← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း(၅၈)

ပွဲစသည်နှင့် လူထွားကြီး၏ အဆက်မပြတ် ဖိနှိပ်မှုကို ချင်ယန် ခံရလိမ့်မည်ဟု အားလုံးက ယုံကြည်ထားခဲ့ကြသည်။

မမျှော်လင့်ဘဲ ချင်ယန်က ဟန်ရှန်းနည်းစနစ်ကို ထုတ်ဖော်ခဲ့သည်။

ချင်ယန် ထုတ်ဖော်ထားသည့် အရှိန်အဝါက လူထွားကြီးထက် မနိမ့်ကျပေ။

လူထွားကြီးက ခန္ဓာကိုယ်နှင့် မလိုက်အောင် ပေါ့ပါးစွာ ပျံသန်း၍ တိုက်ခိုက်လိုက်သည်။

ဟန်ရှန်း နည်းစနစ် အသုံးပြုပြီးသည့်နောက်တွင် ချင်ယန်က တစ်ဖက်ရန်သူကို တောင်တစ်လုံးကဲ့သို့ မြင်လိုက်မိသည်။

သူ့စိတ်ထဲတွင် လူထွားကြီးကို မြင့်မားသည့် တောင်ကြီး တစ်ခုအလား မြင်မိပြီး နှလုံးသားကနေ ထိုတောင်မြင့်ကြီးကို တွန်းထုတ်ပစ်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။

ဖြစ်ပေါ်လာသည့် စိတ်ကူးအတိုင်း ချင်ယန်က တောင်မြင့်ကြီးကို တွန်းထုတ်လိုက်သည်။

ယင်းက ဟန်ရှန်းနည်းစနစ်၏ စွမ်းအားပင် ဖြစ်သည်။

ထို့နောက်တွင်မူ အံ့အားသင့်စွာဖြင့် မတ်တပ်ရပ်နေသည့် လူထွားကြီး ရှိရာသို့ ချင်ယန် ချက်ချင်း ပျံသန်းလာခဲ့သည်။

သူက ဟန်ရှန်းနည်းစနစ်ကို ထပ်မံ ထုတ်ဖော်လိုက်သည်နှင့် လူထွားကြီးက အံ့အားသင့်ဖွယ် လွင့်ထွက်သွားခဲ့သည်။

လူထွားကြီး၏ ကြီးမား ကြံ့ခိုင်သည့် ကိုယ်လုံးကြီးသည် စင်မြင့်အောက်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့၏။

မြေကြီးပေါ်တွင် ညီညာစွာ ခင်းထားသည့် အလှဆင်ကျောက်တုံးများပင် ပြုတ်ကျသည့် အရှိန်အဟုန်ကြောင့် ကြေမွသွားခဲ့ရသည်။

"နဂါးသတ်သမား အနိုင်ရသွားပါတယ်.. အဆင့်သတ်မှတ်ချက် တစ်ရာကို ရောက်ရှိသွားပါပြီ"

ချီရွှယ်၏ အကြည့်က စင်မြင့်ပေါ်မှာ ရှိနေသည့် ချင်ယန်ထံ ရှိနေခဲ့သည်။

သူမက အားကိုးရာမဲ့ဟန်ဖြင့် ရေရွတ်လိုက်၏။

"ဒီပြိုင်ပွဲဝင်က အဆင့်တစ်ရာ အတွင်း ဝင်ဖို့ အရမ်း လွယ်ကူလွန်းနေတယ်... ငါတောင် ဒီလူထွားကြီးကို စင်မြင့်အောက်ဆီ ပစ်ချဖို့ ဒီလောက် လွယ်ကူမှာ မဟုတ်ဘူး"

ယီချန်းလိုင်၏ အကြည့်များကလည်း အတော်ပင် လေးနက်ဟန် ပေါ်နေခဲ့သည်။

"ဒါ ဟန်ရှန်းနည်းစနစ်ပဲ... ဒီကောင်လေးရဲ့ နောက်မှာ ထိပ်တန်း ဆရာတစ်ယောက် ရှိနေတာများလား.. ငါ့အမြင် နှစ်ပေါင်းများစွာ သင်ယူခဲ့မှ ဒီလို အသုံးပြုနိုင်လိမ့်မယ်"

ရှို့လန်၏ ရယ်သံ ထွက်ပေါ်လာခဲ့သည်။

"နင်က ငကြောက်ပဲ.. နဂါးသတ်သမားကို နင်ကြောက်နေတယ် မဟုတ်လား"

ယီချန်းလိုင်က ကြော​က်ရွံ့မှု မရှိခဲ့ချေ။

ယင်းကြောင့် သရော်သံ အပြည့်နှင့် တုံ့ပြန် ပြောဆိုလိုက်သည်။

"သူ့ကိုလား... ဝေးသေးတယ်.. ငါ့မှာ မိုးကြိုးပုဆိန် သိုင်းဝိညာဉ် ရှိတယ်... ငါ့ရဲ့ အတွင်းအားကို အသုံးပြုပြီး လျှပ်စီးစက်ကွင်းကို ထုတ်ဖော်နိုင်တယ်... သူ အနားကပ်လာတာနဲ့ သေချာပေါက် လျှပ်စီးစက်ကွင်း ထိမှန်မှာပဲ"

ချင်ဖန်က အခန်းပြင်သို့ ထွက်သွားခဲ့ပြီး တခဏအကြာမှာ ပြန်လည် ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင်မူ သူသံသယဖြစ်နေသည့် ကိစ္စကို ထုတ်ပြောလာခဲ့သည်။

"ငါရထားတဲ့ သတင်းအရ ဒီမျက်နှာဖုံးစွပ်နဲ့ လူက အံ့ဖွယ်မှော်စာလုံး နန်းတော်မှာ နေတာပဲ"

ချီရွှယ်က မေးလိုက်သည်။

"ဒါဆို တကယ်ပဲ ချင်ယန် ဖြစ်နေတာလား"

ချင်ဖန် ခေါင်းခါ၍ ပြန်ပြောလိုက်သည်။

"မျက်နှာဖုံးစွပ်က ချင်ယန် မဟုတ်ဘူး... ရန်ရှီးယုက မိုးကောင်းကင်ကျောင်းကနေ ပြန်ရောက်တာနဲ့ အံ့ဖွယ်မှော်စာလုံးနန်းတော်ကို လာပြီး ချင်ယန်ကို ခေါ်သွားခဲ့ပြီ... အံ့ဖွယ်မှော်စာလုံးနန်းတော်ကို စောင့်ကြည့်နေတဲ့ ငါ့လူတွေရဲ့ တွေ့ရှိချက်အရ မျက်နှာဖုံးစွပ်လူက ပန်းပဲဆရာ တစ်ယောက်ပဲ... အံ့ဖွယ်မှော်စာလုံးနန်းတော်ရဲ့ အဆင့်နိမ့် အရိုးသံမဏိ ပြုလုပ်မှုမှာ ကျွမ်းကျင်သူ တစ်ဦးပေါ့"

"သူ အမည်မဖော်တာ အံ့ဩစရာမရှိတော့ဘူး... အံ့ဖွယ်မှော်စာလုံးနန်းတော်က ဒီလိုလုပ်နေကျပဲ.. သူတို့ အကြောင်းကို အသိ မခံချင်ကြဘူးလေ... သူက ချင်ယန် မဟုတ်ရင် ငါ့မိသားစုကို သတင်းပို့လိုက်တော့မယ်"

ယီချန်းလိုင် စိတ်အေးလက်အေး ဖြစ်သွားခဲ့ပြီး ဝိုင်တစ်ခွက်ကို ငှဲ့သောက်လိုက်သည်။

အံ့ဖွယ်မှော်စာလုံး နန်းတော်အတွင်းရှိ သိုင်းလေ့ကျင့်သည့် ခန်းမတစ်ခုတွင် ရန်ရှီးယုနှင့် ချင်ယန်တို့ တိုက်ခိုက်နေကြသည်။

လေ့ကျင့်တိုက်ခိုက်ချိန် နှစ်နာရီ ကျော်လာပြီးနောက် ချင်ယန်တစ်ယောက် ခြေကုန်လက်ပန်း ကျသွားခဲ့၏။

ရန်ရှီးယု၏ တိုက်ခိုက်မှုက ချင်ယန်ကို အသက်ရှူခွင့်မရလောက်အောင် ဖိနှိပ်ထားခဲ့သည်။

တိုက်ခိုက်မှု ရပ်နားချိန်တွင်မူ ရန်ရှီးယုက ခွက်တစ်ခွက်ကို ချင်ယန်ထံ လှမ်းပေးပြီး စကားစပြောလိုက်သည်။

"မင်းရဲ့ တိုးတက်မှုက ကောင်းသထက် ကောင်းလာပြီ.. အခုဆိုရင် အဆင့်တစ်ရာ အတွင်းတောင် ဝင်သွားခဲ့ပြီ... ဒီတိုးတက်နှုန်း အတိုင်းဆို အဆင့်တစ် နေရာကို ရနိုင်လိမ့်မယ်"

သူမ၏ စကားကို နားထောင်နေရင်း ခွက်ထဲမှ ခရမ်းရောင်အရည်များကို ချင်ယန် မော့သောက်လိုက်သည်။

ထိုအရည်များ၏ အရသာက အလွန် ခါးလွန်း၏။

သို့သော် ရန်ရှီးယု သောက်ခိုင်းခြင်း ဖြစ်၍ အံကြိတ် မြိုချလိုက်ရသည်။

ရန်ရှီးယုက ချင်ယန်၏ မျက်နှာကို လှမ်းကြည့်ပြီး သဘောကျစွာ ရယ်မော၍ ပြောလိုက်သည်။

"ဒါက နည်းနည်းခါးတာ မှန်ပေမဲ့ မင်းရဲ့ ကိုယ်ခံစွမ်းအားကို အမြန် ပြန်ကောင်းစေနိုင်တယ်"

တကယ်လည်း ထိုအရည်များကို သောက်လိုက်ပြီး မကြာခင်မှာပင် ချင်ယန်၏ တစ်ကိုယ်လုံးက အံ့အားသင့်ဖွယ် ကောင်းလောက်အောင် စွမ်းအားများ ပြန်ပြည့်လာခဲ့သည်။

ယင်းနောက်တွင်မူ ချင်ယန်နှင့် ရန်ရှီးယု တို့က လေ့ကျင့်တိုက်ခိုက်မှုများ ပြန်လည် စတင်ခဲ့သည်။

မောပန်းသွားချိန်တွင် ကျောက်သားကြမ်းပြင်ပေါ်၌ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး ဝိုင်တစ်ခွက်ကို သောက်နေခဲ့သည်။

ခဏအကြာတွင် စိတ်မကောင်းဖြစ်နေသည့် အသံဖြင့် စကား စပြောလိုက်သည်။

"ဆရာမ... သဏ္ဌာန်ခြောက်မျိုး လေခွဲသိုင်းက အရမ်းကို စွမ်းအားကြီးတယ်... ဒါပေမဲ့ အဲဒီ သိုင်းပညာကို ကျွန်တော် အခု အသုံးမပြုနိုင်တော့ ကျွန်တော့်ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို ကန့်သတ်ခံထားရသလိုပဲ"

ယခင်က ထိုသိုင်းပညာဖြင့် သူက ယန်ချင်ယုကို အနိုင်ယူခဲ့၏။

ထိုသိုင်းပညာကို အသုံးမပြုနိုင်လျှင် သူ၏ စွမ်းအားများကို အကြီးအကျယ် ကန့်သတ်ခံထားရသကဲ့သို့ပင်။

ရန်ရှီးယု ခေါင်းညိတ်၍ စဉ်းစားလိုက်သည်။

အချိန်အတော်ကြာပြီးနောက်မှ ရုတ်တရက် စကားပြောလိုက်သည်။

"လေခွဲသိုင်းပညာက ဆေဘာဓားသိုင်း ဆိုတော့ ဓားအစား တူကို အစားထိုးနိုင်ဖို့ ငါကြိုးစားကြည့်မယ်... ပန်းပဲလုပ်တဲ့ ပုံသွင်းတူနဲ့ အသုံးပြုနိုင်ရင် မင်းအတွက် ပြိုင်ပွဲမှာ အကူအညီ ဖြစ်လိမ့်မယ်"

ချင်ယန် ဝမ်းသာသွားပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဆရာမက စစ်မှန်တဲ့ သိုင်းပညာရှင် တစ်ယောက်ပဲ... သိုင်းပညာကို ဆရာမရဲ့ နားလည်နိုင်စွမ်းက ကျွန်တော့်ထက် အဆများစွာ ပိုမြင့်နေတယ်... ဆရာမက အရမ်း ချောမောလှပတဲ့အပြင် သိုင်းပညာမှာလည်း တအားထူးချွန်တယ်... ဒီလို ဆရာမရဲ့ လမ်းညွှန်မှုကို ရတာ ကျွန်တော့်အတွက် ကြီးမားတဲ့ ကံကောင်းခြင်းပဲ"

ချင်ယန်၏ စကားကြောင့် ရန်ရှီးယု ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ချင်ယန်... စကားပြော ကောင်းလှချည်လား... ငါက သိုင်းပညာရပ်ကို လျင်မြန်စွာ နားလည်တာ တစ်ခုပဲ ရှိတယ်.. အနှစ်သာရကို သိမြင်ခံစားနိုင်စွမ်း မရှိဘူး... ဒီလို နားလည်နိုင်တာကလည်း အခြေခံတည်ဆောက်မှု ကောင်းခဲ့လို့ပါ... သိုင်းပညာရပ် အများကြီးကို လေ့လာခဲ့တဲ့ အကျိုးကျေးဇူးတွေပေါ့... မင်း ဒီနေရာမှာ ဆက်ပြီး လေ့ကျင့်နေပါ... ငါမင်းအတွက် တူသိုင်းပညာကို ဖန်တီးကြည့်မယ်"

ရန်ရှီးယု အခန်းထဲမှ ထွက်သွားခဲ့သည်။

သိုင်းပညာ တစ်ခုကို စီစစ်ခွဲခြမ်း စိတ်ဖြာရန် တိတ်ဆိတ်အေးချမ်းသည့် ပတ်ဝန်းကျင် လိုအပ်၏။

နှစ်နာရီကျော် လေ့ကျင့်ပြီးနောက်မှာ ရုတ်တရက် အကြောင်းကြားချက် တစ်ခုကို ချင်ယန် လက်ခံရရှိခဲ့သည်။

စိန်ခေါ်လာသူ ရှိသောကြောင့် လေးနာရီအတွင်း ချင်ယန် သွားရောက် တိုက်ခိုက်ရပေတော့မည်။

[အဆင့်တစ်ရာ အတွင်း ဝင်ချင်သူ တစ်ယောက်က ငါ့ကို စိန်ခေါ်နေပြီပဲ]

သူ့ကို စိန်ခေါ်လာသူကို ချင်ယန် တွေ့ချင်လာခဲ့သည်။

နှစ်နာရီကျော်လွန်သွားပြီးနောက်တွင် ပုန်းကွယ်နေသည့် နဂါးပြိုင်ပွဲ နေရာသို့ ချင်ယန် လျှောက်လှမ်းလာခဲ့၏။

တစ်ချိန်တည်းမှာပင် ချင်ယန်နှင့် မျက်နှာချင်းဆိုင်ကနေ အသက်သုံးဆယ် ဝန်းကျင် မိန်းကလေး တစ်ဦး လမ်းလျှောက်လာသည်။

ချင်ယန်၏ အနားရောက်သည်နှင့် သူမ၏ လက်တစ်ဖက်က အသင့်ကိုင်လာသည့် စာတစ်စောင်ကို လှမ်းပေးလိုက်ပြီး အမြန် ထွက်ခွာသွားခဲ့သည်။

ချင်ယန် စာကို ဖွင့်ဖတ်ကြည့်လိုက်ရာ မန်ဖိန်လင်း ပေးခိုင်းလိုက်မှန်း သိလိုက်ရသည်။

"မောင်လေးယန်... ငါတိတ်တိတ်လေး စောင့်ကြည့်နေတယ်.. နင့်ရဲ့ လျှို့ဝှက်ချက်ကို ငါဖော်ထုတ်မှာ မဟုတ်ဘူး... နင်အဆင်ပြေပါစေ"

စာကို ဖတ်ပြီးနောက် ချင်ယန်၏ လက်ဝါးကနေ မီးတောက်တစ်ခု ထွက်ပေါ်လာပြီး စာရွက်ကို လောင်ကျွမ်းသွားစေလိုက်သည်။

ချင်ယန်၏ ပြိုင်ဘက်က စင်မြင့်ပေါ်မှာ စောင့်ဆိုင်းနေခဲ့၏။

ထိုသူက အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ် အဘိုးအို တစ်ဦး ဖြစ်သည်။

အဘိုးကြီး၏ အမူအရာက ယုံကြည်မှုအပြည့် ရှိဟန် ပေါ်ပြီး တန်ဖိုးကြီး အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။

စင်မြင့်ပေါ်သို့ ချင်ယန် ရောက်သည်နှင့် ဒိုင်လူကြီး၏ တိုက်ခိုက်ဖို့ အချက်ပေး အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။

"သိုင်းကွက်ကို ကြည့်ထား"

အဖြူရောင်ဝတ် အဘိုးကြီး၏ နှုတ်မှ ယဉ်ကျေးစွာ သတိပေးလိုက်သည်။

သို့သော် သူ၏ တိုက်ခိုက်မှုကမူ ယဉ်ကျေးမှု လုံးဝမရှိပေ။

တိုက်ခိုက်လာသည့် လက်သည်းချက်များတွင် ပြင်းထန်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်း နှစ်မျိုးလုံး ပါဝင်နေ၏။

ယင်းက ဝံပုလွေ တစ်ကောင်၏ ရက်စက်သည့် တိုက်ခိုက်မှုနှင့် တူနေပြီး လူများစွာ၏ နှလုံးသားကို ကြောက်ရွံ့စိတ်များ ဖြစ်စေခဲ့သည်။

ချင်ယန် အနည်းငယ် အံ့အားသင့်သွား၏။

ဤကဲ့သို့ စွမ်းအားကြီး ပြိုင်ဘက်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲ၏ ရွှေ့လျားမှုက အလွန် မြန်ဆန်နေခဲ့သည်။

အဘိုးကြီး၏ တိုက်ခိုက်မှုနှင့် ရွှေ့လျားမှု နှစ်မျိုးလုံးက ချင်ယန်ထက် ပိုမြန်နေ၏။

ဒုတိယထပ်ရှိ အခန်းတစ်ခု အတွင်း ရှို့လန်က ဝိုင်တစ်ခွက်ကို ကိုင်ထားပြီး ခပ်ယဲ့ယဲ့ ပြုံးနေခဲ့သည်။

"ဝံပုလွေတစ်ကောင်လို တိုက်ခိုက်မှု... လေလိုမြန်တဲ့ ရွှေ့လျားမှု... လန်အဘိုးကြီးရဲ့ ထင်ရှားတဲ့ အမှတ်အသားပဲ"

"ဒီ ဝံပုလွေလူသားအိုကြီးက ယုမိန်ရဲ့ နောက်လိုက်လား... အရမ်း သန်မာတာပဲ"

ယီချန်းလိုင်က ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ရှို့လန် ပြုံး၍ ပြောလိုက်သည်။

"ယုမိန်က သူ့နောက်လိုက်ကို ပုန်းကွယ်နေတဲ့ နဂါးသိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်ခိုင်းထားတာပဲ... သူ့နောက်လိုက်ကို ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်စေချင်နေတာလား မသိဘူး... မျက်နှာဖုံးစွပ်က ယုမိန်ရဲ့ နောက်လိုက်ကိုတောင် မနိုင်ရင် ရယ်ဖို့ ကောင်းနေပြီ... ဘယ်လောက်တောင် အဆော့မက်တဲ့ ကောင်မလေးလဲ"

ပြိုင်ဘက်ကို ရှို့ယုမိန်၏ နောက်လိုက် လန်အဘိုးအိုမှန်း ကျန်းချန် မသိပေ။

အခြားအင်အားကြီးအဖွဲ့မှ အတွေ့အကြုံ ရင့်ကျက်သည့် လူတစ်ယောက်ဟုသာ ထင်ထားခဲ့သည်။

သိုင်းကွက် တစ်ရာကျော်လာသည့်တိုင် အဘိုးအိုကို မည်သည့် အဖွဲ့အစည်းက သိုင်းပညာရှင်မှန်း မခန့်မှန်းနိုင်ခဲ့ချေ။

ယခုထိ ပြိုင်ဘက် အဘိုးအို၏ လျှင်မြန် ရက်စက်သည့် တိုက်ခိုက်မှုကို ချင်ယန် အံ့အားသင့်နေဆဲပင်။

"ဒီအဘိုးကြီးရဲ့ သိုင်းဝိညာဉ်က ပင်ကိုစွမ်းရည်နှစ်ခု ရှိနေတာလား... လေပြင်းဝံပုလွေ သိုင်းဝိညာဉ်များလား"

ချင်ယန်က စိတ်ထဲမှ မှန်းဆလိုက်သည်။

စွမ်းရည်နှစ်ခုပါသည့် သိုင်းဝိညာဉ်များ၏ စွမ်းအားက သာမန်ထက် ပိုသည်။

ယင်းကဲ့သို့ သိုင်းဝိညာဉ်များသည် မတူညီသည့် စွမ်းရည်အမျိုးအစား နှစ်ခု ပါရှိကြ၏။

သူက ဟန်ရှန်း နည်းစနစ်ကို သုံး၍ လှုပ်ရှားမှုနှေးသည့် သိုင်းပညာများနှင့် ပြင်းထန်သည့် သိုင်းကွက်များကို ကာကွယ်နိုင်သော်လည်း ယခုလို လျင်မြန်လွန်းသည့် သိုင်းပညာကိုမူ ခုခံရန် မဖြစ်နိုင်ပေ။

ချင်ယန် ချီတုံချတုံ ဖြစ်နေခဲ့သည်။

သူက တိမ်မီးတောက် ခြေလှမ်းနှင့် လေခွဲသိုင်းများကို အသုံးပြု၍မရပေ။

ဤအတိုင်းဆိုလျှင် တစ်ဖက်လူ၏ အံ့ဖွယ်သရဲ တိုက်ခိုက်မှုကြောင့် သူရှုံးနိမ့်မည်မှာ သေချာသလောက်ပင်။

လေခွဲသိုင်းပညာက လျှပ်တစ်ပြက် တန်ပြန် တိုက်ခိုက်ရသည့် သိုင်းပညာရပ် တစ်ခု ဖြစ်သည်။

ချင်ယန် ဆယ်ကွက်ထက်မနည်း တိုက်ခိုက်ခဲ့သော်လည်း ပြိုင်ဘက်ကို ဖိအားအနည်းငယ်မျှပင် မပေးနိုင်ခဲ့ချေ။

အကြောင်းရင်းမှာ ပြိုင်ဘက်က အရမ်း မြန်ဆန်နေပြီး တိုက်ခိုက်မှုမှန်သမျှကို ရှောင်နိုင်၍ ဖြစ်သည်။

"တစ်နည်းပဲ ရှိတော့တယ်"

ချင်ယန်က ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်ပြီး ချီစွမ်းအင်များကို စုစည်းလိုက်သည်။

သူက ချီပေါက်ကွဲမှုပညာရပ်ကို မဖြစ်မနေ သုံးရပေတော့မည် မဟုတ်ပါလော။

အခန်း(၅၈) ပြီး၏

All Chapters