← Chapters

အခန်း ၇၉၅

Vol. 69 Ch. 795

အခန်း ၇၉၅

Vol. 69 Ch. 795

အခန်း (၇၉၅)

ချန်ကျဲ့၏ မျက်နှာမှာ မည်းမှောင်သွား၏။ ၎င်း၏ မျက်လုံးထဲတွင် သူက ပိုးကောင်လေးတစ်ကောင်ထက် မပိုဘူးလို့ မြင်နေတာလား။

သို့သော် သေချာပြန်စဉ်းစားကြည့်လိုက်သောအခါ ချန်ကျဲ့အနေဖြင့် ယုတ္တိတန်သည်ဟု ခံစားလိုက်ရသည်။ ကမာကောင်ကြီး၏ ကြောက်မက်ဖွယ်ကောင်းလှသော ခန္ဓာကိုယ်ကြီးနှင့် ယှဉ်လိုက်လျှင် သူ့ကို ပိုးကောင်လေးဟု ခေါ်လိုက်ခြင်းကပင် သူ၏ အဆင့်အတန်းကို မြှင့်တင်ပေးလိုက်သလို ဖြစ်နေသေးသည်။ ၎င်း၏ မျက်လုံးထဲတွင်တော့ သူက ကပ်ပါးကောင်လေးတစ်ကောင်မျှသာ ဖြစ်လောက်ပေမည်။

ထိုသို့တွေးလိုက်ရင်း ချန်ကျဲ့က မေးလိုက်သည်။

“ငါ... ငါက မင်းကို ဘယ်လို ကူညီပေးရမှာလဲ”

ကမာကောင်ကြီးက ပြန်ဖြေသည်။

“ငါ.. ငါက မင်းရဲ့ စိတ်အာရုံနဲ့ ချိတ်ဆက်လို့ရတယ်။ ပြီးရင် မင်းက ငါ့အတွက် နောက်ထပ် လှပတဲ့ ကစားစရာအသစ်တစ်ခု ဖန်တီးပေးဖို့ ကူညီပေးရမယ်”

ချန်ကျဲ့ အမှန်တိုင်း ဝန်ခံရလျှင် ကမာကောင်ကြီး၏ တွေးခေါ်ပုံက တကယ့်ကို အံ့မခန်းပင်။ ဤမျှ အံ့မခန်း ဖန်တီးတည်ဆောက်ထားသော ဆေးဘုရင်စံအိမ်ကြီးမှာ ၎င်း၏အမြင်တွင်တော့ ကစားစရာအရုပ်ကြီး တစ်ခုမျှသာ ဖြစ်နေလေသည်။

ထိုအချက်ကို တွေးမိကာ ချန်ကျဲ့က မေးလိုက်သည်။

“ငါ... ငါက မကူညီပေးလို့ မရဘူးလား”

ထိုစကားကို ကြားလျှင် ကမာကောင်ကြီးက ပြောလာသည်။

“အို... ဒါဆိုရင်တော့ မင်းကို အပြင်ထွက်ခွင့် ပြုမှာမဟုတ်ဘူး”

ချန်ကျဲ့၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

အခြားသူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ရောက်နေချိန်တွင်၊ တစ်ဖက်လူကသာ အပြင်ထွက်ခွင့်မပြုလျှင် သူ၏ လက်ရှိ အင်အားလေးဖြင့် ဘာမှလုပ်နိုင်မည် မဟုတ်ချေ။ ဖြေရှင်းစရာ နည်းလမ်း လုံးဝ မရှိပေ။

ထိုသို့တွေးမိကာ ချန်ကျဲ့က မေးလိုက်သည်။

“ငါက မင်းအတွက် လှပတဲ့ ကစားစရာတစ်ခု ဖန်တီးပေးမယ်ဆိုရင် ငါ့ကို လွှတ်ပေးမှာလား”

ကမာကောင်ကြီးက ပြန်ဖြေ၏။

“အင်း”

ချန်ကျဲ့ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“ဒါဆိုလည်း ချိတ်ဆက်လိုက်ရအောင်”

ချန်ကျဲ့ စိတ်ထဲမှ တွေးနေစဉ်မှာပင်၊ ရုတ်တရက် သူ၏ ခေါင်းတစ်ခုလုံး ဖောင်းကားလာသကဲ့သို့ ခံစားလိုက်ရပြီး တစ်စုံတစ်ရာက အတွင်းသို့ တိုးဝင်လာသလို ခံစားလိုက်ရသည်။

ချန်ကျဲ့ မှင်သက်သွားရသည်။ ဒါက ဘာကြီးလဲ...

ထိုသို့တွေးနေစဉ်မှာပင် ချန်ကျဲ့၏ စိတ်အာရုံထဲတွင် ပန်းရောင်အလင်းတန်းလေးတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။

စိတ်အာရုံချိတ်ဆက်မှုမှတစ်ဆင့် ထိုအလင်းတန်းလေးမှာ မိန်းကလေးငယ်တစ်ဦး၏ ပုံစံအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ချန်ကျဲ့သည် သူ့ရှေ့မှောက်ရှိ မိန်းကလေးငယ်ကို ကြည့်လိုက်သည်။ အနီရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ဆံထုံးလေးနှစ်ဖက် ထုံးထားကာ ကျောက်စိမ်းလေးတစ်ခုကို ထွင်းထုထားသကဲ့သို့ လှပချစ်စရာကောင်းလှသည်။ သူ၏ ခယ်မလေး ရွေ့ရွေ့ နှင့် အထက်အောက် ချွတ်စွပ် တူညီနေလေသည်။

ထိုအခိုက်အတန့်၌ ရွေ့ရွေ့က ပါးစပ်ဟကာ ပြောလာသည်။

“အင်း... အခု ကစားစရာ စပြီး ဖန်တီးလို့ ရပြီ”

ထိုစကားကို ကြားမှသာ ချန်ကျဲ့ အသိစိတ်ပြန်ဝင်လာပြီး သူ၏ရှေ့မှောက်ရှိ ရွေ့ရွေ့နှင့် ဆင်တူလွန်းလှသော အရာလေးကို ကြည့်ကာ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ကမာကောင်ကြီးက တကယ့်ကို စွမ်းအားကြီးမားလှပြီး ဤမျှ ထင်ယောင်ထင်မှားဖြစ်စေလောက်အောင် ဖန်တီးနိုင်စွမ်း ရှိပေသည်။

ထိုသို့တွေးနေစဉ် ရွေ့ရွေ့ က ပြောလာသည်။

“မင်း အခု စပြီး စိတ်ကူးယဉ်လို့ ရပြီ။ မင်းတို့လို ပိုးကောင်လေးတွေရဲ့ စိတ်ကူးကမ္ဘာကို အစစ်အမှန်ဖြစ်လာအောင် ငါ ဖန်တီးပေးနိုင်တယ်”

“ငါတို့ရဲ့ စိတ်ကူးကမ္ဘာကို အစစ်အမှန်ဖြစ်လာအောင် လုပ်ပေးနိုင်တယ် ဟုတ်လား”

ထိုစကားကို ကြားသည်နှင့် ချန်ကျဲ့က ရွေ့ရွေ့ ကို ကြည့်လိုက်ပြီး သူ၏ စိတ်ကူးယဉ်နိုင်စွမ်းကို ချက်ချင်းပင် လွတ်လပ်စွာ ဖွင့်ချပေးလိုက်တော့သည်။

ကမာကောင်ကြီးက ကလေးတစ်ယောက်၏ စိတ်ကူးဉာဏ်မျိုးသာ ရှိသည်ဆိုမှတော့၊ သူမအတွက် ကစားကွင်းတစ်ခု ဖန်တီးမပေးရမှာလား။

ထိုသို့တွေးလိုက်သည်နှင့် ချန်ကျဲ့၏ စိတ်အာရုံထဲတွင် ကြီးမားခမ်းနားလှသော ကစားကွင်းကြီးတစ်ခု၏ ပုံရိပ်များ ချက်ချင်း ထွက်ပေါ်လာတော့သည်။

ပထမဆုံးအနေဖြင့် ဥရောပဗိသုကာလက်ရာများအတိုင်း တည်ဆောက်ထားသော ရဲတိုက်ကြီးများ ဖြစ်သည်။

ထိုအချက်ကို စဉ်းစားလိုက်သည်နှင့် ချန်ကျဲ့၏ စိတ်ထဲတွင် ရှေးဟောင်းဥရောပစတိုင် ရဲတိုက်ကြီးများ၏ ပုံရိပ်များ ရုတ်ချည်း ပေါ်လာလေသည်။

နောက်တဒင်္ဂမှာပင် ရှေးဟောင်းဥရောပစတိုင် ရဲတိုက်ကြီးတစ်ခု သူ၏ရှေ့မှောက်၌ အစစ်အမှန်အဖြစ် ထွက်ပေါ်လာသည်ကို ချန်ကျဲ့ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ ၎င်းနောက်တွင် ချန်ကျဲ့သည် မှော်တောအုပ်တစ်ခု၊ မြေအောက်မြို့တော်တစ်ခု၊ အံ့မခန်း စက်ယန္တရားမြို့တော်တစ်ခု နှင့် ရေပေါ်မြို့တော်တစ်ခုတို့ကိုပါ ထပ်မံစိတ်ကူးယဉ်လိုက်သည်။

ထို့နောက်တွင်တော့ အရောင်အသွေးစုံလင်လှသော မီးရောင်များပင် ဖြစ်သည်။

ချန်ကျဲ့၏ စိတ်ကူးပုံရိပ်များ တိုးတက်လာသည်နှင့်အမျှ ဒဏ္ဍာရီလာ ပုံပြင်များထဲမှ ကစားကွင်းကြီးတစ်ခုက ရွေ့ရွေ့ ၏ မျက်စိရှေ့မှောက်တွင် တိုက်ရိုက်ပင် ပေါ်ထွက်လာတော့သည်။

ဤတစ်ကြိမ်တွင်မူ ရွေ့ရွေ့ မှာ မျက်လုံးလေးများ ပြူးကျယ်သွားသည်အထိ အလွန်တရာ အံ့အားသင့်သွားရလေပြီ။ ဤမျှ လှပဆန်းကြယ်သော ပုံပြင်ဆန်ဆန် ကမ္ဘာမျိုးကို သူမ တစ်ခါမျှပင် မမြင်ဖူးခဲ့ချေ။

ယခင်က သူမ မြင်ဖူးခဲ့သမျှဆို၍ ချန်ချွမ်းတောင်ကြား ၏ ရှုခင်းများနှင့် ပျင်းစရာကောင်းလှသော ရှေးဟောင်းအဆောက်အအုံများသာ ရှိလေသည်။

ထိုရှေးဟောင်းအဆောက်အအုံများက လှပသည်ဆိုသော်ငြား၊ သူမ၏ မျက်လုံးထဲတွင်တော့ ရှေးရိုးဆန်ပြီး ပျင်းစရာကောင်းလွန်းလှကာ ယခု သူမရှေ့မှောက်ရှိ အံ့မခန်းစွဲမက်ဖွယ်ကောင်းသော ကမ္ဘာကြီးကို လုံးဝ မယှဉ်နိုင်ပေ။

ထို့နောက် ချန်ကျဲ့သည် သူ၏စိတ်ထဲတွင် ရိုလာကိုစတာတစ်ခုကို ထပ်မံ ဖန်တီးလိုက်သည်။

နောက်တဒင်္ဂမှာပင် ရွေ့ရွေ့ က ချန်ကျဲ့၏လက်ကို ဆွဲကိုင်လျက် ရိုလာကိုစတာပေါ်သို့ တိုက်ရိုက်ပျံသန်းသွားကာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသော စီးနင်းမှု၏ စိတ်လှုပ်ရှားဖွယ်ရာ အရသာကို ခံစားလိုက်လေသည်။

မကြာမီမှာပင် ရေစီးကြောင်းများပေါ်တွင် ကစားနိုင်သည့် ရေကန်ကြီးတစ်ခုဆီသို့ ရောက်ရှိသွားကြသည်။

ပင်လယ်ဓားပြသင်္ဘောများ၊ ချားရဟတ်များ၊ ဘန်ပါကားများ...

ချန်ကျဲ့သည် ဤကမ္ဘာလောကကြီးထဲတွင် ကစားကွင်းတစ်ခုလုံးကို နီးပါး တိတိကျကျ ပုံတူကူးချ ဖန်တီးလိုက်လေပြီ။ ဤအချိန်တွင်မူ ကမာကောင်ကြီးမှာ မျက်လုံးများ ပြူးကျယ်လျက် လုံးဝ မှင်သက်ကြောင်အလျက် ကြည့်နေတော့သည်။

ချန်ကျဲ့၏ ပါရမီပါလှပြီး သမားရိုးကျမဟုတ်သော စိတ်ကူးအကြံဉာဏ်များကြောင့် ၎င်းမှာ လုံးဝကို မှင်သက်အံ့ဩသွားရသည်။ ယဉ်ကျေးမှု ကျူးကျော်ဝင်ရောက်ခြင်းဆိုသည်မှာ အဘယ်နည်း။

ဒါက ခေတ်သစ်ယဉ်ကျေးမှု အစိတ်အပိုင်းများကို အသုံးပြု၍ ရှေးဟောင်းယဉ်ကျေးမှုတစ်ခုကို တုန်လှုပ်သွားစေသည့် ချန်ကျဲ့၏ ယဉ်ကျေးမှု ကျူးကျော်ဝင်ရောက်ခြင်း ပြသမှုပင် ဖြစ်သည်။

ဤကဲ့သို့သောအရာများမှာ ယခင်က လုံးဝ မဖြစ်နိုင်ခဲ့သော်လည်း၊ ကမာကောင်ကြီး ရှိနေခြင်းကြောင့် စိတ်ကူးယဉ်သမျှ အရာအားလုံးက အစစ်အမှန် ဖြစ်လာနိုင်ချေ ရှိနေလေသည်။

သို့သော် လူတို့အတွက် မိမိတို့ တစ်ခါမျှ မမြင်ဖူးသောအရာများကို စိတ်ကူးယဉ်ရန် ခက်ခဲလှသည်။ ထို့ကြောင့် ရှေးခေတ်လူများ၏ စိတ်ကူးယဉ်နိုင်စွမ်းမှာ ခေတ်သစ်လူသားများ၏ ကြွယ်ဝလှသော စိတ်ကူးယဉ်နိုင်စွမ်းကို မည်သို့မျှ မယှဉ်နိုင်ချေ။

ထို့ကြောင့် ချန်ကျဲ့၏ စိတ်ထဲမှ ကြွယ်ဝလှသော ကမ္ဘာကြီးက ကမာကောင်ကြီးကို နေရာတင် မှင်သက်တုန်လှုပ်သွားစေခဲ့သည်။

ချန်ကျဲ့၏ ကစားကွင်းကြီးနှင့် ယှဉ်လိုက်သောအခါ တာအိုဆရာကြီး၏ စိတ်ကူးယဉ်နိုင်စွမ်းမှာ အလွန်တရာ ဆင်းရဲချို့တဲ့လွန်းလှသည်ဟု ဆိုရပေမည်။

အကယ်၍ အခြားလူတစ်ယောက်ယောက်ကများ ဆေးဘုရင်စံအိမ် ကို လာရောက်ရှာဖွေရင်း ဤအရာအားလုံးနှင့် အမှတ်မထင် ဆုံတွေ့သွားခဲ့လျှင် ဘာတွေများ ဖြစ်လာမလဲ ဟု ချန်ကျဲ့ သိချင်စိတ် ပြင်းပြနေမိသည်။ သူတို့ ဘယ်လိုများ တုံ့ပြန်ကြမလဲ၊ သို့မဟုတ် ရူးသွပ်သွားကြမလား။

မည်သို့ပင်ဖြစ်စေ ဤကမ္ဘာကြီးက မှော်ဆန်လွန်းလှသည် မဟုတ်ပါလော။

ထိုသို့တွေးရင်း ချန်ကျဲ့သည် ကမာစစ်သူကြီး ကဲ့သို့ပင် တာဝန်ထမ်းဆောင်နိုင်မည့် အစောင့်အရှောက်အချို့ကိုပါ ကမာကောင်ကြီးအတွက် ဖန်တီးပေးလိုက်သေးသည်။

သို့သော် ချန်ကျဲ့၏ အစောင့်အရှောက်များမှာ တရားဝင်ဖြစ်လှသော ကမာစစ်သူကြီး နှင့် လုံးဝ မတူညီကြပေ။ ထိုအစား...

“ငါက ပင်လယ်ဓားပြဘုရင် ဖြစ်လာမယ့်လူပဲကွ”

“ငါက သေချာပေါက် ဟိုကာခဲ ဖြစ်လာမှာပဲ”

“ဝူတန်ဂိုဏ်းက ဝမ်ယဲ့၊ ကောင်းကင်အရှင်သခင်ကြီးကို ဂါရဝပြုပါတယ်”

“ချစ်စရာဆိတ်ကလေး (ရှီးယန်ယန်)၊ ငါ ပြန်လာခဲ့မယ်ကွ”

ရူးသွပ်မှုပေါင်းစုံ ကြီးစိုးလျက်၊ ချန်ကျဲ့၏ စိတ်ကူးယဉ်နိုင်စွမ်းမှာ အလွန်တရာ ကျယ်ပြန့်လွန်းလှသည်။ ကမာကောင်ကြီးမှာလည်း ပျော်ရွှင်လွန်းသဖြင့် တခစ်ခစ် ရယ်မောနေတော့သည်။ ထိုအခိုက်အတန့်၌ ကမာကောင်ကြီး အဖြစ် ယူထားသော ရွေ့ရွေ့ သည် ကောက်ရိုးဦးထုပ်နှင့် လူငယ်လေး (လူးဖီး) ကို လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။

“မင်းကို နယ်မြေကင်းလှည့်စစ်သူကြီး အဖြစ် ငါ ခန့်အပ်လိုက်ပြီ။ သွား... မင်းရဲ့ တာဝန်တွေကို ထမ်းဆောင်ချေ”

ထိုသို့ပြောလိုက်သည်နှင့် ထိုလူငယ်လေးက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ”

ထို့နောက် သူက ရွှေရောင်ဆံပင်နှင့် နာရူတို၊ သွေးအေးအေးနှင့် ဝမ်ယဲ့ နှင့် စကားပြောတတ်သော ဝံပုလွေ (မီးခိုးရောင်ဝံပုလွေကြီး ထိုက်လန်) တစ်ကောင်တို့ကို ခေါ်ဆောင်သွားကာ ဤပုံပြင်ဆန်ဆန် တိုင်းပြည်ကြီးအတွင်း၌ ကင်းလှည့်ရန် စတင်ထွက်ခွာသွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

ဤ အဓိပ္ပာယ်မရှိလှသော မြင်ကွင်းကြီးကို ကြည့်ရင်း ချန်ကျဲ့မှာ ဘာပြောရမှန်းပင် မသိအောင် ဖြစ်နေတော့သည်။

ထိုစဉ် ကမာကောင်ကြီးက ချန်ကျဲ့ကို တောက်ပနေသော မျက်လုံးလေးများဖြင့် ကြည့်ကာ ပြောလာသည်။

“ပိုးကောင်လေး... မင်းက တကယ် မိုက်တာပဲ၊ ဟိုအဘိုးကြီးထက် အများကြီး ပိုစွမ်းတယ်”

ထိုစကားကို ကြားသော်လည်း ချန်ကျဲ့မှာ ဘယ်လိုတုံ့ပြန်ရမည်ကို မသိတော့ပေ။

သို့သော် ထိုအခိုက်အတန့်၌ပင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ရော်ဘာ ရော်ဘာ... လက်သီး...”

ဝုန်းခနဲ မြည်သံနှင့်အတူ လူတစ်ယောက်မှာ လူးဖီး ၏ လက်သီးချက်ကြောင့် လွင့်စဉ်လာကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ သူ၏ မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ အပြည့်ဖုံးလွှမ်းနေပြီး ဘေးပတ်ဝန်းကျင်ကို ကြောင်အမ်းအမ်းဖြင့် လိုက်လံကြည့်ရှုနေလေသည်။

“ဒါ ရူးသွပ်မှုပဲ၊ တကယ့် ရူးသွပ်မှုကြီးပဲ... ဒါတွေက ဘာတွေလဲ... အား... ငါ့ကို အပြင်လွှတ်ပေးကြ...”

ထိုဆူညံသံကြောင့် ချန်ကျဲ့ လန့်ဖျပ်သွားပြီး လှည့်ကြည့်လိုက်ရာ၊ ဟွမ်ကျိုးပြည်နယ် မြို့စောင့်တပ်မှူး ပါးထန် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ပါးထန်တစ်ယောက် ဦးရေပြားများ ကျိန်းစပ်သွားသည်အထိ ထိတ်လန့်နေပြီး ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုနေလေသည်။

စာကလေးလေးတစ်ကောင်ကို စိမ်းသက်လှသော ပတ်ဝန်းကျင်အသစ်တစ်ခုဆီသို့ ရုတ်တရက် ပစ်ထည့်လိုက်သကဲ့သို့ပင်။

ကြောက်ရွံ့ခြင်း... အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေခြင်းများသာ။

အဲဒီ မိစ္ဆာကောင်ကြီးက ဘာကြီးလဲ၊ ဘာလို့ သူ့လက်မောင်းတွေက ဆန့်ထွက်လာနိုင်ရတာလဲ...

ပါးထန် တစ်ယောက် ရူးတော့မည်ဟု ခံစားနေရလေပြီ။

All Chapters