ချင်နေမိဆဲ ဖြစ်ပေသည်။

ရဲစခန်းမှ ထွက်လာပြီးနောက် ခေါက်ဆွဲ တစ်ပန်းကန် စားနေသည့် အချိန်လေး အတွင်းမှာပင် လူကုန်ကူး ခံလိုက်ရသည်။ ထို့နောက် မိမိကို လူကုန်ကူးလာသော လူကုန်ကူးသူများကို အခြား လူကုန်ကူးသူများက ပြန်လည် လူကုန်ကူးသွားကြပြန်သည်။ ကားပေါ်မှ ဆင်းလိုက်ချိန်တွင် မိမိကိုယ်တိုင် အလွန် ဆိုးရွားလှသော ပြစ်မှုရေးရာ လူသတ်မှု ဖြစ်ပွားရာ နေရာတွင် ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရပြန်လေသည်။

ဤအတွေ့အကြုံများက တကယ်ကို အဓိပ္ပာယ် မရှိလွန်းလှချေ။ ၂ ရက် ၃ ရက်မျှ အချိန်ကာလလေး အတွင်းရှိ အတွေ့အကြုံများက အခြားသူများ၏ တစ်သက်တာလုံး အတွေ့အကြုံများထက်ပင် ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းနေပေသည်။ သို့သော် ဝမ်ချောင် ၏ ကိုယ်ပေါ်တွင် ဖြစ်ပွားခဲ့ခြင်းကတော့ အလွန် ပုံမှန်ပင် ဖြစ်နေချေသည်။

လီရှန်းက တစ်ဖက်လူကို ကမန်းကတန်း နှစ်သိမ့်ပေးလိုက်လေသည်။

"မင်းရဲ့ အစ်ကိုရွှီ က စုံစမ်းမေးမြန်းမှုတွေ လုပ်နေတယ်... ခဏနေရင် မင်းအတွက် တရားမျှတအောင် လုပ်ပေးပါလိမ့်မယ်..."

"ပြီးတော့... မင်းက ၄ ကြိမ်တောင် ကြုံဖူးနေပြီပဲ... အကြောင်းပြချက် အရ ဆိုရင် ကျင့်သားရနေသင့်ပြီ မဟုတ်လား..."

သူက မနှစ်သိမ့်မိလျှင် တော်သေးသော်လည်း ဤသို့ နှစ်သိမ့်လိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ချောင် အနေဖြင့် မူလကတည်းက တောင့်ခံထားရသော စိတ်ခံစားချက်များက ချက်ချင်း ပေါက်ကွဲထွက်သွားခဲ့လေတော့သည်။ ပဲစေ့ခန့် ကြီးမားသော မျက်ရည်ပေါက်ကြီးများက ဤ အသက် ၂၀ ကျော် အရွယ် အမျိုးသား၏ မျက်လုံးများမှနေ၍ စီးကျလာခဲ့ချေသည်။ သို့သော် နေရာတွင် ရှိနေကြသော ရဲတပ်ဖွဲ့ဝင် ဆယ်ဂဏန်းခန့် အနက် မည်သူကမျှ မရယ်ရဲကြပေ။ ထိုမျှမက သူတို့၏ မျက်လုံးများထဲတွင် လေးစားကြောက်ရွံ့သည့် အမူအရာများပင် ပြည့်နှက်နေကြလေသည်။

လူတစ်ယောက် အနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုး အထိ အသက်ရှင် နေထိုင်နိုင်ခြင်းမှာ အချို့သော သဘောတရားများ အရ ဆိုရလျှင် ပါရမီ တစ်မျိုးပင် ဖြစ်ချေသည်။

တစ်ချိန်တည်းမှာပင် ရွှီရှန်း ဘက်တွင် ဖြစ်လေသည်။ သူနှင့် ဟန်ယန် တို့ နှစ်ဦးမှာ လိုက်လံ စုံစမ်း မေးမြန်းမှုများ ပြုလုပ်နေကြပေသည်။ အဓိက လုပ်ဆောင်ချက်မှာ နစ်နာသူ၏ ပတ်ဝန်းကျင်ရှိ လူများကို အတိုင်းအတာ တစ်ခုအထိ စုံစမ်းစစ်ဆေးခြင်းပင် ဖြစ်ချေသည်။

"ဒါက ဆွန်းချန် ရဲ့ မိတ်ဆွေ လို့ သတ်မှတ်လို့ ရနိုင်တဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ အိမ်လား..."

ဟန်ယန် က မျက်စိရှေ့ရှိ သစ်သားတံခါးကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်ကာ စကားဆိုလိုက်လေသည်။ ရွှီရှန်းက ခေါင်းညိတ်ပြလိုက်ပြီး တံခါးကို ခေါက်လိုက်ချေသည်။

"ဒေါက်... ဒေါက်... ဒေါက်..."

"ဝုတ်... ဝုတ်... ဝုတ်..."

အတွင်းဘက်မှ ခွေးဟောင်သံများမှလွဲ၍ မည်သည့် တုံ့ပြန်သံမျှ ထွက်ပေါ်မလာခဲ့ပေ။ ရွှီရှန်း နှင့် ဟန်ယန် တို့က အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ နောက်တစ်ခဏတွင် သူ၏ လက်ပေါ်ရှိ အားက အနည်းငယ် ပိုမို ပြင်းထန်သွားခဲ့ချေသည်။

"ကျီ..."

သစ်သားတံခါးမှာ အသံနှင့်အတူ ပွင့်သွားခဲ့ပေသည်။ ရွှီရှန်းက တံခါးကို ကျော်ဖြတ်၍ ဝင်ရောက်သွားခဲ့လေသည်။ တံခါး အနောက်ဘက်တွင် လွှတ်ထားသော ခွေးတစ်ကောင် ရှိနေပြီး ကြိုးဖြင့် ချည်နှောင်ထားခြင်း မရှိချေ။ တစ်ဖက်လူက မိမိ၏ ခွေးအိမ် အရှေ့တွင် ရပ်လျက် ရွှီရှန်း နှင့် ဟန်ယန် တို့ နှစ်ဦးကို သွားဖြဲကာ ဟိန်းဟောက်နေပေသည်။

"ကျစ်... ဒီခွေးပေါက်လေး က အတော်လေး ကြမ်းတာပဲ..."

ဟန်ယန် က ပြုံးလိုက်လေသည်။ ရွှီရှန်းက ထောက်ခံစကား ဆိုရန် ပြင်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သူ တစ်ကိုယ်လုံး ကြောင်အမ်းသွားခဲ့ချေသည်။

မြင်တွေ့လိုက်ရသည်မှာ ခွေးအိမ် အတွင်း၌ ဝေဝါးနေသော အရိပ်တစ်ခုက သူ၏ မျက်လုံးထဲသို့ ဝင်ရောက်လာခြင်းပင် ဖြစ်လေသည်။ ဤအရာမှာ ကိုက်ဖြတ် စားသောက်ခံထားရသော အရိုး တစ်ခု ဖြစ်ပြီး အရိုး၏ ပုံပန်းသဏ္ဍာန်မှာ အလွန် ထူးဆန်းနေကာ မည်သည့် နေရာက ထူးဆန်းနေသနည်း ဆိုသည်ကို ပြောပြ၍ မရနိုင်သော်လည်း အပေါ်တွင် အသားစများ ကပ်ကျန်နေသေးချေသည်။

ရွှီရှန်းမှာ ကြောင်အမ်းသွားပြီး မသိစိတ်အရ ခွေးစာခွက်ကို လှမ်းကြည့်လိုက်ပေသည်။

ခွက်ထဲတွင် အလွန် ညစ်ပတ်နေပြီး ခြောက်သွေ့နေသော အစားအစာ အကြွင်းအကျန်များကို ဖယ်ထုတ်လိုက်ပါက ရေ တစ်စက်မျှပင် မရှိသလို လတ်ဆတ်သော အစားအစာများလည်း လုံးဝ မရှိချေ။ ခန့်မှန်းရသလောက် ဤခွေးကို အစာမကျွေးသည်မှာ အနည်းဆုံး ၄ ရက် ၅ ရက်ခန့် ရှိနေလောက်ပြီ ဖြစ်လေသည်။

သို့သော် မည်သူကမျှ အစာမကျွေးဘဲ အပြင်သို့လည်း ထွက်၍ မရနိုင်ပါက သူက ဤနေရာတွင် ဟောင်နေရန် အဘယ်က ခွန်အားများ ရရှိနေသနည်း ဟု တွေးတောစရာ ဖြစ်ပေသည်။

ထိုခဏ၌ ရွှီရှန်း၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားခဲ့ချေသည်။ ခွေး၏ ပါးစပ်ပေါ်တွင် အညိုရောင် အစေးများ ကပ်ကျန်နေသည်ကို သူ မြင်တွေ့လိုက်ရပြီး ထို့အပြင်...

လေထုထဲတွင် ပုပ်ဟောင်နေသော အနံ့ဆိုးကြီးတစ်ခုက ခိုအောင်းနေကြောင်း ခံစားလိုက်ရလေသည်။

အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ သူက အဓိက အခန်းဆီသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး မျက်နှာတစ်ခုလုံး လေးနက်တည်ကြည်လျက် အရှေ့ဘက်သို့ လျှောက်သွားလိုက်ချေသည်။ ခြေလှမ်း ၃ လှမ်းခန့်ကို ၂ လှမ်းဖြင့် အမြန်လျှောက်သွားပြီးနောက် တံခါးကို ခြေထောက်ဖြင့် ဆောင့်ကန် ဖွင့်လိုက်ပေသည်။

"ဒိုင်း..."

တံခါး ပွင့်သွားသည့် ထိုခဏ၌ လူတစ်ယောက်၏ စိတ်နှလုံးကို လွှမ်းမိုးသွားစေနိုင်သော အလွန်အမင်း ပြင်းထန်လှသည့် အပုပ်နံ့ကြီး တစ်ခုက လွတ်မြောက်လာပြီး လေပြေနှင့်အတူ ရုတ်တရက် လွှမ်းခြုံလာကာ သူတို့ နှစ်ဦးကို ချက်ချင်း မျိုချသွားခဲ့လေသည်။

ပုပ်ဟောင်နေသည်။

ဤအနံ့ဆိုးကြီး၏ အရှေ့တွင် အမှိုက်ပုံ၏ အနံ့မှာ မွှေးရနံ့ ဟုပင် သတ်မှတ်၍ ရနိုင်ချေသည်။ ရွှီရှန်းက တံခါးဝတွင် ရပ်လျက် တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့ပေသည်။ အခန်းတွင်းမှာ အလွန် ရှုပ်ပွနေပြီး အပုပ်နံ့၏ ဇာစ်မြစ်မှာ...

အူတွေလား...

ရွှီရှန်းက အကြည့်များကို ရွှေ့လိုက်ပြီး စားပွဲပေါ်တွင် တင်ထားကာ ယင်ကောင်များ ဝိုင်းအုံနေပြီး ပုပ်ပွနေသော အူတစ်ခွေ ကို ကြည့်ရှုလိုက်လေသည်။

ဒါမှမဟုတ် သွေးတွေလား...

စီးကျနေသော သွေးများက မြေပြင် တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ယခင်က အင်းဆက်ပိုးမွှားများက ဤ ချိုမြိန်သော ရေစင် ကို မြည်းစမ်းရန် မစောင့်နိုင်အောင် ဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ခမ်းခြောက်သွားပြီး အညိုရောင် အကွက်များသာ ထင်ကျန်နေခဲ့ချေသည်။

ဒါမှမဟုတ်ရင် အခန်း တစ်ခုလုံးမှာ သုတ်လိမ်းထားတဲ့ အသားစ တွေလား...

အခန်း တစ်ခုလုံးရှိ နံရံများတွင် သွေးများ ပန်းထွက်ထားသဖြင့် သွေးကွက်များ ဖြစ်ပေါ်နေလေသည်။

အပုပ်နံ့၏ ဇာစ်မြစ်မှာ ကုတင်ခြေရင်းကို မှီနေသော အလောင်း ဖြစ်မည်ဟု ရွှီရှန်း ထင်မှတ်လိုက်ပေသည်။

အလောင်း၏ ခြေလက် လေးဖက်စလုံးမှာ အရှင်လတ်လတ် ဆွဲနုတ်ခံထားရချေသည်။ ဝမ်းဗိုက်မှာ ကြီးမားသော အပေါက်ကြီး တစ်ခု အဖြစ် ခွဲထုတ်ခံထားရလေသည်။

အတွင်းကလီစာများနှင့် အူများမှာ ရေကဲ့သို့ မြေပြင်ပေါ်သို့ စီးကျနေပေသည်။ ခန္ဓာကိုယ် တစ်ခုလုံးတွင် ကိုက်ဖြတ်ခံထားရသော ဒဏ်ရာများ ပြည့်နှက်နေပြီး မြေပြင်ပေါ်တွင် ဝါးစားပြီးနောက် ထွေးထုတ်ထားသော အသားစများ ပြည့်နှက်နေချေသည်။

ပိုးကောင် မျိုးစုံက အမျိုးသား၏ ခွဲထုတ်ခံထားရသော ဝမ်းဗိုက် အတွင်းသို့ မရပ်မနား အဝင်အထွက် ပြုလုပ်နေကြလေသည်။ ဖြူဖွေးပြီး ပြည့်နှက်နေသော လောက်ကောင်များက ဝမ်းဗိုက် အတွင်း၌ တွန့်လိမ် လှုပ်ရှားနေကြပြီး ဖွင့်ထားသော အပေါက်မှတစ်ဆင့် ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရပေသည်။

ဤအရာမှာ... ဒုတိယမြောက် အလောင်းပင် ဖြစ်ချေသည်။

'ကျစ်... နောက်ကျသွားပြီ…’

All Chapters