← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀ ပစ်မှတ်ထား ခြေရာခံခြင်း

ငွေရှာပြီးနောက် လူသတ်ခြင်းပင် ဖြစ်လေသည်။

အနှစ် ၂၀ ကာလအတွင်း မရပ်မနား နိုင်ငံတစ်ဝန်း လှည့်လည် သွားလာနေခဲ့ကြချေသည်။ သူတို့၏ ရင်ထဲတွင် အမုန်းတရားများ ရှိနေသေးသရွေ့ ငွေရှာရမည် ဖြစ်ပြီး ငွေရှာတိုင်း ရင်ထဲရှိ အမုန်းတရားများ ပိုမို ကြီးမားလာကာ လက်စားချေရန် ဆက်လက် လှုံ့ဆော်ပေးနေမည်သာ ဖြစ်ပေသည်။

'သံသရာလည်နေတာပဲ...'

'ဒါပေမဲ့ ငါတို့အတွက်တော့ ဒါက အခွင့်အရေး တစ်ခုပဲ...'

'ထူးဆန်းတဲ့ ဖျော်ဖြေပွဲ တွေ ဆိုတာ နေရာတစ်ခုတည်းမှာ အကြိမ်ကြိမ် လုပ်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး... လူအသွားအလာ အရမ်း များတဲ့ နေရာမျိုးက လွဲရင်ပေါ့...'

ရွှီရှန်းက တစ်ခုပြီးတစ်ခု အသေးစိတ် စဉ်းစားကာ ပြင်ပ အခြေအနေများကို ဖယ်ထုတ် တွက်ချက်နေခဲ့လေသည်။

ဆပ်ကပ်အဖွဲ့က နေရာတစ်ခုတည်းတွင် အခြေချ၍ မရနိုင်ခြင်းမှာ ဤအရာက သရဲအိမ်ကဲ့သို့ပင် အဆန်းတကြယ် အရာများကိုသာ အဓိကထားသောကြောင့် ပင် ဖြစ်ချေသည်။ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ကြည့်ရှုပြီးပါက နောက်ထပ် လာရောက် ကြည့်ရှုတော့မည် မဟုတ်ပေ။ ဒေသတစ်ခုရှိ လူဦးရေ ဆိုသည်မှာလည်း အမြဲတမ်း အကန့်အသတ် ရှိနေပြီး ရက်အနည်းငယ် ကြာပြီးနောက်တွင် ဧည့်သည်သစ်များ ရှိတော့မည် မဟုတ်သဖြင့် အခြား နေရာတစ်ခုသို့ ပြောင်းရွှေ့ လေလွင့်ရမည်သာ ဖြစ်လေသည်။ ယခုအခါ လူသတ်သမားများ အနေဖြင့် ပြဿနာ တစ်ခုနှင့် ရင်ဆိုင်နေရချေပြီ။ ထိုပြဿနာမှာ သူတို့ အနေဖြင့် ကျန်ဆန်းမြို့ တွင် အချိန်ကာလ ကြာရှည်စွာ ဖျော်ဖြေရေးများ ပြုလုပ်ရန် လိုအပ်ပြီး တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်မှ ဧည့်သည်များကလည်း သူတို့အပေါ် အမြဲတမ်း အဆန်းတကြယ် ဖြစ်နေစေရန် လိုအပ်ခြင်းပင် ဖြစ်ပေသည်။ ထိုနေရာက ဘယ်နေရာမျိုး ဖြစ်မည်နည်း ဟု တွေးတောစရာ ဖြစ်လေသည်။

"ပထမဆုံး အနေနဲ့ လူအရမ်း များရမယ်..."

လီရှန်းက ရုတ်တရက် အကြံဉာဏ် ရသွားပြီး စက္ကူတစ်ရွက်ကို ဆွဲယူကာ အချက်တစ်ချက်ကို ရေးမှတ်လိုက်လေသည်။ လူများပါက ဈေးကွက် ကြီးမားပြီး လူအသွားအလာ များကာ ဝင်ငွေ ပိုကောင်းသဖြင့် လူသတ်သမားများ အနေဖြင့် ဤနေရာတွင် အချိန်ကာလ ကြာရှည်စွာ ဖျော်ဖြေနိုင်မည့် ဖြစ်နိုင်ခြေ ပိုမို များပြားလာမည် ဖြစ်ချေသည်။

"အသစ်အဆန်း ဖြစ်မှု ဆိုတာက ပြန်လည် ဖန်တီးလို့ မရတဲ့ အရာ ဖြစ်နေတော့... လူအသွားအလာ အပေါ်မှာပဲ အားထားရတော့မှာပေါ့... ဒီနေရာက လူအသွားအလာ များဖို့ လိုအပ်သလို လူတွေ အမြဲတမ်း ပြောင်းလဲနေဖို့ လည်း လိုအပ်တယ်..."

ဟန်ယန်က ခေတ္တမျှ စဉ်းစားပြီးနောက် နောက်ထပ် အချက်တစ်ချက်ကို ထပ်မံ ထုတ်ဖော် ပြောဆိုလိုက်လေသည်။

"မြို့လယ်ခေါင် နဲ့လည်း နီးစပ်ဖို့ လိုတယ်..."

ရွှီရှန်းက ဝင်ပြောလိုက်ပေသည်။

တရားမဝင် စက်ရုံများ ဆိုသည်မှာ ယေဘုယျအားဖြင့် မြို့စွန် နေရာများတွင်သာ ရှိတတ်ကြလေသည်။ သို့သော် လူသတ်သမား၏ ပစ်မှတ်မှာ တရားမဝင် စက်ရုံများသာ မကဘဲ မိဘမဲ့ဂေဟာ ကဲ့သို့သော မြို့တွင်းရှိ နေရာများလည်း ပါဝင်နေချေသည်။ ထို့ကြောင့် ဤအချက်များ ထွက်ပေါ်လာပြီးနောက် လူတိုင်းမှာ တစ်ခဏမျှ ရပ်တန့်သွားကြပြီး သူတို့၏ ဦးနှောက်ထဲတွင် အလွန် ရင်းနှီးကျွမ်းဝင်သော နေရာတစ်ခုက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့လေသည်။ ထိုနေရာမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

"ရထားဘူတာရုံ နဲ့ ကုန်တိုက်ကြီး တွေပဲ..."

ထိုစကားလုံး အချို့က လီရှန်း၏ နှုတ်မှ ထွက်ကျလာခဲ့ချေသည်။

ရထားဘူတာရုံနှင့် ကုန်တိုက် စသည့် နေရာများမှာ မျက်နှာသစ်များ အမြဲတမ်း ရှိနေပြီး အသစ်အဆန်း ဖြစ်မှု ဆိုသည့် အချက်အတွက် လုံးဝ ပူပန်စရာ မလိုပေ။ တစ်ချိန်တည်းမှာပင် ဤနေရာများမှာ သူတောင်းစားများ အများဆုံး လှုပ်ရှားလေ့ရှိသော နေရာများလည်း ဖြစ်လေသည်။ ၂၀၁၀ ခုနှစ် မတိုင်မီက ဆိုလျှင် ရထားဘူတာရုံ တိုင်းလိုလို၏ အပြင်ဘက်တွင် အဝတ်အစား စုတ်ပြတ်နေသော တောင်းရမ်း စားသောက်သူ အမြောက်အမြား ရှိနေလေ့ ရှိချေသည်။ သေချာပေါက် ပန်းခြံများ နှင့် ကုန်တိုက် အချို့၏ အရှေ့တွင်လည်း ရှိတတ်ကြပေသည်။

"ဒီနေရာ တွေများလား..."

လူအချို့က ကျန်ဆန်းမြို့ ၏ နေရာအနှံ့အပြားသို့ ဆက်သွယ်ထားပြီး မြို့လယ်ခေါင် နေရာများဟု သတ်မှတ်နိုင်သော ထိုအမှတ်အသား များကို ကြည့်ရင်း မျက်မှောင်များ ကျုံ့ဝင်သွားခဲ့ကြလေသည်။

"ရာခိုင်နှုန်း အများကြီး သေချာတယ်..."

လီရှန်းက အနည်းငယ် တွေဝေသွားပြီးနောက် ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်ချေသည်။

"ဒါ့အပြင်... သူတို့က ရထားဘူတာရုံ မှာ မရှိရင်တောင်... ဒီလူတွေရဲ့ ပါးစပ်ကနေ သတင်းအချက်အလက် တချို့ကို ငါတို့ ရနိုင်ပါသေးတယ်..."

ရွှီရှန်းက ဝင်ပြောလိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ဆက်လက် စကားဆိုလိုက်လေသည်။

"ပရော်ဖက်ရှင်နယ် သူတောင်းစား တွေက... ပုံမှန်လူတွေ ထက် သူတို့ရဲ့ နယ်မြေ အပေါ် ပိုင်စိုးလိုစိတ် ပိုကြီးမားတတ်ကြတယ်... သူတို့ နယ်မြေ ထဲမှာ သူတောင်းစား အသစ် တစ်ယောက် ရောက်လာတာ ဖြစ်ဖြစ်... ဆပ်ကပ်အဖွဲ့ တစ်ခု ရောက်လာတာ ဖြစ်ဖြစ် ဆိုရင်... သူတို့ သေချာပေါက် သိကြမှာပဲ..."

ရွှီရှန်းက နေ့စွဲကို တစ်ချက် ကြည့်လိုက်ချေသည်။ အောက်တိုဘာလ ၁၉ ရက်နေ့ ဖြစ်ပေသည်။ အမှုဖွင့်ပြီးချိန်မှ စ၍ ယခုဆိုလျှင် တစ်ပတ်ကျော်မျှ အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်လေသည်။ ဤအချိန်ကာလ အတွင်း ပရော်ဖက်ရှင်နယ် သူတောင်းစားများ သာဆိုလျှင် သူတို့၏ နယ်မြေ အတွင်း ထိုလူများ ရောက်ရှိလာပါက သိရှိနိုင်မည့် ရာခိုင်နှုန်း အလွန် ကြီးမားလှချေသည်။

'ဒါဆိုရင်... ရထားဘူတာရုံ ပေါ့...'

လီရှန်းက အချိန်အတော်ကြာ စဉ်းစားခန်း ဝင်နေခဲ့ပေသည်။ ပရော်ဖက်ရှင်နယ် သူတောင်းစား များက အခြား သူတောင်းစား များကို မောင်းထုတ်တတ်ကြသဖြင့် အကယ်၍ ထိုလူကုန်ကူးသူ များကသာ လူသတ်သမားများ ထံသို့ ကိုယ်တိုင် သွားရောက် တိုးဝင်ခဲ့မည် ဆိုလျှင် ဟု တွေးတောမိလိုက်လေသည်။ သူက အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်လေသည်။

"လူသွားဖမ်းမယ်..."

သူတောင်းစား အလုပ်အကိုင် ကို ပရော်ဖက်ရှင်နယ် သူတောင်းစား နှင့် အစစ်အမှန် သူတောင်းစား ဟူ၍ ခွဲခြားထားလေ့ ရှိချေသည်။ ရွှီရှန်း အနေဖြင့် အစစ်အမှန် သူတောင်းစား များကို မြင်တွေ့ဖူးလေသည်။ အများအားဖြင့် သက်ကြီးရွယ်အို များသာ ဖြစ်ကြပြီး တုတ်ကောက် ကိုင်ကာ ပန်းကန်လုံး တစ်လုံးဖြင့် လမ်းဘေးတွင် စားကြွင်းစားကျန် များ သို့မဟုတ် ငွေအနည်းငယ် ကို တောင်းရမ်းလေ့ ရှိကြပေသည်။ သူတို့၏ ခန္ဓာကိုယ်များတွင် ကြီးမားသော ချို့ယွင်းချက်များ မရှိကြချေ။ သို့သော် ပရော်ဖက်ရှင်နယ် သူတောင်းစား ဟူသော အခြား အမျိုးအစား တစ်ခု ရှိသေးလေသည်။ ဤအမျိုးအစား ကို ပုံမှန် လူများက ဟန်ဆောင်ခြင်း နှင့် တောင်းရမ်း စားသောက်ရန် ဖိအားပေး ခံရခြင်း ဟူ၍ နှစ်မျိုး ခွဲခြားထားချေသည်။

ပထမ အမျိုးအစားမှာ ဟာသ များတွင် ပြောလေ့ရှိသော ပထမတန်းစား မြို့ကြီးများမှ တစ်လလျှင် ဝင်ငွေ ဂဏန်းခြောက်လုံး အထိ ရရှိသူများ ပင် ဖြစ်ပေသည်။ ဒုတိယ အမျိုးအစားမှာမူ အရှင်လတ်လတ် ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခြင်း ခံရသူများ ပင် ဖြစ်လေသည်။ ဥပမာအားဖြင့် အောက်ပါအတိုင်း ဖြစ်ပေသည်။

"ခြေထောက်တွေ ပုံပျက်ပန်းပျက် ဖြစ်နေတယ်... ခါးက လုံးဝ လိမ်ကောက်နေပြီး ဖနောင့် က နောက်စေ့ နဲ့ သွားထိနေကာ ခြေသလုံး နှစ်ဖက် ကလည်း ယှက်လိမ် နေတယ်..."

"ဘယ်ဘက် လက်မောင်း မရှိတော့ဘူး... မျက်နှာက အက်ဆစ် နဲ့ အပက်ခံထားရလို့ ပျက်စီးနေတယ်... ဝမ်ချောင်... မင်း အမြင်မှာ ဒီလူတွေက အရမ်း သနားစရာ ကောင်းတယ်လို့ မထင်ဘူးလား..."

ရထားဘူတာရုံ အပြင်ဘက်ရှိ ကော်ဖီဆိုင် တစ်ဆိုင် အတွင်း၌ ဖြစ်လေသည်။ အရပ်ဝတ် ဝတ်ဆင်ထားသော ရွှီရှန်းက မှန်နံရံ အနီးရှိ ခုံတွင် ထိုင်လျက် အပြင်ဘက်တွင် တောင်းရမ်းနေသော လူကို ကြည့်ရှုနေချေသည်။ သူ၏ မျက်နှာချင်းဆိုင် တွင် ဟန်ယန် နှင့် ဝမ်ချောင် တို့ ရှိနေကြပေသည်။ လူ ၃ ဦး၏ အကြည့်များက မှန်နံရံ ကို ဖြတ်သန်းသွားပြီး လမ်းဘေးတွင် ပန်းကန်လုံး တစ်လုံး ကိုင်လျက် အခြားသူများကို မော့ကြည့်ကာ လူအုပ်ကြားထဲတွင် ဖြည်းညင်းစွာ လူးလှိမ့် သွားလာနေသော လူတစ်ဦး အပေါ်သို့ ကျရောက်သွားခဲ့လေသည်။ ထိုသူ၏ မျက်နှာပေါ်တွင် မီးလောင်ထားသော အမာရွတ်များက အထင်းသား ပေါ်လွင်နေချေသည်။

မျက်နှာသွင်ပြင် များမှာ အက်ဆစ် ဖြင့် တိုက်စား ခံထားရသဖြင့် ပြင်းထန်စွာ မီးလောင်ကျွမ်း ထားသော အမာရွတ်များကြောင့် ဝါးစားထားသော ပီကေ တစ်ခု ကဲ့သို့ ဖြစ်နေပြီး မျက်လုံးအိမ် များမှာ မီးလောင် ခံထားရသဖြင့် ပဲစေ့ အရွယ်အစားခန့်သာ ရှိတော့သည်ဟု ထင်ရပေသည်။ ခန္ဓာကိုယ် အောက်ပိုင်းမှာ အလွန်အမင်း လိမ်ကောက်နေပြီး ကိုယ်တိုင် လွတ်လပ်စွာ မသွားလာနိုင်တော့ဘဲ သစ်သားပြား တစ်ခုပေါ်တွင် ထိုင်ကာ လက်ဖြင့် လှော်ခတ် သွားလာနေရလေသည်။ သစ်သားပြား မှာ အထူးတလည် ပြုလုပ်ထားခြင်း မရှိဘဲ ဘီးများ တပ်ဆင်ထားသော သစ်သားပြား တစ်ခုသာ ဖြစ်ပြီး စုတ်ပြတ်နေသော အဝတ်စ များက မြေပြင်ပေါ်သို့ ကျရောက်ကာ တရွတ်တိုက် ပါလာချေသည်။

"ချော်လဲရင်... သတိလစ် မေ့မြောပြီး အိပ်ရာထဲ လဲသွားနိုင်တယ်... ဒါမှမဟုတ် အရိုးကျိုး သွားနိုင်တယ်..."

"မီးလောင်တာ ဆိုရင်... ဒီမီး က အတော်လေး ဆန်းကြယ်တယ်... မျက်နှာကိုပဲ လောင်ပြီး ခန္ဓာကိုယ် ကို မလောင်ဘူး..."

"ခန္ဓာကိုယ် လိမ်ကောက်နေတာ ကတော့... ဘယ်လို မတော်တဆမှု မျိုးက လူရဲ့ ခန္ဓာကိုယ် ကို ဒီလို လိမ်ကောက်သွားအောင် လုပ်နိုင်မလဲ ဆိုတာကို လောလောဆယ် ငါ စဉ်းစားလို့ မရသေးဘူး..."

ရွှီရှန်းက ကြည့်ရင်း စကားပြောနေလေသည်။ သူ၏ အသံမှာ မကျယ်လွန်း မတိုးလွန်းဘဲ သာမန် စကားစမြည် ပြောဆိုနေသည့်အလား ပင် ဖြစ်ချေသည်။ ဝမ်ချောင် နှင့် ဟန်ယန် တို့မှာ တိတ်ဆိတ် နေကြပေသည်။ အမှန်တကယ်ပင် ဖြစ်လေသည်။ သာမန် မတော်တဆမှုများ ဖြစ်သည့် မီးလောင်ခြင်း ကဲ့သို့သော အခြေအနေ မျိုးတွင် ဤသို့ ဖြစ်ပွားပြီးပါက တစ်ကိုယ်လုံး မီးလောင်ကျွမ်း သွားမည်သာ ဖြစ်ချေသည်။ အပြင်ဘက်ရှိ မျက်နှာသွင်ပြင် ပျက်ယွင်းသွားသည် အထိ လောင်ကျွမ်းထားသော မီးမျိုး ဆိုလျှင် ခန္ဓာကိုယ် မှာလည်း အနည်းဆုံး အလယ်အလတ် အဆင့် မီးလောင်ဒဏ်ရာ များ ရရှိနေမည်သာ ဖြစ်ပေသည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ခန္ဓာကိုယ် ပေါ်တွင် ကိုယ်အင်္ဂါ ချို့ယွင်းနေခြင်း မှလွဲ၍ အခြား မီးလောင်ဒဏ်ရာ များ မရှိခြင်းပင် ဖြစ်လေသည်။ အကယ်၍ မတော်တဆ အက်ဆစ် အပက်ခံရခြင်း ဟု ဆိုမည် ဆိုလျှင် ယုတ္တိတန်နိုင်သော်လည်း လမ်းတစ်လမ်းတည်း တွင် တူညီသော ဒဏ်ရာ ရှိသူ ၁၀ ဦး နီးပါး ရှိနေခြင်းကိုမူ ရှင်းပြ၍ မရနိုင်တော့ချေ။

"ကျစ်... မင်းတို့ ကြည့်စမ်း... ဝင်ငွေ ကောင်းတယ် မဟုတ်လား..."

အချိန်တိုလေး အတွင်းမှာပင် ငွေ ယွမ် ရာဂဏန်းခန့် ရရှိသွားသော သူတောင်းစား ကို ကြည့်ရင်း ရွှီရှန်းက စကားဆိုလိုက်လေသည်။ ၂၀၀၃ ခုနှစ်က ယွမ် ရာဂဏန်း ဆိုသည်မှာ သာမန် များပြားမှုမျိုး မဟုတ်တော့ချေ။

"ပုံမှန် သူတောင်းစား တွေနဲ့ မတူဘဲ... ဒီလူတွေကို သာမန် လူတွေက မြင်လိုက်တာနဲ့ သနားစိတ် တွေ ဝင်လာတတ်တယ်... ဒါမှမဟုတ် ကြောက်လန့်ပြီး မကြည့်ရဲအောင် ဖြစ်သွားတတ်တယ်..."

"ဒီလို စိတ်ခံစားချက် မျိုးနဲ့ ပေးတဲ့ ငွေတွေက ပိုများတတ်သလို... ငွေပေးတဲ့ လူတွေလည်း အရမ်း များတယ်..."

"ဒါပေမဲ့ သူတို့ မသိတာက... သူတို့ ပေးတဲ့ ငွေတွေ များလေလေ... လူကုန်ကူးတဲ့ သူတွေက ဖမ်းလာတဲ့ လူတွေ အပေါ် ရက်စက်လေလေ ဆိုတာကိုပဲ..."

ဝမ်ချောင်က ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာဘဲ နောက်ဆုံးတွင် ပါးစပ် ပိတ်သွားခဲ့လေသည်။ သူ တိတ်ဆိတ် သွားခဲ့ချေသည်။ လာစဉ်က ရွှီရှန်း အနေဖြင့် ဤလူကုန်ကူးသူ များက အဘယ်ကြောင့် သူကဲ့သို့ အသက် ၂၀ ကျော် အရွယ် အမျိုးသား ကိုပင် အလွတ်မပေးရသနည်း ဆိုသည့် အကြောင်းရင်းကို ပြောပြခဲ့ပြီး ဖြစ်ပေသည်။ ဤလူများက ကလေးများကိုသာ လူကုန်ကူးခြင်း မဟုတ်ချေ။ အရှင်လတ်လတ် ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခြင်း အတွက် လူငယ်များမှာ ကလေးများ ထက်ပင် ပို၍ တွက်ခြေကိုက် လေသည်။ အဘယ်ကြောင့်ဆိုသော် ကလေးများမှာ တောင်းရမ်း စားသောက်တတ်မည် မဟုတ်ဘဲ လူတစ်ယောက်က စောင့်ကြည့် သင်ကြားပေးနေရမည် ဖြစ်သောကြောင့် ပင် ဖြစ်ချေသည်။ သနားကြင်နာ တတ်သူ အချို့က ကလေးများကို ရဲစခန်း ကဲ့သို့သော နေရာများသို့ ခေါ်ဆောင်သွားတတ်ကြလေသည်။ သို့သော် လူငယ်များမှာ ထိုသို့ မဟုတ်ပေ။ ဤလူများ၏ အတိတ် ကို မည်သူကမျှ သံသယ ဝင်မည် မဟုတ်ချေ။ ဤအရာက အရှင်လတ်လတ် ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခြင်း အတွက် အကောင်းဆုံး သော ပစ္စည်းများ ပင် ဖြစ်လေသည်။

အကယ်၍ အမှုမှ လူသတ်သမားများ ကသာ ထို လူ ၃ ဦးကို ဖမ်းဆီး မသွားခဲ့ပါက သူ ကိုယ်တိုင်လည်း ခန္ဓာကိုယ် ၏ တစ်နေရာရာတွင် အစိတ်အပိုင်း တစ်ခုခု ပျောက်ဆုံးသွားပြီး ဖြစ်ရန် ရာခိုင်နှုန်း အလွန် များပြားလှပေသည်။ မျက်စိရှေ့ရှိ လူများ ကဲ့သို့ပင် သစ်သားပြား တစ်ခုပေါ်တွင် မှောက်လျက် လက်တစ်ဖက် ဖြင့် လှော်ခတ် သွားလာကာ လူများကို တွေ့ပါက သံဘူးလေးကို မြှောက်၍ လှုပ်ရမ်းပြနေရမည် ဖြစ်ချေသည်။

"ဒါဆို ဒီလူတွေက..."

ဝမ်ချောင်၏ မျက်လုံးများ လှုပ်ရှားသွားလေသည်။

"မစဉ်းစားပါနဲ့တော့... လက်မောင်း ပြတ်သွားရင် ပြတ်သွားတာပဲ..."

ရွှီရှန်းက ခေါင်းခါယမ်းလိုက်ပေသည်။ ရထားဘူတာရုံ အပြင်ဘက် နှင့် ပတ်ဝန်းကျင်ရှိ ကုန်တိုက်ကြီး များကို ရဲတပ်ဖွဲ့က စောင့်ကြည့်နေပြီ ဖြစ်ရာ ဤသို့ကြောင့်သာ သူက ဤနေရာတွင် အေးအေးဆေးဆေး စကားပြောနေနိုင်ခြင်း ဖြစ်ချေသည်။

"ပြီးတော့... အဲဒီ လေလွင့်နေတဲ့ သူတွေကို အလုပ်ရှာပေးတယ် ဆိုတာကလည်း... သူတို့ လုပ်နိုင်တဲ့ အရာတွေ မဟုတ်ဘူး..."

"အကောင်းဆုံး အဆုံးသတ် ကတော့ အစိုးရ က ငွေထုတ်ပေးပြီး ကျွေးမွေးထားတာပဲ... တခြားလူတွေ နဲ့ ဆက်ဆံရေးကို တတ်နိုင်သမျှ ရှောင်ရှားစေပြီး စိတ်ပညာရှင် တွေ စေလွှတ်ကာ နှစ်သိမ့် ပညာပေးမှုတွေ လုပ်ပေးတာပေါ့..."

"သေချာပေါက် မိသားစု ကို ပြန်ရှာတွေ့နိုင်ရင်တော့ အကောင်းဆုံး ပေါ့..."

ဝမ်ချောင် မှာ တိတ်ဆိတ်သွားပြီး ကော်ဖီကိုသာ တိတ်တဆိတ် သောက်နေခဲ့လေသည်။ သူ အနည်းငယ် ထိတ်လန့်နေသလို သူ၏ အနာဂတ် အတွက်လည်း မျှော်လင့်ချက် ကင်းမဲ့နေသကဲ့သို့ ခံစားနေရချေသည်။ ယမမင်း ပင်လျှင် မြင်တွေ့ပါက မျက်နှာမဲ့ကာ ရယ်မောသွားစေနိုင်သော သူ၏ ကံကြမ္မာ အရ ဆိုလျှင် မည်သည့်နေ့တွင် ဤလူများ အနက်မှ တစ်ဦး အဖြစ်သို့ ရောက်ရှိသွားမည်ကို မသိနိုင်ပေ။

'နောက်ဆိုရင်... တကယ်ပဲ အချုပ်ခန်း ထဲမှာ တစ်သက်လုံး နေသွားရတော့မှာလား...'

အထီးကျန် ဆန်သော ခံစားချက် တစ်ခုက ဝမ်ချောင် တစ်ကိုယ်လုံး ကို လွှမ်းမိုးသွားခဲ့လေသည်။ ရွှီရှန်းက ဆက်လက်၍ ဂရုစိုက်မနေတော့ဘဲ အချိန်ကို တစ်ချက် ကြည့်လိုက်ချေသည်။ အချိန်မှာ ည ၈ နာရီခွဲ သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။ သူက မတ်တတ်ရပ်ကာ အပြင်ဘက်သို့ လျှောက်သွားလိုက်လေသည်။

"ကျီ..."

ကော်ဖီဆိုင် တံခါး ပွင့်သွားပြီး ရွှီရှန်း၏ အရိပ်က လူအုပ်ကြားကို ဖြတ်သန်းကာ လူကုန်ကူးသူ များ၏ အနီးသို့ တဖြည်းဖြည်း ချဉ်းကပ်သွားခဲ့ချေသည်။ သူက မည်သည့်စကားမျှ မဆိုဘဲ သစ်သားပြား ပေါ်တွင် မှောက်လျက် လှော်ခတ်နေသော ကလေးငယ် အနီးသို့ ရောက်ရှိချိန်မှသာ ခြေလှမ်းများကို ရပ်တန့်လိုက်ပေသည်။ သူ၏ ကိုယ်ပေါ်မှ လိပ်ထားသော အနီရောင် ငွေစက္ကူ တစ်ရွက်ကို ထုတ်ယူလိုက်လေသည်။ တစ်ရွက်တည်းသာ ဖြစ်ချေသည်။

"ဒင်... ဒင်... ဒေါင်..."

"အာ... အာ..."

ခြေရင်းတွင် ရှိနေသော အသက် မပြည့်တပြည့် အရွယ် လူငယ်လေးက ခေါင်းမော့ကာ ကျန်ရှိနေသော လက်တစ်ဖက် တည်းဖြင့် သံပန်းကန်လုံး ကို လှုပ်ရမ်းလိုက်ရာ အတွင်းရှိ အကြွေစေ့ များ ထိခိုက်မိပြီး ကြည်လင် ပြတ်သားသော အသံများ ထွက်ပေါ်လာခဲ့လေသည်။ သူက ပါးစပ် ဟထားပြီး ထက်ဝက် ပြတ်တောက်နေသော လျှာကို ရွှီရှန်း မြင်တွေ့လိုက်ရချေသည်။ အဓိပ္ပာယ် မဲ့သော အော်ဟစ်သံ များ ထွက်ပေါ်လာပေသည်။ လည်ချောင်း မှာလည်း အသံအ စေသော ဆေးများကြောင့် ပျက်စီးနေပုံ ရလေသည်။

ရွှီရှန်းက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ငွေကို ပန်းကန်လုံး ထဲသို့ ပစ်ထည့်လိုက်ချေသည်။ ငွေမှာ တစ်ရွက်တည်းသာ ဖြစ်ပြီး လိပ်ထားသော စက္ကူ ဖြစ်သော်လည်း သံပန်းကန်လုံး ထဲသို့ ကျရောက်သွားချိန်တွင် ကြည်လင် ပြတ်သားသော အသံ ထွက်ပေါ်လာခဲ့ပေသည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး အနီးအနား ရှိ တောင်းရမ်း စားသောက်သူ အချို့ကိုလည်း ထိုနည်းတူပင် ပြုလုပ်ပေးခဲ့လေသည်။

အချိန်ခဏ ကြာပြီးနောက် သူ ကော်ဖီဆိုင် သို့ ပြန်လည် ရောက်ရှိလာခဲ့ချေသည်။ ထို့နောက်တွင်တော့ အပျင်းပြေ ရေသောက်ရင်း ဝမ်ချောင် နှင့် တစ်ခါတစ်ရံ စကားစမြည် ပြောဆိုနေခဲ့သော်လည်း တစ်ဖက်လူ၏ မျက်နှာပေါ်တွင် ခါးသီးသော အမူအရာများ ပြည့်နှက်နေသဖြင့် ဤကောင်လေး ဘာတွေ တွေးနေသနည်း ဆိုသည်ကို ရွှီရှန်း လည်း မသိနိုင်ချေ။ ဤသို့ဖြင့် ည ၁၁ နာရီခွဲ အချိန်သို့ ရောက်ရှိလာခဲ့လေသည်။ ဤအချိန်တွင် ရထားဘူတာရုံ မှ လူများ သိပ်ထွက်မလာတော့ဘဲ အပြင်ဘက်တွင်လည်း အတော်လေး တိတ်ဆိတ်နေကာ ကုန်တိုက် အတွင်းရှိ ဆိုင်ခန်းများ အားလုံးလည်း ပိတ်သိမ်း၍ အနားယူသွားကြပြီ ဖြစ်ပေသည်။

"ဝီ..."

အင်ဂျင် စက်သံ တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ညအမှောင် ထဲတွင် မီနီဘတ်စ်ကား နှစ်စီးက ထောင့်ချိုး နေရာမှနေ၍ ထွက်ပေါ်လာပြီး ရထားဘူတာရုံ အပေါက်ဝ တွင် ရပ်တန့်လိုက်ချေသည်။

ကားတံခါး ပွင့်လာပြီး လူရိပ် အချို့ ဆင်းလာကာ သစ်သားပြား ပေါ်တွင် မှောက်နေသူ ကို ထမ်းတင်လိုက်ပြီး ကားပေါ်သို့ ပစ်တင်လိုက်ကြလေသည်။ ထို့နောက် သစ်သားပြား ကိုပါ တစ်ပါတည်း ပစ်ထည့်လိုက်ကြပေသည်။ ၁၀ မိနစ် ခန့်မျှ အချိန်ကြာမြင့်ခဲ့ချေသည်။ ရထားဘူတာရုံ အပေါက်ဝ တွင် ဟာလာဟင်းလင်း ဖြစ်သွားပြီး နေ့ခင်းဘက်က သနားစရာ ကောင်းသော တောင်းရမ်း စားသောက်သူ များ အားလုံး ပျောက်ကွယ်သွားခဲ့လေသည်။ လေတစ်ချက် တိုက်ခတ်သွားပြီး သေလုမတတ် တိတ်ဆိတ် ငြိမ်သက်မှုကို သယ်ဆောင်လာခဲ့ချေသည်။ ဤကဲ့သို့သော ပတ်ဝန်းကျင် မျိုးတွင် မှောင်မည်းနေသော လမ်းချိုးလေး တစ်ခု အတွင်း၌ အရပ်ဝတ် ဝတ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင် အမြောက်အမြားက နံရံတွင် ကပ်လျက် တစ်ဖက်လူများ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေကြလေသည်။

"ဖျတ်..."

ရွှီရှန်းက ကိုယ်တိုင် သယ်ဆောင်လာသော တည်နေရာပြ စက်ကို ဖွင့်လိုက်ရာ မျက်နှာပြင် ပေါ်တွင် မိမိနှင့် တဖြည်းဖြည်း ဝေးကွာသွားသော တည်နေရာ အမှတ်အသား ကို မြင်တွေ့လိုက်ရချေသည်။

အမှုမှ လူသတ်သမားများ ကို လတ်တလောတွင် စနစ်တကျ စုံစမ်းစစ်ဆေးမှု များ ပြုလုပ်နေလေသည်။ ကြက်ကို ရိုက်၍ မြွေကို ခြောက်လှန့်မိမည် စိုးသဖြင့် သူတို့က တောင်းရမ်း စားသောက်သူ အမြောက်အမြား ၏ ကိုယ်ပေါ်တွင် တည်နေရာပြ စက်များ တပ်ဆင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပေသည်။ ထိုအထဲတွင် အရှင်လတ်လတ် ကိုယ်လက်အင်္ဂါ ဖြတ်တောက် ဖန်တီးထားသူ အချို့ သေချာပေါက် ပါဝင်နေမည်သာ ဖြစ်ချေသည်။ ရှာတွေ့နိုင်သရွေ့ ထိုလူများကို ဖမ်းဆီးနိုင်မည် ဖြစ်ပြီး ထို့နောက် ဤဒေသ ကို သူတို့ မည်မျှ ကျွမ်းကျင်သနည်း ဆိုသည့် အချက်အပေါ် မူတည်၍ ကွေ့ကောက်သော နည်းလမ်းများဖြင့် အမှုကို စုံစမ်းစစ်ဆေးနိုင်မည် ဖြစ်လေသည်။ ပို၍ ပို၍ ဝေးကွာသွားသော ကားအနောက်ပိုင်း ကို ကြည့်ရင်း ရွှီရှန်းက ခေါင်းလှည့်ကာ လီရှန်း တို့ကို တစ်ချက် ကြည့်လိုက်ချေသည်။

"နောက်က လိုက်ကြမယ်…”

All Chapters