← Chapters

အခန်း ၇၃၁

Vol. 55 Ch. 731

အခန်း ၇၃၁

Vol. 55 Ch. 731

အပိုင်း ၇၃၁- နှလုံးသားတစ်ဝက်

ယွမ်ရှောင်က ချောင်ရူထံ ပို့ပေးလိုက်သော သတင်းပို့အဆောင်တွင် ကူစုဝမ်နှင့် ယုရင်အား သတင်းပေးရန် စေခိုင်းလိုက်ခြင်း ဖြစ်သည်။ တော်ဝင်သားတော် ရောက်ရှိလာ၍ တော်ဝင်နန်းတော်ရှိ အင်အားစုများကို ရှင်းလင်းထားရန် ညွှန်ကြားခဲ့ပြီး သို့မှသာ ထိုနေရာသို့ ရောက်လာလျှင် အမှန်တရားကို ဆက်လက် ဖုံးကွယ်ထားနိုင်ပေလိမ့်မည်။ လက်ရှိ အဖြစ်နိုင်ဆုံး အခြေအနေသည် တော်ဝင်သားတော်က လုဖန်ကို ချေမှုန်းပြီးနောက် ထိုက်မင်းဆက်၏ နန်းတော်သို့ သွားရောက်ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မဟာတာအိုနယ်မြေအတွင်း တိုင်းခန်းလှည့်လည်မည် ဆိုလျှင်လည်း သာမန်အင်မော်တယ်များကို နှုတ်ပိတ်ထားရန် အရေးကြီးပေသည်။ အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်တစ်ယောက်က အောက်ခြေလူတန်းစားနှင့် အလွယ်တကူ ဆက်ဆံလေ့မရှိသော်လည်း မထင်မှတ်ထားသော ပြဿနာများကို ကာကွယ်ရန် ယွမ်ရှောင်အနေဖြင့် အလွတ်မပေးရဲချေ။

"တော်ဝင်သားတော်က လုဖန်ဆီကို သတင်းရောက်သွားမှာ စိုးရိမ်နေတာလား"

"မင်းလူတွေက ယုံကြည်ရတယ်ဆိုရင် ထားလိုက်ပါ"

အကင်းပါးသော ရှန်ရီက မေးလိုက်သောအခါ တစ်ဖက်လူသည် သဘောထား ပျော့ပြောင်းစွာ ဖြေခဲ့သည်။

"ဒါက မင်းသမီး ကြင်ယာတော် ယွမ်ရှောင်ပါ။ ကျွန်မတို့က နှစ်ပေါင်းများစွာ သေအတူရှင်မကွာ ဖြတ်သန်းခဲ့ကြပြီး လုဖန်နဲ့ ကမ္ဘာမကြေ ရန်သူလည်း ဖြစ်ပါတယ်"

ခင်ပွန်းဆိုသော စကားလုံးကြောင့် တော်ဝင်သားတော်က တစ်ချက် စိုက်ကြည့်ပြီး ရယ်မောလိုက်သည်။

"မင်းသမီးရဲ့ မျက်နှာသာပေးတာကို ခံရတယ်ဆိုတော့ မင်းက ဒီနယ်မြေရဲ့ ရှားပါး ပါရမီရှင်လေး ဖြစ်ရပါမယ်"

"မခံယူဝံ့ပါဘူး။ ကျုပ်က သာမန်လူတစ်ယောက်ပါ"

"မင်းတို့ သုံးယောက်က ငယ်ရွယ်ပေမယ့် နယ်မြေတစ်ခုရဲ့ မျှော်လင့်ချက်ကို ထမ်းပိုးထားနိုင်တာ ချီးကျူးစရာပဲ။ သူကရော ဘယ်လိုပတ်သက်လဲ"

သူက ဤသို့မှတ်ချက်ပေး၍ စစ်မင်းသမီးကို မေးငေါ့ပြသည်။

"တော်ဝင်သားတော်ကို ဂါရဝပြုပါတယ်"

စစ်မင်းသမီး၏ စိတ်ထဲတွင် ကိန်းကြီးခန်းကြီးနိုင်လှသော လူငယ်ကို အကြိမ်ပေါင်းထောင်ချီ ဆဲဆိုနေခဲ့သော်လည်း အပြင်ပန်းတွင် လှပစွာ ပြုံးပြလိုက်၏။ ထို့နောက် တော်ဝင်သားတော်က စကားထပ်မပြောတော့ဘဲ လေးနက်တည်ကြည်သော အမူအရာဖြင့် လမ်းပြသည့်အတိုင်း လိုက်ပါလာခဲ့သည်။ သူ၏ အကြည့်က ရှေ့တွင် ဦးဆောင်နေသော ရှန်ရီ အပေါ် ကျရောက်နေသည်လား သို့မဟုတ် အဝေးရှိ ရန်သူများထံ ရောက်နေသည်လား မသေချာပေ။

"မင်းသမီး၊ မင်းရဲ့ အသက်က ဘယ်လောက်လဲ။ ကျင့်ကြံဆင့်ကရော..."

ထို့နောက် သူက ရုတ်တရက် မေးလာပြန်သည်။

"အသက် ၁၅နှစ်၊ ညနတ်ဘုရားနယ်ပယ် နောက်ပိုင်းအဆင့် ဖြစ်ပါတယ်"

"သြော် ဟုတ်လား"

တော်ဝင်သားတော်က သူမ၏ ပါရမီအပေါ် အမှန်တကယ် သဘောကျနေပုံပေါ်သည်။

"ဒီအသက်အရွယ်လောက်နဲ့ ထူးချွန်လွန်းတယ်။ မင်းကို ဘိုးဘေးတွေကတောင် ထူးခြားတဲ့ ပါရမီရှင်အဖြစ် သတ်မှတ်ကြလိမ့်မယ်။ စကားမစပ်၊ ငါတို့ခေတ်မှာ အမြင့်မြတ်ဆုံး အင်မော်တယ်ဧကရီအဖြစ် သတ်မှတ်ကြတဲ့ အဒေါ်တစ်ယောက် ရှိသေးတယ်။ သူမက ငါ့ထက်စာရင် အများကြီး ပိုပြီး သာလွန်တယ်"

အဒေါ်ဖြစ်သူအကြောင်း ထွေရာလေးပါး ပြောပြနေသော တော်ဝင်သားတော်၏ မျက်လုံးများတွင် လေးစားမှုတို့ ပြည့်နှက်နေသည်။

"လွန်ခဲ့တဲ့ မိသားစု အစည်းအဝေးမှာ အဒေါ်က အမွေခံအဖြစ် နှလုံးသား သန့်စင်ပြီး ကြင်နာတတ်တဲ့ တပည့်တစ်ယောက် ရှာချင်တယ်လို့ ပြောခဲ့တာ ကြားဖူးတယ်"

"ဒါဆိုရင် တော်ဝင်သားတော် ပြောချင်တာက..."

ရှန်ရီက ခပ်တိုးတိုး စကားထောက်လိုက်သောအခါ တစ်ဖက်လူသည် ပြုံး၍ ဆက်ပြောသည်။

"မင်းက အဲ့ဒီနေရာနဲ့ သင့်တော်လောက်တယ်။ အပြစ်သားကို သုတ်သင်ပြီးရင် ငါနဲ့အတူ ဘိုးဘေးနယ်မြေကို လိုက်လာသင့်တယ်။ ဒါပေမယ့် အဒေါ်က တပည့်ရွေးရာမှာ တင်းကြပ်လို့ ငါ အာမ မခံရဲဘူး"

"သူမရဲ့ ဆက်ခံသူဖြစ်ဖို့ ဆိုတာက မမျှော်လင့်ရဲပါဘူး"

"ကိုယ့်ကိုကိုယ် အထင်မသေးနဲ့။ ငါ့ဆုံးဖြတ်ချက်ကို ယုံကြည်လိုက်ပါ။ တကယ်လို့ ဒေါ်လေးက လက်မခံဘူးဆိုရင်လည်း မင်းကို ဒီနယ်မြေဆီ ပြန်ခေါ်လာပေးမယ်။ မင်းလို ပါရမီရှင်တစ်ယောက်က ဒီလိုနေရာမှာ ပျောက်ကွယ်မသွားစေချင်ရုံ သက်သက်ပါ"

တော်ဝင်သားတော်အနေဖြင့် မက်လောက်စရာ အခွင့်အရေးတစ်ခု ထုတ်ပေးလိုက်ခြင်းဖြစ်ကာ မည်သည့်ကျင့်ကြံသူမဆို ငြင်းဆန်နိုင်မည် မဟုတ်ကြောင်း သေချာနေသည်။

"ဒါဆိုရင် မိသားစုဝင်တွေကိုရော ခေါ်လာလို့ ရလား အရှင်"

သို့သော် ရှန်ရီသည် ယွမ်ရှောင်ကို တစ်ချက်ကြည့်၍ တောင်းဆိုလာသောအခါ တော်ဝင်သားတော်က တွေဝေသွားပြီးနောက် ချက်ချင်း ငြင်းဆန်သည်။

"ဒါကတော့ မဖြစ်နိုင်ဘူး။ ဘိုးဘေးတွေရဲ့ နယ်မြေက အပြင်လူ ခွင့်မပြုဘူး။ ပြီးတော့ မင်းကလည်း အခြေခံ အုတ်မြစ် ခိုင်မာအောင် ပြန်လည်ကျင့်ကြံရဦးမယ်။ လောကီရေးရာနဲ့ ပတ်သက်လို့ မရဘူး"

ထို့ကြောင့် ရှန်ရီက တိတ်ဆိတ်သွားသောအခါ တစ်ဖက်လူသည် ဆက်၍ နားချပြန်၏။

"လူငယ်တွေရဲ့ သံယောဇဥ်ကို နားလည်ပေမယ့် ကျင့်ကြံရေးလမ်းကြောင်းက အထီးကျန်တယ်။ လောကီအနှောင်အဖွဲ့ကို ဖြတ်တောက်နိုင်မှသာ အစစ်အမှန် အင်မော်တယ် ဖြစ်လာနိုင်တယ်"

ယွမ်ရှောင်ရှေ့မှောက်တွင် ဤသို့ ပြောနေခြင်းသည် စေတနာပါသော်လည်း တစ်ဖက်လူ၏ ခံစားချက်ကို အလေးမထားကြောင်း သိသာသည်။ သာမန်ယောကျ်ားတစ်ယောက်ဆိုလျှင် ချစ်သူ၏ အနာဂတ်ကို မိမိကြောင့် အနှောင့်အယှက် မဖြစ်စေချင်သည့်အတွက် သိမ်ငယ်သွားပေလိမ့်မည်။

"ဒါပေမယ့်..."

ရှန်ရီက နှုတ်ခမ်းကိုက်၍ စဥ်းစားရခက်နေစဥ် တော်ဝင်သားတော်မှာ ဆက်ပြောနေခဲ့သည်။

"သေချာစဥ်းစားပါ။ မင်းရဲ့ အကောင်းဆုံး အသက်အရွယ်မှာ အင်မော်တယ်လမ်းကြောင်းပေါ်ကို တက်သင့်တယ်။ တကယ်လို့ သူက လူကောင်းတစ်ယောက်ဆိုရင် မင်းရဲ့ ဇာတိမြေကို ကောင်းကောင်းအုပ်ချုပ်ပြီး ပြန်အလာကို စောင့်နေပါလိမ့်မယ်"

"ဟုတ်ကဲ့"

ရှန်ရီက ရုန်းကန်နေသော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်ပြီး ယွမ်ရှောင်သည်လည်း အနားသို့ ရောက်လာသဖြင့် တော်ဝင်သားတော်သည် သူတို့ကို အချိန်ပေးရန် ခွာပေးခဲ့သည်။ ထို့နောက် သူက အသက်စွမ်းအင် ကြယ်စမ်းချောင်းသို့ ခရီးဆက်နေရင်း စစ်မင်းသမီးကို ရံဖန်ရံခါ အကဲခတ်လျက် ရှိ၏။

"မင်း တကယ်သွားချင်တာလား"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ပြောလိုက်သောအခါ ရှန်ရီက နှုတ်ခမ်းဆူလိုက်၏။

"သူ ပြောတာ မကြားဘူးလား။ လောကီအနှောင်အဖွဲ့ကို ဖြတ်တောက်ရမယ်တဲ့"

"ဒါက ဆင်းရဲသားချစ်သူကို စွန့်ပစ်ပြီး သူဌေးတစ်ယောက်နောက် လိုက်သွားတာနဲ့ ကွာလို့လား"

"တော်တော်လေး ငြီးငွေ့စရာကောင်းပေမယ့် တကယ့်အခွင့်အရေးတစ်ခုလည်း ဟုတ်တယ်"

"ကောင်းပြီ။ ဒါဆိုရင် မင်းအတွက် ငါ ဝမ်းသာနေပါ့မယ်"

ယွမ်ရှောင်က လေးလေးနက်နက် ပြောလိုက်ပြီး အမှန်တကယ် ဝမ်းသာနေခြင်း ဖြစ်သည်။ အကြောင်းမှာ ကပ်ဘေးလူဝင်စားတစ်ယောက်သည် ပြန်လည်ဝင်စားရာ နယ်မြေ၏ အန္တရာယ်ကို ဖြေရှင်းပြီးလျှင် ကိုယ့်ကိုကိုယ် သတ်သေတတ်သောကြောင့် အကယ်၍ ထိုက်မင်းဆက်၏ ဘိုးဘေးနယ်မြေသို့ လိုက်ပါသွားလျှင် ဤအချက်က ဖြစ်နိုင်စရာ မရှိတော့သလောက်ပင်။ ပုံမှန်ဆိုလျှင် လုဖန်ကို သတ်ပြီးသည်နှင့် တပြိုင်နက် ကပ်ဘေးလူဝင်စားသည် သတ်သေရန် အတွေးများ ဖြစ်ပေါ်လာပေလိမ့်မည်။ နတ်ဆိုးတိုက်ကြီးကို ချေမှုန်းပြီးနောက် ချန်ရီသည် ကိုယ့်ကိုကိုယ် သတ်သေရင်း အဓိပ္ပါယ်မရှိသော ရွတ်ဖတ်သံများ ရေရွတ်နေခဲ့သည် မဟုတ်ပါလော။ သို့သော် သူမက ထိုအစား ဆက်လက်တိုးတက်ရန် စဥ်းစားနေသောကြောင့် အနာဂတ်တွင် ဆက်လက် ရှင်သန်ပေလိမ့်မည်။ ထို့ကြောင့် သူမသာ လွတ်လပ်၍ ကိုယ့်ဘဝကို ရှင်သန်နိုင်သော မိန်းကလေးတစ်ယောက် ဖြစ်လာလျှင် မည်သည့်နေရာတွင်မဆို ပျံသန်းခွင့်ပေးရန် ယွမ်ရှောင်က ဝမ်းမြောက်ဝမ်းသာ လက်ခံနိုင်သည်။

"ငါ့ကို မတားတော့ဘူးလား။ နင့်မှာ မိန်းမတွေ အများကြီးဆိုတော့ တစ်ယောက် လျော့သွားလည်း ​သတိမရလောက်ပါဘူး"

ရှန်ရီက စိတ်အနှောင့်အယှက် ဖြစ်သော အကြည့်မျိုးဖြင့် ယွမ်ရှောင်ကို မျက်စောင်းထိုး၏။

"ဘယ်လိုလုပ် မလွမ်းရမှာလဲ။ မင်းလို ဖြူဖြူစင်စင် မိန်းကလေးတစ်ယောက်ကို မေ့သွားစရာလား"

"သေလိုက်"

ယွမ်ရှောင်၏ စကားကြောင့် သူမက ဒေါသထွက်သွားပြီး စကားမပြောချင်တော့ဟန်ဖြင့် တစ်ဖက်လှည့်သွားသည်။ သူမက ထိုက်မင်းဆက်၏ ဘိုးဘေးနယ်မြေသို့ လိုက်ပါသွားကာ ပို၍မြင့်မားသော ကမ္ဘာကို မြင်ချင်သော်လည်း မသိိစိတ်အရ ချစ်သူက မလိုက်ရန် တားမြစ်လိမ့်မည် သို့မဟုတ် အတူလိုက်နိုင်ရန် နည်းလမ်းရှာလိမ့်မည်ဟု မျှော်လင့်နေခဲ့၏။

"စိတ်မဆိုးပါနဲ့။ လုဖန်က အခုထိ မသေသေးဘူး။ သူ့ကို အထင်သေးလို့ မရဘူး။ လောလောဆယ် မထင်ထားတဲ့ အပြောင်းအလဲ ဖြစ်မလာအောင် ဒါကို အာရုံစိုက်ထားရအောင်"

ယွမ်ရှောင်က သူမ၏ လက်ကို ညှင်သာစွာ ဆုပ်ကိုင်၍ ပြောလိုက်သောအခါ တည်ငြိမ်သွားစေခဲ့သည်။

"ငါ့ကို ရိုးရိုးသားသား ပြောစမ်းပါ။ နင့်အတွက် ငါက ဘာလဲ။ ကစားစရာလား။ အောင်မြင်မှုတစ်ခုလား။ ဒါမှမဟုတ် အရှုပ်အထွေးလား"

သို့သော် ရှန်ရီက ပွင့်လင်းသူ ဖြစ်သောကြောင့် မရေမရာသော အတွေးများနှင့် စိတ်ရှုပ်နေကာ သူ့ကို လေးလေးနက်နက် စိုက်ကြည့်၍ မေးခွန်းထုတ်၏။

"တကယ် သိချင်တာလား"

ယွမ်ရှောင်က သူမ၏ နားရွက်ကို တိုးကပ်ကာ တီးတိုးပြောသည်။

"ဟုတ်တယ်။ နှလုံးသားထဲက အဖြေကို သိချင်တာ။ ဟန်ဆောင်တာတွေ လှည့်စားတာတွေ မရှိဘဲ ပြော"

အနောက်မှ ကြည့်လျှင် ဤစုံတွဲက အခြေအနေ တင်းမာပုံပေါ်ပြီး ရန်ဖြစ်နေသကဲ့သို့ ထင်ရ၏။

"ဒီဘဝမှာ ငါ့ရဲ့ နှလုံးသားထဲမှာ တကယ်ရှိတာက အစ်မကျောက်နဲ့ မင်းပါပဲ"

စစ်မင်းသမီးနှင့် ချောင်ရူအကြောင်း မကြားရသဖြင့် သူမက နှာခေါင်းတစ်ချက်ရှုံ့လိုက်သော်လည်း ကျေနပ်နေသည်။

"အစ်မကျောက်က ဘာတွေများ ထူးခြားလို့ အဲ့လောက်တောင် မမေ့နိုင် ဖြစ်နေရတာလဲ"

"မသိဘူး။ အဲ့တာက ငါ့နှလုံးသားထဲရှိတဲ့ အဖြေပဲ"

ထိုစကားက သူမကို တိတ်ဆိတ်သွားစေပြီး အရိုးအထိ စွဲထင်နေသော ချစ်ခြင်းမေတ္တာကြောင့် ဖြစ်နိုင်သည်။

"ပြီးတော့ သူ့မှာ ကိုယ်ဝန် ရှိနေတယ်"

"ဟင်...ကလေးရတာကလည်း လွယ်လိုက်တာ"

ယွမ်ရှောင် ခေါင်းကုတ်၍ ဆက်ပြောလိုက်သောအခါ သူမသည် အပြင်းအထန် ထိုးနှက်ခံလိုက်ရသကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ ရိုးသားမှုက အကောင်းဆုံး ဖြစ်ပြီး နှလုံးသားထဲတွင် တစ်ဝက်သာ နေရာယူထားနိုင်သော်လည်း ရှန်ရီက ဆက်၍ စောဒကမတက်တော့ပေ။

"အခုတော့ ရန်သူ ရှိတယ်။ ဒါကို ဆက်ပြီး မပြောတော့ဘူး။ လောလောဆယ် ငါတို့ ရန်ဖြစ်နေလို့ မရဘူး"

"မင်းပဲ စတာလေ"

"ငါ မဟုတ်ဘူး"

ရှန်ရီက အနောက်တွင် လိုက်ပါလာသော တော်ဝင်သားတော်ကို မျက်လုံးဖြင့် ညွှန်ပြသည်။

"သူက လုဖန်ကို တကယ်ကိုင်တွယ်နိုင်ပါ့မလား"

ယွမ်ရှောင်၏ စိတ်ထဲတွင် သံသယ ရှိနေသော်လည်း သူမ၏ စောင့်ကြည့်လိုသော ဆုံးဖြတ်ချက်ကို သဘောတူခဲ့သည်။

"မင်းတို့ နှစ်ယောက်လုံးက ငယ်ပါသေးတယ်။ အချိန်က အခွင့်အရေးပေးမှာပါ။ အနာဂတ်မှာ ပြန်ဆုံနိုင်ကြပါစေ"

သူ၏ မျက်နှာအထက်တွင် စိတ်ပျက်သိမ်ငယ်သော အမူအရာ ဟန်ဆောင်ထားသဖြင့် တော်ဝင်သားတော်က ရှေ့တိုးလာပြီး အားပေးသည်။

"ကျေးဇူးတင်ပါတယ် တော်ဝင်သားတော်"

"ဒါနဲ့ ဘိုးဘေးနယ်မြေက မိသားစုဝင်တွေကို ခွင့်မပြုမထားပေမယ့် နေ့စဥ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အစေခံတစ်ယောက် ခေါ်ခွင့်ပေးထားတယ်"

ထို့နောက် တော်ဝင်သားတော်က ရှန်ရီဘက်လှည့်ကာ စစ်မင်းသမီးကို ခေါ်လာနိုင်ကြောင်း အရိပ်အမြွက် ပြသည်။

"အရှင်၊ သူမက ခင်ပွန်းသည် ပိုင်တာပါ။ ကျွန်မရဲ့ အစေခံ မဟုတ်ပါဘူး"

ရှန်ရီက ခေါင်းယမ်း၍ ချက်ချင်း ငြင်းသည်။

"ဒီအစေခံက ပါရမီ ထူးခြားတယ်။ မင်းဇနီးရဲ့ ခရီးမှာ ဝန်ထုပ်ဝန်ပိုးတွေကို အမှန်တကယ် မျှဝေပြီး ထမ်းပေးနိုင်လောက်တယ်။ တကယ်လို့ သူမကို တကယ်ချစ်တယ်ဆိုရင် ကူညီပေးသင့်တယ်"

တော်ဝင်သားတော်က အမှန်တကယ် အံ့သြသွားဟန်ဖြင့် ခဏတာ တိတ်ဆိတ်ပြီးနောက် လက်မလျှော့ဘဲ ပြောလာပြန်သည်။

"တော်ဝင်သားတော်"

သို့သော် ယွမ်ရှောင်က ရုတ်တရက် ဖြတ်ပြောလိုက်သောကြောင့် သူ့ကို မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်သွားစေသည်။

"အသက်စွမ်းအင် ကြယ်စမ်းချောင်းကို ရောက်ပါပြီ။ ယုတ်မာတဲ့ အပြစ်သား လုဖန်က သက်ရှိအားလုံးကို ဝိညာဥ် ဝါးမျိုဖို့ ကြံစည်နေတယ်။ ဒီနယ်မြေက သက်ရှိအားလုံးရဲ့ ကံကြမ္မာဟာ အခု အရှင့်ရဲ့ လက်ထဲကို ရောက်နေပါပြီ"

ယွမ်ရှောင်ကမူ ရှေ့ကိုသာ လက်ညှိုးထိုးပြပြီး လေးနက်စွာ သတိပေးလိုက်လေသည်။

All Chapters