← Chapters

အခန်း ၇၄၄

Vol. 55 Ch. 744

အခန်း ၇၄၄

Vol. 55 Ch. 744

အပိုင်း ၇၄၄ - နောက်ဆုံးဗီလိန်

လုဖန်က ယွမ်ရှောင် မျှော်လင့်ထားသည်ထက် ပို၍ မြန်မြန် ရောက်ရှိလာခဲ့ပြီး ထိုက်ဝေ အင်ပါယာနန်းဆောင်အထက်တွင် ကြာပန်းပွင့်ဖတ်များ လွင့်ပျံနေကာ သွေးနှင့် အသားစများ ခပ်မှိန်မှိန် တောက်ပနေသည်။ ယွမ်ရှောင်၏ ရှေ့မှောက်၌ ၎င်းတို့က ဖြည်းဖြည်းချင်း ပေါင်းစည်းကာ ရွှေရောင်တော်ဝင်ဝတ်ရုံကို ဖရိုဖရဲ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာ၍ ပေါ့ပျက်ပျက် အကြည့်၊ မုတ်ဆိတ်ကျင်စွယ် ဗရပွနှင့် လုဖန်၏ ရုပ်ခန္ဓာ ဖြစ်တည်လာသည်။ နောက်ကျိ ညစ်ထွေးသော မျက်လုံးများနှင့် ကြည်လင်တောက်ပသော မျက်လုံးများ ဆုံမိသောအခါ အပျက်အစီးများ ပြည့်နှက်နေသော တော်ဝင်နန်းတော်သည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။

မု ထွက်ပြေးသွားပြီးနောက် သာမန်အင်မော်တယ်များကို နန်းတော်အတွင်း ဝင်ရောက်ခွင့်ပေးလိုက်သောအခါ အများစုသည် လက်ရှိအခြေအနေကို သိနိုင်ရန် ရောက်ရှိလာကြသည်။ သို့သော် ထိပ်တိုက်တွေ့ဆုံနေပြီဖြစ်သော လုဖန်နှင့် ယွမ်ရှောင်ကြောင့် လွှမ်းမိုးခံလိုက်ရပြီး ဖိအားအောက်တွင် အသက်ပင်ရဲရဲ မရှူဝံ့ချေ။ တစ်ယောက်က လေထဲတွင် ရပ်နေပြီး တစ်ယောက်က ​မြေပြင်အထက် ရှိနေကာ အကြည့်ချင်း အားပြိုင်လျက် ရှိသည်။

ယွမ်ရှောင်၏ အနောက်တွင် ပြည့်စုံလှပသော ရုပ်ရည်သွင်ပြင်နှင့် နဂါးဂျိုနှစ်ချောင်း ပိုင်ဆိုင်သည့် စစ်မင်းသမီးသာ ရှိပြီး ချောင်ရူ၊ ကူစုဝမ်နှင့် ယုရင်က ကူညီချင်သော်လည်း သူ့အမိန့်ဖြင့် ဝေးဝေးသို့ ဆုတ်ခွာလိုက်ရသည်။ လုဖန်၏ဘက်တွင် မိန်းမတစ်သိုက် ရပ်နေပြီး တစ်ယောက်ချင်းစီသည် ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် မောက်မာ၍ မျက်နှာထား တင်းမာလျက်ရှိ၏။ တစ်ယောက်နှင့် ရာချီ၊ နောက်လိုက်အမျိုးသမီး အရေအတွက်ချင်း ယှဥ်လိုက်လျှင် ယွမ်ရှောင်၏ ဘက်တွင် နည်းပါးသကဲ့သို့ ထင်ရသော်လည်း ခွန်အားအရာတွင်မူ မိဖုရားကျောက်မှလွဲ၍ အခြားမိန်းမများသည် စစ်မင်းသမီး၏ ဖိနပ်ကိုင်ဖြစ်ရန်ပင် မထိုက်တန်ပေ။

စစ်မင်းသမီးကို ပထမဆုံး အကြိမ် မြင်ဖူးလိုက်ရသော လုဖန်က မကြည့်ဘဲ မနေနိုင်အောင် ဆွဲဆောင်ခံလိုက်ရပြီး နှုတ်ခမ်းနီစွေးစွေး၊ ကျက်သရေရှိသော လည်တိုင်မှတဆင့် အမို့အမောက်များထံ ငမ်းငမ်းတက် စိုက်ကြည့်၍ စိတ်ထဲတွင် မှတ်သားနေပုံရသည်။ သူက တဏှာရမ္မက်ကြီးစွာဖြင့် တံတွေးကို ဂလုခနဲ မြည်အောင် မြိုချ၍ အလှတရားအောက်တွင် ယွမ်ရှောင်နှင့် တိုက်ပွဲကိုပင် မေ့လုနီးပါး ဖြစ်သွား၏။

"ဒီလောက်ပြည့်စုံလှပတဲ့ မိန်းကလေးက မင်းလက်ထဲကို ရောက်နေတာလား။ နှမြောစရာပဲ"

သူ၏ အောက်ပိုင်းက စတင် ပူနွေးလာကာ ယွမ်ရှောင်ကို မနာလိုခြင်းကြီးစွာ ဖြစ်၍ စိတ်ပျက်လက်ပျက် ခေါင်းယမ်းနေခဲ့သည်။ လုဖန်၏ အောက်တန်းကျပြီး ရိုင်းစိုင်းသော အပြုအမူများကို ယွမ်ရှောင်က မြင်လိုက်ရပြီး အတွေးတိုင်းအား ထိုးဖောက် နားလည်သွား၏။

"လုဖန်၊ မင်း ပြန်ရောက်လာတာလား။ ကူးပြောင်းလာသူတစ်ယောက်အနေနဲ့ တော်တော်လေး အထင်ကြီးစရာကောင်းပါတယ်"

ဖရိုဖရဲ မူလဝိညာဥ်က အေးစက်တည်ငြိမ်ပြီး အမျိုးသမီးများနှင့် ပတ်သက်လျှင် ဤမျှလောက် အောက်တန်းမကျပေ။

"မင်းက ဘာတွေ အံ့သြနေတာလဲ"

ကမ္ဘာကူးပြောင်းလာသူ တစ်ယောက်ဖြစ်၍ ကိုယ့်ကိုကိုယ် အဓိကဇာတ်လိုက်ဟု သတ်မှတ်ထားသော လုဖန်က မောက်မာစွာ ပြောလိုက်သည်။ သူ့အတွက် ယွမ်ရှောင်က ဤဇာတ်လမ်း၏ နောက်ဆုံး ရန်သူ လည်း ဖြစ်၏။.

"အဲ့ဒီကောင်မသာ ရောက်မလာရင် မင်းကို ငါက ကြက်တစ်ကောင်လို အလွယ်လေး သတ်ပစ်နိုင်တယ်"

"မင်းဘက်မှာ စနစ်ဖြစ်ဖြစ်၊ ဖရိုဖရဲ မူလဝိညာဥ်ဖြစ်ဖြစ် ရှိနေရင်တောင် ငါက အနိုင်ယူလို့ ရတယ်"

ယွမ်ရှောင်က ယုံကြည်ချက်အပြည့်ဖြင့် စိန်ခေါ်နေသောအခါ လုဖန်သည် အေးစက်စက် ရယ်မောလျက်ရှိသည်။

"ဒါဆိုရင် မင်းနဲ့ အခုစကားပြောနေတာက ဘယ်သူလဲ။ ငါလား၊ စနစ်လား"

"မင်း ပြန်ရောက်လာတယ်ဆိုတာ စနစ် ဒဏ်ရာရသွားလို့လေ။ ဒါကြောင့် မင်းလို သနားစရာကောင်က ပြန်ပေါ်လာဖို့ အခွင့်အရေး ရသွားတာပဲ"

ယွမ်ရှောင်၏ လှောင်ပြုံးကြောင့် လုဖန်၏ မျက်နှာက မည်းနက်သွားကာ ချက်ကောင်း ထိသွားပုံရသည်။ သို့သော် သူက မျက်နှာထားကို အလျင်အမြန် ပြောင်းလဲကာ အထက်စီးမှ ဆက်လက် ခြိမ်းခြောက်နေပြန်၏။

"ကစားပွဲမှာ နောက်ဆုံးအောင်နိုင်သူက အရေးအကြီးဆုံးပဲ။ ထိုက်မင်းဆက်ရဲ့ ဘိုးဘေးတွေ ရောက်လာတာက မင်းနဲ့ငါ့အတွက် အခွင့်အရေးတစ်ခု ဖြစ်သွားတယ်။ ငါက စနစ်ကို ဖြုတ်ချပြီး ဘုရင်ဖြစ်လာမှာကွ"

"ငါ့အတွက်တော့ ဒါက သတင်းကောင်းပဲ။ ဖရိုဖရဲ မူလဝိညာဥ် ကြာပန်းထက်စာရင် မင်းလို အောက်တန်းစားက ရင်ဆိုင်ဖို့ အများကြီး ပိုလွယ်တယ်"

ယွမ်ရှောင်၏ မျက်နှာအထက်တွင် လှောင်ပြုံးက ဆက်လက်တည်ရှိနေဆဲပင်။

"မင်းကိုယ်မင်း နက်နဲချင်ယောင် ဆောင်နေတာလား။ အမှိုက်က အမှိုက်ပဲ။ ရွှေ ဖြစ်မလာဘူး"

လုဖန်၏ ရယ်သံကလည်း ကျယ်လောင်စွာ ထွက်ပေါ်နေဆဲ ဖြစ်သည်။

"ဒါဆိုရင် မင်း ဘာဆက်လုပ်မှာလဲ"

"ငါ့မိန်းမတွေကို မစောင့်ခိုင်းချင်တော့ဘူး။ ငါ ဖတ်ဖူးတဲ့ ဝတ္ထုတွေထဲမှာ အရင်ဆုံး လှုပ်ရှားပြီး ရန်သူရဲ့ တစ်မိသားစုလုံး သတ်ပစ်တဲ့ ဇာတ်လိုက်က နာမည်ကြီးတယ်။ အချိန်မဆွဲနဲ့တော့။ တိုက်ခိုက်ရအောင်"

"မင်းလို အောက်တန်းစားက စာတတ်တယ်ပေါ့။ ကောင်းပြီ"

ကမ္ဘာကူးပြောင်းလာသူ တစ်ယောက်က အလွန်မောက်မာနေသောကြောင့် ယွမ်ရှောင်ပင် နားကြားပြင်းကပ်လာမိသည်။ လုဖန်၏ အမြင်တွင် သူ့ကိုယ်သူသာ ဇာတ်လိုက်ဟု သတ်မှတ်ထားသဖြင့် ပူဇော်သက္ကာရအဖြစ် ဝိညာဥ်များစွာ ဝါးမျိုခြင်းကိုပင် အပြစ်ဟု မသတ်မှတ်ချေ။ အမှန်တကယ်အားဖြင့် သူက အဓိကဇာတ်လိုက် မဟုတ်ဘဲ အောက်တန်းကျ၍ ကောက်ကျစ်ယုတ်မာကာ တဏှာကြီးသော ဗီလိန်ဖြစ်နေခဲ့လေသည်။

"မင်းက အဲ့ဒီကောင်းကင်အရှင်နဲ့ ယှဥ်လိုက်ရင် မသန်မာပေမယ့် ထူးဆန်းတယ်။ သူရဲကောင်း ဟန်ဆောင်ထားတဲ့ ဗီလိန်ကောင် သေစမ်း"

လုဖန်က ယွမ်ရှောင်ကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေခဲ့ပြီး စကားအဆုံးတွင် ရုတ်တရက် တိုက်ခတ်လာသော လေမုန်တိုင်းပမာ တိုက်ခိုက်ပစ်လိုက်၏။ ယွမ်ရှောင်၏ မျက်နှာထံ ပထမဆုံး တွေ့ခဲ့သော အကြိမ်ကဲ့သို့ ပါးရိုက်ရန် လက်ဝါးကို လွှဲလိုက်သည်။ သူ၏ လုပ်ကြံမှုက ထိုတစ်ကြိမ်တွင် အောင်မြင်လုနီးပါး ဖြစ်ကာ ယွမ်ရှောင်၏ အသက်ကို နှုတ်ယူရန် အနီးစပ်ဆုံး ဖြစ်ခဲ့၏။ သူက ထိုအချက်ကို အခွင့်ကောင်းယူ၍ ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်စော်ကားရန် ထပ်မံ၍ ပါးရိုက်လိုက်ခြင်းပင်။

"ဘုန်း"

လက်ဝါးချက်က ယွမ်ရှောင်၏ မျက်နှာထံ မရောက်သေးသော်လည်း စွမ်းအင်လှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ အပျက်အစီးများ လွင့်ထွက်ကုန်သည်။ သူက တစ်ချိန်လုံး တည်ငြိမ်နေပြီး လက်တစ်ဖက်တောင် မလှုပ်ပေ။ သို့သော် မည်သူမျှ မမြင်လိုက်ရသောအချက်မှာ ဆံပင်တစ်ချောင်းက ရုတ်တရက် ကျွတ်ထွက်လာကာ ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ် စွမ်းအားဖြင့် လုဖန်၏ လက်ဝါးရှေ့တွင် ဝဲဂယက်ပမာ ပြောင်းလဲသွားသည်။

"ဘန်း"

ထိုဆံပင်က ဖြတ်သန်းသွားသော လက်ဝါးကို လေထဲမှာပင် အပိုင်းပိုင်း အစစ ဖြတ်တောက်ပစ်လိုက်ပြီး သွေးများ ပန်းထွက်လာတော့သည်။

"အား"

လုဖန်က အသားကြိတ်စက်အတွင်း လက်ထိုးလိုက်မိသကဲ့သို့ နာကျင်သွားကာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် အနောက်သို့ ကမန်းကတန်း ဆုတ်ခွာလိုက်ရသည်။ လက်ကောက်ဝတ်နေရာတွင် အထက်ဆုံး ဓားဖြင့် ဖြတ်တောက်ခံလိုက်ရသည့်အလား တိတိရိရိ ပြတ်ကျနေပြီး အရိုးစိမ့်သော နာကျင်မှုက ကြောက်မက်ဖွယ် လက်တွေ့ အရှိတရားကို ဖော်ပြလိုက်၏။ ယွမ်ရှောင်၏ ရှေ့မှောက်တွင် မျက်နှာပေါ် ဝဲကျနေသော အနက်ရောင်ဆံပင် တစ်ချောင်း ပြတ်ကျသွားသည်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်များ တုန်လှုပ်သွားတော့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က လုဖန်၏ လက်ဝါးချက်ကို ကာကွယ်ရန် ယွမ်ရှောင်သည် ဝှက်ဖဲကို အသုံးပြုခဲ့ရသော်လည်း လက်ရှိတွင် ဆံပင်တစ်ချောင်းတည်းဖြင့် တန်ပြန်တိုက်ခိုက်နိုင်စွမ်း ရှိလာသည်။ တစ်ဖက်လူအပေါ် အထင်သေးပြီး မောက်မာစွာ ပြုမူနေသော လုဖန်၏ စိတ်ထဲတွင် စိုးရိမ်စပြုလာပြီး ခေါင်းတလားနှင့် မသက်ဆိုင်ဘဲ ယွမ်ရှောင်၏ အစစ်အမှန် ခွန်အားကြောင့် ဖြစ်ပေလိမ့်မည်။ ဤမြင်ကွင်းက လုဖန်၏ ကိုးကွယ်ဆည်းသူ မိန်းမတစ်သိုက်ကိုပင် ယုံကြည်မှုများ ယိမ်းယိုင်သွားစေ၍ မျက်နှာပျက်သွားခဲ့သည်။

"မင်းရဲ့ ရုပ်ခန္ဓာက သေချာပေါက် ပျက်စီးသွားတာကို ဒီခန္ဓာကိုယ်အသစ် ဘယ်ကရလာတာလဲလို့ စဥ်းစားနေတာ။ တကယ်တော့ မင်းက ဘိုးဘေးနယ်မြေရဲ့ ကျင့်ကြံသူတွေဆီကနေ ဟိုစပ်စပ် ဒီစပ်စပ် ယူထားတာပဲ။ အထိအတွေ့ ခံစားချင်တာကို ငါ နားလည်နိုင်ပေမယ့် မင်းက အလောင်းနတ်ဆိုးနဲ့ ဘာမှမကွာတော့ဘူး။ ကံဆိုးတာက မင်းဟာ ပါးစပ်က ပြောနေသလောက်တောင် အစွမ်းအစမရှိတဲ့ အာကျယ်ကောင် သက်သက် ဖြစ်နေတယ်"

ယွမ်ရှောင်က လက်ပြတ်သွားသော လုဖန်ကို ကြည့်ရင်း လှောင်ပြုံးတစ်ချက်ဖြင့် ထိုးနှက်လိုက်သည်။ အလောင်းရှစ်ခုမှ ကောင်းနိုးရာရာ အစိတ်အပိုင်းများကို ကောက်ယူ၍ ခန္ဓာကိုယ် အသစ် ဖန်တီးထားရသော လုဖန်အတွက် အမှန်တရား ဖွင့်ချခံလိုက်ရသောအခါ စိတ်ပိုင်းဆိုင်ရာ နာကျင်သွားပြန်၏။

"ခန္ဓာကိုယ်မရှိတဲ့ ဝိညာဥ်တစ်ခုက တို့ဟူးတုံးလို ခန္ဓာကိုယ်မျိုး ရဖို့ အသည်းအသန် ကြိုးစားနေတယ်။ ဒါကြီးက ခန္ဓာကိုယ်အစစ်လို့ ကိုယ့်ကိုကိုယ်တောင် လိမ်နေသေးတယ်"

ယွမ်ရှောင်က လုဖန်၏ ခန္ဓာကိုယ်ကို စစ်ဆေးထောက်လှမ်းရင်း မှတ်ချက်ချလိုက်သည်။ ကူးပြောင်းမလာခင်က လုဖန်၏ ဘဝသည် သတ္တိကြောင်၍ သိမ်ငယ်စိတ်များ ပြည့်နှက်နေသော လူညံ့လူဖျင်းတစ်ယောက် ဖြစ်ကြောင်း သူ ခန့်မှန်းနိုင်၏။ စိတ်ကူးယဥ် ကမ္ဘာတစ်ခုသို့ ကူးပြောင်းလာသောအခါ စစ်တပ်ကို ကွပ်ကဲ၍ ကာမပိုင်ရှိရှိ မရှိ မိန်းမတိုင်းနှင့် ပျော်ပါးခွင့်ရလာသည်မှာ ဖရိုဖရဲ မူလဝိညာဥ်၏ ရွေးချယ်မှု ခံရသောကြောင့် ဖြစ်သည်။ သိမ်ငယ်စိတ်ဝင်နေသော လူယုတ်မာတစ်ယောက်က အထက်သို့ ရောက်သောအခါ အမှောင်မိုက်ဆုံး ဆန္ဒများ အကောင်အထည် ဖော်ရင်း မည်သူ့အတွက်မှ အကျိုးမရှိစေသော လူ့အန္ဓသည် ကောင်းကင်ရုံးတော်၏ စစ်ဧကရာဇ်အဖြစ်ပင် ရာထူးရှိလာ၏။ သို့သော် အတွင်းစိတ်က ရင့်ကျက်မလာဘဲ သိမ်ငယ်၍ မနာလိုစိတ်ကြီးမားသော စရိုက်ကို ဖျောက်ရန် မဖြစ်နိုင်ပေ။

ရုတ်တရက် ချမ်းသာလာသော ဆင်းသားရဲတစ်ယောက်က ငွေဖြုန်းနေသကဲ့သို့ လုဖန်သည်လည်း သိမ်ငယ်စိတ်ကို မဖုံးကွယ်နိုင်ပေ။ သူက ကာမပိုင် ဇနီးသည်များကို ခိုးယူရန် သဘောကျနေခြင်းမှာ အခြားကမ္ဘာတွင် လိုချင်တပ်မက်သော မိန်းမများကို လက်လှမ်းမမီဘဲ တခြားယောကျ်ားများ လက်ထဲ ရောက်သွားသည်ကိုသာ မြင်ခဲ့ရသောကြောင့် ဖြစ်ပေလိမ့်မည်။ ယွမ်ရှောင်၏ စကားလုံးများက သိမ်ငယ်၍ သတ္တိကြောင်သော စိတ်ကို ပစ်မှတ်ထားနေပြီး လုဖန်သည် အပြင်ကမ္ဘာတွင် မည်သို့ပင်ဖြစ်စေကာမူ၊ စိတ်ကူးယဥ် အတွေးများနှင့် ရူးနေသူတစ်ယောက် ဖြစ်ပေသည်။

"ဒီခန္ဓာကိုယ်နဲ့တောင် မင်းကို သတ်ပစ်နိုင်တယ်ကွ"

လုဖန်က ကမ္ဘာကူးပြောင်းလာရသဖြင့် ကိုယ့်ကိုကိုယ် ကောင်းကင်ဘုံ၏ ရွေးချယ်ခံ အဖြစ် အထင်မှားကာ စိတ်ကူးယဥ်မှုအကြား ပိတ်မိနေဆဲပင်။ သူက ပြတ်တောက်သွားသော လက်နေရာတွင် အသစ်ဖန်တီးလိုက်သည့်တိုင်အောင် ယွမ်ရှောင်အတွက် အံ့သြစရာ မဟုတ်ဘဲ စစ်မင်းသမီးကို တိုက်ခိုက်ရန် အခွင့်အရေး ပေးခဲ့သည်။

"မင်း ထင်ပေါ်ဖို့ အချိန်ကျပြီ"

"ငါ တိုက်ခိုက်ရမှာလား"

"ယုံကြည်မှု ရှိစမ်းပါ"

အံ့သြတကြီး ဖြစ်နေသော စစ်မင်းသမီးကို ယွမ်ရှောင်က စိတ်အားထက်သန်စွာ အားပေးလိုက်သည်။

"ကောင်းပြီလေ"

သူမ၏ တိုက်ခိုက်လိုစိတ်က သွေးနှင့်အတူ ပွက်ပွက်ဆူလာသောအခါ တစ်ကိုယ်လုံး နီရဲသွားသဖြင့် ဆွဲဆောင်မှု ပိုမိုပြင်းထန်လာခဲ့၏။

"ဗီလိန်တွေက အကုန် အတူတူပဲလား။ အခွင့်အရေးရတုန်း ငါ့ကို မသတ်လိုက်တဲ့အတွက် မင်းတို့ နောင်တရလိမ့်မယ်"

လုဖန်က ယွမ်ရှောင်ကို ဖတ်ဖူးသော ဝတ္ထုများထဲမှ ခပ်ညံ့ညံ့ ဗီလိန်တစ်ယောက်၏ အကြံအတိုင်း လုပ်နေသည်ဟု မှတ်ယူကာ ယုံကြည်မှုရှိစွာ ရယ်မောလိုက်လေသည်။

All Chapters