← Chapters

လှည့်ဖြားခြင်းပညာရပ်

Vol. 105 Ch. 1443

လှည့်ဖြားခြင်းပညာရပ်

Vol. 105 Ch. 1443

တိမ်လွတ်မြောက်ခြင်းကလန်သည် ဒီဂြိုဟ်ကနေ ထွက်မသွားကြသေးပေ။ သူတို့သည် ဝမ်လင်း ခွင့်ပြုချက်မရှိဘဲ ထွက်မသွားဝံ့ကြချေ။

ဝမ်လင်း ပြန်ရောက်လာပြီးနောက် သူက လှိုဏ်ဂူကြီးတစ်ခုကို ဖန်တီးကာ တံခါးပိတ်ကျင့်ကြံတော့၏။ လှိုဏ်ဂူပတ်လည်ကီလိုမီတာငါးဆယ်အတွင်းသို့ မည်သူကမျှ ခြေတစ်ဝက်ပင် ဝင်မလာနိုင်စေရန် သူသည် အတားအဆီးများကို ချခင်းထားလိုက်၏။

ကင်းမြှီးကောက်နက်ကလန်မှာ အမြင့်ဆုံးအဆင့်အတန်းတွင် ရှိကြ၏။ ထို့ကြောင့် သူတို့သည် ဝမ်လင်း၏လှိုဏ်ဂူနှင့် အနီးဆုံး ဧရိယာကို သိမ်းပိုက်ထားသည်။ တိမ်လွတ်မြောက်ခြင်းကလန်ကမူ ကူရာကယ်ရာမဲ့ရ၏။ ထို့ကြောင့် သူတို့သည် အနီးအနားတွင်သာ ယာယီအထိုင်ချ နေထိုင်ကြတော့သည်။

ကျုံးသဟုန်ကား အလွန်မောက်မာနေ၏။ သူက ကလန်နှစ်ခုကြား ဆန္ဒရှိသလို သွားလာနေသည်။ လူတိုင်း၏အာရုံစိုက်ခံရသော ပျော်ရွှင်မှုမှာ သူ ပြန့်ကျဲမိုးကြိုးကလန်၌ မရခဲ့သောအရာ မဟုတ်လား။

လှိုဏ်ဂူအတွင်း၌ ဝမ်လင်းက နေရာထိုင်ကာ စဉ်းစားနေ၏။ အစောပိုင်း၊ တမန်တော် ထွက်မသွားခင်က ထိုသူသည် သူ့ကို လာမည့်သုံးလအတွင်း၌ အရေးကြီးသောအခန်းအနားတစ်ခု ရှိကြောင်းကို ပြောခဲ့ပေသည်။ ထိုနေ့ကျလျှင် ပြိုလဲအကြီးအကဲများ၏ ဖွဲ့စည်းပုံကို ပြန်ပြင်ဆင်မည် ဖြစ်၏။

အချို့က သူတို့၏အဆင့်အတန်းကို ထိန်းထားနိုင်ပြီး အချို့ကမူ အခြားလူများ၏ အစားထိုးတာ ခံရပေလိမ့်မည်။

သို့ပေမည့် ဝမ်လင်းသည် ထိုအကြောင်းနှင့်ပတ်သတ်၍ အလေးမစိုက်ပေ။ သူ အရေးထားသည်က ဒီပြိုလဲအကြီးအကဲရွေးကောက်ပွဲမှ တစ်ဆင့် မီးစာကလေးကလန်နှင့် ပတ်သတ်၍ သူ့ပန်းတိုင်ကို ပြီးမြောက်နိုင်ဖို့သာ ဖြစ်သည်။

“တည်ကြက်ကတော့ ချခင်းထားခဲ့ပြီးပြီး…” ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ ထို့နောက် သူက မျက်လုံးမှိတ်ကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်သည်။ သူ့နတ်ဘုရားအာရုံသည် ဖြည်းဖြည်းချင်းဖြင့် လောကနှင့်တစ်သားတည်း ပေါင်းစပ်သွားချေသည်။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက အကွာအဝေးတစ်ခုက ပိုပိုဝေးသွားနေသော သူနှင့် ရင်းနှီးသောခံစားချက်တစ်ခုကို သတိပြုမိသည်။

ပြိုလဲကုန်းမြေ၏အပြင်ဘက် ဟင်းလင်းပြင်တွင်း၌ မီးစာကလေးကလန်ဝင်သုံးယောက်သည် အဝေးသို့ ပျံသန်းနေကြ၏။ သူတို့ထဲမှ တစ်ယောက်သည် သက်လတ်ပိုင်းအရွယ်ပင်။ သူက သူ့မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားကို ထိလိုက်သည်။ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်သည်။

“အကြီးအကဲက ငါ့ကို ဆေးလုံးထဲက ထုတ်ယူထားတဲ့သွေးကို ကလန်ရှိ ပြန်ပေးခိုင်းလိုက်တယ်။ ဒီကိစ္စဟာ ငါတို့ကလန်အတွက် အလွန်အရေးကြီးတယ်။ ဒါ့ကြောင့် ငါတို့ ဘာအမှားမှ လုပ်လို့မရဘူး။ အကြီးအကဲရဲ့ ထင်မြင်ယူဆချက်သာ မှန်ခဲ့မယ်ဆိုရင် ကလန်ခေါင်းဆောင်နဲ့ အကြီးအကဲတွေသာ ဒါကို မြင်ပြီးတဲ့နောက် သူတို့ဟာ ကျိန်းသေပေါက် အမိန့်တွေ ထပ်ပေးလာမှာ သေချာတယ်…” ထိုလူ၏မျက်လုံးထဲ၌ စိတ်ပိုင်းဖြတ်မှုတို့ ပြည့်နေ၏။ သူနှင့် သူ့ဘေးမှ နှစ်ယောက်တို့သည် မြန်သထက်မြန်မြန် ပျံသန်းကာ အကွာအဝေးတစ်ခုထံသို့ ပျောက်ကွယ်သွားလေ၏။

ဝမ်လင်းသည် မျက်လုံးဖွင့်လိုက်သည်။ သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့မျက်နှာထက်တွင် လှောင်ပြောင်ဟန် ဖြစ်ပေါ်သည်။ ထိုသွေးမှာ မြင့်မားသောအပူချိန်ရှိ၍ မီးအနှစ်သာရ၏ အရိပ်အမြွက်ပါဝင်သည်။ သူ့ကိုယ်ပိုင်သေးမှလွဲ၍ ဒီသွေးကို မည်သည့်အရာကမျှ အစားထိုးနိုင်မည် မဟုတ်ပေ။

ထို့အတွက်ကြောင့် ဝမ်လင်းသည် သူ့ကိုယ်ပိုင်သွေးနှင့် ချိတ်ဆက်မှုကို အသုံးပြုကာ ယင်းဆေးလုံးထဲမှ သွေး၏တည်နေရာအကြမ်းဖျဉ်းကို ရှာနိုင်စွမ်း ရှိသည်။

“ဒီအနှစ်သာရအမျှင်တန်းက မီးစာကလေးကလန်ရှိ ရောက်သွားတာနဲ့ ကျိန်းသေပေါက် လှိုင်းထန်လိမ့်မယ်။ အဲ့ကျရင် သူတို့ရဲ့မီးအနှစ်သာရကို ရဖို့ ငါ့အစီအစဉ်ဟာ အောင်မြင်နိုင်လောက်ပြီ…”

“ဒီသွေးကို အခု သွားပို့နေကြပြီ ဆိုမှတော့ ငါလည်း ဒုတိယခြေလှမ်းအတွက် ကြိုပြင်ဆင်ထားဖို့ လိုပြီ…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သုန်မှုန်မှု အရိပ်အမြွက်လည်း ရှိလို့နေသည်။ သူသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာ၏။

ထိုအက်ကြောင်း ပေါ်လာသည်နှင့် အတွင်းမှ ခပ်အုပ်အုပ်အော်မြည်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအော်သံမှာ ဝမ်းနည်းမှုနှင့် ပြည့်၍ ကြားရသူတိုင်း၏ စိတ်နှလုံးကို တုန်ယင်သွားစေနိုင်သည်။

“ဘိုးဘိုးရှု၊ ဒီကောင်လေးပြောင်က မှားမှန်း သိပါပြီ။ ဘိုးဘိုးရှု…ကျေးဇူးပြုပြီး ဒီကောင်လေးပြောင်ကို လွှတ်ပေးပါတော့။ ကျနော် ဘယ်တော့မှ သင့်ကို မလှည့်ဖြားရဲတော့ပါဘူး…” နောက်ထပ်အော်သံ ထွက်ပေါ်လာပြန်သည်။ ရှုလီကောသည် ရယ်သံက ထိုအသံနှင့် ရောယှက်နေလေ၏။

“မင်း ဒီဘိုးဘိုးရှုထက်ထဲ ကျရောက်တာ မင်းအတွက် ကံကောင်းတာပဲ။ မင်းရဲ့ဘိုးဘိုးရှုက နှစ်ပေါင်းထောင်ချီ အထီးကျန်နေရတဲ့အတွက် မင်းကို ဘယ်တော့မှ သတ်မှာ မဟုတ်ဘူး။ အဖိုးတန်ကောင်လေးကျင်းပြောင်…မင်း စိတ်ချလက်ချနေပါ။ ဘိုးဘိုးရှုက မင်းကို အရမ်းနာကျင်အောင် မလုပ်ပါဘူး…”

ထိတ်လန့်နာကျင်စွာအော်သံများ ဆူညံပဲ့တင်ထပ်နေ၏။ ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ ချောင်းဟန့်လိုက်သည်။ သူ့ချောင်းဟန့်သံက သိုလှောင်နေရာလွတ်ထဲ ကျရောက်သွားသည့်အခါ ထိုအော်သံများ တုံ့ခနဲ ရပ်သွား၏။ သိပ်မကြာခင်တွင် ရှုလီကော၏ စိတ်လှုပ်ရှားသောအသံ ထွက်ပေါ်လာကာ သူသည် သိုလှောင်နေရာလွတ်အတွင်းမှ အလျင်အမြန် ပျံသန်းထွက်လာ၏။

ရှုလီကောက လူတစ်ယောက်ကိုလည်း ကိုင်ထားသေး၏။ ထိုလူ၏အဝတ်အစားများမှာ ဆုတ်ပြတ်သပ်နေသည်။ သူသည် တိုက်ခိုက်ခံထားရသည့်အလား။ သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုတို့ ကြီးစိုးလျက်။ ရှုလီကောက သူ့ကို ကိုင်ထားလျက် ဝမ်လင်းရှေ့တွင် ပေါ်လာလေ၏။

“သခင် သင်ဘာများ အကူအညီလိုအပ်လို့လဲ။ ဒီကောင်လေးက ကျိန်းသေပေါက် ကောင်းကောင်းလုပ်ဆောင်ပေးမှာပါ။ ပြန့်ကျဲမိုးကြိုးကလန်မှာတုန်းကလိုမျိုး မဖြစ်စေရပါဘူး…” ရှုလီကောသည် လျိုကျင်းပြောင်ကို ဘေးတစ်ဖက်သို့ ပစ်ထည့်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ပွတ်သပ်လေ၏။

ဝမ်လင်းသည် ရှုလီကောကို ကြည့်ပင်မကြည့်၊ သူက လျိုကျင်းပြောင်ကို ကြည့်လိုက်၏။ လျိုကျင်းပြောင်သည် သိုလှောင်နေရာလွတ်အတွင်း ထည့်သွင်းခံရပြီးနောက် ရှုလီကော၏ နှိပ်စက်ကလူပြုမှုကို ခံနေရ၏။ သူသည် ထိတ်လန့်နေခဲ့ပေပြီ။ ရှုလီကောက သူ့အတွက် အိပ်မက်ဆိုးတစ်ခုပင်။

ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။ “လျိုကျင်းပြောင်…မင်း လုပ်ခဲ့တဲ့အမှားကို ဝန်ခံလား…”

ထိုစကားများ လျိုကျင်းပြောင်၏နားထဲ ကျရောက်လာသည့်အခါ သူ၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ရီသွား၏။ ထို့နောက် သူသည် မြေပေါ်သို့ ဒူးထောက်ချကာ အော်ငို၍ ပြောလိုက်၏။ “ကောင်းကင်ဘုံသား…ဒီကောင်လေးဟာ မှားမှန်းသိပါပြီ။ ကောင်းကင်ဘုံသားက ငါ့ကို အခွင့်အရေးတစ်ခုလောက် ပေးဖို့ တောင်းပန်ချင်ပါတယ်။ ဒီကောင်လေး ဘယ်တော့မှ ထပ်ပြီး မလှည့်ဖြားတော့ပါဘူး…”

ဝမ်လင်း၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ပေါ်လာ၏။ သူက လျိုကျင်းပြောင်ကို ကြည့်ကာ ပြောလိုက်သည်။ “ငါ့ကိုပြောပြ…ကျောက်စိမ်းပြားမရှိရင် မင်းရဲ့လှည့်ဖြားနိုင်စွမ်းဟာ ဘယ်လိုအဆင့်ရှိလဲ…”

လျိုကျင်းပြောင်သည် သူ့မျက်နှာထက်မှ မျက်ရည်စများကို သုတ်ကာ နောင်တရဟန်ဖြင့် ခပ်မြန်မြန် ပြောလိုက်၏။ “ကောင်းကင်ဘုံသား…ဒီကောင်လေးမှာ လှည့်ဖြားနိုင်တဲ့အစွမ်း ဘယ်လိုလုပ် ရှိပါ့မလဲ။ ငါဟာ ကျောက်စိမ်းပြားအပေါ်မှာပဲ လုံးဝ မှီခိုခဲ့တာပါ။ အခု ဒီကျောက်စိမ်းပြားကို ကောင်းကင်ဘုံသားက ယူသွားခဲ့မှတော့ ဒီကောင်လေးဟာ ထပ်ပြီး လှည့်ဖြားနိုင်စွမ်း မရှိတော့ပါဘူး။ ကောင်းကင်ဘုံသားက ဒီကောင်လေးကို လွတ်လပ်ခွင့် ပေးဖို့ တောင်းဆိုပါတယ်။ ဒီကောင်လေး နောက်ထပ် လုံးဝ မလှည့်ဖြားတော့ပါဘူး…”

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက ခေါင်းညိတ်လိုက်သည်။ “မင်းက ထပ်ပြီး မလှည့်ဖြားနိုင်မှတော့ မင်းဟာ တန်ဖိုးမဲ့သွားပြီ။ ဒါ့ကြောင့် မင်း အသက်ဆက်ရှင်နေစရာ အကြောင်းမရှိတော့ဘူး…”

လျိုကျင်းပြောင်၏မျက်နှာထက်တွင် ပျော်ရွှင်မှု ပြည့်နှက်သွား၏။ သို့သော် ထိုပျော်ရွှင်မှုမှာ ချက်ခြင်း အေးခဲသွားသည်။ သူက ဝမ်လင်း၏မျက်လုံးထဲရှိ အေးစက်မှုကို တွေ့မြင်သည့်အခါ သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူသည် ခပ်မြန်မြန် ပြောလိုက်သည်။ “ကောင်းကင်ဘုံသား…နားလည်မှုလွဲတာပါ။ နားလည်မှု လွဲတာပါ။ ဒီကောင်လေး မှားမှန်းသိပါပြီ။ ကျောက်စိမ်းပြားမရှိရင်တောင် ဒီကောင်လေးရဲ့ လှည့်ဖြားနိုင်စွမ်းအရည်အချင်းဟာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှာ နံပါတ်တစ်ပဲ။ ဘယ်သူမှ မယှဉ်နိုင်ဘူး။ ဒီကောင်လေးဟာ ကျောက်စိမ်းပြားပေါ်မှာ အများကြီး မမှီခိုခဲ့ပါဘူး။ ငါက ဒါကို လိုအပ်မှ သုံးခဲ့ရုံပဲ။ ဒီကောင်လေးဟာ ငယ်ရွယ်စဉ်ကတည်းက ဒီလှည့်ဖြားတဲ့အတတ်ပညာကို အမြဲလိုလို အချိန်ရတိုင်း၊ အခွင့်ရေးရတိုင်း လေ့ကျင့်နေခဲ့တာပါ။ ကျနော်ဟာ လှည့်ဖြားမှုမှာ ဆရာတစ်ဆူပါပဲ…”

“အို…ငါ့ကို ပြောစမ်းပါအုံး။ မင်းရဲ့ လှည့်ဖြားမှုအပေါ် နားလည်မှုက ဘာများလဲ…” ဝမ်လင်းသည် သူ့ညာလက်ညှိုးကို သူ့ဒူးခေါင်းပေါ်သို့ ညင်သာစွာဖြင့် တတောက်တောက် လုပ်နေဆဲပင်။ သူ့အသံသည် တည်ငြိမ်သော်လည်း ထိုအပြုအမူက လျိုကျင်းပြောင်၏စိတ်နှလုံးကို ထုရိုက်နေသည့်အလား။

“အမှန်တော့ လှည့်ဖြားမှုူဟာ အမှန်တရားနဲ့ လူတွေကို လှည့်စားတာပဲ။ သေချာတဲ့ရည်ရွယ်ရာတစ်ခုကို အောင်မြင်ဖို့အတွက် လှည့်စားနိုင်ဖို့အတွက် ဖန်တီးနိုင်စွမ်း၊ နည်းလည်မှုလွဲခြင်း၊ ဒါမှမဟုတ် ကြိုခန့်မှန်းခြင်းတွေ ရှိရပါမယ်။ လိုအပ်လာခဲ့ရင် ပုံဖျက်နိုင်စွမ်းလည်း ရှိရမယ်။ သင်ကိုယ်တိုင်လည်း သင် ပြောတဲ့အချက်ကို ယုံကြည်နေရမယ်။ ဒါမှသာ သင်ဟာ သူများတွေကို အရူးလုပ်နိုင်မှာ ဖြစ်တယ်…” လျိုကျင်းပြောင်သည် ဝမ်လင်းကို ကြည့်နေရင်း သတိထားနေ၏။ ဝမ်လင်းက ခေါင်းညိတ်လိုက်သည်ကို တွေ့မှ သူ စိတ်သက်သာရာ ရသွားသည်။

“ကျနော် လေ့လာခဲ့တဲ့ လှည့်ဖြားမှုအတတ်ပညာဟာ နယ်ပယ်သုံးခုရှိတယ်။ ပထမတစ်ခုဟာ တခြားလူတွေကို လှည့်စားဖို့၊ ဒုတိယနယ်ပယ်ကတော့ ကိုယ့်ကိုယ်ကို လှည့်ဖြားနိုင်ဖို့၊ တတိယတစ်ခုကတော့ ဉာဏ်အလင်းပဲ။ ဥပမာ တောင်ကို တောင်အဖြစ် မြင်သလို၊ တောင်ကို တောင်တစ်လုံးမဟုတ်ဘူးလို့ မြင်နိုင်တာပဲ။ အခြေခံကို ပြန်သွားရရင်တော့ ဒီအဆင့်ဟာ ပထမအဆင့်နဲ့ ဆင်တယ်…”

“ဒီနယ်ပယ်သုံးခုဟာ ရိုးရှင်းတဲ့ပုံပေါက်တယ်။ ဒါပေမဲ့ အမှန်တော့ လူအများစုဟာ ပထမအဆင့်မှာတင် တစ်နေကြတာပဲ။ သူတို့ဟာ သူတို့ရဲ့စကားကို သူတို့ကိုယ်တိုင် မယုံကြဘဲ လှည့်စားဖို့ပဲ သိကြတယ်။ သူတို့ရဲ့အရည်အချင်းဟာ ပေါ့တန်လှတယ်…”

လျိုကျင်းပြောင်သည် စိတ်သက်သာရာ ရသွားပြီ ဖြစ်သည်။ သို့သော် သူက သတိထားနေဆဲပင်။

“လှည့်ဖြားတဲ့အရာကို နားလည်နိုင်မှု အဆင့်တစ်ခု ရောက်လာမှသာ လူတစ်ယောက်ဟာ ဒုတိယနယ်ပယ်ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုလှည့်ဖြားနိုင်ခြင်းဆိုတဲ့အဆင့်ကို ရောက်နိုင်မှာ ဖြစ်တယ်။ ဘာနည်းလမ်းကိုပဲ အသုံးပြုပြု သူများကိုလှည့်စားတဲ့အရာဟာ အစစ်အမှန်ဖြစ်တယ်လို့ ကိုယ်ကိုယ်တိုင်လည်း ယုံကြည်ထားရမှာ ဖြစ်တယ်…” လျိူကျင်းပြောင်သည် သူ့လက်ရှိ အခြေအနေကို မေ့သွားဟန် တူသည်။ သူ အလေးအနက် ဖြစ်လာ၏။

“ဒီအဆင့်ကို ရောက်တဲ့ တခြားသူတွေလည်း ရှိကြပါတယ်။ ငါတို့ တွေ့ကြဆုံကြတိုင်း ငါတို့ဟာ တာအိုကိုအမြဲဆွေးနွေးပြီး ငါတို့ရဲ့ နည်းလည်မှုချင်း ယှဉ်ကြတယ်…”

“ဒါပေမဲ့လည်း ငါနဲ့ တွေ့ဆုံခဲ့ဖူးတဲ့ လူအများစုဟာ ဒုတိယအဆင့်ကို တက်လှမ်းဖို့ မရဲကြတာ များတယ်။ တကယ်တော့ ဒုတိယအဆင့်ဟာ ငါတို့အတွက် အန္တရာယ်အများဆုံးပဲ။ အန္တရာယ်ကတော့ ငါတို့ကိုယ်တိုင်ရှိကနေ ထွက်ပေါ်လာတာ ဖြစ်တယ်။ ငါတို့ဟာ ငါတို့ကိုငါတို့ လုံးဝ လိမ်လည်လှည့်စားနိုင်တဲ့အချိန်ကျရင် ငါတို့ ဆုံးရှုံးမေ့ပျောက်သွားနိုင်ချေတွေ ရှိလာတယ်။ ငါတို့ဟာ လူကြီးလူကောင်းတစ်ယောက်ဆိုလည်း ဖြစ်နိုင်လာတယ်။ လူဆိုး ဒါမှမဟုတ် အရူးအဖြစ်လည်း ရောက်ချင်ရောက်မယ်…”

“လှည့်ဖြားခြင်းရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုလှည့်ဖြားနိုင်စွမ်းနယ်ပယ်မှာ အချိန်အကြာကြီး တစ်နေတဲ့ စီနီယာအချို့လည်း ရှိကြတယ်။ သူတို့ဆို သူတို့ကိုယ်သူတို့ပါ မေ့သွားခဲ့ကြတယ်။ ငါ သူတို့အကြောင်း တွေးမိတိုင်း စိတ်ထဲမှာ ဝမ်းနည်းမှုကို ခံစားရတယ်…”

“ဝမ်းနည်းဖို့ကောင်းတယ်…နှမြောဖို့ ကောင်းတယ်…” လျိုကျင်းပြောင်သည် ခုလက်ရှိ သူ့အခြေအနေကို သူ မေ့သွားပေပြီ။ သူ့စကားလုံးများထဲတွင် စွဲဆောင်မှုတစ်ခု ပါရှိနေ၏။ ထိုအဖြစ်က ရှုလီကောကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ သူက လှောင်ပြောင်လိုက်၏။ “မင်းက လူလိမ်တစ်ယောက် မဟုတ်ဘူးလား။ ဒါကို မင်းက ကျင့်ကြံခြင်းလိုမျိုး ပြောနေ…”

ရှုလီကော၏စကားမဆုံးခင်မှာပင် လျိုကျင်းပြောင်သည် ရုတ်တရက် ထရပ်ကာ သူ့ကို တစ်ချက် ကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် ဂုဏ်ယူမှုနှင့်မာန်ဝင့်မှု ပါဝင်နေ၏။ ထို့အပြင် အထီးကျန်မှု အငွေ့အသက်လည်း ပါသည်။ ထိုအထီးကျန်မှုသည် ထိပ်ဆုံးတွင် ရပ်နေသော တစ်စုံတစ်ယောက်ထံမှ ထွက်ပေါ်တတ်သော အရာမျိုး ဖြစ်နေ၏။

“မောက်မာတဲ့ကောင်လေးတစ်ယောက်က ဒီအဘိုးအိုရဲ့ နှလုံးသားကို ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ…”

“ဒီအဘိုးအိုဟာ အသက်လေးနှစ်အရွယ် ရောက်တော့ ငါဟာ စ လိမ်တတ်နေခဲ့ပြီ။ ငါဟာ သေမျိုးတစ်ယောက်အဖြစ် ရှိနေသေးချိန်မှာတောင် အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို လှည့်ဖြားဝံ့ခဲ့တယ်။ အသက်ဆယ့်ခြောက်နှစ် ပြည့်ပြီးတဲ့နောက်မှာ ငါဟာ အကြည့်တစ်ချက်နဲ့တင် လူတွေရဲ့ စိတ်နှလုံးကို ဖတ်နိုင်ခဲ့ပြီ။ အဲ့အချိန်ကစပြီး ငါဟာ ကောင်းကင်နဲ့မြေကြီးကြားမှာ လျှောက်လှမ်းလာခဲ့ပြီး လှည့်ဖြားခြင်းပညာရပ်ရဲ့ အကန့်အသတ်ကို လိုက်ရှာတော့တာပဲ…”

“ဒီလောကကြီးဟာ အကျယ်ကြီး။ ပြောကြတာကတော့ မဟာတာအိုပေါင်းသုံးထောင် ရှိတယ်တဲ့။ ဒါပေမဲ့ ဒီမဟာတာအိုပေါင်းသုံးထောင်ထဲမှာ လှည့်ဖြားခြင်းတာအိုကော မပါဝင်နိုင်ဘူးလို့ ဘယ်သူကများ အပ်ကျမတ်ကျ ပြောနိုင်လို့လဲ…”

“သင်တို့အားလုံး ကျင့်ကြံတဲ့အရာကို တာအိုလို့ခေါ်ခဲ့ရင် ငါ ကျင့်ကြံတဲ့လှည့်ဖြားမှုပညာရပ်ကရော တာအိုအဖြစ် မသတ်မှတ်နိုင်၊ မယူဆနိုင်ဘူးလား…”

“အချိန်ကာလတစ်လျှောက် ခေတ်တွေတစ်လျှောက် ဖြစ်တည်မှု ဘယ်လောက်များများ မွေးဖွားလာခဲ့ပြီးပြီးလဲ။ ဖြစ်တည်မှု ဘယ်လောက်များများကရော မျိုးသုန်းသွားခဲ့ကြပြီလဲ။ စကြာဝဠာမွေးဖွားလာခဲ့တဲ့အချိန်ကစလို့၊ သက်ရှိဖြစ်တည်မှုတွေ ဖြစ်ပေါ်လာခဲ့တဲ့အချိန်ကစလို့ လှည့်ဖြားမှုဟာ အခုထိ တည်ရှိခဲ့ပြီး ဖြစ်တယ်။ တကယ်လို့ ဒီအရာကသာ အသုံးမဝင်ခဲ့ရင် ပျောက်ကွယ်နေခဲ့တာ ကြာလှနေပြီ။ ဒီနေ့ဒီချိန်ထိ တည်ရှိနေနိုင်မှာ မဟုတ်ဘူး။ ဒီအဘိုးအိုဟာ ကောင်းကင်ဘုံကို မေးချင်တာက မဟာတာအိုသုံးထောင်မှာ လှည့်ဖြားခြင်းတာအိုဟာ ဘယ်အဆင့်လဲ။ တကယ်လို့ ဘာအဆင့်မှ မဟုတ်ခဲ့ရင်လည်း ဒီအဘိုးအိုဟာ လှည့်ဖြားခြင်းတာအိုကို ဒီမဟာတာအိုသုံးထောင်ရဲ့ အပြင်ဘက်က ကိုယ်ပိုင်တာအို ဖြစ်အောင် လုပ်ပစ်မယ်…”

ရှုလီကောသည် ပါးစပ်အဟောင်းသား ဖြစ်နေ၏။ ဝမ်လင်းသည်ပင် မင်သက်မိရသည်။

***

All Chapters