လဟာ ရေကန်နှလုံးသားထဲမှာ ကွယ်ဝှက်လို့…
Vol. 106 Ch. 1452
နောက်ဆုတ်နေလျက် ဝမ်လင်းသည် ပျောက်ကွယ်သွားသော ဧရာမလိပ်ကြီးကို စူးစိုက်ကြည့်နေသည။ သူ့မျက်လုံးတို့မှာ တောက်ပနေ၏။ လိပ်ကြီး ပျောက်ကွယ်သွားပြီးနောက် သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှုတို့ ရှိလာသည်။
“မဟာအင်ပါယာက ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…” ဝမ်လင်းသည် အသက်ဝဝရှုသွင်းလိုက်၏။ သူ့စိတ်အတွင်းမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်နိုင်ရန် သူ အချိန်အတော်ယူလိုက်ရသည်။ သူသည် စိတ်မလှုပ်ရှားမိဘဲ မနေနိုင် ဖြစ်ရသည်။
သူသာ မဟာအတားအဆီးလေးခုလုံးကို သင်ယူနိုင်ခဲ့ပါက အတားအဆီးအနှစ်သာရကို နားလည်နိုင်မည့် အခွင့်အရေးတစ်ခု ရှိလာပေမည်။ သူသာ အောင်မြင်ပါက ဝမ်လင်းတွင် အနှစ်သာရငါးခု မဟုတ်ဘဲ ခြောက်ခုထိ ရှိလာမည် ဖြစ်၏။
အနှစ်သာရခြောက်ခု။
ထိုသတင်းသာ ပျံ့နှံ့သွားပါက ကျင့်ကြံသူအားလုံးကို တုန်လှုပ်စေမည်ပင်။ တတိယအဆင့်ကျင့်ကြံသူများပါ အလန့်တကြား ဖြစ်ကုန်လေမည်။ လူတစ်ယောက်သည် အနှစ်သာရများအကြောင်း ပိုနားလည်လေလေ သူတို့သည် အနှစ်သာရခြောက်ခု ပိုင်ဆိုင်ခြင်း၏ အဓိပ္ပာယ်ကို သာ၍ သဘောပေါက်၏။
အနှစ်သာရငါးခုဆိုသည်ကပင် တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းလှပြီး ဖြစ်၏။ သို့ပေမည့် နောက်တစ်ခုထပ်မံ ရှိပါက ပိုမိုတုန်လှုပ်မှုကို ဖြစ်စေမည်သာ။ သို့သော် အလားတူပင် အနှစ်သာရခြောက်ခကို ပြီးပြည့်စုံစေနိုင်ဖို့မှာတော့ များစွာ ခက်ခဲလွန်းမည်ပင်။
ဝမ်လင်း၏အသက်ရှုသံမှာ ကြမ်းနေ၏။ သူသည် အလိုလို နှုတ်ခမ်းသပ်မိသည်။
“ပျက်သုဉ်းခြင်းအတားအဆီး၊ သေခြင်းရှင်ခြင်းအတားအဆီးနဲ့ အချိန်အတားအဆီးတို့ကို ငါ ရရှိခဲ့ပြီးပြိး။ ငါဟာ ဒီအတားအဆီးတွေကို အချိန်ပေး မလေ့လာရသေးပေမယ့်လည်း ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးကိုသာ သင်ယူနိုင်ခဲ့မယ်ဆိုရင် ငါ မဟာအတားအဆီးလေးခုလုံးကို သင်ယူနိုင်ပြီး ဖြစ်လိမ့်မယ်…။အဲ့အချိန်ကျရင်…”
ဝမ်လင်းသည် ရင်ခုန်မိ၏။ ထိုအခွင့်အရေးသည် အတော်လေး မမျှော်လင့်ဖွယ်ရာပင်။
သူ့မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ အချိန်အတန်ကြာပြီးမှ သူ့စိတ်လှုပ်ရှားမှုကို လုံးဝ ပြန်ဖိနှိပ်နိုင်လိုက်သည်။
“ဒီဧရိယာပေါ်မှာ ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးကို အသုံးပြုနိုင်တဲ့ ဒီမဟာအင်ပါယာက ဘယ်သူများလဲ…” ဝမ်လင်းသည် ထိုဆန်းကြယ်သောမဟာအင်ပါယာကို ပို၍ရှိန်လာမိ၏။
“သူက ငါ့ကို ဒီနေရာရှိ စောစောလာခွင့်ပေးခဲ့တယ်…။ ဖြစ်နိုင်တာက အရာအားလုံးဟာ သူ မျှော်လင့်ထားတဲ့အတော်အတွင်းမှာ ရှိနေတာများလား။ သူဟာ ဒီအတားအဆီးက ငါ့ကို စွဲဆောင်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားခဲ့တာလား…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ ခုလက်ရှိ အခြေအနေကို ပို၍ စမ်းစစ်ကြည့်မိသည်နှင့် သူ့စိတ်လှုပ်ရှားမှုသည် ပိုမြန်ဆန်စွာ လွင့်ပျောက်သွားတော့သည်။
“ဒီမဟာအင်ပါယာဂြိုဟ်မှာ ထူးဆန်းတဲ့အရာတွေ ပြည့်နှက်နေတယ်။ လေထု မရှိဘူး။ ဂြိုဟ်တစ်ခုလုံး ထူးဆန်းတဲ့သစ်ပင်တွေ ဖုံးနေတယ်။ ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးလည်း ရှိနေတယ်…” ဝမ်လင်းသည် သစ်ပင်ပန်းမန်ကင်းမဲ့သော အနောက်မြောက်ဒေသရှိ နေရာလွတ်တစ်ခုပေါ်သို့ ခြေချလိုက်၏။
မြေပြင်သည် မီးခိုးရောင်သန်းနေ၏။ ခြေချလိုက်ပြီးနောက် ဝမ်လင်းက လက်တစ်ဆုပ်စာမြေမှုန့်ကို ကောက်ယူလိုက်၏။ အနီးကပ်သေချာကြည့်လိုက်ပြီးနောက် သူ့အမူအရာမှာ သာ၍ နက်မှောင်သွားလေ၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ၌ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ တမန်တော်က ပိုများပြားသော ကျင့်ကြံသူများကို ခေါ်ဆောင်လာခြင်းပင်။
ဝမ်လင်းသည် အပေါ်သို့ မော့ကြည့်၏။ ခြေတစ်လှမ်းဖြင့် သူ ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် ဂြိုဟ်၏အရှေ့ဘက်ခြမ်း၊ အဆုံးမဲ့အပင်များ ပြည့်နှက်နေသော ဧရိယာတစ်ခုပေါ်တွင် ပြန်ပေါ်လာသည်။
ဝမ်လင်းသည် ထိုနေရာတွင် ထိုင်ချကာ သူ့လက်ထဲရှိ မီးခိုးရောင်မြေမှုန့်ကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။
“ဒီမြေက ပုံမှန်လို့ ထင်စရာပဲ။ ဒါပေမဲ့ တစ်ခုခုမှားနေတယ်လို့ ငါ ခံစားမိနေတယ်…” ဝမ်လင်းသည် မျက်လုံးမှိတ်ကာ စဉ်းစားလိုက်၏။ သူ့စိတ်ထဲတွင် မှတ်ဉာဏ်များ တဖြည်းဖြည်း ပေါ်လာသည်။ ယင်းကား သူ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲ၌ ဂိတ်တံခါးအတွင်းသို့ ခြေလှမ်းတစ်ဝက် လှမ်းခဲ့ချိန်ကပင်။ မှတ်ဉာဏ်ထဲ၌ သူသည် ဗရမ်းဗတာအခြေအနေသို့ ဆိုက်ရောက်သွားကာ လေဟာနယ်အတွင်း လွင့်မြောက်ပြီးနောက် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဝမ်လင်းသည် ထိုမှတ်ဉာဏ်နှင့်ပတ်သတ်၍ လေးလေးနက်နက် စွဲထင်နေ၏။ ၎င်းအတွေ့အကြုံသည် သူ့ကို အရာတော်တော်များများကို ဝိုးတဝါးနားလည်စေခဲ့ပေသည်။
သူသည် ဂြိုဟ်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် မရေမတွက်နိုင်သောနှစ်များစွာ ကုန်လွန်လာကာ မီးတောင်များသည် ထိုဂြိုဟ်ပေါ်တွင် ပေါက်ကွဲသည်အား ရှင်းလင်းစွာ မှတ်မိ၏။ ထိုဂြိုဟ်၏ဗဟိုချက်မှ သတ္တုများသည် မီးတောင်များကို ဖြတ်သန်းလွတ်ထွက်လာကာ ဂြိုဟ်မျက်နှာပြင်တစ်ခုလုံးအား ဖုံးလွှမ်းသည်။ ယင်းတို့သည် ခြောက်သွေ့လာကာ တဖြည်းဖြည်းဖြင့် မြေကြီးအဖြစ်သို့ ပြောင်းလဲခဲ့ကုန်၏။
အချို့ ရှေးဦးအပင်များသည်ပင် သူ့မြေကြီးမှ ပေါက်ရောက်လာ၏။ ယင်းအပင်တို့သည် ကြီးထွားကာ သေဆုံးသွားရင်း အသက်ဓာတ်သည် မြေကြီးအတွင်းမှ စတင် ဖြစ်ပေါ်ကာ ဂြိုဟ်တစ်ခုလုံး၏ အသက်ဓာတ်နှင့် ပေါင်းစည်းသည်။
“လေဟာနယ်အတွင်း ဂြိုဟ်တစ်ခုလုံး ဖြစ်လာတဲ့အခါကျရင် မြေကြီးဆိုတာ မရှိဘူး။ မြေကြီးဟာ တဖြည်းဖြည်း စုစည်းသက်ဝင် ဖြစ်ပေါ်လာတာ။ တနည်းအားဖြင့်ဆို မြေကြီးရဲ့သက်တမ်းဟာ ဂြိုဟ်ရဲ့သက်တမ်းနဲ့ မတူညီဘူး။ ဂြိုဟ်ထက် ငယ်ရွယ်တယ်၊ ဘာလို့လည်ဆိုတော့ မြေကြီးဟာ ဂြိုဟ်ဖြစ်ပေါ်ပြီး နောက်မှ ဖြစ်လို့…”
ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူသည် မြေကြီးကို စိုက်ကြည့်နေလျက် သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ပေါ်၏။ အချိန်အတန်ကြာပြီးနောက် သူက တိုးညင်းစွာ ပြောလိုက်သည်။ “အချိန်စီးဆင်းခြင်း…”
အချိန်၏စွမ်းအားသည် သူ့ခန္ဓာကိုယ်ထံမှ ပျံ့လွင့်လာ၏။ သူ့လက်ထဲရှိ မြေကြီးကို ဝန်းရံသည်။ ကြည့်ရသည်မှာ မြေကြီး စတင်မွေးဖွားလာချိန်ကို ရှာဖွေနေသည့်အလား။
သို့ပေမည့် ထိုမြေကြီးသည် ဟိုးရှည်ကြားလွန်းသောအတိတ်က မွေးဖွားခဲ့ခြင်း ဖြစ်၏။ ဝမ်လင်းအဖို့ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ထိုမျှ ကွာဟလှသော အတိတ်ကို သဲလွန်စလိုက်နိုင်ရန်မှာ မဖြစ်နိုင်ချေ။ သို့သော် သူသည် ယေဘူယျအကြံတစ်ခုတော့ ရှိနေ၏။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ မြေမှုန့်များသည် ပြန့်ကျဲသွားသည်။ ထို့နောက် သူသည် တချို့အပင်များဘေးနားသို့ ရောက်သွားပြီး လက်တစ်ဆုပ်ဖမ်းယူကာ အချိန်စီးဆင်းခြင်းကို တဖန် အသုံးပြုလိုက်သည်။
ခဏကြာပြီးနောက် ဝမ်လင်းသည် သူ့လက်ထဲရှိ အပင်ကို လွှတ်ချလိုက်၏။ သူ့မျက်လုံးထဲတွင် ဉာဏ်အလင်းတို့ ရှိလေ၏။
“မြေပြင်ဟာ သဘာဝကြောင့် ဖြစ်ပေါ်ခဲ့တာဆိုရင် သက်တမ်းမညီမညာ ဖြစ်နေရမှာ။ ဒါပေမဲ့ ဒီမှာရှိတဲ့မြေကြီးဟာ တစ်ချိန်တည်းမှာ မွေးဖွားခဲ့တာ။ ဖြစ်နိုင်တဲ့ ရှင်းပြချက်နှစ်ခု ရှိတယ်…”
“ပထမတစ်ခုက ဒီဂြိုဟ် စတင် မွေးဖွားလာပြီး သိပ်မကြာခင်မှာ ဂြိုဟ်ပေါ်က မီးတောင်အားလုံးဟာ တစ်ချိန်တည်း ပေါက်ကွဲ၊ အဲ့ဒီနောက် ဒီမြေကြီးထု ဖြစ်ပေါ်တာ။ ဒါပေမဲ့ ဒီလိုအရာမျိုးက ယုတ္တိသိပ်မတန်ဘူး။ တကယ်လို့ ဒီလိုသာ မဟုတ်ခဲ့ရင်တော့ ရှင်းပြနိုင်တဲ့ဖြစ်နိုင်ချေတစ်ခုပဲ ရှိတော့တယ်။ အဲ့ဒါက ဒီမှာရှိတဲ့အရာအားလုံးကို လူက ပြုလုပ်ထားတာ။ ဟိုးလွန်ခဲ့တဲ့အချိန်ကတည်းက တစ်စုံတစ်ယောက်ဟာ အစွမ်းထက်မန္တာန်နဲ့ ဖန်တီးထားခဲ့တာ နေမယ်…”
ဝမ်လင်းသည် အသက်ခပ်ပြင်းပြင်း ရှုထုတ်မိလိုက်၏။ သူသည် ခုချိန်တွင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပေပြီ။ ထို့ကြောင့် ဂြိုဟ်တစ်ခုကို ဖန်တီးနိုင်သည့် တစ်စုံတစ်ယောက်ကို စိတ်ကူးပုံဖော်ကြည့်နိုင်သည်။ ထိုကဲ့သို့ ပြုလုပ်နိုင်ရန် လိုအပ်သော ကျင့်ကြံမှုအဆင့်မှာ အံ့မခန်းအတိုင်းမသိမြင့်မှ ဖြစ်ပေမည်။
ငြိမ်သက်စွာ စဉ်းစားနေစဉ် ဝမ်လင်းသည် ခေါင်းယမ်းလိုက်သည်။ သူက ဤကိစ္စအပေါ်တွင် သူ့ကိုယ်သူအပေါ်၌ပါ မယုံကြည်ရဲ ဖြစ်ရ၏။ တခြားလူများက သူကဲ့သို့ ထင်မြင်ချက် ရှိလား၊မရှိလားကိုမူ မသိပေ။ ယင်းထင်မြင်ချက်မှာ လူများစွာကို တုန်လှုပ်သွားစေနိုင်၏။
အလွန်နည်းပါးသော ကျင့်ကြံသူများကသာ မြေကြီးမှတစ်ဆင့် သဲလွန်စများကို မြင်နိုင်မည် ဖြစ်သည်။ သူတို့သည် ထိုကဲ့သို့ စွမ်းရည် ရှိလျှင်ပင် သူတို့က ဂြိုဟ်တစ်ခု၏ သက်တမ်းစက်ဝန်းကို သိမထားခဲ့ပါက ဝမ်လင်းကဲ့သို့ ကောက်ချက်ကို ထုတ်နိုင်စွမ်း ရှိမည် မဟုတ်ပါ။
ဝမ်လင်းသည် ဤဂြိုဟ်၏ ဇာစ်မြစ်ကို မြေကြီးမှ တစ်ဆင့် ရှာတွေ့နိုင်သော ပထမဆုံးလူပင်။
ဆန်းကြယ်သော မဟာအင်ပါယာကသာ ထိုအချင်းအရာကို သိပါက သူသည် များစွာ တုန်လှုပ်သွားလောက်၏။ သူ့ကို ပို၍ တုန်လှုပ်စေမည်က သည်ဂြိုဟ်မှာ လူသားတစ်ယောက် ပြုလုပ်ထားသည်ဆိုသော အချက် ဖြစ်ပေလိမ့်မည်။
ကျင့်ကြံသူများကြား၌ ကျင့်ကြံမှုအဆင့် မတူညီသည့်အပြင် တာအိုအပေါ်နားလည်မှုလည်း ကွာခြားမှု ရှိ၏။ အမှန်တော့ တာအိုဟူသည်ကား လောကမည်သို့မည်ပုံ အလုပ်လုပ်သိကို နားလည်သဘောပေါက်ခြင်း မည်၏။ လောက၏ လုပ်ငန်းဆောင်တာကို နားလည်သော တစ်စုံတစ်ယောက်သည် မယုံကြည်နိုင်ဖွယ်ရလဒ်များကို အောင်မြင်မှုရအောင် လုပ်နိုင်သည်။
မြေကြီးမှုန့်များ ပြန့်ကြဲသွားပြီးနောက် ဝမ်လင်းသည် အနည်းငယ် စဉ်းစား၏။ ထို့နောက် သူသည် သစ်ရွက်တစ်ရွက်ပေါ်တွင် လှဲလျောင်းကာ မီးခိုးရောင်ကောင်းကင်ထက်သို့ ကြည့်လျက် စဉ်းစားခန်းဝင်နေ၏။ သူသည် စဉ်းစားတွေးခေါ်ရသည်ကို နှစ်သက်သောလူစားမျိုး ဖြစ်၏။ ထိုကဲ့သို့ တင်ကြိုစဉ်းစားမှုများကြောင့်လည်း သူ့ဘဝတွင် အန္တရာယ်အဖုံဖုံကို ဖြတ်သန်း ရှင်သန်နိုင်စွမ်း ရှိခဲ့ခြင်းပေ။
ဝမ်လင်းသည် အုပ်စိုးသူကောင်စီ၏ မြင့်မြတ်သောဆရာသခင်ယွင်လောနှင့် အရှင်စစ်မိုတို့၏ ရှေ့တွင် အလွန်မောက်မာပြခဲ့သော်လည်း အမှန်တော့ သူသည် အလွန်တရာ သတိထားနေ၏။ သူသည် မဟာအင်ပါယာ၏ ရည်ရွယ်ရင်းက မည်သို့ဖြစ်သည်ကို မသိသော်လည်း ထိုသူ၏စွမ်းအားကို ငှားယမ်း၍ အကာအကွယ်ယူခြင်းသည် သူ့ပုံစံ မဟုတ်ပေ။ သူက သူ့ကိုယ်သူသာ အားကိုးမည်သာ။
ထိုနည်းလမ်းသည် ဒီရက်စက်သောကျင့်ကြံခြင်းလောကတွင် အလွန်လက်တွေ့ကျ၏။ အခြေအနေကို မည်သို့ အမြတ်ထုတ်ရမည်အား သိသော လူသည်သာ အဆုံးသပ်တွင် အောင်မြင်မှု ရနိုင်စွမ်း ရှိသည် မဟုတ်လား။
အလင်းတန်းများသည် ကောင်းကင်ကို ဖြတ်သန်းလာနေလျက် မဟာအင်ပါယာဂြိုဟ်အတွင်း ဝင်ရောက်လာ၏။ ဝမ်လင်းသည် သစ်ရွက်ပေါ်တွင် လှဲလျောင်းနေလျက် ဖြတ်ကျော်သွားသောလူများကို ကြည့်နေသည်။ သူက ဖြည်းဖြည်းချင်းလည်း သူ့အောက်ဘက်မှ သစ်ရွက်ကို တို့ထိနေသည်။
ထိုအခိုက်အတန့်တွင် သူ့အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွား၏။ သူက သူ့ညာလက်ဖြင့် သစ်ရွက်ကို ထိမိချိန်၌ သူ့လက်မှ မူလစွမ်းအင်အရိပ်အမြွက်သည် သူ့ထိန်းချုပ်မှုကနေ လွတ်ကာ ထိုသစ်ရွက်၏ စုပ်ယူခြင်း ခံရသည်ကို ခပ်ရေးရေး ခံစားမိလိုက်သည်။
သို့ရာတွင် သူ အနီးကပ် ကြည့်သည့်အခါတွင်မူ မည်သည့်အရာကိုမှ ရှာမတွေ့ပေ။ သူက ပုံရိပ်ယောင်တစ်ခုကိုသာ ခံစားမိလိုက်သည့်အလား။
ဝမ်လင်းသည် ထထိုင်၏။ သူ့မျက်လုံးမှာ တလက်လက် ဖြစ်သည်။ သူသည် မည်သည့်အရာကိုမှ ရှာမတွေ့လိုက်သော်လည်း စိတ်ထဲကမူ တုန်လှုပ်နေသည်။ သူသည် လေထဲသို့ ပျံတက်ကာ အောက်သို့ ငုံ့ကြည့်၏။
“အဆုံးမဲ့အပင်များသည် ဖြည်းဖြည်းချင်း ဝေ့ယမ်းလျက် ရှိသည်။ ဒီမဟာအင်ပါယာဂြိုဟ်က တကယ့်ကို ထူးဆန်းလွန်းတယ်…”
ဝမ်လင်းသည် ထိုသစ်ပင်များပေါ်သို့ ထပ်မံ ခြေမချလိုက်တော့ပေ။ သူက မဟာအင်ပါယာဂြိုဟ်ပတ်လည်သို့ စတင်ပျံသန်းလျက် သူ့နတ်ဘုရားအာရုံဖြင့် ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာလေ၏။
ကောင်းကင်သည် တဖြည်းဖြည်း မှောင်လာချေပြီ။ အလင်းဟူသည် ကောင်းကင်ထက်၌ တလက်လက် ဖြစ်နေသော အလင်းတန်းများသာ ကျန်ရှိတော့သည်။ ဝမ်လင်းသည် မြန်ဆန်စွာ မလှုပ်ရှားပေ။ သူက ခပ်ဖြည်းဖြည်းသာ သွားနေ၏။ သူသည် အတောမသပ်သောအပင်များ ဝန်းရံထားသည့် ရေကန်တစ်ခုကို မြင်၏။ ထိုကန်၏ဘေးတွင် ဝတ်စုံဖြူအဘိုးအိုတစ်ယောက် ထိုင်နေသည်။
ထိုအဘိုးအိုသည် ရေကန်ဘေးတွင် ထိုင်နေလျက် ရှိကာ သူ့လက်ထဲတွင်လည်း ငါးမျှားတံတစ်ချောင်း ရှိသည်။ သူသည် ခုလက်ရှိတွင် ငါးမျှားနေခြင်းပင်။ သူ့ဘေး၌ အရက်တစ်အိုးလည်း ရှိလို့နေ၏။
ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သူသည် ကောင်းကင်အနှံ့ပျံ့သန်းနေသော လူများနှင့် တမန်တော်တို့အပြင် ပထမဆုံးအကြိမ်အဖြစ် လူတစ်ယောက်ကို တွေ့ခြင်းဖြစ်၏။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ထွက်မသွား၊ထိုအစား သူက ထိုအဘိုးအို၏ဘေးသို့ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။
ထိုအဘိုးအိုက သူ့ကို လစ်လျူရှုကာ ကန်ထံသို့သာ ဆက်ကြည့်နေသည်။
ဝမ်လင်းသည် ဘေးတစ်ဖက်တွင် ထိုင်ချလိုက်၏။ သူက စကားလည်း မဆိုပေ။ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်လျက် ရှိ၏။ အသံဟူ၍ အကွာအဝေးတစ်ခုတွင် အသံအတားအဆီးကို ချိုးဖျက်သွားနေသော လူများ၏အသံသာ ရှိသည်။ သို့ပေမည့် ထိုအသံသည်ပင် တိတ်ဆိတ်မှုအတွင်း ပေါင်းစပ်သွားဟန်ရကာ အနှောက်အယှက်ဆူသံညံသံ မဖြစ်နေပေ။
ကန်ရေပြင်မှာ ကြည်လင်လှသည်။ သင်သည် အကြည့်တစ်ချက်ဖြင့် ကန်၏အောက်ခြေကို မမြင်နိုင်သော်လည်း ၎င်းအတွင်း၌ ငါးများ ရှိမနေသည်ကိုမူ ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။
လူငယ်နှင့်အဘိုးအိုတစ်ယောက်၊ သူတို့နှစ်ယောက်ကြားတွင် အရက်အိုးတစ်လုံးရှိကာ ထိုင်နေ၏။ အချိန်ဖြည်းဖြည်းချင်း ကုန်လာ၏။ ကောင်းကင်ယံသည် တဖြည်းဖြည်းနက်မှောင်ကာ အထက်ယံတွင် တောက်ပသောလတစ်စင်း သာလာပေပြီ။
လေပြေများက ရိုက်ခတ်ကြည်မွေ့၏။ ပတ်ဝန်းကျင်ရှိ အပင်များသည် တချွတ်ချွတ်မြည်သည်။ သို့သော် ယင်းအသံကလည်း ဤနေရာရှိ အေးချမ်းမှုကို မဖျက်စီးပစ်ချေ။
လေကြောင့် ကန်ရေပြင်တွင် လှိုင်းကြပ်ခွတ်လေးများ ထ၏။ လှိုင်းဂယက်များသည် ကောင်းကင်မှ လကို ရောင်ပြန်ဟန် ပေါ်သည်။ ယင်းလကို ရေကန်အတွင်း နစ်မြုပ်နေသည့်အလား။ ခုချိန်တွင် ၎င်းလကို ကြည့်ပါက မည်သည့်နေရာတွင် ရှိသည်ကို သင် ပြောနိုင်မည် မဟုတ်ပါ။ လသည် ကောင်းကင်ယံတွင် တွဲလဲခိုနေသလား၊ သို့တည်းမဟုတ် ဒီကန်အတွင်း နစ်မြုပ်နေခြင်းလား။ ထိုလှပသောမြင်ကွင်းက သည်ရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ စတင်ရောက်လာခဲ့ချိန်မှစ၍ ပင်ပန်းနေသော ဝမ်လင်း၏စိတ်နှလုံးကို ပထမဆုံးအကြိမ်အဖြစ် သက်သာစေ၏။
အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် အဘိုးအို၏ခပ်ရှရှအသံသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ “မင်း သောက်အုံးမလား…”
***