← Chapters

အခန်း ၇၃၇

Vol. 55 Ch. 737

အခန်း ၇၃၇

Vol. 55 Ch. 737

အပိုင်း ၇၃၇ - လူလိမ်

"သူက အဲ့ဒီဘိုးဘေးနယ်မြေမှာ အရှင်မမုရဲ့ လက်အောက် နေရတာ အဆင်ပြေပါ့မလား"

ယွမ်ရှောင်က ရှန်ရီအပေါ် ဂရုစိုက်နေဆဲ ဖြစ်သည်။ ဘိုးဘေးနယ်မြေဆိုသည်မှာ ရင်းနှီးကျွမ်းဝင်သော နေရာတစ်ခု မဟုတ်ဘဲ အာဏာစက်ကြီးမားသော အရှင်မမုနှင့် ဆိုလျှင် အခက်အခဲအချို့ ရှိနိုင်သော်လည်း သူ ဘာမှမတတ်နိုင်ပေ။ ရှန်ရီသည် စစ်မင်းသမီးနှင့် မတူဘဲ အရာရာကို လက်လျှော့မည့် လူစားမျိုး မဟုတ်ချေ။ သူမ၏ ရည်မှန်းချက်က ခိုင်မာပြီး မျှော်လင့်ချက်များ ရှိသောကြောင့် သူ့ကို ဖက်တွယ်နေလျှင် ကိုယ်ပိုင်ဆန္ဒ ပျောက်ကွယ်သွားပေလိမ့်မည်။ ဤသို့ဖြစ်သွားလျှင် ကိုယ့်ကိုကိုယ် ပျောက်ဆုံး၍ သူမက ရှန်ရီ မဟုတ်တော့ဘဲ ပြောင်းလဲသွားနိုင်သည်။

"အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"

လက်တွေ့ဘဝက ချစ်သူနှင့် လမ်းခွဲရန် အတင်းအကြပ် ဖန်တီးမည့် နေ့ရက် ရောက်လာမည်ဟု သူ ထင်မထားသဖြင့် အနည်းငယ် စိတ်ကသိကအောက် ဖြစ်လျက် ရှိသည်။

"အခြေအနေအရ မဟာတာအိုနယ်မြေအတွက် သတင်းကောင်း ရှိတယ်လို့ မျှော်လင့်ရတော့မယ်"

သူက အနားသို့ ရောက်လာသော စစ်မင်းသမီးနှင့် မိစ္ဆာမျက်လုံးကို ပြောလိုက်ခြင်း ဖြစ်သည်။

"ဖရိုဖရဲ ဝိညာဥ် ရှုံးနိမ့်သွားရင်တောင် ဘိုးဘေးနယ်မြေက ကျင့်ကြံသူရှစ်ယောက်လည်း သေသွားတယ်မလား"

"သူတို့ စကားပြောတာကို မကြားလိုက်ရပေမယ့် အဲ့ဒီလို ဖြစ်လောက်ပါတယ်"

ရှန်ရီ၏ မျက်နှာအထက်တွင် မဟာတာအိုနယ်မြေကို စိုးရိမ်ပူပန်သော လက္ခဏာမမြင်ရသောကြောင့် ကြာပန်းဝိညာဥ်ကိစ္စ ဖြေရှင်းပြီး ဖြစ်ပေလိမ့်မည်။

"ဒီကြာပန်းက ရုပ်ခန္ဓာ မရှိတာတောင် ရှစ်ယောက်ကို သတ်လိုက်နိုင်သေးတယ်။ ဒါပေမယ့် ဒီလိုနယ်မြေမျိုးကို အစွမ်းထက် ဖြစ်တည်မှုတွေ ဆင်းသက်လာလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးလောက်ဘူး"

စစ်မင်းသမီးက မှတ်ချက်ပေး၍ လှောင်ရယ်လိုက်သည်။ ယွမ်ရှောင်ကိုယ်တိုင်လည်း မရေမရာ ဖြစ်နေကာ ဖရိုဖရဲ မူလဝိညာဥ်နှင့် အသေအကြေ တိုက်ခိုက်စရာမလိုဘဲ မဟာတာအိုနယ်မြေ၏ အန္တရာယ် ပျောက်ကွယ်သွား၏။ ပူဇော်သက္ကာရများနှင့် လုမိသားစု၏ ဇာတ်လမ်းသည်လည်း နောက်ဆုံးတွင် ပြီးဆုံးသွားလေသည်။

"ငါ အောက်ဆင်းပြီး ကြည့်လိုက်ဦးမယ်။ ဖရိုဖရဲ မူလဝိညာဥ်ကို စိတ်မချဘူး။ ပြီးတော့ တိုက်ပွဲမှာ အကြွင်းအကျန် ရတနာတွေလည်း ရှိနိုင်တယ်။ မုဆိုတဲ့ မိန်းမက အကုန် မယူသွားလောက်ပါဘူး"

ယွမ်ရှောင်က ပေါ့ပေါးသော ခြေလှမ်းများဖြင့် အင်ပါယာနန်းဆောင်အတွင်းပိုင်းသို့ ဦးတည်နေစဥ် မိစ္ဆာမျက်လုံးသည် မျက်နှာပျက်သွားကာ အလောတကြီး ဟန့်တားလာခဲ့၏။

"နေဦး"

"ဘာဖြစ်တာလဲ"

"လုဖန် မသေဘူး။ အခြေအနေက ဘယ်လိုလဲ။ သေလုမျောပါး ဒဏ်ရာ ရထားတာလား"

ယွမ်ရှောင်က မျက်မှောင်ကြုတ်၍ မေးလိုက်သောအခါ မိစ္ဆာမျက်လုံးမှာ ခေါင်းယမ်းပြနေသည်။

"အခြေအနေကောင်းတယ်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပေမယ့် သေနိုင်တဲ့အထိ မဟုတ်ဘူး"

ထို့ကြောင့် သူတို့၏ နှလုံးသားကို လက်မည်းကြီးတစ်ဖက် ဆုပ်ကိုင်ထားသလို တင်းမာသွားကြ၏။

"တကယ်လို့ သေကာနီးဖြစ်နေရင် မုက ချက်ချင်း သတ်ပစ်လိမ့်မယ်။ ဒါပေမယ့် ဒီကောင်မက မသတ်ဘဲ ဘိုးဘေးနယ်မြေကို ချက်ချင်း ပြန်သွားတယ်။ ထွက်ပြေးသွားတာများလား..."

ဆိုလိုသည်မှာ မုက ဖရိုဖရဲ မူလဝိညာဥ်ကို မသတ်နိုင်ဘဲ နောက်ဆုံးတွင် ထွက်ပြေးရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှန်ရီကိုလည်း လှည့်စားသွားခြင်း ဖြစ်နိုင်သဖြင့် စစ်မင်းသမီးက နားမလည်နိုင်တော့ပေ။

"ဟင်..။ ဘာလို့လဲ။ တကယ်လို့ သူ မကိုင်တွယ်နိုင်ဘူးဆိုရင် ဘိုးဘေးနယ်မြေက စစ်ကူ ထပ်မခေါ်ဘူးလား"

"ဒီကောင်မက သိက္ခာကျမှာကို ကြောက်နေတာပဲ။ ဖရိုဖရဲ မူလဝိညာဥ်ကို မသတ်နိုင်လို့ အကြောင်းပြချက်ပေးရမှာ ရှက်နေတယ်။ ပြီးတော့ ရီအာကိုလည်း လှည့်စားပြီး ဆင့်ခေါ်အမိန့်တော်လည်း အဆုံးသတ်သွားပြီ။ ဘယ်သူမှ ထပ်ရောက်လာမယ် မထင်ဘူး"

ယွမ်ရှောင်က သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းလိုက်သည်။ ကောင်းကင်အရှင်မဆိုသော ဂုဏ်ထူးဘွဲ့ထူး ပိုင်ဆိုင်ထားသူက နယ်​မြေတစ်ခုလုံးကို ဖရိုဖရဲ မူလဝိညာဥ် စိတ်တိုင်းကျ သောင်းကျန်းနိုင်ရန် စွန့်ပစ်သွားသည်။ ဤအချက်က ရွံရှာဖွယ် ကောင်းလှ၏။ ယွမ်ရှောင်က အခြားသူများ၏ ကိုယ်ကျင့်တရားကို ဝေဖန်ရခြင်းအား မနှစ်သက်ပေ။ အကယ်၍ မုက ရောက်လာပြီး ကြာပန်းနှင့် မတိုက်ခိုက်ဘဲ ပြန်သွားလျှင်တောင် အပြစ်တင်စရာ မရှိချေ။ သို့သော် တဝက်တပျက်သာ တိုက်ခိုက်ပြီး ရှန်ရီကို လှည့်စားကာ ကိုယ်လွတ်ရုန်း ထွက်ပြေး၍ မဟာတာအိုနယ်မြေနှင့် သေမျိုးကမ္ဘာများကို သေသေရှင်ရှင် ပစ်ထားခြင်းမှာ စက်ဆုပ်စရာပင်။

မုက ရှန်ရီကို လှည့်စားခဲ့သောကြောင့် ဘိုးဘေးနယ်မြေသို့ ပြန်ရောက်လျှင်လည်း ဆင့်ခေါ်အမိန့်တော်ကို ရုတ်သိမ်းလိုက်ပေလိမ့်မည်။ ယွမ်ရှောင်သာ မရှိလျှင် ဤနေရာက ကြာပန်းဝိညာဥ်ကြောင့် ငရဲတစ်ခုအဖြစ် သေချာပေါက် ပြောင်းလဲသွားပေတော့​မည်။

"ဒီကောင်မက မဟာတာအိုနယ်မြေကို အကျဥ်းထောင်တစ်ခုလို အသုံးချပြီး ကြာပန်း မထွက်နိုင်အောင် လုပ်ခဲ့တာပဲ။ ဘိုးဘေးနယ်မြေက စစ်ကူ ထပ်မရောက်လာသလို သူလည်း မလွတ်မြောက်နိုင်ဘူး"

မိစ္ဆာမျက်လုံးက ကောက်ချက်ချလိုက်ပြီး လေသံတွင် ရွံရှာစိတ်များ အထင်းသား ပေါ်နေ၏။

"ထားလိုက်ပါတော့။ ဒီကောင်မအကြောင်း ဆက်မပြောနဲ့တော့။ ဘယ်သူမှ ဝင်မစွက်ဖက်ရဲဘူးဆိုရင်လည်း ငါကိုယ်တိုင် သူ့ကို ရင်ဆိုင်ပြီး အဆုံးအဖြတ် တိုက်ပွဲ တိုက်ခိုက်မယ်"

ယွမ်ရှောင်က ပြတ်ပြတ်သားသား ဆုံးဖြတ်၍ ကြေညာလိုက်သည်။

"ကြာပန်းဝိညာဥ်ကို ဖြေရှင်းပြီး ဘိုးဘေးနယ်မြေဆီ သွားဖို့ နည်းလမ်းရှာတွေ့ရင် အနည်းဆုံးတော့ ရှန်ရီကို အမှန်အတိုင်း ပြောရအောင်"

စစ်မင်းသမီးက အခြေအနေကို နားလည်သော်လည်း စိတ်ပျက်နေဆဲပင်။

"အဲ့ဒီကောင် ဘယ်မှာလဲ"

"မိဖုရားကျောက်နဲ့ တွေ့နေပြီး မင်းကို ရှင်းပစ်ဖို့ တိုင်ပင်နေတာ ဖြစ်မယ်"

မိစ္ဆာမျက်လုံးက ဤသို့ သတင်းပို့လာသဖြင့် တစ်ဖက်လူသည်လည်း ဘိုးဘေးနယ်မြေ ဝင်ရောက်စွက်ဖက်တော့မည် မဟုတ်ကြောင်း သိထားပုံပေါ်သည်။ အခြေအနေက သတ်ကွင်းအတွင်း တိုက်ခိုက်ရေး သားရဲနှစ်ကောင်ကို ပိတ်လှောင်ထားလိုက်သကဲ့သို့ ဖြစ်ပြီး အချင်းချင်းလည်း ရန်စောင်နေကြ၏။ တစ်ယောက်တည်းသာ လွတ်မြောက်နိုင်ပြီး ကျင့်ကြံရေး လမ်းကြောင်းတွင် ရှေ့ဆက်နိုင်ပေလိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲဆိုလျှင် ယွမ်ရှောင်က အသာစီးရနိုင်သော်လည်း ကြာပန်းသည် ဝိညာဥ်လမ်းစဥ်တွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သောကြောင့် အထင်သေး၍ မရချေ။ တစ်ခုတည်းသော အားသာချက်မှာ အချင်းချင်း လှည့်ကွက်များ မသုံးတော့ဘဲ ထိပ်တိုက်ရင်ဆိုင်ရမည့် အနေအထားသို့ ရောက်လာခြင်းပင်။ ဘိုးဘေးနယ်မြေမှ လူများက အကူအညီ များစွာ မဖြစ်ခဲ့သော်လည်း ဖရိုဖရဲ မူလဝိညာဥ် ကြာပန်းကို ဆက်တိုက် ဒဏ်ရာရစေပြီး အားနည်းလာစေခဲ့သည်။

"အခု ငါတို့ ဘာဆက်လုပ်ကြမလဲ"

စစ်မင်းသမီးက စိုးရိမ်တကြီးဖြင့် ဂနာမငြိမ်ဖြစ်နေသောကြောင့် တိုက်ပွဲတွင် စကားများတတ်သော အသင်းဖော်တစ်​ယောက်ပမာ ထင်ရ၏။

"ကျင့်ကြံရမယ်"

"ဟင်"

"လာခဲ့။ အတူတူ ကျင့်ကြံမယ်"

ယွမ်ရှောင်က သူမ၏ လက်ကို ရုတ်တရက် ဆွဲကိုင်ကာ မိုးပြာရောင် ဓားယာဥ်အတွင်း ဆွဲသွင်းသွားတော့သည်။

"အရည်အချင်းရှိတဲ့ ယောကျ်ားက တုံးအတဲ့ မိန်းကလေးကို သဘောကျတာ ပုံမှန်ပါပဲ"

မိစ္ဆာမျက်လုံးက ထိုအဖြစ်ကို ကြည့်ရင်း သဘောကျစွာ ပြုံးလိုက်မိ၏။

နယ်မြေဓာတ်လုံးအတွင်း၌ ဝိညာဥ် ပြုစားခံထားရသော မိန်းမတစ်သိုက်သည် စုဝေးကြပြီး ညှို့ယူခံနေရသဖြင့် အောက်သို့ စိုက်ကြည့်နေသည်။ ထိုအရပ်မျက်နှာတွင် ရွှေရောင်ရင့်ရင့် ပွင့်ဖတ်များက ဖြည်းဖြည်းချင်း စုစည်းကာ နောက်ဆုံးတွင် ပန်းလူသားတစ်​ယောက်အဖြစ် ပုံပေါ်လာ၏။ သွေးစက်များနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများသည်လည်း ထိုပုံရိပ်နှင့် ရောနှောပေါင်းစပ်ပြီး ဆူဆူညံညံ ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ ပွင့်ဖတ်များသာ ရှိနေသော မျက်နှာက တဖြည်းဖြည်း သဏ္ဍာန်ပြောင်းလဲကာ လုဖန်၏ မျက်နှာ ဖြစ်သွားသည်။

ထိုလူက မျက်လုံးများ ဖြတ်ခနဲ ဖွင့်လိုက်သောအခါ အနက်ရောင်တစ်ဖက်၊ ရွှေရောင်တစ်ဖက် ဖြစ်ပြီး နက်ရှိုင်းသော ပင်လယ်ကြီးကဲ့သို့ ထင်ရသည်။

"ဟား...ဟား။ အရူးစနစ်၊ မင်းက ငါ့ကို လှည့်စားရဲတယ်ပေါ့။ အခုကျတော့ ဟိုကောင်မက မင်းကို အသေရိုက်နှက်သွားတာပဲ။ ခြေသလုံးအိမ်တိုင် ဝိညာဥ်၊ မီးနဲ့ မကစားနဲ့။ မဟုတ်ရင် မင်း ထာဝရ နာကျင်ခံစားရပြီး သေဖို့ ဆုတောင်းစေရမယ်"

သူက ရုတ်တရက် ရယ်မော၍ ခြိမ်းခြောက်သော လေသံမျိုးဖြင့် ကြုံးဝါးလျက်ရှိသည်။

"ငါ့ကို ခြောက်ဖို့ ကြိုးစားနေတာလား။ ကြာပန်းတစ်ပွင့်ကို ငါက မကြောက်ဘူးကွ။ ခန္ဓာကိုယ် မရှိတော့ မင်း ဘာလုပ်နိုင်လို့လဲ"

ထို့​နောက် ရမ္မက်ခိုးဝေနေသော မျက်လုံးများက မိန်းမတစ်သိုက်ထံ ရောက်သွားကာ လက်ညှိုးကွေး၍ ခေါ်လိုက်သည်။

"လာစမ်း။ ပြဿနာကြီး ရှင်းပြီးပြီဆိုတော့ ဒီသခင်ကြီးက အကုန်လုံးနဲ့ ပျော်ပါးချင်တယ်"

သူတို့က တခစ်ခစ် ရယ်မောကာ မြှူဆွယ်ဖြားယောင်းသော မျက်နှာထားကိုယ်စီ ဖြစ်ကုန်သည်။

"အရှင်၊ ယွမ်ရှောင်ကို သတ်ပြီး မဟာတာအိုနယ်မြေကို အုပ်ချုပ်ဖို့ အချိန်ကျပြီလား"

ဝမ်းသာအားရဖြစ်နေသော မိဖုရားကျောက်က ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ဘဲ ဤသို့ မေးလိုက်လေသည်။

All Chapters