← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅ စိတ်ခံစားချက် နှစ်မျိုး

'ပြဿနာ ရှိနေတယ်... ဘာပြဿနာတွေလဲ... အရမ်း ကြီးမားတဲ့ ပြဿနာကြီးပဲ...'

ဤအမှုမှ သေဆုံးသူများမှာ ဥပဒေကို ချိုးဖောက်ကာ ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဖူးကြောင်းကို ရဲတပ်ဖွဲ့ဝင်များ အားလုံးက နှုတ်ပိတ်နေသော်လည်း ရင်ထဲတွင် ရှင်းလင်းစွာ သိရှိနားလည်ထားကြလေသည်။ လွန်ခဲ့သော အနှစ် ၂၀ ၃၀ ခန့်က ကျောက်ကွမ်း၏ ယွမ် ၅၀၀၀၀ ဆိုသည်မှာ တရားဝင် လမ်းကြောင်းမှ ရှာဖွေရန် အလွန် ခက်ခဲလှပေသည်။ ထို့အပြင် တစ်ဖက်လူများက သိသိသာသာပင် အမည်ဝှက်၍ ပုန်းအောင်းနေထိုင်ကြပြီး ငွေကိုလည်း မသုံးရဲသလို လူလုံးလည်း မပြရဲကြချေ။ ဤအချက်ကပင် တစ်ဖက်လူများ အနေဖြင့် သေချာပေါက် ပြစ်မှုတစ်ခုခု ကျူးလွန်ထားကြောင်း ပိုမို ခိုင်မာစွာ အတည်ပြုနိုင်လေသည်။

ထို့ကြောင့် ကျန်းဖုန် ထံမှတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့သော ချန်ဟိုင် သည်လည်း ရာဇဝတ်မှု ကျူးလွန်ထားပြီး ယွမ် ၃၇၀၀၀၀ အထိ ငွေကြေးများ စုဆောင်းထားကြောင်းကို ရဲတပ်ဖွဲ့ အနေဖြင့် ကြိုတင် ခန့်မှန်းထားခဲ့ပြီး ဖြစ်ပေသည်။ သို့သော် လူကုန်ကူးမှုတော့ မဖြစ်သင့်ချေ။

"လူတွေက အချိန်တိုအတွင်းမှာ ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေရဲ့ ထာဝရ လွှမ်းမိုးချုပ်ကိုင်မှုကို မခံရနိုင်ဘူး..."

"ဒါပေမဲ့ လတ်တလော ရဲတပ်ဖွဲ့ရဲ့ မျက်စိအောက်မှာတင် ရက်ရက်စက်စက် အသတ်ခံထားရတဲ့ အလောင်း ၆ လောင်း ရှိနေပြီ... ဒီလူတွေရဲ့ ဒေါသက အဆုံးသတ် မရှိတော့ဘူးလား..."

ရွှီရှန်း၏ ဦးနှောက်မှာ အရှိန်ပြင်းပြင်း လည်ပတ်နေပြီး ဦးနှောက်ဆဲလ်များ မရပ်မနား သေဆုံးနေလေသည်။ မျက်စိရှေ့ရှိ လူလတ်ပိုင်း နှစ်ဦးနှင့် သက်ကြီးရွယ်အို တစ်ဦးတို့ သေဆုံးနေသည့် ပျို့အန်ချင်စရာ ကောင်းလောက်အောင် အလွန် ဆိုးရွားလှသော မြင်ကွင်းကို ကြည့်နေသော်လည်း သူ၏ မျက်နှာပေါ်တွင် မည်သည့် ထိတ်လန့်မှုမျှ မရှိချေ။

"လူကုန်ကူးတဲ့ သူတွေကြောင့် အဓိက နစ်နာရသူက ယေဘုယျအားဖြင့် အုပ်စု နှစ်စုပဲ ရှိတယ်..."

"အဲဒါက ဆွေမျိုးတွေနဲ့ လူကုန်ကူး ခံရသူတွေပဲ..."

"ဒီလူ နှစ်မျိုးစလုံးက လူကုန်ကူးတဲ့ သူတွေအပေါ် ထားရှိတဲ့ ခံစားချက်တွေက..."

ဓမ္မဓိဋ္ဌာန်ကျကျ ပြောရမည်ဆိုလျှင် လူကုန်ကူးခံရသူများ အနေဖြင့် မိမိတို့၏ အရင်းနှီးဆုံး မိဘများအပေါ် မည်ကဲ့သို့သော ခံစားချက်များ ရှိနေမည်နည်း ဆိုသည်မှာ စဉ်းစားစရာပင် ဖြစ်လေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် အကယ်၍ အသက် ၃ နှစ် ၄ နှစ် သို့မဟုတ် ၅ နှစ် ၆ နှစ် အရွယ်တွင် လူကုန်ကူး ခံရပြီး ပုံမှန် မိသားစု တစ်ခုထံသို့ ရောင်းစားခံရပါက အရွယ်ရောက်လာချိန်တွင် အရင်းနှီးဆုံး မိဘများအပေါ် အများဆုံး ထားရှိမည့် ခံစားချက်မှာ ဝေဝါးနေမှုသာ ဖြစ်ပေသည်။

ထိုကဲ့သို့ အလောတကြီး ဖြစ်နေသော စိတ်အားထက်သန်မှုမျိုးနှင့် လူကုန်ကူးသူများ အပေါ် ပြင်းထန်သော ဒေါသမျိုး ရှိနေမည် မဟုတ်ချေ။ ဒေါသ ရှိကောင်း ရှိနိုင်သော်လည်း ဝေဝါးမှုနှင့် တွေဝေမှုများကိုတော့ လုံးဝ လွှမ်းမိုးနိုင်မည် မဟုတ်ပေ။

တစ်ခါတစ်ရံတွင် သွေးသားတော်စပ်မှုက အလွန် အရေးကြီးသော်လည်း တစ်ခါတစ်ရံတွင် သွေးသားတော်စပ်မှုမှာ ထိုမျှ အရေးမကြီးလှချေ။ လူကုန်ကူးခံရသူ အများအပြားမှာ အရင်းနှီးဆုံး မိသားစုက ပြန်လည် ရှာဖွေတွေ့ရှိပြီးနောက် မိသားစုထံသို့ ပြန်မသွားလိုကြသော ရင်နာစရာ သာဓကများ အများအပြား ရှိလေသည်။

လူကုန်ကူးခံရသူ၏ မိသားစုဝင်များ အတွက်မူကား ဒေါသထွက်မှုပင် ဖြစ်ချေသည်။ လူတိုင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ မိသားစုဝင်များ အနေဖြင့် လူကုန်ကူးသူများ အပေါ် ဒေါသထွက်နေကြမည် ဆိုသည့် အချက်ကို လုံးဝ ယုံကြည်ထားကြလေသည်။ မိသားစုဝင်များ အနေဖြင့် တကယ်ကို ဒေါသထွက်သင့်ပြီး ဒေါသလည်း ထွက်ကြရမည် ဖြစ်ပေသည်။

သို့သော်လည်း ဒေါသထက် ပိုမို ကြီးမားသော အရာမှာ အဆုံးအစမဲ့ ကျယ်ပြောလှသော သမုဒ္ဒရာကြီး ကဲ့သို့ နက်ရှိုင်းလှသည့် ဝမ်းနည်းပူဆွေးမှုကြီးပင် ဖြစ်ချေသည်။

ဒေါသ ဆိုသောအရာမှာ ဤ ဝမ်းနည်းပူဆွေးမှုကြီး၏ အရှေ့တွင် ပင်လယ်ပြင်ထက်၌ လွင့်မျောနေသော လှေငယ်လေး တစ်စင်း သက်သက်သာ ဖြစ်လေသည်။ အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ ဤ ဒေါသ အနည်းငယ်မှာလည်း တဖြည်းဖြည်း တိုက်စားခံရပြီး ပျောက်ကွယ်သွားမည်သာ ဖြစ်ပေသည်။

လူအများစုမှာ တဖြည်းဖြည်း ထုံထိုင်းလာပြီး ရင်ထဲတွင် ဝမ်းနည်းပူဆွေးမှုများကို ဖိနှိပ်ထားကာ ပြင်းထန်သော စိတ်ခံစားချက် အတက်အကျများ ရှိတော့မည် မဟုတ်ချေ။

အကယ်၍ လူကုန်ကူးသူများကို မြင်တွေ့ရပါက သူတို့ ဒေါသထွက်ကြမည် ဖြစ်သော်လည်း ပိုမို ပြင်းထန်သော ခံစားချက်မှာ ကလေးကို ပြန်လည် ရှာတွေ့လိုသော အလောတကြီး စိတ်ခံစားချက်သာ ဖြစ်လေသည်။

အနည်းဆုံးတော့ တိုက်ရိုက် ရက်စက်စွာ ညှဉ်းပန်း သတ်ဖြတ်မည် မဟုတ်ဘဲ ကလေး၏ သတင်းအစအနကို အရင်ဆုံး မေးမြန်းကြမည်သာ ဖြစ်ပေသည်။

"ဒီလူတွေက ကလေးနဲ့ လူကုန်ကူးသူကို တစ်ပြိုင်နက်တည်း အတူတူ မြင်တွေ့လိုက်ရတဲ့ အချိန်ကျမှသာ ရင်ထဲက ဒေါသတွေကို ထိန်းချုပ်ထားနိုင်မှာ မဟုတ်ဘူး..."

"အဲဒီလိုမှ မဟုတ်ဘဲ ဘယ်သူ့ကို အရင် မြင်တွေ့ရသည်ဖြစ်စေ ဒေါသတွေက အများကြီး လျော့ကျသွားမှာပဲ... အပြစ်တင်တာမျိုး ရှိနိုင်ပေမဲ့ အနည်းဆုံးတော့ တစ်ဖက်လူကို ဆက်တိုက် ရက်ရက်စက်စက် ညှဉ်းပန်း သတ်ဖြတ်တဲ့အထိ စိတ်လိုက်မာပါ ဖြစ်သွားမှာတော့ မဟုတ်ဘူး..."

ရွှီရှန်းက တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။

ကလေးကို ရှာတွေ့ပြီး အိမ်သို့ ခေါ်ဆောင်သွားပါက ရင်ထဲရှိ ဟာလာဟင်းလင်း ဖြစ်မှုကြီးမှာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြည့်စုံသွားမည် ဖြစ်ပြီး ထိုဒေါသများမှာလည်း အနည်းငယ် လျော့ပါးသွားမည် ဖြစ်ချေသည်။

မှတ်ဉာဏ်ထဲတွင် သယ်ဆောင်ထားသော နာကျင်မှုများမှာ ယေဘုယျအားဖြင့် တရားခွင်ပေါ်ရှိ သက်သေ အထောက်အထားများ အဖြစ်သာ ပြောင်းလဲသွားလေ့ ရှိပြီး လက်သီးများ အဖြစ် ပြောင်းလဲသွားမည် မဟုတ်ပေ။ ဒေါသများ လုံးဝ ပျောက်ကွယ်သွားသည် အထိပင် ဖြစ်နိုင်လေသည်။

ဥပမာအားဖြင့် လူကုန်ကူးခံရသူကို လမ်းသွားလမ်းလာများက ကယ်တင်ခဲ့ပြီး ထို လမ်းသွားလမ်းလာက မတော်တဆ လူကုန်ကူးသူကို သတ်ဖြတ်မိသွားသည့် အမှုမျိုး အများအပြား ရှိလေသည်။ ထို့နောက် မိသားစုဝင်များက ကလေးကို ပြန်လည် ရှာတွေ့သွားသော်လည်း တရားခွင်ပေါ်တွင် ကြောက်ရွံ့တုန်လှုပ်နေပြီး သက်သေ ထွက်ဆိုရန် အကူအညီ မပေးရဲကြသည့် သာဓကများပင် ရှိပေသည်။

"ဒါဆိုရင် ဘာများ ဖြစ်နိုင်မလဲ..."

"ဒီလို အခြေအနေမျိုးက မိသားစုဝင်တွေလည်း မဟုတ်ဘူး... လူကုန်ကူး ခံရသူတွေလည်း မဟုတ်ဘူး... ပြသနေတဲ့ စိတ်ခံစားချက် တွေကလည်း လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတယ်..."

လီရှန်းမှာလည်း တိတ်ဆိတ်သွားခဲ့ချေသည်။ ဤရက်ပိုင်း အတွင်း ပြဿနာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုအထဲတွင် ဖြေရှင်းနိုင်ခဲ့သည်များ ရှိသော်လည်း ပြဿနာသစ်များက လူကို မျက်စိသူငယ် နားသူငယ် ဖြစ်သွားစေပြီး ထွက်ပေါက်ကို ရှာမတွေ့နိုင်အောင် ဖြစ်စေပေသည်။

"ရိုးရှင်းစွာ ခွဲခြားကြည့်မယ် ဆိုရင် ဆွန်းချန်... ကျောက်ကွမ်း... ကျန်းဖုန် ဒီ ၃ ယောက်က လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက လူသတ်သမားနဲ့ ပဋိပက္ခ ဖြစ်ခဲ့သူတွေ ဖြစ်ဖို့ ရာခိုင်နှုန်း အရမ်း များတယ်..."

"ချန်ဟိုင် ကိုတော့ ကျန်းဖုန် ရဲ့ ပါးစပ်ကနေ မေးမြန်း သိရှိသွားတာ ဖြစ်နိုင်တယ်... ကျန်းဖုန် က ချန်ဟိုင် ရဲ့ ကလေး အရောင်းအဝယ် ကိစ္စတွေမှာ ပါဝင်ပတ်သက်နေလောက်တယ်..."

အချိန်အတော်ကြာပြီးနောက် ကောက်ချက်ချလို့ ပြီးသွားသော ဟန်ယန်က စကားဆိုလိုက်လေသည်။

ချန်ဟိုင်၏ ကိုယ်ပေါ်တွင် မီးလောင်ထားသော ဒဏ်ရာ မရှိသလို လွန်ခဲ့သော အနှစ် ၂၀ ခန့်ကမှ ကျန်ဆန်းမြို့ သို့ ရုတ်တရက် ရောက်ရှိလာသူလည်း မဟုတ်ချေ။ လူသတ်သမား၏ ပစ်မှတ်ထဲတွင် မပါဝင်ရန် ရာခိုင်နှုန်း အလွန် များပြားပြီး တိုက်ဆိုင်စွာ သိရှိသွားခြင်းသာ ဖြစ်နိုင်ပေသည်။

"ဒီလိုဆိုရင်... လူသတ်သမားရဲ့ အဓိက ပဋိပက္ခနဲ့ အမုန်းတရား က လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ဒီလူစု အပေါ်မှာပဲ ရှိနေတာပေါ့..."

"ဒါပေမဲ့ ဆင်တူတဲ့ တခြားလူတွေနဲ့ တွေ့ရင်လည်း... သူတို့က လုံးဝ တုံ့ဆိုင်းမနေဘဲ သတ်ပစ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး..."

လီရှန်းက တစ်စုံတစ်ခုကို စဉ်းစားနေသည့်ဟန်ဖြင့် တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။

မှုခင်းဖြစ်ပွားရာ နေရာ၏ အလွန် ဆိုးရွားလှသော အခြေအနေမှာ ပျို့အန်ချင်စရာ ကောင်းသော်လည်း ယခင် အမှု ၃ ခုနှင့် နှိုင်းယှဉ်ပါက လုံးဝ အဆင့်အတန်း တစ်ခုတည်း မဟုတ်ဘဲ အရေအတွက် များပြားနေခြင်းသာ ဖြစ်ချေသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် လူသတ်သမား အနေဖြင့် ထို နှစ်စုအပေါ် ထားရှိသော အမုန်းတရားမှာလည်း မတူညီကြောင်း သိသာလှပေသည်။

"လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက... ဒီလူစု က တကယ်တော့ ဘာတွေများ လုပ်ခဲ့ကြတာလဲ..."

"လူတစ်အုပ်ကြီးကို ဒေါသထွက်စေခဲ့ပြီး တစ်နိုင်ငံလုံး အနှံ့ အနှစ် ၂၀ တိုင်တိုင် လိုက်လံ သတ်ဖြတ်ဖို့ ဝန်မလေးခဲ့ဘူး... ပြီးတော့ အနှစ် ၂၀ ကြာသွားတာတောင်မှ အရှင်လတ်လတ် အရေခွံ ခွာချင်နေသေးတယ်..."

လူအချို့က အခန်းထဲမှ ထွက်လာကြပြီး ပတ်ဝန်းကျင်ရှိ လတ်ဆတ်သော လေကို ရှူရှိုက်လိုက်ကြလေသည်။ အလွန်အမင်း တင်းမာနေသော အာရုံကြောများမှာ မသိစိတ်အရ အနည်းငယ် ပြေလျော့သွားခဲ့ချေသည်။

"ပြီးတော့... ဘယ် လူကုန်ကူးတဲ့ အဖွဲ့အစည်း ကမှ အချိန် တစ်ခုခုမှာ တစ်ပြိုင်နက်တည်း ပုန်းအောင်းသွားပြီး အနှစ် ၂၀ တိုင်တိုင် ပုန်းနေတယ် ဆိုတာမျိုး ငါ တစ်ခါမှ မကြားဖူးဘူး..."

လူကုန်ကူးသူ ဆိုသူများမှာ ပုန်းအောင်းတတ်ကြသော်လည်း အချိန် တစ်ခုခုတွင် ရုတ်တရက် အုပ်စုလိုက် ပုန်းအောင်းသွားပြီး ငွေပင် မသုံးရဲသည့် အခြေအနေမျိုး လုံးဝ မရှိနိုင်ချေ။ ချွင်းချက်အနေဖြင့်မူကား အောက်ပါအတိုင်း ဖြစ်ပေသည်။

"သူတို့က ကြီးမားတဲ့ ကိစ္စတစ်ခုခုနဲ့ သွားတိုးမိတာ မဟုတ်ဘူး ဆိုရင်ပေါ့... ဒီကိစ္စက လူကုန်ကူးမှုနဲ့ သက်ဆိုင်နေပေမဲ့ တစ်ချိန်တည်းမှာ သူတို့ရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ ကိစ္စမျိုးပေါ့..."

"ဒါက ဘာဖြစ်နိုင်မလဲ..."

"အနည်းဆုံး လူ ၃ ယောက်လောက်ကို ပုန်းအောင်းနေရလောက်အောင် လုပ်နိုင်တဲ့ ကိစ္စ..."

ရွှီရှန်းက စကားပြောဆိုရင်း ပြင်းထန်စွာ စဉ်းစားနေလေသည်။

လူကုန်ကူးမှု ဆိုသည်မှာ ကျပန်း ဖြစ်ပွားခြင်း ဖြစ်ပြီး လူကုန်ကူးခံရသူ၏ မိသားစုဝင်များမှာလည်း ကျပန်းသာ ဖြစ်ကြလေသည်။

သူတို့ အချင်းချင်း တွေ့ဆုံရန် မဖြစ်နိုင်သလို လူကုန်ကူးသူများမှာ ဆွန်းချန် တို့ ဖြစ်ကြောင်း သိရှိလျှင်ပင် အခြားသူများ အနေဖြင့် မိမိတို့၏ ကလေးမှာ ဆွန်းချန် တို့၏ လူကုန်ကူးခြင်းကို ခံရခြင်း ဟုတ်မဟုတ် ဆိုသည်ကို သိရှိနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူတို့က လက်စားချေမည် ဆိုလျှင်ပင် တစ်ယောက်ချင်းစီသာ လာရောက်နိုင်မည် ဖြစ်ချေသည်။ လူတစ်ယောက်က လူ ၃ ယောက်ကို ရင်ဆိုင်ရန်မှာ လက်တွေ့ မဆန်လှပေ။

ထို့အပြင် မိသားစုဝင်များ၏ အဓိက ရည်ရွယ်ချက်မှာ ကလေးကို ရှာတွေ့ရန် ဖြစ်ပြီး လူကုန်ကူးသူများကို သတ်ဖြတ်ရန် မဟုတ်ချေ။

"ဒါကြောင့်... ဒီ ကြီးမားတဲ့ ကိစ္စက တစ်ဖက်လူ အပေါ်မှာ ရာသက်ပန် ထိခိုက်နစ်နာမှု မျိုး ရှိနေရမယ်... ပြီးတော့ အလွန်အမင်း ပြင်းထန်တဲ့ ဒေါသတွေကိုလည်း ဖြစ်ပေါ်စေရမယ်..."

ရွှီရှန်းမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူများနှင့် ထင်မြင်ချက်များကို ဖလှယ်နေခဲ့လေသည်။

ရာသက်ပန် ထိခိုက်နစ်နာမှု ဆိုသည်ကို ဆင်ခြင်ကြည့်ရမည် ဖြစ်လေသည်။ ဥပမာအားဖြင့် သင်က လွန်ခဲ့သော ၁၀ နှစ်က လူတစ်ယောက်၏ တွန်းချခြင်းကို ခံခဲ့ရပြီး ဒဏ်ရာရကာ လက်မောင်း ကျိုးသွားခဲ့သော်လည်း အလွန် လျင်မြန်စွာ ပြန်လည် ကောင်းမွန်သွားခဲ့သည် ဆိုပါစို့။

ထိုသို့ဆိုလျှင် ၁၀ နှစ် ကြာပြီးနောက် သင် အနေဖြင့် ထိုလူ၏ အပေါ်တွင် ဒေါသထွက်နေမည်ဟု မဆိုနိုင်သော်လည်း သူနှင့်လည်း သိပ်ပြီး မပတ်သက်ချင်တော့မည်သာ ဖြစ်ပေသည်။

သို့သော် အကယ်၍ လွန်ခဲ့သော ၁၀ နှစ်က လူတစ်ယောက်၏ လက်မောင်းကို ခုတ်ဖြတ်ခြင်း ခံခဲ့ရမည် ဆိုပါက ၁၀ နှစ် ကြာပြီးနောက်တွင် သင်သည် လက်မောင်း မရှိသူ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပြီး အခြားသူများနှင့် နှိုင်းယှဉ်ပါက ပုံမှန် မဟုတ်သူ တစ်ဦး ဖြစ်နေမည်သာ ဖြစ်ချေသည်။

၁၀ နှစ်တာ ကာလအတွင်း အခြားသူများက သင့်ကို ပုံမှန် မဟုတ်သူ တစ်ဦး ကဲ့သို့သော အကြည့်များဖြင့် အမြဲတမ်း စိုက်ကြည့်နေကြမည် ဖြစ်ပြီး ၁၀ နှစ် ကြာပြီးနောက် ထိုလူကို ပြန်လည် တွေးတောမိချိန်တွင် မည်ကဲ့သို့သော စိတ်ခံစားချက်မျိုး ရှိနေမည်နည်း ဆိုသည်မှာ စဉ်းစားစရာပင် ဖြစ်လေသည်။

"ဥပမာ အားဖြင့်... ကလေး ပျောက်ဆုံးသွားတဲ့ မိသားစုဝင်တွေ အနေနဲ့ တစ်နှစ်ပဲ ဖြစ်ဖြစ် နှစ်နှစ်ပဲ ဖြစ်ဖြစ်... ပြန်မရှာတွေ့သရွေ့ အမြဲတမ်း ဝမ်းနည်းပူဆွေး နေကြရမှာပဲ... ဒါက ရာသက်ပန် ထိခိုက်နစ်နာမှု ပဲ..."

"ဒါပေမဲ့ သေဆုံးသွားတဲ့ သူတွေက လူသတ်သမား အပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက သူတို့ကို ဝမ်းနည်းပူဆွေး စေတာ မဟုတ်ဘဲ... ဒေါသစိတ် တွေကိုသာ ဖြစ်ပေါ်စေတာပဲ..."

"ဒီဒေါသတွေက အနှစ် ၂၀ အတွင်းမှာ လျော့ကျမသွားတဲ့ အပြင် ပိုပြီးတော့တောင် ပြင်းထန်လာခဲ့သေးတယ်..."

"ဆွန်းချန် တို့ကလည်း သူတို့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိနေလို့ ထွက်ပြေးခဲ့ကြတာပဲ... ဒါဆိုရင်..."

"ဒီကိစ္စက တကယ်တော့ ဘာလဲ..."

လူအချို့မှာ ဆွေးနွေး တိုင်ပင်သော်လည်း ရလဒ် မထွက်ပေါ်လာသဖြင့် ကောင်းကင်ကို တစ်ချက် ကြည့်လိုက်ရာ ကောင်းကင်ကြီးက ထပ်မံ၍ မှောင်မည်းလာခဲ့ချေပြီ။

သူတို့က ကားထဲသို့ ဝင်ထိုင်လိုက်ကြရလေသည်။ ရွှီရှန်းက ယာဉ်မောင်းဘေးခုံတွင် ထိုင်လျက် ပြတင်းပေါက် အပြင်ဘက်ရှိ မြင်ကွင်းများကို ကြည့်ရင်း မျက်စိရှေ့တွင် အနည်းငယ် ဝေဝါးနေသကဲ့သို့ ခံစားလိုက်ရပေသည်။

သူ၏ ဦးနှောက်ထဲတွင် ဆွန်းချန် အပါအဝင် လူ ၃ ဦး၏ ကိုယ်ပေါ်ရှိ မီးလောင်ထားသော ဒဏ်ရာများက လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့ချေသည်။

'မီး နဲ့ သက်ဆိုင်နေမလား…’

All Chapters