← Chapters

အခန်း ၇၄၃

Vol. 55 Ch. 743

အခန်း ၇၄၃

Vol. 55 Ch. 743

အပိုင်း ၇၄၃ - တပ်ကြပ်

"ပါးစပ်ပိတ်ထားစမ်းပါ"

အဘိုးအို၏ စကားက အမှန်ဖြစ်နေလျှင်တောင် ရက်စက်ကြမ်းကြုတ်သော ပျက်သုဥ်းရေး တပ်သားများသည် စစ်သူကြီးကို မိန်းမသားဆန်ဆန် ချောမောသော မြေခွေးတစ်ကောင်နှင့် လိုက်ဖက်သည်ဟု လက်မခံနိုင်ကြပေ။ စိတ်တိုလွယ်​ပြီး ပွင့်လင်းရိုင်းစိုင်းကာ ကြမ်းကြုတ်ရက်စက်သော သဘာဝသည် ပျက်သုဥ်းရေးတပ်၏ အောက်ခြေနတ်ဆိုးများအတွက် သတ်မှတ်ချက် ဖြစ်၏။ သူတို့က မိတ်လိုက်နေသူနှစ်ယောက်ကို ကြည့်နေရင်း တဏှာစိတ်များ ဒယ်အိုးအတွင်းမှ ဆီပမာ ပွက်ပွက်ဆူနေကြသည်။

ယောကျာ်းများအပေါ် ဂရုမစိုက်ဟု ကျော်ကြားသော စစ်သူကြီးသည် မြေခွေးနတ်ဆိုးကို မြင်မြင်ချင်း ဆွဲခေါ်၍ စကားတစ်ခွန်းပင်မဆိုဘဲ အဝတ်အစားများ ဆွဲဖြဲ၍ ကြမ်းတမ်းစွာ ခုန်အုပ်လိုက်မည်ဟု မည်သူမှ ထင်မှတ်မထားပေ။ ဤမျှလောက်ကြမ်းတမ်းသော မိန်းမမျိုးကို သာမန်ယောကျ်ားများက ကိုင်တွယ်နိုင်မည် မဟုတ်သော်လည်း လနတ်သားက မတူချေ။ သူက ထွက်ပြေးရန် လမ်းမရှိတော့သဖြင့် ဝက်ဝံနတ်ဆိုးကို အောက်သို့ ပြန်တွန်းချကာ အထက်စီးမှ အနိုင်ယူလိုက်သည့်အတွက် ကြမ်းတမ်းသော ဟိန်းသံအစား နူးညံ့ညင်သာသော ညည်းသံသာ ထွက်ပေါ်လာတော့သည်။ ကြောက်စရာကောင်းသော စစ်သူကြီးက မြေခွေးနတ်ဆိုး၏ လက်အောက်တွင် နူးနူးညံ့ညံ့ ပြုမူနေခြင်းက တပ်သားများ၏ အမြင်၌ သိက္ခာကျစရာ ဖြစ်သည့်အပြင် အလွန်အမင်း ကြာနေပြီ ဖြစ်သည်။

လနတ်သားက ရပ်ချင်သော်လည်း စစ်သူကြီး၏ အတောမသတ်နိုင်သော ဆန္ဒကို ဖြည့်ဆည်းပေးနေရပြီး ပျက်စီးနတ်ဆိုးခန္ဓာ အားကိုးဖြင့် ထင်တိုင်းကြဲနိုင်ခဲ့၏။ လူသားအသွင်က ဆွဲဆောင်မှု ရှိပြီး အမို့အမောက်များမှာ ရင်သပ်ရှူမောစရာ ကောင်းသော်လည်း ဝက်ဝံနတ်ဆိုး ဖြစ်သောကြောင့် အစပိုင်းတွင် တွန့်ဆုတ်နေမိသည်။ သို့သော် တစ်ဖက်လူက ငြင်းဆန်ရန် အခွင့်အရေး လုံးဝ မပေးဘဲ တောင်တန်းကြီးပမာ တက်ဖိ၍ လိုချင်သော ကာမကို ရယူနေသဖြင့် ရွေးချယ်စရာ မရှိတော့ပေ။

ဘဝဆိုသည်မှာ လောင်းကစားနှင့်တူညီပြီး အန်စာတုံးကို ပစ်ချလိုက်ပြီဆိုလျှင် တုံ့ဆိုင်းနေမည့်အစား ပုံအောလိုက်ခြင်းက ပိုကောင်းသည်။ လနတ်သား၏ အမြင် ပြောင်းလဲသွားသောအခါ စစ်သူကြီးသည် ဆွဲဆောင်အား ပြင်းလာပြီး ကျန်းမာသန်စွမ်းသော ရုပ်ခန္ဓာကြောင့် ပျက်စီးနတ်ဆိုးခန္ဓာနှင့် အမီလိုက်နိုင်ကာ သာယာမှု ခံစားစေခဲ့သည်။ မိုးကြိုးတမန်တော် ချောင်မှလွဲလျှင် အခြားလူသားမိန်းကလေးများက သူမလောက် အိပ်ရာအထက်တွင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ နောက်ဆုံးတွင် လှုပ်ရှားမှုများ ငြိမ်သက်သွားပြီး လနတ်သားသည် စစ်သူကြီး၏ ရင်ခွင်အတွင်း ရောက်နေကာ မျက်နှာထားတွေဝေလျက် ရှိသည်။

"ဘယ်သူ ထင်ထားမှာလဲ။ မင်းက ဘယ်နေရာကကြည့်ကြည့်၊ တကယ်ထူးချွန်တဲ့ နတ်ဆိုးလေးပဲ"

စစ်သူကြီး၏ ပါးပြင်များ ရဲရဲနီနေပြီး လနတ်သား၏ မြေခွေးနားရွက်ကို ဆော့ကစားနေသည်။

"စစ်သူကြီးကို တာဝန်ထမ်းဆောင်ဖို့ အသင့်ပါပဲ"

"ခစ် ခစ်...မင်းနာမည် ဘယ်လိုခေါ်လဲ"

"လနတ်သားပါ"

"နာမည်နဲ့ လိုက်တယ်။ မင်းက တကယ် နတ်သားလေးနဲ့ တူတယ်"

စစ်သူကြီးက ထိုနာမည်ကို သဘောကျဟန်ဖြင့် ခေါင်းညိတ်၍ ချီးကျူးသည်။

"အနံ့အသက် မကောင်းတဲ့ နတ်ဆိုးတွေကို ငါ တော်တော်စိတ်ကုန်နေပြီ။ နတ်ဆိုးမလေးတွေကျ ငါ့ကို အပြည့်အဝ ဖျော်ဖြေမပေးနိုင်ဘူး။ မင်းရောက်လာတာ အချိန်ကိုက်ပဲ။ ကောင်းကောင်းလုပ်နော်"

"ကျုပ်ကို စိတ်မပျက်စေရပါဘူး"

လနတ်သားက စိတ်အားထက်သန်စွာ လေးလေးနက်နက် ကတိပေးလိုက်သဖြင့် စစ်သူကြီးကို ဝမ်းသားအားရဖြင့် ရယ်မောစေကာ အခြားနတ်ဆိုးများ၏ အကြည့်တို့ မနာလိုဖြစ်ကုန်သည်။

"ထ၊ ထ"

သူမက လနတ်သားကို ကြောင်တစ်ကောင်ပမာ ဂုတ်မှ ဆွဲ၍ ဘေးသို့ ချပေးလိုက်ပြီး ချပ်ဝတ်များ ပြန်လည် ဝတ်ဆင်လိုက်၏။ ရဲရင့်တက်ကြွ၍ စစ်သူကြီးတစ်ယောက် ဟန်ပန် အပြည့်ဖြစ်သော်လည်း အနည်းငယ် တုန်ယင်နေသော ခြေထောက်နှစ်ချောင်းကြောင့် ဖိုမဆက်ဆံမှုကို အားရကြောင်း သိနိုင်သည်။

"ဝက်ဝံနက်တစ်ကောင်က လူအသွင်ပြောင်းလိုက်တာကို ဘယ်လိုလုပ် ဖြူဖြူဖွေးဖွေးလေး ဖြစ်နေရတာလဲ"

နီအန်က နားမလည်ဟန်ဖြင် ရေရွတ်လိုက်သောအခါ ရှောင်၏ အထင်အမြင်သေးသော စကားသံ ထပ်မံ ထွက်ပေါ်လာ၏။

"အရူးကောင်၊ အနက်ရောင်က အမွေးကွ။ အသားအရေ မဟုတ်ဘူး"

လနတ်သားသည် ပါးစပ်ဖွာသော ဒုစရိုက်နှစ်ပါးကို ကိုယ်ထဲမှ ထွက်မလာရန် စိတ်ဖြင့် သတိပေးနေစဥ် စစ်သူကြီးက ပြုံးပြ၍ လက်ယပ်ခေါ်နေသည်။

"ငါနဲ့ လိုက်ခဲ့"

"ဟုတ်ကဲ့"

အန္တရာယ်များ၍ ရက်စက်ကြမ်းကြုတ်ပြီး ဥပဒေ မရှိသော လမ်းခြောက်သွယ်ဘုံတွင် သူက အစွမ်းထက်သော ပေါင်ကြီးကို ဖက်တွယ်ထားရန် လိုအပ်သည်။

"ငါ သည်းခံရမယ်။ အနာဂတ်အတွက်ဖြစ်ဖြစ်"

သို့သော် တစ်ဖက်လူက သူ့ကို ပခုံးပေါ် ထမ်းတင်၍ ပျက်သုဥ်းရေး တပ်ကြီးထံ ခေါ်ဆောင်သွားသောအခါ မျက်နှာထား ခါးသက်သွားတော့သည်။

"တန်းစီစမ်း"

စစ်သူကြီးက သြဇာအာဏာ ပြည့်ဝသော အသံဖြင့် အမိန့်ပေးလိုက်သောအခါ နားကွဲမတတ် ဟိန်းထွက်၍ ပျက်သုဥ်းရေး တပ်သားများနှင့်အတူ စမ်းသပ်မှုကို အောင်မြင်ထားသူများ စုရုံး ရောက်ရှိလာကြသည်။ သူတို့က သူမကို အရိုအသေပေးလိုက်သော်လည်း လနတ်သားအား မြင်သောအခါ ဒေါသမထိန်းနိုင်ဟန်ဖြင့် မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်ကုန်သည်။ သို့သော် သူမက လက်အောက်ငယ်သားများ၏ ခံစားချက်ကို ဂရုမစိုက်ဘဲ လနတ်သား၏ ပခုံးကို ပုတ်၍ တစ်လုံးချင်း ကြေညာလိုက်လေသည်။

"သူ့နာမည်က လနတ်သား။ ငါက သူ့ကို အဆင့်ငါး ပါရမီရှင် အဖြစ် ယာယီ သတ်မှတ်ထားပြီး စခန်းကို ပြန်ရောက်ရင် တိတိကျကျ စစ်ဆေးမယ်။ အခုက စပြီး သူက ငါ့ရဲ့ ကိုယ်ရေးအရာရှိ တပ်ကြပ်ပဲ"

"အမိန့်အတိုင်းပါ"

နတ်ဆိုးတပ်သားများက ခေါင်းငုံ့လိုက်ကြသော်လည်း ဒေါသကို ဖုံးကွယ်ထားရန် မလိုသော ကမ္ဘာဖြစ်၍ မာန်ဖီနေကြသည်။

"ကိုယ်ရေးအရာရှိ တပ်ကြပ်ဟုတ်လား"

လနတ်သားက ဤရာထူးအကြောင်း အတိအကျ မသိသော်လည်း သာမန်တပ်သားများထက် ရာထူးကြီးမားကြောင်း နားလည်သည်။ တပ်သားများ ထိတွေ့မရနိုင်သော စစ်သူကြီးကို ခြေတော်တင်၍ ရာထူးတစ်ခုပါ တိုးသွားသောအခါ မည်သူက သည်းခံနိုင်ပါမည်နည်း။

"စခန်းကို ပြန်မယ်"

ထို့နောက် နတ်ဆိုးများက တစ်ယောက်ပြီးတစ်ယောက် ပုံသဏ္ဍာန်အစစ်အမှန်ကို ပြောင်းလဲကာ ဝက်ဝံကြီး၏ ဦးဆောင်မှုဖြင့် မြူခိုးများထဲ တိုးဝင်သွားတော့သည်။ လနတ်သားသည်လည်း အမြှီးခြောက်ချောင်း ​မြေခွေးအဖြစ် အသွင်ပြောင်း၍ ပျက်သုဥ်းရေးတပ်နှင့်အတူ ပြေးလွှားလျက် ရှိသည်။

"တပ်ကြပ်၊ ကျုပ် လိုက်စီးချင်လို့ ရမလား"

သွေးနီရောင် သစ်ပင်တစ်ပင်က ကျောပေါ်သို့ ရုတ်တရက် ရောက်လာသောကြောင့် လနတ်သား ဆွံ့အသွားရသည်။

"မင်းက ဘယ်သူလဲ"

"ကျုပ်ကို လက်ပံနတ်ဆိုးလို့ ခေါ်နိုင်ပါတယ်။ ကျုပ်က နတ်ဆိုးအဖြစ် ပြောင်းလဲသွားတဲ့ လက်ပံပင်ပါ။ ဒီမြေပေါ်မှာ ပေါက်နေတာ နှစ်ပေါင်းအတော်ကြာပြီ။ ဘယ်လောက်လဲဆိုတာတောင် မသိတော့ဘူး"

လက်ပံနတ်ဆိုးက ကိုယ့်ကိုကိုယ်.မိတ်ဆက်လိုက်သည်။

"မင်းရဲ့ ရဲဘော်ရဲဘက်တွေက ငါ့ကို စားချင်ဝါးချင်နေတယ်။ ဒီလောက်ရင်းရင်းနှီးနှီး ရှိနေရင် ပြဿနာဖြစ်မှာ မကြောက်ဘူးလား"

လနတ်သားက တစ်ချက်ပြုံး၍ မေးခွန်းထုတ်သည်။

"ကျုပ် အသက်ရှည်တာ လုံလောက်နေပါပြီ။ သေခြင်းတရားက ကျုပ်အတွက် အဓိပ္ပါယ် မရှိဘူး။ ဒါကြောင့် သောကကင်းပြီး ပျော်ပျော်ပါးပါး နေနိုင်တာလေ"

လက်ပံနတ်ဆိုးက ရယ်မောပြီး ရှင်းပြလာသောအခါ ပေါင်းသင်းထိုက်သော မိတ်ဆွေတစ်ယောက်ဟု ခံစားရစေသည်။

"လက်ပံနတ်ဆိုး၊ စခန်းက ဘယ်မှာလဲ"

"နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သားရဲတောင်တန်းမှာ ရှိတယ်"

"ဘာလို့ နာမည်က သားရဲ ဖြစ်နေရတာလဲ"

သူက နားမလည်ဟန်ဖြင့် ထပ်မေးသောအခါ လက်ပံနတ်ဆိုးသည် နောက်တစ်ကြိမ် ရယ်မောပြီး ရှင်းပြသည်။

"ကျုပ်တို့က တိရိစ္ဆာန်ကမ္ဘာမှာ ရှိနေလို့"

"စခန်းကို ပြန်ရောက်ရင် ပါရမီကို ထပ်ပြီး စမ်းသပ်ဦးမှာလား"

"စစ်သူကြီး ပြောသလိုပါပဲ။ မင်းက ထိပ်တန်းပါရမီရှင် တစ်ယောက် ဖြစ်နိုင်တယ်လေ"

လက်ပံနတ်ဆိုး၏ စကားကြောင့် လနတ်သားသည် အသက်ပြင်းပြင်းရှူ၍ ထပ်မံ တွေ့ကြုံရမည့် အရာများအတွက် မျှော်လင့်စောင့်စားနေလိုက်သည်။

မဟာတာအိုနယ်မြေဘက်တွင် ထိုက်ကျိတံခါးကို စောင့်ကြည့်နေဆဲ ဖြစ်သော ယွမ်ရှောင်၏ အနောက်မှ ပျင်းရိပျင်းတွဲ စကားသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"နောက်တစ်ကြိမ် တိုက်ပွဲအတွက် ငါ ပြန်လာပြီ"

သူက တည်ငြိမ်စွာ လှည့်ကြည့်လိုက်သောအခါ အနောက်ဘက်တွင် အနက်ရောင် ကြာပန်း ပေါ်ပေါက်လာခဲ့လေသည်။

All Chapters