← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အခန်း(၅၄)

ကျွမ်းချွမ် မပြောမီကပင် ချင်ယန်သည် ထိုသို့ စဉ်းစားထားပြီး ဖြစ်သည်။

ချင်ယန်သည် လတ်တလောတွင် ကောင်းမွန်သော အခြေအနေတွင် ရှိနေသည်။

သူတို့နှစ်ဦးသည် နေ့လယ်စာအဖြစ် အသားခြောက်များကို စားသောက်ကာ အားဖြည့်ခဲ့သည်။

ကျွမ်းချွမ်သည် သူ၏ ကတိအတိုင်း ချင်ယန်ကို သန့်စင်ကျိုချက်ခြင်းပညာ စတင် သင်ကြားပေးခဲ့ပြီး အရေးကြီးသည့် အချက်များကို ညွှန်ကြား ပြသပေးခဲ့သည်။

ပထမဆုံးအနေဖြင့် ချင်ယန်သည် သာမန် အသိပညာ အချို့ကို စိတ်ဝိညာဥ် တစ်ပိုင်းအဆင့် ပစ္စည်းကို သန့်စင်ခြင်းမှ ရရှိခဲ့သည်။

ဤအရာများသည် သူကိုယ်တိုင်ကိုယ်ကျ သိရှိလာသည့် အခြေခံ အတွေ့အကြုံများ ဖြစ်၏။

ချင်ယန်သည် သင်ကြား ပို့ချချက်များကို ညမိုးချုပ်သည် အထိ အထူးဂရုပြု၍ နားထောင်နေခဲ့သည်။

ချင်ယန်၏ သဘောပေါက် နားလည်နိုင်စွမ်းသည် ကျွမ်းချွမ်ကိုပင် အံ့အားသင့်စေခဲ့သည်။

ဥပမာအားဖြင့် ခက်ခဲသော အချို့နေရာများ၌ အနည်းငယ်ရှင်းပြရုံဖြင့် ချင်ယန်သည် အကုန်နီးပါး သဘောပေါက်နေပြီ ဖြစ်သည်။

"အဘိုးကျွမ်း... ကျွန်တော့်ကို သင်ပေးတဲ့ ပညာတွေ အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်"

ချင်ယန်က ထိုစကားကို လေးနက်စွာ ပြောလိုက်ပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။

ကျွမ်းချွမ်က ရယ်မော၍ ပြောလိုက်သည်။

"ဒါက အသေးအဖွဲ ကိစ္စလေးပါ... ဒါ့အပြင် မင်းက ပင်ကိုပါရမီ ရှိပေမဲ့လည်း အခြားလူငယ်တွေလို မောက်မာမှုမရှိဘူး... ပင်ကိုစိတ်ရင်းလည်း အရမ်းကောင်းတယ်... ဒီမတိုင်ခင်က လူတစ်ယောက်ကို အချိန်အနည်းငယ် ငါသင်ပေးဖူးပေမဲ့ သူ ငါ့ကို ဘယ်တော့မှ ကျေးဇူးမတင်ခဲ့ဘူး... သူကတောင် ငါက သင်ပေးသင့်လို့ သင်ပေးရတာလို့ ထင်နေသေးတယ်... သူက ပါရမီရှင် ဖြစ်လို့ လူတိုင်းက သူ့နောက်ကို လိုက်သင့်တယ် ထင်နေတာပေါ့"

ကျွမ်းချွမ်က ရင်ထဲရှိ ခံစားချက်များကို အဆက်မပြတ် ပြောလိုက်ပြီး စိတ်သက်သာသွားဟန်ဖြင့် ပြုံးကာ ဆက်ပြောလိုက်သည်။

"ငါ့မျက်စိထဲမှာတော့ မင်းက ပါရမီရှင်တွေ အားလုံးထက် ပိုထူးချွန်တယ်... မင်းအတွက် ကျန်ခဲ့တဲ့ ငါးနှစ် လုံးလုံး အသူတရာချောက်ထဲက လွတ်မြောက်အောင် တွယ်တက်တာထက် ပိုပြီး ခက်ခဲခဲ့မှာပဲ... ဒါကြောင့်လည်း မင်းနဲ့ သက်တူရွယ်တူတွေထက် ပိုပြီး တည်ငြိမ်ခဲ့တာပေါ့"

"အဘိုးကျွမ်း.. သူရဲကောင်း တွေ့ဆုံပွဲမှာ ဘယ်သူ အနိုင်ရသွားလဲ"

ချင်ယန်က ရုတ်တရက် ထိုကိစ္စကို သတိရသွားပြီး သိချင်စိတ်ပြင်းပြစွာ မေးလိုက်မိသည်။

"ဒါတွေကို အာရုံမစိုက်ပါနဲ့... မင်းနဲ့ ပတ်သက်တဲ့ ကိစ္စကိုပဲ အာရုံစိုက်ပါ... စိတ်ဝိညာဉ် လက်နက်ကို ဘယ်လို အပြည့်အစုံ သန့်စင်ရလဲဆိုတာ မသင်ခင် မင်းရဲ့ကျင့်ကြံမှု အခြေခိုင်အောင် အရင်လုပ်ပါ... အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်ကို ရောက်မှ အစစ်အမှန် စိတ်ဝိညာဉ်ရတနာကို သန့်စင်ဖို့ လုံလောက်တဲ့ စိတ်တန်ခိုးစွမ်းအား ရရှိလာလိမ့်မယ်"

ကျွမ်းချွမ်က ဆုံးမ လမ်းညွှန်လိုက်သည်။

စိတ်ဝိညာဉ် တစ်ပိုင်း အဆင့် လက်နက်များသည်လည်း အလွန် တန်ဖိုးကြီး၏။

ချင်ယန် ပြုလုပ်ထားသော ဆေဘာဓားနှစ်လက်သည် တစ်လက်လျှင် အနည်းဆုံး သလင်းကျောက်ပြား နှစ်သောင်းခန့် တန်ကြေး ရှိသည်။

အမြင့်ဆုံး အရည်အသွေးရှိ စိတ်ဝိညာဥ်တစ်ပိုင်း ကုန်ကြမ်းတစ်ခုပင် သလင်းကျောက်ပြား တစ်သိန်းဖြင့် ရောင်းချကြသည်။

ဥပမာအားဖြင့် သန့်စင်ထားသော အဆင့်လေး အမျိုးအစား သားရဲ အရိုးများနှင့် အဆင့်နိမ့် စိတ်ဝိညာဉ် သံမဏိတို့ ဖြစ်သည်။

အကောင်းဆုံး သန့်စင်သူ တစ်ဦး ဖြစ်လိုလျှင် ပစ္စည်းများ ပြုလုပ်မှုတွင်လည်း ကျွမ်းကျင်မှု ရှိရမည် ဖြစ်သည်။

ချင်ယန်သည် ကျွမ်းချွမ်ကို ကူညီ၍ အဆင့်လေး အမျိုးအစား မွန်းစတားသားရဲ၏ အရိုးများနှင့် အဆင့်နိမ့် ဝိညာဉ်သံမဏိတို့ကို အံ့အားသင့်ဖွယ် ပေါင်းစပ်ခြင်းဖြင့် အဆင့်နိမ့် အရိုးသံမဏိ ကျိုချက်ခြင်း ပညာကို လေ့လာသင်ယူခဲ့သည်။

အရိုးသံမဏိ တစ်ခုစီ၏ အရွယ်အစားသည် လက်တစ်ဝါးခန့်သာရှိ၍ တစ်ဆယ်ကီလိုဂရမ်ကျော် အလေးချိန်ရှိ၏။

ရက်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ပြီးနောက် ချင်ယန်သည် ကျိုချက်ခြင်းတွင် ပို၍ ကျွမ်းကျင်လာခဲ့သည်။

သူ ကျိုချက်ပြုလုပ်ထားသော အရိုးသံမဏိများသည် ကျွမ်းချွမ် ပြုလုပ်ထားသော အရိုးသံမဏိနှင့် နှိုင်းယှဉ်လာနိုင်ခဲ့သည်။

အဆင့်နိမ့် အရိုးသံမဏိသည် အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက် တစ်ခု သန့်စင်ရာတွင် အဓိကကျသော ပစ္စည်းဖြစ်သည်။

ချင်ယန်သည် ကျွမ်းချွမ်နှင့် အတူ အံ့ဖွယ်မှော်စာလုံးနန်းတော်သို့ လိုက်ပါကူညီနေခြင်း ဖြစ်သည်။

ချင်ယန်သည် ဤရက်နှစ်ဆယ်ကျော် အတွင်း ဆေဘာဓားအချို့ကို ပြုလုပ်ရောင်းချခြင်းဖြင့် သလင်းကျောက်ပြားများစွာ ရရှိခဲ့သည်။

လက်ရှိတွင် သူက သလင်းကျောက်ပြား နှစ်သိန်းကျော် ပိုင်ဆိုင်နေခဲ့ရာ အသက်ဆယ့်ငါးနှစ် အရွယ် အတွက် အလွန်များပြားသော ပိုင်ဆိုင်မှု ဖြစ်သည်။

"နောက်ထပ် ငါ သန့်စင်ချင်တာက ငါအသုံးပြုဖို့အတွက် ကောင်းမွန်တဲ့ စိတ်ဝိညာဥ်တစ်ပိုင်း ပစ္စည်းတွေပဲ"

ချင်ယန်တွင် ဆေဘာဓား တစ်လက် ရှိထားပြီးပြီ ဖြစ်သည်။

ယခု လတ်တလောတွင် သူ မလုပ်ဖူးသော လက်နက် အချို့ကို ပြုလုပ်ကြည့်ရန် ဆုံးဖြတ်ထားခဲ့၏။

သူ ဝယ်ယူထားသော ပုံသွင်းတူသည် လုံလောက်သည့် ကောင်းမွန်မှု မရှိချေ။

ထို့ကြောင့် အဆင့်နိမ့် အရိုးသံမဏိကို အသုံးပြု၍ ကောင်းမွန်သော တူတစ်လက်ကို သန့်စင်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လက်နက်တစ်ခု ပေါ်တွင် အမျိုးအစား မတူညီသော မှော်အစီအရင် နှစ်ခုကို ထည့်သွင်း၍ အစစ်အမှန် စိတ်ဝိညာဉ်လက်နက် တစ်ခုကို ပြုလုပ်ခဲ့သည်။

အစီအစဉ်အရ အမျိုးအစား ခြားနားသော မှော်အင်းကွက် နှစ်ခုကြား အနှောင့်အယှက် မဖြစ်စေရန် ရေးထွင်းရပေမည်။

သူက အလွန်အားကောင်းသော စိတ်တန်ခိုးစွမ်းအားကို ထိန်းချုပ်၍ မှော်အစီအရင် ရေးထွင်းခဲ့ခြင်း ဖြစ်သည်။

အလွန်အားကောင်းသည်ဟု ထင်ထားခဲ့သော ချင်ယန်၏ စိတ်တန်ခိုးစွမ်းအားသည် ထိုအရာကို ပြုလုပ်ရန် လုံလောက်မှု မရှိခဲ့ပေ။

အားပါးတရ ပြုလုပ်ခဲ့ခြင်း၏ ရလဒ်သည် စိတ်ဝိညာဥ်တွင် ဒဏ်ရာများ ရရှိသွားခဲ့ခြင်းပင်တည်း။

ထို့ကြောင့် ချင်ယန်သည် အစီအရင် တစ်မျိုးသာ ပါရှိသော စိတ်ဝိညာဥ် တစ်ပိုင်း အဆင့်ပစ္စည်းကို အကောင်းဆုံး အခြေခံအုတ်မြစ်တစ်ခု ချ၍ ပြုလုပ်ခဲ့တော့သည်။

ယင်းမှာ စိတ်ဝိညာဉ် သံမဏိထက် အဆများစွာ ပိုမိုမာကျောသော အဆင့်နိမ့် အရိုးသံမဏိပေါ်တွင် မှော်အစီအရင်များကို ခက်ခဲစွာ ရေးထွင်းရန် ဖြစ်၏။

ထိုအချိန်၌ ခရွှမ်းရွှေ မီးတောက်သိုင်းဝိဉာဉ်သည် အလွန်အရေးကြီးသော နေရာမှ ပါဝင်ခဲ့သည်။

မီးစွမ်းအင်ဖြင့် ဖွဲ့စည်းခဲ့သော သွေးဝိညာဉ်စွမ်းအားသည် အလွန်ပူလောင်သော စွမ်းအားများ ပါဝင်နေခဲ့၏။

ထိုအရာသည် မာကျောသော အရိုးသံမဏိ ပေါ်တွင် မှော်အင်းကွက်များကို လွယ်လွယ်ကူကူ ရေးဆွဲနိုင်စေခဲ့သည်။

ကျွမ်းချွမ်သည် ထိုတစ်လလုံး ချင်ယန်ကို အနီးကပ် သင်ကြားပေးခဲ့သည်။

ချင်ယန်၏ တိုးတက်မှုသည် အလွန်မြန်ဆန်၏။

လာရောက်အပ်နှံသော ထူးခြားသည့် စိတ်ဝိညာဥ် တစ်ပိုင်းအဆင့် အသုံးအဆောင် ပစ္စည်းများကို ပြုလုပ်ပေးနိုင်စွမ်း ရှိနေခဲ့ချေပြီ။

ထိုပညာရပ် အပေါ် ချင်ယန်၏ နားလည်နိုင်စွမ်းသည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

အစီအစဉ်အရ မိမိ ပိုင်ဆိုင်သော အဆင့်မြင့် မှော်အစီအရင်များကို လျှို့ဝှက်ထားရန် လိုအပ်သဖြင့် သူ၏ အဆင့်မြင့် မှော်အင်းကွက်များ ရေးထွင်းထားသည့် စိတ်ဝိညာဉ် တစ်ပိုင်းအဆင့် ပစ္စည်းများကို ရောင်းချခြင်းမပြုခဲ့ချေ။

"ပုံသွင်းတူနဲ့ မီးဖိုကို ပြုလုပ်ခဲ့ပြီးပြီ... နှစ်ခုလုံးကို အရိုးသံမဏိနဲ့ လုပ်ထားတယ်... တစ်ခုချင်းစီမှာ ဒုတိယ အမျိုးအစား မှော်အင်းကွက်တွေကိုလည်း ငါကိုယ်တိုင် ရေးထွင်းနိုင်ခဲ့ပြီ... ငါခန့်မှန်းရသလောက် ဒီပစ္စည်းတွေရဲ့ အရည်အသွေးက အစစ်အမှန် စိတ်ဝိညာဉ်အဆင့်လို့တောင် သတ်မှတ်လို့ရနေပြီ"

ချင်ယန်သည် ဒုက္ခခံ၍ ပြုလုပ်ခဲ့ရသော ပစ္စည်းများကို ကြည့်ကာ အပျော်များဖြင့် ပြည့်နှက်နေခဲ့သည်။

ချင်ယန်က စိတ်ဝိညာဥ်တစ်ပိုင်း အဆင့် လက်နက်တစ်ခုကို ဖန်တီးရန် ကျွမ်းချွမ် ထံမှ ထူးခြားသော အကြံဉာဏ်များကို ရယူခဲ့သည်။

ကျွမ်းချွမ်ကို မချွင်းမချန် တိုင်ပင်ပြီးနောက် သူရရှိလာသော အတွေးအခေါ်များနှင့် ပေါင်းစပ်ကာ ပစ္စည်းတစ်ခု ပြုလုပ်ခဲ့သည်။

ဆယ်ရက် ကုန်ဆုံးသွားပြီးနောက် ချင်ယန် ပြုလုပ်နေသည့် စိတ်ဝိညာဥ်တစ်ပိုင်းအဆင့် လက်နက်ကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။

ထိုအရာသည် ရွှေရောင် အလင်းတန်းများ တောက်ပနေပြီး လက်ရာမြောက်စွာ ပြုလုပ်ထားသည့် လျှပ်စီးပုတီးစေ့ တစ်ခု ဖြစ်သည်။

ထိုပစ္စည်းတွင် စိတ်တန်ခိုးစွမ်းအင်များ သိုလှောင်ထားနိုင်သော လျှပ်စီးသင်္ကေတကို ရေးထွင်းထားခဲ့၏။

အရေးကြုံချိန်တွင် သူ၏ လက်ကောက်ဝတ်၌ ထည့်သွင်းထားသော ထိုလက်နက်ကနေ မိုးကြိုးလျှပ်စီးစွမ်းအားများကို ပစ်လွှတ်၍ တစ်ဖက်ရန်သူကို တိုက်ခိုက်နိုင်မည် ဖြစ်သည်။

ကျွမ်းချွမ်သည် ထိုလက်နက်ကို ယူ၍ လေ့လာနေ၏။

ထို့နောက် သူ၏ စိတ်စွမ်းအားများကို ပုတီးစေ့အတွင်း ထိုးသွင်း၍ ပစ်လွှတ်လိုက်လျှင် ပြင်းထန်သော မိုးကြိုးအလင်းတန်းကြီး ထွက်ပေါ်လာခဲ့သည်။

ကျွမ်းချွမ် ချီးကျူးလိုက်မိသည်။

"ဒီလျှပ်စီးမှော်အင်းကွက် ပုတီးစေ့က အရမ်း အားကောင်းတယ်... ဒါက အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ် တစ်ယောက်ရဲ့ စိတ်စွမ်းအား ဖောက်ခွဲမှုနဲ့ တူညီတဲ့ အင်အားရှိတယ်... ဒါ့အပြင် သူ့မှာ လျှပ်စီးသဘာဝစွမ်းအင် ပါဝင်တယ်... ဒါပေမဲ့ တစ်ခုကို တစ်ကြိမ်ပဲ အသုံးပြုနိုင်တယ်"

"တစ်ကြိမ်ဆိုရင် တစ်ဖက်ရန်သူ သေဖို့ လုံလောက်ပါပြီ"

ချင်ယန်က ထိုသို့ပြောရင်း ပြုံးလိုက်မိသည်။

ထိုကဲ့သို့ လျှပ်စီးမှော်အင်းကွက် ရေးထွင်းထားသော ပုတီးစေ့ကို အသက်သွင်းခဲ့ပြီးနောက် သဘာဝစွမ်းအင် အားလုံးကို အသုံးပြုနိုင်အောင် ပြုလုပ်တော့မည် ဖြစ်သည်။

ချင်ယန်သည် အံ့ဖွယ်မှော်စာလုံး နန်းတော်၌ နေထိုင်ခဲ့သည်မှာ တစ်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ထိုအချိန်အထိ ရန်ရှီးယု ပြန်မရောက်သေးသဖြင့် ချင်ယန် စိုးရိမ်စိတ် အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

"အဘိုးကျွမ်း... ဆရာမရန် ဘယ်နေရာက လာတာလဲ ဆိုတာ အဘိုးသိလား"

ချင်ယန်၏ အတွေးထဲ၌ အမြဲရှိသည့် အရာတစ်ခုမှာ ရန်ရှီးယု၏ အကြောင်းကို ပိုမို သိရှိလိုခြင်း ဖြစ်သည်။

ကျွမ်းချွမ်သည် သူ၏ ရှည်လျားသော မုတ်ဆိတ်ဖြူများကို လက်ဖြင့် ပွတ်သပ်နေရာမှ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"သူ့မှာ ပြဿနာတစ်ခု ရှိတယ်... သူက မင်းကို မပြောတဲ့နောက်တော့ ငါလည်း အဲဒီကိစ္စကို ပြောပြလို့ မဖြစ်ဘူး.. မင်း တိုးတက်လာအောင် ပြင်းပြင်းထန်ထန် ကြိုးစားပါ... မင်းသာ စွမ်းအားကြီးမားသူ တစ်ဦး ဖြစ်လာရင် ကိစ္စ တော်တော်များများကို ပြောင်းလဲပစ်နိုင်ပါလိမ့်မယ်" ဟု ဆိုသည်။

"ကျွန်တော် သေချာပေါက် ကြိုးစားမှာပါ"

ချင်ယန် ထိုထက်ပို၍ မမေးတော့ချေ။

ရန်ရှီးယုသည် ထူးချွန်သော ပါရမီ ရှိသကဲ့သို့ လမင်းသိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။

သူမသည် သေချာပေါက် ဩဇာအာဏာ ရှိ၍ ဂုဏ်ဒြပ်မြင့်မားသော မိသားစုမှ ဖြစ်ရပေမည်။

ထိုသို့ မိသားစုကြီးများ၏ မျိုးဆက်များ အနေဖြင့် သူတို့၏ ကံကြမ္မာကို ထိန်းချုပ် စီမံနိုင်ခွင့် မရှိကြချေ။

ဥပမာအားဖြင့် ကောင်းကင်ဘုံ၏ သမီးတော် ရှို့ယုလင် ဆိုလျှင် သူမ ကိုယ်ပိုင် လက်ထပ်ခြင်းကိုပင် ကန့်သတ်ခံထားရပြီး အခြားသူများ၏ ဆုံးဖြတ်ချက် အတိုင်း ပြုလုပ်ရ၏။

ထိုကိစ္စကို စဉ်းစားမိလျှင် ချင်ယန် ကျိတ်၍ ပျော်ရွှင်နေမိသည်။

သူက ထိုကဲ့သို့သော ပြဿနာများမှ လွတ်မြောက်ခဲ့ပြီ မဟုတ်ပါလား။

ထိုအချိန်တွင် ကျွမ်းချွမ်၏ နောက်လိုက် တစ်ဦးမှ သတင်းလာပို့သည်။

"သူရဲကောင်း တွေ့ဆုံပွဲ ရလဒ်တွေကို ကြေညာလိုက်ပြီ... ရှို့ယုမိန် ပထမ၊ ရှို့လန် ဒုတိယ၊ ချင်ဖန် တတိယ၊ မန်ဖိန်လင်း စတုတ္ထ၊ ယီချန်းလိုင် ပဉ္စမ... ထိပ်ဆုံး ဆယ်နေရာလုံးကို အထွတ်အထိပ် ကျောင်းသုံးခုက လက်ခံခဲ့တယ်"

သတင်းလာပို့သူ လူရွယ်က အပြည့်အစုံ တင်ပြသွားခြင်းဖြစ်သည်။

"တစ်ကြိမ်တည်းနဲ့ ဆယ်ယောက် စုဆောင်းခဲ့တာပဲ... အရင်တုန်းကဆို ထိပ်ဆုံး သုံးယောက်လောက်ပဲ ခေါ်ယူခဲ့ကြတယ်"

ကျွမ်းချွမ် အံ့အားသင့်နေမိသည်။

အကြောင်းရင်းကို စဉ်းစားတွေးတောပြီးနောက် ပြုံးရွှင်စွာ ​ပြောလိုက်သည်။

"အံ့ဩစရာမရှိပါဘူး... ဒီတစ်ကြိမ်က အခြေခံ ကောင်းမွန်တဲ့သူတွေချည်းပဲလေ"

ချင်ယန်၏ ခေါင်းထဲတွင် အချက်ပေးသံများ ဆူညံသွားခဲ့သည်။

ရှို့ယုမိန်သည် ရှန်ရှို့အင်ပါယာမှ မင်းသမီးတစ်ပါး ဖြစ်ပြီး အဆင့်တစ် ရရှိခဲ့သည်။

သူမ၏ နာမည်အရ သေချာပေါက် ရှို့ယုလင်၏ ညီမ ဖြစ်ရပေမည်။

တတိယနေရာမှ ချင်ဖန်ကိုမူ ချင်ယန် သိထားပြီးပြီ ဖြစ်သည်။

ချင်ဖန်သည် ရှန်ချင်အင်ပါယာ၏ ဒုတိယမင်းသား ဖြစ်ပြီး သူ၏ မိခင်မှာ ဧကရာဇ်၏ ကိုယ်လုပ်တော် တစ်ဦး ဖြစ်သည်။

သူမက ရှင်ချင် အင်ပါယာမှ မိဖုရားကြီး၏ ညီမဝမ်းကွဲ တော်စပ်သူလည်း ဖြစ်သည်။

အခန်း(၅၄) ပြီး၏

All Chapters