အခန်း ၇၉၇
Vol. 69 Ch. 797
အခန်း (၇၉၇)
သူသည် မိစ္ဆာကောင်လေးကောင်နှင့် ထိပ်တိုက်တိုးခဲ့သည်။ သုံးကောင်မှာ လူသားပုံစံရှိပြီး၊ တစ်ကောင်ကတော့ ဝံပုလွေခေါင်းနှင့်ဖြစ်ကာ ခေါင်းပေါ်တွင် စုတ်ပြဲနေသော ဦးထုပ်တစ်လုံးကို ဆောင်းထားလေသည်။
ထိုဝံပုလွေမိစ္ဆာက သူ့ကိုမြင်သည်နှင့် အသံထွက်လာသည်။
“အာဟား... ကပ္ပတိန်၊ ကျူးကျော်သူတစ်ယောက်ကို တွေ့ထားတယ်၊ သူ့ကို ကျုပ်ပဲ ရှင်းလိုက်မယ်”
ဝံပုလွေမိစ္ဆာက ခုန်အုပ်ရန် ပြင်လိုက်စဉ်မှာပင် ရွှေရောင်ဆံပင်နှင့် လူငယ်လေးက ဖြတ်ပြောလိုက်သည်။
“ငါ့ကိုပဲ ကိုင်တွယ်ခွင့်ပေးတာ ပိုကောင်းမယ်... နင်ဂျာသိုင်း၊ အရိပ်ကိုယ်ပွားသိုင်း”
ထိုသို့ပြောပြီးသည်နှင့် ရွှေရောင်ဆံပင်နှင့် လူငယ်လေးမှာ ဝှစ် ခနဲ အသံနှင့်အတူ သုံးယောက်အဖြစ် ကိုယ်ပွားထွက်လာတော့သည်။
ထို့နောက် သက်သောင့်သက်သာနှင့် အေးဆေးလွန်းလှသည့်ပုံစံရှိသော တာအိုဝတ်ရုံနှင့် လူငယ်က နားထဲကို ကလော်ရင်း ပြောလာသည်။
“မင်းတို့ပဲ လုပ်ကြ၊ မင်းတို့ပဲ လုပ်ကြပါကွာ...”
ထိုအခိုက်အတန့်မှာပင် အနီရောင်အင်္ကျီ၊ ဘောင်းဘီတိုအပြာ၊ ခါးပတ်အဝါရောင်တို့ကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် ကြက်ခြေခတ် အမာရွတ်တစ်ခုရှိကာ ကောက်ရိုးဦးထုပ် ဆောင်းထားသော အဖွဲ့ခေါင်းဆောင်ဖြစ်သူက ဖြူဖွေးတောက်ပနေသော သွားအကြီးကြီးများ ပေါ်လာသည်အထိ ပြုံးဖြီးဖြီးလုပ်ကာ ပြောလေသည်။
“ဟဲဟဲ... ကျူးကျော်သူဆိုမှတော့ ကပ္ပတိန်ဖြစ်တဲ့ ငါကိုယ်တိုင် ရှင်းရမှာပေါ့ကွ”
ထို့နောက် သူက နားမလည်နိုင်သော ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုတော့သည်။
“ရော်ဘာ ရော်ဘာ...”
ပါးထန်တစ်ယောက် နေရာတွင်ပင် မှင်သက်ကြောင်အမ်းနေစဉ်၊ ထိုလူငယ်၏ လက်မောင်းကြီးများမှာ ရှည်လျားစွာ ဆန့်ထွက်လာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
ဝုန်းခနဲ မြည်သံနှင့်အတူ၊ ပါးထန်မှာ လွင့်စဉ်ထွက်သွားတော့သည်။
ထို့နောက် သူသည် ဤနေရာသို့ ပစ်ပေါက်ခံလိုက်ရခြင်းဖြစ်သည်။ ဒီနေရာ... ဒီနေရာက ဘယ်လို ငရဲမျိုးကြီးလဲ။
ပါးထန်သည် ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို လိုက်လံကြည့်ရှုရင်း ရူးသွပ်လုမတတ် ဖြစ်နေသည်။ သူ တကယ်ပဲ ရူးသွပ်သွားပြီလား၊ ဒါမှမဟုတ် ကြောက်မက်ဖွယ်ကောင်းသော ကျိန်စာတစ်ခုခု သင့်သွားတာလား ဟုပင် ယုံကြည်နေမိသည်။
ဒီနေရာက အရမ်းကို ကြောက်စရာကောင်းလွန်းလှသည်။ ဆေးဘုရင်စံအိမ်ထဲက ထောင်ချောက်တွေထက် အဆတစ်ရာ၊ အဆတစ်ထောင်မက ပိုပြီး ကြောက်စရာကောင်းနေသည်။ နေရာတိုင်းတွင် ညှဉ်းပန်းနှိပ်စက်ရေး ကိရိယာများ၊ တစ္ဆေသရဲများ၊ မိစ္ဆာများနှင့် လက်မောင်းများကို ရှည်ထွက်အောင် ဆန့်ထုတ်နိုင်သူများ ရှိနေသည်။
ဒါ... ဒါကြီးက... ငါ့ကို ဘယ်သူ လာကယ်မှာလဲ...
“ဒါတွေအကုန်လုံး အတုတွေပဲ။ အတုတွေ... ဒီကမ္ဘာပေါ်မှာ ဒီလို အဓိပ္ပာယ်မရှိတာတွေ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ... မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး”
အဓိပ္ပာယ်မရှိတာ၊ ရယ်စရာကောင်းလောက်အောင်ကို အဓိပ္ပာယ်မရှိတာ။ ကြောက်စရာကောင်းလောက်အောင်ကို အဓိပ္ပာယ်မရှိတာ။
ပါးထန်သည် ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို မျက်တောင်မခတ်တမ်း ကြည့်နေရင်း၊ ဤနေရာက တကယ့်ကို အသက်ရှင်လျက် ကျခံရသော ငရဲပြည်ကြီးတစ်ခု ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
အပြင်ပန်းခမ်းနားမှုတွေကို ကြည့်ပြီး မလှည့်စားခံလိုက်နှင့်။ ထိုခမ်းနားမှုများ၏ အနောက်တွင် အသက်အန္တရာယ်ရှိသော သေမင်းတမန် အန္တရာယ်များ ကိန်းအောင်းနေလေသည်။
ပါးထန်သည် မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ အပြည့်ဖုံးလွှမ်းလျက် ဘေးပတ်ဝန်းကျင်ကို ကြောင်အမ်းအမ်းဖြင့် လိုက်လံကြည့်ရှုနေလေသည်။
“ဟေး... ပိုးကောင်လေး၊ ဒီတစ်ယောက်က မင်းနဲ့ အတူတူလာတာလား”
ကမာကောင်ကြီး (ရွေ့ရွေ့) သည် သွေးပျက်မတတ် ကြောက်လန့်နေသော ပါးထန်ကို ကြည့်ရင်း၊ ခေါင်းလေးစောင်းကာ ချန်ကျဲ့ကို မေးလိုက်သည်။
သူ၏ ခယ်မလေးရွေ့ရွေ့ နှင့် တစ်ပုံစံတည်း တူညီလွန်းလှသော သူမကို ကြည့်ရင်း၊ ကမာကောင်ကြီး၏ အံ့မခန်းလက်ရာကို ချန်ကျဲ့ စိတ်ထဲမှ ချီးကျူးနေမိတော့သည်။
“မဟုတ်ဘူး... သူက ငါ့ရဲ့ ရန်သူပဲ” ချန်ကျဲ့က ဖြေလိုက်သည်။
ကမာကောင်ကြီးမှာ ချန်ကျဲ့ ဘာကိုဆိုလိုမှန်း နားမလည်သဖြင့် မျက်မှောင်လေး ကုတ်သွားကာ မေးလိုက်သည်။
“ရန်သူ ဆိုတာ ဘာအဓိပ္ပာယ်လဲ”
သူမသည် လူသားကမ္ဘာမှ စကားလုံးများစွာကို နားမလည်ပေ။ သိသာထင်ရှားစွာပင်၊ တာအိုဆရာကြီးက သူမကို ထိုအရာများ သင်မပေးခဲ့ချေ။
ချန်ကျဲ့က ရှင်းပြလိုက်သည်။
“အဲဒါက ငါက သူ့ကို သတ်ရမယ်၊ ဒါမှမဟုတ် သူက ငါ့ကို သတ်မယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သတ်တယ် ဆိုတာကိုတော့ မင်း နားလည်တယ် မဟုတ်လား”
ချန်ကျဲ့က မေးလိုက်ရာ ကမာကောင်ကြီးက ခေါင်းကို တဆက်ဆက် ညိတ်ပြသည်။
“နားလည်ပြီ... ဒါဆို ရန်သူ ဆိုတာ အစားအစာ ကို ပြောတာပေါ့”
ချန်ကျဲ့က ခေါင်းခါလိုက်ပြီး သူမကို ပြောလိုက်သည်။
“မဟုတ်ဘူး... အစားအစာ မဟုတ်ဘူး”
“ဟင်... မင်းက သူ့ကို စားဖို့အတွက် သတ်တာ မဟုတ်ဘူးလား”
“မစားဘဲနဲ့ ဘာလို့ သတ်ရမှာလဲ”
ကမာကောင်ကြီးသည် သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း လုံးဝ နားမလည်နိုင်ဖြစ်နေသည်။ သူမက တိရစ္ဆာန်ကမ္ဘာ၏ ယုတ္တိဗေဒဖြင့်သာ တွေးတောနေခြင်း ဖြစ်သည်။
တိရစ္ဆာန်များသည် ဗိုက်ဆာချိန်တွင် ဝမ်းရေးအတွက်သာ အခြားသတ္တဝါများကို သတ်ဖြတ်လေ့ရှိကြသည်။ ဗိုက်မဆာလျှင် အခြားသတ္တဝါများကို တိုက်ခိုက်လေ့ မရှိကြပေ။
သို့သော် လူသားများကတော့ ကွာခြားလေသည်။ လူသားများသည် လိုအင်ဆန္ဒများကြောင့် အခြားတိရစ္ဆာန်များကို သတ်ဖြတ်နိုင်ကြပြီး၊ အချို့ဆိုလျှင် မည်သည့် ရည်ရွယ်ချက်မှမရှိဘဲ မိမိကိုယ်ကို ကျေနပ်စေရန်သက်သက်မျှဖြင့် အခြားသူများကို သတ်ဖြတ်တတ်ကြသေးသည်။
ထိုသို့သောသူများကို လူ့အဖွဲ့အစည်းတွင် လူသတ်သမားများ ဟု ခေါ်ကြသော်လည်း၊ တိရစ္ဆာန်လောကတွင်မူ မိမိကိုယ်ကို ပျော်ရွှင်စေရန်သက်သက်အတွက် မျိုးနွယ်တူအချင်းချင်း သတ်ဖြတ်ကြသည်ဆိုသည်မှာ လုံးဝ မရှိသလောက်ပင် ဖြစ်သည်။
ကမာကောင်ကြီးသည် ချန်ကျဲ့၏ လုပ်ရပ်များကို သိပ်ပြီး နားမလည်နိုင်ပေ။ သို့သော်လည်း လူသားကလေးငယ်တစ်ဦးနှင့် ယှဉ်နိုင်သော ဉာဏ်ရည်ဉာဏ်သွေးဖြင့် သူမက ဆက်မေးရန် ဆုံးဖြတ်လိုက်သည်။
“ဒါဆို မင်းက သူ့ကို သတ်တော့မှာလား”
ကမာကောင်ကြီးက ချန်ကျဲ့ကို ကြည့်ကာ မေးလိုက်ရာ ချန်ကျဲ့က ပြန်ဖြေသည်။
“မင်းရဲ့ အစောင့်အရှောက်တွေကကော သူ့ကို မသတ်နိုင်ဘူးလား”
“အဲဒါကတော့ ရနိုင်ပါတယ်။ ဒါပေမဲ့ မင်းတို့လို ပိုးကောင်လေးတွေရဲ့ ရန်သူတွေကိုကျတော့ ကိုယ်တိုင်ကိုယ်ကျ ရှင်းပစ်မှ ကျေနပ်မှုရတယ်ဆို... အဲဒါ ဟိုအဘိုးကြီး ငါ့ကို ပြောပြခဲ့တာလေ”
ချန်ကျဲ့သည် ကမာကောင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပါးထန် ရှိရာသို့ လှမ်းကြည့်လိုက်သည်။
ဒီလိုဆိုမှတော့လည်း ငါပဲ ကိုယ်တိုင် ရှင်းလိုက်တာ ကောင်းပါတယ်လေ...
ထိုသို့ တွေးလိုက်ပြီး ကမာကောင်ကြီးကို ပြောလိုက်သည်။
“ဒါဆို ငါ့ကို သူ့ဆီ ပို့ပေး”
ကမာကောင်ကြီးက ပြုံးလိုက်ပြီး ပြန်ဖြေသည်။
“အိုကေ”
နောက်တဒင်္ဂမှာပင်၊ သူ့ရှေ့မှောက်ရှိ မြင်ကွင်းများ ရုတ်ချည်း ပြောင်းလဲသွားပြီး မကြာမီမှာပင် ချန်ကျဲ့သည် ကစားကွင်းကြီး၏ အလယ်ဗဟိုသို့ ရောက်ရှိသွားတော့သည်။
“ဒါတွေအကုန်လုံး အတုတွေပဲ။ ဘယ်သူလဲ... ဘယ်သူရှိလဲ။ ထွက်ခဲ့စမ်း... ထွက်ခဲ့စမ်း...”
ပါးထန် ရူးသွပ်စွာ အော်ဟစ်နေစဉ်မှာပင်၊ သူ၏ အနောက်ဘက်ရှိ လေဟာနယ်တွင် လှိုင်းဂယက်လေးများ ထသွားပြီးနောက် ချန်ကျဲ့ ရုတ်တရက် ပေါ်လာလေသည်။
သူ၏ အနောက်ဘက်မှ လှုပ်ရှားမှုကို အာရုံခံမိသော ပါးထန်သည် လျှပ်တစ်ပြက် လှည့်ကြည့်လိုက်သည်။
ထို့နောက် ချန်ကျဲ့ကို မြင်တွေ့လိုက်ရသောအခါ သူ၏ မျက်လုံးများ ရုတ်ချည်း တောက်ပသွားတော့သည်။ နောက်ဆုံးတော့... နောက်ဆုံးတော့ သူ သာမန်လူတစ်ယောက်ကို မြင်တွေ့ရပြီပဲ။
ပါးထန်၏ မျက်နှာပေါ်တွင် မမျှော်လင့်ဘဲ ဝမ်းသာသွားသည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။ ဤနေရာရှိ ဘယ်အရာထက်မဆို ချန်ကျိုစစ် ကို သူ ပိုပြီး တွေ့ချင်နေခဲ့မိသည်။ အနည်းဆုံးတော့ သူက လူသားပုံပေါက်နေသေးသည် မဟုတ်ပါလော။
ချန်ကျဲ့က သူ့ကို စကားစပြောလိုက်သည်။
“ပါးထန်... နောက်ဆုံးတော့ ငါတို့ နှစ်ယောက်တည်း ရှင်းရမယ့် အချိန်ရောက်လာပြီပေါ့လေ”
ပါးထန်သည် ချန်ကျဲ့ကို ကြည့်ကာ မေးလိုက်သည်။
“နန်ပါးထျန်း ကော ဘယ်ရောက်သွားပြီလဲ”
ချန်ကျဲ့က ခပ်တိုတို ပြန်ဖြေသည်။
“သေပြီ”
ပါးထန်က ရယ်မောလိုက်သည်။
“ဟဲဟဲဟဲ... ကြည့်ရတာ မင်းက ငါ့ကို လာသတ်တာပဲ”
ချန်ကျဲ့က ပြုံးလျက် ပြန်ပြောသည်။
“ဟုတ်ပါတယ်။ ငါတို့ကြားက ပြဿနာတွေကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီလေ”
ထိုစကားကို ကြားသောအခါ ပါးထန်က ပြောသည်။
“အဆုံးသတ်မယ်... ကောင်းပြီလေ။ ဒါပေမဲ့ ငါတို့ အခု ရောက်နေတာက ဘယ်နေရာလဲ။ ဒီနေရာက ငရဲပြည် လား”
ချန်ကျဲ့က ပြန်ဖြေသည်။
“ဒီနေရာက ကစားကွင်းလေ”
“ဒီလိုနေရာမျိုးမှာများ ပျော်စရာဆိုတာ ရှိနိုင်သေးလို့လား”
ပါးထန်သည် ဒီနေ့အတွက် သူ အပြောချင်ဆုံး စကားကို ပြောချလိုက်သည်။
“ဘာလို့ မရှိရမှာလဲ။ ဒီနေရာက အတော်လေး ပျော်စရာကောင်းပါတယ်”
ထိုအချိန်မှာပင် ကလေးငယ်တစ်ယောက်၏ အသံလေး ထွက်ပေါ်လာပြီးနောက်၊ အရောင်အသွေးစုံလင်သော မီးရောင်များ တပ်ဆင်ထားသည့် ရထားငယ်လေးတစ်စီး ချူချူချိချိ မြည်ကာ သူတို့ဆီသို့ ပြေးလာနေသည်ကို ပါးထန် မြင်လိုက်ရသည်။
ရထားပေါ်တွင် လူတစ်အုပ်လည်း ပါလာလေသည်။
ကောက်ရိုးဦးထုပ်နှင့် လက်မောင်းရှည်ရှည် ဆန့်ထုတ်နိုင်သော မိစ္ဆာ၊ မိမိကိုယ်ကို ကိုယ်ပွားဖန်တီးနိုင်သည့် ရွှေရောင်ဆံပင်နှင့် လူငယ်၊ သွေးအေးအေး တာအိုဘုန်းကြီး၊ စကားပြောတတ်သော ဝံပုလွေကြီး၊ ထို့အပြင် ရထား၏ အနောက်ဆုံးတွဲတွင် သုံးခွခက်ရင်းများကို ကိုင်ဆောင်ထားသည့် နွားခေါင်းနှင့် မြင်းခေါင်း မိစ္ဆာနှစ်ကောင်ပင် ထိုင်လိုက်လာကြသေးသည်။