← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄ လူကုန်ကူးသူတွေ... လူကုန်ကူးသူတွေ မဖြစ်သင့်ဘူး...

လက်ရှိ အခြေအနေအရ ကြည့်မည်ဆိုလျှင် လူသတ်သမားနှင့် နစ်နာသူများ အကြား ပဋိပက္ခ စတင်ခဲ့သည့် အချိန်ကာလမှာ လွန်ခဲ့သော အနှစ် ၂၀ ခန့်က ဖြစ်ပေသည်။ လွန်ခဲ့သော အနှစ် ၂၀ က လူတစ်စုသည် ကျန်ဆန်းမြို့သို့ ထွက်ပြေးလာခဲ့ပြီး အမည်ဝှက်ကာ ပုန်းအောင်း နေထိုင်ခဲ့ကြလေသည်။ အနှစ် ၂၀ ကာလအတွင်း လူသတ်သမား အနေဖြင့် ဤလူများကို လိုက်ရှာခဲ့သလား ဆိုသည်မှာ သေချာပေါက် လိုက်ရှာခဲ့မည်သာ ဖြစ်ချေသည်။ ထိုသို့မဟုတ်ပါက တစ်ဖက်လူများ အနေဖြင့် အမည်ဝှက်၍ ပုန်းအောင်းနေစရာ အကြောင်းမရှိပေ။ သို့သော် ဤလကျမှသာ ရှာတွေ့သွားခဲ့ခြင်း ဖြစ်လေသည်။ တစ်နည်းအားဖြင့် ဆိုရလျှင်။

'ဒီအနှစ် ၂၀ ကာလအတွင်းမှာ လူသတ်သမားက နစ်နာသူတွေ နေထိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေကို လုံးဝ မသိခဲ့ဘူး... ဒါဆိုရင်... လူသတ်သမားက ဒီလူတွေကို ရုတ်တရက်ကြီး ဘယ်လို လုပ်ပြီး ရှာတွေ့သွားတာလဲ... ဘယ်လို ရှာတွေ့သွားတာလဲ...'

လူဆိုသည်မှာ အလွန် ရှုပ်ထွေးလှသော သက်ရှိများ ဖြစ်ပြီး ပြင်းထန်သော လူမှုဆက်ဆံရေးနှင့် နက်ရှိုင်းသော ပုဂ္ဂိုလ်ရေး ခံစားချက်များ ရှိကြလေသည်။ အခြားတစ်နည်းဖြင့် ပြောရမည်ဆိုလျှင် လူတစ်ယောက်ကို ရှာတွေ့ပါက မုန်လာဥနုတ်သလို ရွှံ့များပါ ကပ်ပါလာသကဲ့သို့ ကျန်ရှိနေသော လူများကိုပါ တစ်ဆက်တည်း ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်ချေသည်။

"ငါ မှတ်မိသလောက်ဆိုရင် ဆွန်းချန် က မျောက်ကစားပြတဲ့ နေရာမှာ ကျွမ်းကျင်လို့ လတ်တလော မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ ခေါ်သွားခံရတယ်..."

"စုစုပေါင်း ၂ ကြိမ် ရိုက်ကူးခဲ့တယ်... ပထမတစ်ကြိမ်က ပြီးခဲ့တဲ့လက ဖြစ်ပြီး ရက် ၃၀ ဝန်းကျင်လောက် အချိန်ယူခဲ့ရတယ်... အဲဒီအချိန်က ရိုက်ကူးရေး ပြီးသွားတော့ မှတ်တမ်းရုပ်ရှင် ထုတ်လွှင့်ပြီး ၁၅ ရက်လောက် အကြာမှာ တုံ့ပြန်မှု အတော်လေး ကောင်းမွန်ခဲ့လို့ နောက်ထပ် တစ်ခေါက် ရိုက်ကူးဖို့ ဆွန်းချန် ကို ထပ်ဖိတ်ခေါ်ခဲ့တယ်..."

"အဲဒီအချိန်က လူသတ်သမား ရောက်မလာခင် ၃ ရက်အလို... တစ်နည်းအားဖြင့် လွန်ခဲ့တဲ့ ၁၅ ရက်က အချိန်နဲ့ ကွက်တိ သွားကျနေတယ်..."

"မင်းတို့ အမြင်မှာ... ဒါက တိုက်ဆိုင်လွန်းနေတယ်လို့ မထင်ဘူးလား..."

'တိုက်ဆိုင်မှုများလား...'

အမှန်တကယ်ပင် အလွန် တိုက်ဆိုင်လွန်းလှပေသည်။ ဇာတ်သိမ်းမှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း ထိုအချိန်က သေမင်းနှင့် ပခုံးချင်း ပွတ်တိုက်သွားခဲ့သည်မှာ အမှန်တကယ်ပင် ဖြစ်လေသည်။

"မင်း ဆိုလိုတာက... တစ်ဖက်လူက ရုပ်မြင်သံကြား ထဲမှာ ဆွန်းချန် ပါလာတာကို မတော်တဆ မြင်တွေ့သွားပြီး အဲဒီနောက် ဒီကို ရောက်လာကာ ဆွန်းချန် ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ သဘောလား..."

လီရှန်းမှာ ကြောင်အမ်းသွားပြီးနောက် ခေတ္တမျှ စဉ်းစား သုံးသပ်လိုက်ကာ အဓိက သော့ချက် စကားလုံး နှစ်လုံးကို ဆွဲထုတ်လိုက်လေသည်။

"ဒါပေမဲ့ ဆွန်းချန် က မျောက်ကစားပြတဲ့ ရိုက်ကူးရေးအတွက် ဖိတ်ကြားခံရလို့ ကွက်တိ လွဲချော်သွားခဲ့တယ်..."

"လူသတ်သမား ကလည်း ဆွန်းချန် ရဲ့ ပတ်ဝန်းကျင်ကို သေချာ မသိလို့ တစ်ဖက်လူ ကျန်းကျား ရွာကနေ ထွက်သွားမှန်း မသိဘဲ ဒီမှာပဲ အမြဲတမ်း စောင့်နေခဲ့တယ်..."

"ဒီမှာ အမြဲတမ်း စောင့်နေခဲ့လို့ပဲ... ဒုတိယမြောက်လူ ဖြစ်တဲ့ ကျောက်ကွမ်း ကို ရှာတွေ့သွားခဲ့တာပဲ..."

"တစ်ဖက်လူ ကလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ကိစ္စတစ်ခုခုနဲ့ ပတ်သက်နေပြီး လူသတ်သမား ရဲ့ ပစ်မှတ်ထားခံရသူတွေထဲက တစ်ယောက် ဖြစ်နေလို့... သူ့ကို တိုက်ရိုက် သတ်ဖြတ်လိုက်တာပဲ..."

ထိုခန့်မှန်းချက် အရ ကြည့်မည်ဆိုလျှင် ကျောက်ကွမ်းမှာ အလွန် ကံဆိုးစွာဖြင့် ဒုတိယမြောက် နစ်နာသူ အဖြစ်မှ ဆွန်းချန် ကို အစားထိုးကာ ပထမဆုံး နစ်နာသူ ဖြစ်သွားခဲ့ရခြင်း ဖြစ်ချေသည်။

"ပြီးတော့ ဒီသေဆုံးသွားတဲ့ သူတွေက လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက အဖွဲ့တစ်ခုတည်း က ဖြစ်ဖို့ ရာခိုင်နှုန်း အရမ်း များတယ်..."

"ဒါကြောင့်... လူသတ်သမားက ကျောက်ကွမ်း ရဲ့ ပါးစပ်ကနေ ကျန်းဖုန် ရဲ့ လိပ်စာကို သဘာဝကျကျ ဖော်ထုတ်နိုင်ခဲ့ပြီး ကျန်းဖုန် ရဲ့ ပါးစပ်ကနေလည်း ကျန်တဲ့လူတွေရဲ့ လိပ်စာကို သဘာဝကျကျ ဖော်ထုတ်နိုင်ခဲ့တာပဲ..."

ကျန်းကျား ရွာမှာ မြို့စွန်မှ ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိလေသည်။ ကျန်းကျား ရွာ၏ တည်နေရာမှာ မြို့၏ ညာဘက်ခြမ်းတွင် ရှိပြီး ပြည်နယ်ပြင်ပမှ လူများ အနေဖြင့် ကျန်းကျား ရွာသို့ လာရောက်လိုပါက သေချာပေါက် ကျန်းဖုန် ၏ တည်နေရာကို ဖြတ်သန်းသွားပြီးမှသာ ကျန်းကျား ရွာသို့ ရောက်ရှိနိုင်မည် ဖြစ်ပေသည်။ တစ်ဖက်လူက ကျန်းဖုန် ကို ဖြတ်ကျော်သွားခဲ့သော်လည်း သူ့ကို ပထမဆုံး အနေဖြင့် သတ်ဖြတ်ခဲ့ခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် လူသတ်သမားမှာ မိမိနှင့် ပစ်မှတ်တို့ လွဲချော်သွားကြောင်းကို မသိရှိခဲ့ခြင်း ဖြစ်ရန် ရာခိုင်နှုန်း အလွန် များပြားလှချေသည်။ ကျောက်ကွမ်း ကို သတ်ဖြတ်ပြီးနောက် တစ်ဖက်လူ၏ ပါးစပ်မှတစ်ဆင့် ကျန်းဖုန် ၏ တည်နေရာကို သိရှိသွားကာ နောက်ကြောင်းပြန်လှည့်၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်လေသည်။ လူတစ်ယောက်က နောက်တစ်ယောက်ကို ဖော်ထုတ်ပေးပြီး လူနှစ်ယောက်က လူအုပ်ကြီး တစ်အုပ်ကို ဖော်ထုတ်ပေးလိုက်ခြင်းပင် ဖြစ်ပေသည်။

"လူသတ်သမားက တကယ်တမ်း လူဘယ်နှယောက်ကို သတ်ဖို့ ရည်ရွယ်ထားလဲ ဆိုတာကို... ဘယ်သူမှ မသိနိုင်ဘူး..."

ရွှီရှန်းမှာ တိတ်ဆိတ်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူများမှာလည်း အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြကာ ဤစကားများကြောင့် အလွန်အမင်း တုန်လှုပ်သွားကြကြောင်း သိသာလှလေသည်။ ထိုလူများမှာ ကရုဏာတရား ကင်းမဲ့နေသည့်အလား တစ်ဖက်လူက မိမိတို့၏ ပစ်မှတ်သာ ဖြစ်နေပါက သင့်တော်သော အခွင့်အရေးကို ရှာတွေ့သည်နှင့် တစ်ပြိုင်နက် သေချာပေါက် သတ်ဖြတ်မည်သာ ဖြစ်ချေသည်။ အချိန်က အလွန် မြန်ဆန်လွန်းလှပေသည်။ တိုတောင်းလှသော ၂ ရက်တာ ကာလအတွင်း လူ့အသက် ၃ ချောင်းကို ရှာဖွေတွေ့ရှိခဲ့ရပြီ ဖြစ်လေသည်။

"ရဲကို ဖုန်းဆက်တိုင်တဲ့သူက ဘယ်သူလဲ..."

ရွှီရှန်းက ဟန်ယန် ကို ရုတ်တရက် ကြည့်ကာ မေးမြန်းလိုက်လေသည်။

"ရဲကို ဖုန်းဆက်တိုင်တဲ့သူက လမ်းသွားလမ်းလာ တစ်ယောက်ပါ... သူက ခွေးတစ်ကောင် ပါးစပ်ထဲမှာ ကလီစာတွေ ကိုက်ချီထားတာကို မြင်လိုက်ရလို့ တစ်ခုခု မှားနေပြီလို့ ထင်ပြီး ရဲကို ဖုန်းဆက်တိုင်လိုက်တာပါ..."

ဟန်ယန်က ထိုအသံကို ကြားလိုက်ရချိန်တွင် ချန်ဟိုင် ၏ ဆက်သွယ်ရေး အခြေအနေကို စုံစမ်းနေခြင်းမှ ရပ်တန့်လိုက်ပြီး ကမန်းကတန်း တုံ့ပြန် ဖြေဆိုလိုက်ချေသည်။

"အနီးအနားက ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရှာဖွေ စစ်ဆေးမှုတွေ လုပ်ပြီးတဲ့နောက် ကျန်းဖုန် ကို ပစ်မှတ်ထား ရှာဖွေတွေ့ရှိခဲ့တာပါ..."

ဤသို့ဆိုလျှင် လမ်းသွားလမ်းလာမှာ သံသယ ဖြစ်ဖွယ် ရှိနေသော်လည်း သံသယ အတိုင်းအတာ သိပ်မကြီးမားလှဘဲ ဝမ်ချောင် ၏ သံသယ ဖြစ်ဖွယ်ရာ လောက်ပင် မရှိသေးချေ။ ရွှီရှန်း ကလည်း ပစ်မှတ်ကို အခြားသော သတင်းအချက်အလက်များ အပေါ်သို့ ရွှေ့လိုက်လေသည်။

"ဒီလိုဆိုရင်..."

ရွှီရှန်းက တစ်စုံတစ်ခုကို စဉ်းစားနေသည့်ဟန်ဖြင့် စကားဆိုလိုက်ချေသည်။

"ကျန်းဖုန် မွေးထားတဲ့ ခွေးက ဘာပြဿနာမှ မဖြစ်သွားဘူးပေါ့..."

ဟန်ယန်က ခေါင်းညိတ်ပြလိုက်လေသည်။

"ဟုတ်ပါတယ်... ခွေးက ဘာပြဿနာမှ မရှိဘူး... လည်ပင်းက ကြိုးကို ဖြုတ်ပေးထားတယ်... ကနဦး ခန့်မှန်းချက် အရတော့ လူသတ်သမားက ဖြုတ်ပေးခဲ့တာလို့ ထင်ရတယ်..."

"ခွေးက ဘာပြဿနာမှ မဖြစ်ဘူးလား..."

ရွှီရှန်းမှာ ကြောင်အမ်းသွားခဲ့ချေသည်။ သူက ယခု ပြန်လည် တွေးတောကြည့်လိုက်ရာ ဒုတိယမြောက် မှုခင်းဖြစ်ပွားရာ နေရာရှိ ကျောက်ကွမ်း အိမ်မှ ခွေးမှာလည်း မည်သည့် ပြဿနာမျှ မရှိခဲ့ကြောင်း သတိပြုမိသွားလေသည်။ ပထမဆုံး မှုခင်းဖြစ်ပွားရာ နေရာတွင်လည်း ဆွန်းချန် ၏ မျောက်ကို မမြင်တွေ့ခဲ့ရသော်လည်း မှုခင်းဖြစ်ပွားရာ နေရာ၌ မျောက်၏ အလောင်းကိုလည်း မတွေ့ရှိခဲ့ရပေ။ မျောက်မှာလည်း ပြဿနာ မရှိနိုင်ရန် ရာခိုင်နှုန်း အလွန် များပြားလှချေသည်။

လူသတ်သမားက နစ်နာသူနှင့် ပတ်သက် ဆက်နွှယ်နေသဖြင့် ဤသို့ စဉ်းစားကြည့်ပါက ခွေးကို လွှတ်ပေးခဲ့ခြင်းမှာ အမှန်တကယ်ပင် ယုတ္တိတန်နေသည်... ဟု တွေးတောမိလျှင် လုံးဝ မှားယွင်းသွားမည် ဖြစ်ပေသည်။ ခံစားချက် ရှိသော မည်သည့် သတ္တဝါမဆို ပြင်းထန်သော ဒေါသစိတ်များ ဖြစ်ပေါ်လာပြီး တစ်ဖက်လူကို သတ်ဖြတ်လိုက်သည်တိုင်အောင် ဒေါသ မပြေသေးပါက ထိုအချိန်တွင် သေဆုံးသူ၏ ပတ်ဝန်းကျင်ရှိ လူများ သို့မဟုတ် အရာဝတ္ထုများကိုပါ ဒေါသ ဖြေဖျောက်တတ်ကြလေသည်။ ဥပမာအားဖြင့် လူတစ်အိမ်လုံးကို သတ်ဖြတ်ခြင်း မျိုးပင် ဖြစ်ချေသည်။ အထူးသဖြင့် တစ်ဖက်လူ၏ အိမ်ရှိ ခွေးကဲ့သို့သော အိမ်မွေးတိရစ္ဆာန်များကိုပါ သတ်ဖြတ်လေ့ ရှိကြပေသည်။

လူတို့သည် အခြားသော တိရစ္ဆာန်များနှင့် ရင်ဆိုင်ရချိန်တွင် မွေးရာပါ အထက်စီးမှ ဆက်ဆံတတ်သော သဘောထားမျိုး ရှိတတ်ကြလေသည်။ ခွေးအသက် ဆိုသည်မှာ အသက် မဟုတ်ဘဲ လက်တစ်ကမ်းတွင် အလွယ်တကူ ယူငင်နိုင်သော အရာတစ်ခု သက်သက်သာ ဖြစ်ချေသည်။ ထို့ကြောင့်။

"ဘာဖြစ်လို့ မသတ်ခဲ့တာလဲ..."

ရွှီရှန်းမှာ နားမလည်နိုင်အောင် ဖြစ်နေပြီး ဘေးဘက်ရှိ လီရှန်း မှာလည်း ထိုနည်းတူပင် ဖြစ်လေသည်။ မှုခင်းဖြစ်ပွားရာ နေရာကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူ၏ အမုန်းတရားများမှာ သိသိသာသာ လျော့ကျသွားခြင်း မရှိကြောင်း တွေ့ရပေသည်။ မလျော့ကျသွားသေးပါက သေချာပေါက် ပေါက်ကွဲ ထုတ်ပစ်ရန် လိုအပ်ချေသည်။ နစ်နာသူ၏ အပေါ်သို့ ဒေါသများ ပေါက်ကွဲ ထုတ်ပစ်ချိန်တွင် လူသတ်သမား၏ အခြေအနေမှာ ထိန်းချုပ်မှု ကင်းမဲ့ရန် အလွယ်ကူဆုံး ဖြစ်သော်လည်း ဤသို့သော အခြေအနေမျိုးတွင်ပင် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ပြီး ခွေးအပေါ်သို့ ဒေါသ မလွှဲချခဲ့ခြင်းမှာ ထူးဆန်းလှပေသည်။

"တစ်ခုခုတော့ မှားနေပြီ... ဒီလူတွေက တစ်ခုခု မှားနေတယ်..."

ထိုခဏ၌ ရွှီရှန်းက သဲလွန်စ တစ်ခုခုကို ဖမ်းဆုပ်မိသွားသည့်အလား မျက်မှောင်များ ကျုံ့ဝင်သွားခဲ့လေသည်။ အမှန်တကယ်ပင် မှားယွင်းနေသော်လည်း မှုခင်းဖြစ်ပွားရာ နေရာတွင်မူ ဤလုပ်ရပ်ကို ရှင်းပြနိုင်စွမ်းရှိသော မည်သည့် သတင်းအချက်အလက်မျှ မရှိခဲ့ချေ။ လူတို့ ဒေါသထွက်ပြီး သွေးဆူနေချိန်တွင် ဝင်ရောက် ဖျန်ဖြေပေးသူများကိုပင် ရိုက်နှက်တတ်ကြောင်း သိထားရမည် ဖြစ်ပေသည်။ တစ်ဖက်လူ၏ လူ များကိုဆိုလျှင် ပို၍ပင် ပြောစရာ မလိုတော့ချေ။

"အချိန်လည်း မစောတော့ဘူး... အရင် သွားအနားယူပြီး အားမွေးထားကြရအောင်..."

အချိန်အတော်ကြာပြီးနောက် မှုခင်းဖြစ်ပွားရာ နေရာကို စုံစမ်းစစ်ဆေးပြီးချိန်တွင် လီရှန်းက ကောင်းကင်ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်လေသည်။ အချိန်မှာ နံနက် ၂ နာရီခွဲသို့ ရောက်ရှိနေပြီ ဖြစ်ချေသည်။ ဤအချိန်တွင် မအိပ်ပါက နေ့ခင်းဘက်တွင် ဦးနှောက်က အလုပ်လုပ်နိုင်တော့မည် မဟုတ်ပေ။

"ဒုတိယ အဖွဲ့ကို ဆက်ပြီး စစ်ဆေးခိုင်းလိုက်... ပထမ အဖွဲ့ကတော့ နားကြတော့..."

အချို့သော အမှုငယ်များတွင် ရဲတပ်ဖွဲ့က ရဲအင်အား အများအပြားကို ထည့်သွင်း အသုံးပြုမည် မဟုတ်ချေ။ သို့သော် ဤကဲ့သို့သော အမှုကြီးမျိုးတွင်မူ ဒေသခံ ရဲတပ်ဖွဲ့က သူတို့၏ အရင်းအမြစ် အများစုကို ပုံအော၍ ထည့်သွင်းထားပြီး ထိုအထဲတွင် လူအင်အားလည်း ပါဝင်လေသည်။ ထို့ကြောင့် ညဘက် ဖြစ်နေလျှင်ပင် မှုခင်းဖြစ်ပွားရာ နေရာတွင် သဲလွန်စ တစ်ခုခုကို ရှာဖွေတွေ့ရှိလိုသော ရည်ရွယ်ချက်ဖြင့် မရပ်မနား စုံစမ်းစစ်ဆေးနေသူများ ရှိနေခြင်း ဖြစ်ပေသည်။

ထို့အပြင် ရုံးတွင်းအဖွဲ့မှလည်း ၂၄ နာရီပတ်လုံး မရပ်မနား စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြလေသည်။ ဤကဲ့သို့သော လုပ်ငန်းစွမ်းဆောင်ရည်၏ ပံ့ပိုးမှုအောက်တွင် လူနာမည် တစ်ခုကို အလွန် လျင်မြန်စွာပင် အစအဆုံး ဖော်ထုတ်နိုင်ခဲ့ချေသည်။ အောက်တိုဘာလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီ အချိန် ဖြစ်ပေသည်။ တတိယမြောက် မှုခင်းဖြစ်ပွားရာ နေရာတွင် စုံစမ်းတွေ့ရှိခဲ့သော လူနာမည် တစ်ခုက လူတိုင်း၏ မျက်စိရှေ့တွင် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး သတင်းအချက်အလက် အဆက်အစပ် များစွာကိုပါ သယ်ဆောင်လာခဲ့လေသည်။

ထို သတင်းအချက်အလက်များက ရဲတပ်ဖွဲ့၏ မျက်စိရှေ့တွင် ထွက်ပေါ်လာချိန်၌ ဖြစ်ချေသည်။

"ချန်ဟိုင်... ကျန်ဆန်းမြို့ မှာ ချန်ဟိုင် လို့ နာမည်ရတဲ့လူ စုစုပေါင်း ၁၃၀ ရှိတယ်..."

"အဲဒီအထဲကနေ ကျန်းကျား ရွာနဲ့ အနီးဆုံး ဖြစ်တဲ့ ချန်ဟိုင် တစ်ယောက်ကို ငါတို့ ပစ်မှတ်ထားလိုက်တယ်... အလုပ်အကိုင်က ရှင်းဖူ မိဘမဲ့ဂေဟာ ရဲ့ ကျောင်းအုပ် ဖြစ်ပြီး အမျိုးသား... အသက် ၆၇ နှစ်... မိဘဆွေမျိုး မရှိဘူး... ဇနီးလည်း မရှိဘူး... သားသမီး ၂ ယောက် ရှိပြီး တစ်ယောက်က ယောကျာ်းလေး နောက်တစ်ယောက်က မိန်းကလေး ပဲ..."

"အသေးစိတ် စုံစမ်းစစ်ဆေးပြီးတဲ့နောက်... ဒီနေ့ မနက်ပိုင်းမှာ ချန်ဟိုင် ရဲ့ အိမ်ထဲမှာ ဇာစ်မြစ် မသိရတဲ့ ငွေသား အများအပြားကို သိုလှောင်ထားတာ ငါတို့ နောက်ဆုံးမှာ တွေ့ရှိခဲ့တယ်... ဒီအချက်အလက် ကို အခြေခံပြီး ဆက်လက် စုံစမ်းစစ်ဆေးတဲ့ အခါမှာတော့... အမှန်တရား တစ်ခုကို ငါတို့ ရှာဖွေတွေ့ရှိသွားခဲ့တယ်..."

ဤအချိန်တွင် လူအများမှာ စတုတ္ထမြောက် မှုခင်းဖြစ်ပွားရာ နေရာတွင် ရပ်နေကြပြီး ၎င်းမှာ သူတို့ ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သော နေရာလည်း ဖြစ်လေသည်။ ဤနေရာမှာ မိဘမဲ့ဂေဟာ တစ်ခု ဖြစ်ပေသည်။

"ချန်ဟိုင် က လွန်ခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်းမှာ... လူကုန်ကူးတဲ့ သူတွေရဲ့ လက်ထဲကနေ ကလေးတွေကို ရှာတွေ့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့... ဒေသခံ အစိုးရရဲ့ ထောက်ပံ့ကြေး တွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေက စေတနာရှင်တွေရဲ့ လှူဒါန်းငွေတွေကို ရယူခဲ့တယ်..."

"တစ်ချိန်တည်းမှာပဲ... တစ်ဖက်လူက နှစ်စဉ်နှစ်တိုင်း သင့်တော်တဲ့ ဝယ်သူတွေကို တိတ်တဆိတ် ရှာဖွေပြီး... အရွယ်ရောက်လာလို့ ရုပ်ရည် ပြေပြစ်လာတဲ့ ကလေးတွေထဲက... အတော်လေး လှပတဲ့ ကလေးတွေကို ရောင်းစားလေ့ ရှိတယ်..."

"အဲဒီကနေတစ်ဆင့် ရရှိခဲ့တဲ့ အကျိုးအမြတ်က..."

"ယွမ် ၃၇၀၀၀၀ တိတိပဲ..."

အလွန် အံ့အားသင့်ဖွယ် ကောင်းသော ကိန်းဂဏန်း တစ်ခုက ဟန်ယန် ၏ နှုတ်မှ ဖြည်းညင်းစွာ ထွက်ကျလာခဲ့လေသည်။

လူအားလုံးက မျက်စိရှေ့ရှိ အလွန် ဆိုးရွားလှသော မြင်ကွင်းကို ကြည့်ရင်း ဆွံ့အ တိတ်ဆိတ်နေကြချေသည်။ မျက်စိရှေ့တွင် လူ့ခေါင်းတစ်လုံးကို မြေပြင်ပေါ်၌ ဖြစ်သလို ပစ်ချထားလေသည်။ ဤသူမှာ ချန်ဟိုင် ပင် ဖြစ်ပေသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်မှာ အရှေ့မှ လူ ၃ ဦးနှင့် နှိုင်းယှဉ်ပါက ပျက်စီးမှု အတိုင်းအတာ အတော်လေး နည်းပါးလှချေသည်။ ချန်ဟိုင် ၏ သားသမီး ၂ ဦးနှင့် ပတ်သက်၍မူ... အရှေ့တစ်စ အနောက်တစ်စ ပြန့်ကျဲနေသဖြင့် ဤလူနှစ်ဦး၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို စုစည်းရန်မှာ အနည်းငယ် ခက်ခဲလှပေသည်။

"လူကုန်ကူးသူ တွေလား... လူကုန်ကူးမှုနဲ့ ပတ်သက် ဆက်နွှယ်နေတာလား..."

လီရှန်းက မျက်စိရှေ့ရှိ အစီရင်ခံစာကို ကြည့်ရင်း မျက်မှောင်များ ပြင်းထန်စွာ ကျုံ့ဝင်သွားခဲ့လေသည်။ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရချေသည်။

'မှားနေပြီ...'

ရွှီရှန်းက တိတ်တဆိတ် ရေရွတ်လိုက်လေသည်။ သူ၏ ဦးနှောက်မှာ အရှိန်ပြင်းပြင်းဖြင့် လည်ပတ်နေပြီး မျက်စိရှေ့ရှိ ကိစ္စရပ်များကို စိုက်ကြည့်ကာ မရပ်မနား စဉ်းစား တွေးတောနေခဲ့ချေ။

'လူကုန်ကူးသူတွေ... မဖြစ်သင့်ဘူး...'

'အနည်းဆုံးတော့... လူသတ်သမား အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုက ဒီလောက် မပေါ့ပါးသင့်ဘူး...'

'ပြဿနာ ရှိတယ်...'

'သေချာပေါက် ပြဿနာ တစ်ခုခု ရှိနေတယ်...'

'တကယ်တော့ ဘာများလဲ…’

All Chapters